YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Obsesyon.2025.1080p.VMX.WEB-DL.HEVC (CM).mkv

2.09 GB N/A video/x-matroska 307 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Bodyguard
6.7

မင်းသားကြီး ကီဗင်ကော်စတာနဲ့ မင်းသမီး ဝစ်နေးဟော်စတန်တို့ရဲ့ ဒီဇာတ်ကားက WB ရဲ့ အမြတ်ကြမ်းခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်....Budget $25 million သာ ကုန်ကျခဲ့ပေမယ့် Box office မှာ $411 million ကျော်ပြန်ရခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရေချယ်မဲရွန်လိုခေါ်တဲ့ နာမည်ကျော် မင်းသမီး/အဆိုတော်မလေးဆီကို အသက်အန္တရာယ်ခြိမ်းခြောက်စာတွေ ခပ်စိတ်စိတ်ရောက်ရှိလာရာကနေ နိုင်ငံတော်သမ္မတအဆင့်ထိတာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဖရန့်ဖားမားဆိုတဲ့သက်တော်စောင့်တစ်ယောက်ကို ငှားရမ်းဖြစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထုံးစံအတိုင်း ရွှေမင်းသမီးနဲ့ကိုယ်ရံတော်တပ်မှူးလေးတို ဘယ်လိုဇာတ်လမ်းလေးတွေဆက်ဖြစ်ကြမလဲ။ သမ္မတထက်တောင် အန္တရာယ်ပတ်လည်ဝိုင်းနေတဲ့မင်းသမီးလေးကို ဖရန့်ဖားမားတစ်ယောက် ကာကွယ်ရင်းဘယ်လိုတွေဗျာများရမလဲ။ ဗီလိန်စစ်စစ်ကိုသူဘယ်လိုတွေရှာဖွေရမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ ဒီနေ့ခေတ်မှာ ပြန်ကြည့်ရင်တောင် မွဲပြာပုဆိုးဖြစ် မနေတာကြောင့် သူ့ခေတ်သူ့အခါမှာဆိုရင် ဘယ်လောက်အောင်မြင်ခဲ့မလဲဆိုတာမှန်းကြည့်လို့ရပါတယ်။ ဒိုင်ယာလော့ဂ်တွေအစ ဇာတ်ဝင်တေးတွေအဆုံး ခေတ်ဆန်မှုနဲ့ ဂန္တဝင်ဆန်မှုကို ပေါင်းစပ်ချပြထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်တဲ့အတွက် CM ပရိသတ်ကြီးအနေနဲ့ ကြည့်ရှုရကျိုးနပ်မယ့်ရုပ်ရှင်ဇာတ်ကားကောင်းတစ်ကားလိုပဲ ညွှန်းလိုက်ပါရစေ။ File size…(3.9 GB)/(1.2 GB) Quality…BluRay 1080p / 720p Format…mp4 Duration….02:09:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Htet Kyaw Myo

Comedy
6.7 1992 129 mins
The Bodyguard
Limit
4.7

Limit ဆိုတဲ့ Thriller အမျိုးအစား ကိုရီးယား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ ကလေးတွေကို ပြန်ပေးဆွဲမှုတွေကျူးလွန်နေတဲ့ ပြန်ပေးဂိုဏ်းတစ်ခုကို အသွင်ယူပြီး စုံစမ်းစစ်ဖို့ တာဝန်ပေးခံရတဲ့ ရဲမေ တစ်ယောက်အကြောင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတာပါ။ သူများကလေးတွေကို ကယ်တင်ပေးနိုင်ဖို့ ကြိုးစားနေရရာက သူ့ရဲ့ ကလေးကပါ ပြန်ပေးဆွဲခံလိုက်ရပါတယ်။ တစ်ဆက်တည်းမှာပဲ ပြန်ပေးသမားတွေက သာမန်ငွေညှစ်ရုံသက်သက်မဟုတ်ဘဲ ကလေးတွေရဲ့ ကိုယ်တွင်း အင်္ဂါတွေကို တရားမဝင်အရောင်းအဝယ်လုပ်ကိုင်နေတဲ့ ပြန်ပေးဂိုဏ်းဆိုတာ သိလိုက်ရတဲ့အခါ သူ ဘယ်လိုတွေ ဆက်လုပ်မလဲ? ကလေးတွေကို ကယ်တင်နိုင်ဖို့နဲ့ ပြန်ပေးဂိုဏ်းကို ဖမ်းဆီးနှိမ်နင်းနိုင်ဖို့ ရေကုန်ရေခမ်းကြိုးစားမဲ့ ရဲမေလေး ... နောက်ဆုံးရလဒ်က ဘာဖြစ်မလဲဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ ဆက်လက် ကြည့်ရှုလိုက်ရအောင်ပါ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Estel ပါ။) File Size          : 1.4GB, 533MB, 270MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 28mins Genre              : Crime, Mystery, Thriller Translated by Estel Encoded by Kinnov

