YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Oops.Ab.Kya.S01E01.1080p.JIOHS.WEB-DL.YK(CM).mp4

857.3 MB 1080p video/mp4 36 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mohabbatein
7

အမီတာဘချမ်း ၊ ရှရွတ်ခန်း ၊ Aishwarya Rai တို့နဲ့ ဒီဇာတ်ကားက Musical,Romanace,Drama အမျိုးအစား နာမည်ကြီး ဘောလိဝုဒ် ဇာတ်ကားဖြစ်ပါတယ်။ ဟင်ဒီလို Mohabbatein ဆိုတဲ့ဇာတ်ကားနာမည်က မြန်မာလိုဆို " အချစ်ပုံပြင် " လို့ဆိုရမှာပေါ့... ဇာတ်လမ်းကတော့... ကျောင်းမှာ ကျောင်းသူကျောင်းသားအချင်းချင်း မချစ်ရမကြိုက်ရ ရိုမန့်တစ်ဆန်ခြင်းတွေကို မလုပ်ရဆိုပြီး တားမြစ်ထားတဲ့အရမ်းကိုစည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီး... သူ့ရဲ့သမီးဖြစ်သူနဲ့ ကောင်လေးတစ်ယောက်ချစ်ကြိုက်နေကြတာကိုသိသွားတဲ့အခါမှာတော့... ချစ်သူနှစ်ဦးကို မကွဲကွဲအောင်ခွဲကြတဲ့ အတ္တမာန်မာနတွေကြား အချစ်ပုံပြင်တစ်ပုဒ်ဟာ ဝမ်းနည်းဖွယ်ရာဖြစ်သွားပါတော့တယ်။ ဒါပေမယ့် နှစ်အနည်းငယ်ကြာပြီးနောက် ကောင်လေးက ကျောင်းအုပ်ကြီးကို လက်စားချေဖို့ ဂီတဆရာအဖြစ်နဲ့ ကျောင်းကိုပြန်လည်ရောက်ရှိလာတဲ့အခါမှာ.... စည်းကမ်းအရမ်းကြီးပြီး အချစ်ကိုအယုံအကြည်မရှိတဲ့ ကျောင်းအုပ်ကြီးနဲ့ အချစ်ကိုအပြည့်အဝယုံကြည်ပြီး ချစ်တတ်တဲ့လူငယ်တစ်ယောက်ရဲ့ အားပြိုင်မှုတွေကို ခံစားမှုရသပေါင်းစုံနဲ့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Iker Zaw ဖြစ်ပါတယ်။) File size…(4.6 GB) and (2.2 GB) Quality….BluRay 1080p HEVC and 720p Format…mkv/mp4 Duration….03:36:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Iker Zaw

Comedy
7 2000 216 mins
Mohabbatein
Rangasthalam
7.1

IMDb Rating(8.2) / Rotten Tomatoes (100%) Rating အလန်းစားနဲ့ ဒီဇာတ်ကားက ဇာတ်လမ်းဇာတ်အိမ်ရော Plot Twist ရော ရိုက်ကူးမှုပိုင်းတွေရော အကုန်လုံး ပြည့်စုံကောင်းမွန်တဲ့ တောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပါပဲ။ သာမန်ကြည့်ဖူးနေကျ တောင်ပိုင်းကားတွေလို Overတွေ မပါဘဲ သဘာဝကျကျ အက်ရှင်အလန်းစားတွေ၊ သီချင်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တင်ဆက်ထားပါတယ်။ မင်းသားကလဲ ဘိုင်ရာဘာမင်းသားလို့ လူသိများတဲ့ ရမ်ချရန်းဆိုတော့ သဘာဝကျတဲ့သရုပ်ဆောင်မှုတွေနဲ့ လိုက်ဖက်လွန်းနေပါတယ်... ဇာတ်လမ်းလေးကတော့... ၁၉၈ဝခုနှစ်တွေက ရန်ဂက်(စ်)တလန်ဆိုတဲ့ ကျေးရွာလေးတစ်ရွာက ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ရွာထဲမှာ လယ်တွေကိုရေသွင်းတဲ့အလုပ်ကိုလုပ်တဲ့ ချစ်တီးဘာဘူဟာ မွေးရာပါနားလေးတဲ့ ချို့ယွင်းချက်ရှိပြီး မဟုတ်မခံ လူစားမျိုးပါ၊ သူ့အရှေ့မှာ မတရားတာတွေ့ရင် ဝင်ချဖို့ နှစ်ခါမစဉ်းစားတတ်ပါဘူး.. ရွာထဲမှာ အဖွဲ့အစည်းဆိုတဲ့နာမည်နဲ့ ရွာသားတွေကို ချေးငွေတွေထုတ်ချေးထားပြီး အမြတ်ကြီးစား ခေါင်းပုံဖြတ်နေတဲ့ အဖွဲ့တဖွဲ့လည်းရှိပါတယ်် ဒီအဖွဲ့ကို အဓိကချုပ်ကိုင်ထားတာက နှစ်(၃၀)ဆက်တိုက် သူကြီးဖြစ်နေတဲ့ ရွာသူကြီးပါ လူတွေက သူ့ကို ကြောက်ရွံ့ကြသလို၊ ရင်မဆိုင်ရဲကြပါဘူး သူနဲ့ထိပ်တိုက်တွေ့တဲ့သူမှန်သမျှ မရှု့မလှသေပွဲဝင်ကြရစမြဲပါ။ ဒီလို ဂုတ်သွေးဆုပ်အမြတ်ထုတ်နေတဲ့ အဖွဲ့ကို ရင်ဆိုင်ပြီး သူကြီးနေရာက ဝင်ပြိုင်မယ်လို့ စိန်ခေါ်လိုက်တဲ့သူ တစ်ယောက်ရှိပါတယ်။ သူနာမည်က ကူမာရ် ဘာဘူပါ ကူမာရ်ဟာ ချစ်တီးဘာဘူရဲ့ အစ်ကိုဖြစ်ပြီး၊ ဒူဘိုင်းမှပြန်လာတဲ့ ပညာတတ် တစ်ယောက်လည်း ဖြစ်ပါတယ်။ မတရားမှုကို ရင်ဆိုင်ဖို့ သူကြီးအဖွဲ့နဲ့ထိပ်တိုက်တွေ့နေတဲ့ အစ်ကိုဖြစ်သူကို ချစ်တီးဘာဘူတစ်ယောက် ဘယ်လိုတွေ ကာကွယ်စောင့်ရှောက်သွားမလဲဆိုတာကတော့....။ File size…(3.9 GB) / (1.2 GB) Quality….BluRay 1080p HEVC /HDRip 720p Format…mkv/mp4 Duration….02:53:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Kyaw Ye Aung,Nyeinsaeya Aung Translated by Zaw Htoo

