YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Pagalariyaan (2024) Tamil TRUE WEB-DL - 1080p - AVC - YK(CM).mp4

1.7 GB 1080p video/mp4 382 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Save the Green Planet!
6.9

"သင်ဟာ ဂြိုလ်သားတွေရှိကြောင်းယုံကြည်တဲ့သူလား"? လီဗြောင်ဂူဆိုတဲ့ လူသားတစ်ယောက်ကတော့ ဂြိုလ်သားတွေအခိုင်အမာရှိတယ်လို့ ယုံကြည်နေပြီး အဲဂြိုလ်သားတွေက အကြံအစည်တစ်ခုနဲ့ လူသားတွေထဲ ရောနှောနေထိုင်နေတယ်လို့ ယူဆထားပါတယ်။ ဘေးလူဘယ်သူကြားကြား အရူးလို့ထင်မြင်စေမဲ့ လုပ်ရပ်တွေကို လုပ်နေတဲ့သူ၊ ငယ်ငယ်ကတည်းက အပယ်ခံတစ်ယောက်ဖြစ်လာတဲ့သူ့ကို ဘေးကနေအားပေးထောက်ပံ့‌ပြီး ကူညီပေးနေတဲ့ ဆူနီဆိုတဲ့ ချစ်သူကောင်မလေးလည်းရှိပါတယ်။ ‌တစ်နေ့မှာတော့ ဂြိုလ်သားတွေရဲ့ခေါင်းဆောင်လို့ သူယူဆထားတဲ့ သူဌေးဂန်မန်ရှစ် ကို ချစ်သူကောင်မလေးနဲ့နှစ်ယောက်ပေါင်းပြီး ပြန်ပေးဆွဲကာ သရုပ်မှန်ကို ဖော်ထုတ်ဖို့ကြိုးစားပါတော့တယ်။ ဂြိုလ်သားခေါင်းဆောင်ဖြစ်သူကို နည်းပေါင်းစုံနဲ့ နှိပ်စက်မေးမြန်းရင်းက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ဒီကားလေးကို ကြည့်ရင်းအဖြေရှာကြပါစို့။ ဒီကားက Sci-fi movie အမျိုးအစားဖြစ်လို့ ဗဟုသုတအစုံလည်းပါသလို comedy ပါဖြစ်တဲ့အလျောက် ပေါက်ကရတွေပါပြီး ခွီနေရတာမလို့ ကြည့်နေရင်း မပျင်းစေမှာတော့ အမှန်ပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ChoThet ပါ။) File Size          :  (2.9GB), (1.3GB) & (452MB) Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 58mins Genre              : Comedy, Drama, Crime Translated by  Chothet Encoded by Kinnov

Drama
6.9 2003 118 mins
Save the Green Planet!
Will You Be My Ex?

Will you be my Ex? (2023) ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ကွန်ဒိုအခန်းတစ်ခုမှ အတူတူနေထိုင်ပြီး ဘဝကို ဖြတ်သန်းဖို့ စီစဉ်ထားကြပါတယ်။ မတူညီတဲ့ မိသားစုအသိုင်းအဝိုင်း၊ မတူညီတဲ့ ပင်ကိုယ်စိတ်နေစိတ်ထားတွေ၊ မတူညီတဲ့ ဘဝရည်မှန်းချက်တွေကြောင့် မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံပြီး ဝေးခဲ့ကြရပါတယ်။ ကာလအတန်ကြာမှ ပြန်ဆုံကြတဲ့အခါ သူတို့အကြားက ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ နှစ်ယောက်လုံးက ကြိုးစားကြည့်ကြပေမယ့် အဆင်ပြေကြပါ့မလား? ဇာတ်လမ်းကတော့ သာမန် အချစ်ဒရမာကားတွေ ထုံးစံအတိုင်း ချစ်ကြိုက်ကွဲ( မငြား) လေးပါပဲ။ ဇာတ်လမ်းနာမည်ကိုက Will You Be My Ex? လို့ ပေးထားတဲ့အတွက် အဓိက ဇာတ်ကောင်နှစ်ယောက် ကွဲပြီး မငြားခဲ့ကြရတာကိုတော့ ကြိုသိနေကြပါပြီ။ ချစ်လျက်နဲ့များ ဘာလို့ ဝေးကွာခဲ့ရတာလဲ။ သူတို့နှစ်ယောက်အကြားမှာ ဘယ်လို ဆုံးဖြတ်ချက်တွေက အပြောင်းအလဲ ဖြစ်ခဲ့တာလဲ ပြန်လည်ဆုံဆည်းကြတဲ့ အချိန်မှာရော ဘာတွေ ဆက်ဖြစ်ဲကြမလဲ ဆိုတာကိုတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ အပြိုင်အဆိုင် သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်တစားကြည့်ကြရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Masuji Ono ပဲ ဖြစ်ပါတယ်။

