YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

On.the.Verge.of.Insanity.S01E01.CM.mp4

638.11 MB N/A video/mp4 940 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
Fired Up!
6.1

IMDb - 6.1/10 ရှောင်ရယ် နစ်ရယ်ဟာ ကျောင်းမှာ ပေါ်ပြူလာဖြစ်တဲ့ ဘောလုံးကစားသမား ပလေးဘွိုင်းလေးတွေဖြစ်ပါတယ်။ ရှောင်နဲ့ နစ်တို့ ၂ယောက် ကျောင်းပိတ်ပြီး နွေရာသီကမ့်ဝင်ရမယ့်အချိန်ရောက်ရှိလို့လာပါတော့တယ်။ ပူပြင်းခြောက်သွေ့တဲ့ နေရာမှာ ကမ့်ဝင်ရမှာမို့လို့ စိတ်ညစ်နေကြတဲ့ ရှောင်နဲ့နစ်ရယ်တို့​က Cheerleader အယောက် ၃၀၀အကြောင်း ကြားသိသွားတဲ့အခါမှာတော့ .....။ သိကြားမင်းလို တစ်ဖက်နတ်သမီး ၅၀၀စီရသွားသလို ပူလောင်အိုက်စက်တဲ့ နွေရာသီမှာ မိုးရွာချပေးလိုက်သလိုမျိုး ရှောင်နဲ့ နစ်တို့ရဲ့ နိဗ္ဗာန်ကြီးဖြစ်တဲ့ မိန်းကလေးအယောက်၃၀၀ရှိတဲ့ ကမ့်ထဲဝင်ဖို့အကြောင်းဖန်ပါတော့တယ်။ ကောင်မလေးတွေကို ငမ်းလိုက်စားလိုက်လုပ်နေတဲ့ ပလေးဘွိုင်းလေးတွေ ကမ့်ထဲကအလွဲလေးတွေ၊ စော်လိုက်နည်းတော်ကီပစ်တာလေးတွေ၊ ကမ့်ဝင်ရင်းနဲ့ အချစ်စစ်ရှာတွေ့သွားတာလေးတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Mystery • Sci-Fi & Fantasy
6.1 2009 90 mins
Fired Up!
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
The Night Owl
7

ဒီတစ်ခေါက် တင်ဆင်ပေးမှာကတော့ နန်းတွင်းဇာတ်ကားကိုမှ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရမယ့် ရာဇဝတ်ဇာတ်လမ်းဖြစ်ပါတယ် ချောင်နိုင်ငံရဲ့လက်အောက်ခံဖြစ်နေတဲ့ ဂျိုဆွန်းမင်းဆက် အင်ဂျိုဘုရင်လက်ထက်မှာ ဇာတ်အိမ်တည်ထားပါတယ် ချောင်းဂယောင်းဆူဟာ ညီလေးဖြစ်သူရဲ့ ရောဂါကိုကုပေးချင်တဲ့အတွက် နန်းတွင်းသမားတော်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် အပ်စိုက် အထူးကျွမ်းကျင်တဲ့ ဂယောင်းဆူကတော့ အလင်းထဲမှာ မမြင်ရပေမဲ့ ညဘက်အမှောင်ထဲမှာဆိုရင်တော့ ရှင်းလင်းစွာ မြင်ရပါတယ် ဒါပေမဲ့နန်းတွင်းထဲမှာ မမြင်ချင်သလို မကြားသလို နေရမှာဖြစ်တဲ့အလျောက် အဲဒါကို ဖုံးကွယ်ထားခဲ့ပေမဲ့... ၈ နှစ်ကြာမှ ချောင်နိုင်ငံဓားစာခံအဖြစ်ကနေ ပြန်လာတဲ့ အိမ်ရှေ့စံရဲ့ သေဆုံးမှုကို မျက်မမြင်လို့သိထားကြတဲ့ ဂယောင်းဆူဟာ မျက်မြင်သက်သေအဖြစ် ထွက်ဆိုရပါတော့တယ် မျက်မမြင်တစ်ယောက်က မျက်မြင်သက်သေအဖြစ် ထွက်ဆိုမယ့်ကိစ္စဟာ မယုံနိုင်စရာဖြစ်တဲ့အပြင် ဘုရင်ကိုလိမ်ထားတဲ့ ပြစ်မှုလည်း မြောက်နေပြန်တော့ ဘယ်လိုတွေ ရှေ့ဆက်ပြီး ဖြေရှင်းမလဲဆိုတာကို အတူကြည့်ရှုရမှာပါ ဂယောင်းဆူအဖြစ် Ryu Joon Yeol နဲ့ မင်းသားကြီး Yu Hae Jin က အင်ဂျိုဘုရင်အဖြစ် သရုပ်ဆောင်ထားပါတယ် ဝါရင့်မင်းသားကြီးနှစ်လက်ရဲ့ ဇာတ်လမ်းဆိုတော့ သရုပ်ဆောင်ပိုင်းတော့ အထူးပြောစရာမလိုတော့ပါဘူးနော် ရာဇဝင်ဇာတ်လမ်း ကြိုက်တတ်တဲ့သူတွေအတွက် ကွက်တိပါပဲ အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz and Hmwe ပဲ ဖြစ်ပါတယ်။ Genre..... Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 554MB | 292MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz and Hmwe Encoder ..... August

