YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ottu (2023) Telugu TRUE WEB-DL - 1080p - AVC.AAC5.1CH(CM).mp4

1.68 GB 1080p video/mp4 1255 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mourning Grave
7.3

ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ၂၀၁၄ ခုနှစ်ကထွက်ခဲ့တဲ့ horror, thriller ကျောင်းသားဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ညဘက်ကျောင်းမှာနေရတဲ့ခံစားချက်ဆိုတာ နေ့ခင်းမှာနေရတာနဲ့ မတူတဲ့အပြင် အဲအချိန်မှာမှ အငြိုးကြီးတဲ့သရဲက အကုန်လုံးကိုရန်ရှာလာတဲ့အခါမှာ... ဂန်အင်းဆူဆိုတဲ့ကောင်လေးက သရဲတွေကိုမြင်ရပြီး သရဲတွေကလည်း သူ့ကိုဆို အကူအညီတောင်းချင်လို့ တန်းစီနေကြတာပါ အဲလိုနဲ့မွေးရပ်မြေကိုပြန်သွားတဲ့အခါမှာလည်း ကျောင်းတက်တာနဲ့ သူ့ကိုစပြီး အရိပ်အယောင်တွေပြရာကနေ တကယ့်နာကြည်းချက်တွေရှိတဲ့ သရဲဟာ အကုန်လုံးကို သတ်ပစ်ချင်လောက်အောင် အငြိုးကြီးနေတာကို သိလိုက်ရတော့တယ်... ဂန်အင်းဆူနဲ့ အဲဒီသရဲနဲ့ကရော ဘယ်လိုပတ်သက်မှုတွေရှိမလဲ၊ နောက်ဆုံးမှာ အငြိုးတွေဟာ ပိုကြီးလာမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်ပါတယ် Kang Ha Neul, Kim So Eun တို့အဓိကပါဝင်ထားပြီး horror ကားကြိုက်တဲ့သူတွေအတွက်တော့ ကြည့်ရတာတန်စေမယ့် ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Horror, Thriller Quality…. 1080p | 720p | 480p File size… 895MB | 485MB | 248MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron

Action • Adventure • Horror
7.3 2014 90 mins
Mourning Grave
A Woman Called Sada Abe
5.3

အေဘီ ဆာဒါ ဆိုတာ သူမ ချစ်သူကို ချစ်လွန်းလို့ အဆုံးရှုံးခံရမှာစိုးလို့၊ တခြားသူလက်ထဲ မထည့်ပေးနိုင်လို့ ချစ်သူကို ကိုယ်တိုင်သတ်ပစ်ပြီး၊ လိင်အင်္ဂါကိုဖြတ်ယူကာ သူမ ကီမိုနိုထဲထည့်ကာ ကိုယ်နဲ့မကွာဆောင်ထားတဲ့ အမျိုးသမီးပဲဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ 1936 ခုနှစ်မှာ ဂျပန်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့ပြီး လူထုအကြားတုန်လှုပ်ခြောက်ခြားစေခဲ့ပြီး တွေးခေါ်ပညာရှင်တွေ၊စာရေးဆရာတွေနဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေအကြားပိုပျံ့နှံခဲ့ပါတယ်။ 1975 မှာတော့ သူမအကြောင်း ပြန်လည်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ထွက်ရှိခဲ့ပါတော့တယ်။ တကယ်လည်းအချစ်ကြီးခြင်းရဲ့ ကြောက်စရာကောင်းတဲ့အိပ်ရာခန်းတွေနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို ကွင်းကွင်းကွက်ကွက်မြင်ရမှာမို့ မိသားစုနဲ့လုံးဝမကြည့်သင့်ပါဘူးခင်ဗျ File Size : (1.3GB) and (445 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Adult, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by SD Encoded by DS

Comedy • Fantasy
5.3 1975 76 mins
A Woman Called Sada Abe
God's Creatures
6

Game Of Throneထဲက မင်းသမီး ချောလေး Aisling Franciosiနဲ့ Corpse Bride နဲ့ Chernobylတို့မှာ ပါဝင်သရုပ်ဆောင်ထားဖူးတဲ့ မင်းသမီးကြီးEmily Watsonတို့ရဲ့ဇာတ်ကားကောင်းလေးလာပါပြီ။ အေးလင်ရဲ့သားဖြစ်သူ ဘရိုင်ယန်ဟာ မိခင်ရှိရာဆီကို နှစ်အတော်ကြာမှပြန်ရောက်လာခဲ့ပါတယ်။ သားအမိ၂ယောက်အလွမ်းသည်လို့မှ မဆုံးသေး ဘရိုင်ယန်တစ်ယောက် လက်အငြိမ်မနေ ခြေမငြိမ်နေမှုကြောင့် ဆာရာဆိုတဲ့ကောင်မလေးကို မုဒိန်းကျင့်ပါတယ်ဆိုပြီး တရားစွဲခံရပါတော့တယ်။ သူတကယ်ပဲ ဆာရာကို မုဒိန်းကျင့်ခဲ့သလား၊ သူဒီအမှုကနေရော လွတ်မြောက်သွားပါ့မလား၊ သားအမိ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးရင်းတွေးရင် ကြည့်ရှု့ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…(1.28GB)  / (665.65MB) / (303.28MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Comedy • Horror
6 2022 101 mins
God's Creatures
Bullet in the Head
7.6

