YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

One.Night.Stand.S01E08.720p.CM.mp4

252.25 MB N/A video/mp4 76 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
An Unforgettable Year – Summer
6.3

An Unforgettable Year – Summer(2023) ************************************* An Unforgettable Year : Summer 2023 "ကာနေဗယ်"လို့ပြောလိုက်တာနဲ့ ဘရာဇီးနိုင်ငံရဲ့ နှစ်စဉ်နှစ်တိုင်း ၅ရက်တာကျင်းပတဲ့ အကြီးဆုံးပွဲတော်ကြီးကို ပြေးမြင်ကြမှာပါ။ ကာနေဗယ်ပွဲကိုနှစ်စဉ် ခရစ်တော်ရဲ့ရက်၄၀ဥပုသ်မတိုင်ခင်မှာ ကျင်းပကြပြီး ဥပုသ်ရက်မတိုင်ခင် စားသောက်ဖွယ်ရာတွေကိုနောက်ဆုံးအကြိမ်စားသောက်ပြီး တီးမှုတ်ကခုန်ကာ ဆင်နွှဲကြတာလို့ဆိုပါတယ်။ အရောင်ပြိုးပြိုးပြက်ပြက်နဲ့ ၀တ်စုံတွေ မျက်နှာဖုံးတွေ၀တ်ဆင်ပြီး အလှပြယာဉ်တွေနဲ့အတူ တီးမှုတ်ကခုန်ရင်း စီတန်းလှည့်လည်ကျင်းပကြတာပါ။ ကာနေဗယ်ပွဲတွေထဲမှာမှ ရီယိုမြို့မှာကျင်းပတဲ့ ကာနေဗယ်ပွဲတော်ကြီးကတော့အကြီးဆုံးဖြစ်ပြီး ပွဲတော်ကာလအတွင်း ရီယိုမြို့ရဲ့လမ်းတွေထဲမှာ လူ၂သိန်းခန့်ပါ၀င်ဆင်နွှဲကြတယ်လို့ဆိုပါတယ်။ "အင်ယာ"က ဖက်ရှင်မှာဝါသနာထုံသူတစ်ဦးဖြစ်ပြီး သူ့ရဲ့အိပ်မက်ကတော့ ပဲရစ်ကဖက်ရှင်ကောလိပ်တစ်ခုမှာသွားတက်ရဖို့ပါ။ ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူတဲ့ အဖေဖြစ်သူကတော့ ဒါကိုလုံး၀သဘောမကျဘဲ သူနဲ့အတူစည်းရုံးရေးတွေပဲလိုက်ဆင်းစေချင်ပြီး ကာနေဗယ်ပွဲတော်ကိုလည်း လုံး၀မကြိုက်တဲ့သူတစ်ဦးပါ။ တစ်ရက်မှာတော့ ကျောင်း၀င်ဖွင့်ရဖို့အတွက် ရီယိုမြို့ကိုသွားဖို့လိုအပ်လာရာကနေ ရီယိုမြို့ရဲ့နာမည်ကြီးဆမ်းဘားအကသင်တန်းကျောင်းတစ်ခုဖြစ်တဲ့ ပိုတယ်လာကျောင်းအတွက် ကာနေဗယ်၀တ်စုံတွေချုပ်‌ပေးတဲ့နေရာမှာ ၀င်ရောက်ကူညီဖို့အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ကာနေဗယ်ပွဲတော်အတွက်၀င်ရောက်ကူညီရင်း အင်ယာတစ်ယောက် ဘယ်လိုမိတ်ဆွေအသစ်တွေနဲ့‌တွေ့မလဲ၊ နောက်ဆုံးမှာရော သူတက်ချင်နေတဲ့ကောလိပ်အတွက် လိုအပ်နေတဲ့အကူအညီကို ရပါ့မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်ကားလေးထဲမှာ ရီယိုမြို့ရဲ့အလှတရားတွေကို ပေါ်တူဂီသီချင်းတွေနဲ့ လှလှပပပုံဖော်ရိုက်ကူးထားပြီး ဘရာဇီးနိုင်ငံသားတွေ ကာနေ‌ဗယ်ပွဲတော်ကြီးကို တပျော်တပါးဆင်နွှဲကြပုံကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေကြည့်ရှုဖို့ကောင်းတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File Size :(2.2GB)& (1.1GB) Quality :WEB-DL1080P,720p Format…mp4 Duration…01:42:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Steven Khant Encoded by Phyo Pyae

Drama • Romance
6.3 2023 101 mins
An Unforgettable Year – Summer
My Landlord Wants Me Dead
5.3