Action & Adventure • Drama • Mystery
0 2023 111 mins
Will You Be My Ex?
Love on your Doorstep
5.3

ဒီတစ်ခေါက်တော့ ပရိတ်သတ်ကြီးတို့အတွက် romance ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ် ဆက်ဆံရေးတစ်ခုမှာ ကိုယ်လိုချင်တဲ့အခြေအနေမဟုတ်တော့ရင် နှစ်ဘက်စလုံးကလည်းမညှိနှိုင်းပေးနိုင်တော့ရင် ပြေပြေလည်လည်နဲ့ လမ်းခွဲပြီး healthy relationship တစ်ခုကိုတည်ဆောက်လို့ရတယ်ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာ အဓိကပုံဖော်ထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့…. ရုပ်သံလှိုင်းတစ်ခုမှာ အရည်အချင်းရှိပြီး အလုပ်ကိုစိတ်အားထက်သန်တဲ့ မေစီကတော့ သူ့ရဲ့ရှိုးအစီအစဉ်အသစ်ကိုရဖို့ အသည်းအသန်ကြိုးစားနေပါတယ်။အဲဒီအချိန်မှာပဲ ဂုဏ်ပြုဖို့အတွက်ပန်းခြင်းလာပို့ပေးတဲ့ Bloom app ကိုတည်ထောင်ထားတဲ့ ဝါရန်တို့လုပ်နေတဲ့ ပန်းပို့ပေးတဲ့စီးပွားရေးကို မေစီတစ်ယောက် သိပ်ကိုစိတ်ဝင်စားသွားပါတယ်။ ဒါပေမဲ့ မေစီနောက်ကနေလိုက်စည်းရုံးပေမဲ့ ဝါရန်တစ်ယောက်သဘောမတူတဲ့အခါမှာတော့ မေစီတစ်ယောက် ဝါရန်ကို ဘယ်လိုသဘောတူအောင်သိမ်းသွင်းမှာလဲ သူ့ရဲ့အလုပ်မှာနစ်မြောနေတဲ့ ရည်းစားလေးနဲ့ပဲရေရှည်လက်တွဲသွားမလားဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(853 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee

5.3 2023
Love on your Doorstep
The Vourdalak
5.8

တာ့ခ်သူပုန်တွေကြီးစိုးတဲ့ကာလမှာ ပြင်သစ်ဘုရင်ရဲ့ သံတမန်တစ်ယောက် ထူးဆန်းတဲ့တောထဲမှာ ဓားပြတိုက်ခံရပါတော့တယ်။ သူ့ရဲ့အစောင့်တွေရော သူ့ရဲ့မြင်းပါ ပါသွားတဲ့အတွက် အီအာဖီမှူးမတ်လေးကတော့ အကူအညီတောင်းဖို့ပဲရှိပါတော့တယ်။ ဒါပေမဲ့ သူစတွေ့ခဲ့တဲ့သူကတော့ သူ့ကိုမကူညီပေးဘဲ ဂိုချာဆိုတဲ့သူက သူ့ကိုကူညီနိုင်တယ်ဆိုပြီး ဂိုချာဆီသွားဖို့ လမ်းညွှန်ရင်း သူနားမလည်နိုင်တဲ့ စကားတချို့ ထပ်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ အတွေးစစ်ခင်းရင်းနဲ့ပဲ ဒီအာဖီတစ်ယောက် ဂိုချာအိမ်ကိုရောက်သွားပါတော့တယ်။ သူဂိုချာအိမ်ကိုရောက်သွားချိန်မှာတော့ ဂိုချာရဲ့သားသမီးတွေနဲ့တွေ့ချိန်မှာ သူ့ကို ဂိုချာနဲ့မိတ်ဆက်ပေးဖို့လုပ်ပေမဲ့ ဂိုချာကတော့ အဲဒီနယ်တစ်ဝိုက်မှာ ထကြွနေတဲ့ သူပုန်ခေါင်းဆောင်ကို နှိမ်နင်းဖို့ ထွက်သွားခဲ့ပြီး ၆ ရက်ပြည့်လို့ သူပြန်မလာရင် သူဟာကျိန်စာသင့်ဗိုဒါလက်ဖြစ်သွားပြီမလို့ သူဘာပြောပြော တံခါးဖွင့်မပေးဖို့ စာထဲမှာခဲ့ပါတယ်။ ဒါပေမဲ့ ဂိုချာရဲ့သားအကြီးဆုံးကတော့ စာထဲမှာပါတာကိုနားမထောင်ဘဲနဲ့ ‌၆ ရက်ပြည့်တဲ့မနက် ၆ နာရီမှာ တောစပ်မှာလဲကျနေတဲ့သူ့အဖေကို မရမက ခေါ်လာခဲ့တဲ့အခါ… ဒီဗိုဒါလက်ဆိုတာ ဘာများဖြစ်မလဲ။ အစ်ကိုကြီးဖြစ်သူက ခေါင်းမာပြီး အဖေအမှတ်နဲ့ခေါ်လာတဲ့သူကရော ဒီမိသားစုကို ဘယ်လိုဘေးဒုက္ခတွေ သယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး File size…(1.4 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

Romance • Comedy • Drama • TV Movie
5.8 2023
The Vourdalak
My Apologies

အသေခွီရမယ့် တူရကီ Comedy ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် Rating နည်းပေမယ့် တကယ်ကောင်းပြီး အသေခွီရမယ့်ကားပါ လူလတ်ပိုင်းအရွယ် အာကင် ဟာ မီးပြတိုက်စောင့်တဲ့အလုပ်နဲ့အသက်မွေးတဲ့သူတစ်ယောက်ပေါ့ တချိန်လုံး တလွဲတွေလုပ်ပြီး ဘဝကိုပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လောင်းကစားကလည်းလုပ်ပါသေးတယ် ဘာကိုမှလည်းတာဝန်ယူချင်စိတ်မရှိတဲ့သူတစ်ယောက်ပေါ့ တစ်နေ့တော့ လောင်းကစားအကြွေးနွံနစ်ပြီး ဘဏ်ကချေးငွေပြန်မဆပ်လို့ တရားဆွဲရာကနေ ထောင်ကျမယ့်အနေအထားရောက်လာပါတယ် ဒီအချိန်မှာပဲ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာမှာရောက်နေတဲ့ သူနဲ့ စရိုက်တူ အဘိုးဖြစ်သူကတွေ့ချင်လို့ လှမ်းခေါ်ရာကနေ သူ့ရဲ့အကြွေးတွေကိုဆပ်ပေးမယ် ဒါပေမယ့် သူဘဝမှာ တလွဲတွေအကြီးကြီးလုပ်ခဲ့ဖူးတဲ့သူ နှစ်ယောက်ကို တောင်းပန်စကားသွားပြောပြီး သူတို့က ခွင့်လွှတ်ပါတယ် ပြန်ပြောမှရမှာပါ အဲဒီကစပြီး တောင်းပန်စကားပြောဖို့ သူ့ရဲ့စွန့်စားခန်းကြီးကိုစဖွင့်ရင်း နောက်ထပ် ဘယ်လိုအလွဲတွေနဲ့ ဆက်ပြီးခွီရဦးမလဲဆိုတာကိုတော့…… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Drama • Action • Thriller
0 2023
My Apologies
That They May Face the Rising Sun

