YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ozark.S02E08.720p.(CM).mp4

454.35 MB N/A video/mp4 13 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Battle: Los Angeles
5.7

စစ်ကားတွေထဲမှာမှ အမေရိကန်နဲ့ ဂြိုလ်သားတွေရဲ့စစ်ပွဲတွေဟာ မဆန်းတော့ပါဘူး.. ဒါကြောင့် ဒီကားကလည်း Independence Day တို့လိုပဲ ကမ္ဘာမြေပေါ်ကို ကျူူးကျော်နယ်ချဲ့ထွင်လာတဲ့ ဂြိုလ်သားတွေနဲ့ အမေရိကန်စစ်တပ်တို့ရဲ့အပြင်းအထန်တိုက်ခိုက်တာတွေကို ဖော်ပြထားပါတယ်... စစ်တစ်ခုဖြစ်လာတဲ့အခါအများဆုံးထိခိုက်ရတာကတော့ ပြည်သူတွေပဲဖြစ်ပါတယ်...နောက်ပြီးတော့ ဒီလူတွေကိုကာကွယ်ဖို့အတွက် သစ္စာဆိုထားတဲ့ စစ်သားတွေရဲ့ရင်းနှီးမှု့တွေကလည်းမသေးပါဘူး... ဒါပေမယ့် သူတို့ရင်ဆိုင်နေတဲ့အရာတွေက သာမာန်ထက်လွန်ကဲနေတဲ့ သတ္တဝါတွေဖြစ်နေတဲ့အတွက်ကြောင့် အမေရိကန်လို စစ်အင်အားကြီးခေတ်မီလက်နက်တွေတပ်ဆင်သုံးစွဲနေတဲ့ နိုင်ငံတောင် ဆုံးရှုံးမှု့တွေကြီးလှပါတယ်... အမည်မသိ ဘာအမျိုးအစားမှန်းလည်းမသိတဲ့ သတ္တဝါတွေကြောင့် ပြည်သူတွေကို ကယ်ဆယ်ထုတ်ဖို့သွားရန်အတွက် အမိန့်ပေးခြင်းခံရတဲ့ တပ်စုတစ်စု ကယ်ဆယ်ဖို့သွားရင်းကနေ သူတို့ပါ ရန်သူတွေရဲ့ သတ်ကွင်းမှာ ဓားစားခံတွေလိုပိတ်မိနေကြပါတယ်... အချက်ပေါင်းများစု ပစ်သတ်လည်း မသေတဲ့ ဒီသတ္တဝါတွေကြောင့် ဒီတပ်စုလေးတစ်စုဟာ ဒီအန္တရာယ်တွေကြားထဲကနေ ပြည်သူတွေကို အသက်ရှင်လျက်နဲ့ဘယ်လိုကယ်ဆယ်ထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါပဲ... စတေးမှု့တွေမရှိပဲ စစ်ဆိုတာ ပြီးဆုံးသွားမှာမဟုတ်ပါဘူး... ဒီကားလေးထဲမှာလည်း စစ်တကယ်တမ်းဖြစ်လာရင် ဘယ်လိုဆုံးရှုံးမှု့တွေ ဖြစ်လာတယ်ဆိုတာကို ရိုက်ပြထားတာကြောင့် စစ်ကားကြိုက်သူများလက်လွတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ကားလို့ပြောပါရစေ... File size…2.86GB / 1.13GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1hr 56min Genre .....  Action , Sci-Fi , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Action • Crime • Drama
5.7 2011 116 mins
Battle: Los Angeles
An Autumn's Tale
7.3

An Autumn's Tale ဟာ Hong Kong Film Awards ကနေပြီး ဟောင်ကောင် , ထိုင်ဝမ် နဲ့ ပြည်မ သုံးခုလုံးက ကားကောင်းတွေကို အကုန်လုံးကို Best 100 Chinese Motion Pictures ဆိုပြီး စာရင်း လုပ်ထားတဲ့အထဲ နံပါတ် ၄၉ ချိတ်ထားတဲ့ရုပ်ရှင်။ 49 လို့ဆိုပေမဲ့ ဒီကားကရိုမန့်ကားစစ်စစ် အဲဒီစာရင်းထဲ သူ့အထက်ကရှိနေတဲ့ ရိုမန့် ကားစစ်စစ်တွေက Comrades: Almost a Love Story , Chungking Expressနဲ့ Days of Being Wildပဲရှိတယ်။ ရိုမန့်ကားတွေပေါပေမဲ့ ရိုမန့်ကားကို မာစတာပိစ်ကားဖြစ်အောင် ရိုက်ဖို့ဆိုတာလည်း အခက်ဆုံး လို့တောင်ပြောချင်ပြောလို့ရတယ်မလား။ ဒီရုပ်ရှင်က အပေါ်က သုံးကား လုံးထက် ရှေးကျသလို အပေါ်ကကားတွေထက်လည်း ရိုမန့်အငွေ့အသက် စစ်စစ်ကိုတော့ ရတယ်။ ပိုသာတယ်လို့ ဆိုလိုတာတော့မဟုတ်ဘူးပေါ့။ An Autumn's Taleဟာ Mabel Cheung ရဲ့ "migration trilogy"ထဲက ဒုတိယကားပါ။ Mabel Cheungဟာ အဲဒီကားသုံးကားလုံးကို ရေးသား ရိုက်ကူးခဲ့ပြီး သုံးကားလုံး ဇာတ်ညွှန်းဆုတွေရထားသလို ဟောင်ကောင် best picture တွေ ဘာတွေလည်းရထားပါတယ်။ An Autumn's Tale ကတော့ ဒီသုံးကားထဲက အကောင်းဆုံးလို့ ယူဆလို့ရတဲ့ကားဖြစ်သလို Best Film, Best Cinematography , Best Screenplayဆုတွေရခဲ့ ပါတယ်။ ဒီထဲက မင်းသားကလည်း ဟောင်ကောင်ရဲ့ သက်ရှိထင်ရှား Legend အစစ်ကြီး သရုပ်ဆောင်စွမ်းရည်ရော Personality ရော ဘာမှအပြစ်ပြော စရာမရှိတဲ့ ချောင်ယွန်ဖတ် ။ ဒီကားထဲ သူ့ပုံစံလည်းပေါ်သလို ငပေငတေပုံနဲ့လည်း လိုက်အောင်သရုပ်ဆောင်ပြခဲ့ပေမဲ့ ဒီကားနဲ့တော့ သူ့ best actor ဖြစ်မသွား ခဲ့ပါဘူး။ ဘာလို့ဆို အဲဒီတစ်နှစ်တည်းမှာတင် သူကားသုံးကားနဲ့ best actor ဆုကို ဆန်ခါတင်ဝင်ခဲ့လို့ပါပဲ။ ဒီကားရယ် Prison on Fireရယ် City on Fire ရယ်ပါ။ Prison on Fireနဲ့ ရသွားပါတယ်။ ဒါပေမဲ့ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Best of Chow Yun Fatလို့ ပြောကြပါတယ်။ မင်းသမီးဖြစ်တဲ့ Cherie Chung ကလည်း ဆန်ခါတင်တော့ ဝင်ခဲ့ပါတယ်။ သူ့ကိုတော့ သိပ်မရင်းနှီးလောက်ပေမဲ့ ချောင်ယွန်ဖတ်နဲ့ ကားတော်တော်များများရိုက်ခဲ့ပြီး။ မကြာသေးခင်က တင်ခဲ့တဲ့ လတ်စလီချောင်ရဲ့ Fatal love နဲ့ Once a thief ထဲ အဓိကဇာတ်ကောင်အဖြစ် ပါခဲ့ပါတယ်။ အစအဆုံး အမေရိကန်မှာပဲ ဇာတ်အိမ်တည်ထားတာဖြစ်ပြီး မန်ဟက်တန်တံတား , ဘရွတ်ကလင်းတံတား , ဝီလီယမ်ဘာ့ချ်တံတား ,နယူးယောက်တရုတ်တန်းတို့လို နေရာတွေမှာ ရိုက်ကူးခဲ့ပါတယ်။ စီနီမာတိုဂရပ်ဖီ ဆုရထားတဲ့ကားပီပီသသပဲ ဇာတ်ဝင်ခန်းအများစုက တော်တော်လှပါတယ်။ အထူးသဖြင့် ချောင်ယွန်ဖတ်ရဲ့ ဖိုသီဖတ်သီ ကြေကွဲစုတ်ပြတ်နေတဲ့ ရုပ်ကလပ်ကြီးနဲ့ တွဲရိုက်ပြထားတဲ့ အခါတွေ မှာပေါ့။ ဒီရုပ်ရှင်ရဲ့ Iconic Scene ကတော့ မြန်မာဝတ္တုတိုတစ်ခုထဲတောင် ဖတ်ဖူးတဲ့ အခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ အဲဒီဝတ္တုထဲက အခန်းကို သိပ်တော့မမှတ်မိတော့ပေမဲ့ ဘာပစ္စည်းတွေလဲတော့ သေချာမမှတ်မိတော့ပေမဲ့ အကျဉ်းဖျဉ်းက ကောင်လေးက နာရီကြိုးအသစ်လဲချင်တယ်။ ကောင်မလေးက ကလစ်လားမသိလိုချင်တာထင်ပါ တယ်။ နောက်ကျ ကောင်လေးက နာရီစက်ကိုရောင်းပြီး ကလစ်ပေး၊ ကောင်မလေးက ဆံပင်ရောင်းပြီး နာရီကြိုးပေးတာလားတော့ မသိဘူး။ ဒီထဲက Iconic Scene ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒီအခန်းကိုမှ ချောင်ယွန်ဖတ်ရဲ့ acting နဲ့ပေါင်းလိုက်တော့ တော်တော်လေး ထိတဲ့ ဇာတ်ဝင်ခန်းအဖြစ်အသက်ဝင်သွားတာပါပဲ။ ရိုမန့်ကားတွေ ကြိုက်တတ်ရင်တော့ ဒီကားဟာ အနှစ်နှစ်အလလ လှည့်မကြည့်ဖြစ်ခဲ့တဲ့ စာအုပ်စင်ပေါ်က ချောင်အကျဆုံးနေရာက စာအုပ်ထဲ ပြန်တွေ့လိုက်ရတဲ့ အချစ်ဦးရဲ့ ဓာတ်ပုံဟောင်းတစ်ပုံလို ဖြစ်နေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(2.34 GB) / (930 MB) / (531 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Romance Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family
7.3 1987 98 mins
An Autumn's Tale
The Perfect Storm
6.4