ဒီကားလေးကတော့ ဇာတ်ကားနာမည်ကြည့်ရုံနဲ့ လူသတ်သမား ဘယ်သူဆိုတာတန်းသိတဲ့ ဇာတ်ကားမျိုးပေါ့နော်။ ဒါပေမဲ့ လူသတ် သမားဘယ်သူဆိုတာ သိနေတာတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ရမှာပါ။ နောက်ဆုံးမှာတော့ သားကောင်ဟာ လွတ်မြောက်သွားပါ့ မလား။ လူသတ်သမားလက်ထဲပဲကျရောက်သွားမလားဆိုတာကိုပေါ့။ မက်ဒီက မိခင်ဖြစ်သူဆုံးပြီးတဲ့နောက် ကောလိပ်ကနေလည်း ထွက် လိုက်ပြီး ဘိုင်ကျနေတာမို့လို့ သူ့အဒေါ်ပိုင်တဲ့အိမ်မှာ ခေတ္တသွား‌နေ ပါတယ်။ သူ့အဒေါ်တို့ လင်မယားကမြို့ထဲမှာနေတာဆိုတော့ ဒီအိမ်ကို မက်ဒီ့ကိုခဏပေးနေလိုက်တာပါ။ အဒေါ်ဖြစ်သူကတော့ အာဖရိကကို ခဏတဖြုတ်သွားလည်ပါတယ်။ အဒေါ်ဖြစ်သူရဲ့ယောက်ျားက အိမ်ပိုင် ရှင်ပေါ့လေ။ ကယ်ဗင် ဆိုတဲ့အိမ်နီးချင်းချောချောလေးလည်းရှိတော့ မက်ဒီတစ်ယောက် တစ်ချက်ခုတ်နှစ်ချက်ပြတ်နဲ့ ပီတိတွေဖြာမဆုံးခင်မှာပဲ ထူးထူးဆန်းဆန်းတွေ ကြုံလာရပါတော့တယ်။ သူဒီအဖြစ်တွေကို ဘာလို့ကြုံနေရတာလဲ။ လူသတ် သမားလက်ထဲကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားရမှာဖြစ် ပါတယ်။ မက်ဒီအဖြစ် မင်းသမီးချောEmily Roslyn Villarreal ကပါဝင်သရုပ် ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.54 GB) / (522 MB) / (339 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 28Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Ngwe Zin Encoder..........SWM

Drama
5.3 2023 88 mins
My Landlord Wants Me Dead
Paayum Oli Nee Yenakku
7

Paayum Oli Nee Yenakku(2023) IMDb-6.5/10 လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။ အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲ သူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီး ချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစ သူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherryတို့ပဲဖြစ်ပါတယ်) File size…1.8GB  / 815MB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~Cherry

Action • Fantasy • Thriller
7 2023
Paayum Oli Nee Yenakku
My Heart Puppy
6.2

My Heart Puppy (2023) ဒီတစ်ခေါက် တင်ဆက်ပေးမှာတော့ အားလုံးမျှော်နေကြတဲ့ ခွေးလေးတွေနဲ့ မထင်မှတ်ဘဲ ခရီးသွားဖြစ်သွားတဲ့ ဇာတ်လမ်းလေးပေါ့နော် ဖြစ်ပုံကဒီလို... ခွေးလေးရွန်းနီကိုအရမ်းတန်ဖိုးထားပြီး ချစ်တဲ့ မင်ဆူက လက်ထပ်တော့မယ့်အချိန်မှာမှ ဆက်ပြီးမွေးထားဖို့ လုံးဝအဆင်မပြေနိုင်တော့တဲ့အခြေအနေတစ်ခုကြောင့် မွေးစားဖို့အတွက် သူ့အစ်ကိုဖြစ်တဲ့ ဂျင်းဂုကို အပူကပ်ရတာ... နှစ်ယောက်သား ရှာကြဖွေကြရင်းနဲ့ ဂျယ်ဂျူကျွန်းကို မွေးစားဖို့ပေးမယ်ဆိုပြီး အသွား.. လမ်းမှာတွေ့တဲ့စွန့်ပစ်ခွေးလေးတွေကိုလည်း တစ်ခါတည်းခေါ်သွားနဲ့ပေါ့ အဲလိုနဲ့ အသွားကြီးသွားရပြီးမှ ဂျယ်ဂျူကျွန်းရောက်တဲ့အခါမှာရော မွေးစားတဲ့လူတွေ့သွားကြမလား ရွန်းနီလေးကိုရော မင်ဆူကခွဲခွာရက်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ် My Sassy Girl နဲ့ နာမည်ကြီးပြီး လူသိများခဲ့တဲ့ မင်းသားကြီး Cha Tae Hyun, Hospital Playlist ထဲ ဘုန်းကြီးဆရာဝန်အနေနနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး Yoo Yeon Seok တို့လို မင်းသားကြီးတွေပါဝင်ထားပြီးတော့ ချစ်စရာခွေးလေးတွေနဲ့ လုံးဝကို healing ဖြစ်စေမယ့် ရုပ်ရှင်လေးတစ်ကားပါပဲ အညွှန်းကိုတော့ JoyZ က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Family Quality…. 1080p | 720p | 480p File size… 1.51GB | 527MB | 269MB Format… mp4 Duration…. 1h 54min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... Aaron

