YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

One Piece - 1115 (1080p) {CM}.mp4

500.93 MB N/A video/mp4 178 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Killer Ambition
4.1

Killer Ambition ဆိုတဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဒရမ်မာကားတွေကြောင့် နာမည်ကြီးတဲ့ Lifetime Movie Clubကနေတင်ဆက်ပေးထားတဲ့ 2022ခုနှစ်ထွက် IMDB rating 4.1 ရရှိထားတဲ့ dramaဇာတ်ကားတစ်ကား​ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမျိုးသမီးတစ်ယောက် လှေဆိပ်မှာ သေဆုံးနေတာကနေ စဖွင့်ထားပါတယ်။ 15 နှစ်အကြာမှာတော့ သေဆုံးသွားတဲ့သူရဲ့သမီးဖြစ်သူဟာ အောင်မြင်တဲ့ ​ေကကေ်မျက်ရတနာကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် ရည်မှန်းချက်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ လျို့ဝှက်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်အသင်းကို ဝင်ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ သူ့ကိုတိုက်ခိုက်နေတာကဘယ်သူလဲ။ သူ့ရဲ့လုပ်ငန်းဒီဇိုင်းတွေကို ခိုးယူနေတာကရော ဘယ်သူလဲ။ သူ့အမေရဲ့လူသတ်တရားခံကရော ဘယ်သူလည်းဆိုတာ ရုပ်ရှင်ကားမှာ ဆက်လက်ရှု့စားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို plotပိုင်းနဲ့ သရုပ်ဆောင်အပိုင်းကို အရမ်းမျှော်လင့်ပြီးမကြည့်ကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် File size…(1.65GB)  / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

Fantasy • Romance
4.1 2022 85 mins
Killer Ambition
The Red Book Ritual
5.5

2022 ထွက် Horror ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကစားနည်းတစ်ခု ရှိပါတယ်။ သဘာဝလွန် ကစားနည်းပေါ့။ တစ်နည်းအားဖြင့်ပြောရရင် တမလွန်ဘုံသားများနဲ့ အတူဆော့ရမယ့် ကစားနည်းပါ။ ကစားနည်းက သိပ်မထူးဆန်းပါဘူး။ ဖယောင်းတိုင်လေး တစ်တိုင်ထွန်း။ ဘေးမှာ လူတွေဝိုင်းထိုင်။ မျက်နှာဖုံးအနီရောင်နဲ့ စာအုပ်တစ်အုပ်ရှာပြီး ကစားရုံပါပဲ။ အန်ကယ်ဆမ်တို့ဆီမှာ လူတိုင်းသိတဲ့ ကစားနည်းပေါ့။ ကျွန်တော်တို့ဆီဆိုရင် ဖျာလိပ်နတ်မေးကြသလိုပေါ့ဗျာ။ ကစားဖို့အတွက် သူတို့ဆင့်ခေါ်လိုက်တဲ့ ဝိညာဉ်ဟာ အဖော်အပေါင်းတွေနဲ့ သုံးယောက်ပူး ရောက်ချလာပါလေရော။ အိမ်ထဲမှာ ရှိနှင့်ပြီးသား စုန်းမတစ်ယောက်ကလည်း စာအုပ်ကနဆင့် အပြင်ထွက်နိုင်အောင် ကြိုးစားလာပါပြီ။ ဘာတွေကစားချင်လို့ ခေါ်လိုက်မှန်း မသိရပေမယ့် အခြေအနေက ခြောက်ခြားလာတဲ့အခါ ကစားပွဲက ထွက်ဖို့ ကြိုးစားရပါတော့တယ်။ ဒါပေမဲ့ အခက်သားလားဗျာ။ အစတည်းက စည်းကမ်းရှိပြီးသား။ သူတို့ သုံးထားတဲ့ သွေးနီစာအုပ်ရဲ့ ခွင့်ပြုချက်ရမှ ဒီကစားပွဲက ထွက်ရမယ်ဆိုတော့။ အင်း ... ဇာတ်ကားကိုသာ ကြည့်လိုက်ပါတော့ဗျို့။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(1.1GB) / (600MB) Quality__WEB-DL_1080p, 720p IMDb Rating__4/10 Format__mp4 Duration__01:24:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt

5.5 2022 83 mins
The Red Book Ritual
Just Say Yes
4.5

Just Say Yes (2022) =============== လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်) File Size……….(1.85 GB) / (753 MB) / (461 MB) Quality…………WEB-DL 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.5 2022 97 mins
Just Say Yes
The Red Dress
4.7

The Red Dress (2015) =============== ဇာတ်လမ်းနာမည်အတိုင်း အနီရောင်၀တ်စုံတစ်စုံနဲ့ မီးပွားစတင်ခဲ့တဲ့ ဇာတ်လမ်းလို့ ဆိုရမယ်ထင်ပါတယ်။ Drama Thriller ဖြစ်ပြီး ကြည့် ရင်းကြည့်ရင်း ဒီလိုထင်ထားပေမဲ့ ဟိုလိုဖြစ်သွားမလား ဒီလိုဖြစ်နေမလား ဒွိဟတွေပွားရင်း အဆုံးထိဆွဲခေါ်သွားမယ့် ကားမျိုးပါ။ ပတ်ထရစ်ရှာနဲ့ရိန်နာတို့ဟာ အများအမြင်မှာ အစစအရာရာပြည့်စုံနေတဲ့ ဇနီးမောင်နှံပေါ့။ တစ်နေ့မှာတော့ အိမ်မီးလောင်ပြီး ကလေးဆုံးသွားတာ ကစလို့ သူတို့ဘ၀ထဲ ဂြိုလ်ဆိုးကစမွှေပါတော့တယ်။ ကလေးဆုံးပြီးတဲ့ နောက်မှာ ပတ်ထရစ်ရှာတစ်ယောက် စိတ်ဓာတ်တွေအကျကြီးကျသွားခဲ့ သလို လင်မယားဆက်ဆံရေးလည်း ဝေးကွာလာခဲ့ပါတယ်။ အဲဒီဒဏ်ရာ တွေကို ကုစားဖို့အတွက် ရိန်နာနဲ့ပတ်ထရစ်ရှာဟာ လန်ဒန်မြို့ကြီးနဲ့ဝေးရာ၊ လှပတဲ့ မော်လ်တာကျွန်းဆီ ခေတ္တပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။ အစပိုင်းမှာ ပတ်ထရစ်ရှာတို့လင်မယား ပြန်ပြေလည်သလိုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတိတ်ကအရိပ်တွေ ပြန်ပေါ်လာပြီး နှစ်ဦးသားရဲ့ကြည်နူးမှုဟာ ကြာရှည်မခံလိုက်ပါဘူး။ နောက်ပိုင်းမှာ ရိန်နာ၊ ပတ်ထရစ်ရှာ၊ ရိန်နာရဲ့ အခင်ဆုံးသူငယ်ချင်းဂျိမ်းစ်နဲ့ ရုံးစာရေးမလေး ကန်းဒစ်တို့ရဲ့‌ဖောက်ပြန်ရေး ဇာတ်ထုပ်တွေ၊ သံသယ၀င်စရာမီးလောင်မှုနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေ အားလုံး ရောသောရှုပ်ထွေးလာပါတယ်။ ဒီလိုနဲ့ အနီရောင်၀တ်စုံတစ်စုံက စတင်ပြီး ကြောက်စရာကောင်းတဲ့ စိတ်ရဲ့ဖောက်ပြန်ပြောင်းလဲမှု‌က အေးချမ်း နေတဲ့ဘ၀တွေကို ဘယ်လိုဒုက္ခပေးသွားမလဲ၊ ဇာတ်လမ်းကို ဘယ်လိုဆွဲခေါ် သွားမလဲဆိုတာ ကြည့်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.8 GB) / (720 MB) / (415 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….C’mon Encoder……….SWM

Action • Adventure • Comedy
4.7 2015 90 mins
The Red Dress
Afflicted
6.2

ဒဲရစ်ခ် နဲ့ ကလစ်ဖ် တို့က ကမ္ဘာတစ်ပတ်ခရီးထွက်လာကြသူတွေပါ။ ခရီးထွက်လာရင်းနဲ့ ပဲရစ်ရောက်လာပြီးတဲ့အချိန် ညတစ်ညမှာ ဒဲရစ်ခ် က ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီးတဲ့နောက် သူကိုယ်တိုင်တောင်မမှတ်မိတဲ့ ထိခိုက်ဒဏ်ရာတွေရလာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ဒဲရစ်ခ်မှာ ထူးဆန်းတဲ့ဝေဒနာတွေခံစားလာရသလို ထူးခြားတဲ့သဘာဝလွန်အစွမ်းတွေပါရလာခဲ့ပါတယ်။ ဒဲရစ်ခ်ရဲ့သဘာဝလွန်အစွမ်းတွေက လူတွေရဲ့အသက်အန္တရာယ်ကိုပါထိခိုက်လာတဲ့အခါမှာ ဒဲရစ်ခ်တို့တွေဘယ်လိုအဖြေရှာကြမလဲဆိုတာကို ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုခံစားနိုင်ပါတယ်။ File size… 1.62 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Horror, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Citrus

