YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Pamali The Corpse Village 2023 - 1080p NF AAC5.1 [RMC].mp4

1.15 GB N/A video/mp4 15 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Takkar
7

Takkar (2023) IMDb-8.3/10 တက်သစ်စမင်းသမီးချောလေး ဒေ့ဗ်ယန်ကာ၊နှုတ်ခမ်းမွှေးပဲထားထား မုတ်ဆိတ်ပဲထားထားလန်းလွန်းတဲ့ မင်းသားချောဆစ်ဒါးသ်၊ဟာသမင်းသားကြီး ယိုဂီဘာဘူတို့ပါဝင်ထားတဲ့ တမီးလ်စကားပြော ရိုမန့်စ်အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို စားစရာတောင်အနိုင်နိုင်ဘဝကနေ မီလျံနာသူဌေးကြီးဖြစ်ချင်တဲ့ ဂွန်ဇ်တစ်ယောက် ဆင်းဆင်းရဲရဲမွေးလာတာအပြစ်မဟုတ်ဘူး ဆင်းဆင်းရဲရဲတော့မသေနိုင်ဘူးဆိုတဲ့ စိတ်နဲ့ မြို့တက်အလုပ်လုပ်ပါတော့တယ်။လူကဆတ်ဆတ်ထိမခံဆိုတော့ ဝင်လုပ်သမျှအလုပ်အကုန် ပြုတ်လို့ပြုတ် ထွက်လို့ထွက်နဲ့ တက္ကစီဒရိုင်ဘာကျမှပဲ ခြေငြိမ်သွားတယ်။တက္ကစီမောင်းရင်း သူသွားငြိမိတဲ့ ဂိုဏ်းတစ်ခုရှိတယ်။အဲဒီဂိုဏ်းလုပ်ပုံက အဆန်း။ မိန်းကလေးတွေကို ပြန်ပေးဆွဲပြီး လေလံတင်တာ။ပြန်ပေးဆွဲခံရတဲ့မိန်းကလေး မိဘတွေနဲ့ တစ်ဖက်ကလူကုန်ကူးတဲ့လူနဲ့ကိုစျေးအပြိုင်ပေးခိုင်းတာ။ဂွန်ဇ်မောင်းလာတဲ့ ကားနောက်ဖုံးထဲမှာ မိန်းကလေးတစ်ယောက်ပါလာတာစ ဂွန်ဇ်တစ်ယောက်ဘယ်လိုတွေ ရှေ့ဆက်မလဲ။ သူ့ရဲ့သန်းကြွယ်သူဌေးအိပ်မက်ကရော ဖြစ်လာပါမလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~ThaikSanတို့ဖြစ်ပါတယ်) File size…2.89 GB/ 1.40 GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 18m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~BpL~ThaikSan

Drama
7 2023 138 mins
Takkar
The Sadness
6.8

Virus​တွေ ကပ်​ရောဂါ​တွေနဲ့ Zombie movie​တွေဟာ ဒီဘက်​ခေတ်မှာ လူကြိုက်များ​နေသလို ကား​တွေလည်းအရိုက်များလာပါတယ်၊ ဒီရုပ်ရှင်က​ အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ ကတ်နဲ့ ဂျင်က ထိုင်​ပေမြို့​တော်မှာ​နေထိုင်ကြတဲ့ အတူ​နေချစ်သူ​​တွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝ​ခရီးလမ်းကို တူတူ ​လျှောက်လှမ်း​နေသူ​တွေ​ပေါ့၊ သူတို့​နေထိုင်ရာ ထိုင်​​ပေမြို့​ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ့​နေတဲ့အချိန်​ပါ၊ အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လို့ ကျန်းမာ​ရေးနယ်ပယ်က ပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ထိုင်ဝမ်​ရွေး​ကောက်ပွဲရှိတာကြောင့် ​အစိုးရက ​လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။ တစ်​နေ့မှာ ပညာရှင်​တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းသွားပြီး လူ​တွေကို ရူးနှမ်းသလိုဖြစ်သွား​စေပါတယ်၊ ဒီဗိုင်းရပ်က Zombieအဖြစ်​ ​ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးပါ ဆင်ခြင်တုံတရား မရှိ​​တော့တဲ့သူ​တွေက မ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်​​​​သေခြင်းလို ကိစ္စ​တွေ အကုန်လုပ်လာကြပါတယ်၊ ဒီလိုအသိစိတ်မဲ့​​နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်​ကျော်လွှားကြမလဲ၊ သူတို့လွတ်​မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သတိ​ပေးလိုတာက ဒီရုပ်ရှင်က ​​Uncut version ဖြစ်တာ​ကြောင့်သွေးထွက်သံယိုအခန်း​​တွေအရမ်းများသလို အ​တော်ပီပြင်ပါတယ်၊ ​ လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာ​တွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာ​​ကြောင့် ​မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်​တော်​သလို ​သွေး​ ကြောက်တတ်သူ​တွေအတွက် ကြည့်ရှူဖို့အဆင်မ​ပြေနိုင်မယ့် အခန်း​တွေအရမ်းများတာကို သတိချပ်​​စေချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း ‌ရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WebDL_1080p, 720p (Uncut Version) IMDb Rating__6.6/10 Format__mp4 Duration__01:35:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • Mystery • Thriller
6.8 2021 99 mins
The Sadness
The Overnight
5.3

