YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Oh My Ghost Clients (2025) E01 1080p WEB-DL [RMC].mp4

997.99 MB N/A video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Thunivu
6.2

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ တမီလ်မင်းသားကြီး Ajith Kumar (အဂျစ်ကူမား)ရဲ့ ရုံတင်ငွေ ၂၅၀ကုဋေထိ ပြန်လည်အမြတ်ရရှိထားတဲ့ အက်ရှင်ကားကောင်းတခုပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာ ဂိုဏ်းစတားအုပ်စုတစ်စုဟာ ဘဏ်အတွင်းပိုင်းလူတွေ..ရဲတွေနဲ့ ပူးပေါင်းပြီး ဘဏ်တစ်ခုကို ဓါးပြတိုက်ဖို့ အစီအစဉ်ရေးဆွဲကြပါတယ်။ သူတို့တွေ ဘဏ်ထဲကိုဝင်စီးပြီး ပိုက်ဆံတွေလုယက်ကြတော့မယ့်အချိန်မှာပဲ သူတို့လုံးဝထင်မှတ်မထားတဲ့ ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့ကို ပြန်လည်ခုခံမယ့်လူတစ်ယောက်ပေါ်လာတာပါပဲ။ သူဟာ ရဲလည်း မဟုတ် စစ်သားလည်းဟုတ်မနေဘဲ သူတို့ဓါးပြတိုက်မယ့်ဘဏ်ကိုပဲ ဓါးပြတိုက်ဖို့ရောက်လာတဲ့ လူတစ်ယောက်ပါ။ ဓါးပြတိုက်မှုတစ်ခုလုံးကို သူ အုပ်စိုးလိုက်တဲ့အချိန်မှာတော့ ရှေ့ဆက်ပြီး ဇာတ်လမ်းဇာတ်ကွက်များနဲ့ လှည့်ကွက်တွေဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်လက်ရှာဖွေကြတော့နော်။ File size…3.11GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor  ~ Yunni  ~ Cherry

