YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Painkiller.S01E05.720p(CM).mp4

512.99 MB N/A video/mp4 101 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Paris, Texas
8.1

ပဲရစ်လို့ကြားလိုက်ရင် ဥရောပတိုက်က အီဖယ်တာဝါကြီးနဲ့ တခမ်းတနားရှိလှတဲ့ ပဲရစ်မြို့ကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ လူမသိသူမသိ မြို့သေးသေးလေးရဲ့ နာမည်ဟာလည်း ပဲရစ်ပါပဲ... သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်းမသိ၊ ကန္တာရထဲမှာ ဦးတည်ရာမဲ့လျှောက်သွားနေတဲ့ လူတစ်ယောက်ကို တစ်ရက်မှာ သူစိမ်းတစ်ယောက်က တွေ့လို့ ကယ်တင်ခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူနဲ့ ပြန်လည် ဆုံစည်းစေခဲ့ပါတယ်။ ၄နှစ်တာလုံးလုံး သတင်းမကြားဘာမကြားနဲ့ လုံးလုံးပျောက်သွားခဲ့ပြီး လတ်တလောဘဝနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေလည်း ပျောက်သွားတဲ့ ထရာ့ဗစ်ကို သူ့ညီဖြစ်သူက လူ့အသိုက်အဝန်းထဲကို ပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ ပြန်ရောက်လာမှုက သူ့ညီရဲ့ မိသားစုဘဝကို မငြိမ်မသက်ဖြစ်လာစေပါတယ်။ သူ့ညီရဲ့ မိသားစုလို့ ဆိုရာမှာ သူတစ်ချိန်က ထားခဲ့တဲ့ သူ့ရဲ့သားငယ်လေးလည်းပါတယ်။ သူထွက်သွားတဲ့ ၄နှစ်ဆိုတဲ့အချိန်ဟာ သူ့သားငယ်အတွက်တော့ သက်တမ်းတစ်ဝက်ကြာပါသတဲ့။ မှတ်ဉာဏ်တွေပြန်ရလာတဲ့အခါမှာတော့ ထရာ့ဗစ်ဟာ သားငယ်ကိုခေါ်ပြီး တစ်ချိန်က သည်းအူပြတ်မတတ်ချစ်ခဲ့ရတဲ့ ဇနီးဖြစ်သူကို ပြန်ရှာဖို့ ခရီးဆက်ပါတော့တယ်။ ဒီကားကို အမေရိကန်ရုပ်ရှင်လို့သာပြောရတာ တကယ်တမ်း ဒါရိုက်တာကော မင်းသမီးကောက ဂျာမန်တွေ... အဲ့ဒါကြောင့်မို့လည်း ဖြစ်မယ်၊ ဥရောပကားမဟုတ်သည့်တိုင် ဥရောပအငွေ့အသက်တွေ ရေလည်လွှမ်းနေတာ... သဲကန္တာရတွေကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမကြီးတွေဟာ မိုးကုပ်စက်ဝိုင်းအောက်မှာ တဖြည်းဖြည်းသေးပြီး ပျောက်သွားသလိုပဲ၊ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ... နားလည်မှုတွေ... နောက်ပြီး သူ့ရဲ့ အရေးပါမှုတွေဟာ ဘယ်အတိုင်းအတာထိ သွားနိုင်မလဲ...။ တက္ကဆက်ပြည်နယ်ရဲ့ အထီးကျန်အဝေးပြေးလမ်းမကြီးတွေကို ဥရောပဆန်ဆန် မြင်တွေ့ရမယ့် ခပ်ရှားရှား Road Movie အမျိုးအစားထဲကမှ စိတ်ကိုညှို့ယူနိုင်စွမ်းတဲ့ အလှနဲ့ ဟန်ကိုမြင်ရမယ့် မာစတာပိစ်လက်ရာတစ်ခုပဲဖြစ်ပါတယ်... မြန်မာပြည်မှာ IC က ဦးငဲ (အငဲ) သီဆိုထားတဲ့ မူရင်းသီချင်းအတော်များများရဲ့ပိုင်ရှင် Travis ဆိုတဲ့ နာမည်ကြီး Rock Band ဟာလည်း ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ရဲ့နာမည်ကို ယူပြီး မှည့်ထားတာလို့ ဆိုပါတယ်။ Steven Schneider ရဲ့ မသေခင်ကြည့်သင့်သော ဇာတ်ကား ၁၀၀ စာရင်းထဲမှာလည်း ဒီကားပါရုံတင်မက စုစုပေါင်း ဆုပေါင်း ၁၈ဆု ဆွတ်ခူးရရှိထားတဲ့ ဒီရုပ်ရှင်ဟာ ဂုဏ်သတင်းကျော်စောတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာတင် ဆု ၃ခု ဆွတ်ခူးထားပြီး ကိန်းစ်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or လည်းအပါအဝင်ဖြစ်တာမို့ ရှည်ရှည်ဝေးဝေးမပြောတော့ဘူးနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 25Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • History • Thriller
8.1 1984 145 mins
Paris, Texas
Resurrection
6.1

