YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Oho Enthan Baby (2025) WEB-DL - 1080p HQ - AVC -YK(CM).mkv

2.58 GB 1080p video/x-matroska 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(21+) Sex, Party and Lies
4.6

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အကြမ်းစား စပိန် 21+ ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နွေရာသီအားလပ်မှာ ပွဲတော်တစ်ခုကို သွားကဲချင်ပေမဲ့ ဘိုင်ပြတ်နေတဲ့အတွက် ကြံရာမရတဲ့အဆုံး ကလပ်မှာမူးယစ်ဆေးရောင်းဖို့ ဆုံးဖြတ်လိုက်တဲ့ နီကို နဲ့ တိုနီ ... ဝိတ်တက်လာလို့ ဘဲပစ်ခံလိုက်ရတဲ့အပြင် ဝလာတဲ့အတွက် အလုပ်ပါပြုတ်သွားလို့ လောင်နေတဲ့ကောင်မလေး ပက်ဇ် ... သူငယ်ချင်းမ ပက်ဇ် ကို နှစ်သိမ့်ပေးသလိုလိုနဲ့ သူ့ရဲ့ဘဲ ဘိန်းစားဂီတသမားနဲ့ နောက်ကွယ်မှာခိုးစားနေတဲ့ မစံပယ် … ကိုယ့်ကိုယ်ကိုယ် လက်စဘီယန် ဆိုတာ လက်မခံနိုင်တဲ့ကောင်မလေး မာရီနာ နဲ့ Bisexual စားစော်ကြီး လီယို … အစရှိသဖြင့် လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အပျော်အပါးခံစားချက် စရိုက်သဘာဝအစုံကို ခံစားကြည့်ရှူနိုင်မှာပဲဖြစ်ပါတယ်။ (Gay, Straight, Bi, Lesbian, Threesome စတဲ့ အကြမ်းစား sex အခန်းတွေ ဖောဖောသီသီ ပါဝင်တဲ့အတွက် မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲ ဖြစ်ပါတယ်။) File Size          :  2.6GB, 1.2GB & 473MB Quality            : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format            : mp4 Duration         : 1hr & 47mins Genre              : Comedy, Drama Translated by  Thar Htet Encoded by Kinnov