Action • Horror • Thriller
6.2 2023 146 mins
Thunivu
Babylon
7.5

La La Land ဒါရိုက်တာ Damien Chazelle ရဲ့ Feature Film အသစ်ပါ။ Brad Pitt, Margot Robbie, Tobey Maguire တို့လို နာမည်ကျော် cast တွေကိုသုံးထားသလို Diego Calva လို နာမည်မရှိသေးတဲ့ မင်းသားကိုပါ တွဲဖက်သုံးပေးထားပါတယ်။ လာမယ့်အော်စကာအတွက် Best Original Score, Best Production Design နဲ့ Best Costume Design ဆုတို့အတွက် ၃နေရာ ဆန်ခါတင် ဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ ၁၉၂၀နှောင်းပိုင်းက ဟောလိဝုဒ်ရဲ့ အသံတိတ်ရုပ်ရှင်တွေကနေ အသံထွက်ရုပ်ရှင်တွေဆီ အကူးအပြောင်းကာလမှာ ဟောလိဝုဒ်ရဲ့ ရွှေခေတ်တုန်းဆီမှာ ဇာတ်အိမ်တည်ထားပါတယ်။ အကြောင်းအရာကတော့ အဲဒီဟောလိဝုဒ်ရွှေခေတ်တုန်းက အသံတိတ်ကနေ အသံထွက်အကူးအပြောင်းမှာရော လောကကြီးရဲ့တခြားဖြစ်မြဲ အကူးအပြောင်းတွေမှာပါ အောင်မြင်ခဲ့ ကျရှုံးခဲ့ကြတဲ့ ရုပ်ရှင်လောကသားတွေ သရုပ်ဆောင်တွေ သူတို့အိပ်မက်တွေအကြောင်းပါ။ ဇာတ်ကတော့ ဘတ်ဂျက်နိုင်နိုင်နဲ့ ဟောလိဝုဒ်ရွှေခေတ်တစ်ခါကို Epic Film တစ်ကားလို ခင်းကျင်းထားတယ်။ ဒါပေမဲ့ သူ့ ဟောလိဝုဒ်ရွှေခေတ်ကို ပြပုံက တာရန်တီနိုရဲ့ Once Upon A Time In Hollywood ပုံစံမျိုးသွားတယ်။ နည်းနည်းတောင် ပိုဂကြောင်နိုင်မလားပဲ။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ဒရာမာတွေမှာ လွှမ်းမိုးမှုကြီးတဲ့ အထင်ကရရုပ်ရှင် Citizen Kane ဆန်ဆန် အငွေ့အသက်မျိုး ပြန်လွှမ်းထားတယ်။ ပြောရရင် ဒီကားက ကြောင်လည်းကြောင်တယ် ဒရာမာလည်းအားကောင်းတယ်။ ဘရက်ပစ်ကတော့ ဘရက်ပစ်နဲ့တူအောင်ပဲ သရုပ်ဆောင်သွားသလို မားဂေါ့ကလည်း မားဂေါ့နဲ့ပဲ တူအောင် သရုပ်ဆောင်သွားတယ်။ ကျွန်တော်တို့မြင်နေကျ သူတို့ပုံစံတွေပဲ အများကြီး ထူးကဲသွားခြင်းမျိုးတော့ မရှိဘူး။ ဒါပေမဲ့လည်း အရင်လိုပဲ ကြည့်တော့ကောင်းဆဲပါပဲ။ မားဂေါ့ဟာလည်း ဆက်စီကျကျနဲ့ လှဆဲပါပဲ။ ထူးတာက Tobey Maguire... ဒီထဲကလို ဇာတ်ရုပ်မျိုး သိသလောက် သူသရုပ်မဆောင်ဖူးဘူး။ သူ့ကို ဒီကားရဲ့ မထင်မှတ်ထားဆုံးနေရာမှာ တွေ့လိုက်ရတယ်လို့တောင်ပြောရမယ်။ နောက် ဒီကားရဲ့ တကယ့်မင်းသားလို့ပြောရမယ့် Diego Calva, သူလည်း သူ့ဇာတ်ရုပ်နဲ့လိုက်ဖက်တယ်ပြောရမှာပဲ။ စတားတွေကြား စတားမဟုတ်ပေမဲ့ ရင်ဘောင်တန်းနေနိုင်တဲ့ဘဲပေါ့။ Jean Smart လို ဝါရင့် မင်းသမီးကြီးလည်း အဆစ်ပါသေးတယ်။ Epic Film ပီသစွာပဲ ခမ်းခမ်းနားနား ပုံဖော်သွားတာကြောင့်ရော အပုပ်အစပ်တွေရောနေတဲ့ ဟောလိဝုဒ်ရဲ့လှပတဲ့ရွှေခေတ်ကို ပုံဖော်ထားတာကြောင့်ရော ဒီရုပ်ရှင်ဟာ ခမ်းနားတယ်။ ရုပ်ရှင်သမိုင်းရဲ့ နာမည်အကြီးဆုံး ကားမှန်သမျှနီးပါးကို Homage ပေးသွားတယ်။ ကူးဘရစ် အင်ဂမာဘာ့ခ်မန်း ချာလီချက်ပလင် Singing in the Rain, The Wizard of Oz, A Trip to the Moon, ဘူတာရုံမှာ ရထားဆိုက်တဲ့ ပထမဆုံးရုပ်ရှင် စစသဖြင့် အစုံပါပဲ။ ဒါပေမဲ့ ဒီဇာတ်အိမ်ကာလကတော့ ဒီရုပ်ရှင်တွေထဲကအများစုထက်ရှေးကျပါတယ်။ ရုပ်ရှင်ရဲ့ပြောင်းလဲမှု အဆင့်ဆင့်ကို ပြသွားခဲ့တယ်လို့ ပြောလည်းရတာပါပဲ။ ဇာတ်ကောင်တွေဟာ တကယ့်လူတွေမဟုတ်ပေမဲ့ တကယ်ရှိခဲ့တဲ့လူတွေကနေပဲ အခြေခံပြီး ဖန်တီးထားတာပါ။ ဘရက်ပစ်ရဲ့ဇာတ်ကောင်ဆို John Gilbert လို့ခေါ်တဲ့ အဲဒီခေတ်ကာလက မင်းသားကြီးကိုပဲ အခြေခံပြီး တည်ဆောက်ထားတာဖြစ်သလို တကယ့်သမိုင်းထဲမှာပဲ အခြေတည်ပြီး ဖန်တီးထားတဲ့ ဇာတ်အိမ်လည်းဟုတ်တယ်။ မားဂေါ့နေရာမှာ အစက အမ်မာစတုန်းကို မင်းသမီးကြီး Clara Bow ကို အခြေခံထားတဲ့ ဇာတ်ကောင်နဲ့ထည့်ဖို့လုပ်ထားပေမဲ့ မားဂေါ့နဲ့ လူစားလဲလိုက်တဲ့အခါမှာတော့ ဒီဇာတ်ကောင်ဟာ ဖစ်ရှင်ဇာတ်ကောင်ဘက်ကိုပဲ ပိုရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း နယ်လီဇာတ်ကောင်ကတော့ Clara Bow ကို အခြေခံထားတဲ့ဇာတ်ကောင်ပါပဲ။ ဒီဇာတ်ဟာ ၃နာရီလောက် တမေ့တမောကြည့်ရမယ့် ဇာတ်ပေမဲ့ လေးကန်ခြင်းအလျဉ်းမရှိဘဲ သွက်သွက်လက်လက်နဲ့ကို တင်ဆက်သွားပါတယ်။ ဆိုတော့ နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရယ်လည်းရယ်ရ၊ ဒရာမာတွေလည်း ခံစားရ၊ မိသားစုနဲ့လည်း အတူမကြည့်ရမယ့် ဟောလိဝုဒ်ရဲ့ ရွှေခေတ်အကြောင်း နောက်ထပ်ကားကောင်းတစ်ကား ထွက်လာတယ်လို့ ဆိုလို့ရပါတယ်။ (ဒီဇာတ်ကားကို Pyi Ti Nyein, Thiha Yan Naing နဲ့ X တို့မှ ပြန်ဆို‌ပေးထားကြပါတယ်) Size - 2.7GB, 1.3GB, 810MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 3H 9Min Genre - Comedy, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by Pyi Ti Nyein, Thiha Yan Naing and X Encoded by Y