IMDb – 7.3/10 အိုင်ယာလန်အမျိုးသားစာ​ပေဆုရခဲ့တဲ့ စာရေးဆရာကြီး John McGahernရဲ့ ခြောက်အုပ်မြောက်လည်းဖြစ် နောက်ဆုံးလည်းဖြစ်တဲ့ ၀တ္ထုရှည်ကြီးကို ပုံဖော်တင်ဆက်ရိုက်ကူးထားခဲ့တဲ့ဇာတ်လမ်း။ အို၊ နာ၊ သေဆိုတဲ့အတိုင်းပါပဲ အိုကြနာကြသေကြရတဲ့ ဖြစ်စဉ်မှာ အိုမင်းချိန်ရောက်လို့ နာမကျန်းဖြစ်နေကြတဲ့ လူအိုမောင်နှမတွေကြားကချစ်ခြင်းမေတ္တာသံယောဇဉ်နဲ့ ပဋိပက္ခတွေအကြောင်းတင်ပြထားတဲ့ဇာတ်လမ်း။ လန်ဒန်မြို့ကြီးကနေထွက်ခွာလာပြီး ဘ၀ကို တစ်နေ့တာချင်းဆီ ရှင်သန်ဖြတ်သန်းရင်း ဘ၀ကိုရိုးရှင်းစွာနေကြတဲ့ ဂျိုးနဲ့ ကိတ်တို့ အနုပညာရှင်ဇနီးမောင်နှံနှစ်ဦးနဲ့ လူအိုကြီးတွေပတ်သက်ကြပုံ။ ကျေးလက်ဒေသက ရေကန်ကြီးဘေးမှာ ဖြစ်ပျက်သဘောတရားတွေကိုရှုမြင်ရင်း စာရေးဖို့ကြိုးစားနေတဲ့ ဂျိုးတစ်ယောက် လူအိုကြီးတွေနဲ့အတွေးအခေါ်၊ အပြုအမူ၊ အနေအထိုင်အပြောအဆိုတွေကိုသင်ယူမှတ်သားရင်း သူ့ရဲ့၀တ္ထုရှည်ကို အဆုံးသတ်ဖို့ ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(932 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thaw Ko Ko Zin

0 2023
That They May Face the Rising Sun
Moby Dick
6.4

Moby Dick (2011) **************** ဒီတစ်ခါ CM ပရိသတ်တွေအတွက် တင်ဆက်ပေးလိုတာက ၂၀၁၁ တုန်းက ထွက်ရှိခဲ့ပြီးတော့ ပရိသတ်တွေရဲ့ ရင်းနှီးပြီးသား ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Hwang Jung-Min, Kim Sang-Ho, Kim Min-Hee နဲ့ Jin Goo တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Mystery, Drama အမျိုးအစား ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းလေးကတော့ ************************* ၁၉၉၄ ခုနှစ်မှာ ဆိုးလ်းမြို့စွန်မှာရှိတဲ့ ဘာရမ်တံတားမှာ အမျိုးအမည် မသိတဲ့ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ သတင်းဦးသတင်းထူးရချင်တဲ့ သတင်းထောက်အီဘန်းအူ (Hwang Jung-Min)က သွားရောက်စုံစမ်းခဲ့ပြီး မြောက်ပိုင်းကသူလျှိုရဲ့လက်ချက်ဖြစ်တယ်ဆိုတဲ့ အတွင်းသတင်းကိုရလာခဲ့ပေမဲ့ မွေးရပ်မြေက ညီငယ်တစ်ယောက်ဖြစ်တဲ့ ယွန်းဟျော့ (Jin Goo) က ဒီပေါက်ကွဲမှုက လုပ်ဇာတ်ဖြစ်နိုင်တယ်ဆိုတဲ့ အတွေးစနဲ့ အချက်အလက်တချို့ကိုပေးသွားခဲ့ပါတယ်။ ဒီအချက်အလက်တွေကို လုပ်ဖော်ကိုင်ဖက်သတင်းထောက်တွေဖြစ်တဲ့ ဆုန်းဂျင်ဂီ (Kim Sang-Ho)နဲ့ ဟိုဂွမ် (Kim Min-Hee)တို့နဲ့အတူ ပူးပေါင်းစုံစမ်းရင်းနဲ့ နောက်ကွယ်မှာဘယ်လိုအမှန်တရားမျိုးကိုတွေ့ရှိလာရမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ (အညွှန်းကို Zoronoa မှ ရေးသားပေးထားပါတယ်) File size…2GB / 770MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Action, Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Zoronoa & Eric Encoded by AHtet

