YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Once Upon A Deadpool [2018] (MM Sub).mp4

852.79 MB N/A video/mp4 2524 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella III: A Twist in Time
6.5

စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံး ဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့ Rotten Tomatoes မှာ 75% ရရှိထားပါတယ်။ Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့ No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့ နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင် သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ် တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေး ပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့ လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကား အတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါ စင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေး တွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အား ဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှု လိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။ File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Crime • Documentary
6.5 2007 74 mins
Cinderella III: A Twist in Time
Killers
5.9

ဇွန်လ ၄ ရက်နေ့ ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Killers ကတော့ ‌အချစ်ဟာသ အက်ရှင် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Ashton Kutcher နဲ့ Grey anatomy တွင် izzie stevens အနေနဲ့ emmy ဆု ရရှိခဲ့တဲ့ Katherine Heiglက အဓိက ပါဝင်သရုပ်ဆောင် ထားပြီးတော့ emmyဆု ပိုင်ရှင် Tom Selleck နဲ့ Catherine O’Hara တို့က ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအသွားကတော့ ခရီးသွားနေတဲ့ ဂျန်ဟာ သူမရဲ့ စိတ်ကူးတွေထဲက ယောက်ျားဖြစ်တဲ့ စပန်ဆာ နဲ့ ပြင်သစ်နိုင်ငံ နိစ့် မြို့ကို သွားရင်းတွေ့ဆုံ ခဲ့ကြပြီး အလျင်အမြန်ပဲ လက်ထပ်ခဲ့ကြတယ်။တစ်နေ့မှာ‌တော့ သူတို့ရဲ့ အိမ်နီးချင်းတွေက သူတို့ကို သတ်ဖို့ ဌားထားတဲ့ ကြေးစားလူသတ်သမားတွေဖြစ်နိုင်ကြောင်းသိသွားပြီးတဲ့ နောက်ပိုင်းမှာ သူတို့ ရဲ့ ကျေးလက်ဘက်ကငြိမ်းချမ်းတဲ့ ဘဝလေးက အစိတ်စိတ်အမြွာမြွာဖြစ်ခဲ့ရတယ်။သူတို့ ကို ဘယ်သူက ဒီလိုဘဝရောက်အောင် လုပ်လိုက်လဲဆိုတာကို ရင်ခုန်စွာ ကြည့်ရမှာပဲဖြစ်ပါတယ်။ တကယ်လို့ အက်ရှင်ကားတွေကို မှ ဟာသအနှောနဲ့ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကို အခုပဲကြည့်လိုက်ပါတော့နော် File size…1.65 GB/ 691.5 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 40m Genre ..... Action , Comedy ,  Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phyo Thura

Comedy • Music
5.9 2010 100 mins
Killers
Killer Elite
6.3

ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေ ကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာ ရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောက ကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကို ဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာ သိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကို အင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။ ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စား ချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီး ဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့် ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကို သတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့် ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့ သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့ ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Fast and Furious မင်းသားကြီး Jason Statham နဲ့ ဂန္ဒ၀င်မင်းသားကြီး Robert De Niro တို့က ဒန်နီနဲ့ဟန်တာအဖြစ် သရုပ်ဆောင်ထားတာကြောင့် Actionကားကြိုက်သူတွေအနေနဲ့ အကြိုက်တွေ့မယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ ဖြစ်ပါတယ်) File size…2.64GB / 917MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 56m Genre .....  Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Comedy • Romance
6.3 2011 116 mins
Killer Elite
A Bittersweet Life
7.5

IMDb Rating (7.6) / Rotten Tomatoes (100%) မင်းသားကြီးလီဗျောင်ဟွန်း (Lee Byung-hun) အဓိကပါဝင်ပွဲကြမ်းထားပြီး မင်းသမီးကတော့ Shin Min-ah ပါ.. တခြားဇာတ်ရံတွေကလဲ တောင်ကိုရီးယားရဲ့ နာမည်ကျော်တွေချည်းပါပဲ... အချစ်ကအရာအားလုံးကို စေခိုင်းနိုင်သလား?? အချစ်ကြောင့်ပြောင်းလဲသွားတဲ့ လူမိုက်ကြီးတစ်ယောက်အကြောင်းကို မျှဝေခံစားကြည့်ကြပါ.. သူဌေးတစ်ယောက်ရဲ့လူယုံအဖြစ် ၇ နှစ်ကျော်လောက် တာဝန်ကျေပွန်စွာ အမှုထမ်းလာတဲ့ လက်မရွံ့ လူကြမ်းကြီးတစ်ယောက်ဟာ တာဝန်တစ်ခုမှာ ကောင်မလေးတစ်ယောက်အပေါ်သံယောဇဉ်တွယ်မိသွားတဲ့အပြင်...သူယုံကြည်ထားသူထံကနေ သစ္စာဖောက်ခံလိုက်ရတဲ့အခါ...သူ့ရဲ့ဘဝကို ဘယ်လိုဆက်သွားမလဲဆိုတာ...။ အချစ်ရေးထက် မေတ္တာဘွဲ့ကိုအဓိကအခြေခံထားတဲ့ အက်ရှင်ကြမ်းကြမ်းကားကောင်းလေးတစ်ကားဖြစ်ပါတယ်...စိတ်မခိုင်သူများအဖို့ မျက်ရည်ကျလောက်တဲ့ ဇာတ်ကားလေးတစ်ကားဆိုလည်းမမှားပါဘူး။ File size…(2.6 GB)/(1 GB) Quality….BluRay Director's Cut 1080p/720p Format…mp4 Duration….01:59:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Joyz