န်မာနိုင်ငံက နာမည်ကျော် စာရေးဆရာကြီးတစ်ယောက်ကို ပန်းချီဆရာတစ်ယောက်က သူ့ပန်းချီကားပြည့်စုံလားမေးတော့ ပြန်ပြောဖူးတယ်။ "ဟ မင်းဟာက ပန်းချီလေ။ ပြည့်စုံတယ် ဘယ်ရှိမလဲ။ အနုပညာဆိုတာ မပြည့်စုံဘူး။ ပြည့်စုံနေမှတော့ မင့်ဟာက အနုပညာမဟုတ်ဘဲ ဘုရားဖြစ်သွားမှာပေါ့ကွ" တဲ့။ ရုပ်ရှင်ဆိုတာလည်း အနုပညာပါပဲ။ ဘုရားမဟုတ်ပါဘူး။ ခြောက်ပြစ်တော့ ကင်းမနေပါဘူး။ တစ်ယောက်အတွက်ကောင်းတဲ့ကားက တစ်ယောက်အတွက်ကောင်းချင်မှလည်း ကောင်းမှာမလား။ နှလုံးသားနဲ့ ဆံ့သလောက် ယူလိုက်ကြတာပေါ့။ ဒီရုပ်ရှင်ဟာလည်း ဘုရားမဟုတ်တဲ့အတွက် ချွတ်ယွင်းချက်လေး တစ်ချို့ရှိပါတယ်။ အားသာချက်တစ်ချို့လည်းရှိပါတယ်။ ဇာတ်လမ်းကတော့ စတန်လေကူးဘရစ်ရဲ့ The Shining လိုလိုပါပဲ။ ကားတစ်စီးနဲ့ အတွဲတစ်တွဲ ဟိုတယ်ကြီးတစ်ခုရောက်သွားတယ်။ အဲဒီကနေ ဇာတ်တွေဆက်ရှုပ်တယ်။ ဒီမှာတော့ နတ်ဆိုးတွေ ဘာတွေပါပါတယ်။ ဇာတ်ကိုလည်း မထင်ထားတာတွေတော့ လှည့်ပါတယ်။ ကူးဘရစ်ရိုက်ခဲ့တဲ့ A Clockwork Orange စာအုပ်ကိုလည်း ထည့်သွင်းပြသသွားပါတယ်။ ကူးဘရစ် Reference တွေလည်း တော်တော်ပါပါတယ်။ သူ့ရဲ့အားသာချက်ကတော့ မင်းသမီးရဲ့ ရှေ့ပိုင်းနဲ့ ‌နောက်ပိုင်းအလှကို ရှင်းရှင်းဘွင်းဘွင်းသေချာပြသွားတာပါပဲ။ မင်းသမီးကလည်း လှတယ်ဆိုတော့ ဒီကားကောင်းတယ် သတ်မှတ်ရပါလိမ့်မယ်။ Size - 1.01GB, 567MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
5.3 2022 90 mins
The Overnight
After Yang
6.5

