YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

P.S I Hate You (2022) (Ep12)_720p.mp4

417.81 MB N/A video/mp4 298 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Black Adam
7.1

DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။ မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။ ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။ "ရှဇမ်း" လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့ ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။ ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊ ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။ ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့ ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။ အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။ အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။ ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့် အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်... မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Fantasy, Sci-fi Quality…. 4K HEVC | 1080p | 720p | 480p File size… 8.3GB | 2.5GB | 1.4GB | 726MB Format… mp4 Duration…. 2h 4min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy
7.1 2022 124 mins
Black Adam
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
You Are Not My Mother
5.7

ဟော်ရာရုပ်ရှင်တစ်ကားလောက် ကောင်းကောင်းကြည့်လိုက်ရအောင်။ ဇာတ်လမ်းအကျဉ်းကတော့ .... မိသားစုတစ်ခုအကြောင်းပေါ့။ အဘွားတစ်ယောက်၊ အမေတစ်ယောက်၊ သမီးလေးတစ်ယောက်ရှိတယ်။ အဲဒီအိမ်ရဲ့ သမီးလေးကို အမေက ငယ်ငယ်ကို ပစ်ထားဖို့ မီးရှို့ဖို့ ကြိုးစားဖူးတာကြောင့် အရူးမိသားစုဆိုပြီး အားလုံးက သတ်မှတ်ထားကြတာပါ။ ဘယ်သူက ဘာလဲ ဘာကြောင့်လဲဆိုတာ တဖြည်းဖြည်းပေါ်လာတာကို စိတ်ဝင်စားစရာကြည့်ရမှာမို့ အများကြီးတော့ ပြောမပြတော့ပါဘူး။ ဟော်ရာကားကြိုက်သူတွေ ကြည့်လိုက်ပါဦး File size…(800 Mb)/(400 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Romance
5.7 2022 93 mins
You Are Not My Mother
Confidential Informant
6.3

စုံထောက်ကားတော့ စုံထောက်ကား။ ဒါပေမဲ့ စုံထောက်ကားစစ်စစ် မှုခင်းကားစစ်စစ်တွေ အသေအချာကြည့်လေ့ရှိတဲ့ အမာခံပရိသတ်ဆိုရင်တော့ဖြင့် ဒီကားကို လက်ရှောင်ကြပါ။ မျှော်လင့်ပြီးမှ စိတ်ပျက်ရတာက မကြည့်ဖြစ်လိုက်တာထက် သာလို့ဆိုးပါတယ်။ ဒါပေမဲ့ သရုပ်ဆောင်နာမည်တွေကြောင့် လာတာဆိုရင်တော့ ဘာပဲပြောပြော မျက်နှာလေးတွေကြည့်ပြီး ကျေနပ်နိုင်မှာပါ။ ဒီကားရဲ့ နာမည် Confidential Informant ဆိုတဲ့အတိုင်းပဲ... ဇာတ်လမ်းကတော့ လျှို့ဝှက်သတင်းပေးတွေနဲ့ ဆက်စပ်လုပ်ကိုင်နေရတဲ့ မူးယစ်ရဲ၂ယောက်အကြောင်းပါ။ မူးယစ်လောကထဲက ရဲတစ်ယောက်ကိုသတ်သွားတဲ့ ရဲသတ်သမားကို ဖမ်းဖို့အတွက် ၂ယောက်သား လျှို့ဝှက်သတင်းပေးနဲ့ပေါင်းပြီး ကျားကုတ်ကျားခဲ ကြိုးစားကြမှာပါ။ Crime Thriller ဆိုတော့လည်း Spoil မမိအောင် ပြောပြလို့ရသလောက်က ဒီလောက်ပါပဲ။ အစကတည်းကမှ ဇာတ်က ခပ်ယိုင်ယိုင်ဆို‌တော့ Spoil မိသွားရင် ကြည့်စရာ မကျန်တော့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်...။ အားလုံးသိကြတဲ့ မင်းသားကြီး Mel Gibson လို ထိတ်ထိတ်ကြဲဘဲကြီးအပြင် ငယ်ငယ်က ကြည့်ခဲ့ကြရတဲ့ Terminator 3: Rise of the Machines ထဲမှာ ဂျွန်ကော်နာလုပ်ခဲ့တဲ့ Nick Stahl ရယ်၊ Prison Break ထဲက Dominic Purcell တို့၊ Superman Returns ထဲက Kate Bosworth တို့လို စူပါတွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ စူပါတွေပါတိုင်း စူပါရုပ်ရှင်လို့ မဆိုသာပေမယ့်လို့ စူပါဝိတ်လေးတင်ထားတော့ အိပ်ချင်စရာတော့ မကောင်းဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 840MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Comedy • Drama
6.3 2023 88 mins
Confidential Informant
Chor Nikal Ke Bhaga
7.2