Comedy • Drama • Music • Romance
7.5 2005 120 mins
A Bittersweet Life
Tadap
7.2

ဒီကားလေးကတော့ RX100 (2018) တုန်းကဇာတ်ကားကို အခြေခံပြီးရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားချိုချိုလေးပဲဖြစ်ပါတယ် မဆူရီမြို့မှာ လူတိုင်းက ဒယ်ဒီလို့ခေါ်ကြတဲ့ လူတစ်ယောက် အီရှာနာကို ငယ်ငယ်လေးကတည်းက မွေးစားခဲ့ပါတယ်။ ဒယ်ဒီဟာ ရွေးကောက်ပွဲမှ ာအနိုင်ရရှိခဲ့တဲ့ ဒမိုဒါ နောတ့်တီရယ်နဲ့အလွန်တရာမှ ရင်းနှီးကြတဲ့မိတ်ဆွေတွေပါ။ အီရှာနာ တစ်ယောက်ကတော့ အဖေဖြစ်သူဒယ်ဒီနဲ့ နောတ့်တီရယ်ကို အဖက်ဖက်မှ ကူညီအားဖြည့်ပေးနေသူပေါ့။ တစ်နေ့မှာ လန်ဒန်မှ ပညာတော်သင်ပြန်လာတဲ့ ဒမိုဒါ ရဲ့ သမီးဖြစ်သူ ရမီဆာ က အီရှာနာကို သဘောကျပြီး ဖွင့်ပြောခဲ့ရာမှ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးတစ်ပုဒ်စတင်လာပါတယ်။ အချစ်စစ်မှန်ရင် လမ်းကြမ်းစမြဲပါပဲ။ သူတို့ကြား ဘယ်လိုအတားအဆီးတွေ ဝင်ရောက်လာမှာလဲ။ ဒမိုဒါရဲ့ပြိုင်ဘက်ပါတီဝင်ကရော ဘယ်လိုကောက်ကျစ်ယုတ်မာမလဲ။ မင်းသမီး မင်းသားချောချောလေးနဲ့အတူ စောင်ကိုက်ပြီး ကြည့်ရှုရမဲ့ အချစ်ခန်းချိုချိုအီအီလေးတွေပါတာကြောင့် မသေခင်ကြည့်ရှုသွားသင့်တဲ့ ရိုမန့်တစ်ဇာတ်ကားကောင်းလေးလို့ညွှန်းလိုက်ပါရစေ............ File size…2.3Gb / 1.2Gb / 400MB  Quality…1080p AAC 2.0CH / 720p / 360p Format…mp4 Duration….2h 6m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Haruko &  Yunni

Action • Animation • Comedy
7.2 2021 126 mins
Tadap
Midway
7.1

သမိုင်းဖြစ်ရပ်မှန် စစ်ကားတစ်ကား တင်ပေးထားပါတယ်။ ဒီရုပ်ရှင်ဟာ မစ်ဝေးတိုက်ပွဲအကြောင်း ပါပဲ။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲပြီး ၆ လအကြာမှာ ဖြစ်ပွားခဲ့တာပါပဲ။ ပစိဖိတ်စစ်မျက်နှာမှာ ကြီးစိုးထားတဲ့ ဂျပန်ရေတပ်ကြီးကို အရေးနိမ့်စေခဲ့ပြီး ချိန်ခွင်လျှာပြောင်းလဲ စေခဲ့တဲ့ တိုက်ပွဲတစ်ခုပါပဲ။ ဒီတိုက်ပွဲမှာသာ အမေရိကန်ရှုံးခဲ့ရင် အနောက်ကမ်းရိုးတန်းအသိမ်းခံရပြီး ဆီရာတယ် ဆန်ဖရန်စစ္စကို၊ လော့စ်အိန်ဂျလိလိုမြို့ကြီးတွေပါ ကျသွားနိုင်တဲ့အခြေအနေ ဖြစ်လာခဲ့မှာပါ။ ဒါကို ထောက်လှမ်းရေးအဖွဲ့ နဲ့ အင်အားနည်းနေတဲ့ ရေတပ်လေတပ်ပူးပေါင်းပြီး ဂျပန်တွေကို ပြန်တိုက်နိုင်ခဲ့တာ ပါပဲ။ စစ်ကားကြိုက်တတ်သူတွေ အကြိုက်တွေ့ကြမှာပါ။  ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်…

