YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

One Piece - 1095 (1080p) {CM}.mp4

430.82 MB 1080p video/mp4 293 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vesper
6.4

~ IMDb - 6.4/10, Rotten Tomatoes - 90% ~ အနာဂတ်မှာ ကမ္ဘာကြီးရဲ့ဂေဟစနစ်ပျက်စီးတော့မှာကို လူသားတွေသိရှိခဲ့ပြီးတော့ အပင်တွေမပျက်စီးဖို့ ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။ ထိုင်နေတုန်းကအကောင်း ထသွားမှကျိုးမှန်းသိ ဆိုသလို သူတို့တွေစမ်းသပ်ပြင်ဆင်နေတဲ့ အပင်မျိုးစိတ်တွေက ဓါတ်ခွဲခန်းတွေထဲကနေ လွတ်ထွက်သွားပြီး ကမ္ဘာတစ်ခုလုံးဗြောင်းဆန်သွားတော့တာပါပဲ။ နဂိုရှိရင်းစွဲ အပင်နဲ့တိရိစ္ဆာန်မျိုးစိတ်တွေအကုန် မျိုးသုဉ်းသွားတဲ့အပြင် ကမ္ဘာပေါ်မှာလည်း လူသားအနည်းငယ်သာကျန်ပါတော့တယ်။ ကျန်နေခဲ့တဲ့လူသားတွေထဲမှာမှ အထက်တန်းလွှာတွေက Citadel လို့ခေါ်တဲ့ အလုံပိတ်မြို့တော်တွေမှာနေနေကြပြီး ကျန်တဲ့သူတွေကတော့ ခက်ခဲကြမ်းတမ်းတဲ့လောကကြီးမှာ အသက်ရှင်ကျန်ဖို့ ရုန်းကန်ကြရပါတော့တယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် ၁၃ နှစ်သမီး ဗက်စ်ပါဟာ ဉာဏ်ကောင်းတဲ့သူ၊ တော်တဲ့ ထက်မြက်တဲ့သူဖြစ်သော်ငြားလည်း အထက်တန်းလွှာမဟုတ်တဲ့အပြင် သူ့အဖေကလည်း အိပ်ရာပေါ်မှာ ပက်လက်ပါ။ မြို့တော်အတွက် စစ်မှုထမ်းရင်း မသန်စွမ်းဖြစ်ခဲ့ရတာကြောင့် ကရုဏာကြေးပေးထားတဲ့ ဒရုန်းလေးကနေတစ်ဆင့်ပဲ သားအဖနှစ်ယောက် စကားပြောဆက်သွယ်ကြရပါတယ်။ မြို့တော်တစ်မြို့နဲ့ကုန်သွယ်နေတဲ့ ဦးလေးတော်သူကလည်း တူမကို ကူညီဖို့နေနေသာသာ ခြေတော်တင်ဖို့အထိ စိတ်ကူးနေတဲ့သူဆိုတော့ ဗက်စ်ပါအတွက် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့ လောကကြီးပါပဲ။ ဒီလိုနဲ့ တစ်ရက်မှာ တောထဲ အစာလိုက်ရှာနေတုန်း အပင်တွေသွေးဝိုင်းစုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ခဲ့ပြီးတော့ ကယ်တင်ခဲ့ပါတော့တယ်။ သူကယ်တင်ခဲ့တဲ့အမျိုးသမီးက မြို့တော်ကဖြစ်နေပြီးတော့ အဲဒီအမျိုးသမီးက တစ်ယောက်တည်းလာခဲ့တာမဟုတ်ပါဘူး။ အဲဒီကနေ...... ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့ထွက်ရှိထားတာ မကြာသေးတဲ့ Sci-Fi ဇာတ်ကား Vasper မှာ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.14GB, 1.11GB, 710MB Quality - 1080p, 720p, 480p IMDb Rating - 6.4/10 Format - mp4 Duration - 1H 54Min Genre - Adventure, Drama, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Comedy • Drama • Family
6.4 2022 112 mins
Vesper
Alice, Darling
5.9

