YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Once.Upon.A.Time.In.China.II.1992.720p.BluRay.(CM).mp4

1.19 GB 720p video/mp4 533 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
Cheaper by the Dozen
6.5

Walt Disney Pictures ကနေထုတ်လုပ်တဲ့ မိသားစုဟာသ ကားသစ်လေးထွက်လာပါပြီ နာမည်ကြီး မင်းသားမင်းသမီးကြီးတွေ casts ပေါင်းများစွာသုံးပြီး ရိုက်ကူးထားတဲ့ ဒါရိုက်တာဇာတ်ညွှန်းရေးဆရာမ Gail Lerner ရဲ့ ကားသစ်လေး~ "Cheaper by the Dozen"... ကလေးရောလူကြီးရော ကြည့်နိုင်တဲ့ ကားကောင်းလေးဖြစ်တဲ့အပြင် ဒီကားသစ်လေးကို အရင် ၁၉၅၀ နဲ့ ၂၀၀၃ ကထွက်ခဲ့တဲ့ နာမည်တူ ကားဟောင်းကြီးတွေကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတာဖြစ်ပါတယ် အရင်ကားတွေနဲ့မတူဘဲ ခေတ်အလိုက်ပြောင်းလဲသွားတဲ့သဘာဝတွေကိုမြင်တွေ့ရမှာဖြစ်ပြီး တကယ့်လူနေမှုဘဝကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ် လူတိုင်းမှာ အိပ်မက်ကိုယ်စီရှိကြပါတယ် လူတိုင်းနီးပါး ကိုယ့်အိပ်မက်ကို တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည်ဖော်ချင်ကြမှာပါပဲ ဒီကားလေးမှာလည်း မိသားစုဝင်တွေအကုန် ကိုယ်စီအိပ်မက်ရှိကြပြီး ကိုယ့်အိပ်မက်အတွက် ရေကုန်ရေခမ်းကြိုးစားကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ် ဒါပေမဲ့ တစ်ခါတလေမှာတော့ ကိုယ်တွေးထားတဲ့ အိပ်မက်က ကိုယ်တွေနဲ့ မကိုက်တဲ့ အရာတစ်ခု/ ဖြစ်လာတာတောင် မပျော်ရွှင်ရတဲ့ အရာတစ်ခုဖြစ်လာတတ်ပါတယ် ဒီလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေ မိသားစုတွေနဲ့ တိုင်ပင်ပြီး စည်းလုံးမှုကိုပြထားတဲ့ ကားလေးဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Paul Baker (Zach Braff) နဲ့ Kate Baker(Erika Christensen) တိုဇနီးမောင်နှံမှာ သမီးနှစ်ယောက်ရှိပြီး မွေးစားသားလေးလည်း တစ်ယောက်ရှိပါတယ် သူတိုနှစ်ယောက် အဆင်မပြေမှုတွေကြောင့် နှစ်ဦးသဘောတူ ကွာရှင်းဖို ဆုံးဖြတ်ခဲ့ကြပါတယ် ဒါပေမဲ့ သူတို့ သူငယ်ချင်းအဖြစ်ဆက်ရှိနေကြပြီး Kate က ကလေးတွေကို ကူထိန်းပေးခဲ့တယ် Zoey Baker(Gabrielle Union) ကတော့ Dom Clayton(Timon Durrett) နဲ့ သားတစ်ယောက် သမီးတစ်ယောက်ရခဲ့ပြီး အိမ်ထောင်ရေးကိုအဆုံးသတ်ခဲ့တယ် သိပ်မကြာခင်မှာ သူမနဲ့ Paul Baker တို့ တွေ့ဆုံခဲ့ကြပြီး မိသားစုတစ်စုအဖြစ် ပေါင်းစည်းခဲ့ကြတယ် အဲလိုနဲ့ အမွှာ ၂ ယောက် ၂ ခါရခဲ့ပြီး အကြီးဆုံး Bakers မျိုးရိုးမိသားစုကြီးဖြစ်လာခဲ့တယ် မိသားစုအရိပ်ရဲ့ အေးမြမှု စည်းလုံးညီညွတ်မှုနဲ့ တစ်ဦးပေါ်တစ်ဦး မှီခိုရိုင်းပင်းနေရတယ်ဆိုတာကို ဖော်ပြထားတဲ့ ကားကောင်းလေးဖြစ်ပါတယ် "ကိုယ်ချစ်တဲ့သူအတွက် အကောင်းဆုံးလက်ဆောင်က သူလိုအပ်နေတဲ့အချိန်မှာ အမြဲဘေးမှာရှိနေပေးတာပါ" CM ပရိတ်သတ်ကြီးလည်း ကိုယ့်အတွက်အရေးအကြီးဆုံးအရာ ကိုယ်ပျော်ရွှင်စေမယ့် တကယ့်အရာကို သိမြင်နိုင်ဖို့နဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ ဘေးမှာ "မိသားစု" ဆိုတဲ့အဓိပ္ပာယ်ကို နားလည်စေဖို့ ဆုတောင်းပေးရင်း ဒီကားလေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing Khin ပဲ ဖြစ်ပါတယ်။ Genre..... Adventure, Comedy, Family Quality….WEB-DL 1080p and 720p and 480p File size…1.5GB and 782MB and 293MB Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hardsub) Translator ..... Khaing Khin Encoder ..... August