2012တို့ The Finest Hoursတို့လို disaster moviesကြိုက်တတ်သူတွေအတွက် ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ The Perfect Storm ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… Best Special Visual Effectsဆုရထားတာမလို့ ကားဟောင်းကြီးဆိုပြီး CGI ဂွမ်းမှာလည်း မပူရပါဘူး သရုပ်ဆောင်တွေကတော့ Oceanမင်းသားကြီး George Clooneyနဲ့ The Italian Jobမင်းသား Mark Wahlbergတို့ဖြစ်ပြီး directorကတော့ Air Force One, Poseidenတို့ကိုရိုက်ကူးခဲ့သူ Wolfgang Petersonပဲ ဖြစ်ပါတယ်… ဇာတ်လမ်းအကျဥ်း ကပ္ပတိန်ဘီလီတိုင်နဲ့ တံငါသည်၅ယောက်တို့ဟာ အန်ဒရီရာဂေးလ်ဆိုတဲ့ ငါးဖမ်းလှေနဲ့ ပင်လယ်ထဲကိုငါးဖမ်းထွက်လာပါတယ်.. ဒါပေမဲ့ ကံဆိုးချင်တော့ နှစ်၁၀၀မှာ ၁ခါဖြစ်ခဲလှတဲ့ မုန်တိုင်းကြီးတစ်ခုနဲ့ ပက်ပင်းတိုးပါတော့တယ်.. ရိုးရိုးမုန်တိုင်းမဟုတ်ဘဲ The Perfect Storm လို့ခေါ်ရလောက်အောင် ဘာတွေကများထူးခြားနေလို့လဲ… ဒီမုန်တိုင်းကြီးထဲကနေ သူတို့တွေလွတ်မြောက်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ခံစားကြည့်ရှုလိုက်ကြပါဦး File size…(2.83GBGB)  / (`1.54GB)  Quality…. Web 1080P / 720p  Format…mp4 Duration….02:10:00 Genre...  Drama /Action / Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ei Thwal

Action • Horror • Mystery • Thriller
6.4 2000 130 mins
The Perfect Storm
Cut, Color, Murder
6.4

Cut, Color, Murder (2022) အခု မိတ်ဆက်ပေးမယ့်ဇာတ်ကားကတော့ Arrow, Lucifer နဲ့ Timeless တို့လို စီးရီးမျိုးတွေမှာ လက်စွမ်းပြခဲ့တဲ့ ဒါရိုက်တာ Stacey N. Harding ကရိုက်ကူးပေးထားပြီး မင်းသမီး Julie Gonzalo ကနေ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး ဒရာမာမင်းသား Ryan Mc Partlin နဲ့ Nathan Witte ကနေ ဇာတ်ပို့အဖြစ် ပါဝင်ပံ့ပိုးပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ အာလီ ရိဒ်ဆိုတဲ့ အမျိုးသမီးတစ်ဦးအပေါ်ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ အာလီဟာ ဆံသပညာရှင်အဖြစ်လုပ်ကိုင်နေတဲ့ မုဆိုးမလေးတစ်ယောက်ပေါ့။ သူနေတဲ့ ဂိုးလ်ဒန်းပိခ်မှာ သူ့ညီမနဲ့အတူ ကိုယ်ပိုင်ဆိုင်ခန်းလေးနဲ့ အလှပြင်ဆိုင်ဖွင့်ထားကြတာပေါ့။ တစ်မြို့လုံးကလည်း သူတို့ကကောင်းဆုံးဆိုတာကို သိလို့ သူတို့ဆိုင်ကိုပဲ လာပြီးအားပေးကြပါတယ်။ အာလီကလည်း သူ့ခင်ပွန်းအသတ်ခံလိုက်ရပြီးကတည်းက မြို့မှာကိစ္စတစ်ခုခုရှိလာပြီဆိုရင် အပျော်တမ်းစုံထောက်အနေနဲ့ အမှုတွေကို ရဲတွေနဲ့အတူ လိုက်ဖြေရှင်းပေးလေ့ရှိတဲ့သူပါ။ တစ်နေ့တော့ သူတို့မြို့မှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ မယ်ရွေးပွဲစဖို့ အကြောင်းဖန်လာပါတော့တယ်။ အဲဒါကြောင့် ပွဲအတွက် စီစဉ်နေတုန်းမှာ ပွဲကိုဦးဆောင်စီစဉ်ပေးနေတဲ့သူက အသတ်ခံလိုက်ရပါတယ်။ သူ့ညီမကလည်း အဲဒီပြိုင်ပွဲမှာပါနေတာကြောင့် အာလီဟာလည်း မဖြစ်မနေ လူသတ်တရားခံကို လိုက်ရှာရပါတော့တယ်။ အာလီတစ်ယောက် ဘယ်လိုသဲလွန်စနောက်လိုက်ပြီး ဘယ်လို အခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ... ဘယ်သူကရော တကယ့်လူသတ်သမားဖြစ်နေမလဲ... ဒါ့အပြင် သူ့ယောက်ျားကို သတ်ခဲ့တဲ့သူကလည်း သူ မထင်မှတ်ထားတဲ့သူများဖြစ်နေမလား... ဆိုတာကို စုံထောက်ကားကြိုက်တဲ့သူတွေအနေနဲ့ စိတ်ဝင်တစားအားပေးကြည့်ရှုနိုင်မယ့်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက IMDb မှာ ၆.၂ ပဲ ရထားပေမယ့် ၇ ဝန်းကျင်လောက်အထိ ရသင့်တဲ့ တကယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ တကယ်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 680MB Quality - 1080p, 720p IMDb Rating - 6.2/10 Format - mp4 Duration - 1H 24Min Genre - Crime, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Reality
6.4 2022 84 mins
Cut, Color, Murder
The Dog Lover’s Guide to Dating
6.1