Chor Nikal Ke Bhanga(2023) ***************************************** IMDb-8/10 Glow & Lovely (Fair & Lovely)ရဲ့ ကြော်ငြာမင်းသမီးချောလေးယန်မီဂေါ်သမ်က လေယာဉ်မယ်အဖြစ် ၊ မင်းသားချောနှစ်ယောက်ဖြစ်တဲ့ ဆန်နီကောရှလ်နဲ့ ရှရားဒ်ကဲလ်ကရ် တို့အဓိကပါ၀င်ထားတဲ့ လေယာဉ်ပြန်ပေးဆွဲကားပါ ။ ဇာတ်လမ်းအကျဉ်း သက်သတ်လွတ်သမားအန်ကစ်နဲ့ လေယာဉ်မယ်နေဟာတို့ သက်သတ်လွတ်ဟင်းပွဲကိစ္စကအစပြုပြီး တွေ့ဆုံရင်းချစ်မိသွားကြရာက နေဟာကိုယ်၀န်ရသွားတဲ့အထိနီးစပ်သွားကြပါတယ်။ နှစ်ယောက်လုံးကအရမ်းချစ်ကြသူတွေမို့ လက်ထပ်ဖို့ဆုံးဖြတ်ပြီးသာယာကြည်နူးနေချိန်မှာ အန်ကစ်လုပ်ငန်းတစ်ခုကအမှားအယွင်းကြောင့် အန်ကစ်ဟာ သူ့ကုမ္မဏီကစိန်ကို သူကိုယ်တိုင်ပြန်ခိုးရမယ့်အဖြစ်ရောက်သွားပါတယ်။ ကြင်ယာလောင်းအတွက် နေဟာပါအဆစ်ပါပြီး နှစ်ယောက်ပေါင်း အကြံအစည်အကောင်အထည်ဖော်ခါနီးမှာပဲ အဲဒီလေယာဉ်ကြီးကိုပြန်ပေးဆွဲခံရပြီး နှစ်ယောက်လုံးဓားစာခံဖြစ်သွားပါတော့တယ်။ သူတို့က ဘာကြောင့်လေယာဉ်ကိုပြန်ပေးဆွဲရတာလဲ... အန်ကစ်ကရော ဒီကိစ္စတွေကြားမှာမှ သူ့အစီအစဉ်ကိုအကောင်အထည်ဖော်နိုင်ပါ့မလား... နောက်ထပ်အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ ရှရားဒ်ကဲလ်ကရ် ကရော ဘယ်နားကနေဘယ်လိုပေါ်လာမလဲ ရင်တထိတ်ထိတ်ခံစားကြည့်ပါဦးလို့ .... ဘာသာပြန်တွေကတော့ Bpl,Yunniနဲ့ Thaik Sanတို့ ဖြစ်ပါတယ် File size…1.2GB / 540MB Quality…1080p WEB DL /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Thaik San

Comedy
7.2 2023 110 mins
Chor Nikal Ke Bhaga
Teambuilding
6.9

IMDb 6.5 အထိရရှိထားပြီးအသင်းအဖွဲ့နဲ့စည်းလုံးညီညွှတ်တာကိုဦးတည်ရိုက်ကူးထားတဲ့ဟာသကားတစ်ကားဖြစ်ပါတယ် Team building ဆိုတာအဖွဲ့အစည်းစိတ်ဓာတ်မြင့်တက်လာအောင် အဖွဲ့လိုက်လှုပ်ရှားမှုတွေ ပြိုင်ပွဲတွေလုပ်ကြတဲ့ပွဲတစ်ခုပါ ဇာတ်လမ်းထဲမှာတော့ အီမီက FU Global ကုမ္ပဏီကဝန်ထမ်းတစ်ယောက်ဖြစ်ပြီးအလုပ်ကြိုးစားပေမဲ့အသင်းအဖွဲ့စိတ်ဓာတ်မရှိလို့သူ့ဘော့စ်ကသူ့ကိုသိပ်သဘောမကျပါဘူး အီမီတစ်‌ယောက် မလိမ့်တစ်ပတ်နဲ့ရာထူးချခံလိုက်ရပြီးလာမဲ့ Team building မှာပါဝင်ယှဉ်ပြိုင်ဖို့အကြောင်းဖန်လာပါတော့တယ် ပေါက်ကရလူတွေချည်းစုထားတဲ့အီမီတို့အဖွဲ့ပြိုင်ပွဲမှာအခြေအနေကောင်းပါ့မလား ဖလားကိုရောအရယူနိုင်ပါ့မလား သူတို့ team building သွားရင်းဘာတွေတွေ့ကြုံကြရမလဲဆိုတာကိုပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ရှုရမှာပါ