~ IMDb - 6.8/10 , RT - 86%, Metacritic - 79% ~ Directed By Kogonada A24 ကဖြန့်တဲ့ ရုပ်ရှင်ဆိုတော့ ဒီရုပ်ရှင်ကို မကြည့်မိခင်မှာ A24 ဖန်တစ်ယောက်က Ex Machina နဲ့ Minari ကိုပေါင်းထားတဲ့ ရုပ်ရှင်မျိုးပဲ တော်တော်ကောင်းတယ်လို့ ပြောတာ ဖတ်လိုက်ရသေးတယ်။ ကျွန်တော့်အတွက် ဒုတိယအချက်ကို လက်ခံနိုင်ပေမဲ့ ပထမအချက်ကို လက်ခံဖို့တော့ ခက်ပါတယ်။ တစ်ကားလုံးမှာတော့ မဟုတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ တစ်ချို့နေရာတွေမှာ တာကော့စကီးဆီက အရသာမျိုး ခံစားရတယ်။ ကိန်းမှာပြခဲ့လို့ ၂၀၂၁လို့ရေးထားပေမဲ့ တကယ်တမ်း ဒီရုပ်ရှင်ဟာ မနေ့ကမှ ထွက်တာဆိုတော့ ၂၀၂၂ပဲလို့ပြောရမယ်။ ပုဂ္ဂလိက ခံစားချက်အရတော့ မနှစ်က အသိရခက်ပြီး ကိုင်းခွဲများတဲ့ Drive My Car ရဲ့ Poetic ဖြစ်မှုကို အတော်သဘောကျခဲ့သလိုပဲ ဒီနှစ်လည်း အရမ်းအသိရမခက်ဘဲ ကိုင်းခွဲများတဲ့ After Yang ရဲ့ Poetic ဖြစ်မှုကို တော်တော်သဘောကျမိတယ်။ Poetic Cinema ကိုကြိုက်တဲ့သူတွေ ကျိန်းသေကြည့်ကိုကြည့်သင့်တဲ့ကားပါပဲ။ ဇာတ်အိမ်ကတော့ ကာလတစ်ခုမှာတည်ထားတယ်။ လူဖြူအမျိုးသားနဲ့ လူမဲအမျိုးသမီးလင်မယားက တရုတ်မလေးတစ်ယောက်ကို မွေးစားထားတယ်။ ပြောရရင် လူမဲ၊လူဖြူ၊အာရှမိသားစုပေါ့။ လူမျိုးရေးအရမ်းဆန်နေသလိုဖြစ်နေပေမဲ့ ဘာလို့တရုတ်မလေးကိုမှ မွေးစားထားလဲဆိုတဲ့အကြောင်းအရာကို ပေါ်‌လွင်အောင် လူဖြူအမျိုးသားရဲ့ ဇာတ်ကောင်ကို သေချာတည်ဆောက်ထားတာပါပဲ။ အကျိုးသင့်အကြောင်းသင့်ရှိတယ်လို့ ပြောရမယ်။ သူတို့က ဒီတရုတ်မလေးကို မွေးစားလိုက်ပေမဲ့ သူ့မူလဇာတိမျိုးရိုးဖြစ်တဲ့ တရုတ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကိုလည်းသိစေချင်တယ်။ ဘာလို့ သိစေချင်ရလဲဆိုတဲ့အချက်ကို ကိုင်းကူးကိုင်းဆက်လုပ်ထားတဲ့ အပင်တွေနဲ့ ဥပမာပြသွားတာလေးကလည်း တော်တော်လေးလှတာပါပဲ။ ကိုင်းဆက်ထားတဲ့ အကိုင်းဟာ သူလက်ရှိတည်နေတဲ့ သစ်ပင်နဲ့ ကြာလာရင် တစ်သားတည်းဖြစ်ပြီး တစ်စိတ်တစ်ပိုင်းဖြစ်သွားမှာဖြစ်သလို မူလဇာတိသစ်ပင်ကလည်း အရေးပါတယ်တဲ့။ တရုတ်ကလေးမလေးကို ‌မွေးစားထားတဲ့ မိဘ၂ယောက်ဟာ သူတို့ကိုယ်တိုင်ကလည်း မအားကြဘူး။ ကလေးကိုလည်း သူ့လူမျိုးယဉ်ကျေးမှုအကြောင်းသိစေချင်တော့ စက်ရုပ်လို့ ပြောလို့ရသလို စက်ရုပ်လို့ပြောလို့လည်းမရတဲ့ အရာတစ်ခုဝယ်ပေးလိုက်တယ်။ TECHNO-SAPIEN တဲ့။အလွယ်ပြောရရင် နည်းပညာနဲ့လုပ်ထားတဲ့လူသားပေါ့။ သူ့နာမည်က ယန်းပါ။ တရုတ်ပုံစံနဲ့ တရုတ်ယဉ်ကျေးမှုအကြောင်း အကုန်သိတဲ့ Techno ပေါ့။ ယန်းရဲ့အသိဉာဏ်က ထင်တာထက်မြင့်နေတော့ ယန်းဟာ ကလေးမလေးကို တရုတ်အကြောင်းသင်ပေးရုံတင်မဟုတ်ဘဲ အကိုတစ်ယောက်လိုပါ ပြုစုပျိုးထောင်ပေးနိုင်ခဲ့တယ်။ ကလေးမလေးကလည်း ယန်းကို အရမ်းအားကိုးပါတယ်။ ဒီလိုနဲ့ တစ်နေ့ကျ ယန်း ရုတ်တရက်ကြီး ပါဝါကျသွားတယ်။ ဒီရုပ်ရှင်ဟာ ယန်းပါဝါပိတ်ကျသွားပြီးနောက်ပိုင်း သူတို့အခြေအနေကို ကျောရိုးတည်ပြီး ကိုင်းခွဲများစွာနဲ့ အတွေးပွားစရာပေးထားတဲ့ ရုပ်ရှင်ပါ။ After Yang လည်း Drive My Car လိုပဲ တစ်ခုထက်ပိုတဲ့ ရှု့ထောင့်ကနေ ကြည့်ရှုသူ စိတ်ကြိုက်ခံစားလို့ရတဲ့ ကားမျိုးဆိုတော့ ကြည့်ရှုသူရဲ့ ခံစားချက်ကို ခလုတ်တိုက်စေမယ့် အရာတွေများတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်ကို ကျွန်တော်တော်တော် သဘောကျသွားတယ်ပြောရမှာပဲ။ အထူးသဖြင့် တရုတ်လက်ဖက်ရည်ကြမ်းရဲ့ အရသာကိုခံစားတဲ့အခန်းတို့ လောင်ဇူးရဲ့ ဒဿနကို အကျယ်ဖွင့်ကြတဲ့ အခန်းတို့ သစ်တောထဲ Long take ရိုက်ထားတဲ့အိပ်မက်ဆန်ဆန်အခန်းတို့ပေါ့။ လူသားတွေရဲ့ ငါဗဟိုပြုဝါဒတို့ ကလေးမွေးစားရေးနဲ့ပက်သက်တဲ့အကြောင်းတို့ကတော့ ပုဂ္ဂလိက ခံစားချက်အရတော့ သိပ်မညိလိုက်ပါဘူး။ သို့ပေမဲ့ လွတ်လွတ်လပ်လပ် ခံစားလို့ရတဲ့ရုပ်ရှင်ဆိုတော့ ညိချင်တဲ့လူ ညိချင်တဲ့နေရာညိမှာပါပဲ။ ယန်းဟာ လူမဟုတ်တဲ့ လူသားနဲ့တူအောင်လုပ်ထားတဲ့ နည်းပညာတစ်ခုပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေရဲ့ ဘဝမှာ ယန်းဟာ လူသားတစ်ယောက်လို အရေးပါနေတယ်။ ကျွန်တော့်မှာလည်း လူသားမဟုတ်ပါဘဲ လူသားတစ်ယောက်လို သံယောဇဉ်တွယ်ရတဲ့ အရာတွေရှိခဲ့ဖူးတယ်။ အရုပ်လို့တောင်မသုံးချင်တဲ့ ဝက်ဝံလေး၂ကောင်ပေါ့။ အားလုံးမဟုတ်တောင် ဒီလိုမျိုးရှိတဲ့ လူတွေရှိကြမှာပါပဲ။ လူ့ခံစားချက်ဟာ သက်ရှိခြင်းသက်မဲ့ခြင်းနဲ့ မဆိုင်ပါဘူး။ ဘယ်လိုပဲဆိုဆို အချိန်တစ်ခုမှာတော့ အခြေအနေအကြောင်းကြောင်းနဲ့ လက်လွတ်ရတာပါပဲ။ ဒီလိုပဲ နေသားကျအောင်နေလာကြရတာပါပဲ။ ရုပ်ရှင်ထဲ သေချာမပြသွားပေမဲ့ ယန်းမရှိတော့တဲ့နောက်မှာ (After Yang) တရုတ်ကလေးမလေး မီခါဟာ ကျွန်တော်တို့လို့ပဲ ယန်းကို လက်လွတ်တတ်ဖို့ သင်ယူသွားရမှာပါပဲ။ တစ်ချို့ကပြောကြတယ်။ အရာရာမှာ အဆုံးသတ်မရှိဘူးတဲ့။ ပေါက်ဖတ်ရဲ့ အဆုံးသတ်ဟာ လိပ်ပြာရဲ့အစလို့ဆိုကြတယ်။ ရှိခြင်းရှိဖို့ မရှိခြင်းလည်းရှိရမယ်လို့တော့ ဆိုကြတာပါပဲ။ ပသို့ပဲဆိုဆို ဒီလောကကြီးမှာ ဘာမှမရှိတော့တဲ့ အဆုံးသတ်တွေလည်း ရှိကြတာပါပဲ။ After Yang ဟာ ယန်းရဲ့ အသစ်ပြန်ဖြစ်စရာမရှိတော့တဲ့ အဆုံးသတ်ကို လက်မခံနိုင်ရင်း လက်ခံလိုက်ရတဲ့သူတွေအကြောင်းပါပဲ။ After Yang ကို ကိန်းနဲ့ Sundance တို့လို နာမည်ကျော်ရုပ်ရှင်ပွဲတော်တွေမှာ ပွဲဦးထွက်ပြထားပြီး မတ်လ၄ရက်နေ့မှာ ရုံမှာရော Streaming ပလက်ဖောင်းတွေမှာရော ပြခဲ့ပါတယ်။ "Saying Goodbye to Yang" ဆိုတဲ့၀တ္တုတိုကို မှီငြမ်းပြီး ၂၀၁၇ရဲ့ အလှပဆုံးကားတွေထဲက တစ်ကားဖြစ်ခဲ့တဲ့ Columbus ကိုရိုက်ခဲ့တဲ့ Kogonada ကပဲ ရိုက်ကူးထားပါတယ်။ Poetic Cinema အရသာကို ကောင်းကောင်းရစေမယ့် Sci-Fi Drama ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.2GB, 500MB Quality - Web-dl 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 36Min Genre - Drama, Sci-fi Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 2021 96 mins
After Yang
Vice
7.1

