YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Office On Duty 2025 Malayalam 720p HEVC WEB-DL [RMC].mp4

1.3 GB N/A video/mp4 49 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Beast
6.8

Survival, Thriller အမျိုးအစားတွေကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် Suicide Squad ထဲက Bloodsport အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Elba ရဲ့ Beast ဆိုတဲ့ ကားလေး ထွက်လာပါပြီ။ အာဖရိက တောရိုင်း တိရစ္ဆာန်တွေအကြောင်း အခြေပြုပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... နိတ်ဒန်နီယယ် နဲ့ သူ့ရဲ့ သမီးလေး နှစ်ယောက်ဟာ တောင်အာဖရိက ကို အလည်အပတ် ထွက်လာခဲ့ပါတယ်။ အဆိုပါ ခရီးစဉ်ကို ဖိတ်ခေါ်ခဲ့သူကတော့ နိတ်ရဲ့ မိတ်ဆွေဟောင်းကြီး မာတင် ပဲ ဖြစ်ပါတယ်။ မိတ်ဆွေဟောင်းဆိုတာထက် နိတ်နဲ့ သူ့ရဲ့ ဇနီးကို အောင်သွယ်ပေးခဲ့တဲ့ အောင်သွယ်တော်ကြီးဆို ပိုမှန်တာပေ့ါဗျာ ... အဲ့ဒီနောက်မှာတော့ သူတို့ဟာ နိတ်ရဲ့ ဇနီးသည် ကြီးပြင်းခဲ့တဲ့ တောင်အာဖရိက က ရွာလေး ခရီးနှင်ခဲ့ကြပါတယ်။ အဲ့ဒီရွာလေးကို သွားနေစဉ် တားမြစ်နယ်မြေတစ်ခုကို ဖြတ်သန်းရတဲ့ အချိန်မှာတော့ ခြင်္သေ့ကြီးတစ်ကောင်နဲ့ ရင်ဆိုင်ရပါတော့တယ်။ ရင်ဆိုင်ရတယ်ဆိုတာ လူတွေကို သဲသဲမဲမဲကို လိုက်သတ်တဲ့ ခြင်္သေ့မျိုးပါ။ ခြင်္သေ့တွေက စားစရာမလိုဘဲ သာမန်အားဖြင့် လိုက်သတ်လေ့မရှိပါဘူး။ ဒီခြင်္သေ့ကြီးကတော့ အုပ်စုတစ်ခုလုံးကို တရားမဝင်မုဆိုးတွေက သတ်လိုက်လို့ တွေ့သမျှလူတွေကို သောင်းကျန်ပြီးလိုက်သတ်တာပါပဲ။ ဗီလိန်လို့တောင် မပြောနိုင်ပါဘူး။ တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရတာမို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်သူတွေ အကြိုက်တွေ့မှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size          : 6GB, 2.1GB, 854MB, 429MB Quality            : 4K WEB-DL HEVC 5.1CH, 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 33mins Genre              : Adventure, Drama, Horror Translated by Mr.Anderson Encoded by Kinnov

Action • Fantasy • Horror • Mystery
6.8 2022 93 mins
Beast
The Bubble
4.7

စိတ်အပန်းပြေ ရယ်နေရတဲ့ ဟာသကားလည်းကြည့်ချင် ရုပ်ရှင်ထုတ်လုပ်ရေးလောကရဲ့ အခြေအနေကို ရှယ်သရော်ထားတဲ့ ကားတစ်ကားကြည့်ချင်တယ်ဆိုရင်တော့ ဒီရုပ်ရှင်က သင့်အတွက်ပါပဲ။ ရယ်ရတယ်ဆိုရာမှာ တစ်ချို့အခန်းတွေက ရုပ်ရှင်နဲ့ပတ်သက်တဲ့ ဗဟုသတနည်းနည်းရှိမှ ရယ်ရမှာဖြစ်ပြီး တစ်ချို့အခန်းတွေကတော့ တမင်ကလိထိုင်ထိုးနေတဲ့ ဟာသကားတွေလို ရယ်ရပါတယ်။ အကုန်နားလည်ရင်တော့ ခွက်ထိုးခွက်လန် ရယ်နေရမယ့်ကားပါပဲ။ Rating တော့ နည်းပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တော်တော်အူမြူးစေမှာကတော့ အမှန်ပါပဲ။ မယုံရင် ဂူးဂဲမှာ ဝေဖန်ရေးသမားပေးတာမဟုတ်တဲ့ User Reviewတွ ဖတ်ကြည့်လို့ရပါတယ်။ ရုပ်ရှင်ထဲပါ၀င်သူတွေကတော့ Professor X ခေါ် James McAvoy, Mandalorian တစ်ဖြစ်လဲ Pedro Pascal, Nebula တစ်ဖြစ်လဲ Karen Gillan, Dr. Strange ခေါ် သခွားသီး၊ X-Files စီးရီးတွေထဲက အေးဂျင့် Muldor တစ်ဖြစ်လဲ David Duchovny နဲ့ Key and Peele ထဲက Keegan Michael Key တို့ပါပဲ။ ဇာတ်ကားရိုက်တာကို ဇာတ်ကားပြန်ရိုက်တာကို ဇာတ်ကားပြန်ရိုက်ထားတဲ့ ရုပ်ရှင်‌ပေါ့။ သူတို့ရုပ်ရှင်လောကကို ကောင်းကောင်းကြီး သရော်ထားတာတွေကို အူနှိပ်ပြီးကြည့်ရမှာပါ။ မြင်သာသလောက် နာမည်ကြီးတဲ့ထဲ သရော်ထားတာတွေကတော့ ပါလေရာ Batman, Marvel, Fast and Furious, Jurassic နောက်ပိုင်းကားတွေပါ။ Rey Skywalker နဲ့ Mandalorian လည်း ဘုပါသေးတယ်။ ဂျွန်စီနာလည်း၀င်ပေါသွားသလို Keaton အစ Pattinson အဆုံး Batman အကုန်လုံးနဲ့ Professor X နဲ့ Doctor Strange တို့လည်းပါပါတယ်။ စပိန်က Betis အသင်းကဘဲကိုတောင် ပြောင်ထားသလို COVID-19 ကိုလည်း ပြောင်ပါတယ်။ စိတ်ပါရင် SS ရိုက်တင်စရာအတော်များများပါတယ်။ စိတ်မကောင်းစရာကတော့ SS ရိုက်တင်တဲ့သူတွေကိုပါ ဖောင်းထားပါတယ်။ Don't Look Up ဟာ အစိုးရပိုင်းနဲ့ NASA ကို‌ ကောင်းကောင်း သရော်ထားတဲ့ကားဆိုရင် ဒီကားဟာလည်း ဟောလိဝုဒ်ရဲ့ မင်းသားမင်းသမီး ဒါရိုက်တာ ‌ရိုက်ကွင်း ရုပ်ရှင်ဈေးကွက်အခြေအနေတွေနဲ့ Franchise ဖြစ်ပြီး ငွေရှာနေတဲ့ကားတွေကို ကောင်းကောင်းကြီး သရော်ထားတဲ့ ကားပါပဲ။ (အညွှန်းကို "___" မှ ရေးပေးထားပြီး ဇာတ်ကားကို Jim X၊ 666 နဲ့ "___" တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 1.2GB, 650MB Quality - 1080p, 720p Format - mp4 Duration - 2H 6Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Jim X, 666 & "___" Encoded by Y

