YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Oscar Shaw (2026) WEB-DL,1080p HEVC (MW).mkv

845.73 MB N/A video/x-matroska 193 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
Lootera
6.9

IMDb Rating(7.4) မင်းသား ရမ်ဗီးဆင်းနဲ့ မင်းသမီး ဆိုနာရှီးတို့ရဲ့ ဒီဇာတ်ကားက အချစ်ဒရမ်မာ ဟဲဗီးကြိုက်သူတွေအတွက်ဖြစ်ပါတယ်။ ရုပ်ရှင်ထဲက လေးနက်တဲ့ ဇာတ်ဝင်ခန်းတချို့မှာ သရုပ်ဆောင်ချက်ပီပြင်ဖို့အတွက် ရမ်ဗီးဆင်းဟာ သူ့ကိုယ်သူ တွယ်ချိတ်နဲ့ ထပ်တလဲလဲ ထိုးပြီး သရုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ ကြုံဖူးကြလား။ ဧည့်သည်တစ်ယောက်အဖြစ် ကိုယ့်ဘဝထဲကိုဝင်ရောက်လာ..။အတူတူသွား အတူတူစား တစ်ချို့နေရာတွေမှာ အတူတူနားဖြစ်ကြရင်းက နှလုံးသားချင်းနားလည် မျက်လုံးချင်းစကားတွေ အပြန်အလှန်ပြောပြီးမှ..။ သူ့ဘက်က (ကိုယ်ဘာအမှားမှ မလုပ်မိပါဘဲ) ရုတ်တရက်စိမ်းကားအေးစက်သွားတဲ့အခါ..။ ဒီရုပ်ရှင်ဟာ ၁၉၅၃ ကိုအခြေခံပါတယ်။ ဗာရွန်ဆိုတဲ့ ရှေးဟောင်းသုသေသနသမားကောင်လေး တစ်ယောက် မဏိပူပြည်နယ်က ရွာလေးတစ်ရွာမှာရှိတဲ့ မြေပိုင်ရှင် တစ်ယောက်ဆီကို သူတို့ရွာက ရှေးဟောင်းဘုရားကျောင်းတစ်ခုအောက်မှာ ရှေးမျိုးနွယ်စုတစ်ခုရဲ့ အမွေအနှစ်တွေရှိတယ်။ လေ့လာတူးဖော် ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောက်လာခဲ့တယ်။ သူ့မှာစာရွက်စာတမ်းတွေ အခိုင်အမာ စကားပြောကြည့်ရင်း သူ့အသိဉာဏ် အပြုအမူတွေကို သဘောကျလာတော့ မြေပိုင်ရှင် အဘိုးကြီးဟာ တည်းခိုခန်းကနေ သူ့အိမ်ကို ပြောင်းလာဖို့အထိ ဖိတ်ခေါ်ရင်းနှီးလိုက်မိတယ်။ ဘယ်သူစိမ်းကိုမှ မတွေ့ကြုံဖူးတဲ့ သူဌေးသမီး ရိုးရိုးလေး ပါခီဟာ သူတို့အိမ်ကို လာတည်းတဲ့ သူစိမ်းဧည့်သည် ဗာရွန်ကို နှလုံးသား တစ်ခုလုံးရင်းနှီးမိလိုက်တော့တာပါပဲ။ တကယ်တမ်းတော့ ဗာရွန်ဟာ…… ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ဖူးတဲ့ The last leaf ကိုပြန်ရိုက်ပါတယ်ဆိုတဲ့ ဒီဇာတ်ကားဟာ နောက်ဆုံးခန်းမတိုင်ခင်အထိ ကြိုမပြောထားရင် သိရမှာမဟုတ်ပါဘူး။ သရုပ်ဆောင် နှစ်ယောက်ကြားက ပီပြင်လွန်းလှတဲ့ chemistry ညှပ်သုံးသွားတဲ့ ရှေးသီချင်းတွေ ဇာတ်လမ်းနဲ့ လိုက်ဖက်တဲ့ ဇတ်ဝင်သီချင်းတွေအရ ကျွန်တော်တို့ မမှီလိုက်တဲ့ ခေတ် ကျွန်တော်တို့ မကြုံလိုက်ရတဲ့ အချစ်ကို နက်နက်နဲနဲခံစားစေရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားတာပါ။) File size…(1.7 GB) / (660 MB) Quality….WEB-DL 1080p HEVC /720p Format…mp4 Duration….02:18:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Crime • Drama • History
6.9 2013 136 mins
Lootera
Sputnik
6.5