IMDb....7.2,,,,Rotten....66% ((Blu-Ray 10805.1ch နဲ့ 720pတို့ဖြင့်ပြန်လည် Updateပေးထားပါသည်..)) ဒီဇာတ်ကားက  Makeup and Hairstyling အတွက်အော်စကာဆုရခဲ့သလို   ထရန်စဖော်မာ မင်းသားကြီးလို့တင်စားရတဲ့ Christian Bale နဲ့ မင်းသမီးAmy Adams တို့ အော်စကာဆန်ကာတင်စာရင်း ဝင်ခဲ့တာ အတော်များများလည်း သိကြမယ်ထင်ပါတယ်... ၂၁ ရာစုအစပိုင်းကာလ အမေရိကန်သမိုင်းကို တစေ့တစောင်း သိစေနိုင်မယ့် ဒုသမ္မတတစ်ဦးရဲ့ အကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲဖြစ်ပါတယ်.... D ick Cheney ဟာ ငယ်ဘဝက ဘယ်လောက်တောင်ဆိုးခဲ့လဲဆိုတော့ မူးရူးသောာင်းကျန်းလွန်းလို့ တက္ကသိုလ်ကတောင်ကျောင်းထုတ်ခံရတဲ့အထိပါပဲ... သို့ပေမယ့် အဲ့ဒီဘဝကနေ  အမေရိကန်သမိုင်းမှာ အထင်ကရဖြစ်စေခဲ့တဲ့ ဒုသမ္မတတစ်ယောက်ဖြစ်လာအောင် သူကြိုးစားခဲ့တယ်.. သူဘယ်လိုတွေကြိုးစားခဲ့လဲ? ဒုသမ္မတဖြစ်လာချိန်မှာပဲ သူမတူတဲ့အရည်အချင်းတွေကြောင့် သမ္မတအပေါ် ဘယ်လိုလွှမ်းမိုးမှုတွေရှိနေသလဲဆိုတာပါ ခင်ဗျားတို့တွေ့ရလိမ့်မယ်... ဒါ့အပြင်  အမေရိကန်သမိုင်းကို   သူ့စိတ်တိုင်းကျ အမျိုးမျိုး ပုံဖော်ခဲ့သူ… ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစုအစပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အားလုံးမှတ်မိကြလောက်တဲ့ 9/11 ဖြစ်ရပ်အပေါ်မှာ ဒုသမ္မတရဲ့ တုံ့ပြန်လုပ်ဆောင်အကွက်ချမှုတွေ… ဒီဇာတ်ကားကိုကြည့်ရင်းနဲ့ အမေရိကန်သမိုင်းအပြင် ကမ္ဘာ့သမိုင်းကိုပါ တစေ့တစောင်းလေ့လာနိုင်မှာဖြစ်ပါတယ်… Dick Cheney အဖြစ် သရုပ်ဆောင်ထားတဲ့ Christian Bale ရဲ့ သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုဟာလည်း ဘယ်လောက်တောင်ကောင်းလဲဆိုရင် ရွှေကမ္ဘာလုံးဆုကိုပါ ဆွတ်ခူးသွားနိုင်တဲ့အထိပါပဲ… အသက်ငယ်ရွယ်တဲ့နဂိုပုံစံကနေ အိုမင်းတဲ့အထိ အဆင့်ဆင့် သရုပ်ဆောင်နိုင်ဖို့ ကိုယ်အလေးချိန်တွေ တိုးအောင် တမင်လုပ်ခဲ့ရတယ်ဆိုတော့ သူ့အနေနဲ့ ဒီလို သမိုင်းဝင်ဇာတ်ကားကို ဘယ်လောက်ထိ အာရုံစိုက်ထားခဲ့လဲဆိုတာ သိနိုင်မှာပါ….. တကယ့်ပြင်ပလောကထဲက သူတို့မိသားစုဟာ အားကျစရာအပြည့်.. လိင်တူချစ်တတ်တဲ့ သမီးကိုလည်း လိင်တူလက်ထပ်ခွင့်ဥပဒေကို ဖန်တီးပေးခဲ့တဲ့ အဖေ... ဒီကားက Biography ဖြစ်တဲ့အပြင် နိုင်ငံရေးကားဖြစ်လို့ ပျင်းစရာကြီးလို့ထင်မသွားလိုက်နဲ့.... ငယ်ဘဝတစ်လှည့် ...ဒုသမ္မတလုပ်ခဲ့စဉ် အခက်အခဲမျိုးစုံတလှည့်ကိုရသမြောက်အောင်ပြသွားနိုင်လို့ film Editing အတွက် အော်စကာဆန်ကာတင်စာရင်းတောင်ဝင်ခဲ့ပါသေးတယ်...ခံစားကြည့်လိုက်ဦး... ဒေါင်းပြီးသိမ်းထားသင့်တဲ့ကားဖြစ်ကြောင်းပြောပါရစေ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Crystal Win ပဲဖြစ်ပါတယ်.... File Size : (4.8GB) and (816MB) Quality : BLU-RAY.1080P5.1Ch,720P Format…mp4 Duration…02:12:00 Genre : Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Crystal Win Encoded by Phyo Pyae