Crime • Drama
6.2 2023 114 mins
My Heart Puppy
The Devil All the Time
7.2

ရောဘတ် ပတ်တီဆန် နဲ့ တွမ် ဟော်လန်တို့ရဲ့ နက်ဖလစ် ရုပ်ရှင်အသစ်ရပါပြီ။ လက်ရှိမှာတော့ IMDb 7.9 ရထားပါတယ်။ တကယ်ကို ထိုက်ထိုက်တန်တန်ရတာပါပဲ။ နောက်ခံစကားပြောလေးနဲ့ ဂန္ဓဝင်ရုပ်ရှင်ဟောင်းတွေရဲ့ အငွေ့အသက်လေးတွေနဲ့ ဖန်တီးထားတာပါပဲ။ မူရင်း ခေတ်ဟောင်း ဝတ္ထုကို မဖတ်ဖူးပေမယ့် ရုပ်ရှင်ကို ကြည့်လိုက်တာနဲ့တင်အတော်ကို ကောင်းမယ့် ဝတ္ထုဆိုတာ သိလိုက်ပါတယ်။ အရမ်းကောင်းပေမယ့် လူတိုင်းတော့ ကြည့်လို့အဆင်ပြေမယ်မထင်ပါဘူး။ ဘာသာရေးအစွန်းရောက်မှုတွေ၊ ဘာသာရေးအမြတ်ထုတ်တာတွေ၊ စိတ္တဇလူသတ်သမားတွေနဲ့ ချိတ်ဆက်ပြီး ဇာတ်ကို ဖွဲ့စည်းထားတဲ့အပြင် သွေးသံရဲရဲ သတ်ဖြတ်ခန်းတွေလည်း ပါတော့ ကြောက်စရာတွေ မကြိုက်တတ်တဲ့သူတွေတော့ အတွက်တော့ မကောင်းပါဘူး။ ကျွန်တော်ကတော့ အတော်ကိုကြိုက်ပါတယ်။ ကြည့်ပြီးပြီးချင်း ဘာသာပြန်ပြီး တင်ပေးထားလိုက်ပါပြီ။ အကြိုက်တူတဲ့သူတွေ သဘောကျကြမှာပါ။ File Size : 1 Gb / 400 mb Quality : webrip 1080p/720p/480p Format…mp4 Duration…2hr 18min Genre :   Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Littleneo

Action • Adventure • Drama • Thriller
7.2 2020 138 mins
The Devil All the Time
Beauty and the Beast
7

ရဲတိုက်ကြီးတစ်ခုမှာနေတဲ့ အတ္တကြီးပြီး စိတ်ကြီးဝင်နေတဲ့ မင်းသားငယ်တစ်ပါးနဲ့ အစေအပါးတွေဟာ ကျိန်စာအတိုက်ခံခဲ့ရပြီး မင်းသားကလည်း အင်မတန်ကြောက်စရာကောင်းတဲ့ အကောင်ကြီးတစ်ကောင်ဖြစ်သွားခဲ့ပါတယ်။ ကျိန်စာဟာ အကောင်ကြီးဖြစ်နေတဲ့မင်းသားလေးကိုယ်တိုင် ချစ်တတ်လာပြီး သူကိုယ်တိုင်လည်း သူများချစ်တာကို စင်စစ်ခံရမယ်ဆိုတဲ့အချိန်ကျမှသာ ပျက်ပျယ်မှာဖြစ်ပါတယ်။ အဲနောက် Belle ဆိုတဲ့ စိတ်ဓာတ်ပြင်းထန်လှတဲ့ မိန်းမပျိုလေးတစ်ယောက်ဟာ သူ့အဖေဖြစ်သူက မင်းသားလေးရဲ့ ရဲတိုက်မှာ အကျဉ်းကျခံနေရတယ်ဆိုလို့ ရဲတိုက်ကို လိုက်လာပါတယ်။ အဲဒီမှာ မင်းသားလေးရဲ့ အစေအပါးတွေရဲ့ အကူအညီနဲ့အတူ Belle ဟာ စိတ်ရိုင်းဝင် ဆိုးသွမ်းနေတဲ့ မင်းသားကို ပြောင်းလဲလာအောင် လုပ်ဆောင်ရပါတော့တယ်။ Disney ရဲ့ 1991 ခုနစ်ထွက် နာမည်ကျော်ကာတွန်းကားကို ရုပ်ရှင်အဖြစ်အသက်ပြန်သွင်းထားတာဖြစ်ပြီး Belle အဖြစ် မင်းသမီး Emma Watson က သရုပ်ဆောင်ထားပါတယ်။ Luke Evans နဲ့ Ewan McGregor တို့လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကဲ ပရိတ်သတ်ကြီးရေ အားပေးလိုက်ကြပါအုံးဗျ ? (အညွန်းကိုတော့ ဓာတ်ရှင်မှကူးယူဖော်ပြပါတယ်..) Quality…..720p Duration…..02:09:00 Format…Mp4 File Size…(2GB) Encoder…..Moe Myint Lwin Translator…..Wendy