Drama
7.1 2019 138 mins
Midway
My Art Teacher

ဘာမှမသိနားမလည်တဲ့ အရိုင်းဆန်တဲ့ ပန်းချီပါရမီရှင်လေးကို အလယ်တန်းကျောင်းက အနုပညာဆရာကနေပြီး ပျိုးထောင်ပေးတဲ့ ကျောင်းသားကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၀ကျော် ကျေးလက်မှာအနုပညာမဖွံ့ဖြိုးသေးတဲ့အချိန်မှာ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ ပန်းချီကလွဲပြီးကျန်တဲ့စာတွေသင်ဖို့စိတ်မဝင်စားပါဘူး။ သိပ္ပံ၊ဝိဇ္ဇာဘာသာတွဲကိုသာအလေးထားတဲ့ ရွာကျောင်းလေးမှာ သူဟာသင်းကွဲတစ်ယောက်ဖြစ်နေတော့တာပေါ့။ ဆရာတိုင်းကသူ့ကိုအော့ကြောလန်ပြီး ပြဿနာကောင်လို့ သဘောထားကြတဲ့အချိန်မှာ မြို့ကနေ အနုပညာဆရာတစ်ယောက်ရောက်လာပါတယ်။ အနုပညာကိုအလေးထားရကောင်းမှန်းမသိတဲ့ ရွာကျောင်းလေးမှာ အနုပညာဆရာလုပ်ရတာလဲ မလွယ်လှဘူး။ ပန်းချီပါရမီရှိတဲ့ကျောင်းသားလေးကို အနုပညာကျောင်းကိုပို့နိုင်ဖို့အတွက် ကြိုးစားကြပုံကို အားတက်စရာ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Crime • Drama • Mystery
0 2023 93 mins
My Art Teacher
The Bourne Legacy
6.2