ဒီဇာတ်ကားလေးဟာ လောလောလတ်လတ်ထွက်ရှိထားတဲ့ Romance and Comedy အမျိုးအစားဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ ခွေးလေးတွေချစ်တတ်တဲ့သူတွေအတွက် ခွေးထိန်းရင်းရည်းစားရအောင်လုပ်နည်းတွေပြောပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဆိုလည်းမမှားပါဘူး။ ဒီဇာတ်ကားလေးထဲမှာ လူတွေကိုအယုံအကြည်မရှိတော့လို့ခွေးလေးတွေထိန်းကျောင်းရင်းနဲ့ပဲဘဝကိုဖြတ်သန်းသွားချင်တော့တယ်ဆိုတဲ့ ခွေးလေးတွေကိုနည်းပြလုပ်ပေးတဲ့ အဲလက်စ်ဆိုတဲ့ကောင်မလေးနဲ့ နာမည်ကြီးကြော်ငြာထုတ်လုပ်ရေးပိုင်ရှင် ဆိုင်မန်တို့ရဲ့ အချစ်ဇာတ်လမ်းလေးကိုစီးမြောခံစားကြရမှာပါ။ ငယ်စဉ်ကတည်းကဖခင်ဖြစ်သူက စွန့်ပစ်သွားတာကိုစိတ်ဒဏ်ရာရနေခဲ့ပြီး အရွယ်ရောက်ချိန်မှာ ရည်းစားထား အိမ်ထောင်ပြုဖို့အယုံအကြည်မရှိတော့တဲ့အဲလက်စ်တစ်ယောက်ဟာ ခွေးလေးတွေနဲ့ပဲအချိန်ကုန်ဆုံးရင်းတစ်နေ့မှာဆိုင်မန်နဲ့ အမှတ်မထင်ဆုံခဲ့ကြရာက ဒီဇာတ်လမ်းလေးဖြစ်ပေါ်လာခဲ့တာပါ။ ဆိုင်မန်ဟာ ကလိုဝီဆိုတဲ့နာမည်ကျော်ဒီဇိုင်နာတစ်ယောက်ရဲ့အချစ်ကိုရဖို့ကလိုဝီရဲ့ခွေးလေးဆိုင်မန်နဲ့ အရင်နီးစပ်ဖို့လိုတာမို့ ဆွေးလေးဆိုင်မန်ကိုယဉ်ပါးအောင်ထိန်းကျောင်းဖို့အဲလက်စ်ဆီကနေအကြံပြုချက်လေးတွေသင်ယူရင်းနောက်ဆုံးမှာ သူ့ကိုယ်သူရှာတွေ့သွားပြီး အချစ်အကြောင်းဘာမှမသိပါဘူးဆိုတဲ့ဆရာမကြီးအဲလက်စ်ရဲ့အချစ်သင်ခန်းစာတွေမှာတဖြည်းဖြည်းနစ်ဝင်သွားကာအချစ်ဆိုတဲ့အရသာကိုခံစားမိသွားပြီး အချစ်နောက်ကို တကောက်ကောက်လိုက်ခဲ့ပုံနဲ့ အချစ်ကိုရောလူတွေကိုရောအယုံအကြည်မရှိပါဘူးဆိုပြီးစကားအကုန်ပြောထားတဲ့ဆရာမကြီးအဲလက်စ်ဟာဆိုင်မန့်ကိုသင်ခန်းစာတွေသင်ပေးရင်းသူကိုယ်တိုင်အချစ်မှာကျရှုံးခဲ့ရပုံကိုတစ်ဝကြီးခံစားကြည့်ရှူရမှာပါ။ File size…(1.7 GB)/(944 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hein Pyae Sone

6.1 2023
The Dog Lover’s Guide to Dating
Angaaragan
8.7

Angaaragan 2023 (တောနက်ထဲကပဟေဠိစံအိမ်) IMDb – 8.7/10 Halloween ပွဲလည်းနီးကပ်လာပြီဆိုတော့ တမူထူးလို့ ဘောလိဝုဒ်ဟော်ရာလေးနဲ့ငြိမ့်ချင်တဲ့ စီအမ်ပရိသတ်ကြီးအကြိုက် Horror, Thriller ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ သရဲကားဆိုပေမဲ့ နည်းနည်းလည်းအခွီဓာတ်လေးနှောထားတာဆိုတော့ မျက်နှာကွယ်ထားစရာရင်ခွင်ကြီးမရှိတဲ့ အက်ဖ်အေတစ်သိုက်အတွက်လည်း အဆင်ပြေပါကြောင်း ထပ်လောင်းပြောရင်းနဲ့…. ဇာတ်လမ်းအကျဉ်း ကူရင်ဂျီမာလဲအပန်းဖြေစခန်းဟာ တောထဲမှာရှိတဲ့အပန်းဖြေစခန်းတစ်ခုဖြစ်ပြီး တစ်ချိန်က သဘာဝပတ်ဝန်းကျင် တောတောင်ရေမြေအလှကိုနှစ်သက်တဲ့ ခရီးသွားတွေကြားမှာ တော်တော်ကို ရေပန်းစားခဲ့တဲ့နေရာတစ်ခုပေါ့။ တစ်‌နေ့မှာ ဒီအပန်း‌ဖြေစခန်းရဲ့ပိုင်ရှင် ပျောက်ဆုံးသွားတဲ့အပြင် တောလမ်းကိုဖြတ်ရတာကြောင့် ကားတွေကလည်း လိုက်မပို့ချင်ကြတော့ အပန်းဖြေစခန်းကို လာတဲ့လူလည်းတဖြည်းဖြည်းနည်းပါးလာပါတော့တယ်။ ရှီဗာဟာ အပန်း‌ဖြေစခန်းပိုင်ရှင်ရဲ့ဇနီးဖြစ်သူနဲ့ ဆွေနီးမျိုးစပ်တော်စပ်သူဖြစ်ပြီး ‌‌အဒေါ်ဖြစ်သူနေမကောင်းတာကြောင့် အပန်းဖြေစခန်းကို ကြီးကြပ်ဖို့ရောက်နေတဲ့သူပါ။ အဲဒီမှာ ရှီဗာလည်း အပန်း‌ဖြေစခန်းကိုလိုက်ကြည့်ရင်းနဲ့ ထူးဆန်းတဲ့အိမ်တစ်လုံးကိုမြင်ခဲ့ပေမဲ့ ဒီအိမ်ထဲကိုဝင်ခွင့်မရှိဘူးဆိုလို့ ဝင်ခွင့်မရခဲ့ပါဘူး။ တစ်နေ့.. အပန်းဖြေစခန်းမှာလာတည်းနေတဲ့ ပူဂျီသာဆိုတဲ့မိန်းကလေး ပျောက်ဆုံးရာကနေ ဧည့်သည်ချင်းရန်ဖြစ်တာကြောင့် ကိုမြညွန့်တို့အဖွဲ့ရောက်လာပြီ စစ်လားဆေးလားလုပ်ရာကနေ ဒီတောတွင်းအပန်း‌ဖြေစခန်းမှာ ခြေချုပ်မိဖို့ဖြစ်လာတဲ့ သူတို့တစ်သိုက်… လူသူအဝင်အထွက်တားမြစ်ထားတဲ့ အိမ်ကြီးမှာ ဘာတွေရှိနေတာလဲ။ ကောင်မလေးကရော ဘာလို့ရုတ်တရက်ပျောက်သွားရတာလဲ။ ကိုမြညွန့်တို့အဖွဲ့ကရော အမှုစစ်ရင်းဘယ်လိုဖြစ်ရပ်ဆန်းတွေကြုံရမလဲ‌ဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.7 1900 130 mins
Angaaragan
The Prequel of Gold Convoyers 9 : An Ultimate Task
5.6