Drama • Romance
7.1 2018 132 mins
Vice
Blood Flower
5.7

Blood Flower (2022) ကျွန်တော်တို့ငယ်ငယ်ကတုန်းဆို မလေးရှားသရဲကားတွေဆိုတာလျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တာပေါ့။ မလေးရှားစုန်းကာ အသစ်ထွက်တယ်ဆိုရင်ကို အဒေါ်တွေနဲ့ ရုပ်ရှင်ရုံသွားကြည့်ရ အခွေငှားဆိုင်မှာ လုငှားခဲ့ရတာပေါ့။ တစ်ခါတစ်လေဆို အခွေကလက်မလည်လို့ ကြိုတင်ဘွတ်ကင်ပါ လုပ်ရသေးတာ။ ခုချိန်မှာလဲ မလေးရှား ဟော်ရာကားတွေက အရင်ကလို သိပ်မကြည့်ကြတော့ဘူးဆိုပေမဲ့ အရင်ကလိုပဲ မလေးရှားသရဲကား အငွေ့သက်တွေနဲ့ ကြောက်စရာကောင်းနေတုန်းပါပဲ။ အပနှင်တဲ့ပုံစံမျိုးနဲ့ လျှို့ဝှက်ချက်တွေပါတဲ့ ဟော်ရာကားမျိုး ကြိုက်တတ်တဲ့သူတွေအတွက်ကတော့ ဟော်ရာကားတွေ ထွက်စရာသိပ်မရှိတော့လို့ ဒီမလေးရှားဟော်ရာကားလေးက စိတ်ကျေနပ်မှုပေးနိုင်တဲ့ကားလေးဖြစ်မှာပါ။ သွေးသံတရဲရဲအခန်းတွေပါတာကိုတော့ သတိချပ်စေလိုပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အပနှင်တဲ့မိသားစုတစ်စုရှိပါတယ်။ အဲ့မိသားစုထဲမှာမှ အဖေလုပ်သူကလွဲပြီး ကျန်တဲ့သုံးယောက်လုံးဟာ သရဲတစေ တွေကို မြင်နိုင်စွမ်းရှိကြပါတယ်။ တစ်နေ့အပနှင်နေတုန်းမှာ အမေဖြစ်သူဟာ နတ်ဆိုးတစ်ကောင်ကြောင့်သေခဲ့ရပြီး နောက် အဖေဖြစ်သူက သူ့သားသမီးတွေ ဒီလိုမဖြစ်ရအောင်ဆိုပြီး သူတို့ရဲ့အစွမ်းစတွေကို ချိတ်ပိတ်ထားခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ သူတို့နဲ့အိမ်နီးချင်းတစ်ယောက်ဟာ သူမရှိတုန်း သူ့အခန်းကိုကြည့်ပေးဖို့ထားခဲ့ပါတယ်။ သားဖြစ်တဲ့သူနဲ့ သူ့သူငယ်ချင်းတွေဟာ အဲ့အခန်းထဲကိုဝင်ပြီး အလုံပိတ်ထားတဲ့ အခန်းတစ်ခုကို ဖွင့်မိရာကနေ လူတွေတစ်ယောက်ပြီးတစ်ယောက် သေကုန်ကြပါတယ်။ အဲ့အခန်းထဲက လွတ်သွားတဲ့အရာက ဘာလဲ ဘာလို့လူတွေကိုလိုက်သတ်နေရတာလဲ အခန်းပိုင်ရှင်ရဲ့ လျှို့ဝှက်ချက်ဟာဘာလဲဆိုတာကို အသဲတယားယားနဲ့ ကြည့်ရှုလိုက်ကြပါဦး ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Horror, Mystery Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 290MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Comedy • Romance
5.7 2022
Blood Flower
Your Highness
5.5

ဒီ ကားလေးကတော့ စွန့်စားခန်းတွေ နဂါးတွေပါတဲ့ Fantasyအကြောင်းပါ တိုင်းပြည်တစ်ခုမှာ Fabious နဲ့ Thadius ဆိုတဲ့ညီအကို၂ယောက်ရှိတယ် Fabious က နေရာတကာသိပ်တော် သိပ်အောင်မြင်တဲ့ hero ပေါ့ ဘုရင်ဖြစ်လာမဲ့ သားအကြီးလည်းဖြစ်တယ် အမြဲတမ်းစွန့်စားခန်းသွား လူဆိုးတွေနှိမ်နှင်းနဲ့ လူချစ်များတဲ့သူပေါ့ Thadius ကတော့ ဘာမှမလုပ် တဲ့အပျင်း ညီလေး။ တနေ့တော့ Fabius က စွန့်စားခန်းက ပြန်လာရင်း ကောင်မလေးတစ်ယောက် ခေါ်လာပြီး လက်ထပ်မယ်လုပ်ရော လက်ထပ်ပွဲမှာ ထုံးစံအတိုင်း လူဆိုးကြီးက လာဖျက်ပြီး သတို့သမီးကိုခိုးရာက Thadiusနဲ့ Fadius တို့ညီအကို စွန့်စားခန်း အတူ ပထမဆုံးထွက်ရတော့ ဘာဆက်ဖြစ်ကြမလဲကြည့်ရအောင်…. ရှေးခေတ်ကားမို့ ဖော်ချွတ်ခန်းတွေပါပါတယ် ဆိုတာ ကြိုပြောလိုက်ပါရစေ… File size…2.78GB / 1.05GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mal Ei