Bullet In The Head ကို တစ်ချို့က ဂျွန်ဝူးရဲ့ အကောင်းဆုံးကားလို့ ဆိုကြတယ်။ Bullet မှာလည်း ဂျွန်ဝူးဟာ သူရဲ့ Trademark ဖြစ်တဲ့ Heroic Bloodshed ပုံစံအတိုင်းပဲ ရိုက်ထားတာပါပဲ။ ဂျွန်ဝူးဟာ ဟောင်ကောင်စီနီမာက စလိုက်တဲ့ ဒီ Genreရဲ့ Pioneer တစ်ယောက်ဖြစ်သလို ဒီ Genre ကို အပိုင်ဆုံးကလည်း ဂျွန်ဝူးပါပဲ။ ဇာတ်လမ်းသာပြောင်းသွားမယ် ညီအစ်ကိုစိတ်ဓာတ်တွေ သွေးသံရဲရဲတွေ အကြမ်းပတမ်းတိုက်ခန်းခိုက်ခန်းတွေ လူမိုက်တွေ ဒါတွေပဲမြင်နေရမှာပေမဲ့ ဂျွန်ဝူးကတော့ ကြည့်လို့မရိုးအောင်ကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြနိုင်ပါတယ်။ ဟောင်ကောင်ကစခဲ့တဲ့ ဒီ Heroic Bloodshed Genre ဟာ အနောက်မာစတာပိစ် အက်ရှင်တွေကို လွှမ်းမိုးနိုင်တဲ့အထိ ဂျွန်ဝူးတို့ခေတ်က ပေါက်မြောက်ခဲ့ပါတယ်။ အနောက်ကို လွှမ်းမိုးမှုများခဲ့ပါတယ်။ အထင်ရှားဆုံးပြောရရင် Quentin Tarantino ဟာ City on Fire (1987)ကို Inspire ယူပြီး Reservoir Dogs ကိုရိုက်ခဲ့တာဖြစ်သလို The Killer ကလည်း Léon: The Professional ကားအပေါ် လွှမ်းမိုးမှု အတော်ကြီးခဲ့ပါတယ်။ Bullet In The Head ဟာ ဒီကားနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့တဲ့ သူဆက်မရိုက်ဖြစ်ခဲ့တဲ့ A Better Tomorrow 3 လိုပဲ ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဒီလိုဖြစ်ရတာလည်း အစက Bullet in the head ကို Better Tomorrow 3 အဖြစ်ရည်ရွယ်ခဲ့ပေမဲ့ Tsui Hark နဲ့ ပြဿနာတက်ရာက ခွာပြဲသွားကြလို့ပါပဲ။ မဟုတ်ရင် A Better Tomorrow Trilogy ဟာ အကောင်းဆုံးအပိတ်ကားကို ရသွားမှာပါပဲ။ BiTH ဟာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်ရုပ်ရှင်ရဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက်နဲ့ ပြဿနာတက်ခဲ့တဲ့အတွက် ဂျွန်ဝူးအတွက် အတော်အဆင်မပြေခဲ့ပါဘူး။ ဂျွန်ဝူးဟာ ဒီရုပ်ရှင်အတွက် သူခက်ခဲခဲ့ရပုံကို သမိုင်းမှာရိုက်ကူးရေးမှာ အခက်အခဲအများဆုံးကြုံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Apocalypse now နဲ့တောင် တင်စားပြောခဲ့ပါတယ်။ Apocalypse now ဟာ ဖရန်စစ်ဖို့ဒ်ကော်ပိုလာအတွက် ရိုက်ရအခက်ဆုံးကားဖြစ်သလို BiTH ဟာ ဂျွန်ဝူးရဲ့ ရိုက်ရအခက်ဆုံးကားပါပဲ။ ဒါပေမဲ့လည်း ငွေကြေးအရတော့ မအောင်မြင်ခဲ့ပြန်ပါဘူး။ ပါးစပ်ရာဇ၀င်တွေအရတော့ Tsui Hark ဟာ ဂျွန်ဝူးကို Box Office မှာ အလဲထိုးဖို့ သူ့ BT 3 ကို အဆောတလျင်ရိုက်ခဲ့တယ်ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါပဲ။ Bt 3ဟာ Bullet in the head ထက် ရုံ၀င်ငွေ ဟောင်ကောင်ဒေါ်လာ တစ်ကုဋေကျော်သာပါတယ်။ Bullet in The Head မှာ ဂျွန်ဝူးဟာ နဂိုကတည်းက ကြမ်းနေတဲ့ သူ့ပုံစံကို အကြမ်းဆုံးနေရာဖြစ်ခဲ့တဲ့ ဗီယက်နမ်, ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ပြီး အမေရိကန်နဲ့ ဗီယက်နမ်တွေကြားက တိုက်ပွဲတွေ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်က ဆန္ဒပြပွဲရဲ့ အနိဌာရုံတွေကိုပါထည့်ပြီး အကြမ်းဆုံးဖြစ်အောင် ရိုက်ပြသွားခဲ့တယ်။ ဒီကအခြေအနေတွေနဲ့ ချွတ်စွတ်တူနေတဲ့ အခန်းတွေလည်း မနည်းပါဘူး။ ဇာတ်အိမ်ကလည်း စစ်ကားမဟုတ်ပေမဲ့ ဗီယက်နမ်မှာပဲ တိုင်ပတ်နေပြီး စစ်ပါတိုက်နေရတာကြောင့် ဗီယက်နမ်ဇာတ်အိမ်တည် စစ်ကားအရသာမျိုးတောင် ထွက်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ခုထိလည်း နာမည်ကျော်တွေဖြစ်နေဆဲသူတွေဖြစ်တဲ့ တိုနီလျောင်ချူဝေ, ဂျက်ကီချောင်, ဆိုင်မွန်ယန်းတို့ ပါပဲ။ တစ်ချို့က တိုနီလျောင်ချူဝေရဲ့ အကောင်းဆုံး ပါဖောမန့်တွေထဲ Bullet in The Head ပါတယ်လို့ဆိုကြပါတယ်။ တိုနီလျောင်ကိုတော့ ချီးမွမ်းခန်းထပ်ဖွင့်စရာ မလိုလောက်ပါဘူး။ ဝေါင်ကာဝေးရဲ့ As Tears Go By နဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင်ရအခက်ဆုံး ဇာတ်ကောင်ဆယ်ခုစာရင်းမှာ ဂျက်ကီချောင် ဝင်ခဲ့တဲ့အကြောင်း တလောကပဲ ဖတ်လိုက်ရပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂျက်ကီချောင်ဟာ ဒီရုပ်ရှင်ထဲလည်း အလားတူဇာတ်ရုပ်ကိုပဲ ပြန်သရုပ်ဆောင်ထားခဲ့ပါတယ်။ တစ်ခန်းဆို As Tears Go By နဲ့ ဇာတ်ဝင်ခန်းပါ သွားဆင်နေပါတယ်။ Bullet in The Head ဟာ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed ကားတွေထဲ ချောင်ယွန်ဖတ်မပါတဲ့ ကား၂ကားထဲက တစ်ကားဖြစ်ပြီး တစ်ကားတည်းသော ချောင်ယွန်ဖတ်မပါဘဲ သူ့အကောင်းဆုံးစာရင်းဝင်နေတဲ့ Heroic Bloodshed ကားလည်းဟုတ်ပါတယ်။ Bullet in The Head ဟာ ဝေဖန်ရေးသမားသီးသန့်သာပေးကြတဲ့ Rotten Tomatoes Rating မှာ ၁၀၀အပြည့်ရထားတဲ့ ဂျွန်ဝူးရဲ့ တစ်ကားတည်းသောရုပ်ရှင်လည်း ဟုတ်ပါတယ်။ Bullet in The Head ဟာ ရုံ၀င်ငွေအရ အောင်မြင်မှုမရခဲ့ပေမဲ့ တစ်ခါကြည့်တိုင်း ထူးခြားချက်တစ်မျိုးထပ်မြင်ရတတ်တဲ့ ဂျွန်ဝူးရဲ့ မာစတာပိစ် ဧကန်ဖြစ်တဲ့ရုပ်ရှင်လို့လည်း ဝေဖန်ရေးသမားအချို့က ဆိုပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.6GB, 589MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 16Min Type - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 1990 130 mins
Bullet in the Head
Snow and the Bear
6.8