ဒါကတော့ The Prequel of Gold Convoyers ရဲ့(9)ကားမြောက်ကားပဲဖြစ်ပါတယ်။ စုစုပေါင်း ဆယ်ကား တိတိရှိပြီး အားလုံးကို ဒီလင့်မှာ ကြည့်နိုင်ပါတယ် ဆရာတူညီမလေးကျင်းကျင်းသေသွားတော့ ကူဖျင်အန်းကိုချစ်မိနေတဲ့ဝမ်ကျောက်ရှင်းဟာ အနာဂတ်မရှိတဲ့ ကိုယ်ရံတော်တပ်ကိုစိတ်ကုန်ပြီး ကိုယ်ရံတော်တပ်ကထွက်ပြီး အချစ်နဲ့အတူသာမန်ဘဝလေးမှာပဲနေဖို့ဆုံးဖြတ်လိုက်တယ်။ အဲဒါကြောင့်သူ့မွေးစားအဖေကိုအသိပေးဖို့ မြို့တော်ကိုသွားတဲ့အချိန်မှာ သူ့ကိုနောက်ဆုံးတာဝန်တစ်ခုပေးအပ်လိုက်တယ်။ တိုင်းတစ်ပါးကစစ်ရှုံးပြီး အညံ့ခံလာတဲ့စစ်သူကြီးတစ်ယောက်ကိုစောင့်ရှောက်ပြီး စစ်မက်ရေးရာဌာနကိုပို့ပေးဖို့ပါ။ ဘယ်သူထင်မထားမလဲ မြို့အဝင်တံခါးမကြီးကနေ စစ်မက်ရေးရာဌာနကိုသွားတဲ့လမ်းတစ်လျှောက်မှာ အန္တရာယ်တွေအထပ်ထပ်ကြုံရမယ်လို့ပေါ့။ တစ်နေ့တာအတွင်း အန္တရာယ်အထပ်ထပ်ကိုကျော်ဖြတ်ပြီး စစ်မက်ရေးရာဌာနကိုရောက်အောင်ပို့ပေးဖို့ကြိုးစားတာကို သဲထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။

5.6 2010
The Prequel of Gold Convoyers 9 : An Ultimate Task
Shangtong Village: Story of a Strange Snake
5.7

ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်း ရှန့်ထုံရွာမှာ စပါးအုံမြွေကြီးတစ်ကောင်ပေါ်လာပြီးတော့ တစ်ရွာလုံးရုတ်ရုတ်သဲသဲ ဖြစ်သွားရတဲ့အကြောင်းကို ဇာတ်ကြောင်းပြောသလိုပုံစံလေးနဲ့ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းအနေနဲ့ ရှန့်ထုံရွာမှာ တစ်နှစ်တစ်ခါ လူပျိုအပျိုကလေးကို မီးလောင်တိုက်သွင်းပြီးတော့ မြစ်စောင့်နတ်ကိုပူဇော်ရတဲ့ဓလေ့ရှိပြီးတော့ နတ်ဆရာက ဉာဏ်ပူဇော်ခတွေလည်းအဆမတန်တောင်းပါတယ် ။ ဒီလိုနဲ့တစ်နေ့မှာတော့ ပုံမှန်အတိုင်းယစ်ပူဇော်ပွဲလုပ်နေကျနေရာကို ယွိလင်လုံဆိုတဲ့ကောင်လေးရောက်လာပြီး ယစ်ပူဇော်မှုကိုတားမြစ်ပြီး မီးလောင်တိုက်အသွင်းခံရတော့မဲ့ကလေးကိုကာကွယ်ပေးခဲ့ပါတယ် ။ ဖြစ်ချင်တော့ ယန်ဓာတ်လွန်ကဲနေတဲ့ခန္တာကိုယ်ပိုင်ရှင်သူ့ကို အားလုံးကနမိတ်မကောင်းဘူးဆိုပြီးနှင်ထုတ်ကြပါတယ် ။ အဲဒီအချိန်မြွေကြီးတစ်ကောင်ပေါ်လာပြီးရွာသားတွေကို တိုက်ခိုက်ကြတော့ အားလုံးလည်း မြွေဆိပ်ပန်းနဲ့မြွေတွင်းဒဏ္ဍာရီကိုပိုပြီးယုံသွားပါတော့တယ် ။ တစ်ရွာလုံးက နမိတ်မကောင်းဘူးဆိုပြီးဖယ်ကျဉ်ထားတဲ့ ယွိလင်လုံတစ်‌ယောက် နျဲ့ဝမ်းအာဆိုတဲ့မိန်းကလေးကို ကယ်လိုက်ပြီးနောက်မှာတော့ ပထမဆုံးအကြိမ်မိတ်ဆွေတစ်ယောက်ကိုရခဲ့ပြီး မြွေကြီးတွေကိုရှင်းလင်းဖို့ဘယ်လိုလုပ်ကိုင်သွားမလဲ ? ဂျပန်တွေလက်ထဲကနေ မြွေဆိပ်ပန်းကိုဘယ်လိုကာကွယ်သွားမလဲဆိုတာတာကို ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားစွာ ကြည့်ရှုလိုက်ပါဦး

Mystery • TV Movie • Crime • Drama
5.7 2024
Shangtong Village: Story of a Strange Snake
Money Bastion
6