Comedy • Drama • Romance
7.1 2018 179 mins
Rangasthalam
The Legend of La Llorona
4.7

လာ ရိုရို့နာဆိုတာ မက္ကဆီကိုရဲ့ နိုင်ငံကျော် သရဲပုံပြင်တစ်ခုပါပဲ။ နောက်ခံဇာတ်ကြောင်းကွဲလေးတွေကတော့ အမျိုးမျိုးရှိတာပေါ့။ ဒါပေမဲ့ အကြမ်းဖျဉ်းအားဖြင့်တော့ တူညီကြပါတယ်။ လာရိုရို့နာဆိုတာ အင်္ဂလိပ်လိုဆိုရင် "ငိုကြွေးနေတဲ့မိန်းမ" ပါတဲ့။ သူ့ကလေးလေး သေသွားရတဲ့အတွက် ငိုနေပြီး ကလေးတွေကို အစားလိုက်ဖမ်းတတ်တဲ့သရဲပါ။ ဒီရုပ်ရှင်မှာတော့ လာရိုရို့နာနဲ့ပတ်သက်နေတဲ့ မက္ကဆီကိုက တည်းခိုခန်းတစ်ခုကို မသိဘဲနဲ့လာတည်းမိတဲ့ အမေရိကန်လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့သားလေး ကြောက်စရာတွေကို ရင်ဆိုင်ရပုံတွေကို ပြထားတာပါပဲ။ ဟော်ရာကားကြိုက်သူတွေ ခံစားကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….WEB-DL 1080p and 720p adn 360p File size…1.7GB and 819MB and 273MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Horror • Thriller
4.7 2022 98 mins
The Legend of La Llorona
I Want You Back
6.3

ပီတာနဲ့ အမ်မာတို့ဟာ တတိုက်ထဲမှာအလုပ်တူတူလုပ်ပေမယ့် အချင်းချင်းမသိကြပါဘူး။တစ်ရက်မှာ မတော်တဆတွေ့မိရာကနေ သူတို့နှစ်ယောက်လုံး နှစ်ရှည်ကြာတွဲခဲ့တဲ့ရည်းစားတွေက မကြာသေးခင်ကပဲ ထားပစ်ခြင်းခံကြရမှန်းသိသွားကြပါတယ်။ဒီလိုနဲ့ပဲ သူတို့ရဲအရင်ရည်းစားတွေကိုပြန်ရနိုင်အောင် အချင်းချင်းကူညီပေးဖို့သဘောတူလိုက်ကြပါတယ်။သူတို့အကြံအစည်အတိုင်းလုပ်ကြရာမှာ ဟာသတွေ၊တလွဲတွေဖြစ်လာသလို နာကျင်ရမှုတွေ၊အချင်းချင်းလည်းနီးစပ်လာမှုတွေလည်း ဖြစ်လာပါတော့တယ်။ အမ်မာနဲ့ပီတာတို့နှစ်ယောက်သူတို့ဘ၀ရဲ့အချစ်စစ်ကိုရှာတွေ့နိုင်မှာလား။ဒီကားက Romantic Comedy လေးဖြစ်ပြီး Romance အပိုင်းရော Comedyအပိုင်းကိုပါ ပိုင်နိုင်‌အောင်ရိုက်ပြထားပါတယ်။ဒါရိုက်တာ Jason Orley ကရိုက်ကူးထားပြီး Jenny Slate,Charlie Day,Scot Eastwood,Gina Rodriguezတို့ပါ၀င်ထားပါတယ်။Rotten tomatoမှာ 89%,Imdb 6.7/10 ရထားပါတယ်။ File size…(1.96 GB)/(820.33 MB)/(482.88 MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:56:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Action & Adventure • Crime • Drama
6.3 2022 117 mins
I Want You Back
White Fox Love Affair

အခုတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ မိစ္ဆာမျိုးနွယ်ကိုအခြေတည်ထားတဲ့ဇာတ်လမ်းလေးပါ.... ဝူရှန်းဂိုဏ်းမှာ ဖန်တီးထားတဲ့မိစ္ဆာသန့်စင်ဓာတ်လုံးကို မြေခွေးမိစ္ဆာ ညီအစ်မနှစ်ယောက်ခိုးယူရင်း အစ်မဖြစ်သူ ပိုင်စူးစူးက မတော်တဆ စုပ်ယူလိုက်မိသွားခဲ့တယ်... ဓာတ်လုံးရဲ့တန်ပြန်မှုကြောင့် အရာအားလုံးကိုမေ့ပြီးဝူရှန်းတောင်အောက်က ဝူယိုးရွှာငယ်လေးက စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းက ကယ်တင်ခြင်းကိုခံခဲ့ရတယ်.... ဟယ်အန်းရှန်းကတော့ ကျင့်စဥ်တွေကိုစိတ်ဝင်စားတတ်ပြီး သတ္တဝါအားလုံးကို ကယ်တင်တတ်တဲ့စိတ်ထားဖြူစင်တဲ့သမားတော်လေးတစ်ယောက်ပေါ့... အရာအားလုံးကိုမေ့နေတဲ့ မြေခွေးမိစ္ဆာမလေး ပိုင်စူးစူး နဲ့ စိတ်ထားဖြူစင်တဲ့သမားတော်လေး ဟယ်အန်းရှန်းတို့ လူနဲ့ မိစ္ဆာအတူမနေရ သတ်မှတ်ထားတဲ့ လောကကြီးထဲမှာ ရှေ့ဆက်ဘယ်လိုဆက်ဖြစ်ကြမလဲ...... မိစ္ဆာသန့်စင်​ဓာတ်လုံးကြောင့် အတိတ်မေ့တာကရောပျောက်ကင်းသွားမှာလား.... မိစ္ဆာသန့်စင်ဓာတ်လုံးပျောက်ဆုံးသွားတဲ့ ဂိုဏ်းတွေကြားကရှုပ်ထွေးမှုတွေရောဘယ်လိုဖြေရှင်းကြမလဲဆိုတာ.... ချစ်ခြင်းမုန်း​ခြင်းတွေကြား လိုက်ပါစီးမြောပေးကြပါဦးနော်.... Quality : WEB-DL 1080p , 720p Format : mp4 Genres : Fantasy Runtime : 1h 8 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK

Action & Adventure • Crime • Drama
0 2023 68 mins
White Fox Love Affair
Deadly Love Poetry
5

IMDb Rating/(5.0) Ranum ဆိုတဲ့ မိန်းမလှလေးတစ်ယောက်၊ လှပစွာ၊ ပျော်ရွှင်စွာ၊ အေးချမ်းစွာနေထိုင်လာခဲ့တယ်။ သူက ကဗျာလေးတွေကိုချစ်တဲ့သူ။ စာသားအနုအရွ‌လေးတွေနဲ့ အရာရာကို စိတ်ကူးယဉ်တတ်သူ၊ နှလုံးသားလေးလှသလို ပန်းတွေလိုပွင့်ဖူးလာတဲ့ စကား‌လုံးလေးတွေကို နှင်းဆီငုံနှုတ်ခမ်းက မြွတ်ဟတတ်သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့ Ranum ဆီကို Rendy ဆိုတဲ့ စားဖိုမှူးလေး ဝင်လာခဲ့တယ်။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်နဲ့ နှုတ်စကားချိုချိုလေးတွေက Ranum ကို ဖမ်းစားတယ်‌ပေါ့လေ။ ဒါပေမဲ့ Rendy ဟာ ‌ကောင်ဆိုးလေးတစ်ယောက်၊ တစ်ဖက်မှာ Ranum ဆီကိုချဉ်းကပ်ရင်း အခြားတစ်ယောက်ဆီမှာလည်း ခြေရှုပ်နေသတဲ့။ Rendy ဟာ လှေနံနှစ်ဖက်နင်းနေရင်း ရုတ်တရက် အသေဆိုးနဲ့သေသွားခဲ့တယ်။ အဲဒီနောက်ပိုင်းကစလို့ Ranum ရဲ့ဘဝမှာ မုန်တိုင်းထန်လာတယ်ပေါ့။ နောက်ပြီးတော့ အဝတ်အစားတွေကို နှလုံးသားနဲ့ ချုပ်ပါတယ်ဆိုတဲ့ ဖက်ရှင်မမတစ်ယောက်က အညုစကားတွေနဲ့ Ranum ကို ဆွဲဆောင်ပြန်ရော။ မိန်းကလေးနှစ်ယောက် ချစ်သူအဖြစ် လက်တွဲကြဖို့ သိမ်းသွင်းခံရတဲ့ Ranum တစ်ယောက် စိတ်ပါလုလုအဖြစ်မျိုး။ ဒါပေမဲ့ အဲဒီမမကလည်း နောက်ကြောင်းမရှင်းတဲ့ စားဆော်ကြီး။ အဲဒီမမကြီးက သူ့ရဲ့ သူငယ်ချင်းဟောင်း ကောင်မလေးနဲ့ ပလူးနေပြန်ရော။ ဖက်ရှင်မမလည်း မကြာပါဘူး။ သေတာပဲ။ Ranum အပေါ် ဖောက်ပြန်သမျှလူတွေ အသေဆိုးနဲ့ သေလာရတဲ့အချိန် Ranum နောက်မှာ အကောင်အထည်မဲ့၊ လျှို့ဝှက်ဆန်းကြယ်အရာတစ်ခု အရိပ်လိုကပ်ပါလာခဲ့တယ်။ ဒီတော့ ဖောက်ပြန်သူတွေကို Ranum ကပဲသတ်တာလား။ အသံမပေး အကောင်အထည်မပြတဲ့ အဲဒီအရိပ်နဲ့ပဲဆိုင်နေသလား။ အဲဒီနောက်ပိုင်း ဘယ်လိုကြုံရမယ်ဆိုတာတော့ အင်ဒိုနီးရှား သရဲကားတွေရဲ့ Vibe နဲ့ ခံစားနိုင်ပြီဖြစ်ကြောင်းပါ။