Comedy • Drama • Music
4.7 2022 87 mins
Limit
Jogi
6.6

Netflix မှ Rating အကြမ်းစားနဲ့ အဆိုတော်၊ မင်းသားကြီး Diljit Dosanjh ရဲ့ ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ ဒီကားက ၁၉၈၀ ခုနှစ်ဒေလီမြို့မှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်မှန်သမိုင်းကြောင်းကိုအခြေခံရိုက်ကူးထားပြီး အကမပါ အိုဗာမပါ မိတ်ကပ်ခြယ်သမှုမပါဘဲ ရင်တစ်နင့်နင့်နဲ့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ထိုခေတ်ထိုအခါကအသက်ရှင်ကျန်ရစ်ခဲ့တဲ့လူတွေရဲ့ အင်တာဗျူးတွေမှာလည်း ကိုယ်စီကိုယ်စီ ရင်နင့်စရာဇာတ်လမ်းတွေကြောင့် အိ န္ဒိယသမိုင်းဝင်ဖြစ်ရပ်ကို Netflix မှ ပြန်လည်ပုံဖော်တင်ဆက်ထားခြင်းပဲဖြစ်ပါတယ် ----------- ဒေလီမြို့မှာ ငြိမ်းချမ်းတဲ့ဆစ်ခ်ဘာသာဝင်လူမျိုးတွေနေထိုင်တဲ့မြို့တစ်မြို့ရှိပါတယ် တွေ့သူတိုင်းနှုတ်ဆက်ပျုငှာတတ်ကြပြီး အုပ်စုဖွဲ့ဆော့ကစားတတ်ကြတဲ့ကလေးတွေကလည်း မြို့ရဲ့ဆည်းလည်းသံအလား သာယာနေတတ်ပါတယ် ဒီမြို့မှာဆို ဂျိုဂီက မသိသူမရှိ ဖော်ရွေတတ်သူကြီးပေါ့ အစ်မဖြစ်သူရဲ့သားလေး ပရက်ရဲ့မွေးနေ့ပွဲအတွက် တစ်အိမ်လုံးပြင်ဆင်စရာရှိတာပြင်ဆင် တစ်ရပ်ကွက်လုံးပတ်ဖိတ်ထားပြီး ညနေခြောက်နာရီမှာမွေးနေ့ပွဲကျင်းပဖို့ တာစူနေကြပါတယ် ခြောက်နာရီမတိုင်ခင်တော့ ကျောင်းတက်တဲ့လူကတက် |အလုပ်သွားတဲ့လူကသွားပေါ့ ဒါပေမယ့် အဲဒီနေ့မှာပဲ သူတို့ပျော်ရွှင်စရာတွေအဆုံးသတ်သွားမယ်ဆိုတာ ဘယ်သူမှမသိခဲ့ကြပါဘူး အကြောင်းကတော့ အိန္ဒိယနိုင်ငံရဲ့မိခင်အဖြစ်သတ်မှတ်ခံထားရတဲ့ ဝန်ကြီးချုပ်ကလုပ်ကြံခံလိုက်ရလို့ပါပဲ လုပ်ကြံတဲ့လူတွေကလည်း ဆစ်ခ်လူမျိုးနှစ်ယောက်ဆိုတော့ တစ်မြို့လုံးက ဆစ်ခ်လူမျိုးတွေအပေါ် အမုန်းတရားတွေစုပြုံပြီး မြင်သမျှသတ်ဖြတ် မီးရှို့ရင်း ပျော်ရွှင်စရာဒေလီမြို့လေးက မီးလောင်ပြင်တွေ အော်ဟစ်ငိုယိုသံတွေနဲ့တစ်မဟုတ်ချင်း ပြည့်နှက်သွားခဲ့ရပါတယ် ထုံးစံအတိုင်း နိုင်ငံရေးရဲ့နောက်ကွယ်မှာဖုံးကွယ်မှုတွေ ရှုပ်ထွေးမှုတွေရှိနေတတ်တော့ ရာနဲ့ချီပြီးပြေးပေါက်ပိတ်နေတဲ့ဆစ်ခ်လူမျိုးတွေကို လူမျိုးဘာသာမတူတဲ့ လူသုံးယောက်က ကယ်တင်သွားမယ့်ပုံတွေကို အသည်းတစ်ယားယားကြည့်ရှုရမှာပဲဖြစ်ပါတယ် သူတို့တွေလွတ်မြောက်သွားကြမှာလား အရင်လို ပျော်ရွှင်စရာဒေလီမြို့လေးကိုပြန်ရနိုင်မလား ဆိုတာတော့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ကြပါရှင် File size…1.8GB / 819MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Allena & Yunni