IMDb - 6.2/10 Rotten Tomatoes - 80% , Metacritic - 70% Thriller တစ်ပေါက်မှာ လျှမ်းလျှမ်းတောက်သလို နိုလန်တိုနာမည်ကျော် ဒါရိုက်တာကြီးတွေနဲ့ ကားကောင်းတွေရိုက်ဖူးပြီး မနှစ်က Passingဆိုတဲ့ အနုပညာအရ အတန်အသင့်အောင်မြင်ခဲ့တဲ့ ရုပ်ရှင်ကိုပါ ဒါရိုက်တာအဖြစ် ပွဲဦးထွက်ရိုက်ကူးခဲ့တဲ့ Rebecca Hall ဦးဆောင်ပါဝင်ထားတဲ့ Thrillerရုပ်ရှင်အသစ်ပါ။ Tim Rothလို ဝါရင့်မင်းသားကြီးကလည်း အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ A24 Thrillerတွေကြိုက်တဲ့သူတွေ ကြိုက်ကြမယ့်ပုံစံပါပဲ။ မသိမသာနဲ့ကို အရင်လတွေကထွက်ခဲ့တဲ့ Menရဲ့ အငွေ့အသက်မျိုးလည်း ရနေပါတယ်။ thriller horrorအနေဲ့ဆို သူရထားတဲ့ Rotten Tomatoesနဲ့ Metacriticတိုလို ဝေဖန်ရေးဆရာတွေပေးတဲ့ ရိတ်တင်တွေဟာ မိုးပေါ်ပျံနေတာကြောင့် Thrillerအနေနဲ့ဆို ရှားပါးကားကောင်းတွေထဲက တစ်ကားပြောရပါမယ်။ လန့်စရာတော့ မပါလှပါဘူး။ ဘာတွေဖြစ်နေမှန်းမသိတာကို ရင်တစ်သိမ့်သိမ့်တုန် ကြည့်ရင်း ရင်ဖိုရမယ့် ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ မိန်းမတစ်ယောက်ရှိတယ်။ သူနဲ့ သူ့ယောက်ျားက တောခေါင်ခေါင်နေရာမှာ နေကြတယ်။ တစ်နေ့ကျ ကလေးလေးမွေးလာတယ်။ သူက ကလေးကို မျက်စိအောက်က အပျောက်ခံနိုင်အောင် သိပ်ချစ်တာပေါ့။ တစ်နေ့ကျ သူ့ယောက်ျားကသူ့ကို မြိုတက်ဈေးဝယ်ခိုင်းတယ်။ သူပြန်လာတော့ စားပွဲပေါ်ကလေးလက်လေး၂ချောင်းပဲတွေ့ရတော့တယ်။ ကလေးဘယ်မှာလဲမေးတော့ သူ့ယောက်ျားကစားပစ်ပြီတဲ့။ နောက်ကျသိလိုက်ရတာက ကလေးက သူ့ယောက်ျားကိုယ်ထဲမှာ ငိုကြွေးနေတယ် လှုပ်ရှားနေတယ် ရှင်သန်နေတယ်... ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ ကိုယ်တိုင်ပဲ ရင်ဖိုကြည့်လိုက်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.3GB) / (700MB) Quality__WEB-DL_1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:42:00 Type__Crime, Drama, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Adventure • Fantasy
6.1 2022 103 mins
Resurrection
Arctic Void
5.1

သင်ဟာ အဖြေရှာရခက်တဲ့ဇာတ်ကားတွေကို တွေးချင်တဲ့လူမျိုးလား... Mystery ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူမျိုးလား.. ခရီးသွားရတာကိုကြိုက်ပြီး ဇာတ်ကားထဲကရှုခင်းတွေကို ပါဝင်ခံစားတတ်သူလား... ဒီလိုဆိုရင် Cinematography အရမ်းကောင်းပြီး တွေးစရာတွေပါပေးမယ့် ဒီဇာတ်ကားက သင့်အတွက်ဖြစ်စေမှာပါ။ ကမ္ဘာရဲ့ မြောက်ဘက်အကျဆုံးဖြစ်တဲ့ နော်ဝေကျွန်းစု Svalbard ရဲ့ Longyearbyen ပတ်ဝန်းကျင်အာတိတ်‌ဒေသ ကိုအခြေခံထားပါတယ်။ Travel show တစ်ခုက Host ဖြစ်သူ Ray Marsh နဲ့ Producer / Director ဖြစ်သူ Alan Meursault တို့ဟာ အာတိတ်ဒေသမှာ Travel Blog တစ်ပုဒ်ရိုက်ဖို့ Los Angeles ကနေ ခရီးထွက်လာကြပါတယ်။ သူတို့ဟာ Longyearbyen ကနေ အာတိတ်ရေပြင်ကျယ်ပေါ်ကို လေ့လာရေးခရီးထွက်ခွာမယ့် အပျော်စီးလှေ Langøysund နဲ့အတူ လိုက်ပါကြရမှာပါ။ဒါပေမယ့် သူတို့နဲ့အတူအမြဲအလုပ်လုပ်နေကျဖြစ်တဲ့ Camera သမားဟာ ဗီဇာမရတာကြောင့် နှစ်ရက်အတွင်း Camera Man တစ်ယောက်ကိုအမြန်ငှားခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ရဲ့ နိုင်ငံပေါင်းစုံက လူနှစ်ဆယ်ပါဝင်တဲ့ လှေလေးဟာ စစ်မဲ့နယ်မြေဖြစ်တဲ့ အာတိတ်ရပ်ဝန်းမှာ ဘာတွေဖြစ်ကြမလဲဆိုတာတော့... ရှုခင်းတွေကို အရသာခံရင်း တွေးရင်း ကြည့်လိုက်ကြရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 25Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Thriller
5.1 2022 85 mins
Arctic Void
Righteous Ties
6.4

