YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

panhandle.s01e04.720p.web.(CM).mp4

293.22 MB N/A video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Drive My Car
7.4

IMDb - 8/10 , Rotten Tomatoes -100% Directed By Ryusuke Hamaguchi ကမ္ဘာကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဂျပန်စာရေးဆရာ Haruki Murakami ရဲ့၀တ္တုတွေကို ရုပ်ရှင်အဖြစ် အသက်သွင်းထားတာ သိပ်များများစားစား မရှိပါဘူး။ အဲဒီထဲကမှ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာဆိုလို့ ကိုရီးယားက ဘိုးတော်ကြီး လီချန်းဒုံရဲ့ Burning ပဲရှိခဲ့တယ်ပြောရင် မမှားပါဘူး။ အခု Drive My Car ကတော့ ရုပ်ရှင်ပွဲတော်တွေမှာ ရေပန်းစားနေသလို Critic Rating တွေအရလည်း လောလောဆယ်မှာ Burning ထက်မြင့်နေပါတယ်။ ဒီ၂ကားလုံးဟာ ဟရုခိ မုရခမိရဲ့၀တ္တုရှည်တွေကိုမဟုတ်ဘဲ ၀တ္တုတိုတွေကို ရိုက်ထားတာပါ။ အခုရုပ်ရှင်ကတော့ Men Without Women ဆိုတဲ့ ၀တ္တုတိုစာအုပ်ထဲက နာမည်တူ Drive My Car ဆိုတဲ့ ၀တ္တုတိုကိုပဲ ပြန်ရိုက်ထားတာပါ။ Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲ ဟမဂုချိဟာ 2021 တစ်နှစ်တည်းမှာ လက်ရာကောင်း နှစ်ခုထုတ်ခဲ့ပြီး နှစ်ခုလုံးလည်း ပြောင်မြောက်အောင်မြင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့ ပထမတစ်ကားကတော့ Wheel Of Fortune and fantasyပါ။ အဲဒီကားလည်း အတော်လေးအောင်မြင်ခဲ့ပါတယ်။ ဘာလင်မှာ ဆုရခဲ့သလို ဝေဖန်ရေးသမားတွေလည်း ကြိုက်ခဲ့ကြတယ်။ Drive My Carကတော့ ရုပ်ရှင်ပွဲတော် အတော်များများမှာ ဆုပေါင်းများစွာ ဆွတ်ခူးနေတဲ့ရုပ်ရှင်ပါပဲ။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုအတွက် ဆန်ခါတင်၀င်ခဲ့ပြီး ကိန်းကနေပဲ ဇာတ်ညွှန်းဆုရခဲ့ပါတယ်။ တ‌လောကတင် New York Film Critics Circle Award for Best Film ဆုလည်း ရထားသေးပါတယ်။ အဲဒီပွဲရဲ့ အမြင့်ဆုံးဆုပါပဲ။ လာမယ့်နှစ်အော်စကာရဲ့ International Feature Filmဆုအတွက်လည်း ဂျပန်အတွက်ကိုယ်စားပြုဆန်ခါတင်အရွေးခံထားရတဲ့ ရုပ်ရှင်ပါ။ သူ့အရင် မုရခမိရဲ့ ၀တ္တုတိုပဲရိုက်ခဲ့တဲ့ နာမည်ကျော် Burning ရဲ့ အောင်မြင်မှုကို လက်ရှိမှာ ကျော်နေပေမဲ့ ဘယ်ကားပိုကောင်းလဲ ဆိုရင်တော့ဖြေရခက်ပါလိမ့်မယ်။ Burningဟာ ၀တ္တုရဲ့အငွေ့ကိုပဲ ယူရိုက်ထားတယ်ပြောရမှာပေမယ့် Drive My Carကတော့ ဂျပန်ဝတ္တုကို ဂျပန်ကပဲ ပြန်ရိုက်လို့လားတော့မသိပါဘူး။ မူရင်းအရသာကို မပယ်ထားသလို ကျောရိုးအခန်းအတော်များများလည်း မူရင်းဝတ္တုအတိုင်းပါပဲ။တကယ်လို့သာ ကြည့်မယ်ဆုံးဖြတ်ထားရင် အောက်ကစာတွေ ဆက်မဖတ်ပါနဲ့တော့ ဘာမှကြိုမသိဘဲကြည့်ရင် ပိုအရသာရှိမှာပါ။ Drive My Carမှာ အဓိကဇာတ်‌ကောင်လို့ ပြောလို့ရတဲ့ ဇာတ်ကောင်သုံးယောက် ပါပါတယ်။ ခဖုခုလို့ခေါ်တဲ့ ပြဇာတ်ဒါရိုက်တာရယ်၊ တခဆုခိလို့ခေါ်တဲ့ သရုပ်ဆောင်ရယ်၊ မိစခိလို့ခေါ်တဲ့ ဒရိုင်ဗာမလေးရယ်ပါ။ ခဖုခုက ပြဇာတ်ဒါရိုက်တာနဲ့ သရုပ်ဆောင်ပါ။ သူအဓိကသရုပ်ဆောင်တဲ့ပြဇာတ်က ချက်ကော့ရဲ့ နာမည်ကျော် အန်ကယ်ဗန်ညာပြဇာတ်။ ခဖုခုနဲ့ သူ့မိန်းမ အိုတိုက သူတို့သမီးလေးကို ဆုံးရှုံးထားရတာ နှစ်၃၀နီးပါးရှိနေပေမဲ့ အနာမကျက်ခဲ့ကြဘူး။ သူတို့သမီးသေဆုံးခြင်းအတွက် တစ်ယောက်အတွက်တစ်ယောက် ဖြေသိမ့်စရာအဖြစ် ရှိနေပေးကြတဲ့သူတွေပါပဲ။ သို့ပေမဲ့ အိုတိုက ဖောက်ပြန်နေခဲ့တယ်။ ခဖုခုက သူ့မိန်းမဖောက်ပြန်နေတာကို ရိပ်မိပါတယ်။ တစ်ခါဆို ပက်ပင်းပါမိတယ်။ သို့ပေမဲ့ သူ့သမီးလေး မရှိတော့ကတည်းက သူ့မှာ သူ့မိန်းမပဲရှိတော့ သူ့မိန်းမကို သူအရမ်းချစ်သလို သံယောဇဉ်လည်းကြီးတော့ သူသိနေတာကို ထုတ်ပြောလိုက်ရင် သူ့မိန်းမနဲ့သူ အခြေအနေတွေ တင်းမာကုန်မှာကို ကြောက်တော့ မသိချင်ယောင်ဆောင်ထားခဲ့တယ်။ သူ့မိန်းမက သူ့ကို ထုတ်ပြောမယ်လို့ ယူဆရတဲ့နေ့မှာ တစ်နေကုန် ရောက်တတ်ရာရာ မောင်းပြီး အိမ်ကို ညနက်မှပြန်လာခဲ့တယ်။ ကံဆိုးချင်တော့ သူပြန်လာတဲ့အချိန် အိုတိုက ဦးနှောက်သွေးကြောပြတ်ပြီး သေဆုံးသွားခဲ့ပြီ။ သူသာရှိနေရင် ဒီလိုဖြစ်ချင်မှဖြစ်မယ်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ သူနေနေခဲ့ရသလို သူ့မိန်းမက ဖောက်ပြန်တဲ့သူဆိုတဲ့ အတွေးကြီးကလည်း သူ့စိတ်ထဲစွဲနေခဲ့တယ်။ နောက် တခဆုခိ။ တခဆုခိနဲ့ ခဖုခုမိန်းမအိုတိုက အလုပ်အတူတူလုပ်နေတဲ့သူတွေ။ ဇာတ်ညွှန်းရေး ဆရာမနဲ့ သရုပ်ဆောင်ပေါ့။ ခဖုခုက တခဆုခိကို သူ့မိန်းမနဲ့ ဖောက်ပြန်နေတယ်လို့ ထင်နေတယ်။ သို့ပေမဲ့ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေတော့မရှိဘူး။ တခဆုခိကလည်း မိန်းမပွေတဲ့သူ သူ့မိန်းမကလည်း ယောကျာ်းတကာနဲ့ အိပ်နေတယ်လို့ သူထင်နေတာဆိုတော့ သူ့သံသယက ပိုခိုင်မာလာခဲ့တယ်။ နောက် တခဆုခိစကားအရလည်း ခဖုခုဟာ သံသယဝင်စရာကောင်းတာတွေ အများကြီးကို ထပ်တွေ့ခဲ့တယ်။ အိုတိုသေပြီးတဲ့နောက် တခဆုခိက ခဖုခုလုပ်တဲ့ ပြဇာတ်တစ်ခုမှာ ဝင်သရုပ်ဆောင်ဖို့ အရွေးခံတယ်။ တခဆုခိ အစမ်းသရုပ်ဆောင်ပြတာက တော်တော်ညံ့ပါတယ်။ သို့ပေမဲ့ ခဖုခုက သူ့ကိုရွေးပြီး အဓိကဇာတ်ကောင် အန်ကယ်ဗန်ညာနေရာက ထည့်လိုက်တယ်။ ရုပ်ရှင်မှာတော့ အကြောင်းရင်းသေချာမပြသွားဘဲ အန်ကယ်ဗန်ညာဇာတ်ကောင်ရဲ့ ချက်ကော့ရဲ့ အနုပညာမှော်ဝင်စီးနိုင်စွမ်း အကြောင်းကိုပဲ ပြောပြသွားတာပါ။ ပြောရရင် ချက်ကော့ရဲ့ စာဟာ လူတစ်ယောက်ရဲ့ အတွင်းထဲက မူလပုံစံအစစ်အမှန်ကို ဖော်ထုတ်ပေးနိုင်စွမ်းရှိတယ်လို့ ပြောသွားရုံပါပဲ။ ဒီဇာတ်ကောင်ရဲ့မှော်၀င်မှုကိုအသုံးချပြီး တခဆုခိရဲ့ ပုံစံအစစ်အမှန် ပေါ်လာအောင်လုပ်ပြီး သူ့မိန်းမနဲ့ ဖောက်ပြန်လို့ လက်စားချေချင်တဲ့ သဘောတော့သန်းတယ်။ မူရင်းဝတ္တုမှာတော့ သူတို့၂ယောက်ရဲ့ဆက်ဆံရေးမှာ ခဖုခရဲ့ လက်စားစေချင်စိတ် နည်းနည်းနှောနေတာကို သိသိသာသာပြသွားပေမဲ့ ရူဆုခဲကတော့ သူတို့စိတ်ကိုပိုအသိရခက်အောင် ပြသွားတယ်။ ဥပမာ ပြောရရင်..... တစ်ခါတလေ ခင်ဗျားမသိတသိ လူတစ်ယောက်က ခင်ဗျားနဲ့တွေ့ရင် ခင်ခင်မင်မင်ပဲ နှုတ်ဆက်လိမ့်မယ်။ ခင်ဗျားလည်း ခင်ခင်မင်မင်ပဲ ပြန်နှုတ်ဆက်မိလိမ့်မယ်။ တစ်ခါတလေ အဲဒီလူကပဲ ခင်ဗျားကို ဘာရယ်မဟုတ်ဘဲ နည်းနည်းဖြစ်ဖြစ် များများဖြစ်ဖြစ် ကြည့်မရဖြစ်ဖူးလိမ့်မယ်။သို့ပေမဲ့ ခင်ဗျားနဲ့ ဆုံဖြစ်လို့ မျက်နှာကြောတည့်တဲ့အခါ ခင်ခင်မင်မင် ထပ်နှုတ်ဆက်ရင်လည်း နှုတ်ဆက်လိမ့်မယ်။ တစ်ခါတလေ ခင်ဗျားကိုယ်တိုင်လည်း အဲဒီလိုလုပ်ကောင်းလုပ်မိလိမ့်မယ်။ မေးစရာရှိတာက ဘယ်ပုံက ခင်ဗျားရဲ့ စိတ်ခံစားချက်အမှန်လဲ။ ဒီလိုအခြေအနေမျိုးကို အားလုံးနီးပါး ပြုလုပ်သူအဖြစ်ရော ခံရသူရောအဖြစ်ရောရောက်ဖူးကြလောက်မှာပဲ။ တကယ်လို့ ရောက်ဖူးတယ်ဆိုရင် ခင်ဗျားပြန်တွေးကြည့်လိုက်။ အဲဒီအခြေအနေ၂ခုလုံးရဲ့ စိတ်ခံစားချက်က အစစ်အမှန်မဟုတ်ဘူးလို့ ခင်ဗျားသေချာလား။ သေချာတွေးကြည့်ရင် ကိုယ် သေသေချာချာ မုန်းတဲ့လူနဲ့ချစ်တဲ့သူ အပေါ်ကလွဲ များသောအားဖြင့်တော့ ခုနအပြုအမူနှစ်ခုလုံးဟာ စိတ်ခံစားချက် အစစ်အမှန်ပဲ။ လူတစ်ယောက်အပေါ် ခင်ဗျားရဲ့ စိတ်ခံစားချက်ဟာ အနည်းနဲ့အများတော့ တစ်ရက်နှစ်ရက်အတွင်းမှာကို မျိုးစုံပြောင်းလဲနိုင်တယ်။ တစ်ဖက်သူက ခင်ဗျားအပေါ်လည်း ထိုနည်း၎င်းပါပဲ။ ဒီတော့ အဲဒီစိတ်ခံစားချက် ၂ခုထဲကတစ်ခုကို အမှန်လို့သတ်မှတ်ဖို့ ဒါမှမဟုတ် ပုံစံအစစ်အမှန်ကို ရှာဖို့ဆိုတာက အဖြေရှာလို့ မရသလောက်ပါပဲ။ ဒီရုပ်ရှင်မှာ တခြားအကြောင်းအရာတွေ အများကြီးကိုလည်း အချိန်တိုလေးနဲ့ မလိုက်အောင် ပိုင်ပိုင်နိုင်နိုင် ပုံဖော်နိုင်ခဲ့ပေမဲ့ ပုံစံအစစ်အမှန်ကဘာလဲဆိုတဲ့ ဒွိဟက