YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Obsession.S01E03.Episode.3.720p.(CM).mp4

317.01 MB N/A video/mp4 962 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sabotage
5.6

မင်းသားကြီးအာနိုးခေါင်းဆောင် အဖြစ်ပါဝင်ထားပြီး အရန်အဖြစ်လဲ avatar မင်းသား Sam Worthington အပါအဝင် အရန်အင်အားတောင့်တောင့်နဲ့ အက်ရှင်ဇာတ်ကားလေးပါ မူးယစ်တိုက်ဖျက်ရေး အထူးတပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဘရစ်ချာနဲ့ အဖွဲ့ဟာ မူးယစ်ဂိုဏ်းတခုရဲ့ စခန်းကို ဝင်ရောက်စီးနင်းရင်း ဖမ်းဆီးမိတဲ့ ငွေပုံကြီးထဲကနေ ဒေါ်လာ ဆယ်သန်းကို ခိုးယူပြီးဖွက်ထားခဲ့ကြတယ် လူဆိုးတွေနဲ့ တိုက်ခိုက်အပြီး ငွေတွေပြန်သွားရှာရာမှာ ဒေါ်လာဆယ်သန်း ပျောက်ချင်းမလှပျောက်သွားတဲ့အပြင် တဖွဲ့လုံး ခိုးမှုနဲ့ အစစ်ခံရတော့ပါတယ် ခြောက်လကြာစစ်ဆေးပြီး မသင်္ကာစရာ မတွေ့၍ပြန်လည် တာဝန်ထမ်းဆောင်ကြရင်း အဖွဲ့ဝင်တွေ တယောက်ပြီးတယောက် ရက်ရက်စက်စက်အသတ်ခံရပါတော့တယ် စစ်ဆေးရေးမှုးမလေးနဲ့ပူးပေါင်းပြီး တရားခံရှာကြရင်း သံသယရှိတဲ့ သူတွေ တွေ့လာရသလို အဖွဲ့ထဲမှာလဲ တယောက်ပြီးတယောက် သေ‌နေတဲ့အတွက် ပြဿနာတွေတက်လာသည့်အပြင် ဘရစ်ချာရဲ့ ဇနီးအသတ်ခံရတဲ့ အတိတ်တွေအပါအဝင် ပြဿနာပေါင်းစုံထဲကနေ လူသတ်သမားကို ဘယ်လိုရှာကြမလဲ ဆိုတာကို ရှုစားရမှာဖြစ်ပါတယ် File size…   2.5 GB /  1.1 GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 49m Genre .....  Action , Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu

Drama
5.6 2014 110 mins
Sabotage
I’ll Be Watching

သင့်ကို လူတစ်ယောက်ကအမြဲစောင့်ကြည့်နေတယ်လို့ တွေးမိကြဖူးလား??? အဲ့လိုသာဆို တကယ်ကျောချမ်းစရာကြီးပါ။ အဲ့လိုလူတွေကို လိုက်ချောင်းတတ်တဲ့ကောင်လေး ဇူဇူတောင် လျော်ကြေးတွေတော်တော်ပေးလိုက်ရပါသေးတယ်။ ကျွန်တော်တို့ မဖတ်ဘဲ ကျော်ကျော်သွားတဲ့ Privacy and Terms တွေလိုပေါ့ ဟိုက ကိုယ့်ရဲ့ Gallery Contacts Folder ကိုဝင်ခွင့်ရသွားတာမျိုးပေါ့။ ခုနောက်ပိုင်း AI တွေကလဲပိုဆိုးလာကြပါပြီ> တွေးတောဆင်ဉာဏ်ကိုပါ လုပ်ဆောင်နိုင်ဖို့ နီးစပ်လာနေပါပြီ။ အီလွန်မက်ကြီးပြောသလိုပေါ့ AI တွေက Nuke တွေထက်ပိုကြောက်ဖို့ကောင်းတယ်ဆိုတာလေ။ ခုလဲ ၂၀၂၃ ထွက် Thriller အမျိုးအစား I'll be Watching ဆိုတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်းလေးကတော့ မားကပ်စ်နဲ့ ဂျုလီဆိုတဲ့ လင်မယားစုံတွဲ တစ်တွဲရှိပါတယ်။ ယောကျာ်းကတော့ အိုင်တီပညာရှင်ပေါ့ မိန်းမက နာမည်ကြီးပန်းချီဆရာမ သူတို့ဘဝကြီးက အရာရာအေးချမ်းနေခဲ့တာ။ တစ်နေ့ သူ့တို့အိမ်ထဲ ဖောက်ဝင်လာသူက သူ့အစ်မကို သတ်သွားရာကလေ Truama တွေရပြီး မြို့နဲ့ဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်ကို ပြောင်းသွားကြပါတယ်။ သူ့မိန်းမကို စိတ်မချလို့ဆိုပြီး ယောကျာ်းဖြစ်သူက သူကိုယ်တိုင်ထွင်ထားတဲ့ AI နဲ့ အိမ်ရဲ့လုံခြုံရေးစနစ်တွေကို သေချာအောင်လုပ်ထားတာပေါ့။ ဒါပေမဲ့ အိမ်ကိုဖောက်ဝင်လာသူကလဲ မြင့်လှပါတဲ့ လုံခြုံရေးစနစ်ကို ကျော်ပြီး ဝင်လာပါတယ်။ ဒီအိမ်ဖောက်တဲ့သူက ဘယ်သူလဲ ဘာအတွက်လဲ ဘာကြောင့်လဲ။ သူ ဘယ်လို လုံခြုံရေးစနစ် ကိုကျော်ဝင်လာလဲဆိုတာ မထင်မှတ်ထားတဲ့ ဇာတ်ကွက် မြုပ်ကွက်တွေနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Sci-fi. Thriller Quality…. 1080p | 720p | 480p File size… 1.1GB | 518MB | 263MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Drama
0 2023 90 mins
I’ll Be Watching
Crater
6.7