5 2022
Deadly Love Poetry
Blood on the Nameless River
5.8

ကိုရီးယားအမေရိကန်စစ်ပွဲကိုအခြေခံထားတဲ့ သွေးနဲ့ရေးတဲ့စစ်ပွဲဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ရန်သူအမေရိကန်စစ်တပ်တွေကိုတားဆီးနိုင်ဖို့အတွက်ဆိုရင် သူတို့ရဲ့ရိက္ခာအထောက်အပံ့တွေကိုဖြတ်ပစ်လိုက်တာဟာ ခြေထောက်နှစ်ချောင်းကိုဖြတ်ပစ်သလိုပဲထိရောက်ပါလိမ့်မယ်။ အဲဒါကြောင့် တုချွမ်းတို့တပ်စုဟာရိက္ခာဖြည့်တဲ့ထောက်ပို့စခန်းတစ်ခုကိုဝင်စီးကြပါတယ်။ အဲဒီထောက်ပို့စခန်းကိုဝင်စီးလိုက်တဲ့အချိန်မှာ မထင်မှတ်ပဲ ရန်သူရဲ့စစ်ကြောင်းကိုသိလိုက်ရပါတယ်။ တရုတ်ပင်မစခန်းကြီးကို အမေရိကန်တွေရဲ့အမြှောက်တပ်ကြီးရောက်မသွားအောင် တုချွမ်းတို့တပ်စုဟာအစွမ်းကုန်ကြိုးစားရဖို့တာဝန်ဖြစ်လာပါတယ်။ ရန်သူနဲ့အင်အားမမျှတဲ့အတွက် သူတို့တပ်စုလေးဟာ ဘယ်လိုနည်းဗျူဟာတွေသုံးပြီး အမေရိကန်တွေကိုတားမလဲဆိုတာ စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ ပီပြင်တဲ့ဆက်တင်နဲ့သရုပ်ဆောင်ချက်တွေကြောင့် စစ်ကားကြိုက်တတ်တဲ့သူတွေရဲ့ ကျေနပ်စရာကောင်းတဲ့ကားလေးတစ်ကားဖြစ်မှာသေချာပါတယ်။

Drama
5.8 2023
Blood on the Nameless River
The Sea of Trees

ချစ်ရတဲ့သူ့ကို ချစ်လို့ရတုန်းမှာ အစွမ်းကုန် ချစ်ပေးဖို့ ပြောကြတာဟာ ဆုံးရှုံးလိုက်ရသူတွေရဲ့ ရင်နဲ့ရင်းပြီးပြောခဲ့ကြတဲ့ စကားပါပဲ။ အချစ်တွေနဲ့ ထူထောင်ထားတဲ့ အိမ်ထောင်တစ်ခုဟာ အချိန်တစ်ခုကြာမြင့်လာတဲ့အခါ နွေးထွေးတွေ ချစ်ခြင်းတွေအစား၊ အေးစက်တဲ့ ချစ်ခြင်းတွေကသာ အစားထိုး ဝင်ရောက်လာခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားကို ပြော၊ မပြော စဉ်းစားတွေဝေနေစရာမလိုအောင်လို့ဆိုပြီး သိသာသိစေ မမြင်စေနဲ့ ဆိုတဲ့ အခြေအနေနဲ့ပဲ အသေးစိတ်လေးတွေအစ ဖြည့်ဆည်းပေးနေတဲ့ အချစ်ရေးတစ်ခုဟာ ဘယ်လောက်ထိ ကြောက်စရာကောင်းသလဲ တွေးမိဖူးလား။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့က အာအိုခီကာဟာရာဆိုတဲ့တောင်ဟာ ကမ္ဘာအနှံ့အပြားက ဆူဆိုက်လုပ်လိုသူတွေ လာကြတဲ့ နေရာတစ်ခုပဲဖြစ်တယ်။ အမေရိကန်သား အာသာဘာနန်ဟာလဲ အဲအကြောင်းရင်းနဲ့ပဲ အာအိုခီကာဟာရာတောင်ကို ရောက်လာခဲ့တယ်။ တောင်ထဲရောက်ရောက်ချင်းပဲ လမ်းပျောက်နေတဲ့ ဂျပန်လူမျိုး တခုမီ နာခါမူရာ နဲ့ တွေ့ခဲ့ပြီး နှစ်ယောက်စလုံး လမ်းပျောက်သွားခဲ့တယ်။ အေးစက်စက်တောင်ကြီးထဲ မိုးပါရွာလို့၊ ဒီလိုအခြေအနေအောက်မှာ နှစ်ယောက်သား အချင်းချင်းရိုင်းပင်းရင်း ထွက်လမ်းကို အတူတူရှာခဲ့တယ်။ တခုမီက ပြောခဲ့တယ်။ “ချစ်ရတဲ့သူတွေနဲ့ အနီးစပ်ဆုံးအချိန်က ကျုပ်တို့ဘဝရဲ့ အမှောင်မိုက်ဆုံးသောအချိန်တွေမှာပဲ။ သေဆုံးသွားခဲ့ပြီးသားသူတွေတောင်မှ” တဲ့။ တခုမီက ပြောခဲ့တယ်။ “ဝိဉာဉ်တစ်ခု ဖြတ်သွားရင် အဲနေရာမှာ ပန်းပွင့်တယ်လို့ ပြောကြတယ်” တဲ့။ တခုမီကို ခြုံပေးခဲ့တဲ့ သူ့ဂျာကင်အောက်က ပန်းလေးတစ်ပွင့်။ ဇနီးဖြစ်သူက ‌သူ့ကို မေးခဲ့တယ်။ “ကျွန်မ အကြိုက်ဆုံး အရောင်ကို သိလား၊ ကျွန်မ အကြိုက်ဆုံး ရာသီဥတုကို သိလား” တဲ့။ တခုမီက ပြောခဲ့တယ်။ “သူ့မှာ မိသားစုရှိတယ်။ သူ့မိန်းမနာမည်က ခီရို၊ သမီးလေးနာမည်က ဖူရူ”တဲ့ အဓိပ္ပါယ်ကတော့ အဝါရောင်နဲ့ ဆောင်းရာသီတဲ့။ အားလုံးပဲ ရာသီဥတုအေးမြတဲ့ ညဘက်လေးမှာ တငြိမ့်ငြိမ့်နဲ့ အချစ်တစ်ခုကို ခံစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.55 GB)/(770 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Drama, Fantasy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi moshi