5.5 2011
Your Highness
Cream of the Crop
5.7

Cream of the Crop (2022) =================== IMDb Rating – 5.7/10 ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ “Cream of the Crop”ဆိုတဲ့ ရယ်လည်းရယ်ရ စိတ်လည်းပျော်ရတဲ့ Drama ကားလေးပဲဖြစ်ပါတယ်။ လူတွေဟာ ကိုယ်တကယ်ချစ်တဲ့သူအတွက်ဆိုရင် သူ့မိသားစုက ကိုယ့်ကို လက်ခံပေးလာအောင်၊အကောင်းမြင်ခံရအောင် ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် မိုက်ခ်ဂျဲရက်ဒ်ရဲ့ Crushလေးဂျိုဒီတို့မိသားစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လက်ဆင့်ကမ်းလာကြသူတွေပါ။ မိုက်ခ်က တော့ စိုက်ပျိုးမွေးမြူရေးအကြောင်း နကန်းတစ်လုံးမှမသိတဲ့ မြို့သားပေါ့။ မိုက်ခ်ဟာ ကောင်မလေးရဲ့မိသားစုတွေနဲ့ တွေ့ရတိုင်း ယောက္ခမလောင်းတွေနဲ့ ယောက်ဖလောင်း ရှေ့မှာ အလွဲတွေချည်းလုပ်မိသူလေးပါ။ ဒါပေမဲ့ သူ့ခမျာ အမြင်ကြည်ခံရအောင် စိုက်ပျိုးမွေးမြူရေးအလုပ်တွေကို အားတက်သရော ကူပေးရှာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့‌အချစ်လမ်းခရီးဟာ တတိယလူပေါ်လာလိုက်၊ မိသားစုအနှောင့်အယှက်တွေပေါ်လာလိုက်နဲ့ အတော်လေးကိုးလို့ကန့်လန့် နိုင်ပါတယ်။ အဲတော့ မိုက်ခ်နဲ့ ဂျိုဒီတို့ အဲလိုအခြေအနေတွေကို ဘယ်လို ကျော်ဖြတ်မလဲ၊ ဘယ်လိုညှိယူကြမလဲ၊ မိသားစုအသိုင်းအဝိုင်းမတူတဲ့ သူတို့ရဲ့လမ်းခရီးအဆုံးသတ်ကရော ပျော်စရာဇာတ်သိမ်းဖြစ်ပါ့မလားဆို တာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (784 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

5.7 2022 116 mins
Cream of the Crop
Toxic Parents
6.2

Toxic Parents (2023) ဒီတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ ကိုရီးယားလူငယ်တော်တော်များများကြုံတွေ့ရတတ်တဲ့အခက်အခဲကို သေချာလေးမီးမောင်းထိုးရိုက်ပြထားတဲ့ Toxic Parents ဆိုတဲ့ကားလေးပဲဖြစ်ပါတယ် အီယူရီဆိုတဲ့ကလေးမလေးကအတန်းထဲမှာစံပြကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် တင်းကြပ်လွန်းတဲ့သူမအမေဖြစ်သူကြောင့်သူငယ်ချင်းတစ်ယောက်မှမရှိသူပါ ဒါပေမယ့်တစ်နေ့မှာတော့အိုင်ဒေါလ်ဖြစ်ဖို့ကြိုးစားနေတဲ့သင်တန်းသူမလေး ယယ်နာနဲ့တွေ့ပြီးသူငယ်ချင်းဖြစ်သွားပါတော့တယ် ဂျစ်ပစီမလေးယယ်နာနဲ့ယူရီက အကျင့်စရိုက်ချင်းကွာခြားပေမယ့်အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပြီးတဲ့နောက်မှာရုတ်တရက်ယူရီကသေဆုံးသွားခဲ့ပါတယ် စုံထောက်တွေအနေနဲ့ယူရီသေဆုံးရတဲ့အကြောင်းအရင်းကိုလိုက်ရှာတဲ့အခါမှာ ယူရီဟာဘာကြောင့်သေဆုံးသွားသလဲ ဘယ်သူတွေပါဝင်ပက်သက်နေသေးလဲ ယယ်နာကရောယူရီရဲ့သေဆုံးမှုမှာပါဝင်နေမလားဆိုတာကြည့်လိုက်ကြရအောင် သားသမီးတွေကိုကိုယ်ကိုယ်တိုင်တောင်မသိလိုက်ပဲအဆိပ်တွေပေးနေမိမှန်းမသိတဲ့မိဘတွေလည်းရှိပါတယ် ပညာပေးကားလေးလည်းဖြစ်တာမို့ နောင်တစ်ချိန်မိဘဖြစ်လာမယ့်လူငယ်တွေ‌ရော လက်ရှိမှာမိဘဖြစ်နေတဲ့သူတွေရောကြည့်ရှုသင့်တဲ့ကားလေးပါ အညွှန်းနဲ့ဘာသာပြန်ထားတာကတော့ Thae Thae ပဲ ဖြစ်ပါတယ် Genre….. Drama, Mystery Quality…. 1080p | 720p File size… 1.1GB | 418MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