အဓိကအကြောင်းအရာလို့ ဆိုလို့ရနိုင်ပါတယ်။ ခဖုခုနဲ့ တခဆုခိရဲ့ ဆက်ဆံရေးကိုလည်း ဒါရိုက်တာက အဲဒီအချက်ကိုသုံးပြီး ဖော်ပြသွားတယ်။ ခဖုခုဟာ တခဆုခိအပေါ် လက်စားချေချင်စိတ်ရှိနေတာလည်း အမှန်ပဲ။ သို့ပေမဲ့ တခဆုခိနဲ့ စကားတွေပြောနေ အရက်အတူသောက်နေတဲ့ စိတ်ရင်းကလည်းအမှန်ပဲ။ လူတွေရဲ့ ဒီအခြေအနေကို ဒါရိုက်တာရူဆုခဲဟာ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေ အားလုံးမှာ သုံးသွားခဲ့တယ်။ ဒရိုင်ဗာမလေး မိစခိပြောပြတဲ့ သူ့အမေအကြောင်းမှာလည်း ဒါရိုက်တာက သူ့အမေကိုရော မိစခိကိုရော အလားတူအတိုင်း ပုံဖော်ထားသလို သူ့မိန်းမအပေါ်ရှိနေတဲ့ ခဖုခုရဲ့စိတ်ကိုလည်း အလားတူအတိုင်း ပုံဖော်ထားခဲ့တယ်။ ဒါရိုက်တာရူဆုခဲက‌တော့ " ကိုယ်သေချာသိထားတယ် ထင်ရတဲ့သူတွေ ကိုယ်ချစ်တဲ့သူတွေရဲ့ ပုံစံတကယ့်အစစ်အမှန်ကိုတောင် မသိရနိုင်ဘူး" လို့ ဒိုင်ယာလော့ထဲ ထည့်သွားပေမဲ့ အဲဒီပုံစံအစစ်အမှန်ဆိုတာကို ရှာတွေ့လား ရှာမတွေ့မလားကကြည့်တဲ့သူအပေါ် ပိုမူတည်မယ်ထင်ပါတယ်။ မူရင်းဝတ္တုမှာလည်း အလားတူအချက်ကို ခံစားခဲ့ရသလို ရုပ်ရှင်က မူရင်းဝတ္တုမှာ ခံစားလို့ရတဲ့ ဒီအချက်ကို ပုံဖော်နိုင်ပါ့မလားလို့ မကြည့်ခင်က သံသယရှိခဲ့ပေမဲ့ ရူဆုခဲဟာ သူ့ရှေ့တစ်ကားကလို ဒိုင်ယာလော့ပိုင်ပိုင်နိုင်နိုင်နဲ့ အလုပ်လုပ်တဲ့သူ ပီသစွာပဲ ဒိုင်ယာလော့ အလန်းတွေသုံးပြီး ကောင်းကောင်းကြီး ပုံဖော်သွားပါတယ်။ နောက်အဓိကဇာတ်ကောင်လို့ဆိုလို့ရတဲ့ ဒရိုင်ဗာမလေး မိစခိအခန်းက တော်တော်လေးကို နည်းပါတယ်။ သို့ပေမဲ့ သူ့ဇာတ်ကောင်က ဒီရုပ်ရှင်မှာ အဖမ်းစားနိုင်ဆုံး ဇာတ်ကောင်ပါပဲ။ Days Of Being Wild ထဲက လတ်စလီချောင်လိုပေါ့။ ကွဲပြားတာကတော့ ရှင်သန်ချင်စိတ်နဲ့ မရှင်သန်ချင်စိတ်ပါပဲ။သူတို့ကာရိုက်တာ၂ခုလုံးက လေလွင့်လူဆန်ပေမဲ့ မိစခိဇာတ်ကောင်ဟာ ရှင်သန်ချင်စိတ်အပြည့်နဲ့ဇာတ်ကောင်အနေနဲ့ ဆွဲဆောင်မှုရှိနေတာပါ။ နောက် ဇာတ်လမ်းထဲမှာ အိုတိုပြောသွားတဲ့ ဇာတ်လမ်းထဲက ဇာတ်လမ်းလေးကလည်း အတော်လေး စိတ်ဝင်စားစရာကောင်းသလို အိုတိုကိုယ်တိုင်ပဲ ဖြစ်နေမလား မသိနိုင်တဲ့ အဲဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင် ကောင်မလေး ကာရိုက်တာကလည်းပဟေဠိဆန်ဆန်နဲ့ကို ဆွဲဆောင်မှုရှိနေပါတယ်။ ဇာတ်ကောင်ပေါင်းများစွာ ပါ၀င်ပေမဲ့ အဓိကဇာတ်ကောင်လို့ ပြောလို့ရတဲ့ ၃ယောက်ရောတခြားဇာတ်ကောင်တွေရော စိတ်၀င်စားစရာမကောင်းတဲ့ ဇာတ်ကောင် တစ်ယောက်မှ ရှိမနေတာတော့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်လို့ပြောရပါမယ်။ Drive My Carဟာ ၃နာရီဆိုတဲ့ အချိန်နဲ့တောင် မမျှတဲ့ အကြောင်းအရာတွေအများကြီးကို ပရိသတ်ကို ဆင့်ပွားပေးသွားပါတယ်။ သဘောကျစရာကောင်းတာက မူရင်းစကား‌ပြောခန်းတွေမှာ အတော်လှတဲ့ဒိုင်တွေပါပေမယ့် မသုံးသွားပါဘူး။ ဟဲမင်းဝေးဆန်ဆန် ဝေဒနာတွေပြည့်နှက်နေလည်း ဘဝကိုတော့ အရှုံးမပေးသင့်တဲ့အကြောင်း သူ့ဒိုင်တွေကို သုံးပြီးတစ်မျိုး ပြဇာတ်နဲ့ချိတ်ဆက်ပြီးတစ်ဖုံ ပုံဖော်သွားခဲ့တယ်။ သေချာတာကတော့ သူလည်း လီချန်းဒုံလိုမျိုးပါပဲ။ ဇာတ်ညွှန်း ကိုယ်တိုင်ရေးနိုင်စွမ်း အပြည့်ရှိသားနဲ့ သူတို့ကြိုက်လို့ကို မုရခမိ၀တ္တုကို ရိုက်သွားကြတဲ့သူတွေပါပဲ။ Drive My Carဟာ ဒီနှစ်ရဲ့အကောင်းဆုံး Art Film ဖြစ်လာမှာ‌ သေချာသလောက်ပါပဲ။ ဒီနှစ်ရဲ့ အကောင်းဆုံး Poetic Cinema ကိုပြဆိုရင်တော့ Drive My Car ကိုပြမိမှာပါပဲ။ အော်စကာဆုပေးပွဲမှာလဲ Best International Feature Film ဆု ရရှိထားပါတယ်။ ဇာတ်လမ်းအညွှန်းကိုတော့ WiRa Aung မှရေးသားပေးထားပါတယ်.... File size…(2 GB)/(1 GB) Quality….BluRay 1080p/720p Format…mp4 Duration….02:58:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung & Phoo Phoo Linn