Drama
4.7 2022 127 mins
The Bubble
Color Out of Space
6

မင်းသားကြီး Nicholas Cage ပါဝင်သရုပ်ဆောင်ထားတဲ့ ဒီ Color Out of Space ဇာတ်ကားလေးကတော့ ၂၀၁၉ခုနှစ်ထွက် Fantasy/ Sci-fi အမျိုးအစားဖြစ်ပြီး ကြာမြင့်ချိန် ၁နာရီနဲ့၅၁မိနစ်ရှိပါတယ် နေသန်ဂါဒနာဟာ သူ့မိန်းမထရီဆာရဲ့ကျန်းမာရေးအခြေအနေကြောင့် လာဗီနီယာ ဘန်နီ နဲ့ ဂျက်လို့ခေါ်တဲ့သူ့သားသမီးသုံးယောက်နဲ့အတူ ကျေးလက်ဒေသလေးကိုပြောင်းရွှေ့နေထိုင်ကြပါတယ်။ တစ်ညမှာ သူတို့အိမ်ရှေ့ကိုထူးဆန်းလှတဲ့ဥက္ခာခဲကြီးကျရောက်လာပြီးတော့ အခြားဂြိုဟ်ကလာတဲ့သန္ဓေပြောင်းဇီဝသက်ရှိကြောင့် သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ကျေးလက်နေဘဝလေးဟာ အိပ်မက်ဆိုးတစ်ခုအဖြစ်ပြောင်းလဲသွားတဲ့အခါ နေသန်နဲ့သူ့မိသားစုဘယ်လိုရင်ဆိုင်ကြမလဲဆိုတာစောင့်ကြည့်ရမှာမို့ ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ။ File Size : ( 1 GB , 375 MB ) Quality : WEB-DL 720p Running Time : 1 hr 51 min Format : Mp4 Genre : Horror , Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Su Su Encoded by Moe Myint Lwin

Drama • Mystery • Sci-Fi & Fantasy
6 2019 111 mins
Color Out of Space
Redemption in Cherry Springs
6.1

ဒီတစ်ခါတော့ ပရိသတ်ကြီးကို လိုက်တွေးကြည့်လို့ကောင်းမဲ့ စုံထောက်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ် သိဖို့လည်း ခက်ခဲသလို လိုက်စဉ်းစားဖို့လည်း ကောင်းမဲ့ ကားကောင်းလေးတစ်ကာပါပဲ ချယ်ရီစပရင်းဆိုတဲ့ မြို့လေးကို မဲလ်ဆိုတဲ့ မှုခင်းစုံစမ်းရေးသတင်းထောက်လေးက ပြန်လာနေတာနဲ့ ဇာတ်လမ်းလေးကို အစပြုထားခဲ့တာပါ မွေးရပ်မြေဖြစ်တာနဲ့အညီ တွေ့တွေ့သမျှလူတွေကလည်းသူ့ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေချည်းပါပဲ သူကတော့ သူရေးလိုက်တဲ့ ဆောင်းပါးတစ်ခုကြောင့် စက်ရုံကြီးတစ်ရုံပိတ်သွားပြီး အလုပ်သမားတွေအလုပ်လက်မဲ့ဖြစ်သွားတာကြောင့် ဘော့စတွန်ကိုပြောသွားခဲ့တဲ့သူလေးပါ အဲဒီလိုနဲ့ သူပြန်ရောက်ပြီး မကြာခင်မှာပဲ သူ့ရဲ့ ကလေးဘဝထဲကသူငယ်ချင်း တိုနီဆိုတဲ့တစ်ယောက်က သူ့မိန်းမ ရေချယ်နဲ့ ရန်ဖြစ်ပြီး ပျောက်သွားခဲ့တာပါ အဲဒီ ချယ်ရီစပရင်းမြို့လေးကိုပဲ နယူးယောက်က ဂျိတ်ဆိုတဲ့ စုံထောက်ကြီးကလည်း ပြောင်းလာခဲ့တာမကြာသေးပါဘူး အဲဒီလိုနဲ့ တိုနီပျောက်သွားတဲ့အမှုကို စုံထောက်ကြီးရော သူ့ရဲ့သူငယ်ချင်းက မဲလ်ကရော လိုက်စုံစမ်းပါတယ် ဂျိတ်ကတော့ မဲလ် အမှုလိုက်စုံစမ်းတာကိုမကြိုက်ပေမဲ့လည်း သူ့ထက်တော်နေတော့ အောင့်သက်သက်နဲ့ ကြည့်နေရတာပါ လိုက်ရင်းနဲ့မှာ အမှုကို တစ တစ ဆွဲထုတ်မှုရင်း ဘာတွေပေါ်ပေါက်လာမလဲ တိုနီက ဘာလို့ပျောက်သွားတာလဲ အမှုကိုရောဘယ်လိုနည်းလမ်းတွေနဲ့စုံစမ်းမလဲဆိုတာကို တွေးကြည့်ရင်းကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ File size…1011MB/ 583.64MB/ 398MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:53:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Horror • Mystery • Thriller
6.1 2022
Redemption in Cherry Springs
It’s a Wonderful Life
8.6

