YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Outer.Range.S02E04.720p.(CM).mp4

483.26 MB N/A video/mp4 78 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Sorghum
7.2

~ IMDb - 7.3/10, Rotten Tomatoes - 85% ~ ကျန်းရိမူရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်တဲ့ ဒီရုပ်ရှင်ဟာ တရုတ်စာရေးဆရာ Mo Yan ရဲ့ Red Sorghum ဝတ္တုထဲပါတဲ့ ဝတ္တုလတ်ငါးပုဒ်ထဲက ပထမ၂ပုဒ်ဖြစ်တဲ့ "Red Sorghum" နဲ့ "Sorghum Wine" ကို ပေါင်းပြီး ရိုက်ထားတယ်။ ဒီငါးပုဒ်လုံးက ဆက်တော့ဆက်နေပေမဲ့ တကယ်တမ်း စာရေးဆရာက မဂ္ဂဇင်းမှာ တစ်ပုဒ်ချင်းစီ ခွဲရေးခဲ့တဲ့ ဝတ္တုလတ်တွေဆိုတော့ ဝတ္တုလတ်၂ပုဒ်လို့ပြောရင်တော့ ပိုမှန်လိမ့်မယ်။ Red Sorghum ဟာ ကျန်းရိမူရဲ့ ပွဲဦးထွက်လက်ရာပေမဲ့ စီနီမာတိုဂရပ်ဖီကတော့ တော်တော်လေး ကြမ်းနေတာတော့ အံ့အားသင့်ဖို့ကောင်းတယ်‌ ပြောရမလိုလို မဆန်းသလိုလိုပါပဲ။ ဘာလို့ဆို ကျန်းရိမူဟာ ဒီကားမရိုက်ခင် စီနီမာတိုဂရပ်ဖာအနေနဲ့ ရုပ်ရှင်လောကမှာ အသက်မွေးဖူးတဲ့လူမို့ပါပဲ။ ဒါပေမဲ့ ဆန်းတာက ဒီကားဟာ ဒီကားရဲ့ စီနီမာတိုဂရပ်ဖာ Gu Changwei ရဲ့ ပထမဆုံး စီနီမာတိုဂရပ်ဖာလုပ်တဲ့ကားလည်း ဟုတ်နေတာပါပဲ။ ကျန်းရိမူရဲ့ Visionary ကြောင့်လားတော့မသိပါဘူး။ အရောင်အသွေး အလင်း အထားအသို အကုန်လှပနေတဲ့ ပုံရိပ်တွေနဲ့ ပြည့်နှက်နေတယ်။ စာအုပ်နဲ့ ယှဉ်ရင်တော့ အများကြီးဖြုတ်ချလိုက်သလိုတော့ ဖြစ်ကောင်းဖြစ်နေနိုင်တယ်။ ဒါပေမဲ့ ကျန်းရိမူဟာ ရုပ်ရှင်တစ်ကားအနေနဲ့ အလှပဆုံးအသက်သွင်းထားတာဆိုတာတော့ အာမခံလို့ရတယ်။ ဇာတ်ကတော့ မြေးတစ်ယောက်က သူ့ဇာတိအကြောင်း သူ့အဘိုးအဘွားတွေအကြောင်းကို ပြန်ပြောင်းပြောတဲ့ဇာတ်လမ်းကို ကျွန်တော်တို့ နားထောင်ရသလိုဇာတ်ပဲ။ အဖြစ်မှန်တွေရော ယုံတမ်းလား မသေချာတာတွေရော ပေါင်းစပ်ပြီး ပြန်ပြောပြတဲ့ စိတ်ဝင်စားစရာဇာတ်လမ်းတစ်ပုဒ်ပေါ့။ ဇာတ်လမ်းက သိပ်ရိုးရှင်းတယ်။ ဒါပေမဲ့ ဒီဇာတ်ရဲ့အလှကိုက ဒီရိုးရှင်းမှုဖြစ်နေပြန်တာပဲ။ အကြောင်းအရာ ပြန်အချိုးချကြည့်ရင် ဘာမှသိပ်ပါတာမဟုတ်ပေမဲ့ သူ့ပါတာလေးတွေနဲ့တင် အပိုအလိုမရှိ တည့်တည့်ဝင်ဆောင့်နိုင်တဲ့ အရှိန်အဟုန် အင်အားမျိုးရှိနေတယ်။ ကျန်းရိမူဟာ ပွဲဦးထွက်ကတည်းက တော်တော်အားကောင်းခဲ့တဲ့ ဒါရိုက်တာဖြစ်ကြောင်း သက်သေခံနေတဲ့ကားလို့ပြောရင်လည်း မမှားလောက်ဘူး။ ဒီကားဟာ ကျန်းရိမူရဲ့ ဂေါင်လီရဲ့ ပွဲဦးထွက်ကားလည်း ဟုတ်တယ်။ ဒီကားမှာ ဘာတွေမြင်ရမလဲမေးလာရင်တော့ ယုံတမ်းဆန်တဲ့လူ့ဘဝတွေ၊ ယုံတမ်းဆန်တဲ့ ရက်စက်မှုတွေအကြောင်းလို့ ဖြေရမှာပဲ။ ဒါပေမဲ့လည်း တစ်ခါတလေ ကျွန်တော်တို့ဘဝတွေရော ကျွန်တော်တို့တွေရောက ယုံရခက်လောက်အောင် ရက်စက်တတ်ကြတာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1GB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 31Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Drama • History • War
7.2 1988 91 mins
Red Sorghum
Original Sin
6.1

မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက စကားပြောခန်းနဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါရစေ။ ------------------------------------------ အလန် - "ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား .." ဗားဂတ် - "ကွဲပြားမှုရှိလို့လား ..အလန်" အလန် - "ရှိတာပေါ့...ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ" ဗားဂတ်- "တဏှာကရော ..တဏှာဆိုတာ ဘာလဲ...အလန်" အလန်-  "တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်... သုံးစွဲမယ်...ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား .." ဗားဂတ်- "နှစ်ခုစလုံးပဲ...ကျွန်တော် သူ့ကို အရာရာပေးချင်တယ်...သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်" အလန် - "အိုး...မင်းကအရှုံးသမားပဲ။" ----------------------------------------------- ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး အချစ်ရဲ့ အရှုံးတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပြီး မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size...(1.72GB)(622MB)(421MB) Quality...BR-Rip 1080p/720p/480p Format...mp4 Duration....01:58:25 Subtitle....Myanmar Subtitle (Hardsub) Encoder....San Win Maung

Mystery • Science Fiction
6.1 2001 118 mins
Original Sin
Gooische vrouwen
6

Gooische vrouwen (2011) =================== IMDb Rating - 6.2/10 "Gooische Vrouwen"ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာ ဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင် အဖြစ်ရိုက်ကူးထားတာတာပါ။ နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ 'ဟတ်ဂွိုင်'တွင် နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ် တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက် ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော် ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တော ခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့ မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်း လို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲ အချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ် လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size..........(2.0 GB) / (865 MB) / (530 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Kaung Paing Encoder..........SWM