6.2 2013
Afflicted
Bhari Taraganam
7.5

Bhari Taraganam (2023) “လောကဇာတ်ခုံ” IMDb – 7.5/10 ဇာတ်အိမ်ကြီးကြီးနဲ့ ဖန်တီးရိုက်ကူးထားတဲ့ တလေဂူးလ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ မတူညီတဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကြောင်းအသီးသီးကို ချပြရင်းနဲ့ ဇာတ်ကောင်တွေ အချင်းချင်းကိုချိတ်ဆက်ပေးထားတဲ့ ဇာတ်လမ်းမျိုးပေါ့။ မင်းသမီးက လူ့ဂျစ်ကန် တစ်ရွာလုံးရဲ့ချဉ်ဖတ် အပေအတေလေး။ သူ့ကြောင့် အဖေလုပ်သူ ပြောခံ ဝိုင်းရိုက်ခံရတာလည်း ခဏခဏ။ မင်းသားကကျ မိန်းကလေးတစ်ယောက်ကို မြင်မြင်ချင်း ချစ်တာမျိုးမဟုတ်။ မြင်မြင်ချင်းမုန်းတာတဲ့။ အဲဒီအမုန်းကနေမှ တစိမ့်စိမ့်နဲ့ချစ်လာတတ်တဲ့ ရှားပါးလူစားပေါ့လေ။ ဒါပေမဲ့ အသဲကွဲလို့ မြို့ကနေပြန်လာတဲ့အချိန် မိဘတွေပေးစားတဲ့ ရွာ့ချဉ်ဖတ် မင်းသမီးလေးနဲ့ယူဖို့ စီစဉ်တာကစလို့ တခြားဇာတ်ကောင်တွေနဲ့ အဆက်အစပ်မိမိ ချိတ်ဆက်သွားတာကို ခံစားကြည့်ရှုကြပါဦးဗျ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