Comedy • Crime
7 2017 129 mins
Beauty and the Beast
Long Live Love!
7.5

Long Live Love! (2023) Comedyပိုင်တဲ့ Sunnyနဲ့Chompooတို့ရဲ့ “အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး Netflix ကနေ ထွက်ရှိလာပါပြီ GAPက Beckyလေးကလည်း ပါဝင်ထားပါသေးတယ် ဒီကားကတော့ အလွယ်ပြောရရင်လူတွေရဲ့ အချစ်နဲ့ ဘဝအပေါ် အမြင်တွေကို မေးခွန်းထုတ်သွားတာပါပဲ။ ဒီလိုမျိုး ကြုံလာရရင် ဘာလုပ်မလဲ လက်လျှော့မလား ပြန်ကြိုးစားမလားဆိုတာပေါ့။ အမှန်တရားဆိုတာ ရှုထောင့်အပေါ်မူတည်တယ်ဆိုသလိုပဲ ဘယ်လိုဆုံးဖြတ်ရင် အမှားလည်း အမှန်လည်း ပြောဖို့လည်းမဖြစ်နိုင်ပါဘူး။ ဒီရုပ်ရှင်ထဲမှာ ပြောသွားသလိုပါပဲ – “လူတစ်ယောက်ကို အရမ်းချစ်မိသွားရင် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့သွားတတ်တယ်” တဲ့။ ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ချစ်တာကအမှန်လား လူတစ်ယောက်ကိုပဲ အရမ်းဆက်ချစ်သွားတာက အမှန်လား။ ဒီရုပ်ရှင်မှာတော့ အဓိက ဆေတီ နဲ့ မယ်တာဆိုတဲ့ စုံတွဲလေးက ပါဝင်ထားပါတယ်။ သူတို့အရမ်းချစ်တဲ့စုံတွဲပါ၊ အရမ်းလည်းမုန်းတဲ့စုံတွဲပါ၊ သစ္စာမရှိတဲ့စုံတွဲပါ၊ သစ္စာလည်းရှိတဲ့စုံတွဲပါ၊ နားလည်မှုမရှိတဲ့စုံတွဲပါ၊ အရမ်းနားလည်ပေးတဲ့စုံတွဲလည်းဟုတ်ပါတယ်။ ဒီတော့ အချစ်ကို သက်တော်ရာကျော်ရှည်စေချင်တာ စုံတွဲတိုင်းပါပဲ။ လက်တွေ့မှာတော့ အချစ်ကို ဖျားနာစေတဲ့ အရာတွေအများကြီးရှိနေပြီတာကို ဒီရုပ်ရှင်မှာ မြင်ရပါလိမ့်မယ်။ အချစ်နေပြန်ကောင်းလားမလား အချစ်သေဆုံးသွားမလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့။ အညွှန်းကိုတော့ Mr.Anderson က ရေးထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ CM Team ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Rpmance Quality…. 1080p | 720p File size…3GB | 978MB Format… mp4 Duration…. 2h 15min Subtitle…. Myanmar Subtitle (Hardsub) Translator ….. CM Team Encoder ….. Aaron , Garfield

7.5 2023
Long Live Love!
Love on the Right Course
6.2

Love on the Right Course (2024) ~ IMDb – 6.2/10, Rotten Tomatoes – 60% ~ Pro Golfer တစ်ယောက်ရဲ့ ဖိအားတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ကိုယ်လိုချင်တဲ့အရာကို နောက်ဆုံးမှာ ရှာတွေ့သွားတဲ့ Romance ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် ဝှစ်တနီက သူ့‌အမေလိုပဲ Pro Golfer ဖြစ်ပြီး မိခင်ဖြစ်သူ အဲလစ်စ်က နည်းပြအဖြစ်နဲ့ ပွဲစဉ်တွေတစ်လျှောက် အနိုင်ယူခဲ့ပါတယ်။ သို့ပေမဲ့ အဲလစ်စ်ဆုံးသွားပြီးတည်းက ဝှစ်တနီက အလုပ်မှာ မပျော်တော့ဘဲ လက်ရည်ကျလာပါတယ်။ နောက်တော့ သူ့အဖေရှိတဲ့ ဘူတာပက်စ်မြို့နားမှာ လုပ်မယ့် ချန်ပီယံပွဲမှာ ပြိုင်ဖို့ ကပ်သီလေးပါသွားပါတယ်။ ဖိအားတွေများပြီး Golfer အဖြစ် ဆက်လုပ်ချင်သေးလားဆိုတာ အဖြေရှာဖို့ ဝှစ်တနီက လေ့ကျင့်တဲ့ကာလကို ဖခင်ရှိတဲ့အိမ်ကို ပြန်လာခဲ့ပါတယ်။ ဝှစ်တနီရဲ့ဖခင်က ဂေါက်ကွင်းဖွင့်ထားတာဖြစ်ပြီး ဇနီးဖြစ်သူကို သတိရစိတ်နဲ့ အကုန်ရောင်းချပြီး တခြားနေရာမှာသွားနေဖို့ စီစဉ်နေတာပါ။ အထီးကျန်နေတဲ့ ဖခင်ကို အဖော်ရအောင်လုပ်ပေးပြီး ပြိုင်ပွဲအတွက် ကွင်းမှာလေ့ကျင့်ရင်း ကက်ဒီ ဒယ်နီရယ်နဲ့ဆုံခဲ့ပါတယ်။ ဒယ်နီရယ်က ဝှစ်တနီကို ကိုယ်လုပ်တဲ့အရာကို ချစ်ဖို့ လမ်းညွှန်ပေးရင်း ပြိုင်ပွဲအတွက် ကူပေးခဲ့ပါတယ်။ အတားအဆီး‌တွေကိုကျော်ဖြတ်လို့ နောက်ဆုံးမှာ ဝှစ်တနီတစ်ယောက် အမေ့ခြေ‌ရာနင်းပြီး ချန်ပီယံဆုဖလားအနိုင်ရရုံမက အချစ်ကိုပါ တွေ့သွားတာကို ကြည့်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.69GB, 695MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 24Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Action
6.2 2024 84 mins
Love on the Right Course
The Tiger King Returns
5.8