IMDb rating 6.3နဲ့ Tomatoမှာ 89%ရထားတဲ့ ရုရှားသိပ္ပံကားကောင်းလေးတစ်ကားပါ။ ရုရှားအာကာသယာဉ်မှူးနှစ်ယောက်ကို အာကာသထဲကိုစေလွှတ်လိုက်ပေမယ့် ပြန်ဆင်းသက်လာချိန်မှာ အက်ဆီးဒင့်တစ်ခုဖြစ်ပြီး အာကာသယာဉ်မှူးတစ်ယောက်သေပြီး နောက်တစ်ယောက်ရဲ့ကိုယ်ထဲမှာတော့ဂြိုလ်သားတစ်ကောင်ပါလာပါတယ်။ အဲ့ဂြိုလ်သားကို အာကာသယာဉ်မှူးကိုယ်ထဲမှ ခွဲထုတ်ဖို့ကြိုးစားပေမယ့် ဂြိုလ်သားမရှိရင်အာကာသယာဉ်မှူးက ကျန်းမာရေးအလွန်ဆိုးရွားသွားပါတယ်။ ဒါကြောင့် လူထုကိုလည်းမသိစေပဲနဲ့ စစ်ဘက်ကသူတွေရယ် ဆရာဝန်မတစ်ယောက်ရယ်က အာကာသယာဉ်မှူးအသက်အန္တရာယ်မဖြစ်စေပဲနဲ့ သူတို့ကိုခွဲထုတ်လို့ရအောင် ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ပြီး ကြိုးစားကြပါတယ်။ ဒါပေမယ့် တခြားမြှုပ်ကွက်တစ်ချို့ကို ဆရာဝန်မသိသွားတဲ့အခါမှာတော့..... တစ်ချို့အမေရိကန်ဂျင်းသိပ္ပံဂြိုလ်သားကားတွေနဲ့မတူပဲ ကြည့်လို့ကောင်းတဲ့ကားလေးတစ်ကားပါ။ File Size : ( 1 GB , 389 MB) Quality : WEBRip 720p Running Time : 1 hr 53 min Format : Mp4 Genre : Drama , Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Moe Myint Lwin

Comedy • Crime • Drama
6.5 2020 113 mins
Sputnik
Jason and the Argonauts
7.3

Jason and the Argonauts (1963) ~ IMDb – 7.3/10, Rotten Tomatoes – 89% ~ ဂရိနတ်ဘုရားတွေနဲ့ သူရဲကောင်းတွေ စွန့်စားခန်း‌တွေကို အမျိုးမျိုး ရိုက်ကူးကြရာမှာ ဒီကားကတော့ သူရဲကောင်းအ‌ကျော်အ‌မော်ဂျေဆင်နဲ့ သူ့အဖွဲ့သား အာဂိုနပ်စ်တွေရဲ့ ရွှေသိုးရှာဖွေတဲ့ စွန့်စားခန်းခရီးအကြောင်း 1963 ခုနှစ်ထွက်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇုစ်နတ်ဘုရားက ပလိုင်ရက်စ်ကို သက်စ်လေတိုင်းပြည်ကို အောင်နိုင်ဖို့ ဆုပေးပေမဲ့ နောင်ကျရင် သက်စ်လေဘုရင်ရဲ့မျိုးဆက်က ပလိုင်ရက်စ်ကို လက်စားချေမှာလို့ ဟောကိန်းရှိတဲ့အတွက် ပလိုင်ရက်စ်က ဘုရင်ရဲ့သားသမီး ၃ယောက်လုံးကိုပါ သတ်ဖို့လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သားတော်ဂျေဆင်က အစောင့်နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့အခါ… ဂျေဆင်အရွယ်ရောက်လာတဲ့အခါ သက်စ်လေပြည်ကို ပြန်သိမ်းပြီး ပလိုင်ရက်စ်ကိုသတ်ဖို့ လိုက်ရှာပါတော့တယ်။ ဇုစ်ရဲ့မိဖုရား ဟယ်ရာက ဂျေဆင်ကို အလုံးစုံကူညီပေးချင်ပေမဲ့ ဇုစ်က အကြိမ်အရေအတွက်ကန့်သတ်ထားပြီး နတ်ဘုရား‌ မောင်နှံ၂ပါး အားပြိုင်တဲ့အခါ… ပလိုင်ရက်စ်ကို သတ်ပြီး သက်စ်လေတိုင်းပြည် ကြွယ်၀ချမ်းသာ ငြိမ်းချမ်းဖို့ ရွှေသိုးရှိရမယ်လို့ဟောကိန်းရှိတဲ့အတွက် ဂျေဆင်က သူ့အဖွဲ့သား အာဂိုနပ်တွေနဲ့ ရေကြောင်းခရီး ရွက်လွှင့်ခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက် ကြုံတွေ့ရတဲ့အန္တရာယ်တွေကို ရင်ဆိုင်ပုံနဲ့ ရွှေသိုးကို ကိုးကွယ်တဲ့ ကော်လ်ခိစ်တိုင်းပြည်က ခိုးယူပုံ၊ နတ်ဘုရားတွေ စောင်မကြည့်ရှုပုံတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 825MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 44Min Genre – Action, Adventure, Family Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