စတော့ရှယ်ယာလောကဟာ လည်တဲ့သူချမ်းသာပြီး အ သူခံရစမြဲရှိတယ်။ စွန့်စားစိန်ခေါ်မှုတွေကိုကြိုက်ပြီး လောဘကြီးတဲ့လူတွေရဲ့သဘာဝကိုအသုံးချပြီ း ရှယ်ယာစျေးကွက်ကိုချယ်လှယ်ပြီး လိမ်စားတဲ့သူတွေရှိကြတယ်။ ပါမောက္ခဟန်ဆိုတဲ့စတော့ရှယ်ယာအကြံပေးအစီအစဉ်တင်ဆက်သူ (William Feng) ဟာ ညီကိုတွေနဲ့ပူးပေါင်းပြီးတော့ စတော့ရှယ်ယာစျေးကွက်ကို အသုံးချပြီးတော့ လူတွေကိုအကွက်ချလိမ်လည်နေခဲ့တယ်။ ရဲဘက်ကရိပ်မိသွားပြီး လိုက်ဖမ်းတဲ့အချိန်မှာ မြို့ရဲ့ထိပ်တန်းလုပ်ငန်းစုရဲဥက္ကဌကြီးက သူတို့ညီကိုတွေကိုကူညီခဲ့ပြီး သူ့အတွက်အလုပ်လုပ်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။ တကယ်တမ်းကျတော့ သူဌေးကြီးကသူလုပ်ခဲ့တဲ့တရားမဝင်လုပ်ငန်းတွေအတွက် အပြစ်အစားခံမယ့်သူရှာနေတာပဲဖြစ်ပါတယ်။ သူဌေးကြီးမသိလိုက်တာကတော့ သူ့ကိုယ်သူမုဆိုးလို့ထင်နေပေမယ့် တကယ်တမ်းတော့သူကသားကောင်ဖြစ်နေတယ်ဆိုတာကိုပါပဲ။ စီးပွားရေးဉာဏ်ကြီးရှင်တွေကြားက တိုက်ပွဲတစ်ခုမှာ နောက်ဆုံးသားကောင်ဟာဘယ်သူဖြစ်နေမလဲ။

