YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Ozark.S04E08.720p.(CM).mp4

362.68 MB 720p video/mp4 460 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Batman and Superman: Battle of the Super Sons
7.8

DCAUရဲ့ ​နောက်ထပ် Animationဇာတ်ကားသစ်တစ်ကား ထပ်ထွက်လာပါပြီ။ ဒီတစ်​ခေါက်မှာ​တော့ ပုံမှန် Justice Leagueအဖွဲ့ဝင်​တွေအ​ကြောင်း မဟုတ်ဘဲ စူပါမန်းရဲ့သား ဂျော်နသန်ကန့်တ်နဲ့ ဘတ်မန်းရဲ့သား ​ရော်ဘင်တဖြစ်လဲ ဒေမီယန်​တို့အ​​ကြောင်း အဓိကတင်ဆက်ထားတာပါ။ ဖခင်ဖြစ်သူ ကလာ့ခ်ကန့်တ်ဟာ စူပါမန်းဆိုတာမသိတဲ့ ဂျော်နသန်က ဖခင်ရဲ့လှစ်ဟင်းမှု​တွေ​ကြောင့် စိတ်ပျက်​နေရာက​နေ တစ်​နေ့မှာ​တော့ မထင်မှတ်ထားတဲ့ ကိစ္စတစ်ခု​ကြောင့် သူကိုယ်တိုင်မှာလည်း စွမ်းအား​တွေရှိမှန်း သိသွားပါ​တယ်။ ဒီလိုသိရမှာတ​ဆင့် ဖခင်ရဲ့ဘဝမှန်အ​ကြောင်းလည်း သိသွားသလို ​ ဂေါ့သမ်စီးတီးက ဘတ်မန်းနဲ့ သူ့ရဲ့သား ​ဒေမီယန်​တို့ကိုပါ သိသွားပါတယ်။ လူရိုး​လေးဂျော်နသန်နဲ့ လူကြမ်း​လေး ဒေမီယန်​တို့ဟာ စ​​တွေ့ကတည်းက ဘုနဲ့​ဘောက်ဖြစ်​​နေခဲ့တာပါ။ အဲဒီအချိန်မှာပဲ ကမ္ဘာဂြိုဟ်ပြင်ပ အာကာသထဲမှာရှိတဲ့ ဂျက်စတစ်လိဂ်​ စောင့်ကြည့်တာဝါကို တိုက်ခိုက်ခံလိုက်ရပြီး မသင်္ကာစရာကိစ္စ​တွေ ဖြစ်လာတာ​ကြောင့် စူပါမန်းနဲ့ ဘတ်မန်းတို့ ကိုယ်တိုင်လိုက်သွားရင်း သူတို့ကိုယ်တိုင် ​ထောင်​ချောက်ထဲ ကျဆင်းသွားပါတယ်။ ဂျက်စတစ်လိဂ်​ရော တင်းတိုက်တန်စ်အဖွဲ့ပါ အန္တရာယ်ကျ​ရောက်သွားတဲ့​နောက် ထိုထူးဆန်းတဲ့အန္တရာယ်ကို ​ဖြေရှင်းဖို့က ဂျိုနသန်နဲ့ ဒေမီယန်​တို့​ခေါင်း​​ပေါ် ကျလာပါတယ်။ ထိုအန္တရာယ်က ကမ္ဘာဂြိုဟ်သာမက ကြယ်စင်စုတစ်ခုလုံးကို ဒုက္ခ​ပေးမယ့်အရာ ဖြစ်​နေတဲ့အခါ စ​တွေ့ကတည်းက မ​တည့်ကြတဲ့ ဟီးရိုး​လေး၂​ယောက် ရင်ဆိုင်ရမှာ ဘယ်လိုဗီလိန်ဖြစ်​နေမလဲ၊ အဲဒီအရာ​တွေကို သူတို့တက်ညီလက်ညီ တားဆီးနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Action, Animnation Quality…. 1080p | 720p | 480p File size…1.3GB | 744MB | 398MB Format… mp4 Duration….1h 19min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Comedy • Drama
7.8 2022 79 mins
Batman and Superman: Battle of the Super Sons
Mimic
6