Adventure • Animation • Comedy • Family • Fantasy
7.5 2022 189 mins
Babylon
[18+] Raped by an Angel 4: The Rapist's Union
6.2

Raped by An Angel စီးရီးရဲ့ ၄ ကားမြောက်ဇာတ်ကားပါ။ ဒီဇာတ်ကားက ရှေ့ကားတွေထက် ပိုကြမ်းတမ်းတဲ့ဇာတ်လမ်းဇာတ်ကွက်ရှိပါတယ်။ မိန်းကလေးသူငယ်ချင်းတစ်အုပ်စုကို မျက်စိကျပြီး မကောင်းကြံနေတဲ့ နှာဘူးကောင်အုပ်စုလိုက်ကို တွေ့ရမှာပါ။ နှာဘူးကောင်အုပ်စုက သေချာအကွက်ချစီစဉ်ပြီး အုပ်စုလိုက်ယုတ်မာတတ်တာမို့ သူတို့ကို ပြန်တွယ်ဖို့ မိန်းကလေးတွေဖက်က ဘယ်လိုစီစဉ်မလဲ ဘယ်လိုလက်စားပြန်ချေမယ်ဆိုတာကို အသည်းတယားယားကြည့်ရှုရမှာပါ။ တင်ပြီးသမျှ Raped by An Angel ဇာတ်ကားတွေကို ဒီမှာ https://channelmyanmar.org/?s=raped+by+an+angel ရှာကြည့်လို့ရပါတယ်။ File Size : (3.8 GB) & (850 MB) Quality : BluRay 1080p & 720p Running Time : 01:28:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Khant Encoded by RGB

Action • Animation • Fantasy
6.2 1999 81 mins
[18+] Raped by an Angel 4: The Rapist's Union
The Angels' Share
7

IMDb 7/10 အထိရထားပြီး ဟာသဒရမ်မာအမျိုးအစားဖြစ်ပါတယ် ဇာတ်လမ်းထဲမှာတော့လူမှုရေးအလုပ်နဲ့ပြစ်ဒဏ်ချခံထားရတဲ့အပြစ်သားတစ်စုကအတိတ်ကအမဲစက်ကြောင့်အပယ်ခံလိုဖြစ်နေရတာပါ သူတို့ကတော့အကျင့်ဆိုးတွေကိုပြင်ဖို့ကြိုးစားနေကြပေမဲ့ဘယ်သူကမှအရေးပေးမဆက်ဆံကြပါဘူး ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးတာကြောင့်သူတို့ဝီစကီအရသာမြည်းစမ်းပွဲကိုသွားရင်းအခွင့်အရေးကောင်းတစ်ခုကိုရသွားခဲ့ကြပါတယ်။ ဝီစကီတွေဟာအရက်တွေထဲမှာတော့လူကြိုက်များတဲ့အရက်တစ်မျိုးဖြစ်ပြီးအဆင့်အတန်းမှီဝီစကီကောင်းကောင်းတစ်လုံးဟာဈေးအဆမတန်ပေးရနိုင်ပါတယ် ဒါပေမဲ့တကယ်ရူးသွပ်တဲ့သူတွေကတော့အလုအယက်ဝယ်ကြတုန်းပါပဲ သူတို့ရသွားတဲ့အခွင့်အရေးကတော့ဝီစကီတွေကိုမလိမ့်တစ်ပတ်နဲ့ခိုးထုတ်ပြီးရောင်းစားဖို့ပါပဲ သူတို့အုပ်စုတွေရည်မှန်းချက်ပြည့်ဝဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့အကြံအစည်ကရောအောင်မြင်နိုင်ပါ့မလားဆိုတာကိုကြည့်ရှူရမှာပါ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်