Investigation Couple ဆိုတဲ့ မှုခင်းဆေးဆရာဝန်ကားမှာ ဒေါက်တာ ဘဲ့ဘုန်း အနေနဲ့ လူသိများတဲ့ မင်းသားကြီး Jung Jae Young ရဲ့ အက်ရှင် ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂိုဏ်းစတားလူမိုက်တွေဟာ ဂိုဏ်းစတားလူမိုက်ဆန်ခဲ့ကြတဲ့အချိန်တုန်းကပေါ့။ သေနတ်တွေမသုံးတဲ့ Old School ဂိုဏ်းစတားကြီးတွေ၊ ဆွန်းထန် ချီဆောင်းနဲ့ ဂျူဂျွန်းတို့ဟာ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းသုံးယောက်ဖြစ်ပြီး ဂိုဏ်းတစ်ဂိုဏ်းထဲမှာ ရှေ့ဆင့်နောက်ဆင့် ညာလက်ရုံးတွေ ဖြစ်လာကြသူတွေပါ။ သုံး‌ယောက်လုံးကလည်း စိတ်မြန်လက်မြန် ခြေသွက်လက်သွက် တဇောက်ထိုးစိတ်တွေနဲ့မို့ ဂိုဏ်းလောကမှာ ရှိန်ရတဲ့ဘဲကြီးတွေဖြစ်ပါတယ်။ ကိုယ့်ဂိုဏ်းအတွက် ဘာမဆိုပေးဆပ်နိုင်တဲ့ ဒီဘဲကြီးတွေဟာ သူတို့ဆရာရဲ့ သစ္စာဖောက်ခြင်းကို ခံလိုက်ရတဲ့အချိန်မှာတော့ ... အချစ်ကြီးရင် အမျက်ကြီးတယ်ဆိုတဲ့စကားဟာ ဒီဇာတ်ကားထဲက လူမိုက်ဘဲကြီးတွေအတွက် ဘယ်လောက်များမှန်မလဲ ဆိုတာတော့ ဇာတ်လမ်းလေးထဲ ကြည့်ရှုခံစားကြရမှာပါ။ အက်ရှင်ကားကို ဟာသနဲ့အလွမ်းအဆွေးတွဲဖက်ပြီး တင်ဆက်ထားတာကြောင့် ပေါ့ပေါ့ပါးပါး ခံစားလို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Paing ပါ။) File Size : 2GB, 937MB & 456MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Comedy, Crime, Drama Translated by Paing Encoded by Kinnov

Comedy • Crime • Romance
6.4 2006 126 mins
Righteous Ties
The Hate U Give
8.2

ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ Rating 7.4 ရရှိထားတဲ့ The Hate U Give ဆိုတဲ့ လူမဲတွေအကြောင်း ဇာတ်ကားလေးဖြစ်ပါတယ် ဟိုက်စ်ဥယျာဉ်ဆိုတဲ့ လူမဲတွေအများဆုံးနေထိုင်တဲ့ နယ်မြေမှာ စတားဆိုတဲ့ လူမဲကောင်မလေးတို့ မိသားစုနေထိုင်ကြပါတယ် သူ့အမေက သူတို့ မောင်နှမတွေကို လူမဲတွေရဲ့ပြသနာတွေထဲပါမှာစိုးလို့ လူဖြူတွေပဲတက်တဲ့ မြို့ကကိုယ်ပိုင်ကျောင်းမှာပဲ ထားခဲ့ပါတယ် တစ်နေ့တော့ စတားနဲ့ သူ့ငယ်သူငယ်ချင်းကယ်လီတို့ ပါတီတစ်ခုကပြန်အလာ လမ်းမှာလမ်းစည်းကမ်းဖောက်လို့ ရဲကတားခဲ့ပါတယ် အဲ့မှာရဲနဲ့ကတောက်ကစဖြစ်ပြီး ရဲကကယ်လီမှာ သေနတ်ရှိတယ်အထင်နဲ့ သေနတ်နဲ့ပစ်လိုက်တာ ကယ်လီသေသွားခဲ့ပါတယ် စတားက ဒီအမှုရဲ့တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်နေတဲ့အခါ... သတ်လိုက်တဲ့ရဲက လူဖြူဖြစ်နေတဲ့အပြင် အပြစ်ပေးမခံရတဲ့အတွက် လူမျိုးရေးအဓိကရုဏ်းဖြစ်တဲ့အထိ ရှုပ်ထွေးသွားတဲ့အခါ... စတားက အမှုအကြောင်းပြောရင်း မူးယစ်ရာဇာကင်းအကြောင်းကိုပါ ဖော်ထုတ်မိသွားတဲ့အခါ... ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေ ဆက်ဖြေရှင်းသွားမယ်ဆိုတာကို ကြည့်ရှုလိုက်ပါဦး ဒီကားမှာဆိုရင် လူမဲတွေကဘယ်လိုတွေ ခွဲခြားဆက်ဆံခံခဲ့ရတယ်ဆိုတာတွေကို တွေ့မြင်ရမှာပါ ဇာတ်လမ်းဆုံးသွားရင်တော့ ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာသေချာပါတယ်နော်... File Size : (1 GB)  Quality : Web Rip 720p Running Time :2hr 13 min Format : Mp4 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by HMO Encoded by Moe Myint Lwin