ကနဦးပြောချင်တာကတော့ ဒီကားကို ဘာ Genre လဲ သွားမကြည့်ပါနဲ့။ ဒီတိုင်း ဘာကားမှန်းမသိဘဲ ကြည့်လိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တစ်ချက်သတိချပ်စေချင်တာကတော့ ဒီကားမှာ မင်းသမီးရေချိုးနေတုန်း မင်းသမီးဘော်ဒီကိုပြပြီး အနောက်ဘက်ကုန်းမြင့်ဒေသတွေကို လေ့လာစူးစမ်း အလံတိုင်စိုက်တာတွေပါတဲ့အတွက် မိသားစုနဲ့မကြည့်သင့်ပါဘူး။ မင်းသမီးကတော့ အားလုံးသိကြတဲ့ Pitch Perfect မင်းသမီး Anna Kendrick ပါ။ ချစ်စရာကောင်းနေဆဲပါပဲ။ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဘဲက ပန်းချီဆရာ။ ဒါပေမဲ့ သွေးကြီးမွေးကြီး ကိန်းကြီးခန်းကြီးနိုင်တဲ့လူ။ ကောင်မလေးဘဝမှာ သူငယ်ချင်း ၂ယောက်ရယ် သူ့ဘဲရယ် ဒါပဲရှိမယ်။ ကောင်မလေးက အရင်က ဆိုးခဲ့ပေခဲ့ပုံရတယ်။ သူ့ဘဲ ကြောင်သူတော်ကြွက်သူခိုးက ကောင်မလေးကို သူ့လိုပဲဖြစ်စေချင်တယ်။ ဒီတော့ ကောင်မလေးက သူဆိုးတာကို ချမပြဘူး။ သူ့ဘဲက ကောင်မလေးကို သူငယ်ချင်း၂ယောက်နဲ့လည်း မပေါင်းစေချင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ ကောင်မလေးဟာ သူ့ဘဲကို လိမ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကျေးလက်က အိမ်လေးကို အပျော်ခရီးထွက်သွားတယ်။ အဲဒီခရီးမှာဘာတွေဖြစ်မလဲ သူ့ဘဲကရော ဘာဆက်လုပ်မလဲ မြင်ရလိမ့်မယ်။ ထူးတာက ဒီကားက ဘာကားမှန်းမသိဘဲ ကြည့်လိုက်မယ်ဆို ဘာကားမှန်းမသည်းမကွဲဖြစ်ချင်စရာကောင်းတယ်။ နယ်ဘက်က အိမ်ကြီးကို သွားရင်း လူသတ်သမားနဲ့တွေ့ရတော့မလိုလို သရဲပဲအခြောက်ခံရတော့မလိုလို သူ့ဘဲက လိုက်သတ်တော့မလိုလို သို့လောသို့လော ထင်ချင်စရာအချက်တွေပြသွားတယ်။ ဒီဇာတ်တည်ရာမှာလည်း ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို အားလုံးဝိုင်းရှာနေကြတာတွေလည်းပါတယ်။ မင်းသမီးကလည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲ အသံဗလံတွေ မျိုးစုံ အလိုလိုကြားနေရတယ်။ ဒါပေမဲ့ ဇာတ်မဆုံးခင်အထိကို သူက ဘယ်လမ်းကြောင်းသွားမလဲ မရေမရာဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။ ကြည့်ကောင်းတဲ့ကားလေးပါပဲ။ မင်းသမီးလည်း တော်တော်လှပါတယ်။ ဘာကားမှန်းမသိဘဲကြည့်ရင် ပိုကြည့်ကောင်းပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 29Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by B Encoded by Y