Documentary • Music
7 2022 118 mins
The Night Owl
Jumanji: Welcome to the Jungle
6.8

၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ဆယ်ကျော်သက် လေးယောက် အခန်းထဲက အရှုပ်တွေကို ရှင်းရင်းနဲ့ ဂျူမန်းဂျိဂိမ်းစက်ကို ရှာတွေ့ခဲ့တာပါ။ လက်ထဲရောက်လာတဲ့ အသစ်အဆန်းဆို စူးစမ်းချင်တဲ့ သူတို့တွေ ဂိမ်းစက်ကိုဖွင့်ဆော့ရင်း ဗီဒီယိုဂိမ်းထဲ ရောက်သွားပါတော့တယ်။ ဂိမ်းထဲမှာ အပြင်ကလူတွေ မဟုတ်တော့ဘဲ သူတို့ရွေးလိုက် တဲ့ ဇာတ်ကောင်အလိုက် ကိုယ် စားပြုဂိမ်းဇာတ်ကောင်တွေအဖြစ် ပြောင်းသွားပြီး လှုပ်ရှားရပါတော့တယ်။ Welcome to the Jungle ဆိုတဲ့အတိုင်းပဲ တောနက်ထဲကို ရောက်သွားကြတဲ့ သူတို့လေး ယောက် လမ်းခရီးတစ်လျှောက် စွန့်စားခန်းမျိုးစုံနဲ့ ကြုံခဲ့ကြရပြီး အန္တရာယ်ခရီးကြမ်းတွေကို တက် ညီလက်ညီ ကျော်ဖြတ်ခဲ့ကြရပါတယ်။ စပန်ဆာတို့အဖွဲ့တွေ ဂျူမန်းဂျိကမ္ဘာထဲက ဘယ်လိုတွေ ဖြတ်သန်းပြီးမှ လွတ်မြောက်နိုင်မှာလဲဆိုတာကို စွန့်စားခန်း၊ အက်ရှင်၊ ဟာသ၊ ရသမျိုးစုံခံစားရင်းဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ ဂျက်ဘလက်ခ်၊ ကယ်ရန်ဂျီလန်၊ ကီဗင်ဟက်၊ နစ်ခ်ဂျိုနက်စ်၊ ဘော့ဘီကန်နာဗေးလ်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File size…(6.4 GB)/(1.9 GB) Quality….BluRay 4K HEVC/1080p Format…mkv/mp4 Duration….01:59:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by CM Team

Comedy • Drama
6.8 2017 119 mins
Jumanji: Welcome to the Jungle
A Father’s Nightmare
5.5

