YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Our New Life (2021) 1080p WEB-DL AAC2.0.mp4

2.32 GB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sisid
8

အဏ္ဏဝါဇီဝပညာရှင် ဂျေဆင်နဲ့သူ့ဇနီးတို့ဟာ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့ဖြစ်တဲ့ ပိုလာ,မင်ဒိုရိုကို ငါးဘေးမဲ့ဇုန် တည်ထောင်ထိန်းသိမ်းဖို့တာဝန် နဲ့အတူလာခဲ့ကြပါတယ်၊ ဂျေဆင်ရဲ့ ဇနီးဖြစ်တဲ့ကင်ဆာဝေဒနာသည် အက်ဘီမှာတော့တစ်ခြားရည်ရွယ်ချက်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူမရှိတော့တဲ့တစ်နေ့မှာ သူချစ်ရတဲ့ခင်ပွန်းသည်ကိုစိတ်ချလက်ချထားခဲ့နိုင်တဲ့အဖော်တစ်ယောက်ရှာဖွေပေးခဲ့ချင်တာပါပဲ။ မြို့တော်ဝန်က ဂျေဆင်ရဲ့လက်ထောက်အဖြစ် ဒင်းနစ်ဆိုတဲ့မြို့ခံကောင်လေးတစ်ယောက်ကို တာဝန်ချထားပေးခဲ့ပါတယ်။ ဂျေဆင်နဲ့ဒင်းနစ်ဟာ ပင်လယ်ထဲကိုခရီးထွက် ရေအောက်ကိုအတူတူငုပ်ကြရင်း တစ်ယောက်အပေါ်တစ်ယောက်အကြည့်တွေ၊ မတော်တဆအထိအတွေ့တွေကို သာယာမိရာကနေ မရှောင်နိုင်ပဲရှေ့ဆက်တိုး အချစ်နယ်ကျွံမိကြပါတော့တယ်။ တကယ်တော့ ဒင်းနစ်စ်မှာလဲသက်တူရွယ်တူကောင်မလေးရှိပြီး အဲ့ဒီကောင်မလေးကိုယ်ဝန်ရှိကြောင်းသိရ၊ လက်ထပ်ဖို့ အတင်းပူဆာလာတဲ့အခါမှာ..။ ဆိုင်သူကိုယ်စီနဲ့ သူတို့ဇာတ်လမ်းကို ဘယ်လိုရှေ့ဆက်ကြမလဲ? မဆိုင်သူတွေမနစ်နာရမယ့်လမ်းကို ဘယ်လိုရွေးချယ်ကြမလဲ? သူတို့တွေရဲ့ အချစ်ဟာပျော်စရာဇာတ်သိမ်းလေးတွေ့ကြုံရပါ့မလား? Palitan ကိုရိုက်ခဲ့တဲ့ ကိန်းရုပ်ရှင်ပွဲတော်အကောင်းဆုံးဒါရိုက်တာဆုရှင် Brillante Mendoza ရဲ့လက်ရာပါပဲ။ ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းသလို သူ့ကားတွေထုံးစံ ရုပ်ရှင်ဆန်တဲ့ဒိုင်ယာလော့တွေ ကြီးကြီးကျယ်ကျယ် ဘာညာမရောင်းပဲ ရှင်းရှင်းလေးနဲ့ပြေပြေပြစ်ပြစ်တင်ဆက်ထားပါတယ်။ သာယာလှပတဲ့နယ်မြို့လေးနဲ့ ရေအောက်က သန္တာကျောက်တန်းတွေ ကျွန်းတွေရဲ့အလှအပကို Cinematography အမိုက်စားတွေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ BL ဘက်ကိုနွယ်တဲ့ဇာတ်ကားဖြစ်ပေမယ့် မင်းသမီးတွေဘက်ကိုလဲ အသားပေးမှုမလျော့တာကြောင့် လင်းတဲ့အခန်းတွေလင်းပေမယ့် မှောင်တဲ့အခန်းတွေလဲတော်တော်မှောင်ပါတယ်။ File size…(2.2 GB) / (1 GB) Quality….WEB-DL 1080p /720p Format…mp4 Duration….01:55:48 Subtitle….Myanmar Subtitle(Hardsub) Encoder….RGB Translated by ALS