ဆရာ့ ဆရာကြီး Guillermo del Toro ကိုယ်တိုင် ဇာတ်ညွန်းရေးသားရိုက်ကူးထားတဲ့ ရုပ်ရှင်ပါ။ သူ့ရဲ့ ဒုတိယမြောက် Feature Film လည်း ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီကားဟာ နောက်ခံသမိုင်းကြောင်း တစ်ခုရှိခဲ့သလို ဒီကားရဲ့ ရုံတင်ဗားရှင်းကလည်း del Toro ရဲ့ လက်ရာစစ်စစ် မဟုတ်ခဲ့ပါဘူး။ ဒီကားကို ရိုက်ကူးတဲ့အချိန်မှာ del Toro ဟာ နာမည်ကျော်ထုတ်လုပ်သူတွေဖြစ်တဲ့ Harvey Weinstein နဲ့ Bob Weinstein တို့နဲ့ ပြဿနာတက်ခဲ့ပါတယ်။ Director's vision ကို သူတို့ဟာ မလေးစားခဲ့ကြသလို သူ့ကို တခြားဒါရိုက်တာနဲ့ပါ အစားထိုးဖို့ ကြံစည်ခဲ့ကြပါတယ်။ တာရန်တီနိုနဲ့ သူ့ရည်းစားရဲ့ ထောက်ခံအားပေးမှုကြောင့်နဲ့ တာရန်တီနို့ရည်းစားက del Toro အမြင်ကို မလေးစားရင် ရုပ်ရှင်ကို ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့လို့သာ မပြုတ်ခဲ့တာပါပဲ။ ဒီကားရဲ့ ရုံတင်ဗားရှင်းမှာလည်း သူ့လက်ထောက်ရိုက်ခဲ့တဲ့ အခန်းတွေထည့်ထားခဲ့တာကြောင့် သူတော်တော်ဒေါသဖြစ်ခဲ့ရပါတယ်။ ဒီကားနောက်ပိုင်းမှာလည်း သူတို့နဲ့ သူ ထပ်ကိုမလုပ်ဖြစ်တော့ပါဘူး။ နောက်ပိုင်းမှာတော့ သူ Director's Cut ပြန်ထုတ်ခဲ့ပါတယ်။ အခုကားကတော့ del Toro လက်ရာစစ်စစ်ကို ကြည့်ရမယ့် Director's Cut ဗားရှင်း ရုပ်ရှင်‌ပေါ့။ သိပ္ပံပညာရှင်တွေဟာ လူသားတွေကောင်းကျိုးအတွက် အမျိုးမျိုး တီထွင် ဆန်းသစ် ကြံဆလေ့ရှိပါတယ်။ သို့ပေသော်ငြား အဲဒီလို လက်သရမ်းမှုမျိုးတွေမှာ ကောင်းကျိုးတွေရှိသလို မထင်မှတ်တဲ့ ဆိုးကျိုးတွေရှိလာနိုင်တယ်ဆိုတာကို ကွက်ကွက်ကွင်းကွင်း သရုပ်ဖော်ပေးထားတာပါပဲ။ စတရစ်ကလာ ရောဂါဆိုးကြီး ပြန့်နှံ့ ကူးစက်လာတဲ့အချိန် ကလေးငယ်ပေါင်းများစွာ ဘဝပျက် သေကြေခဲ့ရတယ်။ အဲ့အချိန်မှာ ဆူဆန်ဆိုတဲ့ ပိုးမွှားဗေဒပညာရှင် အမျိုးသမီးဟာ ခြနဲ့ ဓားခုတ်ကောင်ရဲ့ မျိုးရိုးဗီဇကိုယူပြီး ရောဂါဆိုးကြီးကို တွန်းလှန်ဖို့ ဂျူးဒတ်စ်ဆိုတဲ့ ပိုးကောင်လေးကို ဖန်တီးခဲ့တယ်။ လပိုင်းလောက်သာ သက်တမ်းရှိအောင် ဖန်တီးခဲ့ပေမယ့် နောက်၃နှစ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးအနေနဲ့ ဂျူးဒတ်စ်တွေရဲ့ မျိုးပွားနိုင်နှုန်းဟာ သိပ်ကိုမြန်ဆန်သွားပြီး မျိုးရိုးဗီဇ တိုးတက်ပြောင်းလဲမှုကြီး ဖြစ်သွားခဲ့ပါတယ်။ လက်တစ်ဆုပ်လောက်သာရှိခဲ့တဲ့ ပိုးကောင်လေးတွေဟာ ဘယ်လိုပုံစံမျိုးအထိ ဖြစ်သွားမလဲ။ ဒါကို ဆူဆန်နဲ့ ပီတာတို့ ဘယ်လိုသိရှိသွားမလဲ၊ ဘယ်လိုထိန်းချုပ်မလဲ၊ နှိမ်နင်းနိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦး...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.2GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 45Min Genre - Horror, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action • Crime • Thriller
6 1997 105 mins
Mimic
Vanam
8

ဒီဇာတ်ကားလေးကတော့ Mystery, Thriller အမျိုးအစား ဘောလီးဝုဒ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် အနုပညာကောလိပ်ကျောင်းသားတစ်ယောက်ဟာ သူနေရတဲ့ အမျိုးသားဆောင်အခန်းထဲက လျှို့ဝှက်ဆန်းကြယ်တဲ့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို ရှာဖွေဖို့ ကြိုးစားရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဇာတ်လမ်းက ဒီလိုတော့ မရိုးရှင်းလှပါဘူး ထူးဆန်းတဲ့သေဆုံးမှုတွေကို စုံစမ်းရင်း အနုပညာ‌ကောလိပ်ကို တည်ထောင်ခဲ့သူ ဂျာမင်ဒါ ဗာနာသီရာရန်ရဲ့ မှော်ကြေးမုံအကြောင်းတွေပါ တစ်စတစ်စ‌ဖော်ထုတ်မိလာပြီး နောက်ပိုင်းမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် သည်းထိတ်ရင်ဖို စောင့်ကြည့်ရမှာဖြစ်လို့ Bollywood fan တွေ အကြိုက်တွေ့မယ့် ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ် File size…1.6GB / 800MB / 400MB Quality…1080p / 720p / 480p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Eliza