6 2025
Money Bastion
La Cocina The Kitchen
7.2

La Cocina (2024) IMDb Rating (7.2) / Rotten Tomatoes (72%) ဒီရုပ်ရှင်ရဲ့နာမည် La cocina (The Kitchen )ကို စတွေ့တော့ စိတ်ထဲထင်လိုက်တာက ဟင်းချက်တဲ့ရုပ်ရှင်ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ပိုစတာကြည့်တော့လည်း စားဖိုဆောင်ထဲက ရိုမန့်လိုလိုဘာလိုလို ပိုစတာမျိုးပဲ။ အထင်နဲ့အမြင်က တက်တက်စင်အောင် လွဲသွားတယ်ပြောရမှာပဲ။ ဇာတ်ရဲ့နေရာက အမေရိကန်ပြည်ထောင်စုကြီးရဲ့ အချက်အချာအကျဆုံးမြို့ဖြစ်တဲ့ နယူးယောက်ရဲ့ အချက်အချာအကျဆုံးနေရာဖြစ်တဲ့ Times Square။ စီးပွားရေး ဖျော်ဖြေရေး တိုးရစ်ဆွဲဆောင်ရေး ဒီနေရာမှာ အရာအားလုံးစုနေတယ်။ ၂၄နာရီလုံး မီးရောင်စုံတွေ ဒစ်ဂျစ်တယ်ဆိုင်းဘုတ်တွေနဲ့ လင်းထင်းနေတဲ့နေရာပေါ့။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ အဲဒီအရောင်တွေတစ်ခုမှမြင်ရမှာမဟုတ်ဘူး။ တစ်ကားလုံးနီးပါးအဖြူအမဲနဲ့ပဲ ပြထားတယ်။ သူ့မြို့ပြရဲ့ ရှုပ်ထွေးမှုကိုတော့ focusမငြိမ်တဲ့ ရိုက်ချက်တွေနဲ့ ပြထားတယ်။ ဒီရုပ်ရှင်ရဲ့နာမည်ဖြစ်တဲ့ စားဖိုဆောင်က Times Squareက ကြက်ပျံမကျ လူစည်တဲ့ The Grillလို့ခေါ်တဲ့ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ မြေအောက်ထပ်ပါပဲ။ The Grillရဲ့ စားဖိုဆောင်ထဲ အလုပ်လုပ်တဲ့ စားဖိုမှူးတွေ ဟင်းချက်သမားတွေ အများစုက အမေရိကထဲကို တရားမဝင်ခိုးဝင်လာတဲ့ မက္ကဆီကန်တွေ။ သူတို့မှာ ဗီဇာမရှိသလို ဒီအမေရိကကိုရောက်လာဖို့ သူတို့ရဲ့အရာအားလုံးကို ရင်းထားရတဲ့လူတွေ။ ပြောရရင် ပြန်ဆုတ်စရာ လမ်းမရှိတဲ့လူတွေ။ ကြက်ပျံမကျလောက်အောင် ဝိုင်းအပြည့်နဲ့ စည်ကားတဲ့ စားသောက်ဆိုင်တွေမှာ တစ်ခါတလေတော့ ခင်ဗျားတို့ ကျွန်တော်တို့ ထိုင်ဖူးကြမှာပါပဲ။ တစ်ဝိုင်းကမှာလိုက် တစ်ဝိုင်းက ထသွားလိုက် နောက်တစ်ဝိုင်းက ပြန်ဝင်လိုက် ဟင်းပွဲတွေတစ်ပွဲပြီးတစ်ပွဲ မိုးပေါ်ကကျသလို ကျလာနေတဲ့ လူကျတဲ့အချိန်တွေဆို စားပွဲထိုးတွေတောင် ခြေချင်းလိမ်နေရတဲ့ ဆိုင်တွေပေါ့။ အဲဒီမိုးပေါ်က ကျလာသလို ဇယ်ဆက်ကြီးကျလာတဲ့ ဟင်းပွဲတွေရဲ့ နောက်ကွယ်က စားဖိုခန်းဟာ ဒီလိုအချိန်တွေဆို ခုတ်ဟယ် ထစ်ဟယ် ပြေးဟယ် လွှားဟယ်နဲ့ ဇယ်ဆက်သလို ချက်နေပြုတ်နေရတဲ့ အချက်သမားတွေ , အော်ဒါကောက်လိုက် လာပြောလိုက် ပြန်လာယူလိုက် အချက်သမားနဲ့ ကတောက်ကဆတ်ဖြစ်လိုက် ဗျာများနေတဲ့ စားပွဲထိုးတွေရဲ့ စိတ်ပင်ပန်းလူပင်ပန်း အလုပ်ခွင်ကြီးကို La cocinaမှာ စိတ်ညစ်စရာကောင်းလောက်အောင်ကို ပြထားတယ်။ ဘယ်အလုပ်မဆို ပင်ပန်းကြတာချည်းပေမဲ့ ဘယ်နေရာက စားဖိုဆောင်မဆို ဒီလိုပင်ပန်းကောင်း ပင်ပန်းနိုင်ပေမဲ့ ဒီစားဖိုဆောင်မှာ အလုပ်လုပ်နေတဲ့လူတွေက တရားမဝင် အလုပ်သမားတွေပါ။ ပြောဆိုဆက်ဆံနေရတဲ့ ဘာသာစကားလည်းမတူသလို အလုပ်ပြုတ်သွားရင်လည်း ဘဝပျက်သွားနိုင်တဲ့ သူတို့အတွက် စိတ်ပင်ပန်းတဲ့ ဒဏ်က ပိုပြင်းတယ်။ မများလှတဲ့လခနဲ့ အထင်သေးတဲ့အကြည့်တွေရဲ့ ဒဏ်ကလည်း တစ်ပိုင်းပေါ့။ ဒီစားဖိုခန်းထဲက လူအများစုက ဒီလိုလူတွေပဲ။ ဒါကိုလည်း ဒါရိုက်တာက ဇာတ်ကောင်တစ်ကောင်တည်းကိုပဲ ဦးတည်မှုသက်သက်ထားထားတာမဟုတ်ဘဲ ကျန်တဲ့ဇာတ်ကောင်တွေရဲ့ အခြေအနေကိုလည်း ပြသင့်သလောက်ပြသွားတယ်။ ပြောရရင် François Truffautရဲ့ The Last Metroထဲက ပြဇာတ်ရုံကို ပြသလို Alonso Ruizpalaciosက စားဖိုဆောင်ကိုပြထားတယ်။ တူညီတဲ့အခြေအနေအောက်က မတူညီတဲ့ဒုက္ခတွေ, မတူညီတဲ့အခြေအနေအောက်က တူညီတဲ့ဒုက္ခတွေ အစုံပေါ့၊။ ဒီမှာပဲဖြစ်ဖြစ် ဒီမှာမဟုတ်တဲ့တခြားဆီမှာပဲဖြစ်ဖြစ် ကိုယ်တိုင်ပဲဖြစ်ဖြစ် ဆက်စပ်သက်ဆိုင်နေတဲ့လူတွေပဲဖြစ်ဖြစ်အတွက် ဒီလိုအလားတူလုပ်ငန်းခွင်တွေဟာ ကျွန်တော်တို့ရဲ့ အရှိတရားတွေပဲဆိုတော့ ဒီအခြေအနေတွေအားလုံးက ကျွန်တော်တို့ဝင်ခံစားပေးလို့ရတဲ့ အခြေအနေတွေချည်းပဲ။ ဒါကြောင့်လည်း ဒီရုပ်ရှင်ရဲ့ပြကွက်တိုင်းနီးပါးက ကျွန်တော့်ရင်ထဲတော့ တော်တော်ရောက်ခဲ့တယ်။ ပိုဆိုးတာက ဇာတ်လမ်းစကတည်းက The Grillမှာ ဆိုင်ငွေဒေါ်လာ၈၀၀ပျောက်သွားတယ်။ အဲဒီငွေ၈၀၀ကို ခိုးတဲ့လူကို ဆိုင်ပိုင်ရှင်က မန်နေဂျာကို ရအောင်ရှာခိုင်းလိုက်တယ်။ မန်နေဂျာက တစ်ယောက်ပြီးတစ်ယောက်ကို စစ်မေးခဲ့တယ်။ မျက်နှာငယ်ရတဲ့အထဲ စွပ်စွဲခံရသလိုပါဖြစ်နေတော့ အကုန်အဆင်မပြေကြဘူးပေါ့။ ဒီဒဏ်ကို အဆိုးဆုံးခံရတာက အဓိကဇာတ်လိုက်ဖြစ်တဲ့ ပီဒရိုနဲ့ သူနဲ့ကြိုက်နေတဲ့ ဂျူလီယာ။ ဒီမတိုင်ခင်က ဂျူလီယာက ပီဒရိုနဲ့ရတဲ့ကိုယ်ဝန်ကို ဖျက်ချဖို့ လိုတဲ့ငွေ ၈၀၀ကို လိုက်ချေးခဲ့တယ်။ အဲဒီငွေကို ပီဒရိုက ရအောင်ရှာကြံထုတ်ပေးလိုက်တယ်။ ပမာဏလည်း တူနေတော့ သံသယက သူတို့ခေါင်းပေါ်တည့်တည့်ကျလာတယ်။ ဒီကြားထဲ ဆိုင်ပိုင်ရှင်က ပီဒရို့ကို မင်းအလုပ်လုပ်နေတာ နှစ်လည်းကြာနေပြီ မင်းကို တရားဝင်နေထိုင်သူဖြစ်အောင် ဗီဆာလျှောက်ဖို့ကူပေးမယ်ဆိုပြီး မျှော်လင့်ချက်အတုတွေပေးထားသေးတော့ ပီဒရို့မှာ သူခိုးလို့လည်းအထင်ခံရ မျှော်လင့်ချက်လေးကလည်းပျက် ၂ခါမကနာရင်း မကနာတဲ့ကြားက တခြားအဖြစ်ပေါင်းစုံပါ ထပ်ပေါင်းလာတဲ့အချိန် ပြုတ်ကျသွားတဲ့ ပီဒရို့အခြေအနေကို La cocinaမှာ အဓိကမြင်ရလိမ့်မယ်။ ပီဒရို့ဇာတ်ကောင်ကို တည်ဆောက်ထားပုံက‌ တော်တော်လေး သဘောကျစရာကောင်းတယ်။ စစမှာ သူ့ကို မကောင်းတဲ့လူတစ်ယောက်နီးနီး ပုံဖော်ထားတယ်။ နောက်ပိုင်း သူ့ကောင်းခြင်းဆိုးခြင်းကို အကဲဖြတ်ဖို့ခက်လာတယ်။ နှစ်ခုလုံး ရောပြွမ်းနေတယ်ပေါ့။ အဆုံးသတ်မှာ သူ့ကို ကျွန်တော်တို့စာနာမိတဲ့အချိန်မှာ သူနဲ့အတူတူ ကျွန်တော်တို့ပါ ပြုတ်ကျတော့တာပါပဲ။ တစ်နည်းပြောရရင် ဒီဇာတ်လမ်းဟာ ကမ္ဘာပြိုသူတစ်ယောက်အကြောင်းပေါ့။ La cocina ကို တစ်ကားလုံး အဖြူအမည်းနဲ့ ပြထားပေမဲ့ အရောင်ပါတဲ့ ဇာတ်ဝင်ခန်း နှစ်ခန်းတော့ရှိခဲ့တယ်။ အရောင်ဆိုပေမဲ့လည်း တစ်ရောင်တည်းတွေပါပဲ။ တစ်ခန်းကတော့ အပြာရောင်တွေမှိုင်းနေတယ်။ အပြာဆိုတာ ရမ္မက်ရဲ့အပြစ်တွေကို ကိုယ်စားပြုတဲ့အရောင်လည်းဖြစ်နေသလို ဒီအပြာကို ရမ္မက်တွေပြည့်နေတဲ့ ဇာတ်ဝင်ခန်းမှာပဲ သုံးထားတာဆိုတော့ ဒါတော့ရှင်းရှင်းလင်းလင်းပါပဲ။ အစိမ်းကိုတော့ ဇာတ်ဝင်ခန်းတစ်ခန်းမှာ စကားနဲ့တစ်ခါပြောပြီး , ဇာတ်ဝင်ခန်းတစ်ခန်းမှာ အရောင်နဲ့တစ်ခါပြခဲ့တယ်။ အဲဒီဇာတ်ဝင်ခန်းမှာ သူတို့အလုပ်သမားတစ်အုပ်ဟာ အလုပ်နားချိန်မှာ တိုက်နောက်ဘေးလမ်းထဲ ထိုင်နေခဲ့ကြတယ်။ နားချိန်အထိကို တောက်ပနေတဲ့ Times Squareကြီးက သူတို့နဲ့မသက်ဆိုင်ဘဲ ညစ်ပေမှုန်မှိုင်းနေတဲ့ နောက်ဖေးလမ်းကသာ သူတို့နဲ့သက်ဆိုင်ခဲ့ပုံပါပဲ။ ထိုင်နေရင်း သူတို့တွေ တစ်ယောက်ကိုတစ်ယောက် အိပ်မက်တွေအကြောင်း ပြောပြကြတယ်။ သူတို့မက်တဲ့အိပ်မက်တွေဟာ တစ်ခုမှ ကြီးကြီးကျယ်ကျယ်မဟုတ်ပါဘူး။ ရိုးရိုးကုတ်ကုတ်လေးတွေချည်းပဲ။ အိမ်လေးတစ်လုံး နေရာလေးတစ်ခု ဘဝလေးတစ်ခု ဒီလောက်လေးတွေပဲ။ နောက်ဆုံးတစ်ယောက်ပြောတဲ့ အိပ်မက်ကတော့ ထူးခြားတယ်။ သူ့အမြင်အိပ်မက်ဆိုတာ သိပ်ကံကောင်းတဲ့လူတွေပဲ မက်နိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ခဲ့ပုံပါပဲ။ အိပ်မက်ဆိုတာကိုတောင် မမျှော်လင့်ရဲတဲ့ အဆိုးဆုံးအခြေအနေတစ်ခုကိုရောက်သွားတဲ့ လူတစ်ယောက်အကြောင်းကို သူပြောပြခဲ့တယ်။ နောက်ဆုံး အစိမ်းရောင်အလင်းတန်းတစ်ခုက အဲဒီလူကို ကယ်တင်သွားတဲ့အကြောင်း ပြောပြခဲ့တယ်။ အဲဒီလူရဲ့ဘဝမှာ အဆိုးဆုံးအခြေအနေကိုမရောက်ခင်တုန်းက အိပ်မက်တစ်ခုရှိခဲ့ဖူးမှာ သေချာပါတယ်။ အဆိုးဆုံးအခြေအနေကိုရောက်သွားတဲ့နောက် အိပ်မက်ကို သူမမျှော်လင့်ရဲတော့တဲ့ အခြေအနေရောက်သွားခဲ့တယ်။ ဒီအချိန်မှာ ဒီအခြေအနေက လွတ်မြောက်ဖို့မျှော်လင့်ချက်က အိပ်မက်အသစ်တစ်ခုလို ဖြစ်ကောင်းဖြစ်သွားပါလိမ့်မယ်။ ဒါပေမဲ့ သူ့တကယ့် အိပ်မက်တော့မဟုတ်တော့ဘူး။ အဲဒီအစိမ်းရောင်အလင်းတန်းဟာ အိပ်မက်ကို မမျှော်လင့်ရဲတော့တဲ့ ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ချက်တစ်ခု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ဘဝတွေမှာလည်း အစိမ်းရောင်အလင်းတန်းတစ်ခု ရှိကောင်းရှိလာလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….02:19:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Family • Animation • Comedy
7.2 2024 139 mins
La Cocina The Kitchen
I Want to Live on Mars
6.2