0 2015 110 mins
The Sea of Trees
Entergalactic
7.3

Entergalactic (2022) ~ IMDb – 7.3/10, Rotten Tomatoes – 97% ~ “အချစ်ဆိုတာ ကမ္ဘာပေါ်မှာ မတော်တဆ‌မွေးဖွားလာဖို့အလွယ်ကူဆုံးအရာပဲ။ ဒါပေမဲ့ ရည်ရွယ်ချက်ရှိရှိမချစ်သရွေ့ အစစ်အမှန်မဖြစ်လာနိုင်ဘူး” လူတိုင်းက ဘဝတစ်ကွေ့မှာတော့ အချစ်ဆိုတဲ့ခဲလုံးလေးကို ခလုတ်တိုက်မိခဲ့ဖူးလိမ့်မယ်။ အိမ်နီးချင်းရဲ့ ပါတီသီချင်းသံကျယ်လို့ သွားပြောရာကနေ ‌မြင်မြင်ချင်း အချစ်ပန်းလေးတစ်ပွင့် ဖူးလာခဲ့သလိုပေါ့။ အချစ်ဆိုတဲ့အရာက လူကို ချောက်နက်တွေအထိ ဆွဲခေါ်သွားနိုင်တယ်။ စကြဝဠာထဲအထိ သယ်ဆောင်သွားနိုင်တယ်။ Entergalactic ဆိုတာ အဲဒီအဓိပ္ပါယ်ပါပဲ။ ဒီနာမည်က Kid Cudi ရဲ့ ပထမဆုံးအလ်ဘမ်မှာပါတဲ့ Enter Galactic ဆိုတဲ့သီချင်းကနေလာတယ်။ သူ့ရဲ့ အဓိပ္ပါယ်ကတော့ လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆွဲငင်အားတစ်ခုဟာ ကိုယ့်ကို စကြဝဠာအထိ ဆွဲခေါ်သွားနိုင်လောက်အောင် အားကောင်းတယ်လို့ ဆိုလိုတယ်။ စကြဝဠာကြီးကို အဆုံးအစမဲ့ကြောင်း လူတွေပြောတယ်။ ဒါဆိုရင် အချစ်ကကော။ အချစ်ဆိုတာ ချစ်နေသူနှစ်ယောက်ကြားက အဆုံးအစမဲ့ စကြဝဠာတစ်ခုပါပဲ။ ဒီမှာတော့ Street Art ဆွဲတဲ့ ဂျဘာရီတစ်ယောက် သူ့ရဲ့ဇာတ်ကောင်ကို ရုပ်ပြအဖြစ်ပြောင်းလဲဖို့ Cosmic ရုပ်ပြမှာ အလုပ်ရပြီး အိမ်ပြောင်းလာရတာကနေစတယ်။ သူလမ်းမပေါ်မှာဆွဲနေတဲ့ မစ္စတာရေဂျာ ဆိုတဲ့ဇာတ်ကောင်က Kid Cudi ရဲ့ Mr. Rager သီချင်းကို ရည်စူးထားတယ်။ သူ့ရဲ့အဓိပ္ပါယ်က ဒုံရင်းဘဝမှာပျင်းလာလို့ စွန့်စားခန်းအသစ်တွေထွက်ချင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ဒါက Kid Cudi အနေနဲ့ သူ့ကိုယ်သူ ပြန်ထင်ဟပ်ဖို့ ကြိုးစားခဲ့တယ်လို့ယူဆနိုင်တယ်။ ဒါကြောင့်လည်း ဒီလိုရုပ်ရှင်နဲ့အလ်ဘမ် တွဲထုတ်ခဲ့တာပဲ။ ဒီလိုနဲ့ ဂျဘာရီပြောင်းလာတဲ့ အိမ်အသစ်မှာ အိမ်နီးချင်းဖြစ်တဲ့ ဓာတ်ပုံဆရာမ မဲဒိုး နဲ့ တွေ့ပြီး အချစ်သစ်ကိုစဖို့ အကြောင်းဖန်လာတယ်။ သူတို့ချင်းက အချစ်လို့ပြောလို့လည်းမရပြန်ဘူး။ အစပိုင်းကတော့ Situationship သဘောမျိုးပေါ့။ အဲဒါကို Chapter ၆ ခုနဲ့ တခုချင်းဆွဲသွားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံကတော့ အတော်ကောင်းတယ်လို့ပြောနိုင်တယ်။ ဒီ TV Special ကို Kid Cudi ရဲ့ Entergalactic Album ရဲ့ Visual Companion Piece အနေနဲ့ထုတ်ခဲ့တယ်။ Visual Album ဆိုတာကတော့ သီချင်းအလ်ဘမ်ကို တွဲဖက်ရုပ်ရှင်အနေနဲ့ ပိတ်ကားပေါ် ‌တင်ဆွဲလိုက်တာမျိုးပေါ့။ ဒီရုပ်ရှင်ရဲ့ ဇာတ်ကွက်အများစုကို Entergalactic အလ်ဘမ်ရဲ့ “She’s Looking For Me”, “Somewhere to Fly”, “Can’t Shake Her” နဲ့ “Do