A Father’s Nightmare (2018) ===================== လီဆာက အယုံလွယ်တဲ့ကောင်မလေးတစ်ယောက်။ မိခင်ဖြစ် သူ ဆုံးသွားပြီးကတည်းက စိတ်ဒဏ်ရာအကြီးကြီးရခဲ့တဲ့သူ။ သူ့အဖေနဲ့အတူ အဖေတစ်ခုသမီးတစ်ခုမိသားစု။ အဲဒီကောင် မလေးရဲ့ ဘဝထဲကို ဗန်နက်ဆာဆိုတဲ့ မိန်းမတစ်ယောက်ရောက် လာတယ်။ အဲဒီမိန်းမက ကောက်ကျစ်တယ်။ လှည့်စားတတ် တယ်။ ဉာဏ်များတယ်။ ဟန်ဆောင်ကောင်းတယ်။ မာယာများ တယ်။ စကားကို ပလီပလာပြောတယ်။ အကွက်ကျကျစီစဉ်တတ် ပြီး လက်ရဲဇက်ရဲရှိတယ်။ သူများဘဝကိုဖျက်ဆီးရတာ ပျော်မွေ့ သူတစ်ယောက်။ သူ့ပစ်မှတ်က သနားစရာလီဆာဖြစ်တယ်။ သူလီဆာ့ဘဝထဲကို သူငယ်ချင်းဆိုတဲ့ ဆက်ဆံရေးကနေ စိမ့်ဝင် လာတယ်။ လီဆာ့အနားက လီဆာ့ကိုချစ်တဲ့သူတွေကို ဖယ်ထုတ် ပစ်တယ်။ လီဆာ့အပေါ်မှာ သူ့တစ်ယောက်တည်းရဲ့လွှမ်းမိုးမှုသာ ရှိစေတယ်။ မသိမသာရော သိသိသာသာရော လီဆာက သူ့ရုပ် သေးရုပ်လိုဖြစ်လာတယ်။ သူဝင်ရောက်လာတာနဲ့အမျှ လီဆာ့ ဘဝက တဖြည်းဖြည်းပြောင်းလဲသွားတယ်။ ပြောရရင် လီဆာ့နေ့ စဉ်ဘဝကို သူဂြိုဟ်ဝင်မွှေနေတာပဲ။ လီဆာက သူ့အတွက် အရေး ပါတဲ့အရာတွေ၊ အရေးပါတဲ့သူတွေကို တစ်စတစ်စဆုံးရှုံးလာရ တယ်။ သတိမထားမိလိုက်ခင်မှာပဲ ဗန်နက်ဆာဆိုတဲ့ မိန်းမရဲ့ကစား စရာလေးဖြစ်နေပြီ။ လီဆာဟာ နုနယ်တယ်။ သူ့ပြောင်းလဲမှုတွေကို သတိထားမိတာက သူ့အဖေ။ လက်သည်တရားခံကိုသတိထားမိတာကလည်း သူ့အ ဖေပဲ။ ကိုယ့်ရင်သွေး ပျက်စီးနေတာကို မြင်နေရတာ အဖေတစ် ယောက်ရဲ့အိပ်မက်ဆိုးပါပဲ။ ဒီလိုနဲ့လီဆာ့အဖေဟာ စပြီးစုံစမ်း တယ်။ ဗန်နက်ဆာ့ကို သူ့သမီးအနားကနေ ဖယ်ထုတ်ဖို့ ကြိုးစား တယ်။ ဒါပေမဲ့ သူသိလိုက်ရတဲ့အရာက နောက်ထပ်အိပ်မက်ဆိုး တစ်ခု ဖြစ်နေပြန်တာပါပဲ။ လီဆာနဲ့သူ့အဖေတို့ ဗန်နက်ဆာ့ရဲ့အကြံ အစည်ကနေ လွတ်အောင်ရုန်းနိုင်ပါ့မလား။ ဗန်နက်ဆာကရော ဘာလို့သူများဘဝကိုဖျက်ဆီးရတာကို ပျော်မွေ့နေတာလဲ။ ကဲပါ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.66 GB) / (660 MB) / (378 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 25Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Ngwe Zin Encoder……….SWM

