YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

One The Woman.2021...EP3.mp4

613.95 MB N/A video/mp4 5541 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stepmom
7.2

ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာက ဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေ တစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေ သရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့ စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်း အမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကို ဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေ ဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့ အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြား ဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။ File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Drama • Thriller
7.2 1998 125 mins
Stepmom
[18+] Malena
7.4

၁၉၄၁ ခုနှစ်က စစ္စလီကျွန်းပေါ်မှာနေတဲ့ အသက် ၁၃ နှစ်သား ကောင်လေးတစ်ယောက် လမ်းခဲ့ရတဲ့ မာလိနာဆိုတဲ့ မိန်းမတစ်ယောက်အကြောင်း.....။ ဒုတိယကမ္ဘာစစ်ကြောင့် ခိုကိုးရာမဲ့သွားတဲ့မိန်းမတစ်ယောက်၊ လှပလွန်းသောကြောင့် ယောက်ကျားတိုင်းက စိတ်ဝင်စားပြီး တစ်ခြားမိန်းမတွေက မနာလိုဖြစ်ခြင်းခံနေရတဲ့ မိန်းမတစ်ယောက်၊  ကံဆိုးမှု တွေကြောင့် ဖခင်ဖြစ်သူရဲ့ အထင်လွဲမှုကို ခံရပြီး စားဝတ်နေရေးအတွက် ရုန်းကန်ခဲ့ရတဲ့ မိန်းမတစ်ယောက်၊ အရာရာကို ခွင့်လွှတ်သည်းခံပြီး ချစ်သူခင်ပွန်းရဲ့ဖေးမမှုနဲ့ ဘဝကိုတည်ငြိမ်စွာ ပြန်လည်လျှောက်လှမ်းနိုင်ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အကြောင်း.....။ ဒီဇာတ်ကားထဲမှာ လူတွေရဲ့ မနာလိုစိတ်တွေ၊ အချောင်ရလိုမှုတွေ၊ အားနည်းသူကို ပျက်စီးစေချင်ကြတဲ့စိတ်တွေနဲ့ ယောင်္ကျားတွေရဲ့ စိတ်ကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြထားပါတယ်။ ကြီးကောင်ဝင်စ လူငယ်လေးတစ်ယောက်ရဲ့ စိတ်နေစိတ်ထားနဲ့ လူတွေအကြောင်း သင်ယူခဲ့မှုတွေကိုလည်း အထင်အရှားမြင်ရမှာ ဖြစ်ပါတယ်။ မင်းသမီးကတော့ သိပ်ညွှန်းစရာလိုမယ် မထင်ပါဘူး။ ဆိုဖီယာလော်ရင့်ပြီးရင် အီတလီရဲ့ နာမည်အကြီးဆုံးမင်းသမီးဖြစ်တဲ့ Monica Bellucci ပါ။ ဒီဇာတ်ကားထဲမှာ အလှပဆုံးအချိုးအစားလို့ ပြောကြတဲ့ ၃၆-၂၄-၃၅ ဆိုတဲ့ သူမရဲ့အလှအပကို သေသေချာချာ မြင်ရမှာဖြစ်ပါတယ်။ သူရဲ့ခန္ဓာကိုယ်အလှအပအပြင် သူ့ရဲ့သရုပ်ဆောင်မှုတွေကြောင့်လဲ ဝေဖန်ရေးဆရာတို့ရဲ့ ချီးကျူးခြင်းကို ခံခဲ့ရပါတယ်။ "သရုပ်ဆောင်တယ်ဆိုတာ စကားလုံးတွေနဲ့တင်မဟုတ်ဘဲ တစ်ကိုယ်လုံးအသုံးချပြီး အမူအရာလုပ်တာပါ" ဆိုတဲ့ သူမရဲ့စကားအတိုင်းပဲ ဒီဇာတ်ကားမှာ စကားပြောနည်းနည်းနဲ့ သူမရဲ့တစ်ကိုယ်လုံးကို အသုံးချသရုပ်ဆောင်သွားပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၀ ခုနှစ်ရဲ့ အော်စကာတန်းဝင်ဇာတ်ကားလဲဖြစ်တာကြောင့် ဘယ်လိုမှ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း လက်တို့လိုက်ပါတယ်။ Uncut Version နဲ့တင်ထားတာမို့ မိသားစုနဲ့တော့မကြည့်သင့်တဲ့ဇာတ်ကားပါ။ (ဘာသာပြန်သူနဲ့ အညွှန်းရေးထားသူကတော့ Nyi Nyi Kyaw Myint ဖြစ်ပါတယ်။) File size…(2.4 GB) and (1.1 GB) Quality….BluRay 1080p and 720p (HEVC Encode) Format…mkv/mp4 Duration….01:49:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Nyi Nyi Kyaw Myint