Comedy • Drama
8 2022 115 mins
Sisid
Code 8
6.2

ဒီတစ်ခေါက်တော့ Cast လန်းလန်း၊Rating မြင့်မြင့် Scifi/Fantasy ကားလေးကိုCM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Green Arrow လို့လူသိများကျော်ကြားတဲ့ Stephen Amell ရယ်၊ Robbie Amell ၊Sung Kang ရယ် အတူတူသရုပ်ဆောင်ထားတာပါ။ Rating တွေအနေနဲ့ကတော့ Rotten Tomatoes 78%တောင်ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကိုတင်ဆက်ပေးလိုပါသေးတယ်။ လင်ကွန်းစီးတီးဆိုတာ အစွမ်းရှိတဲ့သူတွေနဲ့ သာမန်သူတွေနဲ့ အတူတကွငြိမ်းအေးစွာယှဉ်တွဲနေထိုင်ကြတဲ့ မြို့တစ်မြို့ပါ။ သာမန်ထက်ထူးခြားတဲ့လူတွေရဲ့အစွမ်းတွေကို ကုန်ထုတ်လုပ်ရေး ဆောက်လုပ်ရေးတွေများ ကောင်းကောင်းအသုံးချကြပါတယ်။ တဖြည်းဖြည်းနဲ့ စက်ယန္တရားတွေ အစားထိုးဝင်ရောက်လာတဲ့အခါ အစွမ်းရှိတဲ့သူတွေအလုပ်အကိုင်တွေရှားပါးလာပါတော့တယ်။ အလုပ်အကိုင်တွေရှားပါးလာတာနဲ့အမျှ ဒုစရိုက်သမားတွေက အစွမ်းရှိတဲ့လူတွေကို ဆိုက်ခ်ဆိုတဲ့ မူးယစ်ဆေးဝါးတစ်မျိုးထုတ်လုပ်တဲ့နေရာမှာ အသုံးချပါတော့တယ်။ ဒီမူးယစ်ဆေးနဲ့ ပါဝင်ပါတ်သတ်နေတာကြောင့် သာမန်လူတွေကလဲ အစွမ်းရှိလူသားတွေကို အမုန်းပွားကာ ခွဲခြားဆက်ဆံပါတော့တယ်။ အဲတော့ အစွမ်းရှိသူတွေအနေနဲ့ အစွမ်းရှိတယ်ဆိုတာ အားနည်းချက်တစ်ခုလိုပါပဲ။ကော်နာဆိုတော့ကောင်လေးကတော့ အလုပ်မရှိတဲ့ စွမ်းအားရှိလူသားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့အမေကိုဆေးကုဖို့အတွက် အလုပ်လိုလာတဲ့အခါမှာ သူဘာဆက်လုပ်မလဲ? ဘယ်လိုတွေဆက်ဖြစ်မယ်ဆိုတာ အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။ အဆုံးထိစိတ်ဝင်တစားကြည့်ရှုရမယ့် ဒီကားလေးနာမည်ကတော့ Code 8 (2019) ပါ။ File Size : ( 885 MB , 335 MB ) Quality :  WEB-DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Aye Mon Kyaw Encoded by Moe Myint Lwin

6.2 2019 99 mins
Code 8
Brian and Charles
6.7

Brian and Charles (2022) ================== IMDb Rating – 6.7/10 တစ်ခါတစ်လေ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အဖော်တစ်ယောက်လောက်လိုချင်မိတယ်။ ကိုယ့်အကြောင်းကို နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူ ပြီးတော့ ကိုယ် ဂရုစိုက်တာကိုလည်း လက်ခံနိုင်မယ့်သူမျိုးပေါ့ ။ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ…. အဲ့ဒီလောက်ထိ ကံမကောင်းတတ်ကြဘူးလေ။ ကံကောင်းသွားတဲ့သူတော့ ရှိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီး ဘရိုင်ယန်ပေါ့။ သူက ရွာမှာတစ်ကိုယ်တည်းသမား၊ ဟိုဟာ လေးထွင်လိုက် ဒီဟာလေးဖန်တီးလိုက်နဲ့ ရွာထဲကလူထူးဆန်းတစ်ယောက် ပေါ့။ ပြီးတော့ သူ့အိမ်ထဲမှာကြွက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြွက် ကောင်းမှုနဲ့ပဲ မအောင်မြင်ခဲ့တဲ့သူ့စက်ရုပ်လေးက အသက်ဝင်သွားပါ လေရော။ ဘရိုင်ယန်အရမ်းပျော်ပြီလေ။ သူနဲ့အတူတူနေပြီးတော့ သူဂရုစိုက်ရမယ့်သူ ရှိလာပြီ။ အတူတူနေလာတော့ တစ်ခါတစ်လေတော့လည်း ရန်ဖြစ်ကြတာပေါ့။ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ စက်ရုပ်ချားလ်က အိမ်ပေါ်ကဆင်းသွား ချင်ပါတယ်တဲ့။ ပြသာနာကအဲ့ဒီကစတော့တာပဲ… အဲ့ဒီပြသာနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ မိဘနဲ့သားသမီးတို့ကြားက ဖြစ်ပျက်တတ်တဲ့သဘောတရားကို စက်ရုပ်လေးနဲ့အစားထိုးပြီးရိုက်ပြထားတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် မိသားစု အချင်းချင်းလည်း အတူတူကြည့်ရှုရင်ပိုပြီးကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Sci-Fi & Fantasy • Western
6.7 2022
Brian and Charles
Minacious