It’s a Wonderful Life (1946) ~ IMDb – 8.6/10, RT – 93%, Meta – 89% ~ It’s a Wonderful Life ကို တချို့က အကောင်းဆုံး ခရစ္စမတ်ကားလို့ သမုတ်ကြတယ်။ သူက Greatest Films of All time လို့ သမုတ်ကြတဲ့ကားတွေထဲက တစ်ကားအပါအဝင်လည်းဟုတ်တယ်။ 100 best American Films Ever Made စာရင်းထဲလည်းဝင်သလို American Film Institute ရဲ့ Greatest Movie List တွေထဲလည်း အမြဲပါတယ်။ Classic မှ ရေမရောတဲ့ ကလပ်စစ်စစ်စစ် ခရစ္စမတ်ကားဆိုလည်း ဟုတ်တယ်။ ခရစ္စမတ်ရုပ်ရှင်တွေထဲကမှ ခရစ္စမတ်အဆန်ဆုံး ရုပ်ရှင်ဆိုလည်း ဟုတ်တယ်။ ဒီကားကို Philip Van Doren Stern ရဲ့ The Greatest Gift လို့ခေါ်တဲ့ ဝတ္တုတိုကလေးကနေ Frank Capraက ရိုက်ထားတာ။ Frank Capraက It Happened One Night တို့ You Can’t Take It with You တို့ကို ရိုက်ခဲ့တဲ့သူ။ ဂန္ထဝင်ဒါရိုက်တာကြီးလို့ပြောရင်လည်း မမှားဘူး။ ဘာလို့ဆို ဒီကားတွေက ကလပ်စစ်ဖြစ်ကုန်ကြသကိုး။ ဒီဝတ္တုကလည်း ခရစ္စမတ်အငွေ့အသက်အပြည့်ရသဆို ခရစ္စမတ်ရဲ့အကျော်ကြားဆုံး ဝတ္တုဖြစ်တဲ့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို ပါးပါးလေးအခြေတည်ထားသကိုး။ ဒီခရစ္စမတ်ကားဟာ ဒါရိုက်တာကိုယ်တိုင်ကလည်း သူရိုက်ခဲ့သမျှကားတွေထဲ အကြိုက်ဆုံးဖြစ်ခဲ့သလို ဒီရုပ်ရှင်ရဲ့မင်းသား James Stewart ရဲ့ အကြိုက်ဆုံးကားလည်းဟုတ်ခဲ့တယ်။ သူတို့လက်ရာတွေထဲ သူတို့အကြိုက်ဆုံးဖြစ်ခဲ့တဲ့ကားဆိုတော့ စဉ်းစားကြည့်ပေါ့။ ဒီရုပ်ရှင်ကို ခေတ်အဆက်ဆက်ဗားရှင်းပေါင်းစုံအဖြစ် ကာလာသွင်းလိုက် ဘာလုပ်လိုက် ညာလုပ်လိုက်အသက်သွင်းခဲ့ကြသလို ဖိုးကေအထိပြန်လုပ်ခဲ့ကြပြီးပေမဲ့ မူလအရသာအတိုင်းပဲ ရစေချင်တာမို့ အဖြူအမဲဗားရှင်းကိုပဲ ရွေးချယ်ထားပါတယ်။ ထူးတာက It’s a Wonderful Life ဟာ ခရစ္စမတ်ကားဆိုပေမဲ့ ဆန်တာကလော့မပါ ဘာမပါ အကျိုးနည်းခရစ္စမတ်ကားပါလို့ ပြောရမယ့် ခရစ်စမတ်ကားပါပဲ။ It’s a Wonderful Life ဆိုပြီး စထားပုံကလည်း သတ်သေတော့မယ့် လူတစ်ယောက်နဲ့ စထားတယ်။ ပြီးတော့ ကျွန်တော်တို့ကို မြို့လေးတစ်မြို့က ဂျော့ဘိုင်လေလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ဘဝသမိုင်းကို ဖန်သားပြင်ထက် တရိပ်ရိပ်ပြတယ်။ အဲဒီလူနာမည်က ဂျော့ဘိုင်လေ။ ဒီလူက သာမန်လူတော့ သာမန်လူပါပဲ။ဒါပေမဲ့ သူ့ဘဝကတော့ သာမန်ဟုတ်မနေခဲ့ဘူး။ သူဟာ ကျွန်တော်တို့အားလုံးလိုပဲ အိပ်မက်တစ်ခုနဲ့လူပေါ့။ အရွယ်ရောက်လာရင် ကမ္ဘာကြီးကိုပတ်မယ် အသစ်အဆန်းတွေကို ရှာဖွေမယ်ဆိုတဲ့ လူမျိုး။ ဒါပေမဲ့ သူ့မိသားစုတွေ မိတ်ဆွေရဲ့ အကျိုးနဲ့ယှဉ်လာရင် သူ့အိပ်မက်တွေကို သူနောက်ဆုတ်ပေးရင်းပေးရင်း အချိန်တွေရယ်ကုန်ဆုံးလို့သာ အရွယ်လွန်လာခဲ့တဲ့ လူတစ်ယောက်ပေါ့။ သူ့အဖေရဲ့ပရဟိတလုပ်ငန်းလိုဖြစ်နေတဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ အိမ်ရာနဲ့ချေးငွေလုပ်ငန်းကို အမွေဆက်ခံပြီး ဒီလုပ်ငန်းအတွက် ပြဿနာပေါင်းများစွာကို လူတော်တစ်ယောက်အနေနဲ့ ကျော်လွန်နိုင်ခဲ့ပေမဲ့လည်း သူ့မှာ စုမိဆောင်းမိဆိုလို့ ဒေါ်လာ၅၀၀တန် အသက်အာမခံကလွဲ ဘာမှမရှိခဲ့ဘူး။ တခြားမရှိဆင်းရဲသားတွေအတွက် ချေးငွေနဲ့အိမ်ပေါင်းများစွာကို ဖြစ်အောင် ဆောက်ပေးခဲ့ပေမဲ့ သူ့အပိုင်အိမ်ဆိုတာလည်း မရှိခဲ့ဘူး။ ဒါပေမဲ့လည်း သူဟာ သူ့မိတ်ဆွေတွေအတွက် သူချစ်တဲ့သူတွေအတွက် သူ့ဘဝကို သူကျေနပ်လိုက်ရင်း နေခဲ့တာပါပဲ။ တစ်ခုသော ခရစ္စမတ်အကြိုညမတိုင်ခင်အထိပေါ့။ တစ်ခုသော ခရစ္စမတ်အကြိုညမှာ သူ့ဘဝ ပြောင်းပြန်လန်သွားတဲ့ အဖြစ်မျိုးဖြစ်ခဲ့တယ်။ ဘာနည်းလမ်းမှမရှိတော့တဲ့နောက် ခရစ္စမတ်ညမှာ သတ်သေပစ်ဖို့ရွေးရတဲ့အထိ သူလမ်းဆုံးသွားခဲ့တယ်။ ဒါပေမဲ့ ဒီညက ခရစ္စမတ်ညပဲလေ။ ခရစ္စမတ်ဟာ နေ့တာအတိုဆုံး အအေးစက်ဆုံးလထဲက ရက်တစ်ရက်မှာ တည်နေတဲ့ အနွေးထွေးဆုံး ချစ်ခြင်းတွေအရှည်ကြာဆုံး ရက်တစ်ရက်ပဲမလား။ ခရစ္စမတ်ဟာ အားလုံးရဲ့ ရင်ထဲ ချစ်စိတ်တွေဖြည့်ပေးနိုင်တဲ့နေ့ပေါ့။ ခရစ္စမတ်ဟာ အဆိုးဆုံးလို့ခေါ်တဲ့လူတွေကို စိတ်ကောင်းဝင်စေနိုင်တဲ့နေ့။ ခရစ္စမတ်ဟာ အတွန့်တိုဆုံးလူတွေရဲ့နှလုံးသားကို ပြောင်းလဲစေနိုင်တဲ့နေ့လည်း ဟုတ်တယ်။ မပြေလည်ခဲ့သမျှတွေကိုလည်း ခရစ္စမတ်ဟာ သူ့ထဲက ချစ်ခြင်းတွေနဲ့ ခဝါချပေးနိုင်တယ်။ ခရစ္စမတ်ဟာ ဘာမဆိုဖြစ်နိုင်တယ်။ ဘာလို့ဆို ခရစ္စမတ်ဟာ ခရစ္စမတ်ကိုး။ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ဟာ ဆန်တာကလော့ဆီမှာမဟုတ်ဘဲ ကျွန်တော်တို့ကိုချစ်တဲ့လူတွေ ကျွန်တော်တို့ကချစ်တဲ့လူတွေဆီမှာရှိနေတယ်။ ဒီရုပ်ရှင်ဟာ ခရစ္စမတ်မှာ ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုအကြောင်းပေါ့။ ဂျော့ဘိုင်လေလို့ခေါ်တဲ့ လူတစ်ယောက်ရဲ့ တစ်ပြားမှမရှိပေမဲ့ အဖိုးအတန်ဆုံးဘဝအကြောင်းဆိုလည်း ဟုတ်တယ်။ ဘဝတွေဟာ လှပချင်မှလည်း လှပမယ်။ အကျည်းတန်ခြင်းက ပိုများနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ကချစ်တဲ့လူတွေအတွက် ကျွန်တော်တို့ကိုချစ်တဲ့လူတွေအတွက် ကျွန်တော်တို့မသိကြသည်ဖြစ်စေ သူတို့မသိကြသည်ဖြစ်စေ ဘဝတွေဟာ It’s a Wonderful Life လို့ ပြောရမယ့် ဘဝတွေချည်းပေါ့။ ဒီရုပ်ရှင်ဟာ ခင်ဗျားဘဝကို It’s a Wonderful Life လို့ ရဲရဲကြီးပြောမိစေနိုင်မယ့် ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ခရစ္စမတ်ဟာ ကျွန်တော်တို့ ယဉ်ကျေးမှုလို့ ပြောလို့မရပေမဲ့ ခရစ္စမတ်ကာတွန်းတွေ ခရစ္စမတ်စာအုပ်တွေ ခရစ္စမတ်ရုပ်ရှင်တွေကို ကျွန်တော်တို့ ဘဝထဲက ပိုင်းခြားပစ်လို့မရတော့ ခရစ္စမတ်ဟာ ကျွန်တော်တို့ရဲ့ အရင်းနှီးဆုံးသူစိမ်းလိုဖြစ်နေတဲ့အရာပါပဲ။ ဒါပေမဲ့ ခရစ္စမတ်ရောက်လို့ ခရစ္စမတ်ကားတစ်ကားကြည့်လိုက်မိပြီဆိုရင် ခရစ္စမတ်ပီသစွာပဲ ချစ်တဲ့စိတ်တွေနဲ့ ပြည့်လာတတ်တာပါပဲ။ ဒီလောကမှာ မျှဝေဖို့ အကောင်းဆုံးအရာဟာ ချစ်ခြင်းမေတ္တာပဲမလား။ ချစ်ခြင်းတွေလွှမ်းနေတဲ့ ခရစ္စမတ်တွေကိုလည်း မျှဝေယူလိုက်ကြတာပေါ့။ ဒီဇင်ဘာဆိုတဲ့ နေ့တာအတိုဆုံး ဒက္ခိဏယဉ်စွန်းချိန်ရဲ့လမှာ ကမ္ဘာရဲ့ဝင်ရိုးတစ်ဖက်ဟာ နေရဲ့ဟိုးအဝေးဆုံးကို ရောက်ရှိသွားတတ်တယ်။ အအေးစက်အမှောင်မိုက်ဆုံး အချိန်လို့ပဲ ယေဘုယျဆိုလိုက်ကြတာပေါ့။ ဒုက္ခတွင်းထဲက အချိန်တွေဟာ ချစ်ခြင်းတွေရဲ့ အထင်ရှားဆုံး အချိန်ပဲမလား။ ဒီရုပ်ရှင်ဟာလည်း အလားတူအကြောင်းအရာပါပဲ။ နောက် အမှောင်မိုက်ဆုံးအချိန်ကို အလင်းလက်ဆုံးဖြစ်စေမယ့် ညတစ်ညအကြောင်းရောပေါ့။ အဲဒီညဟာ ခရစ္စမတ်ညပါပဲ။ အားလုံးပဲ မယ်ရီခရစ္စမတ်ပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.2GB, 615MB Quality – 1080p, 720p, 480p IMDb Rating – 8.6/10 Format – mp4 Duration – 2H 10Min Genre – Drama, Family, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.6 1946 130 mins
It’s a Wonderful Life
[18+] Exotica
7