8.2 2018 133 mins
The Hate U Give
Trading Places
7.5

Trading Places (1983) ~ IMDb – 7.5/10, RT – 88%, Meta – 69% ~ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး စာချုပ်တွေက ဈေးကွက်စချိန်မှာပဲ ရောင်းဝယ်ပြီးကြပါပြီ။ ကိုင်ထားတာကတော့ ပွဲစားတွေပေါ့။ သူတို့ဆီကနေမှ တကယ့် ကုန်သည်တွေ လယ်သမားတွေက စာချုပ်တွေမှာပြီး ကုန်ပစ္စည်းနဲ့တကွ ရောင်းဝယ်ရတာပါ။ ဒီတော့ ရောင်းသူဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် မြတ်စွန်းအောင် ပွဲခံပေးနိုင်တဲ့ ပွဲစားတွေက လူကြိုက်များ အလုပ်ဖြစ်တာပေါ့လေ။ ဒီဇာတ်ကားကို ရိုက်ကူးမယ်လုပ်တုန်းက အခြားသရုပ်ဆောင်တွေကို မှန်းထားကြတာ။ ဒါပေမဲ့ Dan Aykroyd ရယ် Eddie Murphy ရယ် ဝင်လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ မာဖီ ကြီးက အဲဒီတုန်းက အကောင်မဖြစ်သေးဘူး။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ကားတွေထဲက ဒုတိယကားပဲရှိသေးတယ်။ ပြီးတော့ ဒုတိယမင်းသားအနေနဲ့ ပါဝင်ရတာ။ ဒါပေမဲ့ မင်းသားနေရာပေးပုံကတော့ ဇာတ်လမ်းအရ ဇာတ်ကွက်အရ အတူတူပါပဲ။ နှစ်ယောက်လုံး လုပ်ကွက်ရကြတယ်။ ဟာသပိုင်းကိုတော့ မာဖီကြီးပဲ သယ်ရတာပါလေ။ ဒီဇာတ်ကားက ဟာသဆိုတာထက် သရော်တဲ့ဇာတ်ကားပါ။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုတွေကြားမှာ မလူးသာရတဲ့ကြားထဲ ဩဇာရှိ ပွဲစားကြီးတွေရဲ့ မသမာလုပ်မှုကြားမှာ ချမ်းသာပြီးသားသူတွေပဲ ချမ်းသာရတဲ့အကြောင်း ပညာပေးရိုက်ပြထားသလိုပါပဲ။ ဇာတ်ကားက ကြည့်သူရော ဝေဖန်သူရော အကြိုက်တွေ့ခဲ့ပြီး အမြတ်အစွန်းကြီးတဲ့ဇာတ်ကားတွေထဲလည်း ပါခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပွဲစားညီနောင်နှစ်ယောက်က သူတို့အချင်းချင်း အပျော်သဘော လောင်းကစားလုပ်ကြတယ်။ သူတို့ငြင်းခုန်နေတာက လူတစ်ယောက် ကောင်းစားရေးဟာ မျိုးရိုးဗီဇနဲ့ဆိုင်သတဲ့။ ပြိုင်မြင်းတွေလိုပဲ မွေးကတည်းက အပြေးမြန်နေတဲ့ကောင်မျိုးတွေပေါ့။ တစ်ယောက်ကတော့ မျိူးရိုးဗီဇနဲ့မဆိုင် ပတ်ဝန်းကျင်နဲ့ဆိုင်သတဲ့။ ဒီတော့ သူတို့လုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာတစ်ယောက်ကို လမ်းဘေးမှာ လိမ်ညာတောင်းစားနေတဲ့ သတောင်းစားတစ်ယောက်နဲ့ နေရာချင်းလဲပစ်လိုက်ပါလေရော။ မျိုးရိုးကောင်းတဲ့ မန်နေဂျာကောင်ကို လမ်းဘေးပို့လိုက်လို့ ရာဇဝတ်ကောင်ဖြစ်သွားရင်၊ သူတောင်းစား ကုမ္ပဏီထဲရောက်လာပြီး လုပ်ငန်းတွေ လည်ပတ်နေနိုင်ရင် ပတ်ဝန်းကျင်သမားက နိုင်မယ်ပေါ့လေ။ ဒီလိုနဲ့ မန်နေဂျာမင်းသားနဲ့ သူတောင်းစားမင်းသားတို့ နေ့ချင်းညချင်း ဘဝတွေပြောင်းပြန်ဖြစ်ကုန်ပြီး ပရမ်းပတာတွေဖြစ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 920MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 56Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 1983
Trading Places
The Last Station
6.9