Action • Crime • Thriller
6.9 2022 91 mins
Teambuilding
I Dream of a Psychopomp

I Dream of a Psychopomp (2021) ဆန်းဆန်းပြားပြား ထူးထူးခြားခြား သဘာဝလွန်ကားတွေကို ငံ့ငံ့လင့်လင့် ဖြစ်နေတဲ့လူတွေအတွက် ချာချာလည်အောင် မူးဝေဝေဖြစ်သွားမယ့် ရုပ်ရှင်တစ်ကားပါ။ ဇာတ်လမ်းကတော့ ရိုးရိုးကုတ်ကုတ်လင်မယားလေး တစ်တွဲရှိပါတယ်။ စစဖွင့်ချင်းမှာပဲ ဓာတ်တိုင်ကိုကားနဲ့တိုက်မိပြီး မိန်းမက လျောလျောရှုရှု ပွဲချင်းပြီး သေသွားပါတယ်။ သေပြီးတဲ့နောက် စိတ်ပိုင်းဆိုင်ရာ ခနော်နီခနော်နဲ့ ဖြစ်သွားတဲ့ ယောက်ျားဟာ တမလွန်ဘက်ကို မြင်လာနိုင်သွားပါတယ်။ ဒီလိုနဲ့ နောက်ဘဝ နောက်တစ်ဘုံ မကူးနိုင်တဲ့ သူ့မိန်းမကို ကူညီဖို့ အကြောင်းဖန်လာတယ်။ ဒီတစ်ချိန်တည်းမှာပဲ ဒီလိုမြင်ရတာ သူတစ်ဦးတည်းထီးထီးမဟုတ်ဘဲ ကျန်တဲ့သူတွေလည်းရှိပါသေးတယ်။ အဲဒီလူတွေကိုပါ ဇာတ်လမ်းမှာထည့်ပြီး ပီပီသသပုံဖော်သွားပါတယ်။ ဒီဇာတ်လမ်းနဲ့အပြိုင်ပဲ မသေနိုင်တဲ့ လူတစ်ယောက်နဲ့ သေခါနီးကလေးမလေးတစ်ယောက်ရဲ့ ဇာတ်လမ်းကို လှလှပပသွတ်သွင်းထားပါတယ်။ သေချင်နေတဲ့မသေမျိုးရယ် မသေချင်နေတဲ့သေခါနီးကလေးမရယ် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်ရလေအောင် ကြံကြံဖန်ဖန် အစီအစဉ်တစ်ခုကို လုပ်ကြပါတယ်။ ဒီရုပ်ရှင်ဟာ ဒီလိုထူးခြားဆန်းပြား ဇာတ်လမ်းတွေကို ယှက်ဖောက်သီကုံးထားတဲ့ သဘာဝလွန် ရုပ်ရှင်မျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို “___” မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 690MB Quality – 1080p, 720p Format – mp4 Duration – 1H 20Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by “___“ Encoded by Y

Drama • Horror • Mystery • Thriller
0 2021
I Dream of a Psychopomp
Maximum Truth
4.8