တော်တော်ကြည့်ကောင်းတဲ့ ချစ်ဖို့ကောင်းတဲ့သူငယ်ချင်းတွေ ချစ်ဖို့ကောင်းတဲ့စိတ်ကလေးတွေနဲ့ ကလေးကားလေးပါ။ ကလေးတွေကို ပြသင့်သလို ကလေးစိတ်မကုန်သေးတဲ့ ကျွန်တော်တို့လို လူတွေလည်း ကြည့်သင့်ပါတယ်။ ကားကိုက Coming-of-Age, Sci-Fi, Adventure အမျိုးအစားဆိုတော့ ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်မလဲတော့ တွေးကြည့်လို့ရပါတယ်။ ဒါပေမဲ့လည်း ပေါတောမသွားဘဲ မျှော်လင့်ချက်တွေ ချစ်ခြင်းတွေနဲ့ လှနေတဲ့ ရုပ်ရှင်လေးပါပဲ။ ပြောရရင် ဒီရုပ်ရှင်မှာ နေရာကြီး၃ခုရှိတယ်။ လကမ္ဘာပေါ်ရယ် ကမ္ဘာရယ် အိုမီဂါလို့ခေါ်တဲ့ နိဗ္ဗာန်လိုနေရာသစ်တစ်ခုရယ်ပေါ့။ အဓိကဇာတ်ကောင်တွေက လကမ္ဘာပေါ်နေကြတာ။ လကမ္ဘာပေါ်မှာက ဥက္ကာပျံမိုးတွေရွာရွာနေတတ်ပြီး အန္တရာယ်ကြီးလို့ အမိုးခုံးလို့ ခေါ်တဲ့ အကာအကွယ်နေရာကြီးအောက်မှာ နေကြတယ်ပေါ့။ လပေါ်က အခြေခံလူတန်းစား လူအများစုက မိုင်းတူးသမားတွေဖြစ်ပြီး အိုမီဂါကိုသွားမယ့် ယာဉ်အတွက် လောင်စာတူးပေးရတယ်။ အနှစ်၂၀တူးပြီးရင် သူတို့လည်း သွားခွင့်ရတယ်။ ဒါပေမဲ့ ညစ်တီးညစ်ပတ်လုပ်ထားတဲ့စနစ်ကြောင့် မျိုးဆက်တစ်ဆက်ကူးတဲ့အထိ မသွားရတဲ့လူတွေချည်းပဲ။ ဒီတော့ ကောင်လေးတစ်ယောက်ရဲ့အဖေက သူ့သားကိုသွားစေချင်တော့ သေဆုံးမှုနစ်နာကြေးအရ ပို့ပေးခံရအောင် လုပ်ငန်းခွင်မှာ သေကြောင်းကြံလိုက်တယ်။ ဒီလိုနဲ့ သူတို့သူငယ်ချင်းအုပ်ထဲက အဲဒီကောင်လေးက အိုမီဂါကို သွားဖို့အကြောင်းဖန်လာတယ်။ မသွားခင်မှာ သူတို့အချိန်၂ရက်ရသွားပြီး သူ့အဖေသွားစေချင်တဲ့ အမိုးခုံးအပြင်ဘက်က လကမ္ဘာချိုင့်ကြီးဆီ သူ့သူငယ်ချင်းတွေနဲ့ စွန့်စားခန်းဖွင့်ကြတယ်။ ဒီအကြောင်းကို သူငယ်ချင်းတွေရဲ့ ချစ်ခြင်းတွေ စွန့်လွှတ်မှုတွေနဲ့ ချစ်စဖွယ်ရော အသည်းငြိချင်စရာရောကောင်းအောင် ရိုက်ပြသွားတယ်။ ကလေးသရုပ်ဆောင်တွေက သူ့ဟာနဲ့သူကောင်းကြတဲ့အပြင် ခရစ်အီဗန်ရဲ့ Gifted ထဲက မျက်စိရှေ့တင်အရွယ်ရောက်လာတဲ့ ကလေးမလေးတဖြစ်လဲ Mckenna Grace ရဲ့ ချစ်စရာမျက်နှာလေးကို မြင်ကြရမှာပါ။ ဒီလိုကားတွေဟာ ရှားရှားပါးပါးထွက်လာတတ်တဲ့ကားတွေမို့ ကိုယ်တိုင်ရော ကလေးတွေကိုရော ကျိန်းသေကြည့်သင့်ပြသင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာမှမရရင်တောင် စိတ်ကိုနွေးထွေးသွားစေမယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 660MB Quality - 1080p, 720p Format - mp4 Duration - 1H 45Min Genre - Adventure, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.7 2023 104 mins
Crater
Twelve Nights
6.7