ဖုန်းမှတစ်ဆင့် လုပ်ဆောင်ရတဲ့ အများဝန်ဆောင်မှု လုပ်ငန်းတွေဟာ ပင်ပန်းတဲ့ အလုပ်အမျိုးအစား တစ်မျိုးပါ။ တစ်ခါတစ်ရံ ဖုန်းခေါ်သူနဲ့ ဝန်ထမ်းကြားမှာ စကားအချေအတင်များပြီး အကြမ်းဖက်မှုအထိ ဖြစ်နိုင်တယ်ဆိုရင်ရော ယုံကြည်နိုင်ပါ့မလား။ အစ်ဇဘယ်လာ ရောဘတ်ဆန်ဟာ Regal Union Bank ရဲ့ အများဝန်ဆောင်မှုဌာနမှာ လုပ်ဆောင်နေသူတစ်ဦးပါ။ တနေ့မှာတော့ သူမဟာ ဦးလေးဖြစ်သူတစ်ယောက်အိမ်မှာ တစ်ပတ်တာ အိမ်စောင့်ပေးရမှာ ဖြစ်လို့ အိမ်တည်ရှိရာ လူသူအလှမ်းဝေးတဲ့ နေရာတစ်ခုကို သွားရောက်ခဲ့ပါတယ်။ သူမက အိမ်မှတစ်ဆင့် အလုပ်လုပ်နေသူဖြစ်ကာ ညဆိုင်းဖြစ်တဲ့အတွက် သူမအတွက်တော့ အဆင်ပြေနေပါတယ်။ ဒါပေမဲ့ တညမှာတော့ သူမဟာလည်း ဖုန်းခေါ်သူဆိုဖောက်သည် တစ်ယောက်နဲ့ အချေအတင် စကားများကာ ​အသက်အန္တရယ်အထိပါ ခြိမ်းခြောက်ခံရပါတော့တယ်။ ထိုသူဟာ ခြိမ်းခြောက်ရုံသက်သက်ပဲလား အမှန်တကယ်လား ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…(1.1 GB)/(544 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio La

Drama
0 2022
Minacious
Snake 4: The Lost World
5.7

ခရီးသည်တင်လေယာဉ်တစ်စီးဟာ မိုးကြိုးမိပြီး အင်ဂျင်ကျသွားခဲ့တော့ မဖြစ်မနေအရေးပေါ်ဆင်းသက်ဖို့ ဖြစ်လာခဲ့ပါတယ်။ တွေ့ရာကျွန်းလေးတစ်ကျွန်းပေါ်ဆင်းသက်လိုက်ရာမှာ လေယာဉ်ဟာနှစ်ပိုင်းပြတ်ပြီး ပြုတ်ကျသွားခဲ့တယ်။ မြေပုံပေါ်မှာ လူမသိတဲ့သီးခြားကမ္ဘာလိုဖြစ်နေတဲ့ကျွန်းတစ်ကျွန်း ပေါ်မှာ လေယာဉ်ရဲ့အပိုင်းနှစ်ခုဟာ တောင်တစ်လုံးရဲ့ဟိုဘက်ခြမ်းဒီဘက်ခြမ်းကိုကျသွားခဲ့ပါတယ်။ ဒီလိုနဲ့ လေယာဉ်မြီးပိုင်းကခရီးသည်တွေဟာ အရေးပေါ်အချက်ပေး အကူအညီတောင်းနိုင်ဖို့ လေယာဉ်ခေါင်းပိုင်းဆီကိုသွားဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဒီလျှို့ဝှက်တဲ့ကျွန်းပေါ်မှာ ဆန်းကြယ်တဲ့ အသားစားသစ်ပင်တွေနဲ့ သားရဲတွေက ခရီးသည်တွေကိုစောင့်ကြိုနေမှန်း သူတို့မသိကြပါဘူး။ အန္တရာယ်အမျိုးမျိုးကိုကျော်ဖြတ်ရင်း အသက်ဆက်ရှင်ဖို့ကြိုးစားရင်း ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရမှာဖြစ်ပါတယ်။