Crime • Thriller
6.5 2022 107 mins
Cheaper by the Dozen
Wonder Woman
7.2

DCEU ရဲ့ လေးကားမြောက် ရုပ်ရှင် ဖြစ်တဲ့ Wonder Woman ရုပ်ရှင်ပါ။ Box Office မှာ နံပါတ်တစ်ချိတ်ခဲ့ပြီး ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုတွေနဲ့ ပရိသတ်တွေ အားပေးမှုအပြည့်ရထားပါတယ်။ သူ့ကိုတော့ Batman vs Superman မှာ မြင်ဖူးခဲ့ပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒိုင်ယာနာ ရဲ့ ငယ်ဘဝနဲ့ လူ့လောကထဲကို ပထမဆုံးခြေချချိန် စွန့်စားခန်းတွေကို တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဒိုင်ယာနာဟာ လူတွေသာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ ကျွန်းတစ်ကျွန်းမှာ နတ်ဘုရားတွေဖန်ဆင်းထားတဲ့ အမေဇုံလို့ခေါ်တဲ့ စစ်သည်တော်တွေလက်ထဲမှာ မွေးဖွားကြီးပြင်းလာသူပါ။ ဒိုင်ယာနာဟာ ဘုရင်မ ဟစ်ပိုလီတာရဲ့ သမီးတော်လည်း ဖြစ်ပါတယ်။ အဲဒီကျွန်းမှာ ယောကျာ်းတစ်ယောက်မှ မရှိပါဘူး။ တစ်နေ့မှာတော့ပထမကမ္ဘာစစ်ထဲက လေယာဉ်မှုးတစ်ယောက် လေယာဉ်ပျက်ကျပြီး ပင်လယ်ထဲ ပြုတ်ကျလာတာကို ကယ်တင်မိပြီး ကမ္ဘာစစ်ကြီးအကြောင်းကို ပထမဆုံးကြားသိသွားပါတော့တယ်။ အမေဇုံတွေဟာ ကမ္ဘာကြီးကို စစ်နတ်ဘုရားလက်က ကယ်တင်ဖို့လို့ ယုံကြည်ထားတဲ့ ဒိုင်ယာနာဟာ လေယာဉ်မှုး ဗိုလ်ကြီး စတိ ထရီဗာနဲ့အတူ လူတွေရဲ့ လောကကြီးထဲကို ခြေချပြီး စစ်ပွဲကြီးတစ်ခုလုံးကို သူယုံကြည်သလို ရပ်တန့်ဖို့ကြိုးစားပါတော့တယ်။ (ဘာသာပြန်သူကတော့ Littleneo ဖြစ်ပါတယ်) File Size : (2.46 GB) and (1.10 GB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 2hr 21min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Littleneo Encode by Thanhtike Zaw