Drama
4.6 2009 107 mins
(21+) Sex, Party and Lies
The Cinderella Addiction
6.6

Alice in Borderland မှာ Usagiအနေနဲ့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးလေး Tsuchiya Taoနဲ့ မင်းသား Tanaka Keiတို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ငယ်ငယ်တုန်းက Disney Princessပုံပြင်တွေမှာဆိုရင် မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့ အခက်အခဲကြုံနေရတဲ့မင်းသမီးတို့ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်လို့ Happily ever afterဆိုတဲ့ပုံပြင်တွေကို အသည်းစွဲခဲ့ကြဖူးပါတယ်။ ဘဝမှာလည်း ကံကောင်းစွာနဲ့ ကိုယ့်ကိုကယ်တင်ပေးမဲ့သူပေါ်လာပြီး ဘဝများပြောင်းလဲသွားလေမလားလို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်ဆိုရင်တော့ ဒီဇာတ်ကားကိုကြည့်သင့်ပါတယ်။ ကလေးတွေကို တိုင်ပင်စောင့်ရှောက်ပေးတဲ့ဌာနက ဝန်ထမ်းမလေး "ကိုဟရု"ကတော့ ငယ်ငယ်တည်းက မိခင်စွန့်ပစ်တာကိုခံခဲ့ရသူပါ။ ၁၂နှစ်သမီးတည်းက မိခင်ဖြစ်သူထွက်ပြေးသွားပြီး မိခင်မေတ္တာငတ်ခဲ့သူမို့ တာဝန်ယူလိုစိတ်ကင်းမဲ့တဲ့အမေကိုမုန်းပြီး အမေလိုလူတစ်ယောက်မဖြစ်ချင်တဲ့သူပါ။ သူ့အဖေကတော့စက်ဘီးဆိုင်လေးဖွင့်ထားပြီး ညီမဖြစ်သူက အထက်တန်းတက်နေပါတယ်။ တစ်နေ့မှာတော့ အဘိုးဖြစ်သူက ရေချိုးခန်းထဲမှာမူးလဲတာကြောင့် ဆေးရုံပို့ဖို့ ကားနဲ့အပြေးသွားတုန်း အိမ်မှာထွန်းခဲ့တဲ့ခြင်ဆေးခွေကနေ မီးစွဲပြီး အိမ်မီးလောင်ပါတော့တယ်။ အိမ်မီးလောင်သွားတာကြောင့် ရည်းစားဖြစ်သူရဲ့အိမ်မှာ ခဏတည်းဖို့သွားပြန်တော့လည်း ရည်းစားဖြစ်သူက ဖောက်ပြန်နေတာနဲ့ ပက်ပင်းတိုးပါရော။ အိမ်ဆုံးရှုံးပြီး ရည်းစားသစ္စာဖောက်လို့စိတ်ပျက်ပျက်နဲ့လမ်းလျှောက်လာတုန်း ရထားသံလမ်းပေါ်မှာ လူတစ်ယောက်လဲနေလို့ ကယ်ခဲ့ပါတယ်။ အဲဒီလူကတော့ ကိုယ်ပိုင်ဆေးရုံပိုင်တဲ့ ဒေါက်တာ ဒိုင်ဂေါ့ အိဇုမိဇဝပါပဲ။ အရာရာမှာ အနှုတ်ပြနေတဲ့"ကိုဟရု"တစ်ယောက် ရည်းစားနဲ့လည်းပြတ် အလုပ်မှာလည်းအဆင်မပြေတဲ့အချိန် သူ့သူငယ်ချင်းတွေ အကြံပေးတာက ယောက်ျားကောင်းကောင်းယူပြီး အိမ်ရှင်မကောင်းလုပ်ဖို့ပါတဲ့။ကိုဟရုတစ်ယောက်ကတော့ သူ့အခြေအနေအတွက် perfectဖြစ်နေတဲ့ မြင်းဖြူစီးလာတဲ့မင်းသားလေးနဲ့တူတဲ့ ချမ်းသာတဲ့ဒိုင်ဂေါ့ကိုဆက်သွယ်လိုက်ပါတယ်။ ဒိုင်ဂေါ့မှာ ၈နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပြီး မိန်းမဖြစ်သူကတော့ ဆုံးသွားခဲ့တာကြာပါပြီ။ဒိုင်ဂေါ့ရဲ့ သမီးလေးကလည်း ကိုဟရုနဲ့တည့်ပြီး အရမ်းချစ်ပါတယ်။ ပနံသင့်လှတဲ့သူတို့နှစ်ယောက်ကတော့ တစ်လအတွင်းမှာပဲ လက်ထပ်လိုက်ကြပါတော့တယ်။ သာမန်ဆိုရင်တော့ မင်းသားနဲ့စင်ဒရဲလားလေး လက်ထပ်ပြီး ပျော်ရွှင်တဲ့အိမ်ထောင်ရေးတစ်ခုဖြစ်သွားမယ်လို့ထင်ချင်စရာပါ။ သမီးလေးအပေါ်မှာမိခင်တစ်ယောက်လိုချစ်ပေးပြီး အိမ်ရှင်မကောင်းဖြစ်အောင်ကြိုးစားပေမဲ့ စိတ်ဒဏ်ရာကိုယ်စီရှိကြတဲ့သူတို့တွေကြားမှာ ပြဿနာမီးပွားတွေ စပေါ်လာပါတယ်။ ကောင်းမွန်တယ်လို့ထင်ရတဲ့ဘဝကို လိုချင်လို့ မြန်မြန်တည်ဆောက်ခဲ့တဲ့ဆက်ဆံရေးဖြစ်တာကြောင့် ကိုဟရုမသိခဲ့ရတဲ့လျှို့ဝှက်ချက်တွေ အမှောင်ခြမ်းတွေကို တွေ့လိုက်ရတဲ့အခါ... စင်ဒရဲလားလေးရဲ့ အိမ်ထောင်ရေးက ပုံပြင်ထဲကလို ရထားလုံးလေးစီးပြီး ဖြောင့်ဖြူးတဲ့လမ်းမဟုတ်တာသေချာပါတယ်။ ဒီကားကြည့်ပြီးရင်တော့ ချမ်းသာတဲ့လူကိုလက်ထပ်ပြီး စင်ဒရဲလားဖြစ်ချင်စိတ်တွေ တစ်ဝက်လောက်လျော့သွားမယ်လို့ ထင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (1GB) Quality__Blu-Ray_1080p, 720p IMDb Rating__7.5/10 Format__mp4 Duration__01:55:00 Type__Crime, Drama, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama
6.6 2021 114 mins
The Cinderella Addiction
12:46

လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ရေးဟာ သူ့ရဲ့သီချင်းခွေထုတ်ဖို့အတွက် စတူဒီယိုကြေးပေးဖို့လိုတော့ မိတ်ဆွေဖြစ်သူ ဒရေဆီမှာ ကားမောင်းတဲ့ အလုပ်ကိုဝင်လုပ်ပေးပါတယ်…။ ဒရေဆိုတာ အဲ့ဒီနယ်ပယ်မှာ မူးယစ်လူမိုက်ဂိုဏ်းခေါင်းဆောင်၊ သူ့အပိုင်စားနယ်ပယ်ရဖို့ဆိုရင် လူသတ်ဖို့ဝန်မလေးသူပေါ့….။ ဒရေဟာ ပြိုင်ဘဏ်လူမိုက်ဂိုဏ်းကို တိုက်ခိုက်ရင်း၊ နယ်မြေလုရင်း ရန်သူတွေပိုပိုများလာတော့ ရေးဟာလည်း ဒီအလုပ်ကိုဆက်လုပ်သင့် မလုပ်သင့်စဥ်းစားလာရပါပြီ…။ ဘဝဆိုတာ လမ်းဆုံကြီးတစ်ခုလိုပဲ လမ်းတစ်ခုကိုတော့ရွေးချယ်ရောက်မှာ ဖြစ်ပြီး ရွေးမိတဲ့လမ်းက မှားမနေဖို့လည်းလိုပါတယ်…။ ရေးတစ်ယောက် ဘယ်လမ်းကိုရွေးချယ်သွားမလဲ… ရာဇဝတ်လမ်းကနေ လွတ်မြောက်နိုင်မလားဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်ပါပြီ…။ File size…1.26GB / 478MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 10m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Myat Htet