Action • Thriller • Drama
7.5 2023
Bhari Taraganam
The Foul King
6.9

The Foul King ( 2000 ) IMDb: 6.9/10 Genre: Comedy/Sport I Saw the Devil, A Bittersweet Life , The Good, the Bad, the Weird တို့ရဲ့ ဒါရိုက်တာKim Jee-woonကိုတော့ မသိတဲ့လူမရှိလောက်ပါဘူး။ ကိုရီးယားရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်သလို ပွဲဦးထွက်ကတည်းက ကိုရီးယားရဲ့ ထိပ်ဆုံးမင်းသားတွေဖြစ်တဲ့ ချွဲမင်ဆစ် , ဆောင်းကန်ဟို, လီဗြောင်ဟွန်းတို့လို လူတွေနဲ့ပဲ ဆက်တိုက်ရိုက်နိုင်ခဲ့တဲ့ ဒါရိုက်တာပါပဲ။ ချွဲမင်ဆစ် ,ဆောင်းကန်ဟိုတို့နဲ့ The Quiet Familyကို ပွဲဦးထွက်အနေနဲ့ ရိုက်ခဲ့ပြီး ဒုတိယကားအနေနဲ့ The Foul Kingကို ဆောင်းကန်ဟိုနဲ့ ရိုက်ခဲ့တယ်။ နောက် A Tale of Two Sisters, A Bittersweet Life, The Good, the Bad, the Weird , I Saw the Devil , The Age of Shadows, Illang: The Wolf Brigade, Cobwebစတဲ့ ရုပ်ရှင်တွေကို ရိုက်ခဲ့တယ်။ အကုန်လုံး ဘောင်ဝင်တန်းဝင်ကားတွေချည်းပါပဲ။ ထုံးစံအတိုင်း ဟောလိဝုဒ်က သူ့ကိုခေါ်ရိုက်ခိုင်းထားတဲ့ အားနိုးကား The Last Stand (2013)တစ်ခုပဲ သိပ်မစွံလှတာပါ။ တစ်ချက်ရှိတာက ပွဲဦးထွက်၂ကားကိုကြည့်ရင် ကင်ဂျီးဝန်ဟာ Black Comedy အားသန်တဲ့ Black Comedyကို အသားပေးရိုက်ပြချင်တဲ့ ဒါရိုက်တာဆိုတာ မြင်သာနေပေမဲ့ Cobwebမတိုင်ခင် နောက်ပိုင်းကားတွေအကုန်လုံးမှာ သူဟာ Black Comedy မဆန်တော့ပါဘူး။ ကောင်းပေမဲ့ Mainstreamရုပ်ရှင်ဆန်ဆန်ကားတွေပဲဖြစ်သွားပါတယ်။ ပွဲဦးထွက်နှစ်ကားနောက်ပိုင်း ကားတွေအကုန်လုံး ဒီလိုဖြစ်နေခဲ့ပေမဲ့ နောက်ဆုံးထွက်ခဲ့တဲ့ Cobwebမှာတော့ ကင်ဂျီးဝန်ဟာ Black Comedyလိုင်းဘက် ပြန်ရောက်သွားပါပြီ။ ဒါပေမဲ့ လုံးဝ Black Comedy ဘက် ပြန်ရောက်လာပြီလို့တော့ ပြောမရပြန်ပါဘူး။ နောက်ရိုက်မယ့်၂ကားလုံး Black Comedy ဖြစ်နိုင်ခြေမရှိသလောက်ဖြစ်နေလို့ပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ကင်ဂျီးဝန်ကို Black Comedyကားတွေပိုရိုက်စေချင်ပေမဲ့ နောက်၂ကားထိတော့ အလားအလာမရှိသေးဘူး။ ဒီနေရာမှာတစ်ခုရှိတာက လက်ရှိအရေအတွက်အရတော့ သူ့Black Comedyကားတွေထက် ကျန်တဲ့ကားအများစုက ဇာတ်လမ်းဇာတ်အိမ်ရော တင်ဆက်ပုံရောပိုကောင်းနေပါတယ်။ ပွဲဦးထွက်တွေမှာ ရိုက်ခဲ့သကိုး။ Cobwebမှာတော့ အဲဒီအားနည်းချက်တွေ မရှိသလောက်ဖြစ်သွားတယ်ပြောရမယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် ကင်ဂျီးဝန်းကို ကျွန်တော့်အနေနဲ့တော့ I Saw the Devilတို့လိုပုံစံမျိုးထက် Black Comedyကားတွေမှာ ပိုအရသာတွေ့ပါတယ်။ လက်ရှိအထင်ကရထိပ်တန်း ဒါရိုက်တာတွေထဲ ကင်ဂျီးဝန်းပုံစံဟာ အဲဒီကားတွေမှာတော့ လုံးဝကွဲထွက်နေလို့ မတူတဲ့အရသာတစ်မျိုးပေးနိုင်လို့ပါပဲ။ The Foul Kingကတော့ ရုံးမှာ အထက်လူကြီး အနိုင်ကျင့်ခံနေရတဲ့ ဘဏ်ဝန်ထမ်းတစ်ယောက်ကနေ မဆီမဆိုင် ပရိုနပန်းလောကထဲဝင်ပြီး နပန်းသမားဝင်လုပ်တဲ့အကြောင်းပါပဲ။ တော်တော်စားတဲ့ ဇာတ်ကြောင်းလို့ပြောရမယ်။ ဒီလိုစားတဲ့ ဇာတ်ကြောင်းကို ကင်ဂျီးဝန်က Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေနဲ့ အသက်သွင်းထားတာကို ဒီရုပ်ရှင်မှာ ကျွန်တော်တို့မြင်ရမှာပါ။ မင်းသားက ဆောင်းကန်ဟိုဆိုတော့ ဇာတ်ကောင်နဲ့လည်းတော်တော်လေးပနံသင့်တော့ အတိုင်းအတာတစ်ခုအထိတော့ ပြည့်စုံတဲ့ ရုပ်ရှင်ပါပဲ။ တစ်ခုရှိတာက ဇာတ်အိမ်က အရမ်းကြီးတော့ အားရစရာမကောင်းနေတဲ့အတွက် ဒီရုပ်ရှင်ဟာ Black Comedyဆန်ဆန် ဇာတ်ဝင်ခန်းတွေကို အရသာခံကြည့်ရတာကြိုက်တဲ့လူတွေအတွက်လိုဖြစ်နေပါလိမ့်မယ်။ I Saw the Devilတို့လိုပုံစံမျိုး သွားမမျှော်လင့်မိဖို့တော့ လိုပါလိမ့်မယ်။ File size… 2.6 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Comedy/Sport Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