Action • Fantasy • Mystery
8 2021 134 mins
Vanam
Role Models
6.5

Role Models (2008) - ကတော့ ဟာသနဲ့ဘဝအစိတ်တစ်ပိုင်း (Bromance-Comedy-Slice of Life)အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကိုရိုက်ကူးတင်ဆက်ထားတာကတော့ Director David Wain ကပဲပုံဖော်ပြသထားတာဖြစ်ပြီးတော့ 2009 ခုနှစ်မှာ အကောင်းဆုံးဟာသကား (Best Comedy) နဲ့ လူငယ်များရဲ့အများဆုံးရွေးချယ်သောရုပ်ရှင် (Teen Choice)ဆိုပြီး ဆုနှစ်ခုရရှိထားပါတယ်။ ဒီကားထဲက Danny ကတော့ မာဗယ်ရဲ့ စူပါဟီးရိုးကြီး Ant Man ဖြစ်တဲ့ Paul Rudd ပါပဲ။ Wheeler အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Sean William ကတော့ Ice Age movie တွေထဲက အသံသရုပ်ဆောင်ကြီးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကိုညွှန်ရမယ်ဆိုရင်တော့ ကိုယ့်အလုပ်နဲ့ ဘဝကိုစိတ်ပျက်နေတဲ့ Danny နဲ့ အဲဒီအလုပ်ကိုပဲလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ Wheeler တို့နှစ်ယောက်ကတော့ လုပ်ဖော်ကိုင်ဖက်တွေပါ။ Danny က လက်ပေါက်လည်းကပ်သလို လူတွေကိုလည်း ဆတ်ဆတ်ထိမခံလောက်တဲ့အထိ ဘဝကြီးကို စိတ်ပျက်နေတဲ့သူပါ တနေ့တော့ သူ့ရဲ့ မကောင်းမြင်စိတ်တွေကို သူ့ကောင်မလေး ဘတ် က သည်းမခံနိုင်တော့တာနဲ့ လမ်းခွဲလိုက်ပါလေရော။ နဂိုကတည်းကမှ လောကကြီးကို စိတ်ပျက်နေတဲ့လူက ချစ်သူကပါ လမ်းခွဲသွားတော့.......(ချစ်သူကမုန်း ဖဲကရှုံး) ဆိုသလိုဖြစ်သွားပါလေရော အဲဒီစိတ်နဲ့ပဲ စိတ်ထင်ရာလုပ်မိလို့ အကြီးအကျယ်ပြဿနာတက်ပြီး ထောင်ရက် ၃၀ ကျမဲ့ကိန်းဆိုက်ပါတော့တယ်။ အဲဒီ ထောင် ရက်ပေါင်း ၃၀ အစား လူမှုဝန်ထမ်း ရက် ၃၀လုပ်ပေးဖို့ သူ့ကောင်မလေးဘတ်က တရားသူကြီးဆီမှာ အသနားခံပြီးတောင်းပေးလိုက်တဲ့အခါမှာတော့ Danny နှစ်ယောက်ဟာ ကလေးတွေကို အဖော်လုပ်လမ်းညွှန်ပေးရတဲ့ လူမှုရေးပရဟိတ အဖွဲ့ကြီးဆီ ရောက်သွားပါတော့တယ်။ ဆိုးလှပါပြီဆိုတဲ့ Danny နဲ့ သူထိန်ပေးရမဲ့ ကလေးတွေတွေ့တဲ့အခါ ဘယ်လိုမျိုးလေးတွေဖြစ်မလဲ ကလေးတွေပဲ အဆင်ပြေသွားမလား Danny ကြီးပဲ လိမ္မာသွားမလားဆိုတာ ကြည့်ရမဲ့ ကားကောင်းလေးတစ်ကားပါပဲ....... File size…(2.25 GB)/(1.28 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Comedy Subtitle…. Myanmar Subtitle (Hardsub) Encoder….Garfield Translated by Amber willows