0 2023 70 mins
12:46
Bora

Bora (2023) ဒီကားလေးက 2023 ခုနှစ်ထွက် Thriller ကားသစ်လေးဖြစ်ပါတယ်။ အီလွန်ဆိုတဲ့ကောင်မလေးက မက်ဆီကန်ရိုးရာ လူသေများရဲ့နေ့မှာ စည်းကမ်းတင်းကြပ်တဲ့ မိဘနဲ့ အကာအကွယ်လွန်နေတဲ့ရည်းစားရဲ့လက်က‌နေ ကိုယ့်ကိုယ်ကိုယ်ရှာဖွေဖို့ခရီးထွက်လာပါတယ်။ လမ်းမှာ ဘိုရာဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့မတော်မဆတိုက်မိပြီး အဲဒီကောင်မလေးကို လမ်းကြုံခေါ်တင်လာပါတယ်။ အဲဒီကနေမှ သူတို့ရင်းနှီးလာပြီး အီလွန်ကို ဘိုရာက အယ်လ်အေတစ်ဝိုက် လိုက်ပြမယ်လို့ပြောပြီး အီလွန် တစ်ခါမှမလုပ်ဖူးတာတွေကို လုပ်ဖို့ဆွဲဆောင်ပါတော့တယ်။ ဘိုရာနဲ့တွေ့ပြီး အီလွန်မကြုံဖူးတာတွေကိုပါ ကြုံလာရရင်း ဘိုရာကဘယ်လိုလူစားမျိုးလဲ… ဘိုရာနဲ့အတူရှိရတာ အီလွန်အတွက် အန္တရာယ်ရောကင်းရဲ့လား…ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 730MB Quality – 1080p, 720p Format – mp4 Duration – 1H 30Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

0 2023 90 mins
Bora
Snow, Tea and Love
5.8

Snow, Tea and Love (2021) =================== IMDb Rating – 5.8/10 Snow..Tea and Love ဆိုတော့ ဖတ်ကြည့်လိုက်ရင် ဘာမှ ဆက်စပ်လို့ မရပါဘူး၊ မရဆို လူနာမည်တွေဖြစ်နေတာကိုး။ Snow..နဲ့ Tea တို့က ပြစ် မှုနဲ့ ထောင်ကျပြီး ထောင်ထဲမှာ ဘော်ဒါတွေဖြစ်နေကြပါတယ်။ Love က တော့ Tea ရဲ့ ဘော်ဒါဖြစ်ပြီး Tea ထောင်မကျခင်တုန်းက အိန္ဒိယမာဖီးယား တစ်ယောက်ဆီမှာ အတူတူအလုပ်လုပ်ကြပါတယ်။ တစ်ရက်မှာ မားဖီးယား ဘော့စ်က အလုပ်ခိုင်းဖို့ ရှိလာတော့ Love တစ်ယောက် Tea ကို ထောင်ထဲ ကထုတ်ဖို့လုပ်ရတော့တာပေါ့။ ဒီလိုနဲ့ ထောင်ဖောက်ဖို့ အစီအစဉ်တွေပြော နေတုန်းမှာပဲ တလွဲတွေဖြစ်ပြီး Tea ကိုထောင်ထဲကထုတ်ဖို့ Love ပါ ထောင် ထဲလိုက်ဝင်ရပါတော့တယ်။ Snow.Tea နဲ့ Love တို့ သုံးယောက်သား ထောင်ဖောက်ဖို့ လုပ်ရာမှာဘာတွေ ဘယ်လို တလွဲတွေဖြစ်ကြဦးမလဲ၊ ထောင်ကထွက်လာပြီး လုပ်ရမယ့်ကိစ္စမှာ လည်း ဘယ်လိုတွေ တိုင်ပတ်ကြဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။ မတူညီတဲ့ လူသုံးယောက်ရဲ့ မတူညီတဲ့ စရိုက်တွေနဲ့ တလွဲဟာသကား လေးဖြစ်လို့ စိတ်အပန်းဖြေဖို့အတွက် သင့်တော်မယ့် ကားကောင်းလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.76 GB) / (801 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 55Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Sci-Fi Translator……Thetti Tun Encoder……….SWM

Thriller • Drama • Romance
5.8 2021 115 mins
Snow, Tea and Love
Aachar & Co
8

Aachar & Co (2023) IMDb-8.1/10 သားသမီးတွေကို ကိုယ့်စိတ်တိုင်းကျအိမ်ထောင်ဖက်နဲ့ပဲပေးစားချင်ကြတာက မိဘအုပ်ထိန်းသူတော်တော်များများရဲ့ အတ္တလို့ဆိုရမလား။သူတို့ဘက်ကကျလည်း ကိုယ့်သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာမျိုး ကောင်းစားစေချင်တာမျိုးပေါ့။ ဒီကားလေးက ၁၉၆၀ပြည့်နှစ်အလွန်က အိန္ဒိယတောင်ပိုင်းပြည်နယ် ဘန်ဂါလူရူပြည်နယ်ကိုနောက်ခံထားပြီး အမျိုးသမီးဒါရိုက်တာ ဆင်ဒူးဆရီနီဗာဆာမူသီ ရိုက်ကူးထားတဲ့ မိသားစုဟာသဇာတ်မြူးရုပ်ရှင်လေးပဲဖြစ်ပါတယ်။ သားသုံးယောက် သမီးခုနစ်ယောက်မွေးထားတဲ့ အစိုးရဝန်ထမ်း ဆောက်လုပ်ရေးအင်ဂျင်နီယာကြီး ဦးအာချာပေါ့။သူ့သားသမီးတွေကို သူ့စိတ်တိုင်းကျဖြစ်စေချင်တဲ့ ဖခင်တယောက်။ သားသမီးတွေကို သူ့စိတ်တိုင်းကျ အိမ်ထောင်ဖက်ရှာပေး အိမ်ထောင်ချပေးနေရာက ရုတ်တရက်ကွယ်လွန်သွားတဲ့အခါမှာတော့ အိမ်ထောင်မကျသေးတဲ့ သမီးရဲ့ဘ၀က အခြေအနေတွေပြောင်းလဲသွားပါတော့တယ်။ အဲဒီခေတ်အခြေအနေမှာ ဘာလဲဆိုတော့ အမျိုးသမီးတွေက အိမ်ထောင်ရေးအတွက် အသုံးချခံအနေနဲ့ သက်မဲ့အရာလိုသတ်မှတ်ခံထားရမှုတွေကို မီးမောင်းထိုးပြရင်း ခပ်မြူးမြူးလေးကြည့်ရမယ့် ပေါ့ပေါ့ပါးပါးဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~BpL~Zwe~Moon~Vတို့ပဲဖြစ်ပါတယ်)