အခုတစ်ခေါက် CM ရဲ့ ပရိတ်သတ်တွေအတွက် သဲထိတ်ရင်ဖိုရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- တရုတ်နိုင်ငံရဲ့ စစ်ရေးရှုပ်ထွေးလှတဲ့ ခေတ်မှာ ဖြစ်ပါတယ်။ ကျားဖြူကို တောင်နတ်အဖြစ် ကိုးကွယ်တဲ့ ပိုင်ထိုရွာမှာ ကံကောင်းခြင်းချီးမြှင့်ဖို့ ဆုတောင်းတဲ့ပွဲမှာ ကျားဖြူတစ်ကောင် ရုတ်တရက်ရောက်လာပြီး ရွာသူရွာသားတွေကို တိုက်ခိုက်ပါတော့တယ်။ အဲ့ဒါကြောင့် ရွာသူရွာသားတွေဟာ ပိုင်ထိုရွာက အတော်ဆုံး မုဆိုးဖြစ်သူ ချူကျန်းကို ကျားဖြူကို ဖမ်းဆီးသတ်ဖြတ်ဖို့ တောင်းဆိုကြပါတယ်။ ချူကျန်းတစ်ယောက် ကျားဖြူကို ဖမ်းဆီးနိုင်ပါ့မလား…… ကျားဖြူကြီးက ရွာသားတွေကို လိုက်လံသတ်ဖြတ်နေခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းရင်းမျိုးတွေရှိနေမလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
The Tiger King Returns
Justice League: Crisis on Infinite Earths Part Three

DC ရဲ့ စူပါဟီးရိုး ကာတွန်းကားအသစ်လာပါပြီ။ ဇာတ်ကောင်အစုံနဲ့ ဇာတ်လမ်းကောင်းကောင်းနဲ့မို့ ရုပ်ရှင်အစစ်ကြီးလိုပဲ ခံစားလို့ကောင်းပါတယ်။ Flash စီးရီးကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းကျောရိုးကို သိနေမှာပါ။ အပြိုင်စကြဝဠာအားလုံးကို ဖျက်ဆီးမဲ့ အန်တိုင်မက်တာ၊ အန်တီမက်တာဆိုတဲ့ လှိုင်းကြီးတစ်ခုပေါ်လာပြီး စကြဝဠာတွေကို တစ်ခုပြီး တစ်ခု ဖျက်ဆီးလာပါတယ်။ ဒါကိုမှ စကြဝဠာအားလုံးကို စောင့်ကြည့်ရုံပဲကြည့်ပြီး ဘာမှမလုပ်ရတဲ့ မော်နီတာက မနေနိုင်တော့ဘဲ စူပါဟီးရိုးတွေကိုစုစည်းပြီး အန်တိုင်မက်တာကို တားဖို့ ကြိုးစားပါတော့တယ်။ ဒီနေရာမှာ ထုံးစံအတိုင်း အဓိကဖြစ်လာတာကတော့ဖလက်ရှ်ပါပဲ။ အချိန်ခရီးသွားတာနဲ့ စကြဝဠာခရီးသွားတာတွေကို တစ်ယောက်တည်းလုပ်နိုင်နေတဲ့ ဖလက်ရှ်ဟာ ဒီကိစ္စရဲ့အစအလယ်အဆုံးမှာ ပတ်သတ်နေပြီး အခြားစူပါဟီးရိုးတွေနဲ့အတူ စကြာဝဠာအားလုံးကို ကယ်တင်ဖို့ ကြိုးစားရပါတော့တယ်။ စူပါဟီးရိုးတွေကတော့ ဂျက်စတစ်လိအပြင် DC ဖန်တွေကြိုက်တဲ့ အခြားကာရိုက်တာတွေပါ ပါနေသေးတာမို့ အတော်မြိုင်မြိုင်ဆိုင်ဆိုင်ကြည့်ရပါလိမ့်မယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Animation, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