Drama • Mystery
6.5 2008 99 mins
Role Models
Middle Class Love
6.4

Middle Class Love (2023) IMDb 6.4/10 မင်းသားချောလေး Prit Kamani က Kavya Thapar , Eisha Singh တို့လို အလန်းလေးတွေနဲ့ မချောနှစ်ယောက်ကိုယ်တစ်ယောက်မယ့် Comedy/Drama/Romantic ဇာတ်ကားမျိုးပါ လူလတ်တန်းစားကနေမွေးဖွားလာတဲ့လူတွေအတွက်‌ကတော့ မလိုအပ်တဲ့နေရာမသုံးဖို့ ပိုက်ဆံစုဖို့ဆိုတာ ထပ်ကာတလဲလဲ ကြားရမဲ့ ဓာတ်ပြားဟောင်းတွေပဲပေါ့ ဒါကိုယူဒီ( Prit Kamani) က ငြီးငွေ့နေပါတယ် သူ့အိပ်မက်ကတော့ ချမ်းသာတဲ့ဘောစိမမနဲ့တွဲပြီး ဒီလူလတ်တန်းစားဘဝထဲကရုန်းထွက်ဖို့ပါ ဖြစ်ချင်တော့သူဝင်ခွင့်ရတဲ့ကျောင်းမှာကလည်း သူ့စံပြ‌ ဘောစိကောင်မလေးရှိနေတယ်ပေါ့ ဒီတော့ ယူဒီကဆုံးဖြတ်ချက်ချပြီး အပိုင်လိုက်ဖို့ကြံပါပြီ ဒါပေမဲ့ သူလိုက်မဲ့ကောင်မလေးဆာရှာမှာ သူနဲ့မတည့်တဲ့အက်ရှ်ဆိုတဲ့ တစ်ယောက်ရှိနေပါတယ် ဘုံလုံတစ်လှည့်ငါးဖျံတစ်လှည့် သူဦးသူဆော် ကိုယ်ဦးကိုယ်ဆော်နှစ်ယောက်ပါ ဒီနှစ်ယောက်ကြားထဲမှဝင်မိတဲ့ ယူဒီ့တစ်ယောက်ဘာဆက်ဖြစ်မလဲ ဆာရှာက အက်ရှ်ကိုအသည်းကွဲအောင်လုပ်နိုင်ရင် ရည်းစားအဖြစ်ရွေးချယ်မယ်ဆိုတော့ ယူဒီတစ်ယောက်ဘယ်လို အလွဲတွေနဲ့ရှေ့ဆက်သွားမလဲ သူ့အိပ်မက်ကရောအောင်မြင်မလားဆိုတာ လူငယ်တွေကြားပေါ့ပေါ့ပါးပါးနဲ့ကြည့်ရှုရမဲ့ကားလေးပဲဖြစ်ပါတယ်

Comedy • Drama
6.4 2022
Middle Class Love
Paranormal Activity 3
5.8

IMDb rating – 5.8/10 သရဲကားကြိုက်တဲ့ပရိသတ်တွေကြားမှာ နာမည်ကြီးခဲ့တဲ့ Paranormal Activity ရဲ့ တတိယမြောက်တင်ဆက်မှုဖြစ်ပါတယ်။ ဒီဇာတ်ကားတွေရဲ့ထုံးစံအတိုင်း အိမ်ထဲမှာ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ထားရာကနေ ထင်မှတ်မထားတဲ့ ခြောက်လှန့်မှုပုံရိပ်တွေ၊ ခြောက်ခြားဖွယ်အသံတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Paranormal Activity 3 မှာတော့ ရိုက်ကူးရေးလုပ်ရတာကို ဝါသနာပါတဲ့ ဒန်းနစ် က သူတို့အိမ်ထဲမှာ ကင်မရာထောင်ပြီး မှတ်တမ်းသဘောမျိုးနဲ့ရိုက်ကူးခဲ့ပါတော့တယ်။ အဲဒီမှတ်တမ်းအခွေထဲမှာ ထူးဆန်းတဲ့အရာတွေကို မြင်တွေ့ခဲ့ရတာကြောင့် သူ့ရဲ့ဇနီးသည်ကိုပြောပြပေမဲ့ အယုံအကြည်မရှိခဲ့ဘူး။ သမီးအငယ်လေးဖြစ်တဲ့ ခရစ်တီကလည်း တိုဘီဆိုတဲ့အရုပ်လေးကိုစွဲလမ်းနေတယ်။ အဲဒီအရုပ်လေးက တကယ်ရှိတယ်ဆိုပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ညသန်းခေါင်အချိန်တွေမှာလည်း အိပ်ရာထဲကနေ ထသွားလေ့ရှိတယ်။ တစ်နေ့မှာ ကလေးတွေရဲ့အဘွားဖြစ်သူရောက်လာပြီးနောက် အခြေအနေတွေ ပြောင်းလဲသွားခဲ့ပါတော့တယ်။ မြန်ဆန်လှတဲ့အဖြစ်အပျက်တွေကြားမှာ ဒန်းနစ် ဘယ်လိုတွေရင်ဆိုင်သွားရမလဲ။ သူ့ရဲ့မှတ်တမ်းအခွေထဲမှာ တွေ့မြင်ခဲ့ရတဲ့အရာတွေက တကယ်လက်တွေ့ဖြစ်လာတဲ့အခါမှာတော့ သူတို့မိသားစုရဲ့အဆုံးသတ်ကံကြမ္မာက ဘယ်လိုဖြစ်လာမလဲဆိုတာ ဒီဇာတ်လမ်းရဲ့အဆုံးသတ်မှာ တွေ့မြင်ရပါလိမ့်မယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