Drama
6.4 2011 112 mins
Moby Dick
The Price of Money: A Largo Winch Adventure
6

ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Largo Winch ရုပ်ရှင်ကားရဲ့နောက်ဆက်တွဲ တတိယမြောက် Thriller/ Actionကားလေးပဲဖြစ်ပါတယ်… Thriller ကားချစ်သူတွေအနေနဲ့ အသည်းတအေးအေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုအခန်းတွေလုံလုံလောက်လောက် ပါသလို Action ကားချစ်သူတွေအနေနဲ့လည်း အသည်းတယားယား Fight Scene တွေကို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်… Drama ဆန်ဆန်ဇာတ်အိမ်တွေလည်း ထည့်သွင်းရိုက်ကူးထားတဲ့ အတွက်ကြောင့် ရသစုံတဲ့ ဒီရုပ်ရှင်ကားလေးကို ပရိသတ်တွေ နှစ်သက်ကြမှာ အမှန်ပါပဲ… ပြန်ပေးဆွဲခံရတဲ့သားငယ်နဲ့ နောက်ကွယ်ကအကြောင်းအရင်းကို ကနေဒါသစ်တောကနေ ဘန်ကောက်မြို့နဲ့မြန်မာပြည်သတ္တုတူးဖော်ရေး လုပ်ကွက်တွေထိ ရှာဖွေဖော်ထုတ်ဖို့ ကြိုးစားရတဲ့ ယခု Largo Winch အကြောင်းရုပ်ရှင်မှာ ကျယ်ပြန့်တဲ့နောက်ခံ ရှုခင်းတွေနဲ့ လူနေမှုပတ်ဝန်းကျင်ကိုလည်း ရင်သပ်ရှုမောဖွယ် မြင်တွေ့ရမှာဖြစ်ပါတယ်… Largo Winch ရုပ်ရှင်များရဲ့ အဓိကဇာတ်ဆောင်မင်းသား Tomer Sisley အပြင် ယခုတတိယကားလေးမှာတော့ နာမည်ကျော် မင်းသား James Franco လည်း ဇာတ်ပြိုင်အနေနဲ့ ပါဝင်သရုပ်ဆောင် ထားတာဖြစ်လို့ James Franco ပရိသတ်များအနေနဲ့လည်း အချိန်ပေးပျော်တဲ့ရုပ်ရှင်တစ်ကားဖြစ်မှာ အသေအချာပါပဲ… Largo Winch တစ်ယောက် ဘယ်လိုစွန့်စားခန်းတွေကို ကြုံတွေ့ရမလဲ James Franco သရုပ်ဆောင်ထားတဲ့ Ezio Burntwood ဇာတ်ကောင်တစ်ယောက် ဘယ်လိုဇာတ်ရှိန်မြင့်အောင် ဆွဲခေါ် သွားမလဲဆိုတာတော့ ဒီရုပ်ရှင်လေးထဲမှာပဲ ကြည့်လိုက်ကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်… ( ရုပ်ရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ Ye Thiha Htet ပဲ ဖြစ်ပါတယ် ) File size… (1.70GB) / (985MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Action , Adventure , Thriller , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