Action • Adventure • Fantasy
6 2011 105 mins
Gooische vrouwen
Satan’s Slaves
8

သည်းထိတ်ရင်ဖို အင်ဒိုနီးရှား သရဲကား Satan’s Slaves(စေတန်နတ်ဆိုး၏ ကျွန်များ) (ခ) Pengabdi Setan ဒီကားလေးဟာ 1983 ကာလကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Spoiler မပါတဲ့ ဇာတ်လမ်း အကျဉ်း အနေနဲ ့ကတော့ Rini ရဲ့ မိခင်ဟာ တစ်ချိန်က နာမည်ရ အဆိုတော် တစ်ယောက်ပါ။ သူမတို ့ မိသားစုလေးဟာ မြို ့ပြနဲ ့အလှမ်းဝေးတဲ့ မြို ့စွန် တစ်နေရာက အဖွားအိမ်မှာနေကြရင်း မကျန်းမာတဲ့ မိခင်ကို ပြုစုနေထိုင်ကြပါတယ်။ 21 နှစ်အရွယ် Rini ဟာ အကြီးပီပီ ကောလိပ် မှ ရပ်နားပြီး အိမ်မှာ မောင်ငယ် ၃ ယောက်နဲ ့မိခင်ကို ပြုစုရင်း မိသားစုအတွက် အနစ်နာ ခံခဲ့ပါတယ်။ သူမ မိခင်ဟာ ဖျားနာ နေတာ ၃ နှစ်ကျော် ကြာပြီဖြစ်ပြီး မည်သည့် ရောဂါ ကြောင့်ဆိုတာကိုလည်း ဆရာဝန်များက ရှာဖွေလို ့မတွေ ့နိုင်ကြပါဘူး။ မိခင် မသေဆုံးမီအချိန်မှာ သူမ မိခင် ရဲ့ ကြောက်ရွ ံ ့နေတဲ့ ထူးဆန်းတဲ့ အပြုအမူတွေကို Rini တို ့တွေ ့ခဲ့ရပါတယ်။ ဒီလို နဲ့ တစ်ညမှာ သူမ မိခင်ဟာ ထူးဆန်းဖွယ်ရာ ရုတ်တရက် ဆုံးပါးသွားပြီးနောက် သူမ ဖခင်ဟာလည်း မိသားစု အကြွေးတွေအတွက် အလုပ်လုပ်ဖို ့မြို ့ပြကို ထွက်ခွာသွားပါတယ်။ ဒီလိုနဲ ့နောက်ရက်တွေမှာ အိမ်မှာ ထူးဆန်းကြောက်ရွ ံ့ဘွယ်ရာ တွေ တစ်ဖြေးဖြေး ဖြစ်လာပြီး ရွာက ဆရာတော် ရဲ့ သားကလည်း သူမ တို ့အိမ်အပေါ်မှာ ဆုံးသွားပြီ ဖြစ်တဲ့ Rini ရဲ့ မိခင်ကို ဂါဝန်ဖြူ ခေါင်းပေါင်းဖြူတွေနဲ ့ (ပုံပါ) တွေ ့ရလို ့ဒီအိမ်ကနေ ထွက်သွားကြဖို ့ သတိပေးခဲ့ပေမယ့် မိသားစု ပြဿနာများနဲ ့ Rini က မဖြစ်နိုင်ကြောင်း ငြင်းဆိုခဲ့ ပါတယ်။ ဒီလို နဲ ့ ထိုနေ ့မှာဘဲ Rini စကားပြောအပြီး ပြန်အရောက်မှာ ရေတွင်းထဲမှာ သေဆုံးနေတဲ့ သူမရဲ့ အဖွားကို တွေ ့ခဲ့ရပြီး သူမ အဖွားမသေဆုံးမီအချိန်မှာ အဖွားရဲ့ အသိ လူတစ်ယောက်ဆီကို စာရေးထားခဲ့ပါတယ်။ ထိုစာကို Rini ကိုယ်တိုင် အိမ်တိုင်ရာရောက် သွားပို ့စဉ်မှာ မထင်မှတ်ထားတဲ့ သူမ မိခင် အကြောင်း နဲ ့ သူမ တို ့ကို သေရွာကို နတ်ဆိုးမှ လာခေါ်မယ်ဆိုတာကို ထို လူဆီမှ Rini ကြားလိုက်ရတဲ့ အချိန်မှာ ရုတ်တရက် သူမ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ ပါတယ်။ အံ့သြသင့်မှ ု ့တွေနဲ ့မယုံနိုင်တဲ့ Rini တစ်ယောက် ထို ကိစ္စကို ကြားအပြီး သူမရဲ့ အိမ်မှာ အရင်ကထက် ပိုဆိုးတဲ့ အရာတွေ ဖြစ်လာပါတော့တယ်။ ထို လူပြောတာတွေက အမှန်တွေလား။ ညတိုင်း သူမ တို ့ကို လာခြောက်လှန် ့နေတာကရော သူမ မိခင် ရဲ့ တစ္ဆေလား။ သူမမိခင်ဆိုရင် ဒီလောက်ထိ ဆိုးရွားတဲ့အရာကို သူမ သားသမီးတွေဆီမှာ ဘာကြောင့် လုပ်ရတာလဲ။ ထူးဆန်းတဲ့ လူကြီးပြောတာတွေက အမှန်တွေဆိုရင် သူမ တို ့ဘယ်လို အသက်လွတ်ကြမလဲ။ ••••••••••••••••••••••••••••••••••••••••••••••••••••• ဒီကားလေးဟာ IMDb မှာ 8.2/10 ရထားတဲ့အထိ Rating များတဲ့ အင်ဒိုနီးရှားကားဖြစ်ပြီး ရိုက်ကူးချက်တွေဟာလည်း အင်မတန် လှပပြီး ဆွဲဆောင်မှ ု ့ရှိပါတယ်။ ခေတ်ဟောင်းကားပုံစံလေးတွေ ကြိုက်တဲ့သူတွေအတွက် မဖြစ်မနေကြည့်သင့်တဲ့ ကားလေးပါ။ တစ်ခန်းမှ အနားမနေရဘဲ ရင်တထိတ်ထိတ်ကြည့်နေရတဲ့ ကားပါ။ ကျွန်တော်ရေးသွားတဲ့အထဲမှာ ကားရဲ့ Spoiler က 100 မှာ ၃ ခုလောက်သာဖြစ်ပြီးအင်မတန် ကြောက်ရွံ ့ဖို ့ကောင်းတဲ့ သင် မမျှော်လင့်ထားတာတွေနဲ ့ပြည့်နေတဲ ့ကားပါ။ ဒီကားရဲ့ အားသာချက် တစ်ခုက တခြားသရဲ တစ္ဆေကားများလို အိပ်မက်ယောင်ယောင် ဖြစ်သွားသလို မလုပ်ထားဘဲ အဖြစ်အပျက်တစ်ခုလုံးကို တကယ့်ဖြစ်ရပ်အမှန်အဖြစ် ပုံဖော်ထားခြင်းပါ။ ထို ့အပြင် အာရှဓလေ့ ပါဝင်တဲ့အတွက် အာရှသားများအတွက် ဒီဓလေ့ ထုံးစံတွေနဲ ့ပိုရင်းနှီးပြီး ပိုကြောက်စရာ ကောင်းနေတာပါ။ ဘယ်လောက်တောင်အောင်မြင်သလဲဆိုရင် အင်ဒိုနီးရှားမှာတင် ဝင်ငွေ ငါးသန်းကျော်ရတဲ့အထိ ပါ။ စင်ကာပူ နဲ ့မလေးရှားမှာတော့ လက်ရှိ ရုံတင်လျှက်ရှိပြီး မြန်မာ ထိုင်းနိုင်ငံ တွေမှာတော့ ရုံတင်မှာ မဟုတ်ပေမယ့် online ပေါ် ဒီကားလေးထွက်လာရင် မဖြစ်မနေကြည့်ကြည့်ကြဖို ့တိုက်တွန်းအပ်ပါတယ်။ (ဇာတ်လမ်းအညွှန်း Credit ပါ ဘယ်သူရေးထားမှန်းမသိလို့ပါ ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (800 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 47min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 1080p WEB-DL MP3 H.264 Translated by May Myat Thu Encoded by Thanhtike Zaw