Action • Thriller
6.6 2022 116 mins
Jogi
Candy Land
5.3

Candy Land (2022) ============== “Candy Land” ဆိုလို့ ဇာတ်ကားက အချိုလေးတွေမပါ,ပါဘူး။ 18+ Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထုံးစံအတိုင်း 18+မို့ ဆယ့်ရှစ်ယောက်စုကြည့်ကြပါ။ ကလေးသူငယ်တွေကိုမပြပါနဲ့။ Candy Land ဆိုတာ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခုမှာ ကျက် စားနေတဲ့ sex worker ကောင်မလေးတစ်စုရဲ့ နာမည်ပြောင်ပါ။ ရပ်ထားတဲ့ထရပ်ကားတွေ၊ စားသောက်ဆိုင်အိမ်သာတွေနဲ့ သူတို့ရဲ့ အခန်းငယ်တွေက သူတို့ကျက်စားရာနယ်မြေတွေပါပဲ။ တစ်နေ့တော့ ရယ်မ်မီဆိုတဲ့ အင်နိုးစန့်ကောင်မလေးက သူတို့အဖွဲ့နဲ့ အကြောင်းပါလာပါတော့တယ်။ အဲ့အချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ယာဉ်ရပ်နားစခန်းအိမ်သာထဲ လူသတ်မှုဖြစ်သွားခဲ့တာပေါ့။ အဲ့နောက် လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပြီး ဆယ့်ရှစ်ယောက်စုကြည့်ရမယ့် အခန်းတွေရော၊ သွေးသံရဲရဲအခန်းတွေရော စုံလို့လာပါတော့တယ်။ လူသတ်မှုနောက်ကွယ်ကအကြောင်းအရင်းတွေ၊ လူသတ်ပုံသတ်နည်း တွေကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Ngwe Zin, Fiona Gillen ဖြစ်ပါတယ်) File Size……….(2.14 GB) / (578 MB) / (332 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 33mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Thriller Translator…….Ngwe Zin, Fiona Gillen Encoder……….SWM

5.3 2022
Candy Land
Taximetristi
7.1

IMDb – 7.1/10 သမရိုးကျ ရိုမေးနီးယားရုပ်ရှင်တွေနဲ့မတူပဲကွဲထွက်နေတဲ့ 2023 ထွက် ရိုမေးနီးယားရုပ်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဗူးခရက်မြို့မှာ တက္ကစီမောင်းနေတဲ့ ဒရိုင်ဘာသူငယ်ချင်းနှစ်ယောက်ကိုအခြေတည်ထားတာဖြစ်ပြီး၊ သူတို့တက္ကစီမောင်းတဲ့ ညလေးတညမှာဖြစ်ပျက်ခဲ့တာတွေကို သဘာဝကျကျရိုက်ပြထားတာပါ။ တစ်ညထဲမှာသူတို့ကြုံ တွေ့ခဲ့ရတဲ့ လူတွေရဲ့ အတွေးအမြင်နဲ့အပြုအမူ တွေအပြင်သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘဝမှာ ရုန်းကန်နေရပုံတွေနဲ့ လမ်းမပေါ်မှာတင် ပါးစပ်သွားဖွာမိတဲ့ အမျိုးသမီးက လူမိုက်ခေါင်းဆောင်ရဲ့ အမျိုးသမီးဖြစ်နေပြီး ပြဿနာတက်ရပုံတွေနဲ့ တစ်ညထဲမှာတင်သူတို့ဘဝ အကောင်း၊ အဆိုး ပြောင်းလဲသွားရပုံတွေကို တကယ့်လူမှုဘဝမှာကြုံတွေ့နေရတဲ့အဖြစ်အပျက်တွေအတိုင်း ရိုက်ပြထားတဲ့ ရိုမေးနီးယားဇာတ်ကားကောင်းလေးတကားဖြစ်တာမလို့ ကြည့်ရှုလိုက်ကြပါဦးဗျ။ Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Comedy • Drama • Romance
7.1 2023
Taximetristi
In the Land of Saints and Sinners
6.4