Family • Adventure • Action • Comedy
8 2023 103 mins
Aachar & Co
Bedeviled
4.2

Bedeviled (2016) ============= ယနေ့ခေတ်ကမ္ဘာဟာ နည်းပညာတွေထွန်းကားလာတာနဲ့အမျှ လူတွေဟာလည်း နည်းပညာနောက်ကိုလိုက်ရင်း အမှားမှားအယွင်းယွင်းတွေ ဖြစ်လာကြပါတယ်။ အခု ဒီ Bedeviled ဆိုတဲ့ ရုပ်ရှင်ကားလေးကတော့ ထူးဆန်းတဲ့ သရဲကားလို့ ပြော ရမှာပါ။ မစ္စတာ ဘီဒီဗယ်လ်ဆိုတဲ့ အက်ပ်ပလီကေးရှင်းက သူ့ကို အင်စတောလုပ် ထားတဲ့ ဖုန်းပိုင်ရှင်တွေကို အကြောက်တရားတွေပေးပြီး သုတ်သင်တာမျိုးပေါ့။ ဇာတ်လမ်းအကျဥ်းကတော့ နစ်ကီဆိုတဲ့ ဆယ်ကျော်သက် အရွယ်ကောင်မလေး တစ်ယောက် ထူးဆန်းစွာသေဆုံးခြင်းကစတင်ပါတယ်။ သူသေဆုံးသွားပြီးနောက် မှာ သူ့သူငယ်ချင်းတွေရဲ့ စမတ်ဖုန်းထဲ အက်ပ်ပလီကေးရှင်းတစ်ခု အင်စတောလုပ် မလားဆိုပြီး အင်ဗိုက်ရောက်လာပါလေရော။ သူငယ်ချင်းတွေကလည်း အမှုမဲ့အ မှတ်မဲ့နဲ့ အင်စတောရာကနေ မဖြစ်သင့်တာတွေဖြစ်ပြီး အကြောက်တရားရဲ့ လွှမ်း မိုးမှုကို ခံရတော့တာပါပဲ။ Bedeviled ဟာ နာမည်ကြီးသရဲကားတွေလောက် ကြောက်စရာမကောင်းဘူးဆို ပေမယ့် သူ့နေရာနဲ့သူ အဆင်ပြေတဲ့ ရုပ်ရှင်ကားလို့ဆိုရမှာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းပြီး တချို့ Jump Scare နေရာလေးတွေဆို တော်တော်ကို သေသပ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့ အပျင်းပြေသရဲကားတစ်ကားဖွင့်ထားချင်တယ်၊ ကြည့်ချင်တယ်ဆိုရင်တော့ Bedeviled က သင့်တော်တဲ့အကြောင်း ညွှန်းလိုက်ပါ ရစေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.4 GB) / (500 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator……Mugiwara Ya Encoder……….SWM

4.2 2016 91 mins
Bedeviled
Let the Dance Begin
6.9

Let the Dance Begin (2023) ~ IMDb – 6.9/10, Rotten Tomatoes – 100% ~ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Comedy, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.9 2023 99 mins
Let the Dance Begin
Dog Day Afternoon
8

Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရ ကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက် အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင် စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာ ထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့ သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်က သူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံ အခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ သူငယ်ချင်း ၂ ယောက် ဘယ်လို ရုန်းကန်ကြမလဲ။ သူတို့ ဘဏ်ဓားပြတိုက်ခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းတွေ ရှိကြမလဲ ဓားစာခံခေါ်ထားခြင်း ခံရတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလာမလဲ စတာတွေကို အပြင်မှာ တကယ်ဖြစ်ရပ်မှန် ဖြစ်ခဲ့ပါလားဆိုပြီး ခံစားကြည့်ရှုတဲ့အခါမှာ လုံးဝအံ့အားမှင်သက်မှုတွေကို ခံစားစေရမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား….. File size…2.21 GB / 1.37GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 5m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Thriller • Drama
8 1975 125 mins
Dog Day Afternoon
Wedding for Money (Nunta pe bani)
7.1