I want to live on Mars (2023) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ သူငယ်ချင်းနှစ်ယောက်အကြောင်းရိုက်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်…. ပစ်ကယ်စ်ဆိုတဲ့ကောင်မလေးက Centralia ဆိုတဲ့ မြို့ပျက်တစ်ခုမှာနေထိုင်တဲ့သူပါ… (Centralia ဆိုတာကတော့ ၁၉၆၂ ခုနှစ်ထဲက မြို့အောက်မှာကျောက်မီးသွေးတွေလောင်ကျွမ်းနေလို့ ၂၀၂၀ ခုနှစ်ထဲကလူဦးရေငါးယောာက်ပဲရှိတော့တဲ့မြို့ပျက်တစ်ခုပါ)…. ဒီမြို့ပျက်ကိုဘရီဇီနဲ့သူ့အမေနန်စီရောက်ရှိလာခဲ့ပါတယ်… ဘရီဇီနဲ့သူ့အမေကအဆင်မပြေတာတွေရှိနေခဲ့ပြီး ဘရီဇီကပစ်ကယ်စ်ဆီသွားနေခဲ့ပါတယ်…. ဒီလိုနဲ့ပုံစံမတူတဲ့သူငယ်ချင်းနှစ်ယောက် မြိုပျက်ကအဆင်မပြေမှုတွေကိုကျောခိုင်းပြီး အတူတူထွက်သွားကြတဲ့အကြောင်းလေးကိုရိုက်ပြထားတာပဲဖြစ်ပါတယ် File size… 1.2 GB / 550 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Akm

6.2 2023 80 mins
I Want to Live on Mars
Devil’s Double Next Level
5

DD Next Level 2025 “သတ္တိဗျတ္တိ” IMDb – 4.8/10 Dhilluku Dhuddu ရုပ်ရှင်စီးရီးရဲ့ လေးကားမြောက်ရုပ်ရှင်ထွက်ရှိလာပါပြီ။ ရှေ့ကားတွေလိုပဲ အခွီတွေ လန့်စရာတွေနဲ့ ခပ်ဆန်းဆန်းပေါင်းဆက်ထားတဲ့ ရုပ်ရှင်ကားပါ။ Kissa47ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တွေကို ဝေဖန်လေကန်တဲ့ နာမည်ကျော်ရီဗျူဝါကတော့ ခရစ်ရှ်နာ။ အိမ်မှာတော့ ဘာမှလက်ကြောမတင်းတဲ့ သောက်ဖျင်းလေးပေါ့။ ရုပ်ရှင်ဆိုတာ လူတိုင်းချစ်ခင်နှစ်သက်သင့်တဲ့အရာ၊ အဲဒါကိုဘယ်သူမှ လှောင်ပြောင်ဝေဖန်တာမျိုး မလုပ်သင့်ဘူးဆိုတဲ့ ဒါရိုက်တာဟစ်ချ်ကော့။ တစ်ရက်တော့ ဒါရိုက်တာ ဟစ်ချ်ကော့ဆီကနေ ခရစ်ရှ်နာဆီကို အထူးပွဲကြည့်ဖို့ တစ်မိသားစုလုံးကြွရောက်လာပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အဲဒီမှာပဲ ထင်မထားလောက်တဲ့ ဇာတ်လမ်းသွားရယ် အခွီတွေ လန့်စရာတွေအပြည့်မို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Action • Thriller
5 2025 131 mins
Devil’s Double Next Level
One Piece Film: GOLD
7.1