Maximum Truth (2023) ================== ဒီဇာတ်ကားဟာဆိုရင် ခါတိုင်းမြင်တွေ့နေကြ ပုံမှန် Comedy ဇာတ် ကားတွေနဲ့ မတူပါဘူး။ ဇာတ်လမ်းတင်ဆက်ပုံဟာလည်း ရုပ်ရှင်ရိုက် တဲ့အဖွဲ့တစ်ခုက မှတ်တမ်းရုပ်ရှင်လိုက်ရိုက်တဲ့ပုံစံမျိုးနဲ့မို့ ကြည့်ရတာ အမြင်ဆန်းနေပါတယ်။ ပရိသတ်ကို ဟာသတွေနဲ့ အတင်းကြီးထိုးထည့် နေတာမျိုး မဟုတ်ဘဲ တွေးရင်း၊ သေချာနားလည်အောင် ကြည့်ရင်းနဲ့ မှ ရယ်မောစေတဲ့ဟာမျိုးပါ။ အခုပြောခဲ့တဲ့ ဟာသမျိုးတွေကို ကြိုက် တယ်ဆိုရင် လက်လွှတ်မခံပါနဲ့ အကြံပေးချင်ပါတယ်။ Maze Runner, Teen Wolf, Love and Monster အစရှိတဲ့ ရုပ်ရှင်တွေအပြင် တခြား ရုပ်ရှင်များစွာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Dylan O’Brien က အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်တဲ့ ဆိုင်မွန် အဖြစ် ပါဝင်ထား ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရစ်ခ်ဟာ သူ့ကိုပိုက်ဆံပေးလာလျှင် ဘယ်လို အမှုမျိုးမဆို လိုက်ပေးတဲ့ ရှေ့နေတစ်ယောက်ပါ။ သူက ရှေ့နေတင်မက ဘဲ သူများရဲ့ မကောင်းကွက်ကို ရှာပေးတာမျိုးတွေအထိ လုပ်ကိုင်ပါတယ်။ တစ်နေ့မှာ အလုပ်ရှင်တစ်ယောက်က အန်တိုနီယိုကယ်လီဇန်းဆိုတဲ့ လွှတ် တော်အမတ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ လုပ်နေတဲ့လူတစ်ယောက်ရဲ့ မ ကောင်းကွက်ကို ရှာပြီး ဖြုတ်ချဖို့ ငွေအမြှောက်အများနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ရစ်ခ်လည်း လက်ခံခဲ့ပြီး သူနဲ့အတူ အလုပ်တွဲလုပ်ဖို့ ဆိုင်မွန် ဆိုတဲ့ကောင်လေး တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ သူတို့နှစ်ယောက် အန်တိုနီယိုရဲ့ မကောင်း ကွက်ကို လိုက်ရှာရင်း ကြုံတွေ့ရတာတွေကို ဟာသလေးတွေနဲ့ ပါးပါးပုတ် ထားတာကို ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.62 GB) / (647 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Leonard Lin Encoder……….Zin Phyo Aung

4.8 2023 91 mins
Maximum Truth
The Legacy of Dr. Death: Black File
5.5

The Legacy of Dr. Death: Black File (2020) ~ IMDb – 5.5/10, MyDramaList – 7.4/10 ~ “လူသားတွေမှာ ရှင်သန်ခွင့်ရှိရင် သေဆုံးခွင့်လည်း တန်းတူရှိသင့်တယ်” မိုးရွာတဲ့ညတစ်ညမှာ ကလေးတစ်ယောက်က သူ့အဖေက ဆရာဝန်ဆိုးတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်ဆိုပြီး ဖုန်းဆက်တိုင်ကြားခဲ့လို့ စုံထောက်တွေဖြစ်ကြတဲ့ အီနုကာအီ (Inukai) နဲ့ တာကာချီဟို (Takachiho) တို့ သွားရောက်စုံစမ်းကြတော့ အဲဒီကလေးရဲ့အဖေက ရောဂါကျွမ်းနေပြီဖြစ်တဲ့လူတစ်ယောက်ဖြစ်ပြီး ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးချင်တယ်လို့ မရဏဒေါက်တာ (Dr.Death) ကို တောင်းဆိုပြီး ဆေးထိုးခံ သေဆုံးသွားတယ်လို့သိရတယ်။ အဲဒီအမှုကနေသိလိုက်ရတာက မရဏဒေါက်တာမှာ တရားမဝင်ဝက်ဆိုက်ရှိပြီး အဲဒီကနေ ညင်သာစွာဇီဝိန်ခြွေပေးဖို့ (Euthanasia) ကို တောင်းဆိုနေကြသူတွေတွေ့လို့ အီနုကာအီတို့လည်း တဖြည်းဖြည်းလိုက်လံစုံစမ်းရင်း… ထင်သလောက်မရိုးစင်းတဲ့ ဇာတ်လမ်း မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့အတူ ကြည့်ရှုခံစားရမှာပါ။ ၂၀၁၇ ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ Shichiri Nakayama ရဲ့ Dr. Death no Isan: Black File ကို ၂၀၂၀ ခုနှစ်မှာ ရိုက်ကူးခဲ့ပါတယ်။ Shichiri Nakayama ဆိုတာ ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ In the Wake ဆိုတဲ့ဇာတ်ကားရဲ့ မူရင်းစာရေးဆရာလည်းဖြစ်ပါတယ်။ Homunculus (2021), Hard Days (2023), Ajin Demi-Human (2017) မှာသရုပ်ဆောင်ခဲ့တဲ့ Go Ayano နဲ့ The Promised Neverland (2020), Stolen Identity (2018) မှာပါခဲ့တဲ့ Keiko Kitagawa တို့က အဓိကပါဝင်ထားကြပါတယ်။ Euthanasia ဆိုတာက Mercy Killing ဆိုတဲ့ “ဝဋ်ကျွတ်အောင်သတ်ပေးခြင်း” လိုပါပဲ။ ကုသလို့မရတော့တဲ့ရောဂါဖြစ်ဖြစ်၊ နာတာရှည်ရောဂါဖြစ်ဖြစ်ခံစားနေရတဲ့ ကိုယ်က ကိုယ့်ကိုယ်ကိုယ်လည်းဒုက္ခခံရ၊ ကိုယ့်မိသားစုဝင်တွေကိုလည်း တစ်နည်းနည်းနဲ့ အကျိုးမပေးမှတော့ အမြန်ဆုံး ဒီဝဋ်ကနေကျွတ်ချင်ကြမှပဲလေ။ အဲဒါကို ဆေးဝါးတစ်ခုခုနဲ့ ညင်ညင်သာသာ ဇီဝိန်ခြွေပေးတဲ့ Euthanasia ဆိုတဲ့ဝန်ဆောင်မှုကရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လူကိုသေအောင်သတ်တဲ့လုပ်ရပ်ဆိုတာ လူသတ်မှုနဲ့မခြားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 640MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 2H 1Min Genre – Mystery, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