Drama • Music • Romance
7 2012 101 mins
The Angels' Share
The Beguiled
5.9

The Beguiled 2017 မှာဆိုရင်တပ်ကြပ်ကြီးမက်ဘာနီက စစ်ပွဲတွင်းမှာထွက်ပြေးလာတဲ့ ဒဏ်ရာရထားတဲ့ပြည်ထောင်စုစစ်သားတစ်ယောက်ပါ။ သူ့ကိုတောင်ပိုင်းကမိန်းကလေးတွေပဲနေတဲ့စာသင်ကျောင်းတစ်ကျောင်းကအသက်ကယ်ခဲ့ပါတယ်။ သူ့အသက်ကိုကယ်ခဲ့တဲ့မိန်းကလေးကျောင်းကကောင်မလေးတွေနဲ့ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရမယ့် ဒရာမ သည်းထိတ်ရင်ဖိုဇာတ်ကားလေးတစ်ကားပါ။ မင်းသမီးချောလေး Elle Fanning လဲပါတာမို့လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်မှာတော့အသေအချာပါပဲဗျာ (ဘာသာပြန်သူကတော့ Saw Wunna ပါ) File Size : (700 MB) and (240 MB) Quality : Bluray720p Running Time : 1hr 33min Format : Mp4 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Saw Wunna Encode by Thanhtike Zaw

Drama
5.9 2017 93 mins
The Beguiled
Two Tickets to Paradise
6.8

Two Tickets to Paradise (2022) ~ IMDb rating – 6.8/10 ~ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြလားမသိဘူး။ ကျွန်တော်ကတော့ ယုံတဲ့ထဲမှာပါတယ်လို့ ပြောလို့ရပါတယ်။ လူတစ်ယောက်ကိုချစ်မိဖို့၊ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ပြောင်းပစ်ဖို့၊ ဉာဏ်အလင်းပွင့်ဖို့က အချိန် တစ်စက္ကန့်ပဲလိုတယ်လို့ ကျွန်တော်ကတော့ဖြင့် ယုံကြည်ပါတယ်။ အချစ်ဆိုတာ ပွင့်အာလာအောင် နည်းမျိုးစုံနဲ့ ဘယ်လောက်ပဲ ကြိုးစားပါစေ မပွင့်တတ်ဘဲ အခြေအနေမှန် အချိန်မှန်မှာဆိုရင် အလိုလို ပွင့်အာလာတဲ့ ကြာပန်းတစ်ပွင့်လို့ဆိုချင်ပါတယ်။ လုပ်ယူဖန်တီးယူလို့မရတဲ့ အချစ်ဟာ ဖြစ်တည်လာတဲ့အချိန်မှာ အံ့အားသင့်စရာကောင်းပြီး ခမ်းနား ချိုမြနေမယ်ဆိုတာ လက်တွေ့ကြုံဖူးသူတွေပဲ သိနိုင်ကြမှာပါ။ မကြုံဖူးသေးတဲ့သူတွေအတွက်ကတော့ သုခဘုံကိုသွားမယ့် ခင်ဗျားရဲ့ဘေးခုံက လက်မှတ်ပိုင်ရှင်က တစ်နေရာရာမှာ စောင့်နေမယ်ဆိုတာ သေချာပါတယ်လို့ ပြောချင်ပါတယ်။ သုခဘုံဆိုတာ နေရာမဟုတ်ပါဘူး သုခဘုံသွားမယ့်လက်မှတ်နှစ်‌စောင်ရဲ့ ပိုင်ရှင်တွေ မျှဝေကြတဲ့ ခံစားချက်တစ်ခုပါပဲ။ ခု Two Ticket to Paradise ကားလေးကတော့ အချစ်ကို ကြိုတင်စီစဉ်ထားသလိုဖြစ်လာဖို့ကြိုးစားထားတဲ့သူနဲ့ မြင်မြင်ရာကို အချစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့သူ နှစ်ယောက်တို့ အချစ်ဆိုတာကို အဖြေရှာတွေ့သွားကြတဲ့ ကြည်နူးစရာ Romance, Comedy, Drama ဇာတ်ကားလေးပါပဲ။ မင်္ဂလာဆောင်နေ့မှာ သတို့သားက ပစ်ထားခံခဲ့ရတဲ့ သတို့သမီးနဲ့ လက်ထပ်ဖို့လုပ်ထားတဲ့နေ့မှာပဲ စေ့စပ်ထားတဲ့သူက ပစ်သွားတဲ့ ကောင်လေးတစ်ယောက် ပန်းခြံမှာ တိုက်တိုက်ဆိုင်ဆိုင်တွေ့မိကြတယ်။ အဲဒီမှာ တစ်ယောက်ကိုတစ်ယောက် အားပေးရင်း တစ်ကိုယ်တော် ဟန်းနီးမွန်းကိုယ်စီ ထွက်ကြဖို့ သဘောတူလိုက်ကြတယ်။ ထူးထူးဆန်းဆန်းပဲ သူတို့သွားမယ့် ဟန်းနီးမွန်း ခရီးစဉ်က တူနေကြတယ်။ စိတ်နေစိတ်ထားချင်း ကွဲပြားသလောက် အဖြစ်အပျက်ချင်း တိုက်ဆိုင်လွန်းတဲ့သူတို့ ဟာဝါအီလို အချစ်တွေနဲ့ ပြည့်နေတဲ့ သုခဘုံမှာ ဘယ်လိုတွေ ဘာတွေကြုံရမလဲဆိုတာတော့ ကြုံတဲ့လက်မှတ်ဆွဲပြီး လိုက်ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1GB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 24Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Comedy • Fantasy • Music • Romance
6.8 2022 84 mins
Two Tickets to Paradise
No Reservations
6.3