Drama • History • Mystery • Thriller
8 2017 107 mins
Satan’s Slaves
Man on the Moon
7.4

Man On The Moon =================== ဇာတ်ကားအကြောင်းမပြောခင် သရုပ်ဆောင်တွေကို အရင်မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ The Ture Man Show, The Mask အစရှိတဲ့ဇာတ်ကားတွေရဲ့ ဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ဂန္ဓ၀င်ဟာသမင်းသားကြီး Jim Carrey နဲ့အတူ နောက်ထပ်ဂန္ဓ၀င် မင်းသားကြီးတစ်ဦးဖြစ်တဲ့ Danny DeVito တို့ ပါ၀င်ရိုက်ကူးထားတဲ့အတွက် တကယ့်ကို ကြည့်ရကျိုးနပ်စေပါတယ်။ ဒီဇာတ်ကားကတော့ အမေရိကန်ရဲ့ နာမည်ကျော်လူရွှင်တော်ကြီး အန်ဒီကော့ဖ်မန်းရဲ့ ဘ၀ဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူဟာ တခါတလေ သူ့ကိုယ်သူ “အဆိုအကလူကြီး” လို့ ခေါ်တတ်ပြီး တခြားလူရွှင်တော်တွေနဲ့မတူ ထူးခြားနေတဲ့ ဖျော်ဖြေရေးသမားတစ်ယောက်ဖြစ်ပါတယ်။ သူဟာ ၁၉၈၄ခုနှစ်မှာ ရှားပါးတဲ့ အဆုတ်ကင်ဆာရောဂါတစ်မျိုးကြောင့် ဆုံးပါးသွားခဲ့ပြီး သူထားရှိခဲ့တဲ့ အနုပညာတွေကတော့ ယနေ့အချိန်အထိ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီရဲ့ ဟာသ အပေါ်မြင်တဲ့အမြင်တွေ၊ သဘောထားတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ပြက်လုံးတွေဟာ ကြည့်ရှုသူတွေကိုပါ ကြောင်တောင်တောင်ဖြစ်အောင် လုပ်နိုင်တာကို တွေ့ရပါမယ်။ ကြည့်ရှုသူတွေတင်မက သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တချို့ပါ သူ့ဟာသတွေကြောင့် ခနခနဇာတ်တွေရှုပ်ကြရပါတယ်။ ဒီလိုလူရွှင်‌ တော် တစ်ယောက်ဖြတ်ကျော်ခဲ့ရတဲ့ ဘ၀အကြောင်းကို တစ်ကားလုံး မပျင်းရအောင် ကြည့်ရှူရမှာဖြစ်တာကြောင့် CM ပရိသတ်တွေအနေနဲ့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားအဖြစ် မိတ်ဆက်ပေးလိုက်ပါတယ်။