Action • Thriller
7.2 2017 141 mins
Wonder Woman
The Drop
5

သမီးရည်းစားလင်မယားတွေအနေနဲ့ လက်ထပ်ကြမယ် ဒါမှမဟုတ် လက်ထပ်ပြီးခဲ့ပြီရှိသော် နောက်ထပ်တက်လှမ်းရမယ့် အဆင့်တွေထဲက တစ်ခုကတော့ သားသမီးထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ခေါင်းစဉ် Drop ဆိုတဲ့အတိုင်း မန်နီနဲ့ လက်စီတို့ လင်မယားဟာ ကျွန်းပေါ်မှာ ကျင်းပမယ့် သုငယ်ချင်း မင်္ဂလာဆောင်ကို လာကြရင်း မယားဖြစ်သူ လက်စီက သူများကလေးကို ပွေ့ချီထားရင်း လွတ်ကျမိတာကနေ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ ဇနီးဖြစ်သူရဲ့ ကလေးတစ်ယောက်ကို လက်လွတ်စပယ်လွတ်ကျမှုဟာ မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါရဲ့လားဆိုတာကနေ ဇာတ်လမ်းကို ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီကားကို လင်မယားတွေ သမီးရည်းစားတွေအနေနဲ့ သင်ခန်းစာလည်းရ အပန်းလည်းပြေအောင် ကြည်သင့်တယ်လို့ အကြံပြုပါရစေ File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2022
The Drop
The Legend of Awesomest Maximus
4.8

The Legend of Awesomest Maximus (2011) ============================== (လိင်ပိုင်းဆိုင်ရာ အသုံးအနှုန်းတွေနဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင် တာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်တဲ့ဇာတ်ကားအဖြစ် ကြိုတင်သတိပေးပါရစေ။) နာမည်ကြီးရုပ်ရှင်ဇာတ်ကားတစ်ခုကို ဟာသဗားရှင်းအနေနဲ့ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေကို ပရိသတ်တွေ ကြည့်ဖူးကြမှာ သေချာပါတယ်။ ဒီဇာတ်ကားဟာလည်း လောကကြီးကို ဟာသအမြင်နဲ့ ရှုမြင် တတ်တဲ့ လူတွေရဲ့စိတ်ကူးတွေကို ပေါင်းစပ်ဖန်တီးထားတဲ့ ရုပ်ရှင်တစ်ခု လို့ ဆိုရပါလိမ့်မယ်။ နာမည်ကြီးရောမခေတ် ဇာတ်ကားတွေကို ရောသမမွှေထားပြီး ကိုယ်အကြိုက်ဆုံး ဇာတ်ဝင်ခန်းတစ်ခု ပေါ်လာတိုင်း Leonardo Pointing Meme လိုမျိုးပဲ “ဒါက ဟိုကားထဲက. ဟိုကားထဲက” ဆိုပြီး ထအော် နိုင်ဖို့ The Legend of Awesomest Maximus ဆိုတဲ့ ဇာတ် ကားကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေး လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.9 GB) / (857 MB) / (500 MB) Quality…………BLU-RAY 1080p / 720p / 480P Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy Translator…….Sai Sumali Encoder……….SWM

4.8 2011 87 mins
The Legend of Awesomest Maximus
Prime Time
5.2

Prime Time (2021) 1999 ခုနှစ်ကနေ နောက်ထပ် ထောင်စုနှစ်တစ်ခုဖြစ်တဲ့ သက္ကရာဇ် 2000 ကိုပြောင်းတော့မယ့် New Year Eve တစ်ညမှာ ပိုလန်နိုင်ငံရဲ့ TV show တစ်ခု Broadcast နေစဉ်မှာ Studio ထဲကို လက်နက်ကိုင်တစ်ယောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Sebastian ပါ။ သူရဲ့ ရည်ရွယ်ချက်ဟာ ဒီလို နှစ်တစ်ထောင်မှတစ်ခါ ကြုံတဲ့ ကြီးကျယ်လှတဲ့ နှစ်သစ်ကူးပြောင်းမယ့်တစ်ရက်မှာ တီဗွီအစီအစဉ်မှာ စကားတစ်ခွန်းပြောချင်တာဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ရည်ရွယ်ချက်ကိုမသိတဲ့ Broadcast အဖွဲ့သားတွေနဲ့ သူဖြစ်ချင်တဲ့အရာရဲ့ Conflict ဟာ Crisis တစ်ခုပါပဲ။ ဒီလို Drama ဆန်တဲ့ Mild Thriller ဇာတ်ကားလေးရဲ့အဆုံးသတ်မှာ Sebastian ဟာ ဘာတွေဆက်လုပ်သွားမလဲဆိုတာတော့ ဆက်လက်ရှုစားဖို့လိုပါလိမ့်မယ်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 715MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 33Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Drama • Crime
5.2 2021 93 mins
Prime Time
Trading Places
7.5