Drama • Family
7.4 2021 179 mins
Drive My Car
Warhorse One
7.3

အာဖဂန်နစ္စတန်စစ်ပွဲကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ war & action movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ စစ်ဖြစ်နေတဲ့အချိန် နိုင်ငံတွင်းမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် အဲဒီထဲမှာ Warhorse တပ်ဖွဲ့ကရဟတ်ယာဉ်ပျက်ကျရာကနေတပ်ဖွဲ့မှူးတစ်ယောက်ပဲအသက်ရှင်ကျန်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီး သူ့တစ်ယောက်ထဲရန်သူ့နယ်မြေမှာသွားလာရင်း တာဝန်ပေးထားတဲ့အမေရိကန်နိုင်ငံသားတွေကို‌ကယ်ထုတ်လာနိုင်ပါ့မလား၊ ရန်သူပတ်လည်ဝိုင်းနေတဲ့နေရာကနေသူတို့ဘယ်လိုလွတ်မြောက်အောင်တိုက်ထွက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ အာဖဂန်နစ္စတန်အကြောင်းရိုက်ထားတဲ့စစ်ကားတွေထဲမှာ ဒီနှစ်မှထွက်ထားတဲ့နောက်ဆုံးပေါ်ဇာတ်ကားတစ်ကားဖြစ်လို့မလွတ်တမ်း‌ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။

Thriller
7.3 2023 120 mins
Warhorse One
Braven
6.2

2018, February 2ရက်နေ့ကထွက်ရှိခဲ့တဲ့ နာမည်ကြီးမင်းသား Jason Momoa ရိုက်ကူးထားတဲ့ Braven ဇာတ်ကားဟာ ထွက်ရှိပြီးရက်ပိုင်းအတွင်းမှာပဲ လူကြိုက်အရမ်းများပြားခဲ့တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား Jason Momoaက သစ်လုပ်ငန်းလုပ်ကိုင်တဲ့ Joeအဖြစ်သရုပ်ဆောင်ထားပါတယ်။ Joe ဟာမှတ်ဉာဏ်မကောင်းတော့တဲ့ သူ့ရဲ့ဖခင်ကြီးရယ်၊ သူဇနီးနဲ့ သမီးလေးတစ်ယောက်တို့နဲ့ အတူတူအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ တနေ့မှာတော့ သူ့တပည့်တစ်ယောက်ဟာ သစ်တွေကိုတင်ပို့ရင်း မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့ပါတော့တယ်။ အဲ့လိုမှောင်ခိုပို့ရင်းနဲ့ မမျှော်လင့်ပဲလမ်းခုလတ်မှာ ကားမတော်တဆဖြစ်ပြီး၊ ရဲတွေကားိတော်တဆဖြစ်တဲ့နေရာကိုရောက်လာရင် မူးယစ်ဆေးတွေမိသွားမှာစိုးတဲ့အတွက် Joeရဲ့ ပစ္စည်းတွေထားတဲ့ သစ်သားအိမ်လေးထဲမှာ သွားဖွက်ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ Joeတစ်ယောက် ဘာမှမသိလိုက်ရဘဲ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မိသွားပါတော့တယ်။ နောက့်နေ့ အဲ့ဒီမူးယစ်ဆေးတွေကို လာပြန်ယူတဲ့အခါမှာတော့ အဲ့ဒီ မူးယစ်ဆေးဂိုဏ်းအဖွဲ့နဲ့ Joeရဲ့မိသားစုတို့ထိပ်တိုက်တိုးပါတော့တယ်။ Joeတစ်ယောက်ဟာ သူရဲ့မှတ်ဉာဏ်မကောင်းတော့တဲ့ ဖခင်ကြီး၊ ချစ်လှစွာသောဇနီးသည်နဲ့ သမီးငယ်လေးတို့ကို အဲ့ဒီ ဂိုဏ်းသားတွေနဲ့သူ့တို့လက်ကလွတ်အောင်ဘယ်လို ကယ်တင်မလဲ၊ ဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့မလဲ၊ ဘယ်လိုကြေကွဲစရာအဖြစ်အပျက်တွေဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာရှု့စားရမှာပဲဖစ်ပါတယ်။ Family/Drama/Action ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File Size : (750 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Ye Yint Kyaw Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.2 2018 94 mins
Braven
The Man from Rome
5.1