No Reservations (2007) Genre – Comedy, Drama, Romance IMDB – 6.3/10 ငယ်ငယ်တုန်းက Zorro ကြည့်ရင်း ဒီမင်းသမီးလှလိုက်တာဆိုပြီး ဖြစ်ခဲ့ဖူးတဲ့သူ ဒါမှမဟုတ် ခု နာမည်ကြီး ဗုဒ္ဓဟူးမ Wednesday ရဲ့ အမေနေရာကပါပြီး ခုထိ ကျက်သရေရှိရှိနဲ့ လှနေတဲ့ အန်တီကြီး Catherine Zeta-Jones ရဲ့ ၂၀၀၇ ခုနှစ်တုန်းက Rom-com ကားကောင်းလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ မင်းသားနေရာကလည်း Dark Knight Trilogy မှာ အပြိုင်ကြမ်းခဲ့တဲ့ Two-face နေရာက မင်းသား Aaron Eckhart ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုံးလေးကတော့ စားဖိုမှူးလောကမှာ နာမည်ရှိပြီး အင်မတန်တော်သလောက် စည်းမျဉ်းစည်းကမ်းတွေနဲ့ စေ့စပ်တိကျပြီး မိတ်ဆွေမရှိ ချစ်သူမရှိ ဟင်းချက်တာကိုပဲ စိတ်နှစ်ထားတဲ့ စားဖိုမှူးမချော ကိတ်ဆိုတာရှိပါတယ်။ ဆိုင်ထဲမှာ ဖောက်သည်က သူချက်တာကို စောဒကတက်ရင်လည်း မထင်ရင်မထင်သလို ပြန်ပြန် ပြဿနာရှာတတ်လွန်းလို့ ဆိုင်ပိုင်ရှင်ကတောင် ကုထုံးဆရာဆီ ပို့ထားရတဲ့လူမျိုးပါ။ တစ်ရက်တော့ သူ့ အစ်မဖြစ်သူဟာ သူ့သမီးနဲ့အတူ သူ့ဆီကိုလာလည်ဖို့ လုပ်ရင်း မတော်မဆ ဖြစ်သွားရာကနေ အသက်ဆုံးရှုံးခဲ့ပြီး သမီးဖြစ်သူကိုလည်း သေတမ်းစာမှာ ညီမတော်စပ်သူ အဒေါ်လက်ထဲ အပ်ခဲ့တဲ့အတွက် ကိတ်တစ်ယောက် ဒူးမနာသမီးလေး ရသွားခဲ့ပါတော့တယ်။ ဒီလိုမျိုး တူမဖြစ်သူကို အချိန်ပေးနေတုန်း ဆိုင်ပိုင်ရှင်က သူ့ကို အသိမပေးပဲ ပျော်ပျော်နေတတ်တဲ့ အီတလီပြန် စားဖိုမှူး နစ်ကို ခန့်ထားတာကိုတွေ့တော့ သူ့နေရာလုဖို့ ပေးဖို့ လုပ်တာလားဆိုပြီး အမြင်မကြည်ပဲ နှစ်ယောက်သား ပြဿနာတွေလည်းတက်ရင်း ကလေးတစ်ဖက်နဲ့ အလုပ်တစ်ဖက်နဲ့ ကိတ်တစ်ယောက် ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာကို အချစ်ဆန်ဆန် ဒရမ်မာဆန်ဆန် ဟာသဆန်ဆန် ကြည့်ရှုခံစားရမှာပဲ ဖြစ်ပါတယ်။ မာနကြီး အတ္တကြီး ဒေါသကြီးပြီး လောကကြီးကို အယုံအကြည်မရှိတဲ့ စားဖိုမှူးတစ်ယောက် တူမလေးရပြီး အမြင်တွေပြောင်းလဲကာ မင်းသားဖြစ်သူရဲ့ ပျော်ရွှင်တတ်တဲ့စရိုက်တွေကြောင့် တဖြည်းဖြည်း ပြောင်းလဲလာပြီး အချစ်နဲ့ တွေ့ရှိကာ ပြောင်းလဲသွားမှာကို ခံစားရမှာပါ။ ကလေးမလေးနေရာကလည်း Zombieland ထဲက အငယ်မလေးလုပ်တဲ့ Abigail Breslin က ပိုင်နိုင်စွာသရုပ်ဆောင်ထားပြီး ဇာတ်ပို့ပေးထားပါတယ်။ File size… 1.49 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama, Comedy , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