Animation • Drama • Family
7.4 2000 109 mins
[18+] Malena
Mortal Engines
6.2

Mortal engines ဗြိတိသျှစာရေးဆရာ ဖီးလစ်ရိဖ့်ရဲ့ "Mortal engines"ကမ္ဘာသစ်ကနေ ကြိုဆိုပါတယ် "Mortal engines"ဆိုတဲ့ စာအုပ်ဟာ ၂၀၀၁ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး အောင်မြင်ခဲ့တဲ့အတွက် ၄အုပ်တိတိ ထွက်ရှိခဲ့ပါတယ် ပထမဆုံးအနေနဲ့ ၂၀၁၈ခုနှစ်မှာ စာအုပ်ကို အခြေခံပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တာပါ ဒီဇာတ်လမ်းကို ဆန်းသစ်တဲ့အတွေးအခေါ် အိုင်ဒီယာတွေနဲ့ ဇာတ်အိမ်ဖွဲ့စည်းတည်ဆောက်ထားပြီး ကမ္ဘာပျက်သွားပြီးတဲ့နောက် လူတွေရဲ့ နေထိုင်ရှင်သန်မှုတွေကို အတွေးစိတ်ကူးကောင်းကောင်းနဲ့ ပရိသတ်ကို တင်ပြထားပါတယ် ၂၁ရာစုကို သိပ္ပံပညာရပ်အထွန်းကားဆုံး ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး အချိန်ကာလအဖြစ် ညွှန်းဆိုထားခဲ့ပြီး အဆုံးစွန်ထိစွမ်းအားကြီးတဲ့ အဖျက်လက်နက်များကို တီထွင်နိုင်ခဲ့ပြီးတဲ့အခါမှာတော့ မိနစ်၆၀ အတွင်းမှာတင် ကမ္ဘာကြီးဟာ အစိတ်အမွှာမွှာဖြစ်သွားခဲ့ရပါတယ် ဇာတ်ကားထဲက အချိန်ကာလမှာတော့ ၂၁ရာစုကလူတွေကို ရှေးဟောင်းလူသားတွေလို့ ပြောဆိုသုံးနှုန်းကြပြီး ပေါင်မုန့်မီးကင်စက်လေးတစ်လုံးဟာ ပြတိုက်ထဲမှာ အမြတ်တနိုး ထားရမယ့် ရှေးဟောင်းပစ္စည်းတစ်ခုဖြစ်လို့နေပါတယ် မိနစ် ၆၀စစ်ပွဲကြောင့်သာ ကမ္ဘာကြီးဒီလိုဖြစ်ပျက်နေတယ်လို့ နားလည်ကြပြီး ၂၁ရာစု(ရှေးခေတ်)နည်းပညာတွေကို အာသာငမ်းငမ်းပြန်လည်လိုချင်နေကြတဲ့ လူသားတွေအဖြစ် သရုပ်ဖော်ထားပါတယ် ပရိသတ်အခိုင်အမာရရှိထားတဲ့ ရုံတင်ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဒီကားကို အထူးညွှန်းဆိုစရာမလိုအပ်ဘူးလို့ ထင်ပါတယ်... File Size : (2 GB) , ( 1 GB), ( 444 MB) Quality : BluRay 1080p 5.1 CH , BluRay 720p , BluRay 480p Running Time :2hr 08 min Format : Mp4 Genre : Action , Adventure , Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by Mg King & Aye Mon Kyaw Encoded by Moe Myint Lwin

Comedy
6.2 2018 129 mins
Mortal Engines
Invalid
7.7

ပြတိုက်ထဲက သေနတ်ပစ်ခတ်မှုရဲ့ နောက်ကွယ်က ဇာတ်ကြောင်းက ဘာဖြစ်မလဲ… ထူးထူးခြားခြား ဆလိုဗက်ကီးယားကားတစ်ကားဖြစ်တဲ့ Invalid ဆိုတဲ့ကားကတော့ Drama, Comedy အမျိုးအစားကားတစ်ကားပဲ ဖြစ်ပါတယ်။ ဟုန်းဒဲရာ့လာ့စ်ကိုးဆိုတာက စက်တွေပြင်ဆင်တဲ့နေရာမှာ ကျွမ်းကျင်ပညာရှင်ပဲ။ ဒါပေမဲ့ သူက ဒေါသအရမ်းကြီးတဲ့သူ။ သူ့ဒေါသကြောင့်ပဲ သူ့သားကို အိမ်ပေါ်က နှင်ချမိလိုက်သလို သူ့မိန်းမကလဲ အိမ်ပေါ်က ဆင်းသွားခဲ့တယ်။ နောက်တော့ သူ နောင်တရပြီး သူ့သားဖြစ်သူကို ပြန်ချော့ဖို့ ဓာတ်စက်ဝယ်တာကနေ ဇာတ်လမ်းကစတယ်။ ဓာတ်စက်ကြော်ငြာဆီမှာ အလိမ်ခံလိုက်ရတဲ့အပြင် ပိုက်ဆံတွေပါ ဓားပြတိုက်ခံရပြီး ဒုက္ခိတပါ ဖြစ်သွားခဲ့တဲ့ လာ့စ်ကိုးက ဘယ်လိုလက်စားပြန်ချေမလဲ။ လာ့စ်ကိုးကို ကယ်တင်ပေးခဲ့တဲ့ ဂါဘိုရဲ့ မိတ်ဆွေကောင်းပီသမှုတွေကိုလဲ ထင်ထင်ရှားရှားတွေ့မြင်ရမဲ့ ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