Exotica (1994) ~ IMDb – 7/10, Rotten Tomatoes – 95% ~ Exotica ဟာ ၁၉၉၀ ခုနှစ်များဆီက မရေရာမသေချာ အိပ်မက်ဆန်ဆန် ပုံစံမျိုးပြသပြီး Psychological Thriller ဇာတ်ကားတွေကို တစ်ခေတ်ဆန်းစေခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဖော်ချွတ်ကလပ်တစ်ခုဖြစ်တဲ့ Exotica မှာဆုံကြတဲ့ လမ်းပျောက်နေတဲ့ ဒဏ်ရာရနေတဲ့ ဝိညာဉ်တစ်စုရဲ့ ဇာတ်လမ်းလေးပါ။ ဝမ်းနည်းစရာပြည့်နေတဲ့ အတိတ်နဲ့ လူတစ်ယောက်၊ သူနဲ့ ထူးဆန်းတဲ့ ဆက်ဆံရေးတစ်ခုရှိနေတဲ့ အကမယ်လေး၊ အကမယ်လေးကို စွဲလန်းနေတဲ့ ဒီဂျေနဲ့ ရှားပါးငှက်ဥတွေကို မှောင်ခိုကူးနေတဲ့ သူတစ်ယောက်… သူတို့ရဲ့ ဆက်နွယ်မှုတွေ နာကျင်မှုတွေ ခံစားချက်တွေကို ကူးလူးခံစားမိစေမှာပါ။ သူတို့ရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ် ပုစ္ဆာတစ်ခုလို ဖန်တီးတင်ပြထားပါတယ်။ အရမ်းကို နက်ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ ခံစားချက်တွေကို ရောထွေး ယှက်နွယ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး ရုပ်ရှင်ဆု ၁၆ ဆုကို ရရှိထားတဲ့ ဇာတ်ကားလေးပါ။ ဇာတ်ကားအကြောင်း စိတ်မဝင်စားတဲ့သူတွေအတွက်လည်း ပေါက်စီပွဲတော်ကြီးကို ကြည့်ရမှာဖြစ်တဲ့အတွက် ခံစားလို့ရနိုင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 43Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7 1994 104 mins
[18+] Exotica
[18+] Skin of Roses
4.5