Trading Places (1983) ~ IMDb – 7.5/10, RT – 88%, Meta – 69% ~ ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး အက်ဒီ မာဖီ ရဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်လိုက်ချင်ပါတယ်။ နှယ်နှယ်ရရဇာတ်ကားတော့ မဟုတ်ပါဘူး။ ကုန်သွယ်မှု မသမာတိုက်ဖျက်ရေးမှာ အရေးတကြီးအဆိုတင်သွင်းတော့ ဒီဇာတ်ကားကို မှီငြမ်းပြုခဲ့တာပါ။ ဒီဇာတ်လမ်းကို မကြည့်ခင်မှာ Trading Places လို့ခေါ်တဲ့ ကြိုပွိုင့်ရောင်းဝယ်ရေးကို အရင်နားလည်ထားရင် ပိုကောင်းမယ်ထင်ပါတယ်။ ကျွန်တော်နားလည်သလောက် ရှင်းပြပါရစေ။ စီးပွားရေးပညာရှင်မဟုတ်လို့ လွဲမှားတာတွေ ပါနိုင်ပေမဲ့ တီး‌မိခေါက်မိဖြစ်သွားရင် ဇာတ်ကားကို ပိုသဘောပေါက်နိုင်ပါတယ်။ ကုန်ပစ္စည်းတွေကို တကယ်တမ်း အရောင်းအဝယ်မလုပ်ခင်မှာ ကြိုပွိုင့်အနေနဲ့ အရင်ရောင်းဝယ်ကြပါတယ်။ ဂျုံရောင်းဝယ်ရေးအတွက်ဆိုရင် ဂျုံတွေကို မစိုက်ရသေးခင်မှာပဲ အရောင်းအဝယ်ကတော့ ဖြစ်နေပါပြီ။ ဈေးလည်း သတ်မှတ်ပြီးသားပါ။ ကျွန်တော်တို့နိုင်ငံလို ငွေဈေးမတည်ငြိမ်ရင်တော့ ခွေးဖြစ်မယ့်ကိန်းပေါ့လေ။ ဒါပေမဲ့ သူတို့ဆီမှာတော့ အလုပ်ဖြစ်တယ်ဗျ။ ဂျုံရောင်းရေး ဂျုံဝယ်ရေး စာချုပ်တွေက ဈေးကွက်စချိန်မှာပဲ ရောင်းဝယ်ပြီးကြပါပြီ။ ကိုင်ထားတာကတော့ ပွဲစားတွေပေါ့။ သူတို့ဆီကနေမှ တကယ့် ကုန်သည်တွေ လယ်သမားတွေက စာချုပ်တွေမှာပြီး ကုန်ပစ္စည်းနဲ့တကွ ရောင်းဝယ်ရတာပါ။ ဒီတော့ ရောင်းသူဖြစ်ဖြစ် ဝယ်သူဖြစ်ဖြစ် မြတ်စွန်းအောင် ပွဲခံပေးနိုင်တဲ့ ပွဲစားတွေက လူကြိုက်များ အလုပ်ဖြစ်တာပေါ့လေ။ ဒီဇာတ်ကားကို ရိုက်ကူးမယ်လုပ်တုန်းက အခြားသရုပ်ဆောင်တွေကို မှန်းထားကြတာ။ ဒါပေမဲ့ Dan Aykroyd ရယ် Eddie Murphy ရယ် ဝင်လိုက်ရတယ်ပေါ့။ ကျွန်တော်တို့ မာဖီ ကြီးက အဲဒီတုန်းက အကောင်မဖြစ်သေးဘူး။ သူ့ရဲ့ အောင်မြင်ခဲ့တဲ့ကားတွေထဲက ဒုတိယကားပဲရှိသေးတယ်။ ပြီးတော့ ဒုတိယမင်းသားအနေနဲ့ ပါဝင်ရတာ။ ဒါပေမဲ့ မင်းသားနေရာပေးပုံကတော့ ဇာတ်လမ်းအရ ဇာတ်ကွက်အရ အတူတူပါပဲ။ နှစ်ယောက်လုံး လုပ်ကွက်ရကြတယ်။ ဟာသပိုင်းကိုတော့ မာဖီကြီးပဲ သယ်ရတာပါလေ။ ဒီဇာတ်ကားက ဟာသဆိုတာထက် သရော်တဲ့ဇာတ်ကားပါ။ အရင်းရှင်စနစ်ရဲ့ လက်ဝါးကြီးအုပ်မှုတွေကြားမှာ မလူးသာရတဲ့ကြားထဲ ဩဇာရှိ ပွဲစားကြီးတွေရဲ့ မသမာလုပ်မှုကြားမှာ ချမ်းသာပြီးသားသူတွေပဲ ချမ်းသာရတဲ့အကြောင်း ပညာပေးရိုက်ပြထားသလိုပါပဲ။ ဇာတ်ကားက ကြည့်သူရော ဝေဖန်သူရော အကြိုက်တွေ့ခဲ့ပြီး အမြတ်အစွန်းကြီးတဲ့ဇာတ်ကားတွေထဲလည်း ပါခဲ့ပါတယ်။ ဇာတ်လမ်းကတော့ ပွဲစားညီနောင်နှစ်ယောက်က သူတို့အချင်းချင်း အပျော်သဘော လောင်းကစားလုပ်ကြတယ်။ သူတို့ငြင်းခုန်နေတာက လူတစ်ယောက် ကောင်းစားရေးဟာ မျိုးရိုးဗီဇနဲ့ဆိုင်သတဲ့။ ပြိုင်မြင်းတွေလိုပဲ မွေးကတည်းက အပြေးမြန်နေတဲ့ကောင်မျိုးတွေပေါ့။ တစ်ယောက်ကတော့ မျိူးရိုးဗီဇနဲ့မဆိုင် ပတ်ဝန်းကျင်နဲ့ဆိုင်သတဲ့။ ဒီတော့ သူတို့လုပ်ငန်းက မန်နေးဂျင်း ဒါရိုက်တာတစ်ယောက်ကို လမ်းဘေးမှာ လိမ်ညာတောင်းစားနေတဲ့ သတောင်းစားတစ်ယောက်နဲ့ နေရာချင်းလဲပစ်လိုက်ပါလေရော။ မျိုးရိုးကောင်းတဲ့ မန်နေဂျာကောင်ကို လမ်းဘေးပို့လိုက်လို့ ရာဇဝတ်ကောင်ဖြစ်သွားရင်၊ သူတောင်းစား ကုမ္ပဏီထဲရောက်လာပြီး လုပ်ငန်းတွေ လည်ပတ်နေနိုင်ရင် ပတ်ဝန်းကျင်သမားက နိုင်မယ်ပေါ့လေ။ ဒီလိုနဲ့ မန်နေဂျာမင်းသားနဲ့ သူတောင်းစားမင်းသားတို့ နေ့ချင်းညချင်း ဘဝတွေပြောင်းပြန်ဖြစ်ကုန်ပြီး ပရမ်းပတာတွေဖြစ်လာတဲ့အခါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 920MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 56Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 1983
Trading Places
My Love
6.2