မင်္ဂလာ‌ဆောင်သွားရတာမကြိုက်တဲ့ မီချာတစ်ယောက် ကိုယ်တိုင် မဖြစ်မနေမင်္ဂလာဆောင်ရမဲ့အခြေအ‌နေတစ်ခုကိုရောက်သွားတဲ့အခါမှာ ဘယ်လိုတွေဆက်ဖြစ်မလဲ? ဇာတ်လမ်းလေးကို မီချာက သူ့အဘွားကို ပြီးခဲ့တဲ့လတွေ‌အတွင်းမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာကိုပြော‌ပြနေတဲ့ပုံစံမျိုးနဲ့တင်ဆက်ထားပါတယ်။ မီချာက ငါးနှစ်လောက်အတူတွဲလာခဲ့တဲ့ချစ်သူနဲ့အတူ တစ်အိမ်တည်းနေပြီး ကားအရောင်းပြခန်းမှာအလုပ်လုပ်နေတဲ့သူဖြစ်တယ်။ တစ်နေ့မှာတော့ ကားဝယ်သူတစ်ယောက်အတွက် ကားသွားယူလာပေးရာကနေ လမ်းမှာမြောင်းထဲထိုးကျသွားတယ်။ ဝယ်သူက သူ့အတွက် ခရီးစရိတ်နဲ့ကားအတွက်ငွေပေးချေပြီးသားဖြစ်တာကြောင့် မီချာ့ခမျာ ပြန်မလျော်နိုင်ဘဲ အကြွေးတွေတင်သွားရော။ အဲလိုနဲ့ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတုန်း မင်္ဂလာဆောင်ကပိုက်ဆံလက်ဖွဲ့တွေနဲ့ဆိုရင် အကြွေးပြန်ဆပ်လို့ရမယ်လို့အကြံရသွားပြီး မင်္ဂလာဆောင်ဖို့အတွက် အစီအစဉ်တွေဆွဲပါတော့တယ်… ဇာတ်ကားလေးက ဟာသဒရာမာကားတွေဖြစ်တာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမှာသေချာပါတယ်။ File size…(1.67 GB)/(928 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:36:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Settt Naing

7.1 2023 116 mins
Wedding for Money (Nunta pe bani)
A Touch of Zen
7.5

Directed by King Hu Genre – Action,Adventure,Drama IMDb – 7.5/10 ကင်းဟူဟာ ဟောင်ကောင်ရဲ့ အကြီးဆုံးရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ ရှောဘရားသားကုမ္ပဏီမှာ မင်းသားအဖြစ်ရော ရိုက်ကွင်းပြင်ဆင်သူအဖြစ်ရော စာရေးဆရာအဖြစ်ရော လုပ်ခဲ့ပြီးတဲ့နောက် ဒါရိုက်တာပါ လုပ်ခဲ့တယ်။ အကူအဖြစ်နဲ့ပဲရိုက်ခဲ့ရတာများပြီး နောက်ပိုင်းမှာ ရှောဘရားသားရဲ့ အကျော်ကြားဆုံး ရုပ်ရှင်တွေထဲက တစ်ကားဖြစ်တဲ့ Come Drink with Me (1966)ကို ရိုက်ခဲ့ပြီးတဲ့နောက် ၁၉၆၇မှာ ရှောဘရားသားကနေ ထွက်လာခဲ့ပြီး ထိုင်ဝမ်မှာ ကိုယ်ပိုင်စတူဒီယိုထောင်ခဲ့တယ်။ ၁၉၆၇မှာပဲ ထိုင်ဝမ်ကနေ သူ့ရဲ့နာမည်အကျော်ဆုံး ရုပ်ရှင်ဖြစ်သလို Wuxia ရုပ်ရှင်တွေရဲ့ သမိုင်းမှာ အပြောင်းအလဲတစ်ခုဖြစ်စေခဲ့တဲ့ ရုပ်ရှင်ဖြစ်တဲ့ Dragon Innကို ရိုက်ခဲ့တယ်။ ဒရာဂွန်အင်းဟာ အန်းလီရဲ့ နာမည်ကျော် Crouching Tiger, Hidden Dragon (2000) နဲ့ ကျန်းရိမူရဲ့ House of Flying Daggers တို့လို ကားတွေအပါအဝင် Wuxiaကား တော်တော်များများရဲ့ အတုယူစရာ ဖြစ်ခဲ့တယ်။ (2004)နောက် A Touch of Zenကို ရိုက်ခဲ့တယ်။ Raining in the Mountain (1979)တို့ Legend of the Mountain ( 1979)တို့ကိုလည်း ရိုက်ခဲ့တယ်။ ဒီကားတွေဟာ ထိုင်ဝမ်မှာ သူရိုက်ခဲ့တဲ့ကားတွေဖြစ်သလို ကင်းဟူက ထိုင်ဝမ်နယူးဝေ့မတိုင်ခင်ကာလမှာ ထိုင်ဝမ်ရဲ့ နာမည်အကျော်ဆုံး ဒါရိုက်တာတစ်ယောက်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့က လူတွေကလည်း သူ့ရုပ်ရှင်တွေနဲ့မကင်းနိုင်ခဲ့ဘူး။ Tsai Ming-liangဆိုလည်း Goobye Dragon Innဆိုပြီး ရိုက်ခဲ့ဖူးတယ်။ လက်ရှိမှာတော့ ကင်းဟူကိုဟာ Wuxia ရုပ်ရှင်တွေရဲ့ ဂုရုကြီးတစ်ဆူအဖြစ် သိကြတယ်။ Criterion ကလည်း သူ့ကားအများစုကို ပြန်ထုတ်ခဲ့တယ်။ A Touch of Zenကိုတော့ Pu Songlingရဲ့ Strange Stories from a Chinese Studio ဆိုတဲ့ စာအုပ်က ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတာ Raining in the Mountain နဲ့ Legend of the Mountainတို့ကိုလည်း ကင်းဟူက ဒီစာအုပ်က ဇာတ်လမ်းတွေကိုပဲ အခြေခံပြီး ရိုက်ခဲ့ဖူးတယ်။ 1975 Cannes Film Festivalမှာလည်း ဆုရခဲ့ဖူးတယ်။ A Touch of Zenရဲ့ ဇာတ်လမ်းကတော့ ကျွန်တော့်အမြင်အရတော့ ဒရာဂွန်အင်းနဲ့ ဆင်တယ်ပဲ ပြောရမယ်။ ဇာတ်ကတော့ နယ်ဘက်ကျေးဘက်မြို့ကလေးမှာ ပန်းချီဆွဲစာရေးပေးတဲ့ အလုပ်နဲ့ အသက်မွေးနေတဲ့ လူငယ်လေးတစ်ယောက်ကနေ စပြထားတယ်။ အမေတစ်ခု သားတစ်ခုခုနေနေကြလို့ အမေက သားကို ဖြစ်စေချင်ပေမဲ့ မကောင်းတဲ့ခေတ်မှာတော့ အရာရှိမဖြစ်ချင်ဘူးဆိုပြီး အရာရှိစာမေးပွဲမဖြေဘဲ ပေကပ်နေနေတဲ့သူပေါ့။ ဒီလိုနဲ့ အဲဒီမြို့ကလေးကို အပြင်လူတွေ ထူးထူးဆန်းဆန်း တစ်ယောက်ပြီး တစ်ရောက်ရောက်လာခဲ့တယ်။ သူ့ကို လာကပ်နေကြတဲ့သူတွေလည်းရှိကြတယ်။ ဒီလိုနဲ့ ဒီလူတွေက ဘာတွေလဲ ဘာလိုချင်လို့ရောက်လာတာလဲ။ ဒီမြို့ကလေးမှာ ဘယ်လိုပဟေဠိတွေရှိနေလဲဆိုတာကို အစောကပြောခဲ့တဲ့ တခြား Elementsတွေ ထည့်သုံးပြီး အသက်သွင်းထားတဲ့ ဇာတ်ပါပဲ။ သိုင်းကားပေမဲ့လည်း အစပျိုးကနေ သိချင်စိတ်ကို တဖြည်းဖြည်းစွသွားတဲ့ ပုံစံမှာတင် ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံ သေသပ်မှုကို အထင်းသားမြင်နေရတယ်။ ဒီကားမှာ ကင်းဟူဟာ သိုင်းကားကိုမှ ဇန်ဗုဒ္ဓဘာသာအငွေ့အသက်နဲ့ တရုတ်ရိုးရာရှေးအငွေ့အသက်တွေကိုအပြင် တရုတ်ဂန္တဝင် ဇာတ်အိမ်တွေရဲ့ theme တစ်ခုဖြစ်တဲ့ စာသင်သားနဲ့ မိန်းမလှလေးကြားက မေတ္တာဘွဲ့ကိုဖော်ပြတဲ့ ဟန်ကိုလည်း ထည့်သုံးထားခဲ့တယ်။ File size… 4.4 GB / 1.6 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 3h 20m Genre ….. Action / Adventure / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