6.9 2000 112 mins
The Foul King
Ratu Dansa

Ratu Dansa (2022) ငယ်ရွယ်နုပျိုတဲ့တက္ကသိုလ်ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဟန်နာနဲ့ အတိတ်ကနေ အနာဂတ်ကိုရောက်လာတဲ့ ဟန်နာရဲ့မေမေ ဟီရာတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား အချိန်ခရီးသွားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဟန်နာဟာ အနုပညာအလုပ်မှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေရှိထားသူဖြစ်ပြီး အဖေတစ်ယောက်တည်းရဲ့အုပ်ထိန်းမှုအောက်မှာ အလိုမကျမှုများစွာနဲ့ ကြီးပြင်းလာရသူဖြစ်ပါတယ်။ အတိတ်က ဟီရာကလည်း အဆင်မပြေတဲ့မိသားစုဘဝမှာ နေထိုင်ရတဲ့အတွက် သူ့ဘဝအပေါ် စိတ်မကျေနပ်ချက်များရှိနေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဟီရာဟာ သူ့အမေဖြစ်သူကို အဖေကရိုက်နှက်ခဲ့ပြီး အိမ်ကနေ ထွက်သွားလိုက်တဲ့အတွက် မိခင်နဲ့အတူကျန်နေခဲ့ရတဲ့ သူ့ရဲ့မိသားစုဘဝအခြေအနေကို စိတ်ကုန်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ဟီရာဟာ အနာဂတ်မှာ သူ့သမီးဖြစ်တဲ့ဟန်နာဆီကို ရောက်ရှိသွားပါတယ်။ အသက်အရွယ်တူညီကြတဲ့သူတို့နှစ်ယောက်ဟာ ခေတ်ကာလကွာခြားချက်အရ နားမလည်မှုတွေကို အချင်းချင်းလေ့လာကြရင်း သူတို့ရဲ့အနာဂတ်အတွက် အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်။ ဟီရာဟာ သူ့ကို မိခင်မှန်းသိနေတဲ့ ဟန်နာကို သူ့အပေါ် နားလည်အောင် ဟန်နာရဲ့ခံစားချက် အလိုမကျဖြစ်မှုတွေကို ဖြည့်ဆည်းနိုင်ပါ့မလား… မိခင်ရဲ့မေတ္တာကို ဟီရာကရော နားလည်ကာ သားအမိတွေ ပြေလည်သွားကြမလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 893MB | 428MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

Horror • Thriller
0 2022
Ratu Dansa
The Radleys
5.5

အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။ ဒီနေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင် ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီး ဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။ တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာ သာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင် နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာ တွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။ သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်း ဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီ တောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူ ဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါ လင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့ နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက် မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီး ဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာ အားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။ File size…1.46GB / 773MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 55m Genre ….. Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hazelle