5.8 2011
Paranormal Activity 3
Our Idiot Brother
6.4

ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

6.4 2011
Our Idiot Brother
Super 30
7.9

IMDb Rating (7.9) ကားရိုက်နည်းတဲ့ လက်ပွားမင်းသား ခေါ် မင်းသားကြီး Hrithik Roshan ရဲ့ ၂၀၁၉ ခုနှစ်ထွက် ဒရမ်မာရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ဖြစ်ပြီး အိန္ဒိယနိုင်ငံက သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပုံဖော်တင်ဆက်ထားတာပါ။ ဇာတ်လမ်းအညွှန်းမဖတ်ဘဲ ရုပ်ရှင်ကိုကြည့်တာကတော့ ပိုပြီး သင့်တော်ပါမယ်။ တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ စာမဖတ်ဘဲ ရှောင်နိုင်တာ အကောင်းဆုံးပါ။ ဇာတ်လမ်းကိုညွှန်းရမယ်ဆိုရင်ဖြင့်… နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။ ‌ သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ ‌နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။ ‌ ‌ ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် ‌သူ့မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။ ‌ ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက ‌သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။ ‌ ‌ ဒါပေမယ့် ဆင်းရဲတဲ့လူတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။ ‌ ‌ ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့….။ ပညာရွှေအိုး လူမခိုး ဆိုတဲ့ ဆိုရိုးပဲကြားဖူးကြမှာပေါ့။ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။ ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ များလာတယ်။ ကျောင်းနေရင် ကျူရှင်မယူနိုင်တဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။ ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့ကြမယ်။ အဲ့ဒီလိုနဲ့ ဆင်းရဲလို့ ပညာရေးနဲ့ဝေးကွာခဲ့ရတဲ့ ကလေးတွေ ရှိကြတယ်။ ဒါတွေကို သူတို့မြို့မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့….. Super 30 အိပ်မက် ဖြစ်တည်လာခဲ့ပါတော့တယ်။ ဇာတ်လမ်းက ကျောင်းဆရာနဲ့တပည့်ဇာတ်လမ်းဖြစ်ပေမယ့် စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေးကောင်းပါတယ်။ နောက်ခံတီးလုံးတွေလည်း သစ်တယ်။ အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။ မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေနဲ့ ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက အာနန်းကူးမားကို မျက်စိရှေ့မြင်တွေ့ရသလို ရင်ထဲရောက်လာမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို ညီညီကိုးနဲ့ မြင့်သူ မှ တင်ဆက်ထားပါတယ်။)

7.9 2019
Super 30
Impuratus

အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။ အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2022 135 mins
Impuratus
The PA and the Manhattan Prince
5.5

The PA and the Manhattan Prince (2023) ============================== လူစီ ဝုဒ်ဆိုတာကတော့ နယူးယော့ခ်မြို့ကြီးမှာ သွက်သွက်လက်လက်နဲ့ ဘယ်ပြဿနာမဆို အဆင်သင့် ဖြေရှင်းပေးနိုင်တဲ့အပြင် ကိုယ့်အကျိုးထက် တပါးသူရဲ့ အကျိုးကိုပဲ ရှေ့တန်းတင်တတ်တဲ့ ကိုယ်ရေးလက်ထောက်(PA) ကောင်မလေး တစ်ယောက်ပါ။ တစ်နေ့မှာတော့ တော်၀င်မင်းသား တစ် ယောက် ဖြစ်တဲ့ ရူးပတ်ရဲ့ ကြင်ယာတော် ရွေးချယ်ဖို့အတွက် မျက်နှာဖုံး၀တ် ကပွဲတစ်ခုကို စီစဉ်ပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ လူစီတစ်ယောက် ဒီပွဲကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ဖြစ်မြောက်သွား အောင် စီစဉ်ပေးနိုင်ပါ့မလား။ ဆွဲဆောင်မှုရှိသလောက် PAတိုင်းကို အမြဲတမ်း တစ်ပတ်ရိုက် သူ့ကို အမြဲ စမ်းသပ်ဖို့ပဲ စဉ်းစားနေတဲ့ မင်းသား ရူးပတ်တို့အ ကြားမှာရော ဘယ်လိုမျိုး‌တွေဆက်ဖြစ်လာမလဲ။ ခေတ်သစ် စင်ဒရဲလား ဇာတ် လမ်းလေးတစ်ခုလိုမျိုး သူတို့နှစ်‌ယောက်ရဲ့ ဇာတ်လမ်းလေးကရော ပြီးဆုံးသွား နိုင်ပါ့မလားဆိုတာကို CM ပရိတ်သတ်ကြီးကကြည့်ရှုခံစားပေးကြပါဦးခင်ဗျ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Brackman ဖြစ်ပါတယ်) File Size……….(1.71 GB) / (583 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Brackman Encoder……….SWM

Thriller • Mystery • Crime • Drama
5.5 2023 90 mins
The PA and the Manhattan Prince
Breathless
7.7