6.3 2007
No Reservations
Zombie Town
4.2

Zombie Town (2023) ================ ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာ တစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း – ကာဗာဗေးလ်ဆိုတာဟာ နာမည်‌ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာ နေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့ အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူး ရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ် ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲ ကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။ အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န် ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာ ဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူ ပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊ တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြု ပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသ‌နဲ့ ဒရမ်မာကိုပါ ရောနှောကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.75 GB) / (625 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….C’mon Encoder……….SWM

4.2 2023
Zombie Town
One Second Ahead, One Second Behind
6.4

One Second Ahead, One Second Behind (2023) IMDb Rating (6.4) ကမ္ဘာမှာ သူများထက် အရာရာခြေတစ်လှမ်းသာနေသူတွေရှိသလို သူများထက် အရာရာနောက်ကျနေသူတွေလည်းရှိတယ်။ ဒီဇာတ်လမ်းက အဲဒီလိုလူ(၂)မျိုးလုံးရဲ့ ဇာတ်လမ်းပေါ့။ ကမ္ဘာကြီးထက် အရှိန်လွန်သူတွေ, ကမ္ဘာကြီးရဲ့အရှိန်ကို လိုက်မမီနိုင်သူတွေ များသောအားဖြင့်တော့ ကျွန်တော်တို့က ဒီနှစ်မျိုးနှစ်စားထဲကပါပဲ။ ကမ္ဘာကြီးနဲ့ထပ်တူညီတဲ့အရှိန်မျိုးဆိုတာတော့ ကမ္ဘာကလွတ်မြောက်သူတွေ ကမ္ဘာကိုရလိုက်သူတွေမှာပဲရှိလိမ့်မယ်။ ခင်ဖုန်းသက်ဝေထဲကလို ” တဒင်္ဂဆင်းသက်လာတဲ့ နေမင်းရောင်ခြည်ဆီကို တရွေ့ရွေ့ကျောက်တုံးတွေရဲ့အားကိုးယုံကြည်မှုမျိုးနဲ့ ရှေ့ကိုချီတက်လာသူ”တွေထဲမှာ ကျွန်တော်တို့များပါနေမလား။ အချစ်ဆိုတာရော စောစောလာလာ နောက်ကျမှလာလာ အချစ်က အချစ်ပဲဖြစ်တတ်လား။ အချိန်အခါလွဲမှားတဲ့ အချစ်ဇာတ်တွေဟာ ဝမ်းနည်းစရာကောင်းတတ်လား။ ကမ္ဘာကြီးထက် အရှိန်လွန်သူတစ်ယောက်နဲ့ အရာရာမှာနောက်ကျတတ်တဲ့သူတို့က နီးစပ်ဖို့ရော အခွင့်ရှိလား။ အဖြေမရှိပါဘူး၊ အမေးတွေချည်းပဲ ဒီရုပ်ရှင်လည်း ဒီလိုပဲ။ ကျွန်တော်တော့ အရာရာမှာ အဖြေတွေရှိတယ်လို့ ဘယ်တော့မှ မယုံပါဘူး။ အဖြေတွေပေးခဲ့ရင်လည်း အဖြေတွေဖြစ်မလာတတ်ဘူး။ ခံစားချက်ဆိုတာတွေကလည်း မေးခွန်းသက်သက်နဲ့ လည်ပတ်နေတဲ့အရာတွေလို့ ယတိပြတ်သေချာတယ်။ ရုပ်ရှင်လည်း ဒီလိုသာပဲ ဒီရုပ်ရှင်ဟာ အမေးတွေတော့ ထွက်လာမယ့် ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….02:00:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by WiRa Aung

Horror • Thriller • Drama
6.4 2023 120 mins
One Second Ahead, One Second Behind
Another Me
6

အားလုံးစိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက်ကြည့်ဖို့ ဟာသကားလေးနဲ့ တင်ဆက်ပါရစေ။ ဟိုးရှေးရှေးတုန်းက သားအဖ၂ယောက်ရှိသတဲ့။ အဖေကဘုရင်ကြီး သားကအိမ်ရှေ့မင်းသားဖြစ်တယ်။ ဘုရင်ကြီးမှာ မောင်းမမိဿံပေါင်း၃၀၀၀လောက်ရှိပေမယ့် သားတော်တစ်ပါးပဲဖွားမြင်ပါသတဲ့။ သားတော်ရဲ့လုံခြုံရေးအတွက် မျက်ဖုံးတပ်ခိုင်းစေခဲ့တယ်။ အိမ်ရှေ့မင်းသားရဲ့မျက်နှာကိုဘယ်သူမှမမြင်ဖူးပါဘူး ။ ဘုရင်ကြီးသားတော်အပေါ်မျှော်လင့်ချက်ကြီးမားပြီး စာပေအမြောက်အများအတင်းသင်ယူခိုင်းပါတယ်။ ဒါပေမယ့် အိမ်ရှေ့မင်းသားကတော့ အပျော်အပါးပဲမက်ပြီး ဇာတ်ပွဲကြည့်ရင်းသာအချိန်ဖြုန်းနေပါတော့တယ်။ မြို့ပြင်တစ်နေရာမှာ တည်းခိုခန်းပိုင်ရှင်ရဲ့ယောင်္ကျား လီမောက်ဆိုတဲ့ရှိတယ်။ သူကလဲတလွဲကောင်ပါပဲ။ အမှုထမ်းလေးလီမောက်က ယောက္ခမရဲ့လေးစားမှုကိုရဖို့ ရသမျှနည်းလမ်းနဲ့ ရာထူးတိုးရဖို့ကြံစည်နေပါတယ်။ ထူးတာကတော့ သူရုပ်ရည်က အိမ်ရှေ့မင်းသားနဲ့ချွတ်စွပ်တူနေတာပါ။ အပျော်အပါးမက်တဲ့ အိမ်ရှေ့မင်းသားနဲ့ ဂုဏ်မက်တဲ့လီမောက်တို့ သူတို့၂ယောက်နေရာချင်းလဲပြီးဘာတွေ တလွဲလုပ်ကြမလဲဆိုတာကို စိတ်ပြေလက်ပျောက်ကြည့်လိုက်ကြပါဦးနော်