သရုပ်ဆောင် ဒါရိုက်တာ ထုတ်လုပ်သူ မမ Naomi Tani ရဲ့ လက်ယာမြောက်ဇာတ်ကားကောင်းတစ်ကား ဂျပန်နိုင်ငံရဲ့ လူမိုက်ဂိုဏ်ကြီးတစ်ခုရဲ့ မြေစာပင်လေး သူက သူ့ယောင်္ကျားအကြွေးတွေကို ရရာနည်းနဲ့ အလုပ်လုပ် ပိုက်ဆံစုပြီး လက်ရှိသူကျင်လည်နေတဲ့ လောကက ထွက်ခွါချင်နေသူ သူ့မှာလည်း ဆိုးတူကောင်းဖက် သူငယ်ချင်းနှယောက်ရှိတယ် သူလုပ်ရတဲ့အလုပ်က အဲဒီခေတ်အခါတုန်းက ဝင်ငွေအကောင်းဆုံး အလုပ်လို့တောင်ပြောလို့ရတဲ့အလုပ် Reall Sex Show ပါပဲ သူမရဲ့ အမူအရာနဲ့ အပြောအဆိုကိုကြည့်ချင်လွန်းလို့ ပိုက်ဆံတွေပုံအောပေးပြီး လာကြည့်နေတဲ့ သူဌေးတွေက ဒုနဲ့ဒေး အဲဒါကို ပိုင်ရှင်က စီးပွါးရေးအကွက်မြင်သွားတဲ့အခါ သူငယ်ချင်းသုံးယောက် လူဆိုးဂိုဏ်းကြီးနဲ့ ဘယ်လိုတွေ လုံးချာပတ်ချာလည်လိုက်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းလှပြီး အလှအပတွေကို တစ်မျိုးလေးခံစားရတဲ့ ဇာတ်ကားကောင်းလေးဖြစ်နေတာကြောင့် DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်

4.5 1978
[18+] Skin of Roses
Intruders
5.4

မက်ဒရစ်မှာ နေထိုင်တဲ့ ဂျူအန်ဆိုတဲ့ကလေးလေးဟာ ကြောင်လေးမပြန်လာသေးလို့ဆိုပြီး ညဘက်မှာ ပြူတင်းပေါက်ကို ဖွင့်ထားပြီး အိပ်ရာဝင်ခဲ့ပါတယ်၊ ဒီအချိန်မှာ မျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက ဂျူအန်ကို လာပြီး ဖမ်းခေါ်သွားဖို့ ကြိုးစားခဲ့ပါတယ်၊ တစ်ဖက်မှာလည်း လန်ဒန်မှာနေထိုင်တဲ့ မီယာဆိုတဲ့ကောင်မလေးကိုလည်း ဒီမျက်နှာမရှိ အကောင်အထည်မရှိတဲ့အရာကြီးက လာလာပြီးခြောက်လှန့်လျက်ရှိပါတယ်။ ဒီမှာ တစ်ခုတူညီတဲ့အချက်က ဒီမျက်နာမရှိတဲ့အရာကြီးက ဂျူအန်နဲ့ မီယာရဲ့ မျက်နှာတွေကို ခိုးယူဖို့ ခြောက်လှန့်ကြိုးစားနေတာပါ။ ဒီတော့ ဒီအရာကြီးက တစ်ကယ်အပြင်မှာရှိတာလား၊ စိတ်ကထင်ရုံသက်သက်ပဲလား၊ စိတ်ထင်ရုံသက်သက်ပဲဆိုရင် ဘာလို့နေရာမတူ ဒေသမတူ အရွယ်မတူတဲ့ ကောင်လေးနဲ့ ကောင်မလေးကို ဘာလို့လိုက်လံခြောက်လှန့်နေတာလဲဆို ရင်ဖိုသည်းလှိုက်စွာ ခန့်မှန်းရင်း စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(608 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Thriller, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.4 2011
Intruders
Honeysweet
4