ဒီတစ်ခါတော့ CMကနေ ၂၀၁၈ကထွက်ထားတဲ့ ကိုရီးယားကား On Your Wedding Dayကို ပြန်လည်ရိုက်ကူးထားတဲ့ တရုတ်အချစ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နော် ဒီကားလေးကတော့ မိန်းကလေး တစ်ယောက်တည်းကိုပဲ မပြောင်းလဲဘဲ ၁၅နှစ်တာလုံးချစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ရိုမန့်ကားလေးပါ ဇာတ်ကြောင်းလေးကတော့… ကျိုးရှောင်ချီဆိုတဲ့ကောင်လေးက ကျောင်းမှာ အမြဲတမ်းရန်ဖြစ် ကျောင်းလစ်နေကျ ကောင်ဆိုးလေးတစ်ယောက်ပါ သူ့အသက် ၁၇နှစ်အရွယ်မှာပဲ ရှောင်ချီဟာ ကျောင်းပြောင်းကျောင်းသူလေး ယိုယုံစစ်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် အဲ့နောက်မှာတော့ ရှောင်ချီတစ်ယောက် ယုံစစ်နောက်ကနေ တကောက်ကောက်လိုက်ရင်း သူတို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်လာခဲ့ပါတယ် ဒီလိုနဲ့ သူတို့နှစ်ယောက်အတူတူ ပေါက်ကရတွေလုပ်ရင်း သူတို့သံယောဇဉ်တွေ တိုးလာပြီလို့ ရှောင်ချီတစ်ယောက်ထင်ခဲ့ပေမဲ့ အဲ့ဒါဟာ သူ့အထင်တစ်ခုသာဖြစ်နေခဲ့ပါတယ် တစ်နေ့မှာ ယုံစစ်တစ်ယောက် ရှောင်ချီကို နှုတ်ဆက်စကားတစ်ခွန်းပဲဆိုပြီး ထွက်သွားပြီးနောက်ပိုင်းမှာ ယုံစစ်နဲ့ ရှောင်ချီ ဘယ်လိုမျိုးပြန်တွေ့ ကြမလဲ ရှောင်ချီရဲ့ အချစ်တွေကရော ရောင်ပြန်ဟပ်လာမှာလားဆိုတာ ဆက်လက်ပြီးတော့ ကြည့်ရှုခံစားကြရမှာပါနော်

