YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Oh My Ghost Clients (2025) E01 720p WEB-DL [RMC].mp4

485.03 MB 720p video/mp4 8 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Lionel Messi: Destiny
7

Lionel Messi: Destiny (2023) ဒီ Documentary ကို BBC UK က ရိုက်ကူးတင်ဆက်ခဲ့တာ ဖြစ်ပြီး ၂၀၂၂ ဒီဇင်ဘာမှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်း ဗိုလ်စွဲခဲ့တဲ့အ​ကြောင်း Footage​ တွေ Interview​ တွေအစုံနဲ့ တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ ​ဘောလုံးပရိသတ်​တွေအားလုံး သိပြီးသားဖြစ်တဲ့အတိုင်း အာဂျင်တိုင်းသား​တွေဟာ အဖွင့်ပွဲစဉ်မှာ အုပ်စုတွင်းအင်အားအနည်းဆုံးလို့ ​ပြောရမယ့် ​ဆော်ဒီအာ​ရေဗျကို ၂-၁ ရလဒ်နဲ့ အ​ရေးနိမ့်ပြီး အုပ်စုကထွက်ရမယ့် အ​နေအထားက​နေ လက်ကျန်ပွဲ​တွေဖြစ်တဲဲ့ မက္ကဆီကိုနဲ့ ပိုလန်ကို အနိုင်ကန်ပြီး ရှုံးထွက်အဆင့်မှာ ဩဇီ၊ ကွာတားမှာ နယ်သာလန်၊ ဆီမီးမှာ ခရို​အေးရှားနဲ့ ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်တို့ကို အနိုင်ယူ​ကျော်ဖြတ်ကာ သူတို့ရဲ့ ၃ကြိမ်​မြောက် ကမ္ဘာ့ဖလားကို ရယူသွားခဲ့တာပါ။ ဒီပွဲမှာ လူတိုင်းစောင့်ကြည့် ထုတ်ခဲ့တဲ့မေးခွန်းက ကမ္ဘာ့အ​​ကောင်းဆုံးကစားသမား The Greatest of All Time လို့ သတ်မှတ်ထားကြတဲ့ အာဂျင်တီးနားအသင်း​ခေါင်း​ဆောင် လီယွန်နယ်မက်ဆီတစ်​ယောက် သူရဲ့ပထမဆုံးကမ္ဘာ့ဖလားကို ရယူသွားနိုင်မလားဆိုတဲ့မေးခွန်းပါ။ ၂၀၂၂ပြိုင်ပွဲဟာ လီယိုရဲ့ ၅ကြိမ်​မြောက်ကမ္ဘာ့ဖလားဖြစ်သလို ​နောက်ဆုံးပြိုင်ပွဲလည်းဖြစ်သွားနိုင်တဲ့အ​ခြေအ​နေမှာ ​​ပေါ်တူဂီအသင်းရဲ့ခေတ်ပြိုင်ကြယ်ပွင့် စီ​ရော်နယ်ဒိုနဲ့ ဘယ်သူကပိုသာလဲ ဘယ်သူက GOAT အစစ်လဲဆိုတဲ့ အားပြိုင်မှု​တွေရှိ​သလို အာဂျင်တီးနားဂန္ထဝင်ကြီး ဒီ​ယေဂိုမာရာဒိုနာ စွမ်း​​ဆောင်ခဲ့သလိုမျိုး ကမ္ဘာ့ဖလားကိုအရယူ​ပြီး အာဂျင်တိုင်း​တွေရဲ့ ဂန္ထဝင်အစစ်ဖြစ်​နိုင်မလား ​​စောင့်ကြည့်ခဲ့သူ​တွေလည်း ဒုနဲ့​ဒေးပါပဲ။ ဒါ​ပေမဲ့ လီယိုက ဒီဖိအား​နဲ့ သံသယ​တွေကို အ​ကောင်းဆုံး​ကျော်ဖြတ်ပြီး အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရ​ရှိအောင် ဦး​ဆောင်ခဲ့သလို အ​ကောင်းဆုံးဆုဖြစ်တဲ့ ရွှေ​ဘောလုံးဆုကိုပါ အရ​ယူသွားခဲ့ပါတယ်။ ဒီဒိုကူမှာ လီယိုရဲ့ဦး​​ဆောင်မှု​တွေ အာဂျင်တိုင်းအသင်းသား​တွေရဲ့ ပေးဆပ်ကစားမှု​တွေကို မြင်​တွေ့ရမှာဖြစ်သလို ပြိုင်ပွဲတ​လျှောက် အ​ကောင်းဆုံး Highlight​ တွေကိုပါ ပရိသတ်​တွေအ​နေနဲ့ ပြန်လည်ခံစားနိုင်မှာပါ။ ဘာသာပြန်သူအ​နေနဲ့က​ နာမည်ကြီးပွဲတင်ဆက်သူ Peter Drury ရဲ့ "Messi has shaken hands with paradise" အစချီတဲ့ Iconic Monologue​​s ကို ပြန်ခံစားချင်​ပေမယ့် BBC ရဲ့ Docu ဖြစ်​နေတဲ့အတွက် BBC ပွဲတင်ဆက်သူ​တွေရဲ့​ကြေညာသံနဲ့ပဲ ကျေနပ်လိုက်ရပါတယ်။ တကယ်လို့ သင်ဟာ လီယွန်နယ်မက်ဆီရဲ့ ပရိသတ်ဖြစ်တယ်ဆိုရင်၊ ကမ္ဘာ့ဖလား​အောင်မြင်မှုဟာ နိုင်ငံတိုင်း၊ လူတိုင်းလိုချင်တပ်မက်​ရတဲ့ အ​ကြောင်းရင်းကိုသိချင်ရင် BBC ရဲ့ ဒီ Documentary က သင်တို့အတွက်ပါပဲ။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 690MB Quality - 1080p, 720p TMDb Rating - 7/10 Format - mp4 Duration - 1H Genre - Documentary, Sport Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y