~~IMDb 6.7~~ ဘဝမှာ ကိုယ်တစ်ယောက်တည်း အဖြူရောင်ဟာလာဟင်းလင်းအခန်းထဲမှာ ပိတ်ခံထားရမယ်ဆို ဘယ်လိုခံစားရမလဲ၊ ဘယ်လိုအတွေးတွေများတွေးနေမိမလဲ။ ကိုယ်နဲ့ မရင်းနှီးနဲ့နေရာမှာ မျက်နှာစိမ်းတွေနဲ့ ဒေသရဲ့အခြေအနေတွေ အနှောင့်အယှက်ဆိုတာ မျက်စိအမြင်ထက် နားနဲ့ပဲကြားရပြီ ပုံပြင်သယောင် ဒဏ္ဍာရီသယောင် အဖြေဘာလဲထက် ဘာမေးရမှန်းတောင်မသိဖြစ်နေချိန်တွေ ကို ကိုယ်တိုင်မကြုံဖူးလည်း နှာဖူးတွေ့ဒူးတွေ့ တွေ့ရမယ့်ကားပါ။ ဇာတ်လမ်းကတော့ နယ်ဘက်က ခေါင်ဖျားလှတဲ့ဒေသမှာ တာဝန်ကျလို့ ဆင်းလာရတဲ့ သူနာပြုမလေးကို အဓိကဇာတ်အိမ်တည်ထားပါတယ်၊ ဇာတ်လမ်းက အေးအေးလေးသွားတာဆိုပေမဲ့ မင်းသမီးရဲ့ မျက်နှာ အနေအထား နဲ့ တခြားဇာတ်ဆောင်တွေရဲ့ ပံ့ပိုးမှုကြောင့် အချိန်ကုန်မှန်းမသိတောင်ဖြစ်သွားရမယ့် ကားပါ၊ နားနားနေနေ အချိန်ဖြုန်းချင်လို့ပဲဖြစ်ဖြစ် ပုံမှန်ကြည့်နေကျနဲ့မတူတဲ့ ရုပ်ရှင်ကြည့်ချင်တယ်ဆိုရင်ပဲဖြစ်ဖြစ် ဒီဇာတ်ကားလေးကို recommend ပေးပါရစေ။ File size…(1.4 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Comedy • Romance
6.8 2022 93 mins
Snow and the Bear
Still Walking
7.9

Still Walking (2008) =============== Directed By Hirokazu Koreeda IMDb Rating – 7.9/10 ဇာတ်အဖွင့်မှာ Koreedaဟာ မိသားစုတစ်စုရဲ့ သေသူ၊ ရှင်ကျန်သူတွေ ပြန်ဆုံစည်းကြတဲ့ နေ့တစ်နေ့ကို ခေါ်သွားတယ်။ နှစ်ပေါင်းများစွာ မပျက် မကွက် လမ်းလျှောက်နေတဲ့ လူတစ်ယောက်ဆီခေါ်သွားတယ်။ အဲဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်ထဲကို ခေါ်သွားတယ်။ သူတို့မိသားစုရဲ့မရှိတော့တဲ့ သူတို့အတွက်အဖိုးအတန်ဆုံး တစ်ယောက်ဆီ ခေါ်သွားတယ်။ သူတို့ရဲ့ဆန္ဒ တွေဆီ ခေါ်သွားတယ်။ ဒီလိုနဲ့နောက်တစ်နေ့ မိုးလင်းသွားတယ်။ တစ်ချို့ဆန္ဒ တွေက ဘယ်တော့မှမဖြစ်လာခဲ့ကြသလို တစ်ချို့က ဒီလမ်းကို ဆက်မလျှောက် နိုင်ကြတော့ဘူး။ ဒါပေမဲ့ ကျန်နေခဲ့သူတို့ကတော့ ဆက်လျှောက်နေရတုန်း။ Koreedaဟာ ကျွန်တော်တို့ကို ဒီမိသားစုက လူတစ်ယောက်ချင်းစီရဲ့ စိတ်အနေ အတိတ်တွေကို ပြတော့ပြတယ်။ ဒါပေမဲ့ ပေါ်လွင်အောင်တော့ မပြပါဘူး။ စကားတစ်ခွန်းနဲ့ အဲဒီစကားနောက်မှာ ဖြစ်သွားတဲ့ ဇာတ်ကောင်ရဲ့ အမူအရာနဲ့ကို ချိတ်ဆက်ပြီး ပြသွားတယ်။ Koreedaရဲ့ Still walkingဟာ ဟဲမင်းဝေးရဲ့ ရေခဲတုံးကြီးလိုပါပဲ။ Koreedaဟာ ကျွန်တော်တို့ကို သူပြချင်တဲ့အကြောင်းအရာကို ရိုးရိုးရှင်းရှင်းနဲ့ ရေခဲတုံးကြီးရဲ့ ပေါ်နေတဲ့အစွန်းကလေးကိုပဲ ရိုက်ပြသွားပေမဲ့ ကြည့်ရှုသူကိုတော့ အောက်က ရေခဲတုံးကြီးတစ်ခုလုံးကို ကိုယ်အသိနဲ့ကိုယ် ခံစားလို့ရအောင် ပြသသွားတယ်။ မရစရာလည်းမရှိပါဘူး။ ဇာတိ ဇရာ ဗျာဓိ မရဏ နဲ့ မကင်းတဲ့သူတွေပဲမို့လား။ Still Walkingဟာ တော်တော်ရိုးရှင်းပါတယ်။ သူ့ဇာတ်အိမ်ရဲ့ အချိန်ကလည်း တစ်နေ့အတိပဲ။ ‌သူ့နာမည်ကိုဖတ်ရင် ဒီဇာတ်အိမ် ဘယ်လိုလာမှာလဲ တွေးမိ ကောင်းတွေးမိလိမ့်မယ်။ ဒါပေမဲ့ Still Walkingက ဒီအတွေးအတိုင်း သိသာ မြင်သာစွာကြီး ပုံဖော်မသွားဘူး။ အစမှာ အိမ်ပြန်ရောက်ရတဲ့ အရသာမျိူးတောင် ရတယ်။ သူ့ခေါင်းစဉ်နဲ့ သူ့ဇာတ်ကို ချိတ်သွားပေးတဲ့အရာက ဂျိမ်းဂျွိုက်ပြောဖူးတဲ့ လင်းပွင့်မှု(Epiphany)လို့ခေါ်တဲ့ စိတ်သန္တာန်မှာ ရုတ်တရုတ် တစ်စုံတရာကို လင်းပွင့်သိရှိလိုက်မှုတစ်ခုနဲ့ပါပဲ။ ချစ်သောနေ့တွေ ချစ်သောလူတွေ ချစ်သောအရာတွေ ဒီလိုပဲ လွင့်ပြယ်သွားတယ်။ ကျွန်တော်တို့ကတော့ ဆက်လျှောက်နေရဦးမယ်။ စာကြွင်း – Koreedaဟာ 2000ခုနှစ်နောက်ပိုင်း အော်စကာဆန်ခါတင်၀င်ခဲ့တဲ့ ဂျပန်ရုပ်ရှင် ၃ကားထဲက တစ်ကားဖြစ်တဲ့ shopliftersရဲ့ ဒါရိုက်တာဖြစ်ပြီး Like Father Like son, Nobody Knows, After The Storm, Still Walking, Our Little sisterစတဲ့ ဂျပန်လူနေမှုဘ၀ ဂျပန်မိသားစုနဲ့ ဘ၀တွေကို ထင်ဟပ်တဲ့ မာစတာပိစ်ကားတွေ မနည်းရိုက်ကူးထားတဲ့သူပါ။ ဒီနှစ်လည်း ဆောင်းကန်ဟို၊ ဘဲ့ဒိုနာ၊ IUတို့နဲ့ Brokerဆိုတဲ့ ကိုရီးယားရုပ်ရှင်ကို ရိုက်ကူးခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာ ပြသခွင့်ရခဲ့ပါတယ်။ Brokerနဲ့ ဆောင်းကန်ဟိုဟာ ကိန်းမှာ မင်းသားဆု ရသွားခဲ့ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(1.45 GB) / (712 MB) / (480 MB) Quality…………BluRay 1080p / 720p / 480P Duration………1Hr 55mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….WiRa Aung Encoder……….SWM