Drama
6.2 2021 115 mins
My Love
Zero Fucks Given
6.4

Zero Fuck Given(2021) ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကို အေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်.. Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်း မိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်… အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်း နိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ… နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာ အကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်… အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး… ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ.. ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 967MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

Drama • Comedy • Romance
6.4 2021
Zero Fucks Given
The Prince & Me 2: The Royal Wedding

The Prince & Me II : The Royal Wedding (2006) The Prince & Me (2004) ရဲ့ အဆက်အနေနဲ့ထွက်ရှိလာပြီးတော့ မင်းသမီးကတော့ ပထမဇာတ်ကားကမင်းသမီးမဟုတ်တော့ပါဘူး။ ဒိန်းမတ် မင်းသား အက်ဗာ့နဲ့ သူ့ရဲ့ချစ်သူ အမေရိကန်သူလေး ပေ့ဂ်ျ ‌မော်ဂန်တို့ရဲ့ တော်ဝင်မင်္ဂလာပွဲမလုပ်ခင် သုံးပတ်အလိုမှာ နော်ဝေးမင်းသား အဲဘတ်ရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်ကနေ ပြန်ပေါ်လာခဲ့တဲ့ အလယ်ခေတ်က ဥပဒေကြောင့် မင်္ဂလာပွဲဖျက်သိမ်းရတော့မလိုဖြစ်နေပါတယ်။ ဒီဥပဒေကတော့ ထီးနန်းဆက်ခံမဲ့မင်းသားဟာ ဆွေကြီးမျိုးကြီးထဲက အမျိုးကောင်းသမီးနဲ့ပဲ လက်ထပ်ရမယ့်ဥပဒေပါ။ အမေရိကန်သူ ပေ့ဂ်ျကတော့ ဆွေကြီးမျိုးကြီးမဟုတ်တဲ့အပြင် တော်ဝင်မျိုးရိုးလည်းမဟုတ်တာကြောင့် ‌မင်းသားနဲ့လက်ထပ်ဖို့ဆိုရင် ထီးနန်းစွန့်ရပါလိမ့်မယ်။ အခုလိုဘေးကြပ်နံကြပ်အခြေအနေမှာ ပေ့ဂ်ျနဲ့ အက်ဗာ့တို့နှစ်ယောက်လက်ထပ်နိုင်မဲ့ ကယ်ပေါက်ကို တွေ့ပါ့မလား၊ နော်ဝေးမင်းသားရဲ့အကြံအတိုင်း သူ့ရဲ့သမီး မင်းသမီးကာ့စတန်နဲ့ လက်ထပ်လိုက်ရမှာလားဆိုတာ……..။