5.5 2020
The Legacy of Dr. Death: Black File
Treacherous Rattle
5.9

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် သည်းထိတ်ရင်ဖိုမှုခင်းရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နိုင်ငံခြားပြန် ဆရာဝန်မလေး ဟန်ချွင်းလင်ဟာ မိသားစုဆရာဝန်အဖြစ် လုံအိမ်ကို ရောက်သွားခဲ့ပါတယ်။ သူမရောက်တဲ့ ညမှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က သေဆုံးသွားတဲ့သခင်မကြီးရဲ့ အခန်းနဲ့ ချိတ်ဆက်ထားတဲ့ ခေါင်းလောင်းက ထမြည်ခဲ့ပါတယ်။ ထိုအသံကို ကြောက်လန့်ပြီး လုံအိမ်က အစေခံကြီး အဘွားတုက ရူးသွားခဲ့ပါတယ်။ အဲ့နောက်မှာတော့ ထူးဆန်းတဲ့ ကိစ္စတွေ ဆက်တိုက် ဖြစ်လာခဲ့ပါတယ်။ ဖုန်အိမ်ကသခင်မလေး(၂) ကလည်း အခန်းထဲမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဖုန်အိမ်ထဲရှိ လူအားလုံး ထိတ်လန့်ကြောက်ရွံ့နေကြပါတယ်။ ဟန်ချွင်းလင်က အမှန်တရားကို ရှာဖွေခဲ့ပြီး နောက်ဆုံးမှာ အတိတ်က အမှုဟောင်းကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က အမှုနဲ့ အခုအမှုနဲ့က ဘယ်လို ပတ်သက်နေမလဲ…… နောက်ဆုံး လူသတ်တရားခံက ဘယ်သူ ဖြစ်လိမ့်မလဲ…… ဆိုတာကို လှည့်ကွက်တွေကို ရုပ်ရှင်ကြည့်ပြီး အဖြေရှာလိုက်ရအောင်နော်။