Drama
6 2022
Another Me
Kalashnikov
6.6

ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင် အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။ အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။ ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။ အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွားလောက်စေမယ့် လက်နက်မျိုး ပေါ်မလာခဲ့သေးပါဘူး။ ဒီရုပ်ရှင်မှာတော့ ကာလရှညိကော့ဖ်ရဲ့ ဘဝဇာတ်ကြောင်းရယ် ဆိုဗီယက်ရဲ့ စတာလင်ဆုရ တီထွင်သူ သူရဲကောင်း ဖြစ်လာတဲ့အထိ အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပုံကို ပြသထားတာပဲ ဖြစ်ပါတယ်။ အတ္ထုပ္ပတိရုပ်ရှင် အမျိုးအစားကို ကြိုက်တတ်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကိုတော့ ရုရှားဘာသာကနေ Kay Z L က ဘာသာပြန်ပေးထားပါတယ်။ File size…(5.25 GB)/(2.2 GB)/(1 GB) Quality….Webrip 4K HEVC/Blu-Ray 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by KZL

Comedy • Drama
6.6 2020 105 mins
Kalashnikov
Thunderbolt Rose
5.7

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် မှုခင်းရုပ်ရှင်တစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – လင်ပေမြို့မှ အမျိုးသမီးရဲတပ်ဖွဲ့မှ အဖွဲ့ဝင်ချန်ရှောင်းဟာ နယ်စပ်ဖြတ်ကျော်ဒုစရိုက်အဖွဲ့မှာ သူလျှိုအဖြစ် ဝင်ရောက်ပြီး သက်သေစုဆောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ချန်ရှောင်းဟာ “ကယ်လူရှီးပန်း” ထဲကို အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး အထူးမှုခင်းတပ်ဖွဲ့နဲ့ အတွင်းအပြင်ပူးပေါင်းကာ ဒုစရိုက်သမားတွေရဲ့ အသိုက်အမြုံကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ ချန်ရှောင်းဟာ ပြစ်မှုအားလုံးရဲ့ နောက်ကွယ်မှာ “အစ်ကိုဟူ” လို့ခေါ်တဲ့ ဒုစရိုက်အဖွဲ့ခေါင်းဆောင်ကြီး တစ်ယောက် ရှိနေသေးကြောင်း သိလိုက်ရတဲ့အခါ…… ဒုစရိုက်အဖွဲ့ကို ရှင်းလင်းဖို့ ဘယ်လို အခက်အခဲတွေကို ကြုံတွေ့ရမလဲ…… အစ်ကိုဟူကရော ဘယ်သူဖြစ်နေမလဲ….. ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Thriller
5.7 2025
Thunderbolt Rose
Butchers Bluff
5.7