၁၉၁၀ ခုနှစ်က နာမည်ကျော်စာရေးဆရာကြီး တိုစတွိုင်းနဲ့ သူ့ရဲ့ဇနီး ဆိုဖီယာဆို့ဟာ တိုစတွိုင်းရဲ့ စာပေအမွေနဲ့ ပတ်သက်ပြီးတော့ နားလည်မှုလွဲခဲ့ကြပါတယ်. ဆိုဖီယာက အဲဒီ့အမွေတွေကို သူ့ကို ပေးခဲ့သင့်တယ်လို့ ယူဆခဲ့ပေမယ့် တိုစတွိုင်းရဲ့ တပည့်ရင်းဖြစ်တဲ့ ချာ့ဖ်ကော့ဗ်ကတော့ ရုရှားပြည်သူတွေအတွက် ဖြစ်ရမယ်လို့ နားချဖို့ ကြိုးစားပါတော့တယ်. နောက်ဆုံးတော့ ချာ့ဖ်ကော့ဗ်က တိုစတွိုင်ရဲ့အိမ်ထဲကို သူလျှို တစ်ယောက်ထည့်ပြီး အဲဒီ့သူလျှိုက စာရေးဆရာကြီးရဲ့ သမီးတစ်ဦးနဲ့ မေတ္တာမျှကြတဲ့အခါ… ဖြစ်ရပ်မှန်အပေါ် အခြေခံထားပြီး နာမည်ကြီး Red Movie တွေမှာ Main role အနေနဲ့ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Helen Mirren အပြင်, X-men Movie တွေရဲ့ အဓိက ဇာတ်ဆောင်ဖြစ်တဲ့ James MaAvoy တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Michael Hoffman ရဲ့ လက်ရာဖြစ်ပါတယ်. File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, Biography, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Jo Joe

6.9 2009
The Last Station
Crimson Snout

Crimson Snout 2023 (IMDb – 6.7/10) ခွေးသားစားဖူးတဲ့သူတွေရှိလား? စားဖူးတဲ့သူတွေရော မစားဖူးတဲ့သူတွေရော ဒီကားလေးကိုကြည့်ကြည့်ပါ ဟာသ မပါပဲ လုံးဝ serious ရိုက်ကူးထားတဲ့ ဗီယက်နမ်သရဲကားလေးဖြစ်ပါတယ် ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတော့ ဇာတ်အိမ်ကတော့ လုံးဝအခိုင်အမာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်မိသားစုလုံးခွေးသားအရမ်းကြိုက်တဲ့ သားသတ်ရုံပိုင်ရှင်လူကြီးတစ်ယောက် လမ်းမှာရေနစ်သေတာကနေစပြီး မိသားစုပြဿနာတွေ အကုသိုလ်တွေကြောင့် ဗုဒ္ဓဘာသာအယူအဆအတိုင်း ဝဋ်လည်မှုတွေစတင်လာတဲ့အချိန်မှာ တစ်ဦးတည်းသောသားဖြစ်သူကလဲ လက်ထပ်မယ့်မိန်းကလေးကိုခေါ်ပြီးပြန်ရောက်လာတယ် ခွေးသားက သူတို့နယ်မြို့လေးရဲ့ အထင်ကရစားသောက်ကုန်ဖြစ်နေပြီး လိုက်လာတဲ့ ကောင်မလေးလဲ ခွေးသားမစားတော့ အဆင်မပြေမှုတွေအများကြီးကြုံရတာပေါ့ သူတို့နှစ်ယောက် မိသားစုပြဿနာတွေ မကောင်းတဲ့နတ်ဆိုးတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ…. မျက်နှာကိုလက်နဲ့အုပ်ပြီး လက်ချောင်းတွေကြားထဲကချောင်းကြည့်ပေးကြပါဦး ဇာတ်လမ်းထဲမှာ ခွေးကြီးက မတ်တပ်ရပ်ပြီးပြုံးပြမှာမို့လို့ပါ… အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.7GB | 729MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