The Man from Rome(2022) IMDb – 5.1/10 ဥရောပအနောက်တောင်ဘက်ခြမ်း စပိန်နိုင်ငံ ဆဗီးလ်မြို့လေးက ဘုရားကျောင်းတစ်ခုမှာ ထူးထူးဆန်းဆန်း လူသေမှုတွေဟာ နှစ်ခုတောင် ဆက်နေခဲ့ပါပြီ။ ရဲဘက်ဆိုင်ရာတွေက စုံစမ်းပေမဲ့လည်း ဘယ်သူ့ပယောဂမှ မပါတဲ့ သမားရိုးကျလူသေမှုလို့သာ မှတ်ယူလိုက်ရတယ်။ ဒါပေမဲ့ လူသတ်တဲ့ဘုရားကျောင်းကြီး ဆိုပြီး ကောလဟာလတွေကတော့ ထွက်စပြုလာပါပြီ။ အဲဒီဘုရားကျောင်းကတော့ Our lady of tearsလို့လည်း သိကြတဲ့ မယ်တော်မာရီတစ်ဖြစ်လဲ အပျိုစင်မာကာရေနာ ရုပ်တုရှိရာ ဘုရားကျောင်းလေးပါ။ တိုက်ဆိုင်ချင်တော့ အဲဒီဘုရားကျောင်းမြေကို ဝယ်ယူပြီး စီမံကိန်းချကာ အဆောက်အဦးတွေ ဆောက်ဖို့ ကြံစည်နေတဲ့ ကုမ္ပဏီတစ်ခုကလည်း ရှိနေပြန်ပါတယ်။ ဒါပေမဲ့ ဘုရားကျောင်းကို ပိုင်ဆိုင်သူ ဘရူနာမိသားစုကတော့ မိသားစုအမွေအနှစ်မို့ မရောင်းချင်ပါဘူး။ အဲဒီကြားထဲမှာပဲ လူသေမှုနှစ်ခုက ဖြစ်သွားတော့ ဘုရားကျောင်းအိုကြီးကို ဖြိုချဖို့ ရာခိုင်နှုန်းက ပိုများလာပါတယ်။ တစ်ဖက်မှာလည်း ပုပ်ရဟန်းမင်းကြီးရဲ့ ကွန်ပျူတာ hackခံလိုက်ရပြီး လက်သည် hackerက မာကာရေနာဘုရားကျောင်းကို ဖြိုချခံရမဲ့အရေးကနေ ကယ်တင်ဖို့တောင်းပန်လွှာတစ်စောင်ကို ချန်ရစ်ခဲ့တော့ သက်ဆိုင်ရာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးတွေအနေနဲ့ ထောက်လှမ်းရေးပိုင်းက ဖာသာတစ်ယောက်ကို စုံစမ်းဖို့အတွက် လွှတ်လိုက်ရပါတယ်။ အဲဒီလိုစုံစမ်းရာကနေ တဖြည်းဖြည်း ပေါ်လာတဲ့ ဗာတီကန်မြို့က ဘုန်း‌တော်ကြီးတွေရဲ့ သပွတ်အူလိုက်နေတဲ့ အရှုပ်တော်ပုံတွေ၊ လူသတ်တဲ့ ဘုရားကျောင်းကြီးဆိုတဲ့နာမည်ရဲ့နောက်ကွယ်က ဖြစ်ရပ်တွေကိုတော့ ကိုယ်တိုင်သာ စောင့်မျှော်ရှုစားလိုက်ကြပါခင်ဗျား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre….. Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 737MB | 368MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hugo Encoder ….. August