Honey Sweet (2023) အသက် ၄၀ ကျော်မှ ဘဝစကြမယ့် သဲသဲကဲကဲအတွဲလေးအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးကို တင်ဆက်ပေးပါဦးမယ်နော် ချာချီဟိုဟာ အဆာပြေမုန့်တီထွင်တဲ့သုတေသနပညာရှင်ပါ.. တစ်ယောက်တည်း အချိန်ဇယားကြီးနဲ့ ဖြတ်သန်းနေတဲ့ လူပျိုသိုးကြီးဆိုလည်း မမှားပါဘူး အဲလိုလူပျိုကြီးကို ရင်ခုန်အောင်လုပ်သွားတာတော့ အီအီးလ်ယောင်းဆိုတဲ့ အမျိုးသမီးလေးပါ၊ သူတို့နှစ်ယောက်ရဲ့ တွေ့ဆုံမှုကနေ တစ်ဆင့်ချင်းတက်သွားတဲ့ပုံစံကို နည်းနာယူရင်း… အသက် ၄၀ ကျော်မှ ကလိကလိဖြစ်အောင် လုပ်ပေးသွားမယ့် အတွဲကတော့ ဘယ်လိုတွေရိုကြမလဲဆိုတာ ကြည့်ရမှာပဲဖြစ်ပါတယ် မင်းသားကြီး Yu Hae Jin နဲ့ မင်းသမီးကြီး Kim Hee Seon တို့လို အထင်ကရသရုပ်ဆောင်တွေပါဝင်ထားတာဆိုတော့ အပန်းပြေစေမယ့် ရုပ်ရှင်လေးဖြစ်လို့ ကြည့်လိုက်ကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size…1.2GB | 547MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

Action • Comedy • Crime
4 2023 118 mins
Honeysweet
Retreat
5.8

Peaky Blinders ထဲမှာ သောမတ်စ်ရှယ်လ်ဘီနေရာက သရုပ်ဆောင်ထားတဲ့ နာမည်ကြီးမင်းသား Cillian Murphy ပါဝင်သရုပ်ဆောင်ခဲ့တဲ့ 2010 ခုနှစ်တုန်းကဒရာမာ သည်းထိပ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Retreat ဖြစ်ပြီး ကမ္ဘာပျက်ရုပ်ရှင် ဇာတ်ကားတွေလိုပုံစံရိုက်ကူးထားတာဖြစ်ပါတယ်။ IMDb Rating 5.8 ရရှိထားပြီး ကြည့်ဖို့အချိန်ပေးရတာ တန်စေမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ကိတ်နဲ့ မာတင်တို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့အိမ်ထောင်ရေးက နည်းနည်းယိုယွင်း ပျက်စီးနေပြီဖြစ်တဲ့အတွက် ဇာတ်ကား နာမည်အတိုင်း Retreat(ပြန်လည်ထူထောင်ရေး)လုပ်ဖို့အတွက် ဘလက်ဟုမ်းဆိုတဲ့ ကျွန်းတစ်ကျွန်းဆီကိုသွားခဲ့ကြပါတော့တယ်။ အဲ့ဒီမှာ အိမ်လေးတစ်လုံးကို ငှားကာ လင်မယားနှစ်ယောက် အတူတူအပန်းဖြေခဲ့ကြပြီး အိမ်ထောင်ရေးပြန်လည်အဆင်ပြေဖို့ မျှော်လင့်နေပေမဲ့ တစ်ရက်ထက်တစ်ရက်ပိုပိုဆိုးလာတာပဲ ရှိခဲ့ပါတယ်။ ဖြစ်ချင်တော့ သူတို့ရဲ့ အိမ်ရှင်ရှိရာ ကုန်းမကြီးကိုလည်း ရေဒီယိုနဲ့ဆက်သွယ်လို့မရ အိမ်မှာသုံးနေတဲ့မီးစက်ကလည်းပျက်နဲ့ တော်တော်ကိုတိုင်ပတ်နေခဲ့ပါတော့တယ်။ကျွန်းပေါ်က ထွက်သွားဖို့ ကျတော့လည်း ဘာလှေ ဘာသင်္ဘောမှမရှိတဲ့အတွက် နှစ်ယောက်သား အဲ့ဒီကျွန်းပေါ်မှာ ပိတ်မိနေကြပါတော့တယ်။ အဲ့ဒီအချိန်မှာ သူတို့အိမ်ကိုစစ်တပ်က လူတစ်ယောက်ရောက်လာခဲ့ပြီး အပြင်မှာ လေထဲကနေ ကူးစက်တဲ့ ကြောက်စရာဗိုင်းရပ်စ်တစ်ခု ကမ္ဘာအနှံ့ပြန့်နှံ့နေပြီးအိမ်ထဲမှာပဲ လေလုံအောင်အလုံ ပိတ်နေရမယ် လို့ ပြောခဲ့ပါတော့တယ်။ ဒီလိုနဲ့သူတို့နှစ်ယောက်လည်း နှစ်ယောက်တည်းပိတ်မိနေရာကနေ သုံးယောက်ဖြစ်သွားပြီး ကြောက်စရာကောင်းတဲ့ဗိုင်းရပ်စ်ကြီးကြားမှာ အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် ရုန်းကန်ကြိုးစားကြပုံတွေကို ကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.56GB / 584MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 30m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2011 89 mins
Retreat
The Silence of the Lambs
8.6