0 2024
Justice League: Crisis on Infinite Earths Part Three
Amiko
7

Amiko (2022) ~ IMDb – 7/10, MyDramaList – 7.5/10 ~ ဟီးရိုရှီးမားမြို့မှာနေတဲ့ အာမီကိုဆိုတဲ့ ဆယ်နှစ်အရွယ် ကလေးမလေးတစ်ယောက်က တစ်ခြားကလေးတွေနဲ့မတူ စာသင်နေတုန်းသီချင်းဆိုတာတို့ ခြေဗလာနဲ့လျှောက်သွားနေတာတို့စတဲ့ ထူးဆန်းတဲ့အပြုအမူတွေကိုလုပ်လေ့ရှိသူပါ။ သူ့မှာ အစ်ကိုတစ်ယောက်ရယ်၊ လူတိုင်းအပေါ် သဘောကောင်းတဲ့အဖေရယ်၊ အိမ်မှာပဲ လက်ရေးလှသင်တန်းကျောင်းဖွင့်ထားတဲ့ ကိုယ်ဝန်ဆောင်သူ့အမေရယ် ရှိတယ်။ အာမီကိုက သူနဲ့အတန်းတူတဲ့ နိုရီ-ကွန်ဆိုတဲ့ကောင်လေးကို ကြိုက်နေတယ်။ ရိုးသား၊ အလွန်းလှတဲ့အာမီကိုရဲ့ အပြုအမူအချို့က တစ်ခါတရံ လူတွေကို စိတ်ဒုက္ခရောက်စေတတ်ပါတယ်။ အဲဒါကြောင့်ပဲ အာမီကိုရဲ့မိသားစုဘဝလေးက စိတ်မချမ်းသာစရာဖြစ်သွားခဲ့ရပါတယ်။ အာမီကို ဆိုတဲ့ကလေးမလေးတစ်ယောက်ရဲ့အပြုအမူ၊ အပြောအဆိုတွေကနေတစ်ဆင့် လူ့ဘောင်ထဲကမိသားစုမျိုးစုံထဲကမှ ရှိလေ့ရှိထ၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိသားစုတစ်စုရဲ့ဇာတ်ကြောင်း၊ ကလေးတစ်ယောက်ကို ရှုပ်တယ်ဆိုပြီး လျစ်လျူရှုတတ်တဲ့ ပတ်ဝန်းကျင်အကြောင်းကို လက်တွေ့နဲ့မကင်းကွာအောင် ရိုက်ပြထားပါတယ်။ ၂၀၁၁ ခုနှစ်မှာ Natsuko Imamura ရေးသားထုတ်ဝေခဲ့တဲ့ “Kochira Amiko” ကို ဒါရိုက်တာ Yusuke Morii က သူ့ပွဲဦးထွက်ဇာတ်ကားရှည်အနေနဲ့ သူကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ရိုက်ကူးခဲ့ပါတယ်။ အာမီကိုလေးကို ပရိသတ်တွေ စုတ်သပ်လာအောင် သနားချင်လာအောင် အားမလိုအားမရဖြစ်လာအောင် ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့ပြတဲ့သူကတော့ ကလေးသရုပ်ဆောင် Kana Osawa ဖြစ်ပါတယ်။ သူ့ပွဲဦးထွက်ဇာတ်ကားလို့ မထင်ထားရလောက်အောင် သရုပ်ဆောင်ကောင်းပြီး တော်တော်လေး အရည်အချင်းရှိတယ်ပြောရမလားပဲ။ Yusuke Morii ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ Route 29 (2024) ထဲမှာလည်း Kana Osawa ဟာ အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်ဦးမှာဖြစ်ပါတယ်။ Kana Osawa ကို ကြည့်ရင်း Monster (2023) ထဲက Hinata Hiiragi နဲ့ Soya Kurokawa တို့ကို သွားသတိရမိပါတယ်။ သူတို့တွေက သရုပ်ဆောင်ကောင်းကြလွန်းတဲ့ တက်သစ်စကလေးသရုပ်ဆောင်လေးတွေဆိုတော့ နောက်ထပ်ဇာတ်ကားသစ်တွေထဲမှာ ဘယ်လိုဇာတ်ကောင်တွေကို ပီပီပြင်ပြင် သရုပ်ဆောင်ပြမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – BluRay 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 44Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

7 2022 104 mins
Amiko
A Burning Hot Summer
5

A Burning Hot Summer (2011) ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ ဂန္ဓဝင်အလှတရားပိုင်ရှင်မမကြီး မော်နီကာရဲ့ဇာတ်ကားဟောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ရောမရဲ့နွေရာသီတစ်ခုက စုံတွဲနှစ်တွဲဖြစ်တဲ့ ပန်းချီဆရာဖရက်ဒရစ်နဲ့ သူ့ရဲ့နာမည်ကျော်ရုပ်ရှင်မင်းသမီးဇနီးချော အိန်ဂျယ်၊ နောက်တော့ သူတို့ရဲ့ဖိတ်ခေါ်မှုနဲ့အိမ်ကိုရောက်လာတဲ့ ဖရက်ဒရစ် သူငယ်ချင်း ပေါလ်နဲ့သူ့ကောင်မလေး အဲလိဇဘတ်တို့ကိုအခြေခံပြီး အချစ်၊ပေါင်းသင်းဆက်ဆံရေးနဲ့လူသားတွေရဲ့စိတ်သဘောတွေကို နှီးနွယ်တင်ပြထားတာဖြစ်ပါတယ်။ အီတလီဇာတ်ကားတွေထုံးစံအတိုင်း အေးအေးငြိမ့်ငြိမ့်နဲ့ cinematography လှလှ မင်းသမီးလှလှတွေကိုတစ်၀ငေးရမယ့် ဇာတ်ကားပါပဲ။