5.5 2024 115 mins
The Radleys
Cloud Kuraudo
6.4

Cloud (2024) IMDb Rating (6.4) / Rotten Tomatoes (92%) Cloud (2024) သည် IMDB (6.4) နှင့် RT 92% ရရှိထားသော ဒစ်ဂျစ်တယ်နှင့် ရုပ်ပိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များ ပေါင်းစည်းထားသည့် စိတ်ဝင်စားဖွယ်ရာရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကမ္ဘာကြီးတွင် လူသားတို့၏အတွေ့အကြုံ အနာဂတ်သည် မည်သို့မည်ပုံ ဖြစ်လာနိုင်သည်ဟူသော ဆန်းကြယ်သော ရူပါရုံကို တင်ဆက်ထားသည့် အနာဂတ်ထင်ကြေးပေး ခန့်မှန်းချက်များကို ပုဂ္ဂိုလ်ရေးဆိုင်ရာ စူးစမ်းမှုတို့ဖြင့် ပေါင်းစပ်ထားသောကြောင့် နက်နဲသော ဒဿနရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ယိုရှီ ဆိုတဲ့ကောင်လေးဟာ သာမန်စက်ရုံကအလုပ်သမားတစ်ယောက်ပါ။ ပြီးတော့ အပြင်ကနေ ပစ္စည်းတွေကိုလျှော့ဈေးနဲ့ဝယ်ပြီး အွန်လိုင်းကနေပြန်ရောင်းတာလည်းလုပ်ပါတယ်။ ဒါပေမဲ့ နောက်ကျတော့ စွန့်ဦးစီးပွားရေးလုပ်ချင်စိတ်နဲ့ အလုပ်ကနေထွက်ပြီး အဲ့အွန်လိုင်းပစ္စည်း‌ရောင်းတဲ့ဘက်ကိုပဲ လှည့်လိုက်ပါတော့တယ်။ ရည်ရွယ်ချက်ကတော့ မျိုးမျိုးမြတ်မြတ်ရချင်တဲ့အတွက်ပဲဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ ဒီဇိုင်နာအိတ်အတုတွေကိုဝယ်မိပြီး အတုမှန်းမသိ အစစ်မှန်းမသိဘဲပြန်ရောင်းလိုက်မိပါတော့တယ်။ အဲ့ဒီနောက် ဝယ်သူတွေက ဒေါသပုန်ထလာတဲ့အချိန်မှာတော့ ယိုရှီတစ်ယောက် အသက်အန္တရာယ်ပါကြုံရလာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(3.5 GB) / (1.2 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Crime,Drama,Thriller Duration….02:04:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Khant Sett Naing

Drama
6.4 2024 124 mins
Cloud Kuraudo
Penelope
6.7

Penelope (2006) IMDb Rating (6.7) / Rotten Tomatoes (53%) ခေတ်တွေက ဘယ်လိုတိုးတက်လာပါစေ နည်းပညာတွေက ဘယ်လောက်မြင့်လာပါစေ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် အနုပညာအတွက်ဖြစ်ဖြစ် ဘယ်လောက်ပြောင်မြောက်တဲ့ ရုပ်ရှင်တွေ ထုတ်လာကြပါစေ ကျွန်တော်တို့အတိတ်က ရုပ်ရှင်တွေကိုတော့ ကျွန်တော်တို့ ဘယ်လိုပြစ်ချက်တွေရှိနေပါစေ ချစ်မိနေလောက်ဆဲပဲထင်တယ်။ Shark boy and Lava Girl ရုပ်ရှင်ကို ကျွန်တော်မုန်းမရသလိုမျိုးပေါ့။ ခံစားချက်နဲ့ယှဉ်လာရင် စံနှုန်းတွေရဲ့ အလုပ်မဖြစ်တဲ့ အပိုင်းတွေပဲ။ အဲဒီလိုရုပ်ရှင်တွေဆီ ရောက်ဖြစ်တိုင်း အတိအကျတော့မမှတ်မိပေမဲ့ ရမ်ဘိုကားကို ပိတ်ကားမှာ ကြည့်ခဲ့ရတဲ့အရသာက ဘာနဲ့မှမတူဘူး ဘာသာစကားတွေနဲ့ ဘာမှမဆိုင်ဘူးကွာ ဆိုတဲ့ ဦးလှိုင်စကားကို ပြေးမြင်တာပဲ။ သူပြောတာတော့ ဒီထက်တော်တော်လှပါတယ်။ ရခဲ့တဲ့ ခံစားချက်ကိုတော့ မှတ်မိပေမဲ့ စကားလုံးကိုတော့ အတိအကျမမှတ်မိတော့ဘူး။ နှမြောစရာတော့ကောင်းတယ်။ Penelopeထဲမှာ James McAvoyလည်း တော်တော်ငယ်သေးတယ်။ Casperတို့ Addams Familyတို့ Sleepy Hollowတို့နဲ့ ကလေးသရုပ်ဆောင်အနေနဲ့ တော်တော်အောင်မြင်ခဲ့တဲ့ Christina Ricciလည်း ဒီထဲ တော်တော်လှတုန်းပဲ။ ကလေးပုံပြင်ဆန်ဆန် ဇာတ်လမ်းပေမဲ့လည်း ကျွန်တော်တို့အရွယ်တန်းအတွက်တော့ လွမ်းဖို့ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(1.9 GB) / (910 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Fantasy,Romance Duration….01:44:06 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wi Ra Aung

Drama • Romance
6.7 2006 103 mins
Penelope