7.5 1971
A Touch of Zen
Killer Influence
3

Killer Influence (2024) Influencer အရှိန်အဝါကြီးသူ(အင်ဖလူအန်ဇာ)တွေဆိုတာ လူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့စ်ဘွက်၊ အင်စတာဂရမ်၊ တင်ဒါ၊ တစ်တော့ခ် စတာတွေကနေ ကုန်ပစ္စည်းတွေကို အခကြေးငွေယူပြီး ကြော်ငြာပေးတာ၊ ရောင်းပေးတာတွေ လုပ်ပေးရသူတွေပါ။ အဲဒီလို လုပ်နိုင်ဖို့ကို သူတို့ကိုယ် သူတို့ နာမည်ကြီးလာအောင် ကိုယ်ပိုင်ဇာတ်နဲ့ ကိုယ်ပိုင်အရည်အချင်းတစ်ခုခုနဲ့ အရင်ဆုံး လူသိများလာအောင် လုပ်ရပါသေးတယ်။ ပရိသတ် အားပေးမှု ကျမသွားအောင်လည်း ထိန်းသိမ်းရပါသေးတယ်။ စိတ်ဖိအားအလွန်များသလို အချိန်ပြည့်လဲ အသစ်အသစ်တွေချပြနိုင်အောင် ဖန်တီးနေရပါတယ်။ အဲဒါအပြင် သူတို့ကို အကြောင်းမဲ့ နာမည်လိုက်ဖျက်တတ်သူတွေ၊ စော်ကားချင်သူတွေ Harasser၊ စွဲလမ်းလွန်ပြီး တကောက်ကောက်လိုက် နှောက်ယှက်တတ်သူ stalker တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။ အခု ရုပ်ရှင်မှာတော့ influencer တစ်သိုက် ဖန်တီးမှုအသစ်လုပ်ဖို့ ပြင်သစ်နိုင်ငံ၊ ကျေးလက်ဒေသလေးတစ်ခုကိုသွားပြီး ဗီဒီယိုအသစ်တွေဖန်တီးဖို့သွားခဲ့တာပါ။ ဇာတ်လမ်းပြောဆရာမ အဲလက်စ်က ဦးဆောင်ပြီး သူငယ်ချင်း influencer တွေဖြစ်တဲ့ အကဆရာဆမ် ခေါ် ဆမ်မြူဝယ်၊ နာလာအီးဇီးမိတ်ကပ် ခေါ် နာလာ၊ တကိုယ်တော်မင်းသမီးလေး ၆၉ ခေါ် မာရီတို့အပြင် လူမှုမီဒီယာတောင်မသုံးတတ်တဲ့ သူမရဲ့ချစ်သူ ကာမီးလ်တို့ကို ခေါ်ပြီး သူမပိုင် ကျေးလက်အိမ်လေးတစ်ခုကို သွားခဲ့ပါတယ်။ သူတို့ရိုက်ထားတဲ့ ဗီဒီယိုကို Location ထည့်လိုက်မိရာကနေ အနီးနားက စိတ္တဇ Stalker တစ်ယောက်ကို ဖိတ်ခေါ်မိရက်သားဖြစ်သွားပြီး သူတို့ဖန်တီးနေတဲ့ Horror story ထဲမှာ သူတို့ကိုယ်တိုင် ပါဝင် သရုပ်ဆောင်မိရက်သား ဖြစ်သွားခဲ့ပုံများကို ရှုစားရမှာပါ။ (အမျိုးသမီးချင်း) လိင်ဆက်ဆံခန်း၊ အရက်သေစာ ဆေးဝါးသုံးစွဲမှု၊သတ်ဖြတ်ခန်းများ ပါဝင်ပါသဖြင့် အသက်မပြည့်သေးသူများ ဆင်ခြင်သင့်ပါသည်။ ၂၀၂၀ခုနှစ်ထုတ် The Revolution မင်းသမီး Marilou Aussilloux၊ အစ္စရေး နာမည်ကျော် မင်းသမီး Joy Rieger၊ ပြင်သစ်သရုပ်ဆောင်Ouidad Elma၊Alix Gavoille၊ Lea Julianတို့ ပါဝင်ထားပြီး Abel Dananက ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်ထားတာဖြစ်ပါတယ်။ Jury Prize မှာ အကောင်းဆုံးဇာတ်ကား၊ အကောင်းဆုံးဂီတ နဲ့ Joy Rieger က အကောင်းဆုံးသရုပ်ဆောင်ဆုတွေ ရထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(1 GB) / (620 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Mystery, Thriller Duration….01:21:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Lone