IMDb - 6.7/10 ဒီဇာတ်ကားဖြန့်ချိရေးကို ကမ္ဘာကျော်ရုပ်ရှင် ထုတ်လုပ်ရေး ကုမ္ပဏီကြီး Universal Pictures က တာဝန်ယူထားသည်။ ကျော်ကြားသော အမေရိကန်စပိုင်ရုပ်ရှင် The Bourne ဇာတ်ကားများ၏ အဆက်ဖြစ်ပြီး ယခုဇာတ်ကားသည် ၄ ကားမြောက်အဖြစ် အသစ်ထွက်ရှိသည်။ ဇာတ်ညွှန်းကို တိုနီဂေးရွိုင်းနှင့် ညီဖြစ်သူ ဒန်ဂေးရွိုင်းနှင့် ပူးတွဲရေးသားပြီး သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးခြယ်မှုန်းပေးထားသည်။ ဇာတ်ကားထုတ်လုပ်မှု ကုန်ကျစရိတ် ဒေါ်လာသန်း ၉၀ ရှိပြီး ယခင်ဇာတ်ကားများနည်းတူ အက်ရှင်ဇာတ်ဝင်ခန်းများနှင့် ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းမွန်သည်။ ထူးခြားမှုတစ်ခုမှာ ယခင်ဇာတ်ကားများတုန်းက သရုပ်ဆောင်ခဲ့သည့် မင်းသားမက်ဒေါမွန်ကို ပြန်လည်သုံးစွဲခြင်း မပြုတော့ဘဲ မင်းသားသစ် ဂျယ်ရီရမီးရန်နာကို အဓိက ခေါင်းဆောင်မင်းသားအဖြစ် ယခုဇာတ်ကားမှ ပွဲထုတ်ထားခြင်း ဖြစ်သည်။ စာရေးဆရာ အဲရစ်ဗန်လက်စဗန်ဒါ၏ The Bourne Legacy ဝတ္ထုအား ရုပ်ရှင်အဖြစ် အသက်သွင်းလိုက်ခြင်း ဖြစ်သည်။ ဇာတ်လမ်းအကျဉ်း The Bourne Ultimateum ဇာတ်ကားတုန်းက အဖြစ်အပျက်များကြောင့် ပြည်သူလူထုနှင့် နိုင်ငံရေးသမားများသည် လမ်းများပေါ်သို့ ထွက်လာကာ CIA နှင့် ရင်ဆိုင်လာသည်။ ထို့ကြောင့် CIA သည် ပြဿနာအရှုပ်အထွေးတွေ ယခုထက် ပိုမိုများပြားမလာခင် သူတို့၏ Operation Outcome ပရော်ဂျက်ကြီးအား လက်စတုံးဖျောက်ဖျက်ပစ်ဖို့ ကြံရွယ်လာခဲ့ကြသည်။ သဲလွန်စတစ်ခုမကျန် မြေကြီးထဲ မြှပ်နှံပစ်ဖို့ အမိန့်ပေးခဲ့သည်။ ထို့ကြောင့် စေခိုင်းခြင်းခံရသူ စပိုင်များသည် Operation Outcome ၏ လူအားလုံးကို သတ်တော့သည်။ အေရွန်ခရော့စ် (ဂျယ်ရီမီးရန်နာ) က Operation Outcome ၏ အေးဂျင့်တစ်ဦး ဖြစ်သောကြောင့် လုပ်ကြံသူများလက်ကနေ လွတ်မြောက်အောင် ကိုယ်လွတ်ရုန်းပြေးရတော့သည်။ ပြေးရင်းလွှားရင်း သူနှင့်ဘဝတူအဖြစ် ဆုံစည်းလာသူက ဒေါက်တာစတီဗင်စနိုက်ဒါ (မင်းသမီးချော ရေချယ်ဝိုက်စ်) ဖြစ်သည်။ ဒေါက်တာစတီဗင်သည် Outcome အေးဂျင့်များကို ဖန်တီးပုံဖော်ရာတွင် အဓိက အကူအညီပေးခဲ့သည့် ဆရာဝန်တစ်ဦးဖြစ်တာကြောင့် သူလည်းလုပ်ကြံသူများ လက်ကနေ လွတ်မြောက်အောင် မနည်းကြိုးစားရရှာသည်။ သူတို့ကို နောက်ကနေ အသေအလဲ လိုက်လံလုပ်ကြံနေသူက ဇာတ်ကားအစမှာကတည်းက ရန်သူတော်တစ်ဦး ဖြစ်သည့် စီအိုင်အေအေးဂျင့်ဗျာ (အင်ဒ်ဝပ်နော်တန်) ဖြစ်သည်။ သူက အေးရွန်ခရော့စ်နှင့် ဒေါက်တာစတီဗင်တို့အား အငြိုးကြီးကြီးဖြင့် သတ်ဖြတ်ဖို့ ကြိုးစားသည်။ အေရွန်ခရော့စ်တို့ စုံတွဲကလည်း ပြေးရင်းလွှားရင်းနှင့်ပင် အမှန်တရားကို ဖော်ထုတ်ကာ သူတို့၏ လွတ်မြောက်ရာလမ်းကို ရှာဖွေကြမည်။ ဇာတ်ကားတစ်ကားလုံး ပြေးလွှားပစ်ခတ်ကြသည်များကို အသည်းတယားယား၊ ရင်တဖိုဖို ကြည့်ကြရမည်။ CIA က Operation Outcome အဖွဲ့ကို မြေမြှပ်ဖို့ ဆုံးဖြတ်ချက်ချပြီး အမိန့်ထုတ်ပြန်လိုက်ကတည်းက The was never justone တစ်ယောက်မှ မကျန်စေနဲ့ဆိုတဲ့ ကြောက်စရာစကားလုံးကြီး အောက်ကနေ အေရွခရော့စ်တို့ ဘယ်လိုရုန်းထွက်ပြီး လွတ်မြောက်အောင် ပြေးကြမလဲဆိုတာကတော့ စိတ်ဝင်တစားကြည့်ရမှာ ဖြစ်ပါတယ်

Horror • Thriller
6.2 2012 135 mins
The Bourne Legacy
Detective Dee’s Ghost Blood Hand
6

ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာ သက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။ အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်က တလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ် လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားက ဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက် လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။

Drama
6 2020
Detective Dee’s Ghost Blood Hand
Afwaah
5.2

Afwaah (2023) ********************* IMDb-5.2/10 Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။ သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။ အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ…..။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်)