5.5 2018 90 mins
A Father’s Nightmare
Hardcore Never Dies
6.9

နယ်သာလန် ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Jim Taihuttu ရဲ့လက်ရာကောင်းလေးဖြစ်တဲ့ Crime ဇာတ်ကားလေး တစ်ကားပါ 2022 မှာ Do Not Hesitate ဇာတ်ကားနဲ့ Best Leading Role ဆုရထားတဲ့ မင်းသား Joes Brauers နဲ့ 2018-21 မှာထွက်ရှိထားတဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ Joardy Season မှာ Honorable Mention Television Award ရရှိခဲ့တဲ့ မင်းသား Jim Deddes တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ မိုက်ကယ် နဲ့ ဒန်နီ တို့နှစ်ယောက်ဟာ အကျင့်ရော၊ စာရိတ္တ ရော ဘာဆိုဘာမှ မတူနဲ့ ညီအစ်ကိုနှစ်ယောက်ပေါ့ အစ်ကိုဖြစ်သူ ဒန်နီ ကမိဘတွေက မနိုင်တော့လို့အိမ်ပေါ်ကနေကန်ချထားတဲ့ မူးယစ်ဆေးဝါးဝယ်ရောင်းလုပ်တဲ့သူပေါ့ ညီဖြစ်သူကတော့ စန္ဒယားအတီးသင်ပြီး ပိုကောင်းတဲ့ဘဝဖြစ်နိုင်ဖို့ အချိန်ပိုင်းအလုပ်လေးလုပ်ပြီး ကြိုးစားနေတဲ့သူပေါ့ အဖေဖြစ်တဲ့သူက ညီဖြစ်သူ သူ့အစ်ကိုလို လမ်းမှားရောက်သွားမှာစိုးလို့ အရိပ်တကြည့်ကြည့်နဲ့ ထိန်းနေရတယ် တရက်တော့ အစ်ကိုဖြစ်သူရောက်လာပြီး သူ့အရောင်းအဝယ်ကိစ္စမှာတစ်ခါလောက်ကူညီပေးဖို့ အကူအညီတောင်းရာကနေ တစ်နွယ်ငင်တစ်စင်ပါဆိုသလို ငွေကိုရေလိုသုံးနေတဲ့ သူ့အစ်ကိုရဲ့ဘဝကို တဖြည်းဖြည်းအားကျမိရာကနေ အဲဒီမူးယစ်ဆေးဝါးနွံထဲက ဘယ်လိုခက်ခက်ခဲခဲ ရုန်းထွက်မလဲဆိုတာကိုတော့………. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.3 GB)/(2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

6.9 2022 108 mins
Hardcore Never Dies
Kaulayaw
5

အယ်လာနဲ့ကာရာဟာကျောင်းနေဘက်တွေဖြစ်သလို တိုက်ခန်းတစ်ခန်းမှာအတူစပ်နေထိုင်ကြတဲ့ အခန်းဖော်တွေပါ ကာရာမှာတော့ချစ်သူလည်းဖြစ် စပွန်ဆာလည်းဖြစ်တဲ့ရည်းစားရှိပါတယ် အယ်လာကတော့ ဆင်ဂယ်ဖြစ်ပြီး သူ့ရဲ့အဓိကအလုပ်မှာလူလျှော့ခံလိုက်ရတဲ့နောက် ဘ၀အတွက်အားငယ်နေတာပေါ့ ကာရာရဲ့ချစ်သူသစ္စာဖောက်မှုကြောင့် သူတို့နှစ်ယောက်ပြတ်စဲသွားပြီးနောက် ကာရာနဲ့ အယ်လာတို့ရဲ့ သူငယ်ချင်း အချစ်ကို ဖော်ပြထားတဲ့ Romance , Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB)/(300MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_00:48:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Action • Crime • Thriller
5 2024 48 mins
Kaulayaw
The Treacherous
6.1