One Piece Film: Gold (2016) ———————————– IMDB – 7.1/10, MyAnimeList – 7.8/10 One Piece Movies တွေထဲမှာ ၁၃ ကားမြောက်ဖြစ်ပြီး Runtime အရှည်ဆုံး ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောအရတော့ Dressrosa Arc အပြီးကာလဝန်းကျင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုနေနေပါ Movie တွေအကုန်လုံးက Non-canon ဖြစ်တဲ့အတွက် အေးဆေးကြည့်လို့ရပါတယ်။ Non-canon ဆိုလို့ အထင်တော့ မသေးလိုက်နဲ့ဗျာ ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်တဲ့အပြင် Villain ကောင်တွေကလည်း Awaken ဖြစ်နေပြီးသား ဆရာကြီးဆိုတော့ အသေအကျေ တိုက်ခိုက်တာတွေ ကြည့်ရဖို့သာ ပြင်ထား။ ဒီကားမှာ တစ်ခုသဘောကျမိတာလေးက ခါတိုင်းလို သာမန် Adventure အပြင် Ocean Eleven တို့လို Money Heist တာလေးတွေ MI ရုပ်ရှင်တွေလို ပလန်လေးတွေချ အဖွဲ့ကိုယ်စီ Mission လုပ်တာလေးတွေက တော်တော်မိုက်တယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာ Luffy တို့ တစ်သိုက် ကမ္ဘာ့နံပါတ် ၁ ဖျော်ဖြေရေးဆိုတဲ့ ဧရာမ Gran Tesoro ဆိုတဲ့ကျွန်းပေါ်ကို ရောက်လာရာက စတယ်။ တစ်ကျွန်းလုံးက တကယ်တမ်း ဧရာမသင်္ဘောကြီးတစ်ခု နောက်ပြီး အကုန်လုံးကို ရွှေတွေနဲ့ ဖန်တီးပြုလုပ်ထားတာ။ ထုံးစံအတိုင်း အသစ်အဆန်းဆို မျက်လုံးတွေ အရောင်တောက်ပြီး ဘာကိုမှ မမြင်တော့တဲ့ ဆရာသမားတွေကို ကျွန်းပေါ်က ပိုင်ရှင်အဖွဲ့ကနေ VIP ဧည့်သည်တွေပါ ဧည့်ခံပါမယ် ငွေတွေလည်း ချေးပါမယ်ဆိုပြီး ကာစီနိုတွေ လောင်းကစားတွေ ကစားခိုင်းရာကနေ ငလူဖီတို့အုပ်လိုက် ခွေးဖြစ်ကြမှာရယ်။ နောက်ကွယ်က ကျွန်းပိုင်ရှင်က ဘယ်သူလဲ၊ တကယ့်အဖြစ်မှန်တွေကရော ဘာလဲ၊ ကမ္ဘာ့အစိုးရနဲ့ရော ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုအကွက်တွေရွှေ့နေတာကို Luffy တို့နဲ့ တွေ့မှ ဘာသောက်တလွဲတွေဖြစ်ပြီး ရေကုန်ရေခမ်း တိုက်ခိုက်ရတဲ့အထိ ဖြစ်လာမလဲဆိုတာကို Nami ရဲ့ ဉာဏ်ကစားမှုတွေ အသားပေးပြီး Twist ကလေးတွေနဲ့ တဖြည်းဖြည်း ဆွဲခေါ်သွားလို့ ၂ နာရီကုန်လို့ကုန်မှန်းတောင် မသိလိုက်ရမယ့် OP တစ်ကား ဖြစ်လို့ မကြည့်ရသေးရင် အပြေးကြည့်လိုက်ကြပါဦးလို့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 04m Genre ….. Animation, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Comedy
7.1 2016 120 mins
One Piece Film: GOLD
The Salt Path
7

IMDb Rating (7.0) / Rotten Tomatoes (84%) ရထားတဲ့ ဒီဇာတ်ကားထဲမှာလည်း Raynor Winn ရဲ့ ဖြစ်ရပ်မှန်အမှတ်တရစာအုပ်ကို အခြေခံထားပြီး အိုးမဲ့အိမ်မဲ့ဘဝ၊ နာတာရှည်ရောဂါနဲ့ လူမှုရေးအခက်အခဲတွေကို သဘာဝထဲမှာ ကျော်လွှားပုံကို ဖော်ပြထားပါတယ်။ အဓိကသရုပ်ဆောင်နှစ်ယောက်ကလည်း ဟယ်ရီပေါ်တာဇာတ်ကားမှာ Malfoyရဲ့အဖေ Lucius Malfoy အဖြစ်သရုပ်ဆောင်ထားတဲ့ Jason Isaacs နဲ့ Johnny English ဇာတ်ကားမှာ M17 agent အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Gillian Andersonတို့ဖြစ်ပါတယ်။ ဘယ်သူမဆို ကိုယ်မစွမ်းသာတော့တဲ့အချိန်မျိုးမှာ ကိုယ့်ဆီက အကျိုးတစ်စုံတစ်ရာမျှော်ကိုးပြီး အနားကပ်နေတဲ့သူတွေက ကိုယ့်ကို ရင်ထဲကစေတနာပါပါနဲ့ ပြုစုစောင့်ရှောက်ချင်ကြမှာမဟုတ်ပါဘူး။ ကိုယ့်ဆီက ရစရာရှိတာရပြီးတဲ့အခါ ကိုယ့်ကိုလည်း ပစ်ထားခဲ့ဖို့ ဝန်လေးမှာမဟုတ်ပါဘူးနော်။ ဒါကြောင့် ဘဝရဲ့လက်တွဲဖော်က ကိုယ့်အတွက် စစ်မှန်တဲ့လက်တွဲဖော်ဖြစ်ဖို့လည်း လိုပါသေးတယ်။ ကိုယ့်ဘဝအတွက် အဆိပ်အတောက်လို လက်တွဲဖော်ဖြစ်နေခဲ့ရင်တော့ ကိုယ့်ဘဝတစ်လျှောက်လုံး ဘဝအဆုံးသတ်ချိန်အထိ ထိုမကောင်းတဲ့လက်တွဲဖော်ရဲ့ ဒဏ်ကို ခံစားသွားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ++++++++++ ရေနာဝင်းနဲ့မော့သ် ဝင်းတို့ဟာ ဝေးလ်စ်က သူတို့ရဲ့အိမ်ခြံမြေကို ရင်းနှီးမြှုပ်နှံမှု မအောင်မြင်မှုကြောင့် ပိုင်ဆိုင်သမျှအားလုံးဆုံးရှုံးခဲ့ရပြီး အိုးမဲ့အိမ်မဲ့ ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ မော့သ်မှာ corticobasal degeneration ဆိုတဲ့ သေစေနိုင်တဲ့ အာရုံကြောရောဂါကို ဖြစ်နေတာကို သိလိုက်ရတယ်။ ဒီဒုက္ခတွေကျော်လွှားဖို့ သူတို့ဟာ အင်္ဂလန်ရဲ့ South West Coast Path ၆၃၀ မိုင်ကို လမ်းလျှောက်ခရီးထွက်ဆုံးဖြတ်ခဲ့တယ်။ ငွေကြေးချမ်းသာစည်းစိမ်ပေါများ အခြွေအရံပေါများတဲ့အခြေအနေမျိုးမှာ အတူရှိနေပေးခြင်းက မသိသာပေမယ့် နိမ့်ကျ၊ ဆင်းရဲ၊ ရှုံးနိမ့်ချိန် ဘေးမှာ အတူရှိနေပေးတဲ့ ဘဝလက်တွဲဖော်က ပိုပြီး စစ်မှန်ကြောင်း… သင်အောင်မြင်ချိန်အတူ ဝမ်းသာပေးမယ့်သူဖြစ်သလို၊ သင်နိမ့်ကျချိန်မှာလည်း သင့်လက်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားမယ့်သူမျိုးသာဖြစ်တယ်ဆိုတာ ဒီဇာတ်ကားလေးက သက်သေပြပေးသွားမှာပါ။ File Size… (1.78 GB) / (988 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 55m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Family • Fantasy • Comedy • Adventure
7 2024 115 mins
The Salt Path