Breathless (1960) ~ IMDb – 7.7/10, Rotten Tomatoes – 96% ~ ပြင်သစ်နယူးဝေ့ရဲ့ အခရာအကျဆုံးကားတွေထဲက တစ်ကားဖြစ်တဲ့ Breathless ကို ရိုက်ခဲ့တဲ့ Jean-Luc Godard ကို ပြင်သစ်နယူးဝေ့ဖလင်အရွေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်လို့ ဆိုကြတယ်။ Breathless ဟာ Godard ရဲ့ အကျော်ကြားဆုံးကားဆိုလည်း ဟုတ်တယ်။ ပြင်သစ်နယူးဝေ့မှာ ရိုက်ကူးရေးပုံစံတွေကိုပြောင်းလဲပြီး ခေတ်ကိုထင်ဟပ်တဲ့ဇာတ်လမ်းတွေ လက်တွေ့ရိုက်ကွင်းတွေကို သုံးခဲ့တာတွေအပြင် Existential Themes ကို အသားပေးခဲ့တဲ့အချက်ကလည်း ပြင်သစ်နယူးဝေ့ရဲ့ လက္ခဏာတွေထဲပါခဲ့တယ်။ ဂိုးဒတ်ကိုယ်တိုင်ကလည်း Existentialism နဲ့ Marxist Philosophy ကို သဘောကျတဲ့လူဆိုတော့ သူ့ရုပ်ရှင်တွေမှာ ဖြစ်တည်မှုပဓာနဝါဒနဲ့ မက်စ်ဝါဒအငွေ့က တော်တော်လေးသန်းနေတယ်။ Breathless ရဲ့ ဒိုင်ယာလော့တွေမှာရော ဇာတ်ကောင်ရဲ့လုပ်ရပ်တွေမှာရော ဒီအငွေ့အသက်တွေက တော်တော်သန်းနေခဲ့တယ်။ အမေရိကန်တွေးခေါ်ပညာရှင် Hubert Dreyfus စကားအရတော့ Breathless ဟာ နစ်ရှေးရဲ့ Nihilism ကို စံနမူနာပြထားတဲ့ ရုပ်ရှင်လို့လည်း ဆိုတယ်။ Breathless က ဇာတ်လမ်းဇာတ်အိမ်ထက် ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်ထားတဲ့ ဇာတ်မျိုးပဲ။ ဇာတ်ကောင်ရဲ့ ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေ ပြဿနာတစ်ရပ်အပေါ် တုံ့ပြန်ပုံတွေကိုပဲ ဦးတည်ထားတယ်။ Breathless ရဲ့ဇာတ်ကောင်လုပ်သမျှတွေမှာ အကြောင်းရင်းတော်တော်ပျောက်နေတာတွေ များတယ်။ ဒီကောင် ဒီလိုလုပ်တာတော့ မဟုတ်သေးပါဘူးလို့ ပြောရမယ့်အရာတွေ များတယ်။ ဒါတွေကိုကလည်း ဒီကောင်ရဲ့ ဖလော်ဆော်ဖီကို မြင်သာစေတယ်။ ဒီလိုဆိုပေမဲ့ ဂိုးဒတ်ကို ကျွန်တော်တို့ ချီးကျူးရမယ့်တစ်ချက်က ဒီဇာတ်ထဲက ဇာတ်ကောင်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ကို နားလည်အောင်တစ်ဖက်လှည့်နဲ့လုပ်ပြသွားတာပဲ။ ဇာတ်ကောင်က သူ့အဖြစ်နဲ့ခပ်ဆင်ဆင် သူကြားဖူးနားဝဇာတ်လမ်းတစ်ပုဒ်ကို ပြောပြသွားတယ်။ ဒီလိုပဲ ဇာတ်ကောင်တွေပြောတဲ့ဇာတ်လမ်းတွေနဲ့ ကြည့်ရှုသူကို နားလည်အောင်လုပ်ပေးသွားတဲ့ အခန်းတွေမနည်းဘူး။ ဒါကြောင့်လည်း သူတို့လုပ်ရပ်တွေကို ကျွန်တော်တို့ပမာဏတစ်ခုအထိ နားလည်နိုင်တယ်။ အဲဒီလိုနားလည်နိုင်လို့ပဲ ဒီဇာတ်က ပိုအရသာရှိနေတာပဲ။ ဂိုးဒတ်ဟာ နယူးဝေ့ရဲ့ ရိုးစင်းတဲ့အရွေ့မှာ သူနဲ့ခေတ်ပြိုင်တွေထက် ဒိုင်ယာလော့တွေကိုတော့ တော်တော်အားကိုးသွားတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားထဲက လူတစ်ယောက်ကို ဘဝရဲ့အကြီးဆုံးရည်မှန်းချက်ကဘာလဲမေးတော့… “To become immortal and then die” လို့ဖြေသွားတယ်။ တော်တော်လေးလှတဲ့အဖြေပဲ။ ဒီလိုတွေ ဂိုးဒတ်သုံးသွားတာ နည်းတော့မနည်းဘူး။ Breathless ဟာ ကျွန်တော့်အမြင်တော့ စည်းအပြင်ကလူလို ဇာတ်မျိုးကို ကြိုက်တဲ့လူတွေ ကြိုက်မယ့်ဇာတ်ပဲ။ မတူတာက ဒီကဇာတ်ကောင်ကတော့ သူ့အကျိုးဆက်နဲ့သူလို့ ပြောရမယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်တွေဖြစ်လာအောင် သူလုပ်ခဲ့တဲ့ရွေးချယ်မှုတွေကို သူရွေးချယ်သွားပုံတွေကတော့ စိတ်ဝင်စားစရာကောင်းနေတယ်။ Breathless ရဲ့ ဇာတ်က ပြောပြရင် စာတစ်ပိုဒ်လောက်နဲ့ပြီးသွားမှာပေမဲ့ ကြည့်ရင်တော့ တော်တော်အရသာရှိတယ်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ဒီလိုဇာတ်မျိုး ဒီဘဲဘယ်လိုများ အိုင်ဒီယာရလဲတော့ မသိဘူး။ သူပြောခဲ့သလို “I pity the French Cinema because it has no money. I pity the American Cinema because it has no ideas.” “ပြင်သစ်ရုပ်ရှင်လောကကို ငွေမရှိလို့ သနားတယ်။ အမေရိကန်ရုပ်ရှင်လောကကိုတော့ အိုင်ဒီယာမရှိလို့ သနားတယ်” ဆိုတဲ့ သူ့စကားအတိုင်း သူတို့ပြင်သစ်ရုပ်ရှင်လောကမှာ အိုင်ဒီယာကောင်းတွေ များခဲ့ပုံပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့အခါ ဇာတ်ညွှန်းရေးတဲ့အပိုင်းမှာလည်း ဂိုးဒတ်က ဆန်းသစ်ခဲ့တယ်။ ရိုက်ကွင်းမစခင်မှ ကောက်ရေးတဲ့ စတိုင်ကိုသုံးပြီး သရုပ်ဆောင်တွေကို ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ ဒိုကူမန်ထရီတစ်ခုရိုက်ကူးသလို အငွေ့အသက်မျိုးရအောင်ဖန်တီးခဲ့တယ်လို့ဆိုတယ်။ ဒါပေမဲ့လည်း ဂိုးဒတ်ဟာ သူ့ရှေ့က ရုပ်ရှင်လောကကလူတွေကို Homage တော်တော်ပေးတဲ့သူလို့ နာမည်ကြီးပါတယ်။ သူနဲ့ခေတ်ပြိုင်တွေထဲ သူ Homage အပေးဆုံးလို့ ဆိုကြတယ်။ ဒီရုပ်ရှင်မှာလည်း အမေရိကန်ရုပ်ရှင်တွေကို Homage ပေးထားတာ မနည်းပါခဲ့ပါတယ်။ ဒီရုပ်ရှင်တစ်ကားနဲ့တင်ကို ဂိုးဒတ်ဟာ သူ့ကားထဲက ဒိုင်ယာလော့အတိုင်း Immortal ဖြစ်ပြီးမှ သေသွားတယ်လို့ ကျွန်တော်ရဲရဲကြီး အာမခံရဲတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1.05GB Quality – BluRay 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 30Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7.7 1960
Breathless
A Beautiful Mind
8.2