5.7 2023
Snake 4: The Lost World
The Hidden Fortress
8.1

IMDb 8.1 / Metascore 89% / Rotten Tomatoes 96% ဂျပန်ရဲ့ အထင်ကရ ဒါရိုက်တာကြီးတစ်ဦးဖြစ်တဲ့ အာကီရာကူရိုဆာဝါရဲ့လက်ရာဖြစ်တဲ့ နှစ်ပေါင်း ၆၀ ကျော်သက်တမ်းရှိပြီဖြစ်တဲ့ ဆာမူရိုင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ဘယ်လောက်လွှမ်းမိုးမှုအားကောင်းခဲ့လဲဆိုတော့ Star Wars ရဲ့ဖန်တီးသူ‌ ဂျော့ခ်ျလူးကပ်စ်ကတောင် Star Wars Original Trilogy သုံးကားအတွက် ဒီရုပ်ရှင်ကနေ မှီခြမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်တဲ့။ ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရမယ်ဆိုရင်တော့ အချိန်ကာလအားဖြင့် ၁၆ ရာစုဖြစ်ပြီး ဂျပန်ပြည်မှာ ယာမာန နဲ့ အာခိဇုကိ လို့အမည်ရတဲ့ လူမျိုးစုနှစ်ခုဟာ စစ်ဖြစ်နေကြပါတယ်။ မာတာရှီချီ နဲ့ တာဟဲအိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ စစ်ပွဲအတွင်းမှာ ငွေရှာဖို့အတွက် ရှိတဲ့အိမ်တွေကိုတောင်ရောင်းချပြီး စစ်ထဲလိုက်ရာကနေ မှန်းချက်နဲ့နှမ်းထွက် တက်တက်စင်အောင်လွဲသွားတဲ့ ဆင်းရဲသားလယ်သမားနှစ်ဦးပါ။ ဒီနှစ်ယောက်ဟာ စစ်မြေပြင်ကနေ ထွက်ပြေးလာရင်း ၎င်းတို့နေထိုင်ရာ အာခိဇုကိမြို့တော်ကိုပြန်တဲ့လမ်းတစ်‌နေရာမှာ အာခိဇုကိရဲ့အမွေဆက်ခံသူ မင်းသမီးဖြစ်တဲ့ ယုကိ နဲ့ မင်းသမီးကို လျှို့ဝှက်စွာစောင့်ရှောက်ပေးနေတဲ့ စစ်သူကြီး ရိုကူရိုတာမာကာဘဲတို့နဲ့ ဆုံကြပါတယ်။ ဒါပေမဲ့ အူတူအတ လယ်သမားနှစ်ယောက်ဟာ အာခိဇုကိ စစ်သူကြီးနဲ့ မင်းသမီးဖြစ်သူတို့ရဲ့ သရုပ်မှန်ကိုမသိဘဲ ဟာရာကာဝါမြို့တော်ကိုဖြတ်ပြီး အာခိဇုကိကို အတူခရီးဆက်ရင်း လိုက်ပို့ပေးဖို့ သဘောတူလိုက်ကြပါတော့တယ်။ ဒီရုပ်ရှင်ထဲက ကာရိုက်တာတွေကို ဂျော့ခ်ျလူးကပ်စ်က Star Wars အတွက် inspire ယူခဲ့တာပါ။ ပထမဆုံးအနေနဲ့ အူကြောင်ကြောင် လယ်သမားသူငယ်ချင်းနှစ်ယောက်က Star Wars ထဲက စက်ရုပ်သူငယ်ချင်းနှစ်ကောင်ဖြစ်ကြတဲ့ R2D2 နဲ့ C3PO ပေါ့။ နာမည်ကြီးစစ်သူကြီး ရိုကူရိုတာကတော့ အိုဘီ၀မ်ကင်နိုဘီဖြစ်ပြီး သူကာကွယ်ပေးနေတဲ့ မင်းသမီး ယုကိကတော့ Princess Leia ပါ။စစ်ရှုံးနေကြတဲ့ အာခိဇုကိတွေ နဲ့ Star Wars ရဲ့ Rebels တွေအတွက် မင်းသမီး ယုကိ နဲ့ လီယာတို့က တစ်ခုတည်းသောမျှော်လင့်အချက်အလင်းရောင်ဖြစ်ကြတယ်။ ဒါရိုက်တာကြီး ကူရိုဆာဝါရဲ့ လက်ရာတစ်ခုဖြစ်တာကြောင့် အများကြီးတော့ ထပ်ညွှန်းနေစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်ကိုလည်း ကူရိုဆာဝါရဲ့ တခြားနာမည်ကြီးလက်ရာတွေဖြစ်တဲ့ High and Low , Throne of Blood တို့ထဲမှာသုံးထားတဲ့ ဂျပန်ဂန္တ၀င်မင်းသားကြီး Toshiro Mifune ကိုပဲသုံးထားတာမလို့ တစ်ခေတ်တစ်ခါက ဂျပန်ဆာမူရိုင်း အဖြူအမည်းရုပ်ရှင်ကားကောင်းကို ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါဦး။ File size…(2.9 GB)/(1.85 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Documentary
8.1 1958
The Hidden Fortress
Pusher 3

Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။ Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ ရှေ့နှစ်ကားတုန်းက မန်းရှင်းဖို့မေ့သွားတဲ့ pusher trilogy ရဲ့ထူးခြားချက်တွေကတော့ ဒီရုပ်ရှင်တွေထဲကဇာတ်ကောင်အများစုက အပြင်လောကမှာလည်း ရာဇ၀တ်သားအစစ်တွေပါ။ ဒီကားထဲက မူးယစ်ဆေးစွဲ‌နေသူ ပြန်လည်ထူထောင်ရေး အစည်းအဝေးတွေကိုတက်ခဲ့ကြတဲ့သူတွေကလည်း တကယ်ဆေးစွဲနေတဲ့သူတွေပါ။ မူဟာမက်ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ Ilyas Agac ဟာဆိုရင် ဒီရုပ်ရှင်အပြီးမှာ ထောင်ထဲကိုပြန်၀င်ခဲ့ရတာမလို့ ဒါရိုက်တာ Nicolas က ‌ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးပြီးတဲ့အချိန်မှာ Ilyas Agac အတွက် ထောင်ထဲအထိလိုက်လံပြသ‌ပေးခဲ့ရပါတယ်တဲ့။ ဆိုတော့ကာ Pusher သုံးကားထဲမှာ ဒီကားကအကောင်းဆုံးလို့ပြောရပါမယ်။ ဆေးဖြန့်တဲ့ တရားမ၀င်လုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ကိုင်တွယ်နေတဲ့ အလယ်အလတ်တန်းစား သူဌေးတစ်ယောက်အနေနဲ့ အောက်ခြေကငချွတ်လေးတွေနဲ့မတူဘဲ သက်ဆိုးရှည်နေတဲ့အချက်ကတော့ ပြဿနာတွေ ကွိုင်တွေတက်လာရင်လည်း ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြေရှင်းတာလို့ပြောရပါမယ်။ ဖြေရှင်းဖို့အတွက်လည်း လူအင်အားကော ငွေကြေးပါပြည့်စုံတာကိုး။ ဒီကားထဲမှာတော့ ရှေ့ကားတွေထက်ပိုကြမ်းတဲ့ အလောင်းဖျောက်တာ ဘာညာတွေကို သေချာ စ လယ် ဆုံး ရိုက်ကူးပြထားတာမလို့ သွေးသံရဲရဲဇာတ်၀င်ခန်းတချို့ကိုလည်းမြင်ရမှာပါ။ မီလိုကြီးတစ်ယောက် မိသားစုကိစ္စနဲ့ စီးပွားရေးကိစ္စကို တညတည်းမှာဘယ်လိုကိုင်တွယ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရှုစားလိုက်ပါဦး။ File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror
0 2005
Pusher 3
Love Letter
7.9