Drama • Sci-Fi & Fantasy
7 2023 59 mins
Lionel Messi: Destiny
Kamli
10

ရုံတင်ငွေနှစ်ဆမြတ်ခဲ့တဲ့ပါကစ္စတန်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ် သရုပ်ဆောင်တွေအနေနဲ့လည်း ပါကစ္စတန်ရဲ့ ကြေးအကြီးဆုံးစာရင်း၀င်မင်းသမီး Sabar Qamar၊ ဆုပေါင်းများစွာဆွတ်ခူးပြီး nomination တွေအကြိမ်ကြိမ်၀င်ခဲ့တဲ့ မင်းသမီးကြီး Sania Saeed တို့ အဓိကပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ် လင်ယောင်္ကျားကနှစ်အတော်ကြာပစ်ထားသွားလို့ အထီးကျန်နေရတဲ့ ဟင်နာ ကိုယ်ပိုင်ဘာသာရေးယုံကြည်မှုနဲ့ ပတ်၀န်းကျင် လူ့အမြင်တွေကြားမှာ မျဉ်းပြိုင်လိုဖြစ်နေရတဲ့ ဆူကီနာ အနုပညာ ရယ် အတွင်းစိတ်ရယ် မသိစိတ်က မကောင်းဆိုးဝါးတွေရယ်ကြားမှာ ဗျာများခြယ်လှယ်ခံနေရတဲ့ ဇီနက် ဒီအမျိုးသမီးသုံးယောက်မှာ လိုလားတောင့်တနေတဲ့ ဆန္ဒတွေရှိပေမယ့် ရိုးရာယဉ်ကျေးမှု ယုံကြည်မှု လူ့ဘောင်ရဲ့ပညတ်ချက်‌တွေကြောင့် တားဆီးအုပ်မိုးထားရပါတယ် ဒါတွေကို အနုပညာရှင်အကျော်အမော်တွေက အတွေးတွေ စကားလုံးတွေရသတွေနဲ့ အနုပညာမြောက်စွာရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ် တင်ဆက်သွားတဲ့အနုပညာကိုစီးမြောခံစားတွေးတောရင်း ကြည့်ရှူခံစားရမယ့်ကားမို့ အညွှန်းဟာဒီထက်မပိုသင့်ပါဘူး File size…1.76GB / 841MB Quality…1080p WEB DL /720p Format…mp4 Duration…2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Yunni ~ Nyein Aye

Action • Adventure • Horror • Science Fiction
10 2022 133 mins
Kamli
No Man's Land Hunt

တစ်ခါတလေမှာ မနက်ဖြန်နဲ့ မတော်တဆက ဘယ်ဟာအရင်လာမလဲဆိုတာ မသိကြဘူးတဲ့။ လူမရှိတဲ့ တောအုပ်ထဲမှာ ကြောက်လန့်ဖွယ်ကောင်းလှတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်နေပါတယ်။ လူငယ်လေးကျင်ယန်ဟာ လူမရှိတဲ့နေရာကို ခရီးထွက်လာရင်း အမဲခိုးလိုက်သူက ရဲကို တိုက်ခိုက်နေတာကို ဓာတ်ပုံရိုက်မိသွားပါတယ်။ အမဲခိုးလိုက်သူဟာ ကျင်ယန်ကို သတိထားမိသွားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ကျင်ယန်ဟာ နာကျင်မှုတွေနဲ့ အေးခဲလှတဲ့ ရာသီဥတုကြားက ရွ ာသားအိမ်ကို ထွက်ပြေးလာခဲ့ပေမဲ့ အမဲခိုးလိုက်သူက အနောက်က ဆက်လိုက်လာပါတယ်။ အမဲခိုးလိုက်သူက ကျင်ယန်ရဲ့ အစ်မကို လိမ်ပြီး ကျင်ယန်ကို သက်သေထုတ်ပေးဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ထို့နောက် ကျင်ယန်က သူ့အစ်မကို ကယ်နိုင်ခဲ့ပြီး သူတို့ မောင်နှမနှစ်ယောက် လူမရှိတဲ့ တောအုပ်ထဲမှာ အသက်လု ထွက်ပြေးခဲ့ရပါတယ်။ ကံဆိုးလှတဲ့ မောင်နှမနှစ်ယောက် လူသတ်သမားရဲ့ဘေးရန်ကနေ လွှတ်မြောက်ဖို့ ဘယ်လို ကြိုးစားကြရမလဲ။ သူတို့နှစ်ယောက် လွှတ်မြောက်ပြီး ရှင်သန်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရမဲ့ ကားလေးပဲ ဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