TV Movie • Action • Thriller
7.3 1963
Jason and the Argonauts
Broken Army X-Files Stealth Man
5.8

တရုတ်ပြည်ရဲ့ ၁၉ရာစုတော်လှန်ရေးကာလကိုအခြေခံပြီးရိုက်ထားတဲ့ စူပါပါဝါတွေနဲ့ထူးဆန်းလူသားကားလေးဖြစ်ပါတယ်…… လူ့ခန္ဓာကိုယ်မှာ အဆုံးမရှိတဲ့စွမ်းအားတွေရှိတယ်လို့ဆိုကြတယ်။ အဲဒီစွမ်းအားတွေကိုလှုံ့ဆော်ဖော်ထုတ်နိုင်ဖို့အတွက် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုက သိပ္ပံပညာရှင်တွေဟာ အမျိုးမျိုးသုတေသနလုပ်ပြီး စမ်းသပ်ကြပါတယ်။ အဲဒီအ်ချိန်မှာဓာတ်အားမတည်ငြိမ်တာကြောင့် မတော်တဆဖြစ်ပြီး အစမ်းသပ်ခံလူတစ်ယောက်ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ မကောင်းဆိုးဝါးနှိမ်နင်းသူဟာ သူကိုယ်တိုင်မကောင်းဆိုးဝါးမဖြစ်သွားဖို့သတိထားရပါတယ်။ သူမတူတဲ့စွမ်းအင်တွေရသွားပြီးနောက် လူဆိုးဖြစ်သွားမလား လူကောင်းဖြစ်မလားဆိုတာ စိုးရိမ်စရာဖြစ်လာခဲ့တယ်။ အဲဒီဖြစ်ရပ်ဖြစ်သွားပြီး နောက်(၃)နှစ်မှာ ထူးဆန်းတဲ့လူသေမှုဖြစ်ပွားလာတဲ့အခါ လျှို့ဝှက်အဖွဲ့အစည်းဟာ အမှုနောက်ကိုလိုက်ရင်း ပျောက်သွားတဲ့သန္ဓေပြောင်းလူသားနဲ့ပြန်တွေ့ကြရပါတယ်။ ဒီထူးဆန်းတဲ့လူသေမှုနဲ့ဘယ်လိုတွေပတ်သက်နေလဲ…… ဒီနောက်ကွယ်မှာဘယ်လိုအကြံအစည်ကြီးတွေရှိနေမလဲ……

5.8 2023
Broken Army X-Files Stealth Man
Vanished into the Night
5.2

အခုဇာတ်ကားလေးကတော့ ဒရမ်မာအမျိုးအစားဖြစ်ပြီး အကြွေးတွေပတ်လည်ဝိုင်းနေပြီး မိန်းမနဲ့ပါ ကွာရှင်းဖို့ တရားရင်ဆိုင်နေရတဲ့ Pietro တစ်ယောက် မိန်းမဖြစ်သူ Elena မှ ခရီးသွားဖို့ ရှိတာကြောင့် ကလေးနှစ်ယောက်ကို Pietro ရဲ့အိမ်မှာ ထားခဲ့ရာ ကလေးနှစ်ယောက်လုံး ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြန်ပေးသမားမှ ပြန်ပေးငွေတောင်းရာ Pietro တစ်ယောက် ကလေးတွေကို ကယ်တင်ဖို့ ငွေကို ဘယ်လိုရှာမလဲ၊ ကလေးတွေကိုရော အန္တရာယ်ကင်းကင်းနဲ့ ပြန်ပေးသမားလက်ထဲကနေ ပြန်ခေါ်နိုင်ပါ့မလား၊ ပြန်ပေးသမားကရော ဘယ်သူလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးလို့….. File size…(1.5 GB)/(820 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:32:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Morana