အငြိမ်းစားစစ်သား ကြေးစားလူသတ်သမားကြီးအဖြစ် လီယံနီဆန် သရုပ်ဆောင်ထားတဲ့ အိုင်ယာလန်ရုပ်ရှင်သစ်ထွက်လာပါပြီ။ ဒီရုပ်ရှင်ဟာ အိုင်ယာလန်တော်လှန်ရေးနဲ့ ပြည်တွင်းစစ်အပြီးကာလကို အခြေခံထားတာမို့ အိုင်ယာလန်သမိုင်းကို နည်းနည်းသိထားရင် ကြည့်ရအဆင်ပြေမှာပါ။ လက်ရှိရုပ်ရှင်ကတော့ ၁၉၇၂ နောက်ပိုင်းဖြစ်လို့ ဗုံးခွဲတဲ့သူတွေက Provisional IRA ပဲ ဖြစ်ပါတယ်။ သမိုင်းအကျဉ်း အိုင်ယာလန်ဟာ ၁၂ ရာစု အန်ဂလို-နော်မန် ကျူးကျော်စစ်အပြီးမှာ ယူကေ ခေါ် ဂရိတ်ဗြိတိန် လက်အောက်ကို ကျရောက်ခဲ့ပါတယ်။ ၁၉၁၉ မှာတော့ အိုင်ယာလန် ရီပက်လစ်ကန် အာမီ (IRA) ကိုဖွဲ့စည်းပြီး အိုင်ယာလန်လွတ်မြောက်ရေးအတွက် ဗြိတိသျှတပ်တွေကို တိုက်ခိုက်ခဲပါတယ်။ တိုက်ပွဲက နှစ်နှစ်လောက်ပဲကြာခဲ့ပေမဲ့ အိုင်ယာလန်ပြောက်ကြားတွေ စစ်ရေးအရေးသာလာတာကြောင့် အန်ဂလို-အိုင်းရစ် သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီမူရင်း IRA ကို မူလလက်ဟောင်း Old IRA လို့ခေါ်ပါတယ်။ အဲဒီစာချုပ်အရ ၂၆ ပြည်နယ်နဲ့ လွတ်လပ်သော အိုင်ယာလန်ကို တည်ထောင်နိုင်ခဲ့ပေမဲ့ အိုင်ယာလန်မြောက်ပိုင်းကတော့ UK လက်အောက်မှာပဲ ဆက်တည်ရှိနေပါတယ်။ ဒါကိုသဘောတူလိုက်တဲ့အချက်ကလည်း အိုင်ယာလန်မြောက်ပိုင်း ပရိုတက်စတင့်နဲ့ အခြားပြည်နယ်တွေက ကတ်သလစ်ဘာသာဝင်တွေကို အတူစည်းရုံးလို့မရမဲ့အတူတူဆိုပြီး သဘောတူလိုက်တာများပါတယ်။ ဒီစာချုပ်ကြောင့် IRA နှစ်ခြမ်းကွဲသွားခဲ့ပြီး စာချုပ်ကိုသဘောတူတဲ့ IRA နဲ့ သဘောမတူတဲ့ IRA ဆိုပြီး အချင်းချင်းထချကြလို့ အိုင်ယာလန်ပြည်တွင်းစစ် ၁၉၂၂ မှာဖြစ်သွားပါတော့တယ်။ အိုင်ယာလန်အကွဲအပြဲတွေကို သရော်တဲ့အနေနဲ့အလကားနေရန်ထဖြစ်တဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းကို ရိုက်ထားတဲ့ The Banshees of Inisherin ကိုလည်း ချန်နယ်မြန်မာမှာ တင်ပေးထားပါသေးတယ်။ ပြည်တွင်းစစ်မှာ စာချုပ်သဘောတူတဲ့အဖွဲ့က အစိုးရတပ်ဖွဲ့ Provisional Government of Irelandဖြစ်လာပြီး မတူတဲ့အဖွဲ့က anti-Treaty Irish Republican Army ဖြစ်လာခဲ့ပါတယ်။ စာချုပ်ဆန့်ကျင်ရေး IRA ၁၉၂၃ စစ်ရှုံးသွားခဲ့ပေမဲ့ လက်နက်မချဘဲ ၁၉၆၉ အထိ ဆက်လက်တည်ရှိခဲ့ပါတယ်။ ဒီဆန့်ကျင့်ရေးအဖွဲ့ကို အင်္ဂလန်ဗုံးခွဲမှုတွေနဲ့ ၁၉၃၁ မှာ တရားမဝင်အဖွဲ့အစည်းကြေညာခံခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာတော့ ဗြိတိန်ကိုတိုက်ချင်ဇောနဲ့ ဟစ်တလာဆီက အကူအညီတောင်းခံခဲ့လို့ IRA ခေါင်းဆောင် ၅ ယောက်ကြိုးပေးခံခဲ့ရပါတယ်။ ၁၉၆၉ မှာကျတော့ အဲဒီ ဆန့်ကျင်ရေး IRA က ထပ်ပြီး ကွဲသွားပါတယ်။ ရိုမန်ကတ်သလစ်၊ ပရိုတက်စ်တန့်ဘာသာအရေးအခင်းကြောင့်ပါပဲ။ ဆန့်ကျင်ရေး IRA ကိုမှ Official IRA နဲ့ Provisional IRA ဆိုပြီးကွဲသွားတာပါ။ Official IRA က နိုင်ငံရေးလိုင်းကနေ အိုင်ယာလန်ကို ပေါင်းစည်းဖို့ကြိုးစားပြီး Provs IRA ကတော့ အကြမ်းဖက်လိုင်းဖြစ်သွားပါတယ်။ IRA ဗုံးခွဲတဲ့ကိစ္စနဲ့ပတ်သတ်တဲ့ဇာတ်ကားကိုတောင် The Foreigner ဆိုပြီး ဂျက်ကီချန်းနဲ့ရိုက်ထားတာရှိပါတယ်။ ဒီလက်နက်ကိုင် Prov IRA ဟာ ၂၀၀၅ မှာမှ စစ်ရေးဆန့်ကျင်မှုတွေကနေ နိုင်ငံရေးအဖြစ် ပြောင်းလဲဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ စစ်ပြန်ကြီး ဖင်းဘားဟာ မိန်းမဖြစ်သူသေဆုံးသွားပြီးနောက်ပိုင်း ကြေးစားလူသတ်သမားအလုပ်နဲ့အသက်မွေးပါတယ်။ ဒီလိုနဲ့အသိဝင်လာပြီးအနားယူတော့မဲ့အချိန်မှာမှ IRAဖောက်ခွဲရေးသမား ဝရမ်းပြေးတစ်ယောက်က သူ့ရွာမှာ လာပုန်းနေရင် ကလေးမလေးတစ်ယောက်ကို နှိပ်စက်နေတာတွေလို့ သတ်လိုက်မိပါတယ်။ အဲဒီ IRA ရဲ့ အပေါင်းအပါတွေကို လက်စားချေဖို့ လိုက်ရှာတာကို ပြန်ရင်ဆိုင်ရတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ သူတော်စင်တွေနဲ့အပြစ်သားတွေရဲ့မြေဆိုတာက အများအားဖြင့် ဘာသာရေးကိုင်းရှိုင်းပြီး ညစ်ညမ်းတဲ့အပျော်အပါးတွေပေါတဲ့ မြို့တွေကို တင်စားခေါ်ကြတာများပါတယ်။ ဒီရုပ်ရှင်မှာတော့ နှလုံးလှတဲ့လူသတ်သမားရဲ့ ဝိရောဓိကိုလည်း တင်စားတာ ဖြစ်နိုင်ပါတယ်။ ကောင်းဘွိုင်ဆန်ဆန် ရွာလေးထဲကလူနည်းစု တိုက်ပွဲတွေကလည်း အရသာတစ်မျိုးမို့ ကြည့်လိုက်ကြပါဦး။ File size… 1.40GB / 625MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.4 2023
In the Land of Saints and Sinners
Toby
8