Crime • Drama • Thriller
7.9 2008
Still Walking
Fortune Salon
5.5

Fortune Salon ( 2009 ) ထယ်ရန်းဆိုတဲ့နတ်ဆရာမလေးဟာ နတ်ဆရာမျိုးရိုးထဲမှာမှ လှပထက်မြက်တဲ့ နတ်ဆရာမလေးတစ်ဦးဖြစ်ပါတယ် သူနဲ့သူ့သူငယ်ချင်းတစ်စုဟာ ချောင်ဒမ်မြို့မှာ ရှေ့ဖြစ်ဟောဆလွန်းဆိုတဲ့ဆိုင်တစ်ဆိုင်ဖွင့်ထားကြပါတယ် နတ်ဆရာမလေးထယ်ရန်းက ထက်မြက်တာကြောင့် ထိုသူတို့ရဲ့အချစ်ရေးအချစ်ရာနဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ‌တွေနဲ့ပတ်သက်ပြီး ‌ဆွေးနွေးပေးလေ့ရှိပါတယ် ဒါပေမဲ့နတ်ဆရာထယ်ရန်းရဲ့ဘဝဟာလည်းနတ်ဆရာဖြစ်နေတာတောင် ကံကောင်းခြင်းတွေရဲ့ဖယ်ကြဉ်ခြင်းကိုခံပြီးရင်ခံနေခဲ့ရတာပါ သူမငယ်စဉ်ကသူမအမေဖြစ်သူဟောကြားပေးခဲ့တဲ့ကံကြမ္မာဟောစာတမ်းတစ်ခုရှိပါတယ် အဲ့ဒီဟောစာတမ်းအရ ထယ်ရန်းဟာကံကြမ္မာကသတ်မှတ်ပေးထားတဲ့ဖူးစာဖက်ဖြစ်သူနဲ့ အသက် ၂၈ နှစ်မပြည့်ခင်မှာတွေ့ကိုတွေ့မှဖြစ်မှာပဲဖြစ်ပါတယ် မတွေ့ရင် ထယ်ရန်းလည်းသေမှာဖြစ်သလို ဖူးစာဖက်ဆိုသူလည်းမရှင်နိုင်ပါဘူးတဲ့ ထယ်ရန်းဟာသူ့ရဲ့ဖူးစာဖက်ကလွှဲလို့ တခြားယောက်ျားသားတွေနဲ့တွဲခဲ့ရင် အဲ့ဒီယောက်ျားတွေကို တစ်နည်းမဟုတ်တစ်နည်းနဲ့ဥပဒ်ဖြစ်စေပါတယ် ဒါကတော့ကျိန်စာသဘောမျိုးဖြစ်နေတာပါ တစ်နေ့မှာတော့ ထယ်ရန်းဟာ သူ့ရဲ့အချစ်ဦးဖြစ်သူ ဂန်ဟိုဂျွန်းဆိုသူနှင့်သူမဘဝရဲ့ဖူးစာဖက်ဖြစ်သူတို့ကိုတစ်ရက်တည်းမှာတွေ့လိုက်ရပါတယ် ဒီအခြေအနေမှာ ထယ်ရန်းကဘယ်သူကိုရွေးချယ်မလဲ အချစ်လား??? ဒါမှမဟုတ် ကံကြမ္မာကချမှတ်ထားတဲ့စည်းမျဉ်းကိုလား??? သူမဘာကိုရွေးချယ်သွားမလဲဆိုတာကို ဤဇာတ်ကားမှာစိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Ryuu ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Romance Quality…. 1080p | 720p | 480p File size…1.8GB | 901MB | 330MB Format… mp4 Duration…. 1h 59min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Ryuu Encoder ….. August