Horror
5.1 2022 116 mins
The Man from Rome
10 Truths About Love
6

ကရီနာဟာ စာပေတိုက်တစ်ခုရဲ့ အချစ်သရုပ်ဖော်ကဏ္ဍအပိုင်းကို တစ်ယောက်တည်း တာဝန်ယူထားတဲ့ ကလောင်စွမ်းထက်တဲ့ စာရေးဆရာမတစ်ဦးပါ။ နှလုံးသားရေးရာကို အဓိကထားရေးတဲ့စာရေးဆရာမဖြစ်တာကြောင့် သူမဟာ အချစ်ရေးမှာ သူမကိုယ်သူမ ယုံကြည်ချက်အပြည့်ရှိတဲ့သူဖြစ်ပြီး လက်ရှိမှာလည်း တွမ်ဆိုတဲ့ ခပ်ချောချောကောင်လေးနဲ့ တွဲလာတာ ငါးနှစ်တောင်ရှိခဲ့ပါပြီ။ တနေ့မှာတော့ ကြော်ငြာရီဗျူးတွေရေးတဲ့ လီယမ်ဆိုတဲ့လူဟာ သူတို့ရုံးကို အလုပ်ဝင်လာခဲ့ပါတယ်။ ကရီနာဟာ မြင်မြင်ကတည်းက သူ့ကို ကြည့်မရတဲ့ကြားက အထက်လူကြီးက လီယမ်ကို သူ့ကဏ္ဍမှာ နေရာချပေးလိုက်ပါတော့တယ်။ အလုပ်မှာ စိတ်ညစ်ရတဲ့ကြားက ငါးနှစ်တောင် တွဲလာတဲ့ သူ့ကောင်လေးတွမ်က သူ့ကို ဆိုင်းမဆင့် ဗုံမဆင့် လမ်းခွဲသွားပါတော့တယ်။ အချစ်ရေးမှာ ယုံကြည်ချက်ရှိလှပါတယ်ဆိုတဲ့ သူမဟာ ကောင်လေးက လမ်းခွဲသွားတော့ ယုံကြည်ချက်တွေ ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ လီယမ်က သူမကို တွမ်နဲ့ပြန်အဆင်ပြေအောင် ကူညီပေးမယ်ဆိုပြီးတော့ ပြောလာခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဌာနရဲ့အလုပ်တွေရော တွမ်ကို ပြန်ရဖို့ရော အတူတူကြိုးစားကြရာကနေ ရင်းနှီးလာကြပြီး သံယောဇဉ်တွယ်လာကြပါတော့တယ်။ တွမ်ဘက်က ဖြစ်ပေါ်လာတဲ့ခံစားချက်ကို သေချာသိပေမယ့် ကရီနာခမျာမှာတော့ တွမ်နဲ့ သူနဲ့ကြားမှာ စိတ်တွေရှုပ်ထွေးပြီး ဝေခွဲမရဖြစ်နေပါတော့တယ်။ ဒီတော့ ကရီနာအနေနဲ့ တွမ်နဲ့ပဲ ပြန်ပေါင်းထုပ်သွားမလား လီယမ့်ရဲ့အချစ်တွေကို မြင်နိုင်သွားမလားဆိုတာက ကြည်နူးစွာ စောင်ကိုက်ပြီးကြည့်ရမှာပါ။ Romance Comedy ဖြစ်တဲ့အတွက် အိပ်ရာထဲမှာ ကော်ဖီလေးတစ်ခွက်နဲ့ အေးအေးဆေးဆေးကြည့်လို့ကောင်းမယ့် ဇာတ်လမ်းအမျိုးအစားလေးပါ။ IMDb မှာ Rating 6/10 ရထားပြီးတော့ 2022 မှ ပူပူနွေးနွေးထွက်ရှိထားတာဖြစ်တဲ့အတွက် ကြည့်ရှုလိုက်ကြပါဦးနော်။ File size…(1.72 GB)/(920 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6 2022
10 Truths About Love
Reporting for Christmas
5.8

ခရစ္စမတ် နီးလာပြီဆိုတော့ ဒီတစ်ခေါက်မှာလည်း အသစ်ထွက် ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ခရစ္စမတ်ဆိုတာ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့ကာလလို့ ဆိုကြပါတယ်။ အားလပ်ရက်ရတဲ့အချိန်မိသားစုဝင်တွေ စုစုစည်းစည်းနဲ့ စားကြသောက်ကြ ပျော်ကြပါးကြ လက်ဆောင်တွေပေးကြနဲ့ပေါ့လေ။ အဲဒီရက်ရဲ့ စိတ်ဝိညာဉ်ကို ကျန်တဲ့ ၃၆၄ ရက်ဆီ သယ်ဆောင်သွားချင်ကြတာမျိုးတဲ့။ အဲဒီလိုထူးခြားတဲ့ခရစ္စမတ်အချိန်လေးကို သတင်းထောက်ဖြစ်သူ မယ်ရီက ပုံမှန်အတိုင်း ဖြတ်သန်းရမယ်လို့ ထင်ခဲ့ပေမဲ့ သူမရဲ့ အထက်လူကြီးက မထင်မှတ်တဲ့ အလုပ်တာဝန်တစ်ခုကို ပေးအပ်ခဲ့ရာမှာတော့.. ခရစ္စမတ်မှာ ဖန်တီးခဲ့တဲ့ မစ်ဆယ်တုတ်စ်ဆိုတဲ့ဖားရုပ်လေးရဲ့ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ်နဲ့ သူတို့ရဲ့အဓိကကြော်ငြာရှင်တစ်ဖြစ်လည်း ဂျွန်ဆင်တွိုင်းကုမ္ပဏီအတွက် ဂုဏ်ပြုသတင်း တင်ဆက်ပေးဖို့ပါပဲ။ ဒီလိုနဲ့ပဲ မယ်ရီတစ်ယောက် မလုပ်ချင်လုပ်ချင်နဲ့ ဂျွန်ဆင်တွိုင်းကုမ္ပဏီရှိရာ ဘရွန့်စ်ဝှခ်မြို့ငယ်လေးကို အရောက်သွားရတော့တာပေါ့လေ။ မယ်ရီတစ်ယောက် အထက်လူကြီးဆီကနေ တင်ဆက်မှုကို သူ့စိတ်ကြိုက်ဖန်တီးခွင့်ပြုပါတယ်ဆိုတဲ့ ကတိကိုအရယူပြီး သက်ဆိုင်တဲ့လူတွေကို အင်တာဗျူးဖို့နဲ့ သတင်းအချက်အလက်တွေရရှိဖို့ ကြိုးစားခဲ့ပါတော့တယ်။ အဲဒီလိုနဲ့ အောင်မြင်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ အမွေဆက်ခံရမဲ့ လက်ရှိပိုင်ရှင်ရဲ့ သားဖြစ်သူ ကိုလူချော ဘရိတ်ခ်နဲ့ တွေ့ဆုံခဲ့ရာမှာတော့ မထင်မှတ်ထားတဲ့ အကြောင်းအရာတစ်ခုကို သိခဲ့ရပါတော့တယ်။ မယ်ရီက သူ သိခဲ့တဲ့အကြောင်းအရာကို တင်ဆက်မှုမှာ ထည့်သွင်းဖို့ ကြိုးစားခဲ့ပေမဲ့ အထက်လူကြီးက လက်မခံခဲ့တဲ့အခါ မယ်ရီတစ်ယောက် ဘယ်လိုမျိုးကြိုးစားပြီး တင်ဆက်ဖို့လုပ်မလဲ.. သူ သိခဲ့တဲ့အကြောင်းအရာကရော ဘာများလဲ.. နောက်ဆုံးမှာ သူ တင်ဆက်ချင်သလို တင်ဆက်ခွင့်ရနိုင်ပါ့မလား.. သူနဲ့ မြို့ငယ်လေးက ကိုလူချောဘလိတ်ခ်ရဲ့ အနာဂတ်ကရော ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.55 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