The Warlords နဲ့ Dragon တို့လို ကားကောင်းတွေမှာ ဇာတ်ညွှန်းရေးခဲ့တဲ့ စာရေးဆရာမ Aubrey Lam ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဟောင်ကောင်ရဲ့ အကျော်အမော် မင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ Cecilia Cheung နဲ့ သူ့ခင်ပွန်းဟောင်း လက်ရှိခေတ်ရဲ့ နာမည်ကျော်တစ်ယောက်ဖြစ်တဲ့၊ ကျွန်တော်တို့တော့ ဟွားဝူချွဲအဖြစ်နဲ့ စသိခဲ့ကြတဲ့ Nicholas Tse တို့လို နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်း အချစ်တို့ရဲ့ ၁၂ညတာ အကြောင်းပါပဲ။ အချစ်ရဲ့ ပြေးတော့လိုက် လိုက်တော့ပြေးခြင်းတွေ၊ အချစ်ရဲ့မရင့်ကျက်ခြင်းတွေ၊ ဘဝရဲ့လှည့်စားခြင်းတွေကို ၁၂ညတာအချိန်အတွင်း ဘောင်သွင်းပြသွားတဲ့ ဟောင်ကောင်ရိုမန့်ကားတစ်ကားဆိုလည်း မမှားပါဘူး။ အလှတရားနဲ့ ညှို့ကွင်းထောင်နေတဲ့ ယန်တစ်ခုလို Cecilia Cheung နဲ့တင် ဒီဇာတ်လမ်းကို ကြည့်သင့်နေပြီ ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 770MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 32Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.7 2000 92 mins
Twelve Nights
Fearless Love
5