Action • Thriller • Western
5.5 2009
Fortune Salon
Dear Nathan: Hello Salma
7.1

Dear Nathan Hello Salma (2018) IMDb 7.1 လူငယ်သဘာဝကိုမှပေါ့ပေါ့ပါးပါးနဲ့ ရင်ထဲထိရောက်အောင်ဆွဲဆောင်နိုင်မယ့် ဇာတ်ကားမျိုးရှာနေပါသလား ဆယ်ကျော်သက် vibe အထူးသဖြင့် ဆယ်တန်းကျောင်းသားဘဝကိုပြန်သွားချင်သူတွေအတွက် သင့်လျော်တဲ့ဇာတ်ကားကောင်းဆိုလည်းမမှားပါဘူးနော်.. မိန်းကလေးတွေကိုမလေးမစားပြောဆိုရင် အရမ်းမုန်းတဲ့ နသန်က ရန်ပွဲတိုင်းသူမပါမဖြစ်..သူ့ရည်းစားဆိုတာက တစ်ကျောင်းလုံးရဲ့ အဆင့်တစ်ဆယ်လ်မာ ဒီနှစ်ယောက်ကနားလည်မှုတွေနဲ့လက်တွဲခဲ့ကြတဲ့ချစ်သူတွေ ဒါပေမယ့် ပြဿနာတိုင်းကိုရန်ဖြစ်ပြီးဖြေရှင်းတတ်တဲ့ နသန့်အကျင့်ကိုတော့ | ဆယ်လ်ကနည်းနည်းလေးမှသဘောမကျဘူး ဒီလိုနဲ့ ရာထူးကြီးလူရဲ့သားက မိန်းကလေးတွေနဲ့ပတ်သက်ရင် အထိမခံရွှေပန်းကန် နသန်ကိုမှ သူ့ရည်းစားဆယ်လ်အကြောင်း သွားပုပ်လေလွင့်အပုပ်ချရာက ရန်ထဖြစ်ကြပါလေရော ဆရာက နသန်မမှားမှန်းသိပေမယ့်သူ့ရာထူးနဲ့ အကြပ်ကိုင်လာလေတော့ ခြေချုပ်မိနေတဲ့ဆရာတစ်ယောက် နသန့်ကိုကျောင်းနားခိုင်းပါတော့တယ် ဒီကိစ္စနဲ့ကတောက်ကဆဖြစ်ခဲ့ပြီး အတ္တကိုယ်စီရှေ့တန်းတင်ခဲ့ကြတဲ့ နသန်နဲ့ ဆယ်လ်တို့ရဲ့ ခံစားချက်အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ် ကျီစယ်တတ်တဲ့ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ကြားထဲဘယ်သူဝင်လာမလဲ ဘယ်ရထားမှာလွဲခဲ့လဲမသိတဲ့သူတို့နှစ်ယောက် တစ်ဘူတာတည်းမှာပြန်ဆုံနိုင်ကြမှာလား ကျောင်းခန်းထဲမှာ ရည်းစားထားခဲ့ဖူးကြရင်တော့ ဒီကားလေးက အဲဒီခုနှစ်တွေဆီပြန်ရောက်အောင်ဆွဲခေါ်သွားမှာအမှန်ပါပဲ

Comedy • Drama
7.1 2018
Dear Nathan: Hello Salma
Crossing Hennessy
6.3

Crossing Hennessy (2010) Lust Caution, Decision to Leave, Long Day’s Journey into Night နဲ့ The Golden Era တို့လို ကားကောင်းတွေမှာရော တခြားရုပ်ရှင်တွေမှာပါ ပါခဲ့ပြီး သရုပ်ဆောင်လည်း တော်တော်ပြောင်မြောက်သလို ပီယဓာတ်လည်း အပြည့်အဝရှိတဲ့ ထျန်းဝေနဲ့ Days of Being Wild ထဲက ဇာတ်ကောင်နဲ့ တရုတ်ရဲ့အကောင်းဆုံး ပါဖောမင့်န်ဆယ်ခုထဲက တစ်ခုမှာစာရင်းဝင်ထားတဲ့၊ ဝေါင်ကာဝေးတို့ ဂျွန်ဝူးတို့လို ဆရာကြီးတွေနဲ့ ဇာတ်ကားတွေရိုက်ဖူးတဲ့၊ Four Heavenly Kings of Hong Kong pop music လို့ခေါ်တဲ့ ဟောင်ကောင်ပေါ့ဂီတနတ်မင်းကြီးလေးပါးထဲက တစ်ယောက်ဖြစ်တဲ့ ဂျက်ကီချောင်တို့ တွဲဖက်ပါဝင်ထားတဲ့ ရိုမန့်ကားလေးပါ။ ဒါရိုက်တာကတော့ ဟောင်ကောင်မာစတာပိစ်ကားတစ်ကားဖြစ်တဲ့ Comrades: Almost a Love Story ရဲ့ ဇာတ်လမ်း ဇာတ်ညွန်းရေးသားခဲ့တဲ့ Ivy Ho ဆိုတဲ့စာရေးဆရာမတဖြစ်လဲ ဒါရိုက်တာပါ။ ဒီကားမှာတော့ သူရေးလည်းရေး ရိုက်လည်း ရိုက်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင် ရိုမန့်ဟာသကားပီပီသသပဲ။ ခွီရတာတွေလည်းရှိသလို အေးအေးလေးနဲ့ကို ကြည့်ကောင်းပါတယ်။ ဂျက်ကီချောင်က အသက်လေးဆယ်သုံးအထိ မိန်းမမရသေးတဲ့၊ မနက်ဆိုလည်း အဒေါ်သေအောင်နှိုးမှ နိုးတဲ့၊ ဘာအလုပ်မှမလုပ်တဲ့ သူဌေးသားစောက်ပျင်းကောင်။ ထျန်းဝေကတော့ အဖေနဲ့အမေသေသွားလို့ ဦးလေးဆိုင်မှာ အလုပ်ကူလုပ်ရင်းနေနေတဲ့ ကလေးမလေး။ သူတို့၂ယောက်ကို နှစ်ဖက်မိဘတွေက ကြင်ဖက်တွေ့ပေးပြီး ပေးစားဖို့ကြံပေမဲ့ ထျန်းဝေမှာလည်း ရည်းစားရှိနေ၊ ဂျက်ကီချောင်မှာကလည်း ဘဝထဲပြန်ဝင်လာတဲ့ ရည်းစားဟောင်းရှိနေတယ်။ ဒီလိုကနေ နဖူးစာရွာလည်ရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ ထူးတာက ထျန်းဝေက ဒီကားထဲမှာ တော်တော်လေးချစ်ဖို့ကောင်းပါတယ်။ သူနဲ့တင် ဒီဇာတ်လမ်းက တန်ကိုတန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 960MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • History
6.3 2010 105 mins
Crossing Hennessy
[18+] Let’s Go To Rose Motel 2 – Thirst