Horror • Science Fiction • Thriller
0 2023 65 mins
No Man's Land Hunt
Slash/Back
5.8

ကလေးအုပ်စုတစ်သိုက်ကို အခြေတည်ပြီးရိုက်ကူးထားတဲ့ရုပ်ရှင်တွေ ပရိတ်သတ်ကြီးတို့ကြည့်ဖူးကြမှာပါ....stranger things တို့ဘာတို့ပေါ့။ ဒီတစ်ခေါက်ကလေးအုပ်စုကတော့ ယောကျ်ားလေးမပါဘဲ မိန်းကလေး တွေချည်း အစွမ်းပြထားတဲ့ရုပ်ရှင်ပါ။ ကဲစိန်တို့ ဂျက်မတို့ပေါ့ဗျာ။ ဖိုက်ရ တာကတော့ လူ့ခန္ဓာ၊ တိရစ္ဆာန်ခန္ဓာကို ကပ်ပါးလုပ်နေတဲ့ ဖုတ်လိုလို ဖွတ် လိုလိုတုတ်ပြားသံကောင်တွေနဲ့ပါ။ မိန်းကလေးချည်းဆိုပြီး အထင်မသေးလိုက်ပါနဲ့။ ကျားကျားယားယား မိန်းမသားအဖွဲ့က သေနတ်ပစ်တတ်တဲ့သူနဲ့ လက်ရဲဇက်ရဲရှိတဲ့သူနဲ့ သူ့ဟာနဲ့ သူတော့ ဟုတ်နေတာပါပဲ။  သူတို့နေတဲ့ရွာလေးက တောခေါင်သလိုဖြစ်နေလို့ မမတို့အဖွဲ့က သိပ်မကျေနပ်ကြပါဘူး။ တစ်နေ့ကျ လှေခိုးမောင်းပြီး အကဲလွန် ရာကနေ ဝက်ဝံတစ်ကောင်‌နဲ့တွေ့ပြီး တစ်အုပ်စုလုံး မသာပေါ်တော့မလို့ပါ။ သူတို့နဲ့မတော်တဆတွေ့မိတဲ့ ဝက်ဝံကနေ သူတို့ရွာလေးကို ဘယ်လိုအန္တရာယ် တွေကျရောက်လာမလဲ။ ကျားကျားယားယားမိန်းမသားမမလေးတို့အဖွဲ့က ဘယ်လိုပြန်ဆော်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Ngwe Zin, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(1.43 GB) / (600 MB) / (342 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........1h 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Horror, Sci-Fi Translator.......Ngwe Zin, Khant Sett Naing Encoder..........SWM

Comedy • Drama • Romance
5.8 2022 87 mins
Slash/Back
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
Neon Spring
6

Latvia ဆိုတဲ့ဥရောပနိုင်ငံတစ်ခုက ဒရာမာအမျိုးအစားရုပ်ရှင်ကားလေးပါဗျ။အဖေနဲ့အမေကအိမ်ထောင်ရေးအဆင်မပြေတဲ့ကောင်မလေးတစ်ယောက်ရဲ့လူငယ်ဘဝလေးအကြောင်းကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကြောင်းပြောရင်တော့ “လိုင်း” ဆိုတဲ့အသက် ၂၀အရွယ်ကောင်မလေးရှိပါတယ်။ သူမရဲ့မိဘတွေဟာအိမ်ထောင်ရေးအဆင်မပြေကျတော့ သူမကစိတ်‌ထွက်ပေါက်ရှာတဲ့အနေနဲ့ သူငယ်ချင်းတစ်ယောက်နဲ့အတူ DJ ပွဲတစ်ခုကိုရောက်သွားခဲ့ပါတယ်။ အမေကနိုင်ငံခြားရောက်နေပြီးအဖေကလည်းအိမ်နဲ့အလုပ်ပဲဖြစ်နေတော့ သူမဟာ DJ ပွဲတွေကိုအမြဲတမ်းလိုလိုသွားဖြစ်ခဲ့ပါတယ်။ DJ ပွဲကနေသူငယ်ချင်းတွေရပြီးအချစ်ကိုလည်းတွေ့ရှိသွားပါတယ်။ဒီလိုနဲ့ဆေးတွေပါသုံးလာပါတယ်။ ပြီးတော့ “လိုင်း” မှာမောင်လေးတစ်ယောက်ရှိပါတယ်။မောင်လေးကလည်းမိသားစုကအဆင်မပြေတော့အပြုအမူတွေကပုံမှန်မဟုတ်ပဲဆေးခန်းပြနေရတာပါ။ အမေကနိုင်ငံခြားမှာ၊အဖေကလည်းအလုပ်တစ်ဖက်နဲ့ဆိုတော့မောင်လေးအတွက်မိဘဆရာဆွေးနွေးပွဲသွားတာမျိုး စတဲ့မောင်လေးရဲ့တာဝန်ကိုလည်းယူပေးရပါတယ်။ ဒီရုပ်ရှင်ကားလေးက မိသားစုအဆင်မပြေမှု၊ချစ်ခြင်းမေတ္တာ၊ဆေးသုံးတာ စတဲ့အရာတွေကြားဗျာများနေတဲ့ကောင်မလေးအကြောင်းကိုရိုက်ထားတာပါ။ခံစားကြည့်ကြပါခင်ဗျာ။ File size…(1.7 GB)/(940 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