0 2006 96 mins
The Prince & Me 2: The Royal Wedding
Red Dawn
6.3

ဒီကားလေးကတော့ ၁၉၈၄တုန်းကထွက်ရှိခဲ့တဲ့ action, drama , thrillerဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားနဲ့ကူဘန်(ကျူးဘား)စစ်တပ်က အမေရိကန် ကော်လိုရာဒိုနယ်ကို ၀င်ကျူးကျော်ပြီး တတိယကမ္ဘာစစ်ကိုစတင်ခဲ့တဲ့ဇာတ်ကြောင်းမျိုးဖြစ်ပါတယ်။ ဆိုဗီယက်တွေက မြို့ထဲ လေထီးနဲ့ဆင်းလာကြလို့ ဂျတ်နဲ့မတ်ညီအစ်ကိုနဲ့အတူ ကျောင်းသားအချို့က တောင်ပေါ်မှာ စစ်ပွဲ‌သွားရှောင်ကြပါတယ်။ နောက်တော့ ရှောင်လွှဲလို့မရဘဲ ပြောက်ကျားတပ်အဖြစ်နဲ့ ကျူးကျော်သူတွေကို ခုခံတိုက်ခိုက်ကြပါတယ်။ ဒီကားလေးက ဆယ်ကျော်သက်အရွယ်ကြည့်ခဲ့ရတုန်းက အရမ်းကြိုက်ခဲ့ရတဲ့ကားဖြစ်ပါတယ်။ အခုပြန်ကြည့်တော့ plot holeတွေ တပုံတပင်နဲ့ အရင်ကလောက် စိတ်ကျေနပ်စရာမကောင်းတော့ပင်မဲ့ သူ့အခြေအနေနဲ့သူကြည့်ကောင်းနေဆဲ ဖြစ်တာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.5 GB)/(1.5 GB) Quality….BrRip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Action, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe thiri swe

6.3 1984
Red Dawn
Transmitzvah
5

ဒါရိုက်တာ Daniel Burman ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာဆိုရင် အာဂျင်တီးနား မိသားစုဒရာမာဇာတ်ကားကောင်းလေးဖြစ်ပြီးတော့ Story က ထူးခြားပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် Penélope Guerrero, Juan Minujín နဲ့ Gustavo Bassani တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဂျူးဘာသာမှာဆိုရင် ဆယ်ကျော်သက်အရွယ်ကိုရောက်တာနဲ့ Bar Mitzvah ဆိုတဲ့ အရွယ်ရောက်ပွဲကို ကျင်းပပေးရပါတယ်။ ယောကျ်ားလေးဆိုရင်တစ်မျိုး မိန်းကလေးဆိုရင်တစ်မျိုး ကျင်းပရတဲ့ပုံစံက မတူပါဘူး။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းက အဲဒီအပေါ်မှာ အခြေခံထားပါတယ်။ Ruben ဆိုတဲ့ကောင်လေးဟာ ဆယ်ကျော်သက်အရွယ်မှာ မိန်းကလေးစိတ်ပေါက်နေတာကြောင့် Bar Mitzvah ကို မလုပ်ခဲ့ပါဘူး။ နောက်ပိုင်း အသက်ကြီးသွားမှ သူ့အစ်ကိုရဲ့ အကူအညီနဲ့ ဒီပွဲကိုပြန်လုပ်တဲ့အခါမှာ တွေ့ကြုံရတဲ့အခက်အခဲတွေ ၊ ဘာသာရေးအစွဲအလမ်းတွေ၊ Transgender တွေအပေါ် ခွဲခြားဆက်ဆံမှုတွေကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ မိသားစုတစ်စုရဲ့စည်းလုံးမှုတွေ၊ မောင်နှမနှစ်ယောက်ကြားက အချစ်တွေကို ဟာသလေးတွေဖောက်ကာ ရိုက်ကူးထားပြီး ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ File size… (1.34GB) / (756MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 111 mins
Transmitzvah
Forbidden Fairytale
7.7