Action • Comedy
7.4 1999 118 mins
Man on the Moon
Renaissance Man

1994 ကာလရဲ့ နာမည်ကြီး ဟာသကောင်းလေးတစ်ခုလောက် ကြည့်ကြည့်လိုက်ရအောင်။ ဝီလီယမ်ရေဂိုတစ်ယောက် မီးပွိုင့်မိသွားတာ အစည်းအဝေးချိန်နောက်ကျပြီး အလုပ်ပြုတ်တဲ့ထိဖြစ်သွားပါတယ်။ အသက်လည်းကြီးနေပြီဖြစ်လို့ ဘာအလုပ်မှရှာမရဘဲဖြစ်နေရာမှ အလုပ်တစ်ခုကလာကမ်းလှမ်းတဲ့အခါ.. ထိုအလုပ်ကတော့ စစ်တပ်ထဲက စစ်သားတွေကိုစာသင်ပေးဖို့ပဲဖြစ်ပါတယ်။ သာမန်စစ်သားမဟုတ်ဘဲ တုံးလွန်းလို့ D နှစ်လုံးကောင်တွေ(ခွေးချေးလိုတုံးသောသူများ) လို့တင်စားခံထားရတဲ့ စစ်သားတွေကိုစာသင်ဖို့ဖြစ်လာတဲ့အခါ.. စာတောင်မသင်ဖူးပေမယ့် တခြားလည်းဘာအလုပ်မှလုပ်မရတာကြောင့် ဖြစ်ချင်ရာဖြစ်ဆိုပြီးသွားလိုက်တဲ့ရေဂိုနဲ့ ငတုံးအဖွဲ့ စစ်တပ်ထဲဘယ်လိုဘုနဲ့ဘောက်တွေဖြစ်ကြမလဲ.. File size…(2.28GB) / (`1.12GB) / (765MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:08:00 Genre… Drama /Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Shin Rina

Animation • Comedy • Family
0 1994
Renaissance Man
A Violent Man

ဒီဇာတ်ကားလေးကတော့ နှစ်ရှည် အကျဉ်းသား တစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ Crime /Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မိုက်ကယ်ဆန်ဟာ သူ့ ဇနီးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ထောင်ကျခံနေရသူ တစ်ဦးပါ ဒေါသကြီးပြီး အကြမ်းဖက်တတ်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် ထောင်ထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ရင်း ထောင်သက်ဟာလည်း ပိုပြီး ရှည်ကြာလာခဲ့ပါတယ်။ မိုက်ကယ်ဆန်တစ်ယောက် ထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပြီး အမြဲ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ မိုက်ကယ်ဆန်တစ်ယောက် သူ့သမီးနဲ့ တွေ့ရမယ့်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ…… File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Crime • Thriller • Horror • Mystery
0 2022 107 mins
A Violent Man
Fights Break Sphere 2
5.8

အရင်တစ်ခေါက်က မီးစွမ်းအားပါရမီရှင်လေး ရှောင်းအိမ်တော်ရဲ့ သားထွေးလေး ရှောင်းယန်အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေး အဆက်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… အပိုင်း ၁ ကိုတော့ ဒီမှာကြည့်ပါ ဒီဇာတ်လမ်းမှာဆို ရှောင်းယန်းလေး အစွမ်းတွေပြန်ရလာပေမယ့် အမေ့ကို လက်စားချေဖို့ လိုအပ်တဲ့ စွမ်းအားတွေကဆက်စုဖို့ သဲကန္တာရထဲ ခရီးဆက်ခဲ့တဲ့ အကြောင်းလေးကို အခြေခံရီုက်ကူးထားတာပေါ့… တစ်ချိန်တည်းမှာပဲ အရင်အပိုင်းက မြေခွေးခေါင်းအဖွဲ့ ခေါင်းဆောင်တစ်ယောက်က ဘယ်လိုပုံစံနဲ့ ပေါ်လာမှာလဲ.. နောက်ပြီးတော့ သဲကန္တာရထဲ ခရီးနှင်ရင်း သူလိုချင်တဲ့ မီးတောက်အစွမ်းကို အဆုံးသတ်မှာ ရမှာတော့ သေချာတာပေါ့… ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ရလာတာလဲ… သဲကန္တာရထဲ ဘာနဲ့ ဆုံဦးမှာလဲ… ဒီတစ်ခေါက်ရော ဘယ်အဖွဲ့နဲ့ ဆုံဦးမှာလဲ… ဒီအပိုင်းမှာရောသူ့အမေကို သတ်တဲ့တရားခံကို လက်စားချေနိင်မှာလား… ထူးခြားဆန်းပြား ဇာတ်ကားတွေ ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ကားလေးမို့ ကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်…