7.7 2023
Invalid
Die Tomorrow
7.1

Die Tomorrow (2017) အကယ်၍များ မနက်ဖြန်မှာ သေဆုံးရမယ်ဆိုရင် နောက်ဆုံးအနေနဲ့ အလုပ်ချင်ဆုံးအရာက ဘာများဖြစ်မလဲ။ လူတိုင်းဆီမှာ မသေခင် လုပ်သွားချင်တဲ့ အရာလေးတစ်ခုတော့ ရှိစမြဲပါပဲ။ မွေးဖွားပြီးရင် သေဆုံးရမယ်ဆိုတာကို လက်သင့်ခံနိုင်ကြပြီးသား လူသားတွေက သေဖို့ကို မကြောက်ကြပါဘဲ မသေခင် လုပ်သွားချင်တဲ့ အရာလေးတွေ မပြီးမြောက်သွားမှာကိုသာ စိုးရိမ်တတ်ကြတာပါ။ ဒီအကြောင်းအရာတွေကပဲ Indie ဇာတ်လမ်းတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ ထိုင်းနာမည်ကြီး ဒါရိုက်တာ၊ Heart Attack, Mary Is Happy , Mary Is Happy နဲ့ Happy Old Year စတဲ့ နာမည်ကြီး ဇာတ်လမ်းတွေရဲ့ ပဲ့ကိုင်ရှင် Nawaphon Thamrongrattanarit အတွက် ဖန်တီးချင်စရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်လာတော့တာပါ။ Die Tomorrow က ဇာတ်လမ်းတိုတွေကို စုစည်းထားတဲ့ ဇာတ်ကားတစ်ပုဒ်လို …၊ သေခြင်းတရားအကြောင်းတွေကို တင်ဆက်နေတဲ့ မှတ်တမ်းရုပ်ရှင်တစ်ကားလို….၊ မဆက်စပ်ဘူးဆိုပေမယ့် နီးစပ်နေတဲ့ အကြောင်းအရာတစ်ခုလို…၊ မခံစားတတ်ရင် အီလည်လည်ဖြစ်နေမှာပေမယ့် ခံစားတတ်သူတွေကျပြန်တော့လည်း ရင်ထဲနင့်ခနဲနေအောင်ကို ခံစားရစေပြန်ပါတယ်။ လူတွေက သေသွားတဲ့သူတွေကိုတော့ စိတ်မဝင်စားတတ်ကြပေမယ့် မသေခင် သူတို့ ဘာလုပ်သွားကြသလဲဆိုတာကိုတော့ သိချင်တတ်ကြပါတယ်။ လက်စွမ်းထက်တဲ့သူက ရိုက်ထားတဲ့ ဇာတ်ကားလည်းဖြစ်သလို IMDb Rating 7.1 တောင် ရထားတဲ့ဇာတ်ကားမို့ အနည်းနဲ့အများတော့ စိတ်ကျေနပ်မှု ရစေမှာတော့ အသေအချာပါပဲ။ မိုးရာသီမှာ စောင်ပုံလေးထဲကွေးပြီး chill နိုင်ဖို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 629MB | 291MB Format… mp4 Duration…. 1h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

7.1 2017 75 mins
Die Tomorrow
Rush
8.1

Romance လည်းကြည့်ချင်တယ် Sports ကလည်း ပါချင်သေးတယ် Actionလည်း ကြည့်ချင်တာဆိုရင်တော့ တစ်ကားတည်းနဲ့ ရသမျိုးစုံခံစားရစေမဲ့ မင်းသားကြီး Chris Hemsworth ရဲ့ ဒီmovie‌‌ လေးကို recommend‌ ပေးပါရစေ။ ဒီကားကိုတော့ အားကစားကိုစိတ်ဝင်စားတဲ့သူတွေ ကားပြိုင်ပွဲတွေကြည့်ရတာ စိတ်ဝင်စားတဲ့သူတွေနဲ့ ကားတွေအကြောင်းစိတ်ဝင်စားတဲ့သူတွေ ကြည့်သင့်ပါတယ် ပြီးတော့ ဒီရုပ်ရှင်လေးက တကယ့်ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ရိုက်ကူးထားတာဖြစ်လို့ အစကနေအဆုံးထိ လုံးဝ မပျင်းရအောင် ဆွဲဆောင်သွားမှာအာမခံပါတယ်။ အဲ့တော့ ဇာတ်ကောင်တွေအကြောင်းကို နည်းနည်းလောက် အကျဉ်းချုံးလေး ပြောပြချင်ပါတယ် အဓိက ဇာတ်ကောင်တွေအနေနဲ့ကတော့ James Huntနဲ့ Niki Lauderဆိုတဲ့ ပြိုင်ကားသမားနှစ်ယောက်ကြားက ယှဉ်ပြိုင်မှုတွေ သူတို့ရဲ့ ဘဝစိတ်နေစိတ်ထားတွေကို ပြသထားပါတယ်။ သူတို့ကပြိုင်ဘက်‌တွေဖြစ်ပေမယ့် သဘောထားကတော့ အတော်လေးကွာခြားတယ်လို့ပြောလို့ရပါတယ် Jamesက ဆံပင်ရှည်ရှည် ခန္ဓာကိုယ်ကခပ်မိုက်မိုက်နဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပေါ့၊ ဘဝကိုပျော်ပျော်နေတတ်ပြီး စည်းတွေကမ်းတွေနဲ့ဆို မနေတတ်တဲ့သူ၊ တစ်ခုခုဆို တဇွတ်ထိုးလုပ်တဲ့သူ၊ နိုင်ဖို့စိတ်အားထက်သန်ပြီး အနိုင်ရဖို့ အသက်ကိုတောင် လောင်းကြေးထပ်ရဲတဲ့သူ။ Nikiကတော့ ပုံရိုးပြီး စတိုင်လည်း သိပ်မထုတ်တတ်တဲ့သူ၊ ဘဝကို တသမတ်တည်းနေတတ်ပြီး တစ်ခုခုဆို စဉ်းစားချင့်ချိန်တွက်ချက်ပြီးမှ လုပ်တဲ့သူ။ အဲ့လိုမျိုး ဘဝခံယူချက်သဘောထားတွေ မတူကြပေမယ့် ကားပြိုင်ပွဲမှာတော့ သူတို့ရဲ့လယ်ဗယ်ကလာတူနေတဲ့အခါ ပြိုင်ပွဲတိုင်းမှာ အကြိတ်အနယ်ဖြစ်နေပြီး ထိပ်တိုက်တွေ့ရတဲ့အခါမှာ သူတို့တွေအဆင်ပြေကြပါ့မလား လူတွေယူဆထားတဲ့အတိုင်း သူတို့ကတကယ်ပဲ ရန်သူတွေလား? ကားပြိုင်ပွဲတွေရဲ့ထုံးစံအတိုင်း အသက်ကိုပါလောင်းကြေးထပ်ပြီး ပြိုင်ရတာဖြစ်တဲ့အတွက် သူတို့တွေ ဘေးကင်းကြပါ့မလား နောက်ဆုံးမှာ ဘယ်သူကအောင်နိုင်သူလဲ ဘယ်သူကအရှုံးသမားလဲ ဘယ်သူ့အယူအဆကမှန်ပြီး ဘယ်သူကမှားနေခဲ့တာလဲ စသဖြင့် drama၊ အဓိက‌ဇာတ်ကောင်နှစ်ယောက်က ပြိုင်ကားသမားတွေဖြစ်လို့ သူတို့ယှဉ်ပြိုင်တဲ့ ကားပြိုင်ပွဲတွေ အတွေ့အကြုံတွေကို ပီပီပြင်ပြင် ရိုက်ကူးထားလို့ action, sports စသဖြင့် genreအမျိုးအစားစုံလင်စွာနဲ့ သည်းထိတ်ရင်ဖို စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:03:00 Genre…Action, Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phoo Myat Thwe