5.2 2023 126 mins
Afwaah
Rampage
6.2

Rampage (2009) ============== IMDb Rating 6.2/10 လူကြီးမင်း ရေတစ်ခွက်သောက်လိုက်တာ လူကြီးမင်းအတွက် မထူးဆန်းပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်အတွက် ရေတစ်ခွက်စာ လျှော့သွားတယ်တဲ့။ အ လားတူပါပဲ။ ထမင်းတစ်ပန်းကန် စားလိုက်မယ်၊ ငါးတစ်ကောင် စားလိုက်မယ်၊ ကားထဲကို ဓာတ်ဆီ တစ်ဂါလံထည့်လိုက်မယ်၊ မြေအောက်ရေကို ရေကူးကန်ထဲ စုပ်တင်လိုက်မယ်။ ကဲ လူကြီးမင်း။ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ ခံစား သွားရမှာအမှန်ပဲ။ ကမ္ဘာ့လူဦးရေက တစ်နှစ်ကို သန်း ၇၀ နှုန်းနဲ့ တိုးပွားလာသတဲ့။ သမုဒ္ဒရာ ဝမ်းတစ် ထွာဆိုရင် သမုဒ္ဒရာ သန်း ၇၀ ထဲကို စီးဝင်ပြီး ပြန်ထွက်မလာတော့တဲ့ သဘာဝရင်း မြစ်တွေအကြောင်းတွေးကြည့်လိုက်။ ကဲ ဘာလုပ်ကြမလဲ။ ကျွန်တော်တို့ ရှင်သန် ကျန်ရစ်ချင်ရင် ဘာလုပ်ရမလဲ။ ကမ္ဘာ့တစ်နေရာက လူတစ်ယောက် အပျင်းပြေစား လိုက်တဲ့ ပေါင်မုန့်တစ်လုံးကြောင့် လူကြီးမင်းမှာ ညစာရှိမလာတော့ရင် လူကြီးမင်း ဘာလုပ်မလဲ။ ဒီပြဿနာတွေကို အဖြေရှာချင်တဲ့ လူငယ်တစ်ဦးရှိပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဖြေရှင်းနည်း ကတော့ ကဗျာဆန်လွန်းပါတယ်။ လူဦးရေများရင် ပြဿနာရှိတယ်။ လူဦးရေနည်းရင် ပြဿနာမရှိတော့ဘူး။ ဒါပဲ။ လူဦးရေနည်းအောင် ဘယ်လိုလုပ်ရမလဲ။ လွယ်ပါတယ်။ သတ်ပစ်လိုက်ရုံပေါ့။ ဒီဇာတ်ကားဟာ စိတ်အနေအထား ပုံမှန်မဟုတ်တဲ့ လူငယ်တစ်ယောက်က တစ်မြို့လုံးကို လှည့်စားပြီး လူဆယ်ဂဏန်းကျော်ကို သွေးအေးအေး ခပ်ကြမ်းကြမ်း သတ်သွားတဲ့ ကား ပါပဲ။ ရူးသာရူးတာ အရူးပါး ဆိုသလို သူ့ဘက်ကို အမှုပတ်လာမယ့် အရာအားလုံးရှင်းထုတ် ပြီးသား။ ကြားထဲက အာဇာနည်လုပ်ပေးမယ့် ဓားစာခံရှိနေပြီးသား။ ဇာတ်လမ်းအကျဉ်းရယ်လို့ မရှိပါဘူးနော်။ သံချပ်ကာတွေဝတ်၊ စက်သေနတ်နှစ်လက်နဲ့ မြို့ ပတ်ပြီး လူလိုက်သတ်နေတဲ့ဇာတ်ကားပါ။ Brendan Fletcher သရုပ်ဆောင်ထားတာဖြစ်ပြီး ကောင်းမွန်တဲ့ဝေဖန်ချက်တွေလည်း ရရှိထားပါတယ်။ ဒီဇာတ်ကားရဲ့ လူကြိုက်များမှုကြောင့် Rampage: Capital Punishment (2014) နဲ့ Rampage: President Down (2016) ဆိုပြီး အဆက် နှစ်ကား ထပ်ထွက်ခဲ့ပါသေးတယ်။ ဇာတ်ကားက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တွေကို စိတ်မချမ်းမြေ့ဖွယ် ရိုက်ကူးထားတာဖြစ်လို့ စိတ်အဆင်မပြေသူတွေ၊ ကလေးငယ်တွေ မကြည့်သင့်ပါဘူး။ ဒါပေမဲ့ လူသတ်တာဆိုပေမဲ့ အလုပ်ကို အလုပ်နဲ့တူအောင် စနစ်တကျ ဦး နှောက်ကောင်းကောင်းနဲ့ လုပ်သွားပုံကတော့ အံ့မခန်းဖြစ်လို့ ကြည့်ရှုထိုက်တဲ့ ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.54 GB) / (643 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Crime, Thriller Translator……Arr Khun Winchester Encoder……….SWM