***************************************** မီနာနဲ့ ဆန်းယောတို့က မဂ္ဂဇင်းသတင်းထောက်နဲ့ထိုက်သင့်သလောက်အောင်မြင်တဲ့စာရေးဆရာ အိမ်ထောင်ရှင်စုံတွဲတွေပဲဖြစ်ကြပါတယ် အိမ်တွင်းအောင်းပြီးအချိန်ပြည့်စာပဲရေးနေတဲ့ဆန်းယောဟာ တစ်ရပ်ကွက်တည်းဖြစ်တဲ့သူ့အဆက်ဟောင်းဒါယောင်းနဲ့ အချိန်အတော်ကြာတွဲနေခဲ့ကြပါတယ် တစ်နေ့မှာ မီနာက ဒါယောင်းနဲ့အမှတ်မထင်ပြန်လည်ဆုံတွေ့ပြီး အဆက်အသွယ်ပြန်လုပ်ကြပါတော့တယ် အဖြစ်မှန်ကိုသိသွားတဲ့မီနာက ဒေါသမထွက်ဘဲ ခေါင်းအေးအေးထားပြီး နားလည်မှုပေးခဲ့ပါတယ် ဒါပေမဲ့ မီနာက အလုပ်ကိစ္စကြောင့်အမှတ်မထင်ဆုံခဲ့ရတဲ့ဒါယောင်းရဲ့ခင်ပွန်းဖြစ်သူ ဟျွန်းဝူကိုသွေးဆောင်ပါတော့တယ် ရှုပ်ထွေးနက်နဲတဲ့ဆက်ဆံရေးတွေကိုဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရှုလိုက်ကြပါဦးနော် File Size 727MB Quality : WEB-DL 720p Format…mp4 Duration…01:29:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2014
[18+] Let’s Go To Rose Motel 2 – Thirst
The Intruders

အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက်က အပြင်ထွက်ရမှာကို အရမ်းကြောက်လန့်ပြီး အိမ်ထဲမှာပဲ နေနေခဲ့တာအခုဆိုရင် ၁၀ နှစ်ကျော်တောင်ရှိခဲ့ပါပြီ။ အခုအချိန်မှာတော့ သူကသေလု မျောပါးဖြစ်နေတဲ့ သူ့အစ်ကိုကို အိမ်မှာပဲ စောင့်ရှောက်ပေး နေခဲ့ပါတယ်။သူဘာလို့ အိမ်ပြင်ထွက်ရမှာအရမ်းကြောက်လန့် နေတယ်ဆိုတဲ့ အကြောင်းအရင်းကိုတော့ သေချာမသိရ သေးပါဘူး။သူ့အစ်ကို ဆုံးပါးသွားတဲ့အချိန်မှာတော့ အစ်ကိုရဲ့ သေတမ်းစာအတိုင်း ပိုက်ဆံတွေအများကြီးကို အမွေရခဲ့ပါ တော့တယ်။ လူသူတွေနဲ့ ထိတွေ့ဆက်ဆံရမှာကိုကြောက်တဲ့ အန်နာ့မှာ သိတဲ့ လူဆိုလို့ သူ့အိမ်ကို စားစရာ Delievery လာပို့ နေကျ ကောင်လေးနဲ့ သူ့အစ်ကိုရဲ့ ရှေ့နေပဲရှိပါတယ်။ အဲ့ဒါကြောင့် အန်နာလည်း စားစရာပို့တဲ့ ကောင်လေးဖြစ်တဲ့ ဒန်နဲ့ ခင်မင်သွားပြီး သူ့အတွက်အရေးမကြီးတဲ့ အမွေရထားတဲ့ ပိုက်ဆံတွေကို ဒန့်ကိုပေးပါတော့တယ်။ဒါပေမယ့် ဒန်က အဲ့ဒီလောက် ပိုက်ဆံအများကြီးကို လက်မခံနိုင်တဲ့အတွက် ငြင်းခဲ့ပါတယ်။ဒီလိုနဲ့ အစ်ကိုဖြစ်သူရဲ့ ဈာပနနေ့ကို ရောက်ရှိ လာခဲ့ပြီး ထုံးစံအတိုင်းပဲ အန်နာကတော့လုံး၀အပြင်မထွက် ပါဘူး။အဲ့ဒီအချိန်မှာ လူ ၃ ယောက်ကသူ့အိမ်ထဲကို ဖောက်ထွင်း ဝင်ရောက်လာကြပြီး သူအမွေရထားတဲ့ပိုက်ဆံတွေကို လာရှာပါတော့တယ်။အဲ့ဒီ လူတွေကဘယ်သူတွေလဲဆိုတာကို အန်နာလုံး၀မသိသလို သူ့ဆီမှာပိုက်ဆံရှိနေတယ်ဆိုတဲ့ သတင်းကို ဘယ်လိုရသွားကြမှန်းလည်း မသိပါဘူး။သိပ်မကြာ လိုက်ခင်မှာပဲ အဲ့ဒီလူတွေက အန်နာ့ကိုတွေ့သွားပြီး ပိုက်ဆံတွေ ဘယ်မှာထားလဲဆိုတာကို အတင်းမေးပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီ အိမ်ကြီးထဲမှာ လူဆိုးသုံးယောက်နဲ့ အန်နာတစ်ယောက်တည်း ဖြစ်နေခဲ့ပေမဲ့ တကယ်တမ်းမုဆိုးကသားကောင် သားကောင်က မုဆိုးဖြစ်နေတာကို သိလာရတဲ့အချိန်မှာတော့ ဘယ်လို စိတ်လှုပ်ရှားစရာကောင်းတဲ့ သည်းထိပ်ရင်ဖိုအလှည့်အပြောင်း တွေကို တွေ့ရမလဲဆိုတာကို ကြည့်ရှုရမဲ့ 2015 ခုနှစ်ကထွက်ရှိခဲ့တဲ့ Intruders ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.14GB / 527MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2015 92 mins
The Intruders
Romantic Island
6.2