8.1 2013 123 mins
Rush
La Chimera
7.3

1980ခုနှစ်က Etruscan ရှေးဟောင်းပစ္စည်းရှာဖွေတာတွေပေါ် ဇာတ်အိမ်တည်ထားပြီး IMDB 7.3/10 နဲ့ ဆု 8ဆု ရထားတဲ့ အီတလီရုပ်ရှင်ဖြစ်ပါတယ်။ Critic review ကောင်းတွေပါ ရထားပြီး ကြည့်ရသူတွေလည်း ရသတစ်ခုခုခံစားရမှာသေချာပါတယ်။ လူတိုင်းမှာ ကိုယ့်ရဲ့ Chimera ရှိပါတယ်-ကိုယ်ရယူဖို့ ကြိုးစားနေပေမယ့် လုံးဝမတွေ့နိုင်တဲ့အရာကို ဆိုလိုတာပါ။ စိတ်ကူးယဉ်အိပ်မက်၊ ပုံရိပ်ယောင်ဆိုပြီးလည်း ဘာသာပြန်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ ထောင်ကလွတ်လာတဲ့ ရှေးဟောင်းသုတေသနပညာရှင် အင်္ဂလိပ်လူမျိုး အာသာဟာ တရားမဝင် အုတ်ဂူခိုးတူးတဲ့သူတွေနဲ့ပေါင်းပြီး သေသူတွေရဲ့ ရှေးဟောင်းပစ္စည်းတွေကို ရောင်းစားပါတယ်။ အာသာအဖို့ ရှေးဟောင်းပစ္စည်းတွေက အဓိကမဟုတ်ပါဘူး။ သူ့အတွက် Chimera က သူ့ရဲ့ကွယ်လွန်သွားတဲ့ ချစ်သူဖြစ်ပါတယ်။ သူချစ်သူနဲ့ တွေ့ရဖို့ ဒဏ္ဍာရီထဲကအတိုင်း တမလွန်ဆီ တံခါးပေါက်ကို အုတ်ဂူတွေတူးရင်း ရှာနေတာပါ။ လူသေနဲ့သက်ရှိတွေကြားက စွန့်စားခန်းခရီးမှာ အာသာတို့ တူးဖော်ခဲ့တဲ့ အုတ်ဂူပိုင်ရှင်တွေကလည်း သူ့ကိုခြောက်လှန့်နေပါတယ်။ တရားမဝင်အလုပ်ဖြစ်တဲ့အတွက် ကြားထဲမှာ ခေါင်းပုံဖြတ်ခံရတာတွေ လက်တစ်လုံးခြားလုပ်သွားတာတွေလည်း စုံ‌နေတာပါပဲ။ သင်္ချိုင်းပစ္စည်းတူးတဲ့သူတွေအတွက် Chimera က အလုပ်မကြိုးစားဘဲ ‌လွယ်လွယ်နဲ့ချမ်းသာဖို့အိပ်မက်ဆိုရင် အာသာအတွက်ကတော့ သူ့ချစ်သူဖြစ်ပါတယ်။ သူတို့ကိုယ်စီရဲ့ Chimera ကို ရှာတွေ့သွားလားဆိုတာ ဆက်လက်ရှုစားလိုက်ပါနော်။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:10:00 Genre…Adventure, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shune Lai KK