5.8 2023 90 mins
Reporting for Christmas
Gampang Cuan
7.2

GAMPANG CUAN (2023) ==================== IMDb – 7.4/10 ဇာတ်လမ်းအညွှန်း မိသားစုကိုလုပ် ကျွေးဖို ရည်ရွယ်ချက်နဲ့ မြို ပေါ်တက်လာတဲ့ ဆူတန်တစ် ယောက် အလုပ်မရတဲ့အပြင် အ ကြွေး နွံထဲပါ နစ် နေ ပေမယ့်လည်း မိသားစုကို အမှန်အတိုင်းအသိမ ပေးပဲ ကျိတ်ပြီး ဖြေရှင်း နေခဲ့ပါတယ် အဲ့ဒီလို ဖြေရှင်းရာက တစ် နေ့ ညီမဖြစ်သူ အီကစ်ကပါ မြို ပေါ်မှာ အလုပ်ရှာမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တက်လာရင်း အကိုဖြစ်သူက ပြောထားတာနဲ့ လွဲပြီး အလုပ်အကိုင်မရှိဖြစ် နေတာကို သိလိုက်ရပါတယ် တစ်လက်စတည်းမှာပဲ အ မေ့ရဲ့အိမ်ကိုပါ ဘဏ်ကသိမ်း တော့မှာကို သိလိုက်ရတဲ့ မောင်နှမနှစ် ယောက် သူတို အ မေမသိ အောင် အိမ်ကိုပြန် ရွေးဖို ကြိုးစားရပါ တော့တယ် ငွေရှာဖိုကြိုးစားရင်း Stock စျေးကွက်နဲ့ကြီးပွား နေတဲ့သူတစ် ယောက်နဲ့ဆုံပြီး စာ တွေအဂ်လိပ်စာ တွေမတတ် ပေမယ့် Stock ကစားရင်း ကြီးပွား အောင်လုပ်မယ်လိုဆုံးဖြတ်လိုက်ကြပါ တော့တယ် Stock စျေးကွက်ကို အခုမှစကြားဖူးတဲ့ ဆူတန်တို မောင်နှမနှစ် ယောက် ဘယ််လိုအခက်အခဲ တွေကိုကြုံရမလဲ နောက်ဆုံး အ မေ့အိမ်ကို ပြန် ရွေးလိုက်နိုင်လားဆိုတာ တွေကို ရိုက်ပြထားတဲ့ကား လေးပဲဖြစ်ပါတယ် ဒီကား လေးမှာ မောင်နှမကြားသံ ယောဇဥ် မိဘနဲ့သားသမီးကြားက စေတနာ မေတ္တာ တွေကို နွေး ထွေးစွာခံစားရမယ့် ရိုက်ကွက် လေး တွေလည်းပါတာ ကြောင့် ဒရာမ ကြိုက်သူတိုင်းကြည့်သင့်တဲ့ မိသားစုဒရာမာ ကား ကောင်း လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ DB ပါ ) File size_(1.5GB)/(700MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:59:00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

Comedy • Family • Science Fiction • Drama
7.2 2023
Gampang Cuan
Zoolander

IMDB 6.5/10 ရရှိထားတဲ့ Comedy ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Night at the Museum ထဲက မင်းသား Ben Stiller နဲ့ Shanghai Noon ထဲက မင်းသား Owen Wilson တို့အပြင် မင်းသမီး Christine Taylor နဲ့ မင်းသားကြီး Will Ferrell တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ထူးခြားတဲ့အကြည့်တွေနဲ့ ဆွဲဆောင်နိုင်စွမ်းရှိသူ ဒဲရစ်ဇူးလန်ဒါက ဖက်ရှင်လောကရဲ့ အောင်မြင်တဲ့ အမျိုးသားမော်ဒယ်တစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းကို အစွန်းအထင်းဖြစ်စေမယ့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပြီး သူက မော်ဒယ်လောကကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အနားယူဖို့ ဆုံးဖြတ်ပြီး မကြာခင်မှာပဲ ဖက်ရှင်လောကရဲ့ အကျော်အမော်ဒီဇိုင်နာကြီး မူဂါတူက အလုပ်အတူလုပ်ဖို့ ကမ်းလှမ်းခဲ့တာကြောင့် ရိုးရိုးသားသား လက်ခံခဲ့ပေမဲ့ တကယ်တမ်း မူဂါတူရဲ့အကြံက သူ့ကို ဦးနှောက်ဆေးပြီး မလေးရှားဝန်ကြီးချုပ်ကို သတ်ဖို့အတွက် ခိုင်းစေဖို့ ဖြစ်နေတဲ့အခါ.. သူက မူဂါတူရဲ့အကြံအတိုင်း မလေးရှားဝန်ကြီးချုပ်ကို သတ်လိုက်မှာလား.. မသတ်ဘဲ ဦးနှောက်ဆေးတာကို ရှောင်လွဲနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်ကြည့်လိုက်ကြပါဦးနော်။ File size…(1.6 GB)/(876 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Crime • Drama • Thriller
0 2001
Zoolander
Demonte Colony
7