The Treacherous (2015) IMDb Rating (6.1) / Rotten Tomatoes (62%) နာမည်ကြီး မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Kingdom မှ Ju Ji-Hoon , Wonderful World မှ Kim Kang-Woo , The Glory မှ Lim Ji Yeon နဲ့ Dare To Love Me မှ Lee Yoo-Young တို အဓက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားဟောင်းလေး< The Treacherous > ကို တင်ဆက်ပေးလိုက်ပါတယ်… ? 18+ ဇာတ်ဝင်ခန်းတွေ တော်တော်များများ ပါဝင်တာမလို့ အသက်ပြည့်ပြီးသူများသာ ကြည့်ကြဖို့ အကြံပြုပါရစေ – ဇာတ်လမ်းအကျဉ်း – ဘုရင်ယွန်းဆန်းက သူ့ရဲ့မိခင် မိဖုရားယွန်းကို မိဖုရားရာထူးကနေ ဖြုတ်ချရေးမှာ ပူးပေါင်းပါဝင်ခဲ့တဲ့သူအားလုံးကို သုတ်သင်ရှင်းလင်းပစ်ပြီးနောက်မှာ အရူးတစ်ပိုင်းလို ဖြစ်သွားပါတော့တယ်.. ဒီသုတ်သင်ပွဲကို တမင်ဖြစ်မြှောက်အောင် နောက်ကွယ်ကနေ သွေးထိုးပေးနေသူကတော့ အမတ်အင်ဆုန်းဂျယ်တို့ သားအဖနှစ်ယောက်ဖြစ်ပါတယ်.. သူတို့နှစ်ယောက်ဟာ ဘုရင်အကြိုက်လိုက်ပြီး သူတို့ရှင်းလင်းလိုသူတွေကို တဖက်လှည့်နဲ့ ရှင်းလင်းဖို့ အကွက်ချစီစဉ်ခဲ့ကြတာပါ… နန်းတွင်းထဲမှာလဲ ဘုရင်က ကာမဂုဏ်အာရုံမှာပဲ ထွေပြားနေပြီး စိတ်ပါမမှန်တော့တာမလို့ အမတ်အင်ဆုန်းဂျယ်တို့သားအဖက ဘုရင့်အမိန့်ဆိုပြီး သူတို့လုပ်ချင်ရာကို လုပ်နေကြပါတော့တယ်။ ဘယ်လောက်ထိယုတ်မာကြလဲဆိုရင် ဘုရင်ယွန်းဆန်းကို ခစားပြုစုပေးဖို့ဆိုတဲ့ခေါင်းစဉ်တပ်ကာ တနိုင်ငံလုံးက မိန်းမပျိုတွေကို အတင်းအဓမ္မစုဆောင်းတဲ့ “မိန်းမလှစုဆောင်းရေးတပ်ဖွဲ့” ကို ဖွဲစည်းဖို့ဘုရင်ကိုနားချပါတော့တယ်။ ဘုရင်ကလဲ မူမမှန်တော့ စိတ်ကြိုက်သာချပါဆိုပြီး အဆိုပါတပ်ဖွဲ့ကို အမတ်အင်ဆုန်းဂျယ်ကို ဦးဆောင်စေခိုင်းလိုက်တဲ့အခါမှာတော့… အင်ဆုန်းဂျယ်တို့အကြိုက်တွေ့သွားပြီး သူတို့အိမ်နိမ့်စံဘဝမှာ နှိပ်ကွပ်ခဲ့တဲ့ အမတ်တွေ လူတွေအိမ်က မိန်းမပျိုတွေအကုန်လုံးကို အတင်းအဓမ္မနန်းတွင်းသို့စုဆောင်းပါတော့တယ်။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ အင်ဆုန်းဂျယ်တယောက် အကုန်လုံးကို ဒုက္ခပေးနေရင်းနဲ့ လှပတဲ့ သားသတ်သမလေး (Lim Ji-Yeon) ကို တွေ့သွားတဲ့အခါမှာတော့…. ချစ်ခြင်းနဲ့အာဏာကြားမှာ ဘယ်လိုတွေဗျာများသွားရမလဲဆိုတာ…..။ ဒီရုပ်ရှင်က ကိုရီးယားသမိုင်းထဲက ဖြစ်ရပ်မှန်တခုကိုအခြေပြုလို့ရိုက်ကူးထားတာဖြစ်ပါတယ်။