Butchers Bluff (2024) IMDb Rating (5.7) သူငယ်ချင်းတစ်စုရှိတယ်။ ရုပ်ရှင်ကျောင်းသားတွေပေါ့။ သူတို့တွေက ဖြစ်ရပ်မှန်ဟော်ရာဇာတ်လမ်းတစ်ခုကို ဒိုကူမန်ထရီရိုက်ဖို့ အနှစ်နှစ်ဆယ်အတွင်း လူပေါင်းများစွာ ပျောက်ဆုံးခဲ့တဲ့ တောအုပ်တစ်ခုနဲ့ အဲဒီတောအုပ်နားက မြို့လေးကိုလာခဲ့တယ်။ အဲဒီမြို့လေးမှာ ဟော့မန်းခေါ် ဝက်လူသားလို့ခေါ်တဲ့ လူသတ်သမားတစ်ယောက်ရှိတယ်ဆိုတဲ့ ယုံတမ်းစကားတွေရှိတယ်။ အဲဒီကောင်လေးက ငယ်ငယ်က ဝလွန်းလို့ အားလုံးအနိုင်ကျင့်တာခံခဲ့ရတယ်။ တစ်နေ့မှာ ကောင်လေးသုံးယောက်နဲ့ ကောင်မလေးတစ်ယောက်က သူ့ကို အရင်ကထက်တောင် ဆိုးဆိုးရွားရွား အနိုင်ကျင့်ခဲ့ကြတယ်။ ဆေးရုံရောက်သွားခဲ့တယ်။ ဆေးရုံကဆင်းလာပြီး ညမှာ သူက ဝက်မျက်နှာဖုံးကို စွပ်ပြီး ကောင်လေးသုံးယောက်စလုံးကိုသတ်ပစ်ခဲ့တယ်။ ကောင်မလေးကိုတော့ ချန်ထားခဲ့တယ်။ ဒီနောက် သူစိတ်ရောဂါကုဆေးရုံရောက်သွားတယ်။ အဲဒီကနေ သူထွက်ပြေးလာပြီး ဒီသစ်တောထဲ ရှိနေတယ်ဆိုတဲ့ ယုံတမ်းတွေ မြို့ထဲမှာပျံ့နေပေမဲ့ ဘယ်သူမှတော့ လက်ဆုပ်လက်ကိုင် သက်သေမပြနိုင်ဘူးပေါ့။ ဒီကျောင်းသားတစ်စုက အဲဒီဇာတ်လမ်းနောက်လိုက်ကြရင်း ကြုံလာရတဲ့ သွေးထွက်သံယိုတွေကိုမြင်ရမယ့်ဇာတ်လမ်းပါပဲ။ ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.8 GB) / (920 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….02:04:23 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.7 2024 123 mins
Butchers Bluff
Everything’s Going to Be Great
5.5

Everything’s Going to Be Great (2025) IMDb Rating (5.5) / Rotten Tomatoes (63%) ဒီတစ်ခါမှာတော့ Comedy/Drama ဇာတ်ကားလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ Breaking Bad ထဲကမင်းသားကြီး Bryan Cranston, Allisson Janneyနဲ့ Benjamin Evan Ainsworth တို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဖျော်ဖြေရေးလောကမှာ စားဝတ်နေရေးအတွက် ပြဇာတ်ကစားပြီးရပ်တည်နေတဲ့ ဘက်ဒီနဲ့မေစီစမတ်တို့ဟာ ဒဲရစ်နဲ့လက်စတာဆိုတဲ့သားနှစ်ယောက်နဲ့အတူနေထိုင်ကြပါတယ်။ ဒေသခံပြဇာတ်ရုံအသေးလေးမှာပဲပြဇာတ်ကရင်း အိမ်ရဲ့စီးပွားရေးက ပြေလည်တစ်လှည့် ကြပ်တည်းတစ်လှည့်ပေါ့။ သားနှစ်ယောက်ကလည်း ဝါသနာမတူဘဲ မကြာခဏအချင်းများလေ့ရှိကြတယ်။ သားအငယ်လက်စတာကတော့ အဖေတူသားပီပီ ပြဇာတ်တွေမှာပါဝင်သရုပ်ဆောင်ရတာကိုခုံမင်ပေမဲ့ အကြီးဖြစ်သူဒဲရစ်ကတော့ ဘောလုံးအားကစားကိုဝါသနာပါပေမဲ့ လိုအပ်တဲ့အခါဖျော်ဖြေမှုမှာပါဝင်ရပါတယ်။ တစ်ရက်မှာ နယူးဂျာစီမှာရှိတဲ့ပြဇာတ်အကြီးမှာဖျော်ဖြေဖို့အခွင့်အရေးရလာပြီး ထိုဖျော်ဖြေမှုအောင်မြင်ခဲ့ပါက ဘဝပြောင်းနိုင်မယ့်အခွင့်အရေးကြီးမလို့ ရည်မှန်းချက်ကြီးမားတဲ့ဘက်ဒီတစ်ယောက် အားလုံးကိုပုံအောလောင်းကြေးထပ်ပြီး နယူးဂျာစီမြို့ကိုပြောင်းလာပါတယ်။ အောင်မြင်ရင်ရရှိမယ့်ဆုလဒ်ကကြီးမားသလို ဆုံးရှုံးခဲ့ရင်လည်းဘာမှမကျန်တော့တဲ့အထိဖြစ်မှာမလို့……..သူတို့အောင်မြင်သွားကြပါ့မလား။ မမျှော်လင့်ထားတဲ့အခက်အခဲတွေ အခြေအနေတွေကြုံတွေ့ရပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Rybujane ဖြစ်ပါတယ်။) File size… (3.8 GB) / (1.3 GB) / (660 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:35:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Rybujane

5.5 2025 95 mins
Everything’s Going to Be Great