0 2023
Crimson Snout
Knowing
6.2

Knowing (2009) ~ IMDb – 6.2/10, RT – 35%, Meta – 41% ~ ဒီကားက ကျွန်တော်တို့ ကလေးဘဝကတည်းက ရင်းနှီးခဲ့ပြီးသားကားပဲ။ တော်တော်လည်းကောင်းခဲ့တဲ့ကားပေါ့။ အဲဒီကာလတွေက ဒီမှာ နစ်ကေ့ဂ် တော်တော်ပေါ်ပြူလာဖြစ်ခဲ့တဲ့ကာလလို့ပြောရမယ်။ အဲဒီတုန်းက နစ်ကေ့ဂ် ကော်လက်ရှင်အခွေတွေဆိုလည်း Knowing က အမြဲပါတတ်တယ်။ အဲဒီတုန်းက ကျွန်တော်တို့ ကမ္ဘာပျက်တဲ့ကားတွေ သိပ်မကြည့်ခဲ့ရသလို ဒီကားက ကမ္ဘာပျက်တဲ့ကားပေမဲ့ ပဟေဠိတွေနဲ့ စိတ်ဝင်စားဖို့ကောင်းနေတာရော အဲဒီမတိုင်ကာလမှာ နာမည်ကြီးခဲ့တဲ့ နိုင်ငံခြား ရှေ့ဖြစ်ဟောဆရာမတစ်ယောက်ပြောတာတွေနဲ့ ခပ်ဆင်ဆင်တွေဖြစ်နေလို့လားမသိ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းခဲ့တယ်။ တော်တော်ကြာလို့ မေ့သွားမှ ခုခေတ်တွေမှာ ပြန်ကြည့်တော့လည်း ဒီကားက မဟောင်းသေးပါဘူး။ ကောင်းတုန်းပဲ။ သက်တမ်းနု နှစ်ချို့ဝိုင်တစ်ခွက်လို့ ပြောရင်လည်းရတယ်။ သရုပ်ဆောင်တွေကတော့ နစ်ကေ့ဂ်အပြင် Rose Byrne ပါတယ်။ Ben Mendelsohn ပါတယ်။ Rose Byrne က ဒီထဲနုသေး တော်တော်လည်း ချောသေးတော့ တစ်ကားလုံး စုတ်ပြတ်သတ်နေရင်တောင် ကျွန်တော်တော့ သူပါလို့ ထပ်ကြည့်မှာပဲ။ ဇာတ်ရဲ့အကြောင်းအရာကတော့ ၁၉၅၉မှာ မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ အနာဂတ်မှာ ဘာဖြစ်မယ်လို့ သူတို့ထင်လဲဆိုတာတွေကို ပုံမှာရေးပြီး Time Capsule ထဲ ထည့်မြုပ်ဖို့လုပ်တယ်။ အဲဒီထဲက ကောင်မလေးတစ်ယောက်ကတော့ ဂဏန်းတွေရေးထည့်ခဲ့တယ်။ နှစ်ငါးဆယ်ကြာတော့ အဲဒီဟာတွေကို ပြန်ဖော်ကြတော့ ဒီဘက်ခေတ်ကလေးတွေကို အဲဒီစာရွက်တွေကို ပြန်ဝေပေးတယ်။ နစ်ကေ့ဂ်သားလေးကတော့ အဲဒီဂဏန်းတွေရေးထည့်ထားတဲ့ စာရွက်ကို ရသွားခဲ့တယ်။ ဒီလိုနဲ့ နစ်ကေ့ဂ်က အဲဒီဂဏန်းတွေက ပြီးခဲ့တဲ့နှစ်ငါးဆယ်အတွင်းဖြစ်ခဲ့တဲ့ ပျက်ကပ်တွေရဲ့ ရက်စွဲ၊ သေသူအရေအတွက်နဲ့ ကိုဩဒိနိတ်တွေမှန်း သိလာခဲ့တယ်။ အိုကလာဟိုမာစီးတီး ဗုံးကွဲမှုတို့ 9/11 တို့ ဟာရီကိန်းတိုက်တာတို့ အကုန်ပါခဲ့တယ်။ မဖြစ်သေးတာ သုံးခုအတွက်လည်းပါခဲ့တယ်။ ဒါကိုသိသွားတဲ့နစ်ကေ့ဂ်က ဒီပျက်ကပ်တွေကို ဘယ်လိုတားမလဲ တားနိုင်မလား။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ပဟေဠိတွေအပြည့်နဲ့ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ တော်တော်များများလည်း ကြည့်ပြီးကြလောက်ပါပြီ။ မကြည့်ရသေးတဲ့လူတွေတော့ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားကို Myo Min Aung (MMA) မှ စိတ်ကြိုက်ဘာသာပြန် တင်ဆက်ထားပါတယ်) Size – 4.2GB, 1.9GB, 1GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 2H 1Min Genre – Disaster, Action, Mystery, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Myo Min Aung (MMA) Encoded by Y

Drama • Thriller
6.2 2009
Knowing
Detained
5

Plot twistသဘောကျတဲ့ ပရိသတ်ကြီးတို့အတွက် mysteryဆန်ဆန် crime thriller ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ကြမ်းကြမ်းရမ်းရမ်း အက်ရှင်ကားဆိုတာထက် mind game တွေ ပိုများတဲ့ရုပ်ရှင်လေးဆိုတော့ ဒီလိုgenre မျိုး နှစ်သက်သူများရှိရင်တော့ အကြိုက်တွေ့မှာပါ။ ရေဗက်ကာတစ်ယောက် နိုးထလာချိန်မှာ အရက်မူးပြီး ကားမောင်းပြီးတော့ စက်ဘီးသမားကိုတိုက်မိလို့ အချုပ်ထဲရောက်နေလေရဲ့။ ကံကဆိုးချင်တော့ မနေ့ညကဘာဖြစ်ခဲ့လဲဆိုတဲ့မှတ်ဉာဏ်က သူ့မှာခေါင်းထဲမှာဗလာဖြစ်နေတော့ ရဲတွေပြောသမျှပဲမှန်နေသလိုလိုပေါ့။ ဒါပေမဲ့ ရဲတွေဘက်က သူ့ကိုမရမကအမှုဆင်နေသလိုဖြစ်နေပြီး ရှေ့နေခေါ်တော့လည်း အမှုကရှေ့မရောက်တဲ့အပြင် သူ့ကိုဖမ်းခေါ်လာတဲ့ ရဲအရာရှိကပါ မသင်္ကာစရာဖြစ်လာတဲ့အခါ….. မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ။ ရေဗက်ကာကရော တကယ်ပဲDUIနဲ့လူသေမှုဖြစ်ခဲ့တာလား။ သံသယဝင်စရာ ရဲအရာရှိရဲ့နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာ ဆက်လက်ရှုစားကြပါဦး။ File size…1.51GB / 754MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Action • Animation • Science Fiction
5 2024 97 mins
Detained
Sword E Flag
5