6 2024 100 mins
The Price of Money: A Largo Winch Adventure
Cliffhanger
6.5

Sylvester Stallone ရဲ့ အောင်မြင်တဲ့ ရုပ်ရှင်ကားတွေအကြောင်းကို ပြောမယ်ဆိုရင် Cliffhanger ကိုလည်း ချန်လှပ်ထားလို့ မရပါဘူး။ မင်းသားဆို ဗလတောင့်တောင့်၊ ရုပ်ကြမ်းကြမ်းနဲ့မှ ပရိသတ်နှစ်ထောင်းအားရဖြစ်ကြတဲ့ ဟောလိဝုဒ်အက်ရှင်ကားတွေဟာလည်း ၉၀ ခုနှစ်များရဲ့ အမှတ်တရတွေလို့ ပြောရမယ်ဆိုရင်လည်း မမှားပါဘူး။ အားလပ်ရက်များမှာ အမှတ်တရပြန်ကြည့်ဖြစ်ကြမယ့် ရုပ်ရှင်စာရင်းတွေထဲမှာလည်း Cliffhanger က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ ရော်ကီတောင်တန်းကယ်ဆယ်ရေးရဲ့ ရိန်းဂျား နှစ်ယောက်ဖြစ်ကြတဲ့ ဂေ့ဘ်ဝေါ်ကာ (Sylvester Stallone) နဲ့ ဟဲလ်တက်ကာ (Michael Rooker) တို့နှစ်ယောက်ဟာ သူတို့ကိုသွေးကွဲသွားစေမ‌ယ့် အဖြစ်ဆိုးကြီးဖြစ်မလာခင်အထိ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။ တစ်ရက်မှာတော့ ရည်းစားနဲ့အတူတောင်တက်ရင်း ဒဏ်ရာရကာ အခက်အခဲတွေ့နေတဲ့ ဟဲလ် နဲ့ ဆယ်ရာ တို့စုံတွဲကို ဂေ့ဘ် နဲ့ ဂျက်ဆီတို့ စုံတွဲက ကယ်ဆယ်ဖို့ ဖြစ်လာခဲ့ပါတယ်။ ရာသီဥတုအခြေအနေကြောင့် ချောက်ကမ်းပါးပေါ် ကြိုးသွယ်တန်းပြီး ကယ်ဆယ်ရတဲ့ အခြေအနေမှာ ဟဲလ်က တစ်ဖက်ခြမ်းကို ချောချောမွေ့မွေ့ ရောက်သွားနိုင်ခဲ့ပေမယ့်။ ဆယ်ရာကတော့ ကြိုးသိုင်းကလစ်ပြုတ်ထွက်ပြီး ပြုတ်ကျမလိုဖြစ်နေတာကြောင့် နှစ်ယောက်ဒဏ်မခံနိုင်တဲ့ကြိုးပေါ်ကို ဂေ့ဘ်ကိုယ်တိုင် တက်ရောက်ကယ်ဆယ်ခဲ့ရပါတယ်။ ဆယ်ရာကို အမိအရဖမ်းဆုပ်ထားနိုင်ခဲ့ပေမယ့် ဆက်ပြီးတော့ တွဲခိုကာလှမ်းမတက်နိုင်ခဲ့တဲ့ဆယ်ရာဟာ ကံမကောင်းအကြောင်းမလှဘဲ ဂေ့ဘ်လက်ကနေပဲ ချောက်ထဲကို ကျသွားခဲ့ပါတယ်။ အပြစ်ရှိစိတ်ရဲ့ဖိအားပေးမှုကြောင့် ဂေ့ဘ်ဟာ ရိန်းဂျားအလုပ်ကိုရော အားလုံးကိုပါ ရှောင်တိမ်းခဲ့ပါတယ်။ ၁ နှစ်ကြာပြီးတဲ့နောက် သူ့ရဲ့ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုချင်တာကလည်း တစ်ကြောင်း၊ သူ့ရဲ့ရည်းစားဂျက်ဆီကိုလည်း သူနဲ့တပါတည်း ခေါ်ခဲ့ဖို့ သိမ်းသွင်းချင်တာကြောင့် ရော်ကီတောင်တန်းကယ်ဆယ်ရေးဆီကို ပြန်လာခဲ့ပါတယ်။ သူထင်မှတ်ထားသလိုဖြစ်မလာခဲ့ဘဲ သူ ရှောင်တိမ်းခဲ့တဲ့တောင်တက်သမားဘဝကသူ့ဆီကို တစ်ဖန်ပြန်ရောက်လာခဲ့ပါတော့တယ်။ ဂျက်ဆီကလည်း သူနဲ့အတူလိုက်ဖို့ ငြင်းဆန်ခဲ့တဲ့အပြင်. တောင်ပေါ်မှာ ဒုက္ခရောက်နေတဲ့အဖွဲ့ကို ကူညီဖို့ ရာသီဥတုဆိုးရွားနေတဲ့ကြားက ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ ဟဲလ်ကို ပါဝင်အားဖြည့်ဖို့ ဂျက်ဆီက ဂေ့ဘ်ကို နားချခဲ့ပါတယ်။ သူ့ရဲ့အပြစ်ရှိစိတ်ကို ကုစားနိုင်ဖို့အတွက်အပြင် အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ဟဲလ်နဲ့ ဆက်ဆံရေးကို ပြန်လည်ရယူနိုင်ဖို့ ဒီအဖွဲ့ကို ကယ်ဆယ်မယ့်ဂေ့ဘ်ဟာ သူ့ကို စောင့်ကြိုနေတဲ့အန္တရာယ် နဲ့ ပြဿနာအရှုပ်အထွေးတွေကိုတော့ ကြိုမမြင်နိုင်ခဲ့ပါဘူး… File Size : 9.4 GB, 2 GB, 1 GB Quality : Blu-Ray HEVC 4K / 1080p / 720p Running Time : 1hr 53min Format : Mkv and Mp4 Audio : AAC & E-AC-3 Genre : Action, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