Romance • Drama • Western
7.3 2023
La Chimera
A Hipster in Rural Spain

ဒီနှစ်​မှ​အသစ်ထွက်​ရှိလာတဲ့ စပိန်​စကားပြော​ရုပ်ရှင်​လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း​အမျိုး​အစား​က Romance​/Comedy​ အမျိုး​အစား​ဖြစ်ပြီး ပေါပေါ့ပါးပါး ကြည်ရှုလို့ရမဲ့ ဟာသ​ဇာတ်ကား​လေးဖြစ်ပါတယ်။ ဇာတ်ကား​နာမည်​ရဲ့အဓိပ္ပာယ်က စပိန် ကျေးလက်​ဒေသ​ရောက်​ Hipster​ တစ်ယောက်လို့ အဓိပ္ပာယ်​ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ လီနာနဲ့ ကီကေးက အတူနေချစ်သူတွေဖြစ်ပြီး Progressive နိုင်ငံ​ရေး​ပါတီ​တစ်ခုမှာ ပါဝင်​လှုပ်ရှား​နေကြတဲ့ Activist တွေဖြစ်ပါတယ်။ တစ်နေ့မှာ​ ကီကေးက စပိန်​ကျေးလက်​ဒေသ​ပြုပြင်​ပြောင်းလဲ​ရေးအစီအစဥ်အရ ဝေးလံခေါင်​သီတဲ့ လာကညာဒါ​လို့ခေါ်တဲ့တောမြို့လေးကိုစေလွှတ်ခံရပါတယ်။ တကယ်​တော့​ လီနာ​နဲ့သူ့အထက်လူကြီး ဂတ်စပါတို့နှစ်ယောက်တိုင်​ပင်ပြီး ကီကေး​ကိုကန်ထုတ်လိုက်တဲ့သဘောပါ။ မြို့​လေးကို​ရောက်​သွား​ချိန်​မှာတော့ လိင်​တူ​အခွင့်အရေး​​ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကျား​မတန်းတူရေး​နဲ့ တိရစ္ဆာန်​အခွင့်အရေး​တွေကို ပါးစပ်​ကမချတဲ့ မက်ဒရစ်မြို့သားကီကေး​နဲ့ ရှေး​အစဥ်အလာ​တွေကို ထိန်း​သိမ်းဖက်တွယ်ထားတဲ့ လာကညာဒါ​မြို့​သူမြို့သားတို့အကြား ပဋိပက္ခ​တွေဖြစ်ပေါ်လာပါတော့တယ်။ ရှေးရိုးစွဲ​မြို့​လေးကို ပြုပြင်​ပြောင်းလဲ​မယ်​ဆိုပြီး​ ကီကေး​တစ်ယောက်​ မြို့​တော်​ဝန်​ ဝင်အရွေးခံဖို့ကြိုးစားရာကနေ ဘာ​တွေ​ဆက်​ဖြစ်​မလဲ​ကြည့်​ရှုရမှာပါ။ ဇာတ်​အိမ်​က​ရိုး​ရှင်းပေမဲ့ ပေါ့​ပေါ့ပါး​ပါး​နဲ့ ကြည်နူး​စရာဇာတ်လမ်းလေးဖြစ်ပြီး စပိန်​နိုင်​ငံကျေးလက်မြို့လေးတစ်ခုမှာ တည်​ထားတာဖြစ်လို့ ဥရောပ​ကျေး​လက်​ရဲ့အငွေ့အသက်တွေကို တဝကြီးတွေ့မြင်ရမှာပါ။ ဥရောပ​ရုပ်ရှင်​နှစ်သက်​သူများ​ ကြည့်​ရှု​သင့်တဲ့​ဇာတ်ကား​လေး​ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

Animation • Action • Adventure
0 2024
A Hipster in Rural Spain
Broken Hearts Trip

Broken Hearts Trip (2023) Broken Hearts Trip ဖိလစ်ပိုင် LGBTQကားအသစ်‌ပါ။ LGBTကားကိုမှ နည်းနည်းဆန်းဆန်းပြားပြားဖြစ်သွားအောင် Variety Showလုပ်တဲ့ အကြောင်းကို ရုပ်ရှင်ပြန်ရိုက်ပြထားတာပါ။ သူတို့လုပ်တဲ့ရှိုးကတော့ အသည်းကွဲနေတဲ့ LGBTတွေ ခရီးထွက်ပြီး အသည်းကို ပြန်ကုစားမယ့် အကြောင်းပါ။ သိတဲ့အတိုင်း ဖိလစ်ပိုင်ဂေးတွေ ထိုင်းဂေးတွေက ရယ်ရတတ်တယ်ဆိုတော့ ဒီထဲက ဂေးတွေတော်တော်များများကလည်း ရယ်ရပါတယ်။ သက်ကြီးဂေး သက်ငယ်ဂေး ဆယ်လီဂေး ဂေးချော ဂေးတောင့် ဂေးဖြောင့် ထရန်ဂျန်ဒါတွေ စသဖြင့် အသည်းကွဲနေတဲ့ ဂေးပေါင်းစုံ စုနေတဲ့ကားပါပဲ။ ဒီရှိုးမှာ သူတို့ဟာ ပြိုင်ပွဲတွေကို ဝင်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးကျန်ခဲ့တဲ့တစ်ယောက်က ဆုငွေတစ်သန်းရမှာပါ။ သူတို့တွေထဲ တစ်ယောက်ကိုတစ်ယောက်ဖေးမကြတဲ့လူတွေရှိသလို တစ်ယောက်ကိုတစ်ယောက် တွန်းချကြတဲ့လူတွေလည်းရှိပါတယ်။ ဘယ်လိုလူတွေဟာ ဘယ်လိုပုံစံတွေနဲ့ ဒီအသည်းကွဲခရီးစဉ်ရှိုးမှာ ဝင်ပြိုင်ပြီး ဘယ်သူက နောက်ဆုံးအနိုင်ရသူဖြစ်မလဲဆိုတာကို ကြည့်ရမယ့် ဖိလစ်ပိုင်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ထဲက ရှိုးကို လေကြောင်းလိုင်းနဲ့ Tours ကုမ္ပဏီက စပွန်ဆာပေးထားတာမို့ ဖိလစ်ပိုင်ရဲ့ အလှဆုံးဆိုတဲ့နေရာတွေမှာချည်း သူတို့တွေ ခရီးသွားနေရမှာပါ။ ထူးတာက ပြိုင်ပွဲဖြစ်တာကြောင့် အပြိုင်အဆိုင်တွေလည်း ရှိပေမဲ့ သူတို့ရဲ့အသည်းကွဲနောက်ခံဇာတ်လမ်းတွေ သူတို့ရဲ့အသည်းကို ပြန်ကုစားခြင်းတွေဟာ နွေးတော့နွေးထွေးနေပါတယ်။ တစ်ကားလုံး LGBTQကို အသားပေးထားတဲ့ရုပ်ရှင်ဖြစ်သလို ဖိလစ်ပိုင်ရဲ့ အလှပဆုံး စိတ်လှုပ်ရှားဖို့အကောင်းဆုံးနေရာတွေမှာရိုက်ပြထားတာမို့ ဇာတ်လမ်းတော့ အရမ်းကြီးမကောင်းလှပေမဲ့ ဖိလစ်ပိုင်းကားတစ်ကားအနေနဲ့တော့ ကြည့်ရမဆိုးတဲ့ ရုပ်ရှင်ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