6.2 2023 104 mins
Toxic Parents
Justice League: Throne of Atlantis
6.6

IMDB 6.3 နဲ့ Rotten Tomatoes 63% ရရှိထားပါတယ်။ Aquaman ရဲ့နောက်ခံဇာတ်လမ်းကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ Justice League: War အပြီးမှာ အရာအားလုံးငြိမ်းချမ်းသွားပြီလို့ထင်ရပေမဲ့ ဒဏ္ဍာရီလာကျွန်းမြို့တစ်မြို့ဖြစ်တဲ့ အတ္တလန်တစ်ရဲ့ပြဿနာတွေက ကုန်းမြေပြင်ပေါ်ကို ရောက်ဖို့အကြောင်းဖန်လာပါတယ်။ အဲဒီပြဿနာတွေထဲကတစ်ခုကတော့ လူနဲ့အတ္တလန်တစ်သူနဲ့စပ်ပြီး မွေးလာတဲ့ အာသာကာရီကိုမုန်းတဲ့ သူ့ရဲ့ညီဖြစ်သူ မင်းမျိုးမင်းနွယ်သွေးအပြည့်ပါတဲ့ မင်းသားအော်မ်ပါပဲ။ အာသာရဲ့အမေဖြစ်တဲ့ ဘုရင်မအတ္တလာနာဟာ ငြိမ်းချမ်းရေးကိုလိုလားပေမဲ့ ကုန်းမြေပြင်သားတွေကြောင့် ဘုရင်ဖြစ်သူသေရတယ်လို့ယုံကြည်ထားတဲ့ မင်းသားအော်မ်ကတော့ သူ့အမေနဲ့ဆန့်ကျင်ဘက်ပါ။ ဒါကိုဘုရင်မအတ္တလာနာကသိတာကြောင့် ကမ္ဘာနှစ်ခုလုံးမှာနေဖူးတဲ့သူကို ခေါင်းဆောင်အဖြစ်ထားချင်ခဲ့တယ်။ ဒါကြောင့်ပဲ အာသာကာရီကိုခေါ်ဖို့ စေလွှတ်လိုက်ပေမဲ့ မင်းသားအော်မ်ရဲ့ အကြံအစည်တွေကြောင့် အခြေအနေတွေက ပြောင်းပြန်ဖြစ်ကုန်ပါတော့တယ်။ File size… 1.1 GB / 462 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Drama
6.6 2015
Justice League: Throne of Atlantis
In Dreams

ဒီကားကတော့ Psychological, Thriller ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ အယ်လ်မာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါအခံရှိတာမို့လို့ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးတွေအမြဲသောက်ရတာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့အချိန် တစ်ရက်မှာတော့ သူ့အဖိုးဟာ အသတ်ခံလိုက်ရပါတယ်။ သူ့မိဘတွေမရှိတော့ကတည်းက သူ့ကိုစောင့်ရှောက်ခဲ့တာဟာ အဖိုးပဲရှိတာမို့လို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ပိုပြီးဆိုးရွားလာ‌တာပေါ့။ ဒါ့ကြောင့်ပဲ သူနဲ့ သူ့ရဲ့ခင်ပွန်းဟာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက် ငယ်ဘဝကအမြဲသွားခဲ့တဲ့ ရေကန်ငယ်နားက အိမ်တစ်လုံးကိုအနားယူဖို့သွားပါတယ်။ အဲဒီမှာ သူမသိခဲ့တာကတော့ သူ့အဖိုးဆုံးခဲ့ရခြင်းရဲ့ အကြောင်းအရင်းက အဲဒီနေရာအထိကိုလိုက်ပါလာခဲ့တာပါ။ ဒီတော့ ဘာတွေ‌ဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(964 MB)/(434 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

Drama
0 2023
In Dreams
Nobody Nose
5.9

ရဲအရာရှိတစ်ယောက်ဟာ သူ့ကြောင့် သူလျှိုမလေးသေသွားတဲ့အခါ စိတ်ဒဏ်ရာတွေဖြစ်ကျန်ခဲ့ပြီး ထင်ယောင်ထင်မှားတွေမြင်လာတယ်။ အဲဒီလိုနဲ့ရဲဌာနကနေနှုတ်ထွက်လိုက်ရတယ်။ သူ့အခြေနေက ဆေးပုံမှန်မသောက်ရင် ပိုဆိုးလာနိုင်တယ်လို့ပြောကြပေမယ့် သူကတော့ ခေါင်းမာမာနဲ့ ငါအရူးဆိုတာ လူတိုင်းသိနေပြီပဲ မသောက်လဲဘာမှမဖြစ်ဘူးဆိုပြီးတော့ ပေတေပြီးနေနေတုန်းပဲ။ ရဲမဟုတ်တော့ပေမယ့် ဒီအမှုကိုဆက်စုံစမ်းတာတော့မရပ်ခဲ့ဘူး။ (၄)နှစ်ကြာသွားတဲ့အခါ အမှုဟာသဲလွန်စအသစ်ပြန်ရလာခဲ့တယ်။ သူကတကယ်ပဲ ထင်ယောင်ထင်မှားတွေမြင်နေပြီးတော့ အသုံးမကျတဲ့သူတစ်ယောက်ဖြစ်သွားပြီလား….. ဒီတစ်ခါရော နောက်ကွယ်ကတကယ်ချုပ်ကိုင်နေတဲ့ အဓိကတရားခံကိုအမိဖမ်းနိုင်မလား……

5.9 2018
Nobody Nose
The Paradise of Thorns

The Paradise Of Thorns (2024) ***************************** IMDb Rating (7.8) မင်းသားချော Jeff Satur နဲ့ နာမည်ကြီးမင်းသမီး Engfa Waraha တို့ပါဝင်ထားတဲ့ ထိုင်းနာမည်ကြီး GDH Production က ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာပါပြီ… မထွက်ခင်ကတည်းက ပရိသတ်တွေ မျှော်လင့်နေကြတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Thriller / Drama အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်… ဇာတ်လမ်းအကျဉ်း ————– တရားဝင် လက်မထပ်ရသေးတဲ့ ဆက်နဲ့ထုန်ခမ်ဆိုတဲ့ လိင်တူအတွဲလေးက နှစ်ကိုယ်တူ ဘဝစတင်ဖို့အတွက် ကြိုးစားပြီး အိမ်ဆောက် ခြံဝယ်နဲ့ ဒူးရင်းသီးစိုက်ပြီး ဒူးရင်းခြံစီးပွားရေးကို စလုပ်ခဲ့ကြပါတယ်… ဒါပေမဲ့ ဆက်ဆုံးပါးသွားချိန်မှာတော့ ဆက်ရဲ့မိသားစုတွေက သူတို့အတွဲ နှစ်ကိုယ်တူကြိုးစားရှာဖွေခဲ့ရတဲ့ပိုင်ဆိုင်မှုတွေကို တရားဝင်လက်ထပ်ထားတာမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ဝါးကြီးအုပ်ပါတော့တယ်… အသက်ရှင်ကျန်ခဲ့တဲ့ ထုန်ခမ်ကလည်း သူနဲ့ဆက်တို့ကြိုးစားခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေပြန်ရဖို့ကြိုးစားရုန်းကန်ရင်း ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာမျိုးကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါရှင်… ဇာတ်လမ်းအညွှန်းကို Kim မှ ရေးသားပေးထားပါတယ်… File Size : 1.9GB / 830MB Quality : WEB-DL 1080p 5.1ch / 720p Genre : Thriller, Drama Duration : 2 hr. 11 min. Subtitle : Myanmar Subtitle (Hard Sub) Translated by Mary, Kim & Char Ou Encoded by Heather Oo