Love Letter ( 1995 ) Directed by Shunji Iwai ရှုန်းဂျီအီဝေရဲ့ Love Letterက စီအမ်မှာတင်ပြီးသား သူ့ Last Letter နဲ့တော့ မဆိုသလောက်ဆင်တယ်။ ဆင်တယ်ဆိုတာက သူ့ဘဝထဲက ပျောက်သွားတာကြာပြီဖြစ်တဲ့လူတစ်ယောက်ကို ဆုံးပါးသွားပြီးမှ ခြေရာပြန်ကောက်ကြတဲ့ အကြောင်းအရာချင်းတူနေတာ။ ဇာတ်လမ်းအကြောင်းအရာအတိအကျကတော့ မပြောဘဲထားတာ ပိုကောင်းပါလိမ့်မယ်။ Love Letterဟာ အီဝေ့ပွဲဦးထွက်ရုပ်ရှင်ပေမဲ့ သူ့အကောင်းဆုံးတွေထဲတောင် စာရင်းသွင်းလို့ရပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ကိုရီးယားမှာ ပထမဆုံးပြန်ပြတဲ့ ဂျပန်ရုပ်ရှင်တွေထဲက တစ်ကားဖြစ်ခဲ့သလို highest-grossing Japanese film in South Korea လည်းဖြစ်ခဲ့တယ်။ ဂျပန်အကယ်ဒမီဆုပေးပွဲမှာလည်း ဆုတွေရခဲ့တယ်။ ရှန်းဂျီအီဝေဟာ မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက လက်ချိုးရေလို့ရတဲ့ အတော်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်တော့ ရှုန်းဂျီအီဝေကို မျက်မှောက်ခေတ်ဂျပန်စီနီမာထဲက အကောင်းဆုံးဒါရိုက်တာလို့ ကိုယ့်ဘာသာ သတ်မှတ်ချင်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်တော် ရှုန်းဂျီအီဝေဆို All About Lily Chou-Chouလောက်ပဲ ရင်းနှီးခဲ့တဲ့အချိန်တုန်းက အာရှရုပ်ရှင်ဂရုတစ်ခုမှာ ဖတ်ခဲ့ဖူးတာက ” ရှန်းဂျီအီဝေရဲ့ ရုပ်ရှင်တွေက ကမ္ဘာပေါ် နိဗ္ဗာန်ကို ပစ်ချပြလိုက်သလို ရုပ်ရှင်တွေပဲ”တဲ့။ နှစ်တွေကြာလာလေ အီဝေကိုပိုသိလာလေ ကျွန်တော့် ဒီစကားကို ပိုထောက်ခံမိလာလေပဲ။ အီဝေ့ရုပ်ရှင်တွေက လှပတာတစ်ခုသက်သက်ကြောင့်နဲ့တော့ ဒီလိုပြောတာမဟုတ်ဘူး။ အီဝေ့ရုပ်ရှင်အများစုမှာ ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို ဖြတ်သန်းရတတ်တယ်။ တစ်ချို့ကားတွေဆို အဲဒီဝမ်းနည်းစရာအခိုက်အတန့်ကို ဖြတ်သန်းတဲ့ အခိုက်အတန့်အကြောင်းကိုပဲ ရိုက်ပြထားတာ။ မရှိတော့တဲ့ ကိုယ်ချစ်ခဲ့ဖူးတဲ့သူတစ်ယောက်ရဲ့ ကိုယ်မသိခဲ့ ရာဇဝင်ကို ပြန်လည်တူးဖော်ရတာမျိုးပေါ့။ အီဝေ့ရုပ်ရှင်တွေဟာ ဒီအခိုက်အတန့်တွေကို ဖြတ်သန်းပြီး အဆုံးမှာ ကမ္ဘာကြီးဟာ လှပနေပါသေးတယ်လို့ ကျွန်တော်တို့ကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ တစ်စုံတရာမရှိတော့ရင်တောင် ကျန်ခဲ့သေးတဲ့ အမှတ်တရတွေက ကျွန်တော်တို့ရှင်သန်မှုတွေကို အဓိပ္ပာယ်ရှိစေခဲ့တဲ့ အကြောင်းတရားတွေကို မြင်လာအောင် လုပ်ပေးနိုင်တယ်။ အီဝေ့ရုပ်ရှင်တွေဟာ ကမ္ဘာပေါ်မှာ နိဗ္ဗာန် တည်ရှိနေသေးကြောင်း, အဲဒီနိဗ္ဗာန်ဟာ ကျွန်တော်တို့ရဲ့ချစ်ခဲ့ခြင်းတွေ အမှတ်ရနေခြင်းတွေဖြစ်ကြောင်း သက်သေပြနေတဲ့ ရုပ်ရှင်တွေပါပဲ။ အီဝေဟာ ကမ္ဘာပေါ်ကို နိဗ္ဗာန်ပစ်ချလိုက်တာထက် ကမ္ဘာအစစ်ထဲက နိဗ္ဗာန်ကို မြင်သာလာအောင် ပြပေးခဲ့တယ်ဆို ပိုမှန်လိမ့်မယ်။ File size… 1.9 GB / 899 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