Forbidden Fairytale (2025) ************************** IMDb….7.7 ‌(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေ ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်း ထည့်သွင်းပြသထားတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါနော်။) Forbidden Fairytail ဇာတ်လမ်းလေးဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲတဲ့ Romantic comedy ရုပ်ရှင်အမျိုးအစားဖြစ်ပြီးတော့ Choi Si-won. Park Ji-hyun နဲ့ Sung Dong-il တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ နေ့ခင်းဘက်မှာ ဒန်ဘီက ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ မှာ မရေမတွက်နိုင်တဲ့ Adult Content တွေကို ဆက်တိုက် ကြည့်ရှုသုံးသပ်ပေးရတဲ့ အလုပ်ကို လုပ်ပြီး ညဘက်မှာတော့ ပုံပြင်ပြိုင်ပွဲအတွက် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို သုံးကာ ပုံပြင်တွေကို ရေးပါတယ်။ တစ်နေ့မှာ ကံဆိုးစွာနဲ့ အပြာဝတ္ထုတွေကို ထုတ်ဝေတဲ့ ကုမ္ပဏီက ကိုယ်စားလှယ်ရဲ့ ရှေးဟောင်းကား နောက်ကြည့်မှန်ကို ထိခိုက်အောင် လုပ်လိုက်မိပြီး လျှော်ကြေးအနေနဲ့ Adult Romanceတွေကို ရေးပေးဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒါက သူ့ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းကြီး ဖြစ်လာလိမ့်မယ်လို့ ဒန်ဘီတစ်ယောက် မထင်မှတ်ထားခဲ့ပေ… အဖေ့ကို ကတိ ပေးထားခဲ့တဲ့အတိုင်း အောင်မြင်တဲ့ ပုံပြင်ရေးဆရာမတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ဒန်ဘီတစ်ယောက် ကတိအတိုင်း ဖြစ်လာနိုင်မလား..။ အပြာဝတ္ထုတွေရေးတဲ့ စာရေးဆရာမအဖြစ် ပြောင်းလဲသွားမလားဆိုတာကိုတော့ ဇာတ်လမ်လေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦး..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Miri ပဲဖြစ်ပါတယ်…) File Size : 2.12GB/ 790MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.7 2025 110 mins
Forbidden Fairytale
Office
6

Office (2015) **************** IMDb… 6.0 Channel Myanmar ရဲ့ Korean Movie ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက် 2015 ခုနှစ်က ထွက်ရှိထားတဲ့ Thriller ဇာတ်ကားလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီး Park Sung-woong , Bae Seong-woo နဲ့ မင်းသမီး Go Ah-sung တို့ အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ -ဇာတ်လမ်းအညွှန်း- အစားအသောက်ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ Kim Byeong-Gook (Bae Sung-Woo)ဟာ အလုပ်မှာ အားကိုးရပြီးတော့ မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ။ ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကနေ အိမ်ကို ပြန်အရောက်မှာ ရုတ်တရက် သူ့ရဲ့ မိသားစုတစ်ခုလုံးကို တူနဲ့ ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပါတယ်။ Jong-Hoon (Park Sung-Woong) ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာ ဒီအမှုနဲ့ပက်သက်ပြီး သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ Kim Byeong-Gook နဲ့ အနီးကပ်ဆုံးဖြစ်တဲ့ အလုပ်သင်လေး Lee Mi-Rye (Ko Ah-Sung) အပြင် ဘယ်သူကမှ အသေးစိတ်တိတိကျကျ မဖြေကြားနိုင်ဘဲ တစ်ခုခုကို ဖုံးကွယ်ထားဟန်ရှိနေကြပါတယ်။ ဆိုက်ကိုဖောက်နေတဲ့ လူသတ်သမားတစ်ယောက်ကြောင့် ကုမ္ပဏီအတွင်းက လူတွေ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံလာရတဲ့အခါမှာတော့.. ကုမ္ပဏီဝန်ထမ်းတွေရဲ့ စိုးရိမ်ပူပန်မှုတွေ၊ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူတွေကြားထဲက နိုင့်ထက်စီးနင်းလုပ်မှုတွေကို စိတ္တဇဆန်ဆန်နဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမဲ့ဇာတ်ကားလေးဖြစ်တာကြောင့် ခံစားကြည့်ရှုလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naing မှ ‌ရေးသားထားပါတယ်။) File Size : 1.43GB/ 610MB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:51:00 Genre : Thriller, Mystery, Horror, Psychological Subtitle : Myanmar Subtitle (Hard Sub) Translated by ToeTe Aung & Yati Naing Encoded by Tiff

Romance • Comedy • Fantasy
6 2015 111 mins
Office