What I Want” သီချင်းတွေကို အဓိက မှီငြမ်းထားတယ်။ Music Video တွေတပုဒ်ချင်းထုတ်မယ့်အစား အလ်ဘမ်တစ်ခုလုံးစာကို ရုပ်ရှင်ထဲ ပစ်ထည့်လိုက်တဲ့သဘော။ ဒါကြောင့် သုံးထားတဲ့သီချင်းတွေ၊ Visual တွေက ကြည့်ရတာသိပ်အရသာရှိလွန်းတယ်။ လူငယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို Kid Cudi သီချင်းတွေနဲ့ အလှဆင်ထားတာပဲ။ Album ထဲက သီချင်းတွေကိုလည်း သူ့အနေနဲ့‌မဟုတ်ဘဲ သူ့စိတ်ကူးထဲကဇာတ်ကောင်၊ သူ့စိတ်ကူးထဲကအချစ်၊ သူ့စိတ်ကူးထဲက စကြဝဠာကို ပုံဖော်တဲ့အနေနဲ့ ရေးခဲ့တယ်။ အလ်ဘမ်ထဲက အချစ်သီချင်းတွေတင်မကဘူး၊ ဒီ ရုပ်ရှင်ကပါ Kid Cudi ရဲ့ စိတ်ကူးထဲက အချစ်အဓိပ္ပါယ်ဖွင့်ဆိုချက်လို့သူပြောတယ်။ သူကိုယ်တိုင် ဇာတ်လမ်းရေးသလို အဓိကဇာတ်ကောင် ဂျဘာရီနေရာမှာလည်း သူ့အသံနဲ့သရုပ်ဆောင်ထားတယ်။ အသံသရုပ်ဆောင်တွေအနေနဲ့ Jessica Williams, Thimothée Chalamet, Ty Dolla Sign အပြင် တခြားသရုပ်ဆောင်တွေပါဝင်ထားတယ်။ ထူးခြားချက်အနေနဲ့ အသံသရုပ်ဆောင်တဲ့လူတွေနဲ့ ဇာတ်ကောင်တွေရဲ့ပုံစံကို ခပ်ဆင်ဆင် ဖန်တီးထားတယ်။ Animation အရဆိုရင် Spider-Verse နဲ့ ခပ်ဆင်ဆင်ပဲ။ ဒါပေမဲ့ Spider-Verse ထက်ပိုပြီး Comic ဆန်တယ်။ ကြည့်ရတာကော၊ နောက်ခံသီချင်းနားထောင်ရတာတွေကပါ ဇာတ်လမ်းအသွားနဲ့ အံဝင်ပြီး ပြီးသွားတာမြန်လိုက်တာလို့တောင်ထင်ရက်နိုင်စရာပါ။ ဇာတ်ကောင်တွေရဲ့ အဝတ်အစားကိုတော့ Virgil Abloh က သူ မကွယ်လွန်ခင်မှာ ဒီဇိုင်းဆွဲပေးသွားခဲ့တယ်။ အဲဒါကြောင့် အလ်ဘမ်နဲ့ ဒီရုပ်ရှင်ကို Kid Cudi က သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ Virgil Abloh ကိုရည်စူးပြီး Virgil မွေးနေ့ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်ခဲ့တယ်လို့ဆိုတယ်။ Dialogue တွေကလည်း အားရဖို့ကောင်းတယ်။ ရယ်စရာတွေ၊ ငိုစရာတွေ၊ တွေးစရာတွေ၊ မေ့နေတဲ့အချက်တွေကို ဘေးကနေဘော်ဒါတစ်ယောက်က ထိုင်အကြံပေးနေသလို ခံစားရလိမ့်မယ်။ အသုံးအနှုန်းကြမ်းနဲ့ ဝတ်လစ်စလစ်ပြကွက်တွေပါတာကြောင့် အသက်မပြည့်သေးတဲ့သူတွေအနေနဲ့တော့ မကြည့်သင့်ဘူး။ လူငယ်အထာဆိုတော့ လူငယ်စကားတွေပြောရင်း လူငယ်ကိစ္စတွေလုပ်ကြတာပေါ့။ လမ်းသရဲ ‌ဒေါင်းတောင်းပက်ရဲ့စကားအရဆိုရင်တော့… “အချစ်ဆိုတာ မြေနိုးကြီးပဲ ငါ့ကောင်တို့ရ ဒါပေမဲ့ အချစ်က ငါတို့ကိုကယ်တင်မယ့် တစ်ခုတည်းသောအရာပဲ” (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 855MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 33Min Genre – Animation, Comedy, Music Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Thriller • Mystery
7.3 2022 93 mins
Entergalactic
[18+] Rita
5