Crime • Thriller
5 2011 95 mins
A Burning Hot Summer
A Poem in Love
5.9

လောကကြီးမှာ တစ်ယောက်သောအတွက်နဲ့တစ်ဘဝလုံးသစ္စာရှိပြီးချစ်ပေးခဲ့တဲ့အချစ်မျိုးမှာ တစ်ဖက်ကလည်းသစ္စာရှိရှိပြန်ချစ်ပေးခဲ့မယ်ဆိုရင်တော့ပျော်ရွှင်စရာအချစ်မျိုးပိုင်ဆိုင်နိုင်ပေမဲ့ ပြန်မရတဲ့အခါမှာတော့နာကျင်မှုတွေခံစားရတတ်ကြတာပါပဲ။ အမြဲတမ်းတက်ကြွထက်မြတ်ပြီး ပုံပြင်နဲ့ကဗျာကိုရေးသားစပ်ဆိုရတဲ့ ရှောင်ရှီးဆိုတဲ့မိန်းကလေးမှာ ကဗျာကိုရူးသွပ်လွန်းပြီ းကိုယ့်ကိုယ်အထင်ကြီးလွန်းတဲ့ခန်းဆိုက်ဆိုတဲ့ကောင်လေးနဲ့ ငယ်စဉ်တည်းက အတူတူကြီးပြင်းကြတဲ့ ငယ်ပေါင်းကြီးဖော်တွေဆိုပေမဲ့ ခန်းဆိုက်ကတော့ရှောင်ရှီးကို နှလုံးသားထဲက နတ်သမီးလေးတစ်ပါးလို အမြတ်တနိုးတန်ဖိုးထားတာပေါ့။ ဘွဲ့ရပြီးနောက်မှာ ကဗျာစပ်ဆိုဖို့အတွေးအခေါ်တွေရှာဖို့အတွက်နဲ့ ခန်းဆိုက်တစ်ယောက်အေးချမ်းလှတဲ့တောင်ပေါ်ဒေသလေးဆီထွက်သွားတဲ့အချိန်မှာ ရှောင်ရှီးကလည်း တစ်လျှောက်လုံးလိုက်ဖြည့်ဆည်ပေးခဲ့တယ်။ ဒီလိုနဲ့အဲ့ဒေသလေးမှာ အတူတူဖြတ်သန်းကြရင်းကိုယ့်ရဲ့ စိတ်အားထက်သန်လှတဲ့အိမ်လေးတစ်လုံးကို ရှာတွေ့သွားကြပြီး ထောင်လဲ့လို့အမည်ပေးခဲ့တာပေါ့။ တစ်ဘဝလုံးစာရင်းပြီး ချစ်ပေးနေတဲ့ရှောင်ရှီးနဲ့ ရှောင်ရှီးကိုလည်းမြတ်မြတ်နိုးနိုးချစ်နေတဲ့ ခန်းဆိုက်နှစ်ဦးသားကြားမှာ တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေကမပွင့်လင်း မပြောထွက်ရဲလာကြတဲ့အခါမှာခံစားချက်တွေ ဝေဝါးလာခဲ့ကြတဲ့အချိန်မှာတော့ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ဒီတော့ အချစ်ရဲ့နာကျင်မှုဆိုတာတစ်ခါတစ်ရံမှာ ကိုယ့်ဘက်ကခံစားချက်ကိုရဲရဲဝံ့ဝံ့ထုတ်မပြတော့တဲ့အခါ တစ်ယောက်သောသူကို လက်လျှော့မလား။ရှေ့ဆက်တိုးမလားဆိုတဲ့ရွေးချယ်စရာတွေ အတွေးပေါင်းများစွာဖြစ်ပေါ်လာတတ်တာကိုဖော်ကျူးရိုက်ကူးထားတာကြောင့် ဒီဇာတ်ကားလေးကို စောင့်မျှော်ကြည့်ရူလိုက်ရအောင်