Comedy • Drama
5.9 2022 90 mins
Alice, Darling
Sinam
5.2

Sinam ဆိုတာ အိန္ဒိယလို '' rage / anger '' လို့ အဓိပ္ပါယ်ရပါတယ်၊ အမျက်ဒေါသပေါ့။ စိတ်ခံစားချက်ကို လှုံ့ဆော်ပေးနိုင်တဲ့ မှုခင်းစုံထောက် ရုပ်ရှင်မျိုးမို့ သည်းထိတ်ရင်ဖိုကြည့်ရမယ့် ဇာတ်ကားမျိုးပေါ့ဗျာ။ အစပိုင်းမှာ ရိုးသားဖြောင့်မတ်ပြီး၊ အကြောက်အလန့်မရှိတဲ့ ပါရီဆိုတဲ့ ရဲအရာရှိတစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ ပါရီမှာ ကြင်နာပြီးနွေးထွေးတဲ့ ဇနီးချော ဒေါက်တာမလေး မက်ဒူနဲ့ သမီးလေး ဘာဂရာတို့လည်းရှိတယ်ဗျ။ နွေးထွေးတဲ့အသိုက်အမြုံလေးပေါ့ဗျာ။ တနေ့မှာ လူသတ်မှုနဲ့သံသယရှိတဲ့ တရားခံကို တရားခွင်ကို တင်သွင်းတဲ့နေ့မှာပဲ တရားရုံးရှေ့ လူအုပ်ကြားထဲမှာ လူသတ်မှုတစ်ခုဖြစ်သွားပါတော့တယ်။ အသတ်ခံလိုက်ရတဲ့သူက ပါရီတာဝန်ယူပြီး လိုက်ပို့တဲ့ တရားခံဖြစ်သူပါပဲ။ ဒီတော့ တာဝန်တွေအားလုံး ပါရီ့ပုခုံးပေါ်ပုံကျလာတာပေါ့။ ဘယ်သူ့လက်ချက်လဲ ဆိုတာကို ရေဆုံးမြေဆုံးလိုက်ဖော်ရင်း ပါရီသိလာရမယ့် ဒုစရိုက်လောကတွေအကြောင်း၊ နောက်ကွယ်က ကြိုးကိုင်မှုတွေနဲ့ ရှောင်လွှဲမရတဲ့ ထိခိုက်မှုတွေကြားမှာ ပါရီတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ။ မိသားစုကိုရော ကာကွယ်နိုင်ပါ့မလား။ အမှုမှန်ကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ကြည့်ရမယ့် Action/Thriller မို့ အခုပဲ Channel Myanmar မှာဝင်ရောက်ကြည့်ရှုလိုက်ပါတော့ခင်ဗျာ။ File size…2.08GB  / 881MB Quality…1080p True WEB DL  / 720p Format…mp4 Duration….1h 55m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Hay Man ~ Yunni ~OeliuJ

Comedy
5.2 2022 115 mins
Sinam
All the Moons
7.6

IMDb Rating - 6.7/10 ၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။ နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။ အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size - (1.2 GB) / (540 MB) / (340 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Horror Translator – Khant Sett Naing Encoder – SWM

Drama • History • Romance
7.6 2020 102 mins
All the Moons
Mahaan
6.8

ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့် သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့ မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်း မဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။ နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင် သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှ ာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမက သူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။ သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့ နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်း စက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကို ဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။ လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင် ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့် ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့် တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0  / 1080p HEVC  Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe Pwint &  Yate