6 2022
Neon Spring
Sleepaway Camp III: Teenage Wasteland

ရှေ့ကနှစ်ကားရဲ့ အဆက် သုံးကားမြောက်ရုပ်ရှင်ပါ။ ဒီတကားကိုတော့ ဒုတိယကားထဲက ဖြစ်ရပ်တွေအပြီး တနှစ်အကြာမှာ ‌ဇာတ်အိမ်တည်ထားပါတယ်။ ထုံးစံအတိုင်း အန်ဂျလာတယောက် ပြန်ရောက်လာခဲ့ပြန်ပါပြီ။ ဒီတခါမှာတော့ ပြန်လည်ပြုပြင်ထားတဲ့ နွေရာသီတောစခန်းမှာ လူမှုရေးစမ်းသပ်မှုတခုပြုလုပ်ဖို့ အထက်တန်းလွှာက လူငယ်တစုနဲ့ သာမန်အောက်ခြေလူတန်းစား လူငယ်တစုကို ခေါ်ထားပါတယ်။ အန်ဂျလာကတော့ ဒုတိယတစုထဲမှာပေါ့။ စမ်းသပ်မှုရဲ့အစီအစဉ်က ထိုလူငယ်နှစ်စုကို အဖွဲ့တွေခွဲကာ ရောယှက်လိုက်ပြီး မတူညီတဲ့နေရာတွေမှာ စခန်းချစေဖို့ပါပဲ။ ဒီလိုနဲ့ အန်ဂျလာတယောက်ကို မျက်စိစပါးမွေးစူးအောင် လုပ်မိတဲ့လူငယ်တွေ ဒီတခါရော ဘယ်လိုတွေ ကြိတ်ခံရဦးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ထဲမှာတော့ ဇာတ်ကောင်တွေပိုများလာပြီး လက်ယဉ်သွားပြီဖြစ်တဲ့ အန်ဂျလာရဲ့ ပရိယာယ်တွေ သတ်ဖြတ်ပုံတွေကလည်း ပိုအဆင့်မြင့်လာပြီး ပိရိလာတာကိုမြင်တွေ့ရမှာပါ။ အဖော်အချွတ်ရိုက်ချက်တွေပါတာကြောင့် ၁၈အောက် မကြည့်ရှုဖို့ အကြံပေးလိုက်ပါတယ်။ File size…(1.7 GB)/(976 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre…Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror • Thriller
0 1989
Sleepaway Camp III: Teenage Wasteland
[18+] Karinyo Brutal
6.3

အာရီယယ်ဆိုတဲ့ကောင်လေးဟာ နိုင်ငံခြားကိုအလုပ်သွားလုပ်ဖို့ရည်ရွယ်ချက်နဲ့အစ်ကိုဝမ်းကွဲရှိတဲ့မြို့ကိုတက်လာခဲ့ပါတယ်။ အလုပ်ကိစ္စတွေဘာမှအကြောင်းမထူးသေးခင်မှာ သူ့အတွက်ထူးခြားလာတာတော့ အိမ်ရှေ့အိမ်က မမလှလှပါပဲ။ အဲ့ဒီမမဟာ အိမ်ဖော်အမျိုးသမီးတစ်ဦးနဲ့နှစ်ယောက်တည်းနေပြီး ရံဖန်ရံခါ လူတစ်ယောက်အလည်လာပြီးပြန်တတ်ပါတယ်။ သူ့အစ်ကိုဝမ်းကွဲဆီမှာစုံစမ်းကြည့်တော့ သူဌေးတစ်ယောက်ရဲ့ကီပင်သဘောမျိုးဖြစ်ကြောင်း ပိုင်ရှင်ရှိလို့ မကြောင်သင့်ကြောင်းဆုံးမပါသေးတယ်။ ဒါပေမယ့် မမကိုယ်တိုင်က သူ့ကိုရေလာမြောင်းပေးလုပ်လာ အိမ်ထဲကိုဖိတ်ခေါ် ဘီယာတိုက် အတင်းကြီးချကျွေးလာချိန်မှာတော့ မရှောင်နိုင်တော့ပဲ နှိုက်မြည်းမိပါတော့တယ်။ တစ်ဖြည်းဖြည်းရင်းနှီးလာ သံယောဇဉ်တွေတွယ်လာတဲ့နောက် အဲ့ဒီမမက လက်ရှိဘဲကြီးကိုသတ်ပြီး ဒီဘ၀ကလွတ်မြောက်စေဖို့ သူ့ကိုကူညီဖို့ တောင်းဆိုလာတဲ့အခါမှာတော့..။ ဇာတ်ကားထဲမှာဆက်လက်ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.5 GB)/(550MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌a alias