မင်မင်းဆက်နှောင်းပိုင်းတွင်၊ တစ်ချိန်က ကြီးမားသောအာဏာကို ကိုင်စွဲထားတဲ့ Dongchang ရဲ့ မိန်းမစိုးတွေက သူတို့ကို ဆန့်ကျင်သူများ ပိုမိုစည်းလုံးလာသဖြင့် သူတို့ရဲ့ သြဇာအာဏာ တဖြည်းဖြည်း ကျဆင်းလာတာကို တွေ့ရှိခဲ့ရသည်။ တရားမျှတမှု စိုးမိုးပြီး ခုခံမှု တိုးလာသဖြင့် မိန်းမစိုးများရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကလည်း ကန့်သတ်ချက်သို့ ရောက်ရှိသွားတယ် တရားရုံးအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများကြားတွင် အိမ်ရှေ့မင်းသားက ဝန်ကြီးဌာနခြောက်ခုရဲ့ အကာအကွယ်အောက်မှာ ပုန်းအောင်းသွားခဲ့ပြီး ဘယ်မှာရှနေလဲဆိုတာကို မသိရပါဘူး Dongchang တပ်ဖွဲတွေကလည်း ပြင်းပြင်းထန်ထန် လိုက်ရှာခဲ့ပြီး အိမ်ရှေ့မင်းသားကို သိမ်းပိုက်ကာ တရားရုံးကို ပြန်လည်ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့တဲ့နောက်…. File size_(1.7GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action, Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Wai Wai

5 2024
Sword E Flag
My Son
7

My Son (2007) ******************* ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီး Cha Seung Wonရဲ့ best actorဆုရခဲ့တဲ့ movieတွေထဲကတစ်ကားဖြစ်တဲ့ ရယ်လည်းရယ်ရ ငိုလည်းငိုရတဲ့ ရုပ်ရှင်ကားကောင်းဖြစ်ပါတယ် .. အီဂန်ရှစ်(Cha Seung Won)ဟာ လူသတ်မှုနဲ့ လုယက်မှုကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရတဲ့ အကျဉ်းသားဖြစ်ပါတယ် .. ထောင်မကျခင်တုန်းက သူ့မှာ အမေနဲ့ ၃နှစ်အရွယ်သား‌လေးတစ်ယောက်ကျန်ခဲ့ပါတယ် .. တစ်နေ့မှာတော့ ထောင်ကျတာ ၁၅ နှစ်ရှိပြီဖြစ်တဲ့ အီဂန်ရှစ်ဟာ စံပြအကျဉ်းသားတစ်ဦးဖြစ်တာကြောင့် မိသားစုဆီကို အလည်သွားဖို့ အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ရက် ရပါတော့တယ် .. ဒါကြောင့် သူအိမ်ပြန်လာတဲ့အခါ ၁၅ နှစ်လုံးလုံး တစ်ခါမှမတွေ့ခဲ့ရတဲ့ သားဖြစ်သူနဲ့ အမေက ဘယ်လိုတုံ့ပြန်မလဲ သူကရော အထူးလွတ်ငြိမ်းချမ်းသာခွင့် ၁ ရက်ကို မိသားစုနဲ့ ဘယ်လိုဖြတ်သန်းခဲ့မလဲ .. မထင်မှတ်ထားတဲ့ လှည့်ကွက်လေးတွေနဲ့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်ကားကောင်းဖြစ်တာမို့လို့ ရှုစားကြည့်လိုက်ပါဦးနော် .. (အညွှန်းကို Toe Toe Aung မှ ရေးသားထားပါတယ်) File size…2.47GB / 783MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 43 min. Genre ….. Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Translated by Toe Toe Aung Encoded by AHtet