6.2 2009
Rampage
I Wish
7.3

I Wish ( 2011 ) ဂျပန်တွေက သူတို့ယဉ်ကျေးမှုနဲ့ အနုပညာက သဘာဝကပဲလာတယ်လို့ပြောကြတယ်။ ဂျပန်ရုပ်ရှင်ကောင်းတွေကလည်း သဘာဝကပဲလာတယ်ပြောရမှာပဲ။ သူတို့ယဉ်ကျေးမှု သူတို့လူနေမှုစတဲ့ သူတို့ရဲ့ လူ့သဘာဝကနေပဲလာတာများတယ်။ မျက်မှောက်ခေတ် ဂျပန်ဒါရိုက်တာတွေထဲ ဒီလူ့အသိုင်းအဝိုင်းက လူတွေရဲ့အချင်းအရာတွေ သက်သက်ကို သူ့သဘာဝအတိုင်း လှလှပပ အရိုက်ပြနိုင်ဆုံးကတော့ Hirokazu Koreedaပဲ ဖြစ်ပါလိမ့်မယ်။ အကုန်လုံး‌တော့ မဟုတ်ပေမဲ့ Koreedaရုပ်ရှင်တွေရဲ့ ၉၀ရာခိုင်နှုန်းလောက်က ဒီလိုရုပ်ရှင်တွေချည်းပါပဲ။ ဒီလိုဟန်တွေချည်း ရိုက်ပြခဲ့တာက သူ့ရှေ့မှာ အိုဇုရှိခဲ့သလို Korredaကိုယ်တိုင်လည်း တင်ဆက်ပုံဟန်မှာ အိုဇုအငွေ့အသက်မကင်းတာတွေ တွေ့ရတော့ သူ့ကို အိုဇုနဲ့‌ တော်တော်နှိုင်းကြတယ်။ တစ်ချို့ကလည်း အိုဇုနဲ့ Koreedaက မိသားစုဒရာမာတွေရိုက်ပြတာချင်းတူပေမဲ့ ဟန်ချင်းမတူဘူးဆိုကြတယ်။ ဒါပေမဲ့ Still Walkingမှာတော့ Koreedaဟာ တင်ဆက်ပုံဟန်မှာပါ အိုဇုနဲ့ တော်တော်လေးတူခဲ့တော့ နှိုင်းသင့်တယ်လို့လည်း ထင်ရတာပါပဲ။ သေချာတာတော့ သူတို့ ၂ယောက်စလုံးဟာ သူတို့ရုပ်ရှင်တွေမှာ ဂျပန်လူ့အသိုင်းအဝိုင်းနဲ့ ဂျပန်ယဉ်ကျေးမှုကို ဖော်ပြနိုင်ခဲ့တယ်။ ဒါလည်းအရေးပါပါတယ်။ ကြည့်တဲ့လူကို သူတို့ယဉ်ကျေးမှုကို နားလည်စေသလို သူတို့ရုပ်ရှင်တွေကိုလည်း ပိုစီးဝင်စေတယ်။ ပိုအရေးပါတယ်ထင်ရတာကတော့ ရုပ်ရှင်တွေဟာ ယဉ်ကျေးမှုကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းပေးနေတဲ့အရာတွေအဖြစ် ကူးပြောင်းသွားခြင်းပါပဲ။ မထင်မှတ်ဘဲ ရုပ်ရှင်တွေက ရုပ်ရှင်ထက်ပိုသွားခြင်းတွေပေါ့။ I Wishကို အခြေတည်ထားတာက မီးတောင်ရှင်ရှိနေတဲ့ မြို့လေးတစ်မြို့မှာပေါ့။ အဲဒီမြို့ကလေးအိမ်တွေကို မီးတောင်ပြာတွေက အမြဲကျတတ်တယ်။ အိမ်တွေလည်း ပြာမှုန်တွေ ထူလို့ပေါ့။ အဲဒီမြို့လေးက အိမ်လေးတစ်အိမ်မှာ အိမ်ထောင်ကွဲပြီး မိဘအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူ့သားလေးရှိတယ်။ သူ့အဘိုးအဘွားတွေလည်း ရှိတယ်။ သူ့အဘိုးအဘွားတွေကတော့ ကျည်ဆန်ရထားတွေနဲ့ အပြေးမြန်တဲ့ ခေတ်ကို ဝင်ဆံ့မီအောင် ကြိုးစားနေရသလို သူတို့သမီးကလည်း အလျဉ်မီဖို့ခက်တဲ့ခေတ်တစ်ခေတ်ကို အလျဉ်မီအောင် ကြိုးစားနေရတယ်။ သူ့သားလေးကတော့ ဒီမီးတောင်ကြီးပေါက်ကွဲသွားပြီး လူတွေနေလို့မရတော့ရင် မြို့ကြီးကို ပြန်ပြောင်းပြီး သူ့အဖေနဲ့ကျန်ခဲ့တဲ့ သူ့ညီလေးနဲ့ သူ့အမေနဲ့သူ မိသားစုလေးယောက် ပြန်ဆုံနိုင်မှာပဲလို့ ကလေးဆန်ဆန် စိတ်ကူးယဉ်နေတယ်။ ဒီလိုနဲ့ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာမှာ ဆုတောင်းရင် ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံတမ်းစကားလေးကို လက်တွေ့လုပ်ကြည့်ဖို့ သူနဲ့သူ့ သူငယ်ချင်းတစ်အုပ်အတူတူကြံကြတယ်။ ကျည်ဆန်ရထားနှစ်ခုဆုံတဲ့နေရာကို သွားပြီး ဆုတောင်းဖို့လုပ်ကြတယ်။ ဒီရုပ်ရှင်လေးက အဲဒီအကြောင်းပေါ့။ ကလေးသရုပ်ဆောင်တွေအဓိက သရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်အတွက် သရုပ်ဆောင်ရွေးပြီးတဲ့အထိ Koreedaဟာ ဇာတ်ညွှန်းကိုမစခဲ့သေးဘဲ ကလေးသရုပ်ဆောင်တွေရွေးပြီးမှပဲ ကလေးတွေဆီက အိုင်ဒီယာတွေပါယူပြီး ဇာတ်ညွှန်းကို စခဲ့တယ်။ ဒီကလေးသရုပ်ဆောင်တွေထဲ Kanna Hashimotoကတော့ နာမည်ကျော်လာခဲ့တယ်။ တခြားသရုပ်ဆောင်တွေကတော့ ဂျပန်ရဲ့ နာမည်ကျော် ခေတ်ဟောင်းမင်းသားကြီး မင်းသမီးကြီးတွေဖြစ်တဲ့ Kirin Kikiနဲ့ Isao Hashizumeတို့အပြင် ဂျပန်စီနီမာရဲ့ ထိပ်တန်းသရုပ်ဆောင်၅ယောက်လောက်စာရင်းလုပ်ရင်တောင် ထိပ်ဆုံး၃နေရာလောက်မှာရှိနေမယ့် Hiroshi Abeနဲ့ သရုပ်ဆောင်နဲ့ရော အလှနဲ့ရော အသေသတ်နိုင်တဲ့ မမMasami Nagasawaတို့တွေပါပဲ။ သူတို့နှစ်ယောက်ကတော့ ဧည့်သည်သရုပ်ဆောင်ဆန်ဆန်ပါထားတာပါ။ ဒီလူတွေဟာ Koreedaနဲ့ တွဲရိုက်နေကျလူတွေပါပဲ။ ကလေးသရုပ်ဆောင်တွေချည်း သုံးထားပေမဲ့ လူကြီးတွေကလည်း အကြမ်းဆုံးတွေချည်းသုံးထားတာပါ။ ဒီရုပ်ရှင်ထဲ ထူးထူးခြားခြားလှနေတာလေးက ဒီနေ့တော့ သာယာတဲ့နေ့ဖြစ်မှာပဲလို့ ဒီရုပ်ရှင်ထဲက လူတွေကမပြောကြဘူး။ ဒီနေ့တော့ မီးတောင်ပြာတွေ သိပ်မကျလောက်ဘူးလို့ပဲ ပြောကြတယ်။ ဒီရုပ်ရှင်ဟာ မီးတောင်ပြာတွေ ထူထူထဲထဲကျတဲ့နေ့တွေအကြောင်း မီးတောင်ပြာတွေ ပါးပါးလျလျကျတဲ့နေ့တွေအကြောင်းပါပဲ။ မီးတောင်ပြာတွေမကျမယ့်နေ့တို့တွေတော့ မရှိဘူးပေါ့။ ပါးပါးလျလျလောက်ကျရင်ကိုပဲ အဲဒီဘဝတွေ လှနေခဲ့ခြင်း အကြောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 2h 8min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.3 2011
I Wish
Lobola Man