A beautiful mind (2001) IMDb rating – 8.2 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့တဲ့ သင်္ချာပညာရှင်ကြီး John Nash ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ John Nash ရဲ့သီအိုရီတွေက modern economic အတွက် အရမ်းအထောက်အကူပြုခဲ့ပါတယ်။ သူဟာ Princeton University ကနေ ပါရဂူဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေကအစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လိုမဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန်ရလဲ၊ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါတယ်။ အပိုဆုအနေနဲ့ သူ့ရဲ့မဟေသီ Alicia နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။ John Nash အဖြစ် မင်းသားကြီး Russell Crowe နဲ့ Alicia Nash အဖြစ် (မမသာ အလှဆုံး) မင်းသမီးချောလေး Jennifer Connelly တို့က သရုပ်ဆောင်ထားပါတယ်။ Oscer စကာတင်တွေအများကြီးဝင်ထားပြီး Best Director ၊ Best actress in a supporting role စသဖြင့် အော်စကာဆု လေးဆုသိမ်းပိုက်ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ဇာတ်ရှိန်အတက်အကျတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေနဲ့မို့ ကြည့်ပြီးရင် နောင်တမရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ပညာရှင်ကြီးတွေရဲ့ကြိုးစားမှုတွေကိုပါ အတုယူနိုင်မယ့် ဇာတ်လမ်းကောင်းလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File size… 2.7 GB / 1.16 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 15m Genre ….. Biography / Drama / Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Western
8.2 2001 135 mins
A Beautiful Mind
Sunny Sisters
5.8