Toby (2023) “တုနှိုင်းမဲ့မေတ္တာ” IMDb – 8.1/10 ဟာသကားတွေမှာမြင်ရလေ့ရှိတဲ့ ရာ့ဂျ်ဘီရှက်တီကို လူမိုက်ကြီးတစ်ယောက်အနေနဲ့ တွေ့မြင်ရမဲ့ ကန်နေဒါရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်ဘီရှက်တီဆိုတာ ခွေးလေးတစ်ကောင်အနေနဲ့ အကယ်ဒမီရသွားတဲ့ရုပ်ရှင်ထဲမှာ ဒေါက်တာနေရာက သရုပ်ဆောင်ခဲ့တဲ့သူ။ အခုဒီရုပ်ရှင်က ရုံတင်ပြသပြီးတဲ့နောက်မှာပဲ ဝေဖန်ရေးသမားတွေရဲ့ အကြိုက်တွေ့ခဲ့သလို ပရိသတ်တွေကြားမှာလည်း အတော်လေးပြောစမှတ်တွင်သွားခဲ့ပါတယ်။ တိုဘီဆိုတာ အနေအေးတဲ့လူကြီးဖြစ်နေပေမဲ့ ကျေးရွာဥက္ကဌက သူ့ရဲ့မှောင်ခိုလုပ်ငန်းတွေနဲ့ပတ်သက်ပြီး လူသတ်စရာရှိလာရင် ရံဖန်ရံခါ ငှားရမ်းသတ်ဖြတ်ခိုင်းလေ့ရှိတဲ့ ကြေးစားလူသတ်သမားကြီးလည်း ဖြစ်နေပြန်ရော။ သမီးလေးတစ်ယောက်ရှိပြီး ပတ်ဝန်းကျင်ကြမ်းတော့ စရိုက်ခပ်ကြမ်းကြမ်းနဲ့ ကမ်းခြေမှာအသားငါးလုပ်ငန်းလုပ်ရပါတယ်။ အဖေဖြစ်သူကို ထောင်ကနေသွားသွားခေါ်နေရတော့ စိတ်အချဉ်ပေါက်ပြီး ဖခင်တိုဘီကို လူသတ်မှုကျူးလွန်စေသူ ရွာသူကြီးဆီသွားပြီး ပွဲကြမ်းပါတော့တယ်။ အဲဒီကနေစလို့ ပြဿနာတွေကမပြီးဘဲ ဂျန်နီရဲ့ခင်ပွန်းဖြစ်သူက ရွာလူကြီးရဲ့မှောင်ခိုလုပ်ငန်းတွေမှာ အနှောင့်အယှက်အဖြစ်နဲ့ ရွာလူကြီးက မြင်လာတဲ့အခါမှာတော့။ ရွာလူကြီးခိုင်းတာလုပ်ပြီး ခပ်အေးအေးနေတဲ့အရက်သမားကြီး တိုဘီတစ်ယောက် သမီးဖြစ်သူရဲ့အသက်အန္တရာယ်ထိပါ ထိပါးလာချိန်မှာတော့ ရွာလူကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ ဖခင်တစ်ယောက်ရဲ့မေတ္တာဖွဲ့လား…လူမိုက်တယောက်ရဲ့သွားရာလမ်းလား…ဆိုတာတော့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Toby
Firehouse Dog
5.5