မင်္ဂလာဆောင်တွေမှာ မိသားစုနှစ်စုပေါင်းဖက်ဖို့အတွက် တင်တောင်းငွေညှိနှိုင်းမှုအတွက် ထုံးတမ်းကို သူတို့အတွက် လိုဘိုလာညှိနှိုင်းမှုလို့ခေါ်ကြပါတယ်။ မင်္ဂလာမဆောင်ခင်မှာ လိုဘိုလာညှိနှိုင်းမှုက မဖြစ်မနေလုပ်ဆောင်ရတဲ့ ထုံးတမ်းတစ်ခုပေါ့။ ဒီလို ညှိနှိုင်းမှုမျိုးမှာ ညှိနှိုင်းတတ်တဲ့သူမရှိရင် အဆင်မပြေဖြစ်တတ်ပါတယ်။ ဒီကိစ္စတွေကိုဖြေရှင်းဖို့အတွက် လိုဘိုလိုညှိနှိုင်းသူအနေနဲ့ လုပ်ကိုင်နေတဲ့ အေ့စ်ငူဘီနီဆိုသူရှိပါတယ်။ အေ့စ်ငူဘီနီဟာ ငယ်ငယ်လေးကတည်းက အချစ်ကို အယုံအကြည်မရှိခဲ့သူတစ်ဦးပါ။လိုဘိုလိုညှိုနှိုင်းသူအနေနဲ့လုပ်ဆောင်နေရင်း ဘားတစ်ခုမှာ ဇန်ဒီဆိုတဲ့ကောင်မလေးကိုမြင်ပြီးတော့ ကြွေသွားပါတော့တယ်။ ဖြစ်ချင်တော့ အဲဒီကောင်မလေးဟာ သူ့ရဲ့ ဖောက်သည်တစ်ဦးဖြစ်တဲ့ဒုခ်နဲ့ လက်ထပ်မဲ့သူဖြစ်နေတဲ့အခါမှာတော့ …… ပရော်ဖက်ရှင်နယ်ကျတဲ့ လိုဘိုလာညှိနှိုင်းသူတစ်ယောက်အနေနဲ့ ဒုခ်နဲ့ ဇန်ဒီကို ဘယ်လိုတွေ ညှိနှိုင်းမှုပြုလုပ်ပေးမလဲ …. သူတို့ကိစ္စတွေကရော အဆင်ပြေပါ့မလား …… အေ့စ်အနေနဲ့ကရော ဇန်ဒီနဲ့ ဘယ်လိုတွေ ဖြစ်လာဦးမလဲ… ဆိုတာတွေကို ကြည့်ရှုရမယ့် ဟာသအချစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ပဲ ဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Lobola Man
Fangs & Fury
5.9