6.3 2024
[18+] Karinyo Brutal
Janet Planet
6.5

ဒီတစ်ခေါက်မှာတော့ မိုးအေးအေးလေးနဲ့ ကော်ဖီတစ်ခွက်ဘေးချပြီး တွေးလို့ကောင်းမဲ့ A24 film တစ်ခုကိုတင်ဆက်ပေးပါရစေ။ ပထမဆုံးအနေနဲ့ ဒီရုပ်ရှင်ဟာ အတွေးဒဿနကိုဦးစားပေးတာ ဖြစ်တဲ့အတွက် ဇာတ်လမ်းအသွားအလာ တည်ငြိမ်ကြောင်းကို ကြိုတင်အသိပေးပါစေ။ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ Title ထဲကအတိုင်း ဂျဲနက်ဆိုတဲ့အမျိုးသမီးပဲဖြစ်ပါတယ်။ ဂျဲနက်မှာ ၁၁နှစ်အရွယ် သမီးလေး တစ်ယောက်ရှိပြီး သားအမိနှစ်ယောက်တူတူနေထိုင် ကြပါတယ်။ အဲဒါကို ဂျဲနက်ရဲ့ ကမ္ဘာလေး (Janet Planet) လို့ တင်စားထားတာမျိုးပါ။ ရုပ်ရှင်ထဲမှာ ဇာတ်လမ်းကို ၃ ပိုင်း ခွဲခြားထားပြီး ဂျဲနက်ရဲ့ ကမ္ဘာလေးထဲကို ဧည့်သည် ၃ယောက်အလည်လာခဲ့ပုံကို တစ်ပိုင်းစီ ရိုက်ပြထားပါတယ်။ အဲဒီဧည့်သည်တွေကတော့ ဝိန်းဆိုတဲ့ ဂျဲနက်ရဲ့ရည်းစားရယ်၊ ရက်ဂျီနာဆိုတဲ့ ဂျဲနက်ရဲ့သူငယ်ချင်းရယ်၊ ရက်ဂျီနာရဲ့ ရည်းစားဟောင်း အာဗီဆိုတဲ့လူရယ်ပါ။ သူတို့သုံးယောက်ဟာ တစ်ယောက်ကို စရိုက် တစ်မျိုးစီ၊ အခြေအနေတစ်မျိုးစီနဲ့ ဂျဲနက်ရဲ့ကမ္ဘာလေးထဲကိုတစ်လှည့်စီ ဝင်လာခဲ့ကြပါတယ်။ အဲဒီဧည့်သည်တစ်ယောက်ချင်းစီနဲ့ ဂျဲနက်ရဲ့ စကားပြောခန်းလေးတွေဟာ ဒီရုပ်ရှင်ရဲ့ အနှစ်ပါပဲ။ ဒီရုပ်ရှင်ကိုကြည့်ပြီးသွားရင် လူ့သဘော လူ့သဘာဝတွေ၊ နေ့စဉ်ဘဝအကြောင်းအရာတွေ၊ ဘာသာရေးအကြောင်းတွေ၊ ဒဿနတွေ၊ အနုပညာတွေ စတဲ့ အရာအားလုံးနဲ့ပတ်သတ်ပြီး မေးခွန်း ဒါမှမဟုတ် အတွေး တစ်ခုခုတော့ စိတ်ထဲကျန်နေခဲ့မှာပါ။ ဆို‌တော့… ဒီရုပ်ရှင်ဟာ တည်ငြိမ်အေးဆေးပြီး အတွေးများစွာပေးနိုင်မဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…3.14GB / 0.98GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Comedy • Drama • TV Movie
6.5 2023
Janet Planet
City of Wind
6.7

ဒီတစ်ခါတော့ထူးထူးခြားခြားလေးဖြစ်သွားအောင် မွန်ဂိုးလီးယား ရုပ်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ မွန်ဂိုးလီးယားဆိုတာနတ်တွေ ဘိုးဘေးဝိညာဉ်တွေကိုအယုံ အကြည်ရှိကြတဲ့နိုင်ငံတစ်ခုဖြစ်ပြီး နတ်ဝင်သည်တွေဆိုတာလည်း နေရာတော်တော်များများမှာရှိပါတယ်။ အခုတင်ဆက်ပေးမဲ့ IMDb Rating 6.7 အထိရရှိထားတဲ့ Ser Ser Salhi (City Of Wind) လို့ခေါ်တဲ့ဇာတ်ကားလေးထဲမှာလည်း ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးတစ်ယောက်နဲ့သူ့ရဲ့စိတ်ဝင်စားစရာ ကောင်းတဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးတင်ဆက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇဲလို့ခေါ်တဲ့အသက် ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးက အဖိုးဝိညာဉ်လို့ ခေါ်တဲ့ ဝိညာဉ်ကိုအကူအညီတောင်းလာတဲ့အခါမှာဆင့်ခေါ်ပေးရတာ ဖြစ်ပြီး သူ့မိသားစုအပြင်အိမ်နီးနားချင်းတွေတော်တော်များများက အဲ့လိုအရာတွေကိုယုံကြည်ကြပါတယ်။ တခြားအချိန်တွေမှာတော့ ဇဲကသာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နတ်ဝင်သည်အလုပ်ကြောင့် ကျောင်းမှာစနောက်ခြင်းကိုအမြဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ဇဲရဲ့ကမ္ဘာကြီးကို ပြောင်းလဲသွားစေမဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။အဲ့ဒါကတော့မာရာလာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တွေဆိုတော့ မကြာခင်မှာပဲ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိသွားကြ ပါတော့တယ်။ဒါပေမယ့်မာရာလာနဲ့တွေ့ပြီးကတည်းကဇဲရဲ့နတ်ခေါ်တဲ့ အာရုံတွေက အရင်လိုမကောင်းတော့ပဲအားနည်းနေခဲ့ပါတော့တယ်။ တစ်ဖက်မှာ ကြည့်ပြန်ရင်ကျတော့လည်း သူ့ဘ၀ကအရင်နဲ့လုံး၀ မတူအောင် ပျော်စရာကောင်းလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လူငယ်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ဇဲရဲ့ စိတ်ဝင်စားစရာဘ၀အကြောင်းအပြင် မွန်ဂိုးလီးယားရိုးရာတွေကိုပါ တွေ့ရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.99GB / 809MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2023 104 mins
City of Wind
Do You See What I See
6