Horror • Mystery
6.8 2022 163 mins
Mahaan
Baragaki: Unbroken Samurai
6.3

Baragaki: Unbroken Samurai (2021) ~ IMDb – 6.3/10, MyDramaList – 7.2/10 ~ ဂျပန်နိုင်ငံရဲ့ Edo era နဲ့ Meiji Restoration က သမိုင်းဖြစ်ရပ်တွေကိုပြောပါဆိုရင် Bakufu (ဘာကူဖူ)၊ Bakumatsu (ဘာကူမာဆု)၊ Shinsengumi (ရှင်းဆန်းဂူမိ) အစရှိတဲ့ နာမည်ကြီးခဲ့တဲ့ အဖွဲ့တွေ၊ တည်နေရာတွေ၊ တိုက်ပွဲတွေ၊ အချိန်ကာလတွေကို လုံးဝကျန်ထားလို့မရပါဘူး။ အဲဒါတွေကို စာပေအနေနဲ့ ခေတ်အဆက်ဆက် ရေးသားထုတ်ဝေမှုများရှိသလို ဖျော်ဖြေရေးအနေနဲ့လည်း ထုတ်လုပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ Anime တွေမနည်းလှပါဘူး။ အဲဒီထဲကမှ တိုကုဂါဝါရှိုးဂန်းခေတ်ကုန်ကာလလို့ ပြောနိုင်တဲ့ ဘာကူမာဆု (၁၈၅၃ – ၁၈၆၇) အတွင်းမှာပေါ်ပေါက်ခဲ့တဲ့ ရှင်းဆန်းဂူမိ အကြောင်းကို Moeyo Ken (1964) နာမည်နဲ့ Ryotaro Shiba (1923-1996) ရေးသားခဲ့တဲ့စာအုပ်တစ်အုပ်ရှိပြီး အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားရာမှာ ရုပ်ရှင်နှစ်ကားနဲ့ စီးရီးသုံးခုရှိပါတယ်။ ဒီ Baragaki: Unbroken Samurai ကတော့ ၂၀၂၁ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ကားပါ။ Hell Dogs (2022) နဲ့ Sekigahara (2017) ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Masato Harada ရိုက်ကူးပြီး Jidaigeki (သမိုင်းဆိုင်ရာရုပ်ရှင်ဇာတ်လမ်းတွဲများ) မှာ သရုပ်ဆောင်လေ့ရှိတဲ့ Junichi Okada က ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Hijikata Toshizo (ဟီဂျိကာတာ တိုရှီဇိုး) အဖြစ် သရုပ်ဆောင်ထားပါတယ်။ Baragaki: Unbroken Samurai က ရှင်းဆန်းဂူမိအကြောင်းဆိုတာထက် ရှင်းဆန်းဂူမိရဲ့ ဒုခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဟီဂျိကာတာတိုရှီဇိုးကဘယ်လိုလူစားလဲ… သူကရှင်းဆန်းဂူမိကို ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့သလဲ… ရှင်းဆန်းဂူမိကို သူ ဘယ်လောက်အထိ မျှော်လင့်ထားသလဲ… နောက်ဆုံးအချိန်အထိ ရှင်းဆန်းဂူမိအတွက် သူ ဘယ်လိုတိုက်ပွဲဝင်ခဲ့သလဲဆိုတာတွေကို အဓိကကြည့်ရှုခံစားရမှာဖြစ်သလို ရှင်းဆန်းဂူမိဘယ်လိုပေါ်ပေါက်လာသလဲ… ရှင်းဆန်းဂူမိဆိုတာဘာလဲ… ရှင်းဆန်းဂူမိရဲ့တစ်ခြားခေါင်းဆောင်တွေက ဘယ်လိုအကျင့်ရှိကြလဲ… ရှင်းဆန်းဂူမိရဲ့ နာမည်ကြီးတိုက်ပွဲတွေကဘာလဲ… ရှင်းဆန်းဂူမိဘယ်လိုအဆုံးသတ်သွားသလဲ ဆိုတာတွေကိုလည်း ဟီဂျိကာတာရဲ့အမြင်ကနေ သိရှိရမှာဖြစ်ပါတယ်။ ၂ နာရီခွဲနီးပါးကြာတဲ့ ဒီဇာတ်ကားကို ဖြစ်ရပ်မှန်သမိုင်းကားကြီးဆိုပြီး ပျင်းစရာကောင်းတယ်လို့ ယူဆကြမှာပါ။ ဒါပေမဲ့ ရှင်းဆန်းဂူမိကဒီလိုကြီးပါလား ဒီခေတ်မှာ ဒီလိုတွေ ဖြစ်သွားခဲ့ပါလားဆိုတာကို ခပ်သွက်သွက်ဇာတ်ညွှန်းကြောင့် မပျင်းရိဘဲ သိရှိရမှာဖြစ်ပြီး အိုဗာတင်းမဟုတ်တဲ့သရုပ်ဆောင်မှုတွေနဲ့အတူ ဟီဂျိကာတာတို့ရဲ့ဓားရေးယှဉ်ပြိုင်မှုတွေ၊ တိုက်ပွဲအချို့က ကြည့်နေရင်း ဒါမှမဟုတ် ကြည့်ပြီးတာနဲ့ Kenshin Live-Action ငါးကားစလုံးကို ပြန်ကြည့်ချင်စိတ်ဖြစ်ပေါ်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