အတိတ်မေ့နေတဲ့ ယွမ်ပုဆိုတဲ့ ကောင်လေးတစ်ယောက်ကို ပန်းဆိုင်ဖွင့်ထားတဲ့ ဝူထင်နဲ့ လျို့လျို့တို့ မောင်နှမက အခြေအနေတချို့ကြောင့် ကယ်ထားခဲ့ပြီး ၃ ယောက်သား မိသားစုလို နေထိုင်ခဲ့ပါတယ်။ ယွမ်ပုဆီမှာ သာမန်လူတွေ နားမလည်နိုင်တဲ့ လျှို့ဝှက်ချက်ပေါင်းများစွာရှိပေမဲ့ ယွမ်ပုရဲ့ ရိုးသားပြီး ပွင့်လင်းတဲ့စရိုက်ကြောင့် မောင်နှမနှစ်ယောက်ကလည်း လက်ခံနိုင်ခဲ့ပါတယ်။ ဝူထင်မှာ မွေးရာပါသွေးပူရောဂါရှိပြီး ရောဂါပြင်းထန်လာတဲ့အတွက် ခွဲစိတ်မှုလုပ်ဖို့ ငွေလိုလာပါတယ်။ ယွမ်ပုဟာ ဝူထင်အတွက် ဆေးကုစရိတ်ရှာဖို့ ကြေးစားလက်ဝှေ့ပွဲမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ပြိုင်တိုင်းနိုင်တဲ့ ယွမ်ပုရဲ့ သတင်းကလည်း ချက်ချင်းပဲ ကျော်ကြားသွားခဲ့ပြီး ယွမ်ပုကို စမ်းသပ်ပစ္စည်းလုပ်ဖို့ လိုက်ရှာနေတဲ့ ဖုယိက ရှာတွေ့သွားပါတော့တယ်။ ဝူထင်ရဲ့ ရောဂါကို ကုသဖို့ နည်းလမ်းရှိပါ့မလား…… ယွမ်ပုတစ်ယောက် ဖုယိတို့ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်နိုင်ပါ့မလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.9 2024
Fangs & Fury
Manhattan Night
6.2

မင်းသား Adrien Brody နဲ့ မင်းသမီး Yvonne Strahovski တို့ အဓိကပါ၀င်ထားတဲ့ မှုခင်းဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအညွှန်းလေးကတော့ သတင်းထောက် ပေါ်တာ၀ရန်ဟာ ပျောက်နေတဲ့ကလေးမလေး တစ်ယောက်ကို ရှာ‌တွေ့ခဲ့တာကြောင့် လူ‌ပြောများနေပါတယ်၊ သူဟာ ပါတီပွဲတစ်ခုတတ်ရင်း ကာရိုလင်းဆိုတဲ့ အမျိုးသမီးတစ်ယောက်နဲ့ဆုံခဲ့ပါတယ်၊ ကာရိုလင်းရဲ့ ယောကျာ်းဖြစ်သူ ဆိုင်မွန်ဟာ သေဆုံးတာသိပ်မကြာသေးပဲ ဘာလို့သေဆုံးတာလဲ‌ဆိုတာ ရဲတွေကတောင် အဖြေမရှာနိုင်ကြသေးပါဘူး၊ အဲ့မှာ ကာရိုလင်းက ၀ရန့်ကို သူ့ယောကျာ်းသေဆုံးတဲ့အမှုကို အကူအညီတောင်းပါတော့တယ်၊ သူတို့နှစ်ယောက် အမှုကိုစုံစမ်းရင်း ဘာတွေကြုံတွေ့ရမလဲ၊ ဆိုင်မွန် သေရတာရောဘာကြောင့်လဲ ဆိုတာကို ရင်တထိတ်ထိတ်နဲ့ အဆုံးထိကြည့်ရှုခံစားလိုက်ကြပါဦး… File size…(1.6 GB)/(740 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Crime, Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ivy noe

6.2 2016 113 mins
Manhattan Night