Horror ကားကောင်းကြိုက်နှစ်သက်တဲ့ cm ပရိသတ်ကြီးကို သိပ်မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ Do You See What I see (2024) အင်ဒိုစကားပြော ဇာတ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ မီးအလင်းအမှောင် ကောင်းမွန်မှုတွေ သေသပ်တဲ့ ရိုက်ကူးချက်တွေကြောင့် ကြည့်ရတာ တန်တဲ့ Horror ဇာတ်ကားကောင်း တစ်ခုပါ။ ဇာတ်လမ်းကတော့ မာဝါဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ အသက် ၂၀ ပြည့် မွေးနေ့မှာ ကွယ်လွန်ပြီး ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ အုတ်ဂူကို သွားရောက် လည်ပတ်ခဲ့ပါတယ်။ သင်္ချိုင်းမှာ မွေးနေ့ ဆုတောင်းအနေနဲ့ သူမကို စိတ်ရင်းနဲ့ ချစ်ခင်ပေးမယ့် ချစ်သူတစ်ယောက် လိုချင်တယ်ဆိုပြီး ပြောခဲ့မိပါတယ်။ အဲဒီည နောက်ကျပြီးမှ အဆောင်ပြန်ရောက်လာတဲ့ မာဝါဟာ တမျိုးတဖုံ ပြောင်းလဲလာခဲ့ပါတယ်။ အတူနေ အဆောင်သူငယ်ချင်းတွေက တဖြည်းဖြည်းနဲ့ မာဝါတစ်ယောက် ထူးဆန်းလာတာကို သတိထားမိတဲ့ အချိန်မှာ ဘာကြောင့်ဆိုတာ သိဖို့ စုံစမ်းအကဲခတ်ကြည့်ကြပေမယ့် သေချာမသိကြပါဘူး။ အချစ်ဆုံး အတူနေ အဆောင်သူငယ်ချင်းတွေကိုတောင် ရန်လိုလာတဲ့ မာဝါတစ်ယောက် ဒီလိုပြောင်းလဲလာတာဟာ သူ့ကို ကပ်နေတဲ့ ဝိဉာဉ်တစ်ခုကြောင့်ဆိုတာ သိလိုက်ကြတဲ့ အချိန်မှာတော့ ဘာတွေ ဆက်ဖြစ်ကြမလဲ။ ဒီမကောင်းဆိုးဝါး ဝိဉာဉ်က မာဝါ တစ်ဦးတည်း သာမကပဲ သေဆုံးသွားပြီး ဖြစ်တဲ့ မာဝါရဲ့ မိဘနှစ်ပါးနဲ့ပါ ပတ်သတ် ဆက်နွယ်နေတဲ့အခါ….။ File size…2.19GB / 780MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Action • Thriller • Mystery
6 2024
Do You See What I See
Malam Pertobatan

Malam Pertobatan (2024) ဆာမာရန်ဆိုတဲ့မြို့လေးမှာ ထူးဆန်းတဲ့အမှုတစ်ခုဖြစ်နေပါတယ် ဒါကတော့ အိတ်တွေထဲထည့်ပြီးစွန့်ပစ်ထားတဲ့ လူမိုက်တွေအလောင်းကို အစုလိုက်အပြုံလိုက်တွေ တွေ့ရလို့ပါပဲ သတင်းစာတွေထဲမှာပါ ပါလာရတဲ့ဒီသတင်းကို အများစုကတော့ လူမိုက်ဂိုဏ်းအချင်းချင်းရန်ဖြစ်လို့လုပ်တယ်ထင်ကြတာပေါ့ သူတို့ထင်နေကြသလို ဒီကိစ္စကရိုးရှင်းပါ့မလား… ဘာရွန်.. လောကမှာအကြောက်တရားဆိုတာကိုမသိတဲ့လူ ဈေးထဲမှာအနိုင်ကျင့် အကုန်ကြောက်ရပါတယ်ဆိုတဲ့လူမိုက်တွေတောင် တစ်ယောက်တည်းအနိုင်ယူလာတဲ့လူ ဒါပေမဲ့လူပေါင်းမှားတော့ လူမိုက်ဖြစ်လာပြီး ထောင်ကျတဲ့အထိဖြစ်လာခဲ့တယ် ထောင်ကလွတ်လာပြီး ကောင်မလေးရဲ့လမ်းပြမှုနဲ့ အတတ်နိုင်ဆုံးလမ်းမှန်လျှောက်ခဲ့ပေမဲ့ ဘော်ဒါတွေပါထောင်ကလွတ်လာပြီးတဲ့နောက်တော့ ပြဿနာတွေထဲ ပါခဲ့ရပြန်တယ် ဘော်ဒါတွေကောင်းမှုနဲ့ နာမည်ကြီးလူသတ်မှုထဲ သူတို့ဘယ်လိုပတ်သက်သွားမလဲ အသက်ကိုရင်းရတဲ့ကစားပွဲထဲ ဘယ်သူတွေသေပြီး ဘယ်သူတွေရှင်ကျန်ရစ်မယ်ဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ ToMo တို့ပဲဖြစ်ပါတယ် )