Thriller
0 2023
Broken Hearts Trip
Vaazhai
7.5

Vaazhai (2024)”လေဟုန်ခွင်းငှက်ငယ်” =============================== ဖြစ်ရပ်မှန်တွေအပေါ်မှာ အခြေခံရိုက်ကူးထားတဲ့ IMDb 8.5/10 ရ တမီလ် ကျေးလက် ကလေးရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ တမီလ်ရွာလေးတစ်ရွာမှာ ဇာတ်အိမ်တည်ထားပါ။ အဲဒီရွာက ကလေးတွေဟာ ကျောင်းပိတ်ရက်တွေမှာ အနားမရဘဲ ပိုက်ဆံရမယ့်အလုပ်တွေ လုပ်ကြရပါတယ်။ ပျောက်ဆုံးသွားသောနိဗ္ဗာန်ဘုံသီချင်းထဲကလို အရွယ်ရောက်လာရင်တောင် ပြန်တမ်းတစရာ ငယ်ဘဝနိဗ္ဗာန်ဘုံမရှိတဲ့ကလေးတွေပေါ့။ အဲဒီထဲမှာ စီဒါဗာနန်ဆိုတဲ့ ငှက်ပျောခိုင်ထမ်းရတဲ့ကောင်လေးလည်းပါပါတယ်။ ကျောင်းစာကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ နားချိန်ဆိုတာချိုနဲ့လားလို့ မေးနေရတဲ့ဘဝမှာ စီဒါဗာနန်ဆိုတဲ့ကောင်လေး အရွယ်နဲ့မမျှထဲဝန်တွေထမ်းရပုံတွေ၊ ပြောင်းလဲပစ်သင့်တဲ့ စနစ်တွေ၊ ကျေးလက်ရဲ့ အငွေ့အသက်တွေကို ဒီရုပ်ရှင်ထဲမှာ လှလှပပလေး ပုံဖော်ပြထားပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.5 2024 134 mins
Vaazhai
It’s What’s Inside

IMDb 6.6/10 ( Rotten Tomatoes -80%) 2024မှာအသစ်ထွက်ရှိထားတဲ့ဒီကားလေးကတော့ Horror/Sci-fi အမျိုးအစားပါ လူကြီးမင်းတို့ တစ်ခါတစ်ရံမှာ ”အခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပြီးနေဖူးကြည့်ချင်စိတ်ဖြစ်မိကြတတ်မှာပါ” ဒီဇာတ်ကားကတော့………. ကောလိပ်တုန်းက သူငယ်ချင်းတစ်သိုက် သူငယ်ချင်းဖြစ်သူရူဘင်ရဲ့မင်္ဂလာပွဲမရောက်ခင် လူပျ်ိုညကို ဂုဏ်ပြုပေးဖို့ ရူ့ဘင်အိမ်ကြိီးကိုရောက်လာခဲ့ကြတယ် တစ်ချိန်ထဲမှာပဲ ကျောင်းတုန်းကပြသနာတွေတက်ခဲ့ဖူးတဲ့သူငယ်ချင်းဉာဏ်ကြီးရှင်ဖို့ဘ်စ်ဟာ နှစ်တွေအကြာကြီးပျောက်ကွယ်နေခဲ့ပြီးမှ အဲ့ဒီညမှာ လက်ဆွဲသေတ္တာတစ်လုံးဆွဲလို့ ရူဘင့်အိမ်ကြီးကိုရောက်ချလာခဲ့တယ် အိုင်တီနည်းပညာရှင်​ဖြစ်နေပြီး ဂိမ်းအထူးအဆန်းတွေဆော့တတ်လေ့ရှိခဲ့တဲ့ ဖို့ဘ်စ်ဟာ ဒီညမှာလဲ သူတို့အတွက်အထူးဆန်းဆုံးဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါတော့တယ် အဲ့ဒါကတော့ ဘာဂိမ်းဖြစ်မလဲ….. အဲ့ဒီဂိမ်းကိုဆော့ပြီး ရူဘင်တို့တစ်သိုက်ဘာတွေဆက်ဖြစ်ကြမလဲ ဖို့ဘ်စ်ကရော ဘာရည်ရွယ်ချက်နဲ့ဒီဂိမ်းကိုဆော့စေခဲ့တာလဲ….. သူတို့ကြားကအရှုပ်အရှင်းတွေနဲ့ ဂိမ်းဆော့ရင်းမတော်တဆတစ်ခုဖြစ်သွားတဲ့အခါမှာ…..အခြေအနေက ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ ဆက်လက်ရှူစားကြည့်ကြပါအုံးနော် File size…(1.9 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Mystery, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si