6.3 2021 148 mins
Baragaki: Unbroken Samurai
Remi, Nobody’s Boy
7

ဟောင်းပေမဲ့လဲကောင်းနေဆဲဖြစ်တဲ့ဇာတ်ကားလေးတွေထဲက တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဒီကားထဲကမင်းသား ဖြစ်တဲ့ကောင်လေးရဲ့ဘဝက ကိုးရီးယားဇာတ်ကားတွေ ဇာတ်နာတာတောင်လိုက် မမှီနိုင်လောက်အောင်အရမ်းသနားဖို့ ကောင်းပါတယ်။ ဇာတ်ကားလေးနာမည်ကတော့ Remi Nobody’s Boy ဖြစ်ပြီး ဘယ်သူ့ရဲ့သားမှမဟုတ်တဲ့ရမ်မီလို့အဓိပ္ပာယ်ရပါတယ်။ဘာလို့ ဇာတ်ကားနာမည်ကိုဒီလိုပေးရလဲဆိုတော့ ရမ်မီအသက်ဆယ်နှစ် ရောက်တဲ့အချိန်မှာသူ့ရဲ့မိဘတွေကသူ့ရဲ့မိဘအရင်းတွေမဟုတ်ဘဲ မွေးစားထားတာကိုသိခဲ့ရပါတယ်။အမေဖြစ်သူကတော့သူ့ရဲ့မွေးစား သားဖြစ်တဲ့ ရမ်မီကိုအရမ်းချစ်ပေမဲ့ မွေးစားအဖေဖြစ်သူကတော့ ငွေပဲမြင်တဲ့လူဖြစ်ပါတယ်။ ဒီလိုနဲ့မွေးစားအဖေဖြစ်သူကရမ်မီ့ကို မကျွေးမွေးချင်တော့မိဘမဲ့ဂေဟာကိုသွားပို့နေတဲ့အချိန်မှာ မာစတာဗတဲလက်စ်လို့ခေါ်တဲ့ နေရာအနှံ့လှည့်လည်သွားလာပြီး တိရစ္ဆာန်တွေနဲ့ဖျော်ဖြေတဲ့ လူတစ်ယောက်ကသူ့မွေးစားအဖေဆီက နေ ရမ်မီ့ကိုငှားရမ်းခဲ့ပါတော့တယ်။ဒါပေမယ့်ကံကောင်းစွာနဲ့ရမ်မီ့ရဲ့ သခင်ဖြစ်သွားတဲ့လူက သူ့အပေါ်မှာအဖေအရင်းလိုကြင်နာတဲ့သူ ဖြစ်နေပါတယ်။ ဒီလိုနဲ့ပျော်နေရတုန်းရှိသေးဝမ်းနည်းစရာကိစ္စတွေနဲ့ ထပ်ကြုံရပါတော့တယ်။ ဝမ်းနည်းစရာတွေကြုံပြီးတော့လဲပျော်စရာ တွေနဲ့ထပ်ကြုံရပါသေးတယ်။ ဒီလိုနဲ့ပျော်ရွှင်စရာတွေဝမ်းနည်းစရာ တွေနဲ့ဘဝက နိမ့်လိုက်ဖြစ်လိုက်တောက်လျှောက်ဖြစ်ပြီး နောက်ပိုင်းမှာ ရမ်မီ့အတွက်အဆုံးသတ်မှာသူ့မိဘရင်းတွေနဲ့ ပြန်တွေ့သွားမလား ဘယ်လိုဇာတ်သိမ်းမျိုးနဲ့အဆုံးသတ်သွားမယ်ဆိုတာ ကိုဒရာမာရသမျိုးစုံနဲ့ခံစားပြီးကြည့်ရှူရမှာပဲဖြစ်ပါတယ်။ File size…1.67GB/ 753MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 45m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7 2019
Remi, Nobody’s Boy
Muzzle
5.6