Romantic Island (2008) ကိုရီးယားဇာတ်ကားဟောင်းတွေ ပြန်လည်တင်ဆက်ပေးနေကျမှာ ဒီတစ်ခါမှာတော့ Romance, comedy အမျိုးအစား ဇာတ်ကားလေးနဲ့ ပြန်ရောက်လို့ လာပါပြီ။ ကိုရီးယားဇာတ်လမ်းပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတာမို့ မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရီုးရှင်းရှင်းပါပဲ။ ဖူးစာလူးလာ ဒူးကာလို့မရဘဲ အချိန်ကျရင် ကိုယ့်ကိုချစ်ပေးမယ့်သူ တွေ့မယ်ဆိုသလိုပါ အိမ်ပြေးမလေး ချွဲဆူဂျင်းနဲ နာမည်ကြီးအဆိုတော် ယူဂါယောင်းတို့ ကိုယ်စီ ငြီးငွေ့စရာဘဝကနေ ရုန်းထွက်ဖို့ ဖိလစ်ပိုင်ကို အပန်းဖြေခရီး ထွက်လာခဲ့ကြရာက ကိုယ်စီ ရေစက်ကို ရှာတွေ့ခဲ့ကြပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ဦးနှောက်အကြိတ်ကင်ဆာရှိနေတာမို့ ငါတော့ အကျိုးရှိရှိသေမယ်ဟဲ့ဆိုပြီး အာမခံကြေးရဖို့ လုပ်နေတဲ့ Joong Shik လည်း ကျွန်းပေါ်ကို ရောက်နေပြန်ပါသေးတယ်။ Joong Shik တစ်ယောက် သူ့ကိုသတ်ပေးဖို့ ကိုယ်တိုင်ကြေးစားလူသတ်သမား ငှားခဲ့ပြီး၊ ကြေးစားက လုပ်ကြံရမယ့်သူ အမှတ်မှားသွားတဲ့အခါမှာတော့… မတူညီတဲ့ နောက်ခံရှိတဲ့ အတွဲသုံးတွဲရဲ့ ရိုမန်တစ်ကျွန်းပေါ်က ကိုယ်စီဇာတ်လမ်းကို Romance, comedy အမျိုးအစားဖြစ်တာမို့ ရိုမန့်ငြိမ်ငြိမ်လေးကို ဟာသလေးတွေနဲ့ တွဲမြင်ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 2.7GB | 1.2GB Format… mp4 Duration….1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6.2 2008
Romantic Island
Summer in Closed Eyes
6.6

Summer in Closed Eye (2018) သိပ်များများစားစားတော့ ညွှန်းစရာမလိုလောက်ပါဘူး။ ဒီတလော ရေပန်းတော်တော်စားနေတဲ့ Maiထဲက မင်းသမီးရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဒီထဲလဲ ဆက်တိုက် တော်တော်လေးဇာတ်နာသလို အဆုံးထိဇာတ်နာကောင်းတုန်းပဲ။ ဒါရိုက်တာကတော့ ဒီကားက သူ့ပွဲဦးထွက်ကားဖြစ်သလို ထပ်ရိုက်ထားတာလည်း မရှိတော့ ဒါရိုက်တာအကြောင်းပြောဖို့တော့ခက်လိမ့်မယ်။ ဒါပေမဲ့ ဒီဒါရိုက်တာက သူ့ဝမ်းစာကို ဂျပန်ရုပ်ရှင်နဲ့ အဓိကဖြည့်ခဲ့တယ်လို့တော့ ထင်တယ်။ ဂျပန်မှာ အဓိကဇာတ်အိမ်တည်ထားတာပေမဲ့ ဗီယက်နမ်ဒါရိုက်တာရိုက်တဲ့ကားဆိုတော့ ဂျပန်အငွေ့အသက်မပါလောက်ဘူးထင်ထားပေမဲ့ ဂျပန်အငွေ့အသက်တော့ လွှမ်းနေသေးတယ်။ ဇာတ်ကတော့ ရိုမန့်ပါးပါးလောက်ပဲပါပြီး အဖေနဲ့ သမီးကြားက သံယောဇဉ်ကို အဓိကထားပြီး တည်ထားတယ်။ အားလုံးရဲ့ကွင်းဆက်ကတော့ ဓာတ်ပုံပညာ။ အဖေက ဓာတ်ပုံဆရာ။ ဓာတ်ပုံကိုချစ်တဲ့စိတ်ကြောင့် သူ့အဖေနဲ့ သူ့အမေကွဲပြီး သူ့အဖေဂျပန်ကိုရောက်သွားသလို သူကလည်း ဓာတ်ပုံကိုချစ်လာခဲ့တယ်။ သူ့အမေဆုံးပြီးနောက် သူ့အဖေကိုရှာဖို့ ဂျပန်ကိုသွားတဲ့အချိန် သူ့အဖေကိုမတွေ့ဘဲ ဓာတ်ပုံဆရာကောင်လေးတစ်ယောက်နဲ့တွေ့ပြီး ဓာတ်ပုံဆိုင်လေးတစ်ဆိုင်ကိုရောက်လာခဲ့တယ်။ အဲဒီကနေမှ သူ့အဖေရဲ့ ဇာတ်ကြောင်းကို သိရဖို့ဖြစ်လာတဲ့အကြောင်းပါပဲ။ ဗီယက်နမ်ဒါရိုက်တာနဲ့ ဗီယက်နမ်မင်းသမီးနဲ့ရိုက်တဲ့ကားပေမဲ့ ဂျပန်တော်တော်ဆန်တာမို့ ဂျပန်ရိုမန့်ကားပရိသတ်တွေအတွက်လည်း ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ပါပဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမြင်ရတော့ဘူးဆိုရင် မင်းအမြင်ဆုံးက ဘာများဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မကြားရတော့ဘူးဆိုရင် မင်းအကြားချင်ဆုံးက ဘယ်စကားဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းစကားလုံးဝမပြောနိုင်တော့ဘူးဆိုရင် မင်းအပြောချင်ဆုံးစကားက ဘာဖြစ်မလဲ။ တစ်နေ့နေ့မှာ မင်းဘာကိုမှ မမှတ်မိနိုင်တော့ဘူးဆိုရင် မင်းအမှတ်မိချင်ဆုံးက ဘာကိုများဖြစ်မလဲ။ ဒီထဲက အဓိကဇာတ်ကောင်သုံးယောက်ဟာ ဓာတ်ပုံတွေရဲ့နောက်ကျောမှာရေးထားတဲ့ ဒီမေးခွန်းတွေကို သူ့နည်းသူ့ဟန်နဲ့ ဖြေသွားခဲ့ကြတယ်။ ဘာကိုမှ မမြင်ရတော့ဘူးလို့ မှတ်ယူပြီး မျက်လုံးတွေမှိတ်ထားလိုက်ရင် ငါအမြင်ချင်ဆုံးက နွေဥတုတစ်ခုပေါ့။ အရာရာဟာ သူ့သဘောသူဆောင်ခဲ့ရင်တောင် အဲဒီနွေရာသီဆီကိုတော့ ငါရောက်အောင်ပြန်လာဖြစ်ဦးမယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiR‌a Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.5GB | 753MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiR‌a Aung Encoder ….. Aaron