ဒီတစ်ခါတော့ ခွေးချစ်တတ်သူလေးတွေအကြိုက်တွေ့စေမယ့် မီးသတ်ခွေးလေး ဒူဝီအကြောင်းကို မြိုင်မြိုင်ဆိုင်ဆိုင်လေး ကြည့်ရှုရမယ့်ကားလေးပါပဲ….။ ဇာတ်လမ်းဇာတ်အိမ်လေးက ရိုးရိုးလေးနဲ့ ခွေးလေးဒူဝီရဲ့ ပါးနပ်မှု သွက်လက်မှုတွေကို သဘောကျမြင်တွေ့ရဦးမှာပါ။ ဇာတ်လမ်းထဲမှာဆိုရင် မီးသတ်ခွေးမဖြစ်ခင်က ခွေးလေးဒူဝီဟာ ဟောလိဝုဒ် ရုပ်ရှပ်ရှင်လောကမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ စူပါစတားခွေးလေးပေါ့…။ သူ့ရဲ့အောင်မြင်လွန်းတဲ့ရုပ်ရှင်တွေကိုပြောပါဆိုရင် “Jurassic Bark” (ဂျူရက်စစ်ဟောင်သံ)တို့”The Fast & The Furriest” (လျှင်မြန်သူ ခွေးစုတ်ဖွား)တို့ပါတဲ့…။ ဒီလို နာမည်ကျော် ဟောလိဝုဒ်စတားခွေးလေးဟာ တစ်ရက်မှာတော့ ကံကြမ္မာဆိုးဝင်ပြီး ခွေးလေခွေးလွင့်ဘဝကိုရောက်ခဲ့ရပါတော့တယ်။ သေကံမရောက်လို့ မီးသတ်တပ်ဖွဲ့တစ်ခုက ကယ်ဆယ်မွေးစားခံရပြီးနောက် လူတွေကို ကူညီရင်းပဲ မီးသတ်ခွေးလေးဖြစ်လာခဲ့တယ်ပေါ့။ ခွေးလေးဒူဝီရဲ့ ဆန်းကြယ်လှတဲ့ ကံကြမ္မာအနိမ့်အမြင့် အဖုံဖုံကို လိုက်ပါစီးမျှောခံစားကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်ဗျာ….။ File size…2.57 GB/1.35 GB Quality…WEB-Rip 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre …..Action , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2007
Firehouse Dog
Island Hunter
5.8