5.2 2024
Vanished into the Night
Lego Scooby-Doo! Blowout Beach Bash
5.3

စကူဘီဒူးတို့အဖွဲ့ကို ဒီတစ်ခေါက်မှာတော့ Lego version အနေနဲ့ တွေ့ကြရမှာပဲဖြစ်ပါတယ်။ Lego movie တွေရဲ့ ထုံးစံအတိုင်း မထင်ရင် မထင်သလိုပြောင်တဲ့ဇာတ်ကွက်တွေ ဒိုင်ယာလော့တွေနဲ့ စကူဘီဒူးတို့ရဲ့ ပုံမှန်အလွဲတွေ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ဖြေရှင်းကြပုံတွေလည်း ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းကတော့ စကူဘီတို့တို့အဖွဲ့က အမှုတစ်ခုပြီးတဲ့နောက် အနားယူတဲ့အနေနဲ့ ဘလိုးအောက် ကမ်းခြေမှာ သုံးရက်တိုင်တိုင်ကျင်းပတဲ့ ဘင်ဂိုဘက်ရှ် ပွဲတော်ဆီကို ထွက်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ကမ်းခြေကို ပင်လယ်ဓားပြသရဲတွေက ဝင်သောင်းကျန်းသွားခဲ့တဲ့အပြင် ဘင်ဂို ဘက်ရှ်ပွဲတော်ပါ ပျက်လုနီးပါးဖြစ်ရုံမက ဖရတ်နဲ့ ဗယ်မာတို့ရဲ့ ဘင်ဂိုဘက်ရှ်ရဲ့ ကပ္ပတိန်ဖြစ်ချင်ကြတဲ့ အိမ်မက်လေးပါ ပျောက်သွားခဲ့တဲ့အချိန်မှာတော့ အပန်းဖြေခရီးကနေ စုံစမ်းစစ်ဆေးရေးခရီးတစ်ခု ဖြစ်သွားခဲ့ပါတော့တယ်။ ဒီပင်လယ်ဓားပြသရဲတွေက ဘယ်သူတွေလဲ ဘာကြောင့်တိုက်ခိုက်နေကြတာလဲ ဒါတွေရဲ့နောက်ကွယ်မှာ ဘာတွေရှိနေတာလဲဆိုတာကို စကူဘီဒူးတို့ သူငယ်ချင်းတသိုက် ဘယ်လိုအဖြေရှာသွားကြမလဲဆိုတာ ရယ်မောခံစားကြည့်ရှုပေးကြပါဦးခင်ဗျ။ File Size : 1.4 GB, 686 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 17min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

5.3 2017
Lego Scooby-Doo! Blowout Beach Bash
The Comic Shop
5.4

The Comic Shop (2025) ဒီဇာတ်ကားကတာ့ မကြာခင်ကမှထွက်ရှိထားပြီး IMDb 5.4/10ရရှိထားပါတယ်။ Drama, Comedy အမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေးကြည့်လို့ ကောင်းတဲ့ဇာတ်ကားမျိုးလေးပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ Las Vagasမြို့မှာ comicဆိုင်သေးသေးလေးဖွင့်ထားတဲ့မိုက်ခ်ဟာ အငယ်ကတည်းကပုံဆွဲဆရာဖြစ်ချင်ခဲ့‌ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ပါဘူး။ သူ့ဘဝကိုဒီလိုပဲ နေသွားတာ့မယ်လို့ ဆုံးဖြတ်ပြီးမှ တစ်နေ့မှာ သူ့ဆိုင်ထဲကိုဝင်လာတဲ့ ဘရန်ဒန်ဆိုတဲ့ဝါသနာတူ လူငယ်လေးတစ်ယောက်ကြာင့် အရင်ကဝါသနာကိုပြန်ပြီးစိတ်အားထက်သန်လာပါတော့တယ်။ ဒါပေမဲ့ ဘယ်အရာကမှလွယ်လွယ်ကူကူမရလေတော့ အခြေကျနေပြီးသားအလုပ်ကနေ တခြားအလုပ်ကို ပြောင်းဖို့ကထင်သလောက်မလွယ်ခဲ့ပါဘူး။ ထို့အတူ ဘရန်ဒန်မှာလဲ သူ့အဖေက သူ့ရဲ့ဝါသနာကိုဘာအဓိပ္ပါယ်မှမရှိဘူးဆိုပြီး အမြဲတားမြစ်နေသူပါ။ ဒီလိုနဲ့ သူတို့ဟာတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ပဲ သူတို့ရဲ့ရည်မှန်းချက်အိပ်မက်တွေပြည့်ဝနိုင်သွားမလားဆိုတာ ကြည့်ရှုပေးကြပါဦး။ File size… 1.6 GB / 784 MB Quality… Webrip 1080p / 720p Format… mp4 Audio… AAC Duration…. 1h 34m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mastero