0 2024
It’s What’s Inside
My Annoying Brother
8.3

My Annoying Brother (2024) ချိုးဖျက်မရတဲ့ နှောင်ကြိုး ================================= ၂၀၁၆ က နာမည်ကြီးခဲ့တဲ့ ” My Annoying Brother” ဆိုတဲ့ ကိုရီးယားကားလေးကို ကိုးကား ထားတဲ့ အင်ဒိုနီးရှားဒရမ်မာလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ နိုင်ငံအဆင့် ဂျူဒိုအားကစားသမားလေး ကမ်မယ်လ်ဟာ ပြိုင်ပွဲတစ်ခုမှာ ထိခိုက်မိပြီး မျက်စိအမြင်အာရုံ ဆုံးရှုံးခဲ့ရပါတယ်။ ငယ်စဉ်ကတည်းက မိဘတွေဆုံးပါးသွားတဲ့သူ့အဖို့ အားကိုးရာဆိုလို့ အစ်ကိုတစ်ယောက်ပဲ ရှိတာပါ။ အစ်ကိုကလည်း ထောင်ကျနေတာ ကြာပြီဖြစ်တဲ့အတွက် သူ့အဖို့ နေ့စဉ်ဘဝနေထိုင်မှုဟာ ခက်ခဲလာရပါတယ်။ အဲဒီအချိန်မှာပဲ သူ့အစ်ကို ဂျာယာက ကမ်မယ်လ်ကို အကြောင်းပြချက်အဖြစ်သုံးလို့ ခံဝန်လက်မှတ်ထိုးပြီး ထောင်ကလွတ်ငြိမ်းခွင့် ရလာပါတယ်။ အချိန်အတော်ကြာ အနေဝေးခဲ့ရတဲ့ ညီအစ်ကိုနှစ်ယောက်အဖို့ အတူပြန်တွေ့ရချိန်မှာ သိပ်အစေးမကပ်လှပါဘူး။ အဲဒီလိုနဲ့ပဲနှစ်ယောက်သား အလွဲလေးတွေကြုံရင်း၊ ရန်သတ်ရင်း နေ့ရက်တွေကို အတူဖြတ်သန်း နေထိုင်လာပါတယ်။ ညီအစ်ကို၊ မောင်နှမဆိုတာ မတည့်လည်းအတူနေရန်သတ်၊ မမြင်ရင်မနေနိုင် ချောင်းကြည့်ဆိုတဲ့ အတိုင်း သွေးကစကားပြောတာမို့ ကမ်မယ်လ်တို့ညီအစ်ကိုလည်း အတိတ်ကသူတို့ အဆင်ပြေခဲ့စဉ်ကာလတွေကိုအမှတ်ရလာပြီး လောကကြီးထဲ သူတို့နှစ်ဦးသာအားကိုးရာဆိုတာကို သိမြင်လာတဲ့အခါမှာတော့………… သူတို့နှစ်ဦး ဘယ်လိုလွဲချော် ရန်ဖြစ်နေကြလဲ၊ ဘယ်လိုပြန်အဆင်ပြေမလဲ၊ ကမ်မယ်လ်ရဲ့အမြင်အာရုံကရော ရှေ့ဆက်ဘယ်လိုဖြစ်မလဲ၊ ဂျာယာကရော အရင်လိုဆိုးသွမ်းမိုက်မဲနေဆဲလား၊ ပြုပြင်ပြောင်းလဲလာမလားဆိုတာ သူတို့ရဲ့ ရင်ကိုထိခတ်စေတဲ့ ညီအစ်ကိုသံယောဇဉ်နဲ့အတူ ကြည့်ရှုအားပေး ခံစားကြည့်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ ToMo~Cym~KKKZ~STAR တို့ပဲဖြစ်ပါတယ်။

Drama • Thriller
8.3 2024 114 mins
My Annoying Brother
Metropolis
8.3

Metropolis (1927) ~ IMDb – 8.3/10, RT – 97%, Meta – 98% ~ Fritz Lang ရိုက်တဲ့ မက်ထရိုပိုလစ်ဟာ အသံတိတ်ရုပ်ရှင်ခေတ်ရဲ့ ဂန္ထဝင်အမြောက်ဆုံး Science Fiction ရုပ်ရှင်ဖြစ်ခဲ့တယ်။ အသံတိတ်ခေတ်ပဲလို့တော့ ပြောဖို့ခက်တယ်။ ဒီဘက်ခေတ်အထိလည်း မက်ထရိုပိုလစ်ကို Science Fiction လိုင်းရဲ့ ဘိုးအေကြီးလို့ ခံယူထားကြတုန်းပဲ။ Science Fiction လိုင်းရဲ့ မပြောမဖြစ်တဲ့ Blade Runner (1982) လိုကားမျိုးတောင် သူ့ဆီကပဲ မြစ်ဖျားခံလာခဲ့တယ်။ စတားဝါးတို့ မက်ထရစ်တို့လည်း မကင်းခဲ့ဘူး။ Fritz Lang ဟာ Genre မျိုးစုံမှာ ပိုင်အိုနီးယားလိုဖြစ်နေခဲ့သလို Nosferatu လို၊ The Cabinet of Dr. Caligari တို့လို ကားမျိုးတွေထွက်ခဲ့တဲ့ ဂျာမန်ရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင် ရုပ်ရှင်လောက အရည်အသွေးက ကြောက်ခမန်းလိလိပါပဲ။ ဂျာမန်ရုပ်ရှင်တွေရဲ့ ရွှေခေတ်ကလည်း ၁၉၁၈ကနေ ၁၉၃၃ကြားကာလဖြစ်ခဲ့တယ်။ မက်ထရိုပိုလစ်က Science Fiction ဘိုးအေကြီးပေမဲ့ ဇာတ်လမ်းပိုင်းမှာတော့ အရမ်းကြီးတော့ အားရစရာမကောင်းနေဘူး။ Visual ကတော့ ခမ်းနားပေမဲ့လို့ ဇာတ်လမ်းက ပေါ်လစီနည်းနည်းတော့ဆန်နေတယ်။ အဲဒီကာလက ဂျာမနီ KPD က ဥရောပမှာ အကြီးဆုံး ကွန်မြူနစ်ပါတီဖြစ်ခဲ့တယ်ဆိုတော့ ဒါက မဆန်းတာလည်းဖြစ်ချင်ဖြစ်မယ်။ ဆိုးရွားနေတာတော့မဟုတ်ပေမဲ့ Fritz Lang ရဲ့ ဇာတ်လမ်းတင်ဆက်နိုင်စွမ်းနဲ့ဆိုရင်တော့ ဒီအနေအထားက မဖြစ်သင့်တဲ့ အနေအထားလို့မြင်စရာရှိတယ်။ ဒါကြောင့်မို့လည်း မက်ထရိုပိုလစ်ဟာ ချီးကျူးခံရသလို ဝေဖန်ခံရတာတွေလည်းရှိခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မက်ထရိုပိုလစ်ဟာ Sci-Fi လိုင်းရဲ့ အခရာကျတဲ့ရုပ်ရှင်၊ ကမ္ဘာ့ရုပ်ရှင်သမိုင်းရဲ့ ဖယ်ထားလို့မရတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.2GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 2H 33Min Genre – Drama, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
8.3 1927 153 mins
Metropolis
The First Stab of The Datang
5.9