6.1 2015
The Treacherous
Court – State Vs. A Nobody
8

Court – State vs. A Nobody (2025) “အညတရလူတစ်ယောက်အတွက်” တေလဂူးစကားပြော တရားခွင် ရုံကားအသစ်ဖြစ်ပြီး ၆၆.၇၅ ကုဋေအထိ ရုံတင်ငွေ ရရှိထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်လိုက်ပါတယ် တေဂျာဟာ ရှေ့နေပေါက်စတစ်ယောက်ဖြစ်ပြီး သူတို့ရှေ့နေရုံးခန်းက ဆရာကြီးနဲ့တကွ စီနီယာရှေ့နေတွေကျေးဇူးကြောင့် အလုပ်သက်တမ်း ၃ နှစ်အတွင်း အမှုတစ်ခုမှ ကိုယ်တိုင်မကိုင်ဖူးသေးဘဲ စိတ်ပျက်လျက်ရှိပါတယ် ကံအကြောင်းဖန်လာတော့ လေးရက်နေရင် စီရင်ချက်ချတော့မယ့် အားလုံးကလက်လျှော့ထားတဲ့ ၁၉ နှစ်အရွယ်တရားခံကောင်လေးနဲ့ ပတ်သက်သူတွေက အကူအညီတောင်းလာတဲ့အခါ တရားလိုက ၁၇ နှစ်အရွယ်မိန်းကလေးရဲ့ အကောင်ကြီးကြီး အသိုင်းအဝိုင်းဖြစ်နေတာကြောင့်ရယ် အချိန်လည်းမရှိတော့တဲ့ ဒီကောင်လေးအတွက် တေဂျာတစ်ယောက် ကယ်တင်ရှင်ဖြစ်လာနိုင်မလား ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Zwe Yan ~ ToMo ~ Cherry ~ Yunni မှ ဖြစ်ပါတယ်

8 2025 149 mins
Court – State Vs. A Nobody
Elbow Ellbogen
6.2

Elbow (2024) IMDb Rating (6.2) ဂျာမန်စာရေးဆရာမ Fatma Aydemirရဲ့ စာပေဆုရစာအုပ်ဖြစ်တဲ့ Ellbogen (Elbow)ကို ပြန်ရိုက်ထားတာပါ။ ဇာတ်ကတော့ coming-of-age dramaပါ။ ဒီဘက်ခေတ် coming-of-ageတွေ တော်တော်များများက ဘာလို့လဲမသိ ဒုက္ခသုက္ခတွေ တော်တော်စုံလာတယ်။ ဒီကားကလည်း ၁၈ပြည့်တဲ့နေ့မှာတင် လူပါသတ်မိတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဒုက္ခသုက္ခတွေအကြောင်းပဲ။ ပြောရရင် ၁၈မပြည့်ခင်ကတည်းက အလုပ်ရှာမရ ရတဲ့အလုပ်ကငွေကောင်းကောင်းမရတဲ့ ဒုက္ခတွေရှိနေပြီးသား ကလေးမလေးရဲ့ကမ္ဘာထဲ အဖြစ်တွေပိုဆိုးသွားတာကို ရိုက်ပြထားတာပဲ။ ဒီဘက်နောက်ပိုင်း coming-of-age dramaတွေအကုန် ဒီလိုတွေဖြစ်လာတာက လက်တွေ့လား လူနည်းစုကိုမှ တော်တော်နည်းတဲ့လူနည်းစုကို ထင်ဟပ်တာလားတော့မသိပေမဲ့ coming-of-age ဒရာမာတွေကို ဒီလိုစတိုင်တွေနဲ့ ရိုက်ပြလာတာတော့ တော်တော်များနေပါပြီ။ လူကြိုက်တော့များကြပုံပါပဲ။ ဒီလိုစတိုင်တွေကြိုက်ရင် ကြည့်လို့ကောင်းမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.5 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:26:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Science Fiction • Adventure • Thriller
6.2 2024 87 mins
Elbow Ellbogen
Dark Paradise Tume paradiis
5.9