7.9 1995
Love Letter
Inside I’m Dancing / Rory Oshea Was Here

မင်္ဂလာပါ ရုပ်ရှင်ချစ်သူတို့ရေ! ဒီနေ့မှာ “Rory O’Shea Was Here” ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ရုပ်ရှင်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ လူ့ဘဝရဲ့ အားမာန်နဲ့ ပြည့်စုံမှုကို ရင်ထိုးရင်နာဖြစ်စေမယ့် ဒရာမာဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဇာတ်လမ်းမှာ Michael (Steven Robertson) ဟာမွေးစဥ်ကတည်းကမသန်စွမ်းသူ ဖြစ်ပြီး အပြင်းအထန်ကြံ့ကြံ့ခံစိတ်ဓာတ်နဲ့ ဘဝကို ကြုံကြုံဆန်ဆန် ရင်ဆိုင်နေသူတစ်ဦးပါ။ သူဟာ တစ်ချိန်မှာ Rory O’Shea (James McAvoy) နဲ့ တွေ့ဆုံခဲ့ပြီး အကျွမ်းတဝင်ဖြစ်လာပါတော့တယ်။ Rory ကသွားလာရခတ်တဲ့ဒုက္ခတတစ်ယောက် ဖြစ်သော်လည်း သူ့ရဲ့ စိတ်အားမာန်နဲ့ ဘဝကို ပြန်လည်စတင်ဖို့ကြိုးစားနေသူဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ဘဝကို အခွင့်အရေးရဖို့ ကြိုးစားနေကြတဲ့ လူငယ်နှစ်ဦးပါ။ Rory ရဲ့ ကူညီမှုနဲ့ Michael က ပိုမိုလွတ်လပ်တဲ့ ဘဝကို ရယူဖို့ကြိုးစားပါတော့တယ်။ သူတို့အခက်အခဲတွေကို ရင်ဆိုင်ရင်း ဘဝရဲ့ အနုပညာနဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိရမှာပါ။ “Rory O’Shea Was Here” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ဖို့ အားမာန်ပေးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်လို့ လက်မလွတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.4 GB)/(809 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

Thriller • Mystery
0 2004
Inside I’m Dancing / Rory Oshea Was Here
Death Town
5.8

နှစ်ပေါင်းများစွာအတွင်း စစ်ရှုပ်ထွေးမှုနဲ့ ဝေးရာမှာရှိပြီး အေးချမ်းသာယာခဲ့တဲ့ ဝူချန်မြို့မှာ မတော်တဆ သေဆုံးမှုတွေ ဆက်တိုက် ဖြစ်နေခဲ့ပါတယ်။ ရွာသားတွေရဲ့ ပြောပုံအရတော့ အားရီးနတ်ကို ပြစ်မှားမိပြီး တားမြစ်နယ်မြေဖြစ်တဲ့ ဝိညာဉ်ပျောက်တောထဲကို ဝင်မိတဲ့အတွက် သေရတာတဲ့…… ကင်းလှည့်အဖွဲ့ အဖွဲ့ခေါင်းဆောင် ချန်မော့က လိုက်လံစုံစမ်းနေတဲ့အချိန်မှာ ရေနစ်သူမိန်းကလေးပိုင်စွမ်းကို ကယ်ခဲ့ပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ်မရှိတဲ့ ဝူချန်မြို့မှာ အပြင်လူတစ်ယောက် ရောက်လာခြင်းက နိမိတ်မကောင်းတဲ့အတွက် ချန်မော့က ပိုင်စွမ်းကို သူ့အိမ်ထဲမှာပဲ ဖွက်ထားပေးခဲ့ပါတယ်။ ပိုင်စွမ်းက အပြင်လောကမှာရှိတဲ့ အသိပညာတွေ မျှဝေပေးမှုကြောင့် ချန်မော့ကလည်း အားရီးနတ်ကို အယုံအကြည်မရှိတော့ဘဲ လူသေမှုတွေကို လိုက်လံစုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လူသေမှုတွေ နောက်ကွယ်မှာ ဘယ်လို အကြံအစည်ကြီးတွေ ရှိနေမလဲ…… ချန်မော့တို့အဖွဲ့ကရော မြို့ထဲကလူတွေကို အမြင်မှန်ရလာအောင် လုပ်ပေးနိုင်မလား ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama
5.8 2024
Death Town
Suck Seed
7.4