7 2007
My Son
[18+] Virgin Stripped Bare by Her Bachelors
6.9

Virgin Stripped Bare by Her Bachelors (2000) ~ IMDb – 6.9/10, Rotten Tomatoes – 71% ~ ၂၀၀၀ခုနှစ်တုန်းက ဟုန်းဆန်းဆူရိုက်ခဲ့တဲ့ Virgin Stripped Bare by Her Bachelors ကို Genre အရတော့ Erotic Comedy-Drama လို့ သတ်မှတ်ထားတယ်။ ဆိုးရွားတဲ့ Genre ခွဲခြင်းလို့ပြောရမှာပဲ။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အပျိုမလေးကို ကိုယ်လုံးတီးချွတ်ဖို့ကြံတဲ့ သူ့ဘဲတွေအကြောင်းပါပဲ။ တစ်နည်းပြောရရင် ပန်းဦးခြွေခြင်းအကြောင်းပေါ့။ ဟုန်းဆန်းဆူရဲ့ထုံးစံအတိုင်း ရိုးရှင်းတဲ့ သာမန်စကားပြောခန်းတွေနဲ့ပဲ တည်ဆောက်ထားတယ်။ ဒီလိုတည်ဆောက်ထားပေမဲ့ သူ့အကြောင်းအရာအောက်က စိတ်ရဲ့သဘောသဘာဝကို သဘာဝကျကျ ရှုထောင့်မှန်မှန်တင်ပြနိုင်တာကတော့ ထုံးစံအတိုင်း သူ့အားသာချက်ပါပဲ။ အပျိုမလေးတစ်ယောက် ပန်းဦးကြွေတဲ့အကြောင်းကို သူက ရှု့ထောင့်အဖုံဖုံနဲ့တင်ပြထားတယ်။ အဓိကအားဖြင့်တော့ ယောက်ျားလေးဘက်က မြင်နေမယ့် မိန်းကလေးရဲ့ဖြူစင်မှု ရှုထောင့်နဲ့ မိန်းကလေးရဲ့တကယ့် သဘောသဘာဝအမှန်ကို တင်ပြထားတယ်။ ဒီ၂ဖက်ကို သူတင်ပြသွားတဲ့နေရာမှာ သူမြင်တဲ့အမြင်လား သူလေ့လာဖူးတာလား သူကြားဖူးတာလား သူဘာကိုအခြေခံပြီး သူ့အမြင်ကို တည်ဆောက်ထားလဲမသိပေမဲ့ ကျွန်တော့်ကိုယ်တိုင်သိတဲ့အသိအရရော၊ ဒီလိုပြောပြဖို့ခက်တဲ့ကိစ္စတွေအစ ဘာမဟုတ်တဲ့သာမန်ကိစ္စတွေအဆုံး ဘယ်လိုအခြေအနေမှာ လူတွေက ဘယ်လိုစိတ်လဲဆိုတာကို မေးလို့ရတဲ့လူတိုင်းနီးပါးကို စနည်းနာစပ်စုဖူးတဲ့ ကျွန်တော့်သိသမျှအရရော သူတင်ပြသွားတဲ့အချက်တွေက ကျွန်တော့်အတွက်တော့ ရာနှုန်းပြည့်နီးပါးမှန်နေတယ်။ ဒီလိုအကြောင်းအရာကို ဘာမှမပါတဲ့ဇာတ်အိမ်မှာ နှိုက်နှိုက်ချွတ်ချွတ်တင်ပြသွားနိုင်တဲ့ ဟုန်းဆန်းဆူရဲ့ စကေးကိုတော့ တော်တော်အထင်ကြီးသွားမိတဲ့အထိပေါ့။ ဟုန်းဆန်းဆူပရိသတ်ဖြစ်ဖြစ် အင်ဒီဖလင်တွေရဲ့ အရသာကိုဖြစ်ဖြစ် ကြိုက်တဲ့လူတွေအတွက် ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဟုန်းဆန်းဆူကားတွေက ဒီတိုင်းရိုးရှင်းရတဲ့အထဲ အဖြူအမဲနဲ့ ရိုက်ပြထားတဲ့အချက်ပါပဲ။ ပြောရရင် သူ့စကားပြောခန်းတွေက ရိုးပေမဲ့ အပြောကျယ်သလို အဖြူအမဲနဲ့တင်ဆက်ခြင်းက အဲဒီအပြောကို ပိုကျယ်စေတဲ့အရာ ဖြစ်နိုင်ပါတယ်။ လောင်စီပြောဖူးတာက အနက်ဆိုတာ အရောင်ပေါင်းစုံဖြစ်တယ်။ အနက်နဲ့စာကိုရေးတဲ့အခါ အရောင်တစ်မျိုးတည်းနဲ့ ရေးထားသလို နယ်မကျဉ်းဘူး။ စကြဝဠာခါးပန်းအထိ ဆိုက်အောင် နယ်ကျယ်သွားတယ်တဲ့။ အစိမ်းရောင်နဲ့ရေးမိရင် အစိမ်းပဲဖော်ပြနိုင်ပေမဲ့ အဖြူပေါ် အမဲတင်လိုက်ရင်တော့ အဆုံးအစမရှိ တွေးခေါ်မျှော်မြင်နိုင်တယ်တဲ့။ တရုတ်တို့ ဂျပန်တို့ရဲ့ လက်ရေးလှပညာနဲ့ပတ်သက်တဲ့ စကားပေမဲ့ အနုပညာတိုင်းအတွက် အကျုံးဝင်နေသလိုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 6Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Adventure • Thriller
6.9 2000 127 mins
[18+] Virgin Stripped Bare by Her Bachelors
The Brother of Lottery
6

တရုတ်ဟာသကားလေးကို CM Chinese ကို အစဉ်မပြတ် အားပေးနေတဲ့ဖန်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့ လီတကျွမ့်တစ်ယောက် အရက်စက်ရုံမှာ ရင်းနှီးမြုပ်နှံမှုများသွားတာကြောင့် အကြွေးများနေသူဖြစ်ပြီး…. အမှတ်မထင် ဒုတိယဆုထီကို ဆွတ်ခူးသွားခဲ့ရာကနေ မလိုလားတဲ့ ပြဿနာများကို ရှောင်ရှားဖို့ နှုတ်ဆိတ်နေရာကနေ ထီပေါက်တဲ့သူကို လူတွေက ခန့်မှန်းနေကြချိန်မှာပဲ ရွာသားတွေရဲ့အမြင်မှာ ပရော်ဖက်ရှင်နယ်အကျဆုံး ဆိုတဲ့ ဝမ်ခွန်းက သူလို့ပြောပြီး သူ့ရဲ့အနာဂတ် ယောက္ခမရဲ့ သဘောတူညီချက်ကိုရဖို့အတွက် ချမ်းသာသွားယောင်ဆောင်ခဲ့တယ်…. တကယ့်ထီပေါက်သူ လီတကျွမ့်ကတော့ အရက်စက်ရုံကို ဆက်လက်လည်ပတ်ဖို့ ဇနီးဖြစ်သူ ကန့်ကွက်တာကြောင့် အဆင်မပြေလို့ သူက ဆင်းရဲယောင်ဆောင်ပြီး အတူသရုပ်ဆောင်ပြခဲ့တယ်… သူတို့အလိမ်အညာဇာတ်ကြီး ဘာတွေဆက်ဖြစ်ပြီး အလိမ်ပေါ်တဲ့တစ်နေ့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားဖွယ်ဟာသနှောတင်ဆက်ပြထားတဲ့ကားကောင်းလေးဖြစ်ပါတယ်…

Comedy • Drama
6 2022
The Brother of Lottery