Dark Paradise (2024) IMDb Rating (5.9) ကာမန်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့အဖေကရှိတုန်းက သူ့ဘဝက သူ့အဖေထောက်ပံ့တဲ့ငွေနဲ့ မတောင့်မတ မကြောင့်မကြပါဘဲ။ ဇာတ်လမ်းကတော့ သူ့အဖေ အသုဘမှာစထားတယ်။ သူ့အဖေက သူထင်ခဲ့သလို လူချမ်းသာမဟုတ်ဘဲ အကြွေးတွေဝိုင်းနေတဲ့လူဆိုတာလည်း သူ့အဖေ အသုဘကျမှ သူသိလိုက်ရတယ်။ သူ့အဖေချန်ခဲ့တဲ့အမွေတွေကိုလည်း အကြွေးတွေဆပ်ဖို့ သူ့အမေနဲ့သူ့ပထွေးက သိမ်းချင်နေတယ်။ ဒီတော့ ကာမန်ဟာ သူ့ဘဝကြီးထဲ သူစရောက်လာတယ်။ ဆေးလည်းစွဲနေတဲ့ ကာမန်ဟာ သူ့ဘဝကြီးကို ဘယ်လိုတည်ဆောက်မလဲ။ ဆောက်နိုင်ပါ့မလား။ သူ့အဆိုးတွေကရော ဘယ်အထိဆိုးမလဲ ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ လိင်ဆက်ဆံခန်းတွေ တော်တော်ပါတာမို့ မိသားစုနဲ့တော့ ကြည့်လို့အဆင်မပြေပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.4 GB) / (620 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:49:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Drama • Music • Crime
5.9 2024 108 mins
Dark Paradise Tume paradiis
The Ledge
6.5

The Ledge (2011) IMDb Rating (6.5) ဟိုးအမြင့်ကြီးက အမိုးစွန်းနားလေးမှာ သေကြောင်းကြံစည်ဖို့ ခုန်ချတော့မယ့် လူတယောက်… လေတွေက တဟူးဟူးနဲ့ အသည်းယားစရာ ရပ်နေ… ဒီတော့ ရဲစခန်းကစုံထောက်တယောက်ရောက်ချလာပြီး ပြတင်းပေါက်နားကနေ ဒီလူ့ကို နားချတယ် …. ဘာလို့ခုန်ချမှာလဲ…အိမ်ထောင်ရှိလို့လားတဲ့ ဟိုလူက မရှိပါဘူးတဲ့… ဟ..အိမ်ထောင်လဲမရှိဘဲ ဘာတွေစိတ်ညစ်လို့ ခုန်ချမှာလဲ ငါ့ကောင်တဲ့။ ဒီတော့ ခုန်ချမယ့်လူက ပြန်ပြောတယ် စုံထောက်ကြီး…ခင်ဗျားကတော့ သေချာပေါက်အိမ်ထောင်ရှိပုံပဲတဲ့။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ တယောက်ပြသနာတယောက်သိသွားကြပြီး အမိုးစွန်းနဲ့ ပြတင်းပေါက်နားကနေ သူတို့ဘဝတွေကို နောက်ကြောင်းပြန်ကြပါတော့တယ်။ ယောကျ်ားတယောက်ဘဝကို ဘယ်အရာကများ ကပြောင်းကပြန် လှုပ်နိုင်စွမ်းရှိမလဲ…. သိပ်သေချာတာပေါ့ဗျာ ဣတ္ထိယ မိန်းမတို့ပါပဲ…. ဘယ်လိုတွေဖြစ်လို့ အမိုးစွန်းကနေ ကိုယ့်ကိုယ်ကိုခုန်ချဖို့ထိ ဆုံးဖြတ်သွားရတာလဲဆိုတာတော့ အသည်းတယားယားနဲ့ကြည့်ရှုကြရမှာပါ။ အသည်းယားဆို မင်းသမီးက Liv Tyler ကြီးဗျ…. လူ့သဘာဝရဲ့အမှောင်ခြမ်းတွေကိုရိုက်ထားတာဆိုတော့ အိပ်ရာခန်းတချို့နဲ့ လှုပ်လှုပ်ခတ်ခတ် ဇာတ်နာထားရပါသေးတယ်။ မင်းသားတွေကတော့ Charlie Hunnam , Patrick Wilson , Terrence Howard တို့နဲ့ လေးလေးနက်နက်ဇာတ်ကားတကားပါပဲ။

6.5 2011 101 mins
The Ledge