5.9 2023
Treacherous Rattle
Snow Valley

Heath နဲ့ Laura က အသစ်စက်စက် စေ့စပ်ထားတဲ့ မောင်နှံ နှစ်ယောက်ပါ။ Laura က ကလေးတွေရဲ့ စိတ်ပညာကို လေ့လာရင်း ဒေါက်တာဘွဲ့ရအောင်လုပ်နေတာပါ။ Heathကလည်း ကိုယ်ပိုင် နှင်းလျှောစီးစကိတ်ကို ဒီဇိုင်းထွင်ပြီး ဖြန့်ချီမယ့်အရေး အလုပ်ရှုပ်နေတာဖြစ်ပါတယ်။ ဒီတော့ နှစ်ယောက်လုံး အနားရအောင် Heath မိဘတွေ ပိုင်ဆိုင်တဲ့အပန်းဖြေအိမ်ကြီးဆီ ခရီးထွက်လာခဲ့ကြပါတယ်။ ပထမဆုံး ညမှာပဲ Laura က ထူးဆန်းတဲ့ အသံ တစ်သံ ကြားခဲ့ပါတယ်။ နောက်တစ်ရက် နိုးလာတော့ အနားမှာ Heath မရှိတဲ့အတွက် လိုက်ရှာရင်း တံခါး Bell မြည်သံကြောင့် ဖွင့်ပေးခဲ့တဲ့အခါမှာ အမျိုးသမီးကြီး တစ်ယောက်ကို တွေ့ပါတယ်။ ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်ပြီး သူက အိမ်အကူဖြစ်ကြောင်း ပြောပြတယ်။ နောက်ရက်မှာ သူတို့ကို ဂုဏ်ပြုပေးဖို့ သူငယ်ချင်း စုံတွဲကလည်း ရောက်လို့လာပါတယ်။ ဒါပေမယ့်လည်း မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တစ်ဦး ထပ်ရောက်လာခဲ့တဲ့ အခါ အိမ်ရဲ့ သဘာဝလွန် စွမ်းအားတွေ နိုးထလာခဲ့ပါတယ်။ Heath ရဲ့ အပန်းဖြေ အိမ်ကြီးမှာလည်း ရာဇဝင် ရှိနေခဲ့ပါတယ်။ Mystery/Horror ကြိုက်သူတွေ သဘောကျမယ့် ရုပ်ရှင်တစ်ကားပါ။ File size…(1 GB)/(541 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2024
Snow Valley
The Immortal
6.7

The Immortal (2018) ================== IMDb – 6.7/10 ဒီတစ်ခါမိတ်ဆက်​ပေးမှာ​က​တော့ 2018 မှာထွက်ရှိထားပြီး ဒါရိုက်တာ Victor Vu ရိုက်ကူးထားတဲ့ The Immortal ဆိုတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ် ဒီရုပ်ရှင်ဟာ ထွက်ကတည်းကကြည့်ရှုသူတိုင်း Good review ​ပေးတာကို ခံ​နေရတဲ့ horror ကား​လေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း ဟုမ်တစ်​ယောက် ချစ်သူ လင်းဆိုတဲ့​ကောင်မ​လေးနဲ့ ဘဝ​ရှေ့​ရေးကိုတိုင်ပင်​နေရင်းတစ်​နေ့ အ​ဖေဖြစ်သူရဲ့အ​မွေ​တွေကို မ​ပေးချင်တဲ့ အကိုခမ်းရဲ့ လုပ်ကြံတာကို ခံရပြီး ​အောက်လမ်းဆရာတစ်​ယောက်ရဲ့ ကယ်တင်ခြင်းကိုခံရပြီး အသက်ရှင်​​နေခဲ့ပါတယ် အကိုအ​ပေါ် လက်စား​ချေချင်တာနဲ့ ဘဝမှာတစ်ခါသာ သုံးလို့ရတဲ့ ​သေခြင်းဂါထာနဲ့ သတ်ပစ်ခဲ့ပါတယ် ​​နောက်ပိုင်း ဂါထာနဲ့သတ်ရတာကိုဝါသနာထုံသွားပြီး ​သေခြင်းဂါထာစည်းမျဥ်းကို ချိုး​ဖောက်ပြီး ဂါထာနဲ့ လူ​တွေသတ်​နေရင်း ​အောက်လမ်းပညာရဲ့ဆိုးကျိုး​တွေကိုခံစားလာရပါတယ် ဒီထိ​ရောက်လာပြီးမှ မ​သေချင်​သေးတဲ့ ဟုမ်တစ်​​​ယောက် ​အောက်လမ်းဆရာကို မ​သေခြင်းတရားဂါထာနဲ့ မ​သေမျိုးဖြစ်​အောင် ​လုပ်​​ပေးဖို့​တောင်းဆိုခဲ့ပါတယ် ဂါထာအစွမ်းကြီး​လေ ​ပေးဆပ်ရတာများ​လေဖြစ်တာ​ကြောင့် ဟုမ်ရဲ့တန်ဖိုးအရှိဆုံးအရာ​တွေ ဘဝက​နေ ​ပျောက်ကွယ်သွားပါတယ် မ​သေမျိုးဖြစ်လာပြီး​တော့ ဟုမ်တစ်​ယောက် သူရဲ့ ဘဝမှာ ​ပျော်ရွှင်နိုင်​သေးလား မ​သေမျိုးဖြစ်ရတာရဲ့ ဒုက္ခ​တွေ ဆိုးကျိုး​တွေက​ရောဘာ​တွေလဲ ဘဝမှာထာဝရအသက်ရှင်​နေတာက​ရော ဆုလာဘ်လား ပြစ်ဒဏ်လား ဒီမ​သေခြင်းကျိန်စာက​နေလွတ်​မြောက်​အောင် သူဘယ်လို​တွေ​လုပ်​ဆောင်ရလဲ အခက်အခဲ​တွေဘယ်လို ​ကျော်ဖြတ်ရလဲဆိုတာ​တွေကို တစ်ကားလုံး ကြည့်ရှုသူကိုအပါ​ခေါ်သွားနိုင်​လောက်တဲ့အထိ ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုကား​ကောင်း​လေးပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ DB ပါ ) File size_(2.2GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by DB