Comedy • Crime
0 2024 131 mins
The Paradise of Thorns
Steppenwolf Dala qasqiri
6.4

Steppenwolf (2024) IMDb Rating (6.4) / Rotten Tomatoes (79%) ဒီကားနာမည်က သိဒ္ဓတ္ထဝတ္တုကိုရေးခဲ့တဲ့ ဂျာမန်စာရေးဆရာကြီး ဟားမန်းဟက်ဆီရဲ့ Steppenwolfဆိုတဲ့ ဝတ္တုနာမည်ကိုပဲ ပေးထားတာ။ ဒါပေမဲ့ အဲဒီဝတ္တုရဲ့ ဇာတ်လမ်းကို ယူထားတာတော့မဟုတ်ဘူး။ ဇာတ်လမ်းရဲ့အစမှာ Steppenwolfထဲက ဇာတ်ကောင်ရဲ့ ကိုယ့်ကိုယ်ကိုယ်ကရော လူ့ဘောင်ကရော လွတ်မြောက်မှုကို ထင်ဟပ်စေတဲ့ စကားကို ယူသုံးထားတယ်။ အဲဒီစကားက ဒီရုပ်ရှင်ထဲက အဓိကဇာတ်ကောင် အမျိုးသမီးကိုရော အမျိုးသားကိုရော ထင်ဟပ်နေတယ်။ ” လူ့ဘောင်ကြီးရဲ့ ရည်ရွယ်ချက်ကိုလည်း ငါနားမလည်နိုင်သလို လူတွေသာယာနေကြတဲ့ ပျော်စရာတွေဆိုတာကိုလည်း ငါမခံစားတတ်တဲ့နောက် ငါက တစ်ကိုယ်တည်းသမား ဧကစာရီကျင့်ကြံသူ ဖြစ်လာရတော့တာပေါ့” ဟားမန်းဟက်ဆီရဲ့ ဟန်အတိုင်း လွတ်မြောက်မှုအစစ်ဆိုတာကို သရုပ်ဖော်ထားတဲ့ စာသားပါပဲ။ ဒီကားက မငြိမ်သက်တဲ့ တိုင်းပြည်တစ်ခုရဲ့ ရိုက်ခတ်မှုကြားက အဖော်မဲ့သွားတဲ့ လူ၂ယောက်ရဲ့ ဖြစ်စဉ်ကို ရက်စက်မှုတွေ တစ်သီတစ်သန်းနဲ့ သရုပ်ဖော်ထားတဲ့ ကား။ မသိရင် အက်ရှင်ကားလို့ ထင်ရအောင်ကို ပစ်ခတ် သတ်ဖြတ်တာလည်း သိပ်များတယ်။ ဥပဒေမဲ့နေတဲ့ နိုင်ငံမှာ ဖြစ်ချင်တိုင်း ဖြစ်ချင်နေတဲ့ အခြေအနေတွေကြားက လူတွေကို သရုပ်ဖော်ထားတယ်ပေါ့။ အောက်ကစာတွေကတော့ ဆောင်းပါးတစ်ခုမှာ ဒီကားအကြောင်းရေးထားတာလေးက သဘောကျစရာတော့ ကောင်းလို့ ထုတ်နုတ် ဘာသာပြန်ပေးလိုက်တာပါ။ စစ်ပွဲတွေက ဘယ်တော့မှ မပြောင်းလဲဘူး။ စစ်ပွဲဒဏ်ခံရတဲ့လူတွေပဲ ပြောင်းလဲကုန်ကြတာပါပဲ။ ဒီရုပ်ရှင် ဇာတ်အိမ်တည်ရာ Kazakhstan နိုင်ငံဆိုတဲ့နာမည်က Boratကားနဲ့ ရုပ်ရှင်သမားတွေ အားလုံးသိကြတဲ့ နိုင်ငံပါပဲ။ ဒါပေမဲ့ Kazakhstanရုပ်ရှင်တွေကတော့ ကမ္ဘာကို သိပ်ပျံ့နှံ့ပုံမရဘူး။ ဒီနိုင်ငံက ကမ္ဘာပေါ်မှာ နဝမမြောက်အကြီးဆုံးနိုင်ငံဆိုတော့ ဒီလိုဖြစ်နေတာ ဆန်းတော့ဆန်းသား။ တစ်ခါတလေကျ တစ်ကမ္ဘာလုံး နိုင်ငံတစ်ခုနာမည်ကို ရင်းနှီးသွားဖို့ ရုပ်ရှင်တစ်ကားပဲလိုတယ်။ Steppenwolfက ဒီနိုင်ငံရဲ့ ရုပ်ရှင်လောကကို ရုပ်ရှင်ပရိသတ်တွေ အာရုံစိုက်မိစေမယ့် ရုပ်ရှင်ပါပဲ။ Steppenwolfဟာ ကျွန်တော်တို့ စိတ်ကိုချမ်းမြေ့စေမယ့် ရုပ်ရှင်တစ်ကားတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ကမ္ဘာကြီးကို ပိုသိဖို့ ကျွန်တော်တို့ကြည့်ဖို့လိုတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ခံစားချက်တွေစိုပြေစေမယ့် ရုပ်ရှင်တစ်ကားဖြစ်ဖို့တော့ တော်တော်အလှမ်းဝေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.7 GB) / (680 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Dram,Thriller Duration….01:42:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Drama
6.4 2024 102 mins
Steppenwolf Dala qasqiri