ရီတာနဲ့ အာရီယယ်တို့ဟာ ကြင်စဦး ဇနီးမောင်နှံပါ။ ရီတာက တစ်ချိန်တုန်းက ဘားမယ်တစ်ယောက်ဖြစ်ခဲ့ပြီး အလုပ်သဘောအရထက် ဝါသနာအရကိုထန်တဲ့သူမျိုးပါ။ အဲ့ဒီလိုနဲ့အာရီယယ်နိုင်ငံခြားကိုအလုပ်သွားလုပ်တဲ့အချိန်မှာဟာစလာဖြစ်ပြီး အာရီယယ့်ငယ်သူငယ်ချင်းနဲ့ဖောက်ပြန်ပါတယ်။ နိုင်ငံခြားသွားတဲ့ အာရီယယ်ကလည်းခေသူမဟုတ်ပါဘူး၊ ရောက်ရောက်ချင်းမှာ သူ့အလုပ်ရှင်အမျိုးသားက လိင်တူခြင်းအဓမ္မကျင့်တာကိုခံလိုက်ရလို့ မီးဆိုင်းနဲ့ထုသတ်ဖို့လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အဲ့ဒီလိုကျင့်ကြံခံရတာကို သာယာစပြုလာပါတယ်။ ဒီလိုနဲ့အချိန်တန်လို့အာရီယယ်ပြန်ရောက်လာတဲ့အခါမှာ ရီတာ၊ အာရီယယ်နဲ့ သူ့သူငယ်ချင်းတို့ကြားက ဇာတ်လမ်း၊ ဒါ့အပြင် ရီတာရဲ့မောင်ဖြစ်သူကလည်း ဒီဇာတ်လမ်းထဲကိုဝင်ပါလာမှာဖြစ်တဲ့အတွက် သူတို့တွေကြားမှာ ဘယ်လိုဇာတ်လမ်းတွေရှုပ်ကြမလဲဆိုတာကိုရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းကအရမ်းသဘာ၀ကျပြီးလက်တွေ့ဆန်ပါတယ်။လင်နဲ့မယားကြား၊မောင်နှမကြား၊ သူငယ်ချင်းအချင်းချင်းကြား ဘယ်သူကဘယ်သူ့ကိုမှအထာမထားပဲဖြစ်ချင်တိုင်းဖြစ်နေကြတဲ့အတွက် အားရစရာပါပဲ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 2GB)/( 890MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:54:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 113 mins
[18+] Rita
Welcome Home, Brother!

ဒီဇာတ်ကားကတော့ အိမ်မှာ အေးအေးဆေးဆေးထိုင်ကြည့်ချင်တဲ့သူတွေအတွက် အကောင်းဆုံးသောစိတ်ကျေနပ်မှုတွေကို ပေးစေနိုင်မှာပါ။ ဇာတ်ကားလေးရဲ့ဇာတ်လမ်း ဇာတ်ကြောင်းက ပေါ့ပေါ့ပါးပါးလေးပဲ တည်ဆောက်ထားပြီး စိတ်အပန်းပြေသွားနိုင်တဲ့ခံစားမှုတွေရချင်သူတွေကြည့်သင့်ပါတယ်။ ဇာတ်လမ်းအညွှန်းကို ရှင်းရှင်းလေးပဲပြောပြရရင် လက်ထပ်ခါနီးစုံတွဲတစ်တွဲက ကောင်မလေးရဲ့မွေးရပ်မြေရွာလေးမှာ လက်ထပ်ပွဲ‌လုပ်ဖို့ပြန်သွားကြ‌တာပေါ့။ အဲဒီရွာကလူတွေကလဲ တော်ရုံတန်ရုံအပူအပင်တွေမရှိပဲနဲ့ အမြဲတမ်းနေချင်သလိုနေပြီး ဘာပဲဖြစ်ဖြစ်သောက်မယ်ဆိုတဲ့ရွာတစ်ရွာပါပဲ။ ဖြစ်ချင်တော့ သတို့သားကရိုးရိုးအေးအေး‌နဲ့ သတ်သတ်လွတ်စားပြီး အရက်ဆို အနံ့တောင်မခံတဲ့လူပါ။ အဲဒီမှာ အရက်မသောက်တဲ့သူနဲ့ တစ်ရက်မှာ ၂၄နာရီအရက်သောက်တဲ့ရွာနဲ့တွေ့ပြီး သတို့သားလည်းဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်တဲ့သူတွေအနေနဲ့ အမြဲတမ်းတစ်လွဲတွေလုပ်နေတဲ့ ထိုရွာကလူတွေကိုကြည့်ပြီး ပြုံးပျော်ရမှာသေချာတဲ့အတွက် အေးအေးဆေးဆေးရှိတဲ့အချိန်မှာကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero

0 2022
Welcome Home, Brother!
[18+] Role Play 2: Dongchim
6.1

*********************************** ဒီတစ်ခါတော့ စိတ်ကူးယဉ်ဇာတ်လမ်းတွေကိုမှ စိတ်ဝင်စားသူတွေအတွက် Role Play ဆိုတဲ့ ဇာတ်လမ်းလေးအကြောင်း ပြောပြချင်ပါတယ် .. နာမည်ကြီးစာရေးဆရာမဖြစ်တဲ့ ဆူယွန်းက စည်းကမ်းတင်းကြပ်တဲ့ သူမရဲ့ဖခင်ကို ဆန္ဒပြဖို့အတွက် သူမရဲ့မိတ်ဆွေ အီဟျွန်းဝူကို အိမ်ကို ဖိတ်ခေါ်ခဲ့ပါတယ်။ အဖေဖြစ်သူ မကြိုက်တဲ့လုပ်ရပ်တွေကို လုပ်တဲ့အခါ .. ဖခင်ရဲ့တုန့်ပြန်ချက်တွေကို မြင်ချင်တယ်ဆိုပြီး ဟျွန်းဝူနဲ့အတူ ဟန်ဆောင်ခဲ့ကြပါတယ်။ သမီးကို ချစ်လွန်းတဲ့ဖခင်တစ်ယောက် သူ့မျက်စိရှေ့မှာ အခြားယောက်ျားတစ်ယောက်နဲ့ အတူရှိနေတာကို တွေ့တော့ ဘယ်လိုတွေ တုံ့ပြန်မလဲဆိုတာ ဆက်လက်ကြည့်လိုက်ပါဦး .. File Size : 1.29GB, 446MB Quality : 1080p,720p Format…mp4 Duration…1 hr. 12 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.1 2013
[18+] Role Play 2: Dongchim
The Promise
5.5

တစ်ကားလုံး ဟိုဇာတ်ဝင်ခန်းပြလိုက် ဒီဇာတ်ဝင်ခန်းပြလိုက်နဲ့ ရှုပ်ရှတ်ခတ်နေတာမျိုးတွေမကြိုက်ဘဲ ဇာတ်ကောင်တစ်ယောက် အကြောင်းအရာတစ်ခုတည်းကိုပဲ သီးသန့်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေကိုမြင်ဖူးကြမှာပါ။အခုတင်ဆက်ပေးမဲ့ The Promise ဆိုတဲ့ဇာတ်ကားကလည်း ဒီလိုဇာတ်ကားမျိုးပဲ ဖြစ်ပြီး ရိုးရိုးရှင်းရှင်းဆိုပေမဲ့ သည်းထိပ်ရင်ဖိုဖွယ်ကောင်းအောင် ရိုက်ကူးထားနိုင်တာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီတစ်ကားလုံးအဓိကတွေ့ရမဲ့ဇာတ်ကောင်ကတော့ မာယာဆိုတဲ့ အမျိုးသမီးဖြစ်ပြီး သူကတော့ ဆုံးပါးသွားတဲ့ အစ်မဖြစ်သူရဲ့သား သူ့တူလေး မက်တီရက်စ်ကိုကြည့်ရှုစောင့်ရှောက်ပေးနေရသူ ဖြစ်ပါတယ်။ဒါပေမယ့် အသက်ကလည်းငယ်သေးတဲ့အပြင် အမေဖြစ်သူကိုပါ ဆုံးရှုံးခဲ့ရတဲ့ မက်တီရက်စ်က အရမ်းဆိုးသွမ်း လွန်းပြီး ထိန်းမနိုင်သိမ်းမရဖြစ်လာတဲ့အခါမှာတော့ သူ့ကိုမိဘမဲ့ ဂေဟာပို့ဖို့ မာယာတစ်ယောက်သွားစုံစမ်းပြီး ကားမောင်းကာ ပြန်လာခဲ့ပါတော့တယ်။ဒီလိုနဲ့သိပ်မကြာခင်မှာပဲ ဇာတ်လမ်းက စလာပါတော့တယ်။မက်တီရက်စ်က သူ့ဆီဖုန်းဆက်ပြီး ပိုက်ဆံတွေ လှမ်းလွှဲခိုင်းတဲ့အတွက် မာယာတစ်ယောက်မေးမြန်းကြည့်တဲ့ အခါမှာ သူ့တူက လူဆိုးဂိုဏ်းဝင်တစ်ယောက်ဆီက ဂျာကင် အကောင်းစား၀ယ်ရင်း ဇယားတွေရှုပ်နေတယ်ဆိုတာကိုသိ လိုက်ရပါတော့တယ်။နောက်ပိုင်းမှာတော့ သူ့တူပြန်ပေးဆွဲခံ လိုက်ရပြီး တူတော်မောင်ဇောနဲ့ ဖုန်းတွေလိုက်ဆက် နေရာစုံ လိုက်ရှာရင်း နောက်ဆုံးမှာ တူ၀ရီးနှစ်ယောက်ပြန်ဆုံစည်း နိုင်သွားပါ့မလားဆိုတာကို ရှုစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.23GB) / (668MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Romance • Comedy • Drama
5.5 2024 86 mins
The Promise
Kuttante Shinigami

Kuttante Shinigami (2024)”ကွတ်တက်တာ ရှီနီဂါမီ” ======================================== ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော ကျေးလက်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ကွတ်တက်တာဟာ ကယ်ရယ်လာပြည်နယ်ထဲက ရွာလေးတစ်ရွာမှာနေထိုင်တဲ့ ဂျပန်ပြန်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဂျပန်ကို အလုပ်လုပ်ဖို လည်ပတ်ဖို သွားခဲ့တာမဟုတ်ဘဲ ရှီနီဂါမီလိုခေါ်တဲ့ ေ-သမင်းတွေအကြောင်း သွားလေ့လာခဲ့တာပါ။ ရှီနီဂါမီတွေအကြောင်း လေ့လာပြီး ရွာကိုပြန်လာတဲ့ကွတ်တက်တာဟာ ရွာကိုရောက်ပြီးတဲ့နောက်မှာ ေ-သခြင်းတရားလို ထင်ရတဲ့အရာနဲ့ ကိုယ်တိုင်ကြုံတွေ့ရပြီး အလွဲအချော်တွေ ဖြစ်ပုံကို ဒီရုပ်ရှင်ထဲမှာ ပေါ့ပေါ့ပါးပါး မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

0 2024
Kuttante Shinigami