Muzzle (2023) ============ Crime,Thriller Batman ကားတွေထဲမှာ Harvy Dent (Two Face ) အဖြစ်သရု်ဆောင်ခဲဲ့တဲ့ မင်းသားကြီး Aaron Eckhart ရဲံ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ် မှုခင်းအရာရှိ ဂျိတ်ရိုဆာက တစ်ကိုယ်ထဲသမားဖြစ်တဲ့အတွက် သူ့ဘေးမှာ အဖော်ပြုပေးမယ့် K-9 မျိုးစိတ် ဂျာမန် ရဲခွေးကြီးတစ်ကောင်ပဲရှိပါတယ် ဘယ်သွားသွား သူ့ကိုကားနဲ့အမြဲခေါ်သွားပြီး အလုပ်မှာရော အိမ်မှာပါသူ့ရဲ့ တစ်ဦးထဲသောမိသားစုဝင်လိုဖြစ်နေတာပေါ့ တစ်နေ့ မူးယစ်သမားတွေကို သူ့ခွေးနဲ့လိုက်ဖမ်းရင်း လူတစ်ယောက်က ဂျာမန်စကားနဲ့ သူ့ခွေးကို ယဉ်ပါးအောင်လုပ်ကာ သေနတ်နဲ့ပစ်သတ်သွားပါတယ်… ခွေးကို ဂျာမန်လိုခိုင်းနိုင်တာ သူတို့ရဲဌာနက ခွေးထိန်းနဲ့ ရဲအချို့ပဲရှိပါတယ်… မိသားစုဝင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဂျိတ်အတွက်… သူ့ခွေးအတွက် ဂျွန်ဝစ်လိုမျိုး လက်စားချေဖို့ ပြန်လာခဲ့ပါပြီ… (အညွှန်းနဲ့ဘာာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ် ) Genre….. Thriller Quality…. 1080p | 720p File size…1.1GB | 711MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

5.6 2023
Muzzle
Jai Mummy Di

Jai Mummy Di (2020) ရန်ငြိုးကြားကအချစ် Comedy/ Romance ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါးနဲ့ စိတ်အပန်းပြေစေမယ့် အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ လူနှစ်ယောက် ပေါင်းဖက်ကြပြီဆိုရင် နှစ်ဖက်မိသားစုအသိုင်းအဝိုင်းကလည်း ပေါင်းစပ်ကြရတာပါ။ ဒီကားထဲမှာတော့ ပူနိနဲ့ ဆန်ဂ်ျတို့နှစ်ဦးဟာ ကမ္ဘာ့ရန်ဘက်မိသားစုတွေဖြစ်ကြပေမယ့် လူငယ်သဘာဝ ချစ်မိသွားကြပါတယ်။ အမေတွေရဲ့ရန်ငြိုးကြောင့် နှစ်ဦးသားပေါင်းဖက်ရဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်တဲ့ကိစ္စကြီးတစ်ခုပါပဲ။ ဒီလိုတွေကြောင့် ချစ်သူနှစ်ဦး သဘောထားမတိုက်ဆိုင်ကြတာနဲ့ လမ်းခွဲလိုက်ကြပါတယ်။ ချစ်လျက်နဲ့လမ်းခွဲလိုက်ရတဲ့ သူတို့နှစ်ဦး ပြန်ပေါင်းထုတ်ဖို့ကြံတဲ့အခါ… ဒီတစ်ခါမှာတော့ သူတို့ဘဝနှစ်ခုကို ပေါင်းစပ်ဖို့အတွက် အမေတွေရဲ့မပြီးဆုံးနိုင်တဲ့ရန်ပွဲကို အဆုံးသတ်လိုက်ဖို့ ကြံစည်တဲ့အခါ… သူတို့နှစ်ဦးရဲ့ အချစ်ခရီးကဖြောင့်ဖြူးနိုင်မလား…ဘယ်လိုအလွဲတွေကြုံရဦးမလဲဆိုတာကို ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Bollywood Teamပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

TV Movie • Comedy • Romance
0 2020 103 mins
Jai Mummy Di
Ondu Sarala Prema Kathe
8.3

Ondu Sarala Prema Kathe (2024) “ရိုးရှင်းသော အချစ်ဇာတ်လမ်းတစ်ပုဒ်” IMDb – 8.4/10 ဇာတ်လမ်းနာမည်အတိုင်းပါပဲ အချစ်ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ကို အလှပအသေသပ်ဆုံးနဲ့ တင်ဆက်သွားတဲ့ ကန်နာဒါရုပ်ရှင်တစ်ကားပေါ့။ မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။ အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~ Zwe ~ Saii ~ KKKZ ~ Yunniတို့ဖြစ်ပါတယ်)

Horror
8.3 2024
Ondu Sarala Prema Kathe
Gone Mom: The Disappearance of Jennifer Dulos
6.2

ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် may လ 2019 ခုနှစ်မှာ ပျောက်ဆုံးသွားတဲ့ ကလေး ၅ ယောက်ရဲ့မိခင် Jennifer Dulos ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ thriller/mystery ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… Jennifer Dulos တစ်ယောက် ရှုပ်ထွေးလှတဲ့ New York မြို့ပြကြီးကနေ တိတ်ဆိတ်တဲ့နယ်မြို့လေးတစ်ခုကို ခေါင်းအေးအေးထားပြီး စာရေးဖို့ထွက်လာပါတယ်။ လူတွေရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေမယ့် အခိုက်အတန့်တစ်ခုဆိုတာရှိတယ်။ အဲဒါကိုလူတွေကသတိမထားခဲ့မိကြတာပါ။ Jennifer ရဲ့ ဘဝအလှည့်အပြောင်းက အဲဒီမြို့လေးမှာပဲ စတင်ခဲ့တယ်ဆိုရမှာပေါ့။ File size…(1.5 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee

Action • Comedy • Crime
6.2 2021 88 mins
Gone Mom: The Disappearance of Jennifer Dulos
Ode to the Goose
8.4

Ode to the Goose (2018) *************************** 2018 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Ode to the Goose ရုပ်ရှင်ဇာတ်ကားကို ကိုရီးယား-တရုတ်ကပြား ဒါရိုက်တာ Zhang Lu ရိုက်ကူးထားပြီးတော့ အဓိက သရုပ်ဆောင်တွေအနေနဲ့ Moon So-ri, Park Hae il တို့နဲ့ အတူ Park So-dam,Jung Eun-chae နဲ့အခြားနာမည်ကြီးသရုပ်ဆောင်တွေမှလည်း ပါဝင်အားဖြည့်ပေးထားပါတယ်။ ဒီဇာတ်ကားလေးဟာ မြင်နေကျ ဇာတ်ကားလေးတွေနဲ့ မတူဘဲနဲ့ လူတွေရဲ့ခံစားချက်ကို ကဗျာဆန်ဆန် အနုပညာဆန်ဆန်ဖော်ပြချက်တွေနဲ့အတူတူ သွယ်ဝိုက်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း **************** မသာယာတဲ့ အိမ်ထောင်‌ရေးကနေ လတ်တလောမှလွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဆုန်းဟျွန်း (Moon So-ri) နဲ့ သူ့ရဲ့ခံစားချက်တွေကို ဖုံးကွယ်ထားလေ့ရှိတဲ့ကောင်လေး ယွန်းယောင်း (Park Hae il)တို့ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ယွန်းယောင်းဟာ သူ့ရဲ့မရီးဖြစ်သူ ဆုန်းဟျွန်းကို သဘောကျနေခဲ့သူဖြစ်ပါတယ်။ ဆုန်းဟျွန်းတစ်ယောက်ကွာရှင်းပြီးတဲ့နောက် သူတို့နှစ်ဦးပိုပြီးရင်းနှီးလာကြပြီး တစ်နေ့ မူးမူးရူးရူးနဲ့ ဂွန်းဆန်းမြို့ကို နှစ်ယောက်သား ခရီးထွက်လာခဲ့ပါတယ်။ အော်တစ်ဇင်သမီးလေးတစ်ယောက်ရှိတဲ့ သူဌေး ဦးစီးတဲ့ တည်းခိုခန်းငယ်လေးမှာ သူတို့ တည်းခိုကြရင်းနဲ့ ပေါ်ပေါက်လာတဲ့ အထင်လွဲမှုတွေ, ခံစားချက်တွေ, ဖြစ်ချင်တဲ့ဆန္ဒတွေကို ကဗျာဆန်ဆန်ဖော်ပြထားပါတယ်။ ဒီဇာတ်ကားဟာ မြင်နေကျဇာတ်ကားတွေနဲ့ မတူဘဲနဲ့ စကားနဲ့ပြောပြလို့မရနိုင်‌တဲ့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်တဲ့အတွက် ပရိသတ်ကြီး အနေနဲ့ ကိုယ်တိုင်ကြည့်ရှု့ပြီး စုံလင်တဲ့ရသမျိုးစုံကို ဝင်ခံစားကြည့်လိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Pan Hsuက ရေးသားထားပါတယ်) File Size – 1.89 GB/ 615 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Drama, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Pan Hsu Encoded by – Treasure Htet

Drama • Thriller • Science Fiction
8.4 2018 122 mins
Ode to the Goose