Suck Seed (2011) IMDB: 7.4 / Rotten Tomatoes: 82% ယခုတစ်ခါမှာတော့ ကျောင်းသားအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ Music အချစ်ဟာသဇာတ်ကားလေးဖြစ်တဲ့အတိုင်းပဲ အဆိုတော်မင်းသားတွေဖြစ်တဲ့ Jirayu La-ongmanee နဲ့ Pachara Chirathivatတို့က ပါဝင်ထားပါတယ်။ ငယ်ငယ်လေးတည်းက တိတ်တခိုးလေးချစ်ခဲ့ရတဲ့ ကောင်မလေးအန်ဟာ ဘန်ကောက်ကို ပြောင်းရွှေ့သွားတဲ့အတွက် ထပ်ပြီးမတွေ့နိုင်တော့ဘူးဆိုတဲ့အတွေးနဲ့ မြိုသိပ်ထားရင်း နေလာခဲ့တဲ့ ပက်ဒ်။ ပက်ဒ်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကွန်ဟာ သူဖြစ်ချင်တာ သူလုပ်ချင်တာကိုပဲ လုပ်ပြီးတော့ စိတ်အပြောင်းအလဲမြန်တတ်သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒီလိုနဲ့ ပက်ဒ်တို့တွေ အထက်တန်းကိုရောက်လာတဲ့အချိန်မှာတော့ အန်ဟာ သူတို့ကျောင်းကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ မမျှော်လင့်ထားတဲ့ကိစ္စကတော့ ကွန်ဟာ အန့်ကို ကြွေသွားပြီးတော့ လိုက်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ပက်ဒ်တစ်ယောက် သူငယ်ချင်းကို ချစ်တဲ့သူပီပီ သူ့ရဲ့အချစ်တွေကို မြိုသိပ်ထားခဲ့ပါတော့တယ်။ အန်ဟာ ဂီတကို ရူးသွပ်တဲ့သူတစ်ယောက်ပီပီ သီချင်းဆိုပြိုင်ပွဲကို ဝင်ပြိုင်ဖို့လုပ်ရင်း အန့်ကိုလိုက်ဖို့ကြိုးစားနေတဲ့ ကွန်ဟာလည်း ဂီတဘက်ကို စိတ်ရောက်သွားပြီးတော့ သူငယ်ချင်းဖြစ်တဲ့ ပက်ဒ်နဲ့အက်တို့ကို ဆွဲခေါ်ရင်း အဆိုပြိုင်ပွဲပြိုင်ဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ပက်ဒ်,ကွန်နဲ့ အက်တို့ အဆိုပြိုင်ပွဲကို ဘယ်လိုတွေ ယှဉ်ပြိုင်သွားမလဲ ….. အန်ရယ် ပက်ဒ်နဲ့ ကွန်တို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဟာသဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ File size…(3.9 GB) / (1.5 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:10:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Char Ou