5.8 2023
Fights Break Sphere 2
One Life
7.7

Sir Nicholas Winton သို့မဟုတ် ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှောင်ကလေးငယ် ၆၆၉ဦးအားကယ်တင်ခဲ့သူ… ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးဟာ တီဗီအစီအစဥ်တစ်ခုမှ လူသိများပြီးအစပျိုးလာခဲ့တာပါ…။ ဇာတ်လမ်းအကြောင်းကို ပြောပြရရင် Nicholas Wintonဆိုတဲ့ လန်ဒန်မှ လူငယ်stockbrokerလေးတစ်ယောက်… ဒုတိယကမ္ဘာစစ်မဖြစ်မီ ၁၉၃၈ခုနှစ် ဒီဇင်ဘာလထဲမှာ ချက်ကိုစလိုဗားကီးယားနိုင်ငံရဲ့မြို့တော် ပရော့ဂ်ကို အလည်သွားရာကစခဲ့ပါတယ်…။ အဲ့ဒီခေတ်အချိန်က ဒုတိယကမ္ဘာစစ်ဖြစ်ရန်တာဆူနေပြီး ဟစ်တလာဟာ မဟာမိတ်တွေဆီကနေ ချက်ဇ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုကိုတောင်းပါတယ်…။ စစ်ကိုရှောင်လွှဲချင်တော့ ဟစ်တလာရဲ့တောင်းဆိုချက်ကို လိုက်လျောပြီး နယ်မြေပေးလိုက်ရတဲ့အခါ နာဇီဂျာမဏီတွေရဲ့ ရန်ကိုကြောက်တဲ့ ဂျာမဏီ၊ သြစတီးနဲ့ ချက်ဇ်ဒေသခံ ဂျူးလူမျိုးတွေဟာ ပရော့ဂ်ကိုတိမ်းရှောင်လာခဲ့ကြပါတယ်။ ကလေးတစ်ပွေ့တစ်ပိုက်နဲ့မိသားစုတွေဟာ နေစရာမဲ့ စားစရာမဲ့ အတိဒုက္ခရောက်နေရတဲ့အပြင် နာဇီတို့ကျူးကျော်လာမယ့် အန္တရာယ်ကိုပါကြောက်လှန့်နေခဲ့ရကာ ပြေးစရာမြေမရှိဖြစ်နေခဲ့တာပါ။ ဒီအခြေအနေကို ကြုံတွေ့မြင်တွေ့ခဲ့ရတဲ့ Nicholas Wintonဟာ စစ်ကြောင့်နယ်စပ်တွေပိတ်မသွားမီ ကလေးငယ်တွေကို စစ်ဘေးလွတ်ရာ အင်္ဂလန်သို့ပို့ဖို့ကြံဆောင်ပါတော့တယ်…။ ဘယ်အချိန်ထဖြစ်မယ်မသိတဲ့စစ်မီးစင်ကိုကြည့်ရင်း အချိန်လုပြီး အသက်ကယ်ရတဲ့အခါ အသက်ဘယ်နှစ်ချောင်းကို ဘယ်လို ကယ်တင်နိုင်မှာလဲ….။ Nicholas Wintonတစ်ယောက်ဒီလိုစွမ်းဆောင်ခဲ့ပုံတွေကို တော်ရုံလူမသိခဲ့ကြဘဲ နှစ်ငါးဆယ်အကြာတီဗီအစီအစဥ်လေး တစ်ခုမှာမှ လူအများသိခဲ့ရပါတယ်။ ဘာလို့ဆို အဲ့ဒီအစီအစဥ်မှာလာကြည့်တဲ့ ပရိသတ်တိုင်းဟာ Nicholas Wintonကယ်တင်ခဲ့ဖူးတဲ့ကလေးငယ်များ ဖြစ်နေကြောင်း အံ့သြစွာသိရှိခဲ့ရလို့ပါပဲ…။ သူ့ရဲ့ဇာတ်လမ်းလေးက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ ဒီတစ်ခါတော့ ရုပ်ရှင်အတိုင်းသားကြည့်ရှုခွင့်ရတော့မှာပဲဖြစ်ပါတယ်ဗျာ…။ File size…2.02GB / 720MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 50m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.7 2023 109 mins
One Life
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
Holy Cow Vingt dieux
7.2

Holy Cow (2024) IMDb Rating (7.2) / Rotten Tomatoes (95%) ဒီပြင်သစ်ရုပ်ရှင်ကတော့ ကျေးလက်ဘက်က လူငယ်တွေရဲ့ ဘဝကို အခြေတည်ထားတယ်။ အလုပ်လုပ်လိုက် လုပ်ချင်တာတွေလုပ်လိုက်နေနေတဲ့ လူငယ်တွေ။ သူတို့အချင်းချင်းကြားက သံယောဇဉ်တွေကို အခြေတည်ထားတယ်။ အဓိကဇာတ်ကောင်က အဲဒီလိုကောင်လေးတစ်ကောင်ပါပဲ။ ဒါပေမဲ့ သူ့အဖေ ကားမှောက်ပြီးသေသွားတဲ့အချိန် သူနဲ့သူ့ညီမလေးပဲ ကျန်ခဲ့တဲ့နောက် လူငယ်ဘဝကနေ သူ့ညီမလေးနဲ့သူအသက်ရှင်နိုင်ဖို့ ရရာအလုပ်တွေလုပ်ရင်း လူကြီးလည်းမကျ လူငယ်စိတ်လည်းမပျောက်ဖြစ်လာတဲ့ ကောင်လေး ခက်ခဲလာတာတွေ ။ လက်ခံနိုင်လာတာတွေ။ ဘာမှမဟုတ်သလို ကျော်ဖြတ်သွားတာတွေကိုပြထားတယ်။ ပြင်သစ်ရုပ်ရှင်ဆိုတော့လည်း ထုံးစံအတိုင်း ယုတ္တိလွန်တဲ့ ကြည့်ကောင်းတဲ့ ဇာတ်အိမ်တွေနဲ့တော့ မဟုတ်ပါဘူး။ ယုတ္တိရှိရှိလေးနဲ့ ငြိမ်နေတဲ့ ဇာတ်လမ်းပါပဲ။ ကောင်လေးဟာ နောက်ပိုင်း ဒိန်ခဲလုပ်ငန်းလုပ်ဖို့ ကြိုးစားတဲ့အခန်းတွေမှာ ဒိန်ခဲတွေရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ သေချာလေးတော့ပြထားပါတယ်။ ဒါတော့ စိတ်ဝင်စားစရာကောင်းပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (910 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:32:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Thriller
7.2 2024 92 mins
Holy Cow Vingt dieux
Talisman: The Luck Stealer
6.2