Demonte Colony (2015) “ဒီမွန့်စံအိမ်ကြီး” IMDb 7.0 တမီးလ် horror ရုံတင်ကားဟောင်းလေးကို တောင်းဆိုမှုလေးတွေရှိနေတာဖြစ်တဲ့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် မကြာသေးခင်ကမှ ဒုတိယကားထွက်ထားတာဖြစ်ပြီး အဲဒီကားကိုလည်း တင်ဆက်ပေးခဲ့ပြီးပါပြီ ဇာတ်လမ်းအကျဥ်းကတော့ ရုပ်ရှင်ရိုက်ချင်ပေမယ့် ပရိုဂျူဆာရှာမရတဲ့ ရာဂါဗာ၊ အလုပ်မှာအဆင်မပြေတဲ့ စက်ပြင်သမားဆာဂျစ်၊ အယ်ဒီတာတစ်ယောက်ဖြစ်တဲ့ ဗီမယ်နဲ့ ကြုံရာကျပန်းလုပ်တဲ့ ဆရီနီတို့ … သူငယ်ချင်းလေးယောက်သား တစ်ညမှာ စိတ်ပြေလက်ပျောက် အရက်သွားသောက်ကြပြီး အိမ်ကိုတန်းမပြန်ဘဲ သရဲခြောက်တယ်လို့ နာမည်ကြီးတဲ့ ဒီမွန့်စံအိမ်ကြီးကို ရောက်သွားပါတယ် အကောင်းပကတိအိမ်ပြန်ရောက်ခဲ့ပေမယ့် မကောင်းဆိုးဝါးဝိညာဥ်ပါ ကပ်ပါလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ CM ပရိသတ်ကြီး ဆက်လက်ခံစားလိုက်ကြပါဦး ဒါပြီးလို့ရှိရင် ဇာတ်အိမ်လည်းပိုကျယ်ပြီး ပိုအောင်မြင်ခဲ့တဲ့ ဒုတိယကားပါ ဆက်လက်အားပေးကြပါဦးခင်ဗျာ အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Bluri တို့ပဲ ဖြစ်ပါတယ်

7 2015 116 mins
Demonte Colony
A New Kind of Wilderness
7.6

A New Kind of Wilderness (2024) IMDb Rating (7.6) / Rotten Tomatoes (90%) ဒီနော်ဝေးဒိုကူမန်ထရီမှာတော့ မိသားစုတစ်ခုကို ရိုက်ပြထားတယ်။ ထူးထူးခြားခြား ခေတ်သစ်လူနေမှုဘဝကြီးကနေ ကင်းကွာချင်ခဲ့တဲ့ မိသားစုတစ်စုပေါ့။ ဒီစိတ်ကူးကို နော်ဝေးသူ အမေကနေ စခဲ့တယ်။ အင်္ဂလန်သားအဖေနဲ့ နော်ဝေးသူအမေတို့ဟာ နော်ဝေးက ရွာလေးတစ်ရွာမှာ လယ်လေးတစ်လယ်မှာနေပြီး ဓာတ်ပုံဆရာအမေ ဓာတ်ပုံရိုက်လို့ရတဲ့ငွေနဲ့ ကိုယ်တိုင်စိုက်ထားတဲ့ သီးပင်စားပင်တွေနဲ့ မွေးထားတဲ့ တိရိစ္ဆာန်တွေကို အမှီသဟဲပြုပြီး ရှင်သန်ခဲ့ကြတယ်။ မောင်နှမလေးယောက်နဲ့ အဖေနဲ့အမေနဲ့ ခြောက်ယောက်ရှိတဲ့မိသားစုလေးပေါ့။ နောက်ပိုင်း ဒီစိတ်ကူးကို စခဲ့တဲ့ သူတို့အမေသေသွားတဲ့အချိန် သူတို့မိသားစုဟာ ဝင်ငွေမလောက်ငှတော့တာကြောင့် လယ်ကိုရောင်းပြီး မြို့ပေါ်ပြန်ပြောင်းရင်း ကြုံလာရတာတွေကို ပြထားတယ်။ ဒါတွေကအပေါ်ယံကြောတွေလို့ပဲ ပြောရပါမယ်။ သေသွားတဲ့လူတွေ ရှင်နေသေးတဲ့လူတွေ ကွဲကွာသွားသူတွေ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် မိသားစုဟာ ဘယ်လိုအသက်ဝင်နေလဲ ပြထားတဲ့ ရုပ်ရှင်လို့ အကျဉ်းဖျဉ်းပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:24:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy • Adventure • Science Fiction • Horror
7.6 2024 84 mins
A New Kind of Wilderness
Stand Your Ground
5.8

ဒီဇာတ်ကားလေးကတော့ Rotten Tomatoes 79% ရရှိထားတဲ့ Drama/Action ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း +++++++++++ ဂျက် နဲ့ မော်ဂန် က နယ်မြို့လေးတစ်မြို့မှာ အေးအေးချမ်းချမ်းနေထိုင်နေသူတွေဖြစ်ပြီး မော်ဂန်က ကလေးဦးလေးကို ကိုယ်ဝန်လွယ်ထားရပါတယ်။ ဂျက်က စစ်ပြန်ဟောင်းတစ်ဦးဖြစ်ပြီးတော့ အမေဆုံးပါးပြီးနောက် ကျန်ရစ်ခဲ့တဲ့ အိမ်လေးမှာ ဇနီးဖြစ်သူနဲ့ နေထိုင်နေတာပါ။ အဆိုပါ နေအိမ်ကို မြို့မှာ သြဇာကြီးတဲ့လူတစ်စု က ဝယ်ချင်နေပြီးတော့ ဂျက်တို့ လင်မယားကို အိမ်ရောင်းဖို့ အမျိုးမျိုးဖိအားပေးနေခဲ့တာပါ။ ဒီလိုနဲ့ တစ်ညမှာတော့ အိမ်ကို လာရောက်အကြပ်ကိုင် ခြိမ်းခြောက်ရင်း ကိုယ်ဝန်လွယ်ထားတဲ့ မော်ဂန်ကို မတော်တဆသတ်လိုက်မိပါတော့တယ်။ ဒီလိုနဲ့ပဲ ဂျက်ကလည်း ပြန်လည်ခုခံရင်း ဖောက်ထွင်းသူတွေကိုသတ်မိသွားပြီး ထောင် ၆ နှစ်ကျသွားပါတယ်။ ထောင်က လွတ်လာပြီးနောက် အညှိုးအတေးတွေအပြည့်နဲ့ ဂျက်က သူ့မိသားစုကို ပြိုကွဲအောင်လုပ်ခဲ့သူတွေကို ဘယ်လိုပြန်လက်စားချေမလဲဆိုတာ အက်ရှင်အခန်းတွေအပြည့်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ File Size… (1.01 GB) / (657 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 39m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Action • Thriller • Crime • Drama
5.8 2024 100 mins
Stand Your Ground