The Silence of the Lambs (1991) ဟာ Horror & Thriller အမျိုးအစားဖြစ်ပြီး ၁၉၉၂ ခုနှစ် အော်စကာဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု အပါအဝင် စုစုပေါင်း ဆု (၅)ခု ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ The Exorcist(1973) နဲ့ Jaw (1975) တို့နောက်ပိုင်း Horror Movie တွေထဲမှာ ရှားရှားပါးပါး အော်စကာဆုရခဲ့တဲ့ တတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ သောမတ်စ်ဟာရစ်ရဲ့ ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေထဲက လူသားစား မှုခင်းဆိုင်ရာ စိတ်ရောဂါကုဆရာဝန် စိတ္တဇလူသတ်သမားဖြစ်တဲ့ ဒေါက်တာ ဟန်နီဗယ်လက်တာ ဆိုတဲ့ ဇာတ်ကောင်ပေါ်မှာ အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒေါက်တာ Lacter ရဲ့ Character ဟာ အလွန်ပဲကျော်ကြားခဲ့ပြီး သူ့အကြောင်းကိုလည်း ရုပ်ရှင်တွေနဲ့ TV Serie တွေအများအပြားရိုက်ကူးခဲ့ကြပါတယ်။ အဲဒီရုပ်ရှင်တွေကတော့ Manhunter (1986)၊ The Silence of the Lambs (1991)၊ Hannibal (2001)၊ Red Dragon (2002) နဲ့ Hannibal Rising (2007) တို့ဖြစ်ပြီး Hannibal ဆိုတဲ့နာမည်နဲ့ပဲ TV Series တစ်ခုကိုလည်း ရိုက်ကူးခဲ့ကြပါတယ်။ Hannibal Lacter အဖြစ် သရုပ်ဆောင်ခဲ့သူများထဲမှ Anthony Hopkins ရဲ့ Hannibal ကို ၂၀၀၃ ခုနှစ်မှာ American Film Institute ကနေပြီး 1st Movie Villain အဖြစ်ရွေးချယ်ခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာ Entertainment Weekly ကလည်း 100 Greatest Characters of Last 20 years ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း Clarice Starling(Jodie Foster)ဟာ ထူးချွန်တဲ့ FBI အကယ်ဒမီရဲ့ကျောင်းသူတစ်ဦးဖြစ်ပြီး စိတ္တဇလူသတ်သမားတွေနဲ့ပါတ်သတ်ပြီး လိမ္မာပါးနပ်စွာ သုံးသပ်နိုင်သူလည်းဖြစ်ပါတယ်။ FBI ရဲ့ Behavioral Science Unit က Jack Crawford (Scott Glenn) က အမျိုးသမီးငယ်လေးတွေကို သတ်ပြီး အရေခွံခွါယူလေ့ရှိတဲ့ “Buffalo Bill” ဆိုတဲ့ နာမည်ပြောင်ရထားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ကို ဖမ်းဆီးဖို့ရာ စုံစမ်းစစ်ဆေးနေသူဖြစ်ပါတယ်။ တစ်နေ့မှာ Jack Crawford က Clarice Starling ကို ခေါ်ယူပြီး လူတွေကို သတ်ပြီးစားသောက်ခဲ့၍ ထောင်ဒဏ်တစ်သက်ကျခံနေရတဲ့ မှုခင်းဆိုင်ရာစိတ်ရောဂါကုဆရာဝန် လူသားစား စိတ္တဇဝေဒနာရှင် ဒေါက်တာ Hannibal Lacter(Anthony Hopkins) ဆိုသူကို အင်တာဗျူးလုပ်ပေးဖို့ စေခိုင်းပါတယ်။ Crawford က ဒေါက်တာ Lacter အနေနဲ့ “Buffalo Bill” ရဲ့လူသတ်မှုတွေနဲ့ပါတ်သတ်ပြီး အကူအညီပေးနိုင်မယ်လို့ ယုံကြည်မိတာကြောင့် လှပပြီးထက်မြက်တဲ့ Clarice ကို အသုံးချပြီး အကူအညီရဖို့စေခိုင်းခဲ့တာဖြစ်ပါတယ်။ ပါးနပ်ထက်မြက်တဲ့ Clarice နဲ့ အကင်းပါးပြီး ရက်စက်တတ်တဲ့ ဒေါက်တာ Lacter တို့ ဘယ်လိုအပေးအယူတွေနဲ့ ညှိနှိုင်းကြမလဲ??? “Buffalo Bill” ရဲ့ အမှုကိုရော ဘယ်လိုပုံစံမျိုးနဲ့ ဖော်ထုတ်မလဲ??? ဒေါက်တာ Lacter နဲ့ Clarice ရဲ့ကြားထဲမှာရော ဘယ်လိုအဖြစ်အပျက်တွေ ဖြစ်ပေါ်လာမလဲ??? ဆိုတာကတော့ CM ပရိသတ်ကြီးပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါခင်ဗျာ။

8.6 1991
The Silence of the Lambs
Perfect Hotel Manager
5.8

အခု တစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဘာသာပြန်တင်ဆက်ပေးမှာကတော့ ပုံမှန်ရုပ်ရှင်တွေနဲ့ မတူတဲ့ လူ့စိတ်ကို စမ်းသပ်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ယင်ရှန့်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကနေပြီး ကစားပွဲတစ်ခုကို လုပ်ခဲ့ပါတယ်။ ဒီကစားပွဲမှာ အနိုင်ရသူက ကျိုရှီဟိုတယ်ကို ပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်။ ကစားပွဲကို ပါဝင်ခွင့်ရသူက…… ကျိုးပင်းချန်- အသက် ၃၀ အိမ်ထောင်မရှိ၊ အတွင်းခံဆိုင်ပိုင်ရှင်၊ မိသားစုနဲ့ မိတ်ဆွေတွေက အိမ်ထောင်ပြုဖို့ တိုက်တွန်းနေကြပေမဲ့ အိမ်ထောင်ရေးအပေါ် အယုံအကြည်မရှိသူ…… ကျာထျန်းရှန်း – တက်ခ်စီကားဆရာ အသက် ၄၀၊ ဘဝမှာ ဖိအားအပြည့်နဲ့ အောင်မြင်မှုဆိုတာ မရှိဖူးဘူး။ မိသားစု ဆက်ဆံရေးကလည်း မကောင်းနေဘူး…… ကျာထျန်းကျင့် – ကျာထျန်းရှန်းရဲ့ ညီလေး ၊ အသက် ၃၁ နှစ်၊ ဘဏ္ဍာရေးကုမ္ပဏီတစ်ခုမှာ မန်နေဂျာရာထူးရထားသူ။ အောင်မြင်မှုတွေ အနာဂတ်ကောင်းတွေ ရှိနေပေမဲ့ စိတ်ညစ်စရာတွေလည်း ရှိနေသူ…… ဟူကျယ် – အသက် ၂၂ နှစ် တက္ကသိုလ်ဘွဲ့ရခါစ၊ လူမှုပတ်ဝန်းကျင်ထဲကို မရောက်ဖူးသေးဘူး၊ အခုတစ်လော ရည်းစားနဲ့ လမ်းခွဲထားရတဲ့အတွက် စိတ်ညစ်နေရသူ…… သူတို့ ၄ ယောက်က အလှည့်ကျ ဟိုတယ်ပိုင်ရှင်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အကောင်းဆုံးလူကို မဲပေးစနစ်နဲ့ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ ဟိုတယ်တစ်ခုလုံးကို ပိုင်ဆိုင်ခွင့်ရမှာ ဖြစ်တဲ့အတွက် လောဘရဲ့ လှုံ့ဆော်မှုကြောင့် လူတွေက ဘယ်လိုအကြံအစည်မျိုးတွေ ကြံစည်ကြမလဲ…… သူတို့ ၄ ယောက် ဒီ ၁၂ ရက်တာ အချိန်အတွင်းမှာ ဘယ်လို ဖြတ်သန်းကြမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.8 2024
Perfect Hotel Manager
Absolution
5.3