6.6 2018
Summer in Closed Eyes
Krazy House
5

Krazy House (2024) မင်းသမီးကြီး Alicia Silverstone နဲ့ ဟာသမင်းသားကြီး Nick Frost ပါဝင်ထားတဲ့ Comedy/Horror ရုပ်ရှင်ကားဖြစ်ပါတယ်။ 90s sitcom တွေ vibe မျိုး အပြည့်အဝ ရပြီး Christians မိသားစုနဲ့ ဇာတ်အိမ် တည်ထားပါတယ်။ Bernie Christians ဟာ နာမည်အတိုင်းပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန် ကောင်းတစ်ယောက်ဖြစ်ပါတယ်။ မိန်းမဖြစ်သူ Eve ကတော့ အလုပ်ပဲ စိတ်ဝင်စားပြီး တခြားဘာကိုမှ စိတ်မဝင်စားပါဘူး။ သားနဲ့ သမီး နှစ်ယောက်ကလည်း သူ့စကားကို နားမထောင်တဲ့အပြင် အဖေကို လေးလေးစားစားမရှိကြပါဘူး။ ဒီလိုနဲ့ သူတို့အိမ်ကို ရေပိုက်ပြင်ဖို့ Russia လူမျိုး သားအဖ သုံးယောက် ရောက်လာကြပါတယ်။ ရေပိုက်ပြင်တဲ့ အကြောင်းပြချက်နဲ့ မီးဖိုခန်းတစ်ခုလုံး အိမ်တစ်ခုလုံးက နံရံတွေကို ဖြိုချကြပါတယ်။ အလုပ်အလွန်အကျွံလုပ်လွန်းလို့ ကျန်းမာရေး မကောင်းဖြစ်သွားတဲ့ မိန်းမကို ပြုစုရတာ တစ်ဖက်၊ စကားနားမထောင်တဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ တစ်ဖက်အပြင် လူဆိုးတွေလိုလို အိမ်ကို ဖျက်ပစ်နေတဲ့ သားအဖ သုံးယောက်ကိုပါ လိုက်တားနေရတဲ့အခါ Bernie စိတ်ထဲမှာ မကောင်းတဲ့ ရုတ်တရက် အတွေးတွေ ခဏခဏ ဝင်လာပါတော့တယ်။ Horror နဲ့ ဟာသရောပြီး 90s sitcomပုံစံ ရိုက်ထားတာမို့လို့ သဘောကျကြမယ်လို့ ထင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Horror Duration….01:30:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Leonie

Horror
5 2024 90 mins
Krazy House
Arzé
7

Arzé (2024) IMDb Rating (7.0) အလုပ်အကိုင်မရှိ မငြိမ်သက်နေတဲ့ ဗီဇာယူပြီးနိုင်ငံထဲက ပြေးတဲ့လူတွေကပြေး မပြေးနိုင်တဲ့လူတွေက ကျန်နေတဲ့နိုင်ငံကြီးထဲက အဖြစ်သနစ်တွေအကြောင်းပေါ့။ ဒီနိုင်ငံမှာ ပြေးသွားတဲ့လူတွေရဲ့ ကျန်ရစ်သူတွေလည်း တော်တော်များတယ်။ ဒီရုပ်ရှင်ဟာ ကျန်ရစ်ခဲ့သူတွေရဲ့ အခက်အခဲတွေအကြောင်းလို့ပြောလို့ရတယ်။ လင်မရှိတော့သူတွေ အဖေမရှိတော့သူတွေ သူတို့ဘဝကြီးကို မပြေလည်မှုများစွာနိုင်ငံကြီးမှာ ခက်ခက်ခဲခဲဖြတ်သန်းနေရတဲ့အကြောင်းပေါ့။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်က တစ်ပြည်ခြားပြေးသွားတဲ့ ယောက်ျားရဲ့ သားတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ဇနီးပေါ့။ သူ့သားလေးရယ် အဖမ်းခံလိုက်ရပြီး လင်သေသွားတဲ့အစ်မရယ် သူရယ် ခက်ခက်ခဲခဲရှင်သန်နေကြတယ်။ သူကမုန့်လုပ် သူ့သားလေးက မုန့်ပို့ပေါ့။ ဒီလိုနဲ့ မုန့်ပို့လို့ အဆင်ပြေအောင်ဆိုပြီး ဆိုင်ကယ်လေးတစ်စီး ရှိသမျှအကုန်ပုံအောပြီး ဝယ်လိုက်တယ်။ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ကောင်းရောင်းကောင်းဝယ်လုပ်စားရာကနေ မုန့်ပို့တဲ့ ဆိုင်ကယ်လေး အခိုးခံလိုက်ရတယ်။ မငြိမ်သက်နေတဲ့နိုင်ငံဆိုတော့ သူခိုးတွေလည်းပေါ ရဲတွေကလည်း မလိုက်နိုင်။ ဆိုင်ကယ်ပျောက်လိုက်ရှာရင်း ပင်လယ်ဝေတဲ့အကြောင်းပါပဲ။ နီးနီးစပ်စပ်လေးဆိုတော့ ထိထိမိမိဖြစ်မယ့်ပုံပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.8 GB) / (940 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:32:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Family
7 2024 93 mins
Arzé