ဒီတခါတင်ဆက်ပေးလိုက်တဲ့ဇာတ်လမ်းလေးကတော့ ကျွန်းတစ်ကျွန်းမှာဖြစ်ပွားခဲ့တဲ့ ထူးဆန်းတဲ့အဖြစ်ပျက်ကြောင့် မင်းသားဖြစ်သူ ဝမ်ခဲနှင့် မင်းသမီးဖြစ်သူ ရှောင်းယတို့ရဲ့ အန္တရာယ်ကြားထဲက အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဝမ်ခဲ နှင့် ရှောင်းယတို့က သူငယ်ချင်းဘဝမှာ ခရီးထွက်ရင်းကြယ်ကြွေတာကိုမြင်ပြီး ကျွန်းတစ်ကျွန်းပေါ် ဥက္ကာခဲကြွေကျခဲ့တာကိုမြင်ခဲ့ကြတဲ့အခါ ကျွန်းပေါ် ဥက္ကာခဲလိုက်ရှာကြမယ်ဆိုပြီးတော့ ထူးဆန်းတဲ့ကျွန်းပေါ်သို့ရောက်ရှိခဲ့တာပဲဖြစ်ပါတယ် ကျွန်းပတ်ဝန်းကျင်မှာနေထိုင်တဲ့လူတွေမှာတော့ ရှေးပုံပြင်တစ်ခုရှိကြတာပေါ့ ပုံပြင်အရဆိုရင် ဟိုးရှေးရှေးက ကျွန်း‌ပေါ်မှာလူတွေနေထိုင်ခဲ့‌ကြပြီး အဲ့ဒီလူတွေထဲက အမဲလိုက်မုဆိုးတစ်ယောက်က မြွေတစ်ကောင်ကိုဖမ်းမိခဲ့ရာကနေပြီးတော့ စတင်ပြီး သူတို့နေတဲ့ကျွန်းဟာ စွန့်ပစ်ကျွန်းအဖြစ်ဒုက္ခရောက်သွားတဲ့ပုံပြင်လေးဖြစ်ပါတယ် လူတွေပြောနေကျ ပုံပြင်ထဲကအတိုင်း တကယ်ပဲစွန့်ပစ်ကျွန်းကြီးဖြစ်နေမလား ကျွန်းပေါ်မှာဘယ်လိုအန္တရာယ်တွေရှိနေမလဲ ဝမ်ခဲနှင့်ရှောင်းယတို့ ကျွန်းပေါ်မှာပဲဘယ်လိုတွေဖြတ်သန်းကြမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်

5.8 2024
Island Hunter
Brother’s Keeper
7.3

တူရကီ နိုင်ငံရဲ့ အရှေ့ဘက်အစွန် ဆီနှင်းတွေထူထပ်နေတဲ့နေရာမှာ အထီးကျန်စွာတည်ရှိနေတဲ့ ယောက်ျား‌လေးဘော်ဒါကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို အငြိမ်လေး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေကြားက အေးစက်ပြီး ဗျုရိုကရေစီဆန်တဲ့ ဆက်ဆံရေးကို ရိုက်ပြထားပြီး ဇာတ်လမ်းတစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားရ‌စေမှာပါ။ ဒါရိုက်တာ Ferit Karahan က သူ့ရဲ့ မသာယာတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရိုက်ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ မယ်မတ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ သေလုမျောပါးနေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း ယူဆုဖ်က သူ့ကိုပြုစုစောင့်ရှောက်ရင်းနဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေကိုအသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတဲ့အခါ ကလေးဟာ အပြစ်ပေးခံရလို့ ဒီလိုဖြစ်သွားတာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ ဘာလို့ အပြစ်ပေးခံရတာလဲ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူလဲ၊ ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca

Comedy • Science Fiction
7.3 2021
Brother’s Keeper
Do Not Expect Too Much from the End of the World

ထူးခြားဆန်းပြားတဲ့ ရိုမေးနီးယား ရုပ်ရှင်လေးတစ်ကား တင်ဆက်ပေးပါရစေဗျ။ အန်ဂျလာဆိုတဲ့ ကောင်မလေးက ကော်ပိုရေးရှင်းတစ်ခုမှာ ဗီဒီယိုထုတ်လုပ်ရေးလက်ထောက်အဖြစ် လုပ်ကိုင်ပါတယ်။ လစာနည်းနည်း၊ အလုပ်ချိန်များများနဲ့… ဟိုဟာအခိုင်းခံရ ဒီဟာအခိုင်းခံရ၊ ဟိုလူ့ညှိရ ဒီလူ့ညှိရနဲ့ အတော်တိုင်ပတ်တဲ့အလုပ်ပါ။ လူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရင် ယဥ်ကျေးပျူငှာတယ်ဆိုပေမဲ့ အလုပ်လုပ်ရင်း ပင်ပန်းလာရင် အင်စတာဂရမ်လေးဖွင့်ပြီး ယောကျာ်းပုံစံ နှုတ်ခမ်းမွှေး filterတွေထည့်၊ ရိုင်းရိုင်းစိုင်းစိုင်း ဟာသတွေပြော ပျစ်နှစ်နေအောင်ဆဲပြီး သူ့ဘာသာ ပျော်အောင်နေရရှာတယ်။ ဒီဇာတ်ကားမှာ အဓိကကတော့ လုပ်ငန်းခွင်မှာ ဒဏ်ရာရလို့ ဒုက္ခိတဖြစ်သွားတဲ့ လူတွေကို “လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးရုပ်ရှင်” ဆိုပြီး လူလိုက်ရှာပြီး ရုပ်ရှင်ရိုက်ဖို့ စီစဥ်ကြတာပါ။ ဥရောပအဆင်းရဲဆုံး ရိုမေးနီယားနိုင်ငံရဲ့ အခြေအနေတွေလည်း အရိပ်အမြွက်ပြထားပြီး အန်ဂျလာ ပြောတဲ့စကားလုံးတွေက ရယ်ရပေမဲ့ အရိုင်းဆန်ပြီး အဖော်အချွတ်တွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.5 GB)/(1.9 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:44:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 2023
Do Not Expect Too Much from the End of the World
Signed, Sealed, Delivered: A Tale of Three Letters