Action • War
3 2024 84 mins
Killer Influence
Hidden Face
7.1

Hidden Face (2024) ********************* ဒီကားလေးတော့ 19+ ဖြစ်တဲ့အတွက် ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာတွေ ရိုက်ကူးထားတာ ဖြစ်လို့ မိသားစုနဲ့ အတူ ကြည့်ရှုရန် မသင့်တော်ပါဘူးနော်။ castတွေ အနေနဲ့တော့ ဂျွန်စောလို့ လူသိများတဲ့ မင်းသားကြီး Song Seung-heon, Cho Yeo-jeong နဲ့ Park Ji-hyun တို့က အဓိက ပါဝင်သရုပ်ဆောင် ထားပါတယ်။ Hidden face ရုပ်ရှင်ဟာ ၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင် Hidden Face (2011)ကို korea version အဖြစ် ဒါရိုက်တာ Kim Dae woo က remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး erotic mystery thriller အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ******************** ဂီတမှူးဆောင်းဂျင်းက သူ့ဇနီးလောင်း ဆူယွန်းရှိတဲ့ သံစုံတီးဝိုင်းမှာ ဦးဆောင်နေတဲ့ ဂီတမှူး တစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဆူယွန်းက ဗီဒီယိုမက်ဆေ့ချ်တစ်ခုပဲ ချန်ရစ်ထားခဲ့ပြီးတော့ ပျောက်ကွယ်သွားခဲ့ပါတယ်။ ‌‌ ဇနီးလောင်း ပျောက်ဆုံးသွားလို့ ယူကျုံးမရ ဖြစ်နေတဲ့ ဆောင်းဂျင်းဟာ .. သူ့ဇနီးလောင်းရဲ့ တယောကြီးသမားနေရာမှာ အစားထိုးဝင်ဖို့ လာလျှောက်တဲ့ ဇနီးလောင်းရဲ့ ဂျူနီယာဖြစ်သူလေး ဂင်မီဂျူ့ကို တွေ့ပြီး စိတ်ဝင်စားသွားခဲ့ပါတယ်။ မိုးသည်းတဲ့ ညတစ်ညမှာ အရက်မူးနေကြတဲ့ ဆောင်းဂျင်းနဲ့ မီဂျူတို့ နှစ်ယောက် ကိုယ်စီဆန္ဒတွေကို ထိန်းမထားနိုင်ကြတော့ဘဲ ရှင်းဆူယွန်းရဲ့ အိမ်မှာ မလုပ်သင့်မလုပ်အပ်တဲ့ လုပ်ရပ်မျိုးကို ကျူးလွန်ခဲ့ကြပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ပျောက်ဆုံးသွားပြီလို့ ထင်နေခဲ့ကြတဲ့ ဆူယွန်းကလည်း လွတ်မြောက်ဖို့ မဖြစ်နိုင်တဲ့ အလုံခန်းထဲမှာ ပိတ်မိနေပြီးတော့ ထွက်နိုင်ဖို့ အသည်းအသန် ကြိုးစားနေခဲ့ပါတယ် .. ။ နောက်ဆုံးမှာ ဆူယွန်းတစ်ယောက် ထွက်လာနိုင်မလား .. ဆောင်းဂျင်းနဲ့ မီဂျူတို့ ဇာတ်လမ်းလည်း ဘယ်လိုဆက်ဖြစ်သွားမလဲ .. ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် ။ (အညွှန်းကို Miri မှ ရေးသားပေးထားပါတယ်) File size…1.29GB / 542MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 55 min. Genre ….. Thriller, Mystery, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo, Miri & Treasure Htet Encoded by AHtet