တရုတ်သမိုင်းရဲ့နာမည်ကြီးဧကရီ Wu Zhe Tian ကိုသိကြမယ်ထင်ပါတယ်။ ထန်ခေတ်ဧကရီဝူဇယ်ထျန်းကို ပုံစံတစ်မျိုးနဲ့ဖော်ပြထားတဲ့ သိုင်းကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ တထန်တိုင်းပြည်ကြီး တိုင်းရေးပြည်ရေးမတည်မငြိမ်ဖြစ်ပြီး အရှင်မဝူဇယ်ထျန်းက ဧကရီအမည်ခံအုပ်ချုပ်လိုက်တယ်။ ပြည်သူတွေကြားမှာ ကောလဟာလတစ်ခုပြန့်နေပါတယ် အမတ်ချုပ်ကြီးဟာထိုက်ကျုံးဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရ လျို့ဝှက်ကျမ်းစာကိုရေးခဲ့တယ်။ ဒီကျမ်းစာဟာရှေ့ဖြစ်ဟောစာဖြစ်ပြီး ဝူဇယ်ထျန်းကို ထိန်းချုပ်ဖို့နည်းလမ်းဖြစ်တဲ့အတွက် ဧကရီမကြီးက ဒီလျို့ဝှက်စာကိုမရရအောင် ထျန်းကျီးဂိုဏ်းကလူသတ်သမားတွေကို စေလွှတ်တဲ့အကြောင်းကို သိုင်းအက်ရှင်တွေဝေဝေဆာဆာနဲ့ရိုက်ကူးထားပြီး တိုက်ရေးခိုက်ရေးတွေကြားထဲက အစွန်းနှစ်ဘက်က လူ၂ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာလဲ စိတ်ဝင်တစားကြည့်ရမှာပါ….. ရက်စက်တဲ့ဧကရီနဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော်

Action • Crime • Thriller
5.9 2018
The First Stab of The Datang
Carlito’s Way
7.9

” ကျော်ပြီးသွားရင် ဘယ်တော့မှ ပြန်လှည့်လိုမရတော့တဲ့စည်းတစ်ခုရှိတယ်။ ကျော်လိုက်ပြီဆိုတာနဲ့ အဲဒီစည်းရဲ့အဆုံးမှာဘာပဲရှိနေရှိနေ သွားရတော့မယ်” ။ ကာလီတိုဘရီဂန်တေ (Al Pacino)ဟာ ထောင်ဒဏ် အနှစ် ၃၀ ကျခံထားရတာနေ သူငယ်ချင်းရှေ့နေဒေးဗစ်ခလိုင်းဖီး(Sean Penn)ကောင်းမှုနဲ့ ၅ နှစ်မြောက်မှာ အယူခံ၀င်ပြီး လွတ်လာခဲ့တယ်။ သူဟာ အရင်ကအလုပ်တွေကို ပြန်မလုပ်တော့ဘဲ သန့်သန့်ရှင်းရှင်းနေတော့မယ်လို ဆုံးဖြတ်ထားပြီးသား။ သူ့မှာအိပ်မက်တစ်ခုရှိတယ်။ ငွေ ၇ သောင်းခွဲသာရရင် အဲဒီအိပ်မက်ကိုအကောင်အထည်ဖော်နိုင်မှာမို့လို့ ‌ပြဿနာတွေကြားထဲ၀င်မပါဘဲ ကလပ်တစ်ခုကိုဦးစီးပြီး အေးဆေးနေဖို့လုပ်ထားပေမဲ့ သူမကျော်ချင်တဲ့စည်းကို မကျော်ဘဲ နေလို့ရပါ့မလား။ File size…(8.6 GB)/(1.7 GB)/(1 GB) Quality….BrRip 4K HEVC/1080p / 720p Format… mp4 Duration…. 02:24:00 Genre… Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su

Drama • Romance
7.9 1993 144 mins
Carlito’s Way