စာရေးဆရာ Veronica Roth ရဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထု “Divergent” ကို ဒါရိုက်တာ Neil Burgerက ပြင်ဆင်ညှိုနှိုင်းပြီး ရုပ်ရှင်ပြန်ရိုက်ခဲ့ပါတယ်။ “The Hunger Games” နဲ့ယှဉ်ရင် “Divergent”ဟာ အနာဂတ်ဘက်ပိုရောက်ပါတယ်။ ချီကာဂိုလို့ သတ်မှတ်ရခက်ခက် မြို့မှာပေါ့။ စစ်ကြောင့် ကမ္ဘာကြီးပျက်စီးလုနီးနီး ဖြစ်ခဲ့တယ်။ ဒါ့ကြောင့် တိုက်ခိုက်မှု ဖြစ်လာနိုင်သမျှ လက္ခဏာတွေကို အမြစ်ဖြတ်ခြေမှုန်းဖို့ အစိုးရက ကြိုးစားလုပ်ဆောင်ခဲ့တယ်။ အဲ့ဒီ့မှာ ဂိုဏ်းကွဲမှုတွေဖြစ်လာပြီး ချီကာဂိုမှာ ဂိုဏ်း ၅ဂိုဏ်းဖြစ်လာတယ်။ ဂိုဏ်းကိုယ်စီမှာ တစ်ခြားဂိုဏ်းတွေထက် ပိုတန်ဖိုးထားကြတဲ့ အချက်တွေရှိတယ် ။ ပရဟိတ၊ အားပေးကူညီမှု နဲ့ သနားကြင်နာမှု စတာတွေပေါ့။ အဲ့ဒီ့ အနာဂတ်ကာလမှာ Beatrice Prior, a.k.a Tris (Shailene Woodley) အမည်ရှိကောင်မလေးတစ်ယောက်အတွက် Choosing Day လို့ခေါ်တဲ့ ဘယ်ဂိုဏ်းကိုဝင်မှာလဲ ဆိုတာ ရွေးရတဲ့နေ့ ကျရောက်လာခဲ့တယ်။ အသက် ၁၆နှစ်အရွယ် ကောင်လေး၊ ကောင်မလေး ကိုယ်စီဟာ သူတို့ကိုမွေးဖွားပေးခဲ့တဲ့ အုပ်စုကို ထာဝရစွန့်ခွာပြီး အုပ်စုသစ်တစ်စုကို ပြောင်းဖို့ ရွေးကြရတဲ့နေ့ပေါ့။ အဲ့ဒီ့မှာ Beatrice Prior, a.k.a Tris အတွက် ပြဿသ နာတွေရှိခဲ့တယ်။ ဂိုဏ်းတစ်ခုတည်းအတွက် မကိုက်ဘဲ ၃ခုဖြစ်နေလို့ သူမအတွက် ကွဲလွဲမှု ဖြစ်စေခဲ့တယ်။ အစိုးရဂိုဏ်းတွေ အခရာကျတဲ့ ကမ္ဘာကြီးတစ်ခုမှာ Divergentတွေဟာ စနစ်ကြီးကို ခြိမ်းခြောက်ခဲ့တယ်။ သူတို့ကို လွယ်လွယ်နဲ့တော့ ထိန်းချုပ်လို့ မရဘူး။ သူမရဲ့ လျှို့ဝှက်ချက်ကို ဖုံးကွယ်ဖို့အတွက် သူမဟာ အကြောက်အရွံ့ကင်း ဂိုဏ်း(Dauntless)ကို ဝင်လိုက်တယ်။ မကြာမီမှာပဲ သူမဟာ သေနတ်ပစ်၊ လက်သီးထိုး တွေတတ်လာပြီး သူမ ဝင်တိုက်ရမယ်လို့ သိမထားတဲ့ စစ်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်သလို ဖြစ်နေခဲ့တယ်။ Dauntless နည်းပြ Four (Theo James) နဲ့ ဆုံခဲ့ပြီး လျှို့ဝှက်မှုတစ်ရပ်ကို ဖုံးကွယ်ထားရတာ သူမတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ........။
Tariq L Walker
File Size : 1GB / 407 MB
Quality : HD 720P
Running Time : 2hr 19minutes
Format : Mp4
Genre : Adventure, Mystery, Si-Fi
Encoder :Tariq L Walker
Translator : Ko Ko Latt
Action & Adventure • Crime • Drama • Mystery
6.9
2014
139 mins