Absolution (2024) IMDb Rating (5.3) / Rotten Tomatoes (52%) Taken ကားနဲ့ အဖေခန်းတွေမှာ နာမည်ကြီးခဲ့တဲ့ မင်းသားကြီး လီယံနီဆင်ဟာ ဒီရုပ်ရှင်မှာတော့ အဘိုးဖြစ်လာပါပြီ။ အသက်ကြီးလာတဲ့ လက်ဝှေ့သမားဟောင်း ဂန်းစတားကြီးဟာ ကုလို့မရတဲ့ ဦးနှောက်ရောဂါတစ်ခုဖြစ်နေတာ သိပြီးတဲ့နောက်မှာ သူအကြာကြီး ပစ်ထားခဲ့တဲ့ သားသမီးတွေ မြေးတွေကို ပြန်ကူညီဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့မှတ်ဉာဏ်တွေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရင်းကပဲ သူ့မိသားစုအတွက် ကောင်းတာတစ်ခုခုလုပ်ပေးဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ သူ့လို ဂန်းစတားတစ်ယောက်အတွက် ကောင်းတာတစ်ခုလုပ်ဖို့ တတ်တဲ့ပညာကလည်း မကောင်းတာတွေပဲဖြစ်နေတော့ လူမိုက်တွေ၊ ဂန်းစတားတွေနဲ့အသက်လုပြီး သူ့သမီးနဲ့မြေးကို ကူညီဖို့ ကြိုးစားရပါတော့တယ်။ Action, Thriller အမျိုးအစားကိုမှ မိသားစုဒရာမာတွေနဲ့မို့ ကြည့်လို့ကောင်းပါလိမ့်မယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size…(3 GB) / (1.1 GB) / (700MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action. Crime, Drama, Thriller Duration….01:53:13 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mr. Anderson

5.3 2024 112 mins
Absolution
Faith of Angels
5.8

ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ် ယူတာပြည်နယ်က စွန့်ပစ်မိုင်းတွင်းထဲမှာပျောက်ဆုံးသွားတဲ့ ဆယ်နှစ် သားကလေး ဂျောရှူဝါဒန်းနစ်ကိုရှာဖွေကယ်ဆယ်တဲ့ အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတဘုရှ်ကိုယ်တိုင် ဒီဖြစ်ရပ်ကို ထူးခြား ဆန်းကြယ်တာဖြစ်တယ်ဆိုတဲ့သက်သေပဲ လို့ပြော လောက်တဲ့အထိ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဂျော့ရှ်တိုသားအဖက ကျောင်းကလူပျိုပေါက်တွေ မိုင်းတွင်းဖက်ကိုစခန်းချခရီးထွက်တဲ့ ခရီးစဉ်ကို လိုက်လာခဲ့ပါတယ်။ စူးစမ်းချင်စိတ်ပြင်းလွန်းတဲ့ ဆယ်နှစ်သားလေးကိုအဖေဖြစ်သူကတယ်ရီက အဖော်လိုက်ပေးခဲ့တာပါ။ ဒီလိုနဲ့ တောင်ပေါ်ရောက်တော့ အဖွဲ့ထဲကတစ်ချို့က မိုင်းတွင်းထဲကိုထွက်သွားပေမယ့် အဖွဲ့ထဲက လူငယ်တစ်ယောက်နဲ့ သူတို့သားအဖက တဲထိုးဖို့အတွက်ခဏနေခဲ့ပြီးနောက် ညနေပိုင်းလောက် အရောက်မှာ သုံးယောက်သားမိုင်းတွင်းဖက်ကို ထွက်လာကြပါတယ်။ မိုင်းတွင်းထဲကိုလည်းရောက်ရော ရှေ့ကအဖွဲ့ပြန်တွေ့ပါတယ်။ အဖွဲ့ထဲက ကိုင်လ်ဆိုတဲ့ လူငယ်တစ်ယောက်မိုင်းတွင်းထဲမှာ ဆက်မနေချင်တော့ တာနဲ့ တယ်ရီကစခန်းကိုပြန်ပို့ဖို့အကြောင်းဖန်လာ ပါတော့တယ်။ ဒါပေမယ့် ဂျော့ရှ်ကအဖွဲ့နဲ့ဆက်နေချင် တယ်လို့ပြောလို့ တယ်ရီကလည်း အဖွဲ့နားမှာပဲသေချာ ကပ်နေလို့ပြောပြီးထားခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့် သွားနေရင်းနဲ့ ဂျော့ရှ်ဟာလမ်းပျောက် သွားပြီးတစ်ယောက်တည်းကျန်ခဲ့ပါတယ်။ အဖွဲ့ကလည်းစခန်းကိုပြန်ရောက်တော့မှဂျော့ရှ်ပါ မလာတာသိတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ကလေးပျောက်ရှာဖွေရေးကိုစတင်ပါ တော့တယ်။ File size… (1.14 GB) / (646 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …..Biography , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Thriller • Mystery • TV Movie
5.8 2025 98 mins
Faith of Angels
Bila Esok Ibu Tiada
5.7

Bila Esok Ibu Tiada (2024) “တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ…” ဒီတစ်ခါ‌တော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။ ‘ခလုတ်ထိမှအမိတ’ ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ…။ ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။ တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။)

Thriller • Crime
5.7 2024 104 mins
Bila Esok Ibu Tiada