0 2024 82 mins
Malam Pertobatan
Keshava Chandra Ramavath (KCR)
7.4

KCR(2024) ယုံကြည်ရာဆီသို့ သန်ဒါဆိုတဲ့ရွာလေးမှာ ကီရှာဗာဆိုတဲ့ ကလေးလေးဟာ သူ့မိသားစုနဲ့အတူ ပျော်ရွှင်နွေးထွေးစွာရှိနေတာပါ။ အဖေရယ်၊ အမေရယ်၊ အဘွားရယ်ဟာ သူ့ကို တစ်ဦးတည်း‌သောသား‌လေးရယ်ဆိုပြီး တုန်နေအောင်အချစ်ခံရသူပေါ့။ တောရွာလေးတွေရဲ့ထုံးစံအတိုင်းသူ့ဖခင်ဟာ ဆိတ်ကျောင်းရင်းအသက်မွေးရသူမို့ ငွေကြေးအရာမှာတော့မတတ်နိုင်ရှာကြပါဘူး။ တစ်နေ့သူ့အမေက ချောင်းအလွန်ဆိုးနေတဲ့အတွက် ဆေးခန်းပြဖို့ရာ သူတို့အဘွားရဲ့နားကပ်ကိုရောင်းရဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့စာမဖတ်တတ်တဲ့သူ့ဖခင်ကို ကီရှာဗာက ဦးဆောင်ခေါ်သွားရင်း လမ်းကဆိုင်းဘုတ်တွေလည်း သူပဲဖတ်ပြလာပါတယ်။ ဘဏ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့အဘွားရဲ့နားကပ်ဟာ သူတို့တစ်ခါမှတောင်မမြင်ဖူးတဲ့ပစ္စည်းပါဆိုပြီး အပေါင်မရခဲ့ဘဲ ငွေပဲချေးခဲ့ရပါတော့တယ်။ အပြန်လမ်းမှာ ကီ‌ရှာဗာလေးဟာ ဗိုက်အလွန်ဆာလို့ ဆိုင်ကြီးတစ်ဆိုင်ထဲ သားအဖနှစ်ယောက်ဝင်ထိုင်ရုံရှိသေး ဝတ်စားထားတာနွမ်းနေလို့ပါဆိုပြီး နှင်ထုတ်ခံရပြန်ပါတယ်။ အဲဒီလိုနဲ့ တွန်းလှည်းလေးနဲ့ရောင်းတဲ့မုန့်ကိုသားအဖနှစ်ယောက်စားနေရင်း လမ်းဘေးတစ််နေရာ တီဗွီကနေ သူတို့ဘဝတွေကိုပြောင်းလဲပေးပါမယ်ဆိုတဲ့ KCR အမည်ရှိ လူတစ်ယောက်ရဲ့မိန့်ခွန်းပြောနေသံကို တွေ့မြင်ကြားသိခဲ့ရပါတယ်။ သူတို့ရဲ့ဘဝဟာဘာတွေဖြစ်လို့ပြောင်းလဲချင်နေရပါသလဲဆိုရင်တော့ အိမ်နားကဦးလေးဟာ ဘဏ်ကြွေးတွေမဆပ်နိုင်လို့ စိတ်ဖိအားများကာ သေသွားရတာ၊ လယ်ကွင်းထဲရေလွှတ်ရင်း မြွေကိုက်လို့သေသွားရတာ၊ ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတစ်ယောက် ဆေးရုံသွားမယ့်လမ်းမှာ လမ်းဆိုးလွန်းလို့သေသွားရတာ စသည်ဖြင့် အများကြီးပါပဲ။ ကီရှာ‌ဗာလေးဟာ အဲဒီနေ့ကစပြီး KCR ရဲ့မိန့်ခွန်းတွေနားထောင်ပြီး လေးစားအားကျစိတ်အပြည့်နဲ့ ပါးစပ်ကမချ ဖြစ်သွားပါတော့တယ်။ တစ်ဖက်မှာလည်း ကီရှာဗာဟာ သူ့ကိုအချစ်လေးလို့ချစ်စနိုးခေါ်ပြီး အရိပ်တကြည့်ကြည့်နဲ့ဘေးမှာရှိနေပေးတဲ့ မန်ဂျူဆိုတဲ့ကလေးမလေးဆီကလည်းဂရုစိုက်ခံရလေရဲ့။ ကီရှာဗာကရှေ့ဆက် သူတို့ရွာကိုဘယ်လိုပြောင်းလဲဦးဆောင်မှာလဲ သူ့မိသားစုတွေ‌ကရော ဘယ်လိုတားဆီးပိတ်ပင်မလဲ ထောက်ပံ့အားပေးမလဲ မန်ဂျူကရော ဘေးကနေဘယ်လိုပါရမီဖြည့်ပေးမှာလဲ ဆိုတာ ကြည့်ရှူခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