Signed, Sealed, Delivered: A Tale of Three Letters (2024) IMDb (7.2/10) ဒီနေ့ခေတ်ကြီးမှာ မင်းသားကဗီလိန်ကို အနိုင်ယူတဲ့ဇာတ်လမ်းတွေ ဗီလိန်အသားပေးဇာတ်လမ်းတွေ နိုလန်ရဲ့ကားတွေလို ကြည့်တဲ့သူခေါင်းစားတဲ့ကားတွေ စသဖြင့် ရုပ်ရှင်အမျိုးအစားပေါင်းစုံက ကြည့်ရှုသူပရိသတ်အစုံအတွက် ရသစုံစွာတင်ဆက်ပေးလျှက် ရှိနေတာပါပဲ…. အခုဒီဇာတ်ကားသစ်လေးကတော့ ဇာတ်လမ်းလဲမရှုပ်ပါဘူး နာမည်ကြီးတဲ့သရုပ်ဆောင်တွေ ဒါရိုက်တာတွေမပါပါဘူး ထူးခြားဆန်းပြားရိုက်ချက်တွေ ရိုက်ကွင်းနေရာတွေလည်း မပါပါဘူး… အဲ့ဒါဆို ဘာကိုကြည့်ရမှာလဲလို့ မေးလာရင်တော့ ကျွန်တော်တို့ဘဝမှာ မထိတွေ့ခဲ့ရတာကြာခဲ့တဲ့ ပျောက်ဆုံးလုနီးပါး ဖြစ်နေတဲ့ ရိုးရှင်းတဲ့ကြည်နူးစရာ family movie လေးပဲ ဖြစ်ပါတယ် ရိုးရှင်းတယ် ရင်ထဲထိတယ်ပေါ့ဗျာ မိသားစုနဲ့တူတူကြည့်လို့ရမယ် ကောင်မလေးနဲ့နှစ်ယောက်တည်း movie date လို့ ရအောင်လည်း ရိုမန့်ဆန်တယ် အဲ့တော့ ဇာတ်လမ်းလေးက ရိုးရှင်းပေမယ့် နဲနဲတော့တမျိုးဆန်းပါတယ် လွန်ခဲ့တဲ့ ၇ နှစ်က ပျက်စီးသွားတဲ့စာတိုက်ပုံးတစ်ခုထဲက ပြန်ဆယ်လို့ရသမျှ စာလေးတွေကို သက်ဆိုင်ရာပိုင်ရှင်တွေဆီ ပြန်ပို့ဖို့ကြိုးစားကြရင်း စာသုံးစောင် ဇာတ်လမ်းသုံးခုနဲ့ စာတိုက်မှူးစုံတွဲတို့အပါ ရိုးရှင်းလှပတဲ့ဘဝဇာတ်လမ်းလေးတွေကို စိတ်အပန်းပြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါရစေ အညွှန်းနဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Crime, Drama, Mystery Quality…. 1080p WEB-DL | 720p WEB-DL File size… 1GB | 507MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

0 2024
Signed, Sealed, Delivered: A Tale of Three Letters
Sumala
5.8

Sumala (2024) IMDb Rating (5.8) ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။ အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။ သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။ အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။ အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ? ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့သလဲအစရှိတာတွေကိုရှုစားရမယ့် ဇာတ်ကားဖြစ်ပါတယ်။ (အလွန်ရက်စက်ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းတွေပါဝင်တဲ့အတွက်ကြည့်ရဲမှကြည့်ပါ။) (အညွှန်းနဲ့ဘာသာပြန်ကတော့v Alias ဖြစ်ပါတယ်။) File size…(2.3 GB) / (990 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:54:01 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Romance • TV Movie
5.8 2024 113 mins
Sumala
Test
5

Test (2025) “ဘ၀လက်ရည်စမ်းပွဲ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့…။ ‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။ သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။)

Thriller • Drama
5 2025 146 mins
Test