Talisman: The Luck Stealer (2022) ******************************** ကံကောင်းမှုတွေဟာ သတ်မှတ်ထားတဲ့ပမာဏရှိတာမို့ တစ်ယောက်က ကံကောင်းရင် တစ်ယောက်က ကံဆိုးတတ်ပါတယ်တဲ့။ အရည်အချင်းရဲ့နောက်မှာ ကံကပါ ကပ်လိုက်လာတယ်ဆိုတာကို ယုံကြည်ကြတဲ့ သူတွေအတွက် ဒီကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအညွှန်း- ကံဆိုးလှတဲ့ ဂျောင်ဂီဆမ်း (Joo Young Ho) ဟာ ၁၀နှစ်​ကျော်ကြာ လူရွေးပွဲတွေ လိုက်ဖြေနေသော်လည်း ကျမြဲကျဆဲဖြစ်ပြီး နာမည်မရှိ သရုပ်ဆောင်အဖြစ်နဲ့ပဲ ကျင်လည်နေရတဲ့သူပါ။ ဒါ့ကြောင့် သူ့ခမျာ ထိပ်တန်းကြယ်ပွင့်ဖြစ်ပြီး ဟောလီးဝုဒ်အထိပါ ခြေဆန့်တော့မယ့် မင်းသား ဂျောင်အွန်းချော (Kwon Hae Sung) ကို တိတ်တိတ်လေး မနာလိုဖြစ်နေရတော့တာပေါ့။ တစ်နေ့မှာတော့ ချက်ချင်းကြီး ကံဇာတာအရမ်းတက်သွားတဲ့ သူငယ်ချင်းရဲ့ ပြောကြားချက်အရ သူဒီလိုကံတွေဆိုးနေရတာဟာ သူ့ရဲ့ကံကောင်းမှုတွေကို လုယူသွားတဲ့လူရှိလို့ဆိုတာနဲ့ ကံပြန်ကောင်းလာဖို့အတွက် အဆောင်ရေးပေးတဲ့ ရှေ့ဖြစ်ဟောဆရာမရှိကြောင်း သိသွားတဲ့အခါမှာ​တော့ ဂျောင်ဂီဆမ်းတစ်ယောက် သူ့ကိုကံဆိုးစေခဲ့တဲ့လူအကြောင်းသိရဖို့ ရှေ့ဖြစ်ဟောဆရာမဆီ ချက်ချင်းလိုက်သွားပါတော့တယ်။ ဒီလိုနဲ့ သူ့ရဲ့ကံကောင်းမှုတွေကို လုယူသွားတဲ့သူက သူအမြဲမနာလိုဖြစ်နေရတဲ့ မင်းသား ဂျောင်အွန်းချောဆိုတာကို သိလိုက်ရပြီး ကံကောင်းမှုကိုပြန်လည်ရယူဖို့အတွက် ရှေ့ဖြစ်ဟောဆရာမ ရေးပေးလိုက်တဲ့ အဆောင်နဲ့အတူ ညွှန်ကြားချက်အတိုင်း မန္တန်ရွတ်ဖို့ ကြိုးစားတဲ့အခါမှာတော့ ဂျောင်ဂီဆမ်းတစ်ယောက် ကံကောင်းမှုတွေ ပြန်ရလာနိုင်ပါ့မလား.. မန္တန်ရွတ်ဖို့အတွက်ရော အစစအရာရာ ရှောရှာရှူရှူဖြစ်သွားပါ့မလား….ဆိုတာကို မင်းသားတွေရဲ့ ယုတ္တိဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်စားဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu Pyae ပဲ ဖြစ်ပါတယ်။) File Size : 940MB/ 460MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:21:55 Genre : Action, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Hsu Pyae Encoded by Tiff