Action • Comedy
5.9 2024
A Poem in Love
Blue Spring Ride
6.1

Blue Spring Ride (2014) ************************ IMDb…..6.1 “ငါတို့အားလုံးအတူတူ ကြည့်ခဲ့ရတဲ့ ဒီနေထွက်ချိန်လေးကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး” “အမှားလုပ်မိနေတာကိုက ဆယ်ကျော်သက်လူငယ်ဖြစ်နေလို့ပါပဲ” ဇာတ်လမ်းအကျဉ်း ယိုရှီအိုကာ ဖူတာဘာ အလယ်တန်းကျောင်းတက်နေစဉ်က ခို့တာနခ(ခို့မာဘူချီ) နဲ့ ကျောင်းမှာ ရင်းနှီးခဲ့ကြပါတယ်။ သာမန်ထက် ခံစားချက်ပိုလာသူ ခို့ဟာ ဖူတာဘာနဲ့ တွေ့ဖို့ ချိန်းထားခဲ့ပေမဲ့ မလာခဲ့ပါဘူး။ အဲဒီနေ့ကစပြီး ဖူတာဘာရဲ့ဘေးကနေ ခို့ပျောက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းမရှိဘဲ နေလာခဲ့တဲ့ ဖူတာဘာဟာ အထက်တန်းရောက်တဲ့အချိန်မှာ သူငယ်ချင်းရဖို့ ကြိုးစားလိုက်လျောပြီး နေခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီအချိန်မှာပဲ ခို့က ဖူတာဘာတို့ကျောင်းကို ပြန်ပြောင်းလာတဲ့အတွက် ပြန်ဆုံခွင့်ရခဲ့ပါတယ်။ ၄ နှစ်ကြာပြီးမှ ပြန်တွေ့ခဲ့ရတဲ့ ခို့ကို မေးစရာအများကြီးရှိနေပေမဲ့ ခို့ရဲ့ အေးစက်တဲ့ပုံစံတွေကြောင့် ဖူတာဘာလည်း ဇဝေဇဝါ ဖြစ်နေခဲ့ပါတယ်။ ခို့က ဖူတာဘာကို သူငယ်ချင်းအယောင်ဆောင်များနဲ့ သူငယ်ချင်းအစစ်အကြောင်းသိအောင် လမ်းပြပေးခဲ့ပါတယ်။ အထက်တန်းပထမနှစ်တွေထဲမှ အတန်းခေါင်းဆောင်သင်တန်းတက်ရောက်ဖို့စာရင်းတောင်းချိန်မှာ သူငယ်ချင်းအရင်းတွေရဖို့ နည်းလမ်းရှာနေသူ ဖူတာဘာ က စာရင်းပေးလိုက်တဲ့အခါ… ဖူတာဘာ မျှော်လင့်သလို သူ့ရဲ့ဆယ်ကျော်သက်ကျောင်းသားဘဝမှာ သူငယ်ချင်းအရင်းအချာများရလာပြီး အမှတ်တရအချိန်တွေ ဖန်တီးနိုင်မလား… Blue Spring Ride သည် ဘဝရဲ့ ပထမဆုံးအချစ်၊ သူငယ်ချင်းအချစ်၊ မိသားစုပြဿနာများနဲ့ ဆယ်ကျော်သက် လူငယ် ကျောင်းသား၊ ကျောင်းသူများရဲ့ ခံစားချက်အပေါ် ဖြေရှင်းကြပုံများ၊ လူငယ်ဘဝတွေကို တစ်သက်တာ အဖိုးတန်အမှတ်တရအဖြစ် သိမ်းထားနိုင်ဖို့ ကြိုးစားကြပုံများနဲ့ ဖန်တီးထားသည့် လူငယ်ပညာပေးဇာတ်လမ်း အမျိုးအစားဖြစ်ပါတယ်။ “Ao Haru Ride” Manga ကို ရုပ်ရှင်အဖြစ် ဆန်းသစ်ဖန်တီးပေးထားတဲ့ ဇာတ်လမ်းရုပ်ရှင်ကောင်းတစ်ပုဒ်ဖြစ်လို့ ကြည့်ရှုခံစားစီးမျောနိုင်ရန် တင်ဆက်ပေးလိုက်ပါတယ်။ (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Dao Phyo ပဲ ဖြစ်ပါတယ်။) File Size : 1.83GB/ 840MB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:34:00 Genre : Comedy, Romance, Youth, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Tiff

Thriller • Drama • Crime • Action
6.1 2014 122 mins
Blue Spring Ride
The Mayor
6.5

The Mayor (2017) ***************** ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။ သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ ဒီလိုနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဗြောင်ဂျုံဂူဟာ အတိုက်အခံပါတီတွေကြားထဲကနေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ စတင်ကြိုးစားပါတော့တယ်…။ ဇာတ်လမ်းတစ်ခုလုံးကတော့ ရွေးကောက်ပွဲစတင်ချိန်ကနေ ပြီးဆုံးတဲ့အထိ ရွေးကောက်ပွဲ ခရီးစဉ်တစ်လျှောက်လုံးကို ရိုက်ပြထားတာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကြားက အကျင့်ပျက်ခြစားမှုတွေ အကျပ်ကိုင်ခြိမ်းခြောက်မှုတွေ သစ္စာဖောက်မှုတွေလိုမျိုး နိုင်ငံရေးအရှုပ်အထွေးကြီး တစ်ခုလုံးကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.7GB / 823MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 10 min. Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama
6.5 2017 130 mins
The Mayor