6.7 2018
The Immortal
The Return
6.4

The Return (2024) IMDb Rating (6.4) / Rotten Tomatoes (78%) ဂရိဒဏ္ဍာရီထဲကထရိုဂျန်စစ်ပွဲကို ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ အီသာကာတိုင်းပြည်ရဲ့ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ရဲ့ စစ်ပွဲအပြီးအိမ်အပြန်ခရီးအကြောင်းရိုက်ကူးထားတဲ့ “The Return”ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ အင်္ဂလိပ်မင်းသားကြီး Ralph Fiennes နဲ့ ပြင်သစ်မင်းသမီးကြီး Juliette Binoche တို့ပါဝင်သရုပ်ဆောင်ထားပြီး IMDB rating-6.4/10ရရှိထားပါတယ်။ ထရိုဂျန်စစ်ပွဲကြီးအပြီး နှစ် (20) ကြာပြီးနောက် ဘုရင်ကြီးအော်ဒီးဆီးယပ်စ်ဟာ သူ့ရဲ့အီသာကာတိုင်းပြည်ကိုပြန်လာခဲ့ပါတယ်။ အဲ့ကိုရောက်တဲ့အခါ သူ့ရဲ့တိုင်းပြည်ကြီးက သူထွက်သွားတဲ့အချိန်ကလိုမဟုတ်ဘဲ အရာရာအဆိုးဘက်ကိုပြောင်းလဲနေတာကိုတွေ့လိုက်ရပါတယ်။ အီသာကာကို ကျန်ရှိခဲ့တဲ့ဇနီးဖြစ်သူဘုရင်မကြီးပန်နယ်လိုဖီနဲ့သားတော်တို့ကဆက်လက်အုပ်ချုပ်နေပေမဲ့ ဘုရင်မရဲ့ဘေးမှာခင်ပွန်းမရှိတာကြောင့် ထိုနေရာကိုလိုချင်သူတွေအများအပြားဟာ မိုင်ထောင်ချီဝေးတဲ့နေရာတွေကပါလာပြီး ရွေးချယ်ခံရဖို့စောင့်စားလျက်ရှိပါတယ်။ သစ္စာရှိပြီးခေါင်းမာသူဘုရင်မကြီးကတော့ သူမယောက်ျားကလွဲရင်ကျန်တဲ့လူကိုမရွေးချယ်ချင်တာကြောင့် အကြောင်းအမျိုးမျိုးပြအချိန်ဆွဲထားပါတယ်။ ထိုလူတွေဟာ နောက်ပိုင်းမှာ သားတော်မင်းသားလေးရဲ့အသက်ကိုရန်ရှာလာပါတော့တယ်။ နှစ် 20ကြာပြီးမှပြန်ရောက်လာတဲ့ အော်ဒီးဆီးယပ်စ်တစ်ယောက် သူ့ရဲ့ဇနီး/သားတော်နဲ့ တိုင်းပြည်တစ်ခုလုံးဒုက္ခတွေကြုံတွေ့နေရတာကိုပြန်လည်ကယ်တင်ဖို့ကြိုးစားရပါတော့ာတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rubyjane ဖြစ်ပါတယ်။) File size…(6.9 GB) / (2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….History Duration….01:56:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Rubyjane