Action • Drama • Crime
5.4 2025 94 mins
The Comic Shop
Worst Woman
6.5

Worst Woman (2016) ******************** IMDb… 6.5 ဒီတစ်ခါမှာတော့ ၂၀၁၆တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိကသရုပ်ဆောင်ဆောင်တွေအဖြစ် Hello, My Twenties ထဲက မင်းသမီး Han Ye Ri နှင့်အတူ Karma ထဲက Lee Hee Joon ၊ Longing For You နဲ့ Connection ကားတွေထဲမှာ Kwon Yul တို့အပြင် ဂျပန်မင်းသား Iwasa Ryo တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- ဒီဇာတ်လမ်းက Titleကို ကြည့်ရင် မင်းသမီးကို ပွေရှုပ်တဲ့ဇာတ်ကောင်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ ယွန်ဟီးဆိုတဲ့ ကောင်မလေးရဲ့ ဆိုးရွားတဲ့တစ်နေ့တာကို ပုံဖော်ပြထားတဲ့ ဇာတ်လမ်းလေးပါ။ သရုပ်ဆောင်ဖြစ်ဖို့ လေ့ကျင့်နေတဲ့ ယွန်ဟီးတစ်ယောက် ချစ်သူကောင်လေးနဲ့ တွေ့ဖို့သွားတဲ့လမ်းမှာ ယောက်ျားလေး နှစ်ယောက်နဲ့ ဆုံခဲ့ရပါတယ်။ တစ်ရက်တည်းမှာတင် ယောက်ျားလေးသုံးယောက်နဲ့ တွေ့ဆုံခဲ့ပြီး တစ်ယောက်ချင်းစီအလိုက် သူ့ရဲ့ပုံစံက ပြောင်းလဲနေခဲ့တာပါ။ နွေးထွေးပြီးနူးနူးညံ့ညံ့နေတတ်တဲ့ မိန်းကလေးလည်း ဖြစ်သွားတတ်သလို တည်ငြိမ်ရင့်ကျက်တဲ့ မိန်းကလေးအဖြစ်လည်း ပြောင်းလဲသွားတတ်တဲ့အပြင် ‌ ယောက်ျားဆန်ပြီး စိတ်မရှည်တတ်တဲ့ ပုံစံလည်း ရှိနေပါသေးတယ်။ ယွန်ဟီး ကြုံတွေ့ရသမျှက ဟန်ဆောင်မျက်နှာဖုံးတွေနဲ့ သရုပ်ဆောင်နေခဲ့ရတဲ့ နေ့တစ်နေ့ပါပဲ။ အဲဒီထဲမှာမှ သူတွေ့ခဲ့ရတဲ့ ဂျပန်စာရေးဆရာ ရိုဟေးကလည်း ယွန်ဟီးနဲ့မခြားမနားပါပဲ။ သူ့ရဲ့တစ်နေ့တာကလည်း ပရမ်းပတာတွေနဲ့ ဆိုးရွားနေခဲ့တာပါ။ တစ်နေ့တာရဲ့ အဆုံးသတ်မှာ မျိုးစုံကြုံတွေ့ခဲ့ရပြီးမှ သိလာရတဲ့ ရိုဟေးရဲ့ စိတ်ကူးထဲက ဇာတ်သိမ်းက ဒီဇာတ်လမ်းရဲ့ အဆုံးသတ်ဆိုတာပါပဲ။ ဒီကားရဲ့ ဒါရိုက်တာက IUရဲ့ Persona ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ သူရိုက်ကူးသမျှက ရိုးရှင်းပေမဲ့ နက်နဲတာတွေချည်းပဲဆိုတော့ ဒီကားကလည်း ကြည့်နေရင်း ကိုယ်ပုံဖော်ချင်တဲ့ ဇာတ်သွားအတိုင်း တွေးကြည့်ရမဲ့ကားဆိုတော့ ဘာမက်ဆေ့ချ်ကို ‌ပေးချင်လဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားရင်း အဖြေရှာကြည့်ဖို့ အကြံပြုပေးချင်ပါတယ်။ File Size… 1.23GB/ 590MB Quality…WEB-DL 1080p/ 720p Format…mp4 Duration…1h 33m Genre …..Romance, Life, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub)

6.5 2016 94 mins
Worst Woman