ဒီတစ်​ခါမှာ CMကနေ ထပ်မံပြီးတော့ ကိုရီးယားကား ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါ ဇာတ်လမ်းလေးကတော့…. ကျန်းလီကျွင်းဟာ လက်ထပ်ပြီးသမီးတစ်ယောက်နဲ့ အိမ်ထောင်မှုတွေကြားမှာ ပိတ်မိနေတဲ့ မိန်းမတစ်ယောက်ပါ တစ်နေ့ သူ့အမေဆေးရုံတတ်ရတာကို သွားကြည့်ရင်း အထက်တန်းဘဝက ညီအစ်မတွေလို ရင်းနှီးတဲ့ လင်ချင်တစ်ယောက် ကင်ဆာဖြစ်ပြီးဆေးရုံတတ်နေရတာကို သိလိုက်ရပါတယ် လင်ချင်ဟာ အထက်တန်းတုန်းက sunny sisters အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး ကျန်းလီကျွင်းအပါအဝင်အဖွဲ့သားခြောက်ယောက်နဲ့ အရမ်းကို ချစ်ကြတဲ့ သူငယ်ချင်းတွေပါ ဒါပေမဲ့ သူတို့တွေ အကြောင်းအမျိုးမျိုးကြောင့်ကွဲသွားပြီး နှစ်လပဲ အသက်ရှင်ရတော့မယ့် လင်ချင်အတွက် အဖွဲ့ဝင်ငါးယောက်ကို ကျန်းလီကျွင်းတစ်ယောက် ရှာပုံတော်ဖွင့်မဲ့ ပုံစံလေးနဲ့ ဇာတ်လမ်းလေးကို အစချီထားတာပါ သူတို့ရဲ့ ငယ်ဘဝတွေကိုလည်း တဖြည်းဖြည်းချင်းပြန်လည်ပြသထားတာဖြစ်တဲ့အတွက် ဒီကားလေးထဲမှာ ငယ်စဉ်အထက်တန်းဘဝက သူတို့တစ်တွေ အရူးထခဲ့ ပျော်ရွှင်ခဲ့ရတာတွေ တစ်ယောက်နဲ့တစ်ယောက် ဖေးမကူညီခဲ့တာတွေ စတဲ့ သူတို့ကြားက ဖြူစင်တဲ့ သံယောဇဉ်လေးတွေကို ကြည်နူး နွေးထွေးဖွယ် ဆက်လက် ကြည့်ရှုကြကြရမှာဖြစ်ပါတယ်

Romance • Drama • Action
5.8 2021
Sunny Sisters
Riding A White Horse
5.6

အိပ်မက်တစ်ခုအတွက် ကိုယ့်အတွက် အကျိုးမရှိမှန်းသိရက်နဲ့ ဆက်ပြီးကြိုးစားသွားဖို့ အင်အားတွေမရှိတော့ပေမဲ့ ဆက်ပြီးတောင့်ခံထားဖူးလား…… ဒီရုပ်ရှင်ထဲမှာတော့ စွင်းဟွမ်ဆိုတဲ့ ကောင်လေးဟာ တစ်ဘက်မှာ ပါဆယ်ပစ္စည်းပို့ပေးသူလုပ်နေရင်း တရုတ်ရိုးရာပြဇာတ်မှာ ဇာတ်ရံသာသာ ဖြစ်ခဲ့လည်း ပြဇာတ်ကို မြတ်နိုးသူတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ ခေတ်အပြောင်းအလဲအရ ရိုးရာပြဇာတ်ကို ကြည့်ရှုသူ နည်းလာပြီး ပြဇာတ်အဖွဲ့ကလည်း ရပ်တည်ဖို့ ခက်လာပါတယ်။ တစ်ချိန်တည်းမှာလည်း ပြဇာတ်စင်ရှိတဲ့နေရာမှာ စီးပွားရေးဇုန်တစ်ခု ဆောက်မှာဖြစ်တဲ့အတွက် ပြဇာတ်ခေါင်းဆောင်က ပြဇာတ်ရုံကို ရောင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ငယ်ကတည်းက တစ်သက်လုံး ဒီပြဇာတ်ကို ကြိုးစားလေ့ကျင့်ခဲ့တဲ့ စွင်းဟွမ်ဟာ အဓိကဇာတ်ဆောင်နေရာမှာတောင် မကပြရသေးဘဲ ပြဇာတ်စင်ကို ဖျက်လိုက်တော့မှာကို သိလိုက်ရတဲ့အခါ နောက်ဆုံးအကြိမ်ဖျော်ဖြေခွင့်ရဖို့ ကြိုးစားပါတော့တယ်။ လုပ်ငန်းနယ်ပယ်အသီးသီးကို ရောက်နေပြီးသားဖြစ်တဲ့ ပြဇာတ်အဖွဲ့ဝင်တွေကို ဘယ်လိုသိမ်းသွင်းမလဲ…… အိပ်မက်ကို အကောင်အထည်ဖော်တဲ့လမ်းမှာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရမလဲ…… တကယ်ရော အောင်မြင်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Action • Crime
5.6 2025
Riding A White Horse