7.4 2011
Suck Seed
Crows Zero II Kurôzu zero II
7.2

Crows Zero II (2009) IMDb Rating (7.2) / Rotten Tomatoes (77%) ဂျပန်ရဲ့ high school delinquent မန်ဂါတွေရဲ့ စတိုင်ကိုလည်း ဒီနေ့ခေတ် ကိုရီးယားမန်ဟွာတွေ ဇာတ်လမ်းတွဲတွေက ယူသုံးကြ အောင်မြင်ကြတာပဲ။ Crowsကတေ့ high school delinquent မန်ဂါတွေထဲ မန်ဂါ အန်နမဲပရိသတ်တွေကြား တော်တော်အောင်မြင်ခဲ့သလို အဆက်တွေ အတွဲတွေပေါင်းများစွာလည်း ထွက်ခဲ့တယ်။ ရုပ်ရှင်မှာဆိုလည်း High and Low တွေနဲ့ပါ ချိတ်ထားခဲ့သေးတယ်။ ပြီးခဲ့တဲ့လတွေက နာမည်ကြီးခဲ့တဲ့ Study Groupတို့ဆိုလည်း ဒီ Crowsတွေနဲ့ ကျောရိုးတော့ တော်တော်ဆင်တယ်ပြောရမယ်။ Crowsဟာ မန်ဂါအနေနဲ့ တော်တော်အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့တော့ Crows Zeros 1, 2 ပြီးတော့ Crows Explode ဆိုပြီး သုံးကားထွက်ခဲ့တယ်။ Crowsရဲ့ ဇာတ်လမ်းမတိုင်ခင် အဓိကဇာတ်ကောင် Bōyaမတိုင်ခင် ဖြစ်ခဲ့တာတွေကို ပြထားတာပါပဲ။ မူရင်းမန်ဂါဇာတ်ကို တိုက်ရိုက် ရိုက်ပြထားတာမဟုတ်ဘူး။ ဒါကြောင့်လည်း Crows: Episode 0 လို့ ပေးထားတာနေမယ်။ ဒီ၂ကားက တော်တော်တော့ ကြမ်းတဲ့ လန်းတဲ့ထဲတော့ ပါတယ်ပြောရမယ်။ လန်းဆို ရိုက်တာကလည်းTakashi Miike။ Auditionလို ကားမျိုးရဲ့ ဒါရိုက်တာကိုး။ ၃ကတော့ သူရိုက်တာမဟုတ်တော့သလို အဓိကဇာတ်ကောင်တောင်မတူတော့ဘူး။ ဒီ၂ကားလောက်လည်း မအောင်မြင်ခဲ့ပါဘူး။ Crows Zero ရဲ့ ဒုတိယကားမှာတော့ ပထမကားမှာ ဆုဇူရန်ကျောင်းရဲ့ ခေါင်းဆောင်နေရာကို သိမ်းလိုက်နိုင်ပြီဖြစ်တဲ့ ဂန်ဂျိရဲ့ ခေါင်းဆောင်မှုအပိုင်း အားသာချက် အားနည်းချက်တွေနဲ့ သူတို့ကျောင်းနဲ့ အတိတ်ကရန်ညှိုးရှိတဲ့ ဟိုစန်ကျောင်းက သူတို့ကျောင်းနဲ့ ပြဿနာထပ်ဖြစ်လာတာကို ပြထားတယ်။ပြောရရင် နယ်တော့ကျယ်သွားတယ်ပေါ့။ ပထမကကျောင်းတွင်း အခုက တခြားကျောင်းနဲ့။ တခြားကျောင်းနဲ့ဖြစ်သွားပေမဲ့ သူတို့ရဲ့ ပြိုင်ဘက်ကို လေးစားစိတ်တွေ မျှတတဲ့တိုက်ပွဲ ဖြစ်ချင်စိတ်တွေကတော့ မပြောင်းဘူးလို့ပြောရမယ်။ ဂန်ဂျိရဲ့ ခေါင်းဆောင်ကောင်းပီသတဲ့စိတ်ကိုတော့ ဒီမှာ ပိုထင်ရှားအောင် ပြသွားသလို သူ့ကိုခေါင်းဆောင်အဖြစ် လက်ခံကြခြင်း လက်မခံကြခြင်းတွေကိုလည်းပြသွားတယ်။ ဇာတ်ကတော့ အများကြီးဆက်လာစရာရှိသေးသလိုလို နောက်မျိုးဆက်သစ်တွေရဲ့ခေတ်ဖြစ်သွားသလိုသလို သိမ်းသွားပြီး အဆက်လာချင်လည်းရ မလာချင်လည်းရတဲ့ ပုံစံနဲ့သိမ်းသွားပေမဲ့ ကြည့်လို့တော့ တော်တော်မဝအောင်လုပ်သွားခဲ့တယ်။ ၃တော့ ဆက်ထွက်ပေမဲ့ အဓိကဇာတ်ကောင်တော့ မတူတော့ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(3.3 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Comedy,Crime Duration….02:13:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy
7.2 2009 133 mins
Crows Zero II Kurôzu zero II
Inside Man: Most Wanted
5.8

ဘရန်စတူးဝဒ် က FBI မှာ အလုပ်လုပ်နေတဲ့ ဓားစာခံညှိနှိုင်းရေးအရာရှိဖြစ်ပြီး ဓားစာခံညှိနှိုင်းရေးနဲ့ပတ်သတ်တဲ့ အတန်းတွေကိုလည်း ပို့ချနေသူပါ။ ရမ်မီ ကတော့ နယူးယောက်ရဲတပ်ဖွဲ့မှာလုပ်ကိုင်နေတဲ့ ဓားစာခံညှိနှိုင်းရေးမှူးဖြစ်ပြီး ဓားစာခံခေါ်ထားတဲ့ ပြစ်မှုကျူးလွန်သူတွေနဲ့ ညှိနှိုင်းရာမှာ ကျွမ်းကျင်လွန်းသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ အမေရိကရဲ့ ဗဟိုဘဏ်ကြီးကို ဓားပြတစ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီး အထဲမှာ ဓားစာခံတွေကိုပါ ထိန်းသိမ်းထားလိုက်ပါတော့တယ်။ နိုင်ငံနဲ့ဆိုင်တဲ့ အမှုဖြစ်သွားလို့ နယူးယောက်ရဲတပ်ဖွဲ့နဲ့တင်မပြီးတော့ဘဲ FBI က အေးဂျင့် စတူးဝဒ် တို့ပါ ရောက်လာရပါတယ်။ ဒီဘဏ်ဓားပြတွေကရော ဘယ်သူတွေလဲ၊ သူတို့ရည်ရွယ်ချက်က ဘာလဲ၊ ဘာကြောင့် ဗဟိုဘဏ်ကိုမှ ဓားပြတိုက်ရသလဲ။ အေးဂျင့်စတူးဝဒ် နဲ့ စုံထောက် ဘရန်တို့ရော ဓားစာခံတွေကို အန္တရာယ်မဖြစ်စေဖို့ ဓားပြတွေနဲ့ ညှိနှိုင်းနိုင်ပါ့မလား။ ဒီအမှုကြီးကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုကြရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… (1.74 GB) / ( 1.00 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 45m Genre …..Action, Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Drama • Mystery • Thriller
5.8 2019 105 mins
Inside Man: Most Wanted