6.2 2022
Talisman: The Luck Stealer
Final Destination 3
5.8

Final Destination 3 (2006) ************************** IMDb…..5.8 Horror ကားကြိုက်နှစ်သက်သူတို့အဖို့ ကြည့်ဖူးသမျှထဲမယ် သူတို့ရဲ့ နှလုံးသည်းအူကို လှုပ်ရမ်းနိုင်တဲ့ ဇာတ်ကားများကို ပြောပါဆိုရင် Final Destination တွေကို ပြောကြမှာသေချာသလောက်ပါပဲ…. ယခု နောက်ပိုင်းထွက်တဲ့ horror ကား တော်တော်များများမှာ အထူးသဖြင့် Jump scare မျိုး ဝုန်းကနဲ ဒိုင်းခနဲ ခြောက်လှန့်တတ်တဲ့ ကားမျိုးတွေကို horror ကား ကြိုက်နှစ်သက်သူသူတို့အဖို့ ကြာလာတော့ အနည်းငယ်ရိုးအီလာသလိုပါပဲ……. Final Destination လို horror မျိုးကျတော့လည်း တကယ့်ကို သွေးပျက်ထိတ်လန့်စရာဖြစ်တဲ့အပြင် ကျောထဲစိမ့်နေအောင် ကြောက်နေရတာမျိုး… မင်း horror ဘယ်လောက် crazy ဖြစ်လဲဆိုတာကို Final Destination (1 to 5) ကို စဆုံးကြည့်ဖြစ်လားဆိုတာမျိုးနဲ့ ဆုံးဖြတ်ရလောက်အောင် သွေးပျက်ထိတ်လန့်စရာပါပဲ… ယခုလည်း New Line Cinema က Final Destination Reboot ကို စတင်လုပ်ဆောင်နေပြီလို့သိရပါတယ်။ ဒီတော့ စဆုံးလေးကို ပြန်လည် ခံစားချင်သူများအတွက် အရည်အသွေးစုံလင်စွာဖြင့် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်….. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ War Dog/ Baby Chit ပဲဖြစ်ပါတယ်) File Size : 6.15GB / 2.97GB/ 1.10GB Quality : 4K/ Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…01:30:00 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by War Dog, Baby Chit Encoded by Aaron, Tiff

Comedy • Crime
5.8 2006 92 mins
Final Destination 3
West Side Story
7.6

West Side Story 1961 Musical Film ဖြစ်တဲ့ ဒီကားလေးကတော့ အော်စကာဆုများစွာကိုလည်း သိမ်းယူနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီး အကောင်းဆုံး musical film လို့ သတ်မှတ်ကြတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ် ။ နယူးယောက်မြို့ ဆင်ခြေဖုံးရပ်ကွက်လေးမှာ ဂျက် ဆိုတဲ့ ဂိုဏ်း နဲ့ ရှာ့ခ်စ်ဆိုတဲ့ ဂိုဏ်းတွေက နယ်မြေလုလျက်ရှိပါတယ် ။ တစ်ရက်မှာတော့ ဂိုဏ်းနှစ်ဂိုဏ်းဟာ ဂိုဏ်းစစ်ပွဲအကြီးအကျယ်ဖြစ်ဖို့ ဖန်လာပါတော့တယ် ။ စစ်ပွဲအစည်းအဝေးအတွက် ကပွဲမှာ ဂိုဏ်းနှစ်ဂိုဏ်း ရင်ဆိုင်ကြရင်း တိုနီဆိုတဲ့ ဂျက် ဂိုဏ်းအဖွဲ့ဝင်ဟောင်း ကောင်လေးက တစ်ဖက်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီမလေးနဲ့ ချစ်ကြိုက်သွားပါတော့တယ်။ ရန်ဘက်တွေ ဖြစ်ကြတဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြားမှာ သူတို့ရရဲ့ အချစ်ဇာတ်လမ်းလေးက ပျော်ရွှင်စွာ အဆုံးသတ်သွားမလား ဝမ်းနည်းစရာတွေ ကြုံရမလားဆိုတာကို ခံစားကြည့်ရှုရမှာပါ ။ Musical film ဖြစ်တဲ့အတွက် သီချင်းတွေလည်း အများကြီး ပါဝင်ပြီး ပုံမှန် ဂန်းစတား ဇာတ်လမ်းတွေနဲ့ မတူတဲ့ ထူးခြားတဲ့ ပုံစံတစ်မျိုးနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ် ။ File size… 2.8 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 33m Genre ….. Crime / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Si Thu Htun Kyaw

Drama
7.6 1961 153 mins
West Side Story