7.1 2024 113 mins
Hidden Face
The Malabar Tales
6.6

The Malabar Tales (2025) ဘဝမျိုးစုံရဲ့ ချည်မျှင်ထွေးလေးတွေ မိသားစုရယ်လို့ ဖြစ်လာရင် သံယောဇဉ်၊ ချစ်ခြင်းမေတ္တာ၊ ပေးဆပ် စွန့်လွှတ်အနစ်နာခံမှု၊ ဒဏ်ရာဒဏ်ချက်တွေပါ တစ်ပါတည်း ပါဝင်လို့လာပါတယ်။ ဒီလိုမိသားစု ဒရမ်မာလေးတွေ သဘောကျတဲ့ပရိတ်သတ်တွေအတွက် ဒီဇာတ်လမ်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ်။ မိသားစုတစ်ခုက အဘွားဖြစ်သူ ဆုံးပါးသွားတဲ့ ဇာတ်ဝင်ခန်းလေးနဲ့ အစပြုထားပါတယ်။ အဘွားကသူ မဆုံးပါးခင် အားလုံးကို မှာကြားခဲ့တာက သူ့ကြောင့် ဝမ်းနည်းပူဆွေးမနေကြဖို့နဲ့ ပျော်ရွှင်စည်းလုံးစွာ ကျန်ရစ်ခဲ့ကြဖို့ပါ။ ဒါပေမဲ့ မိသားစုဝင်တစ်ယောက်ကိုတော့ ထူးခြားစွာ မှာကြားခဲ့တာလေး ရှိပါတယ်။ သူတို့ခြံရဲ့ ရေတွင်းဘေးက အပင်သေလေးနားမှ မြေကိုတူးရင် ရတနာတွေ့ပါမယ်၊ အဲဒီရတနာမှာ သူတို့မိသားစုမျိုးရိုးရဲ့ အမှန်တရားတည်ရှိပါတယ်တဲ့။ အဲဒီတော့သူကဘယ်သူ့ကိုမှ မပြောဘဲ လျှို့ဝှက်စွာသွားတူးပါတယ်။ ဒါပေမဲ့သူတွေ့တာက ဘာမှမပါရှိတဲ့ ကြေးအိုးအလွတ်တစ်လုံးဖြစ်လို့နေပါတယ်။ ဒီလိုနဲ့သူလည်း နေ့နေ့ညည စဉ်းစားအဖြေထုတ်ပေမဲ့ ကြံရာမရ မလုပ်တတ်ဖြစ်လို့နေပါတယ်။ သူတို့မိသားစုအပါဝင် အ‌ခြေခံလူတန်းစားကစလို့ လူချမ်းသာအသိုင်းအဝိုင်းအထိ အမျိုးစုံတဲ့ မိသားစုငါးခုရဲ့ မတူညီတဲ့ ဘဝဇာတ်ကြောင်းမျိုးစုံ၊ မိသားစုဝင်ပေါင်းစုံအကြောင်းကို စိတ်နှလုံးနွေးထွေး၊ ဝမ်းနည်းကြေကွဲ၊ မချင့်မရဲဖြစ်ရတဲ့ ခံစားချက်အတက်အကျလေးတွေနဲ့ ကြည့်ရှုအားပေး ခံစားကြည့်ပေးပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

6.6 2025 115 mins
The Malabar Tales
Simona Kossak
6.1

Simona Kossak (2024) IMDb Rating (6.1) ဆီမိုနာ ကိုဆတ်ခ် ဟာ ပိုလန် ဇီ၀ပညာရှင်၊ဂေဟဗေဒနဲ့သစ်တောသိပ္ပံပေါမောက္ခတစ်ယောက်ဖြစ်ပါတယ်။ နိုင်ငံတွင်း သဘာ၀ဂေဟစနစ်ရဲ့ကျန်ရှိနေသေးတဲ့အစိတ်အပိုင်းတွေကိုထိန်းသိမ်းရေးတွေ၊ တောနဲ့တောအုပ်ထဲတိရိစ္ဆာန်တွေကို ကာကွယ်ဖို့အတွက်လျှပ်စစ်မီးမရှိ ရေမရှိတဲ့ တောထဲက အိမ်တစ်လုံးမှာ တောရိုင်းတိရိစ္ဆာန်တွေနဲ့အတူနေထိုင်ရင်းကြိုးစားရုန်းကန်ခဲ့သူပါ။ ဒီဇာတ်ကားကတော့ သူ့ဘ၀ခရီးကြမ်းရဲ့အစိတ်အပိုင်းတစ်ခုကို ပုံဖော်ထားတာဖြစ်ပြီး၊ ဆီမိုနာရဲ့ခေါင်းမာမှု၊ ဇွဲလုံ့လ၊ အမျိုးသားတွေကြီးစိုးတဲ့ နယ်ပယ်တစ်ခုမှာ အမျိုးသမီးတစ်ယောက်ရင်ဆိုင်ရတဲ့အခက်အခဲနဲ့စိန်ခေါ်မှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ Biopic ဆိုပေမယ့် ပျင်းစရာကောင်းမနေပဲ အဆုံးထိအလွယ်တကူဆွဲဆောင်နိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။ တောနဲ့တောရိုင်းတိရိစ္ဆာန်တွေ သဘာ၀ကိုမြတ်နိုးသူတွေ မြည်းစမ်းကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.6 GB) / (860 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History Duration….01:41:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Drama
6.1 2024
Simona Kossak