6.5 1993 112 mins
Cliffhanger
The Reluctant Royal

ဒီဇာတ်လမ်းလေးကတော့ ရိုးမန့်ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ဂျော်နီလို့ခေါ်တဲ့ စက်ပြင်ဆရာကောင်လေးတစ်ယောက်ဟာ အမေတစ်ခုသားတစ်ခုဘဝနဲ့ ကြီးပြင်းလာရင်းနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေခဲ့သူပါ။ တစ်ရက်မှာတော့ မထင်မှတ်ထားဘဲ အမျိုးသမီးတစ်ဦးဆီက သူ့အဖေဟာ အင်္ဂလန်ကမြို့စားကြီးတစ်ဦးဖြစ်ပြီး သူ့ကိုအမွေဆက်ခံဖို့ဆင့်ခေါ်နေကြောင်းသိလိုက်ရချိန်မှာ ဂျော်နီတစ်ယောက်ရဲ့ဘဝကြီး ဘယ်လိုတွေပြောင်းပြန်လှန်ပြစ်သလို ပြောင်းလဲသွားမှာလဲ တစ်သက်လုံးပျောက်နေပြီး ခုမှပြန်ပေါ်လာတဲ့ အဖေကရော ဘယ်လိုလူမျိုးလဲ အမွေဆက်ခံမှုကရော သူကြားရသလိုရိုးရှင်းလွယ်ကူနေပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…(1.5 GB)/(828 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2025
The Reluctant Royal