History • Drama
7.4 2024 133 mins
Keshava Chandra Ramavath (KCR)
Madagascar
6.9

ဒီတစ်ခါတော့ 2005 ခုနှစ်က ထွက်ခဲ့တဲ့ Madagascar ဆိုတဲ့ အမေရိကန် ကာတွန်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် Adventure comedy အမျိုးအစား ကာတွန်းကားလေးပါ မာတီဆိုတဲ့ မြင်းကျားလေးရယ်အဲလက်စ်ဆိုတဲ့ ခြင်္သေ့ရယ် မယ်လ်မန်းဆိုတဲ့ သစ်ကုလားအုတ်ရယ် ဂလော်ရီရာဆိုတဲ့ ရေမြင်းမလေးရယ် သူတို့ ၄ ကောင်က အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပါတယ် သူတို့ လေးကောင်ဟာ နယူးယော့ခ်တိရစ္ဆာန်ရုံက တိရစ္ဆာန်လေးတွေပါ တိရစ္ဆာန်ရုံထဲမှာပဲ သူတို့ ဘဝကို နှစ်မြှုပ်ထားရင်း သာယာပျော်ရွှင်နေကြတဲ့ အချစ်ဆုံး သူငယ်ချင်း ၄ ယောက်ပေါ့ တစ်နေ့မှာ တိရစ္ဆာန်ရုံက ပင်ဂွင်း ၄ ကောင်က အန္တာတိကတိုက်ကို ထွက်ပြေးဖို့ ကြိုးစားနေကြတာကို မြင်းကျားလေးမာတီ တွေ့လိုက်ရာကငါတို့လည်း အရိုင်းတောထဲမှာ တောရိုင်းသတ္တဝါတွေနဲ့ သွားနေရင် ပျော်စရာကောင်းမယ်လို့ သူအတွေးရသွားပါတော့တယ် သူ့မွေးနေ့မှာ ကျန်တဲ့ သူငယ်ချင်း ၃ ယောက်က မွေးနေ့လုပ်ပေးပြီး လက်ဆောင်တွေ ပေးကြပေမဲ့ သူမပျော်တော့ပါဘူး အကျိုးအကြောင်းမေးမှ သူရှင်းပြလိုက်တော့ အကုန် အံ့သြပြီး မဖြစ်နိုင်တဲ့အကြောင်း ပြောကြပါတယ် မာတီကတော့ စိတ်ဓာတ်ကျပြီး သူတို့ အိပ်သွားတဲ့အချိန်မှာ တစ်ယောက်တည်း ထွက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ် သူထွက်သွားတာကိုတရေးနိုး အပေါ့သွားတဲ့ မယ်လ်မန်းက သိသွားပြီး အဲလက်စ်နဲ့ ဂလော်ရီရာကို ပြောပြလိုက်ပါတယ် ဒီလိုနဲ့ သူတို့တွေ မာတီ့နောက်ကို လိုက်ရင်းလူတွေ မိသွားတဲ့အခါ တိရစ္ဆာန်ရုံပြောင်းခံရပါတော့တယ် အဲမှာ သူတို့အချင်းချင်း သူ့ကြောင့် ငါ့ကြောင့် စကားများရန်ဖြစ်ရင်း လမ်းမှာ သင်္ဘောပေါ်က ပြုတ်ကျပြီး လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းကို ရောက်သွားပါတော့တယ် အဲကျွန်းမှာ သူတို့ ဘာတွေနဲ့ ရင်ဆိုင်ရမှာလဲ သူတို့သူငယ်ချင်း ၄ ယောက်ရော အရင်လို ချစ်ချစ်ခင်ခင်နဲ့ ရှိပါတော့မလား ကြုံလာတဲ့အခက်အခဲတွေကိုရောရင်ဆိုင်ဖြေရှင်းနိုင်ပါ့မလား သူတို့အိမ်ဖြစ်တဲ့ နယူးယော့ခ်ကိုရော ပြန်နိုင်ပါ့မလားဆိုတာတော့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါ IMDB rating 6.9 ထိရထားတဲ့ ကာတွန်းလေးမို့ ကာတွန်းချစ်ပရိသတ်တွေ လက်မလွတ်သင့်တဲ့ဇာတ်ကားကောင်းလေးပါ ပျော်ပျော်ရွှင်ရွှင်ဇာတ်ဝင်ခန်းလေးတွေနဲ့ အတူ ရယ်စရာဟာသလေးတွေရော နှောထားလို့ ကြည့်နေရင်း မပျင်းရမယ့် ဇာတ်ကားလေးပါလို့ ညွှန်းပေးပါရစေ

Comedy
6.9 2005 86 mins
Madagascar