6.4 2024 116 mins
The Return
The Donkey King
5.2

ဒီကားလေးက animation ဇာတ်ကားတွေထဲမှာဆိုရင် ထူးထူးခြားခြားဖြစ်တာတစ်ခုက အိန္ဒိယအပြင်အဆင်တွေနဲ့ ရိုက်ထားတာပါပဲ Zootopia တို့လို ဇာတ်ကားမျိုးကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ ဒီဇာတ်ကားကိုလည်းကြိုက်ကြမယ်ထင်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကူးယဉ်တဲ့မြည်းလေးတစ်ကောင်က စိုင်ကော်လို့ခြုံပေါ်ရောက်တာနေဖြစ်လာမဲ့ အခက်အခဲတွေရင်ဆိုင်ဖြေရှင်းရတဲ့အကြောင်းလေးပါ နိုင်ငံရေး အယူအဆဟာသတွေနဲ့ ပြည့်နှက်နေတဲ့ကားလေးမို့လို့ ကိုယ်တွေအနေနဲ့ကြည့်သင့်တဲ့အထဲမှာပါတဲ့ ကားကောင်းလေးပါ Rating အနဲငယ်နိမ့်တယ် ထင်ရပေမယ့် ဇာတ်လမ်းရဲ့တင်ဆက်မှုက အဆင့်အတန်းတစ်ခုရှိတဲ့အတွက် ကြည့်ပြီး နောင်တရမဲ့ကားမျိုး မဟုတ်တာတော့ အသေချာပါပဲ File size… 2 GB, 966 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Aries

Animation • Drama • Comedy
5.2 2020
The Donkey King
Clown in a Cornfield
6.1

Clown in a Corn Field (2025) လျို့ဝှက်ဆန်းကြယ်ဆန်ဆန် အသတ်အဖြတ် အကြမ်းအရမ်းဇာတ်ကားတွေကို ကြည့်ချင်ရင်တော့ ၂၀၂၅ ထဲမှာပဲ ပူပူနွေးနွေးထွက်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ Ginny & Georgia ဇာတ်လမ်းတွဲထဲက အက်ဘီနေရာမှာ သရုပ်ဆောင်တဲ့မင်းသမီး ကေတီလည်း အဓိကပါဝင်ထားပြီး IMDb မှာ 6.1/10 နှင့် Rotten Tomatoes မှာ 74% ရရှိထားလို့ တကယ့် ကြည့်ပျော်ရှုပျော် ရင်ထိတ်စရာ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း ဒေါက်တာ မေဘရွတ်ခ်ဟာ သူ့မိန်းမ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာ မဖြည်ဆည်နိုင်လို့ စိတ်ဖြတ်နိုင်အောင် သမီးဖြစ်သူ ကွင်းန်နဲ့အတူ ရှေးရိုးစွဲပြီး ဖုန်းလိုင်းတောင် သိပ်မကောင်းချင်တဲ့ နယ်မြို့ကလေးကို ပြောင်းလာခဲ့ပါတယ်။ ကွင်းန်ကလည်း သူ့အိမ်နှင့် သူ့သူငယ်ချင်းတွေကို ထားခဲ့ရလို့ စိတ်မချမ်းသာပေမဲ့ ဒီမြိုသစ်ကလေးရဲ့ ကျောင်းမှာ ကိုးလ်၊ တပ်ကာ၊ မတ်နဲ့ ရွန်နီ အစရှိတဲ့ လူရမ်းကား ဆယ်ကျော်သက်ကလေးတွေနဲ့ အဖွဲ့ကျသွားပါတော့တယ်။ အဲမြို့မှာ ကိုးလ်က လူချမ်းသာမြို့မျက်နှာဖုံးရဲ့သားဖြစ်ပြီး သူ့ရဲ့အဘေးက ပြောင်းသကြားရည်ကို ဖန်တီးရောင်းချရာက ချမ်းသာလာတာဖြစ်ပါတယ်။ အဲပြောင်းသကြားရည်ရဲ့တံဆိပ်မှာ ထူးဆန်းစွာပဲ ကျောချမ်းစရာ လူပြက်ပုံလည်း ပါပြီးတော့ အဲလူပြက်ကို မြို့ခံတွေက ဖရန်ဒိုလို့ နာမည်ပေးထားပါတယ်။ အဲမှာ သူတို့သူငယ်ချင်းအုပ်စုက ယူကျုမှာ နာမည်ကြီးချင်တဲ့အတွက် ဖရန်ဒိုက တကယ်ရှိကြောင်း၊ လူသတ်တတ်ကြောင်း ဇာတ်လမ်းတွေဆင်ရိုက်ရာကနေ တကယ်ပဲ သူတို့အဖွဲ့ထဲက လူသေလာပါတော့တယ်။ အဲတော့ ဒီဖရန်ဒိုဆိုတဲ့လူပြက်က တကယ်ပဲ သဘာဝလွန်သတ္တဝါလား၊ သာမာန်မျက်နှာဖုံးစွပ် ကွင်းဆက်လူသတ်သမားလား သူတို့သူငယ်ချင်းအုပ်စု အဲလူပြက်ဆီကနေ ဘယ်လိုလွတ်အောင်ရုန်းကန်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

6.1 2025 96 mins
Clown in a Cornfield