ဘယာနက ကင်းတဲ့ ချစ်ခြင်းသတ္တိ ====================================== ချစ်သူတွေက ဘယ်လိုအကြောင်းအရာတွေကြောင့်လမ်းခွဲကြရတာလဲ ပလွိုင်နဲ့ဒင်ဟာ လက်ထပ်ခွင့်တောင်းရာကနေ လမ်းခွဲပြတ်​ဆဲခဲ့ရတဲ့ချစ်သူတွေပေါ့ တစ်နေ့ကျ သူတို့နှစ်ဦးက လက်စွပ်ကုမ္ပဏီတခုအတွက် ချစ်ဟန်ဆောင်ပြီး လက်ထပ်ခွင့်တောင်းရမဲ့ အခန်းသရုပ်ဆောင်ဖို့အကြောင်းဖန်လာတော့တယ် သူတို့နှစ်ဦးပြန်နီးစပ်မဲ့ ဒီကြော်ငြာကိုရိုက်ကူးဖို့ အယုဒ္ဓယဘက်သွားရင်း နည်းပြဘောရီဘွန်နဲ့မတော်တဆဆုံကြတယ် သူတို့၃ဦးက လမ်းခုလပ်တနေရာအရောက် ရွာတခုထဲက ဦးလေးပေါ်ဆီမှာ ဝင်တည်းခဲ့ကြစဥ်မှ‌ာတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တခုနဲ့အတူကြုံခဲ့ကြရပါတော့တယ်။ သူတို့ ၃ဦး ဒီသရဲရန်ကနေလွှတ်မြောက်သွားနိုင်ပါ့မလား သရဲထန်ခွန်ကလည်း ဘာအကြောင်းကြောင့် ပလွိုင်နဲ့ဒင်ကိုလိုက်သတ်နေရတာလဲ သူတို့ရိုက်ကူးမဲ့ ဒီကြော်ငြာကရောပြီးဆုံးသွားနိုင်ပါ့မလား ပလွိုင်နဲ့ဒင်ရဲ့ဇာတ်လမ်းကလည်း ဘယ်အချင်းအရာတွေနဲ့တွယ်ငြိလာမလဲဆိုတာ ရသစုံပါဝင်တဲ့ Fearless loveမှာ ခံစားချက်အမျိုးမျိုးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance, Horror Quality…. 1080p | 720p | 480p File size… 1.68GB | 897MB | 493MB Format… mp4 Duration…. 2h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wuityi Tun Encoder ..... August

Drama • Romance
5 2022 122 mins
Fearless Love
Boogie Nights
5.2

မြောက်ကိုရီးယားရဲ့ ရုတ်တရက် နျူးကလီးယားဗုံး ပစ်လွှတ်မယ်ဆိုတဲ့ သတင်း​ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကမ္ဘာပျက်မတတ်ဖြစ်နေကြတယ်.. တစ်ချို့လည်း ဒီသတင်းကြောင့် အသက်ဘေးလွတ်မြောက်ဖို့ကြိုးစားကြသလို တစ်ချို့ကလည်း နောက်ဆုံးအချိန်ဆိုပြီး လုပ်ချင်ရင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ကြတယ်.. ဒီထဲမှာလည်း ခတ်လတ်လတ် လူရွယ်တစ်ယောက်ကတော့ သူ့ဘဝရဲ့ နောက်ဆုံးနေ့ကို စိတ်တိုင်းကျ ကုန်ဆုံးဖို့အတွက် သူငယ်ချင်းတွေနဲ့ ကလပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်... ကလပ်သွားရင်း မမျှော်လင့်ဘဲအလန်းစား စကီ ၅ပွေနဲ့တွေ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Comedy , Romance လေးဖြစ်လို့ ခံစားကြည့်ကြပါဦ:... File Size : (1.1GB)(491MB) and (113 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:28:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Crime • Drama • Thriller
5.2 2022 88 mins
Boogie Nights
Iris Warriors
5.2

ဘာဆိုဘာမှ လုပ်ပေးဖို့စိတ်ကူးမရှိတဲ့ လူကောင်းပါဆိုတဲ့ ပုဂ္ဂိုလ်တွေကြောင့်ပဲ ဆိုးယုတ်ခြင်းက အောင်လံလွှင့်ထူနိုင်တာပါပဲလေ။ ကောင်းမွန်သန့်စင်ခြင်းအလင်းရောင်က လောကကို အလှဆင်ရုံနဲ့ တာဝန်ကျေပြီလား။ စေတန်နတ်ဆိုးကတော့ အမှောင်ကမ္ဘာမှာ သူ့တာဝန်ကို သူကျေတယ်။ မဆုတ်မနစ် ကြိုးစား၊ စဉ်ဆက်မပြတ်အားထုတ်၊ ကောက်ကျစ်ခြင်းအပြုံးရဲ့ အမှုန်တွေ လေထုထဲကို အဆိပ်ခတ်လို့ သူယုံကြည်ရာသူ့လမ်းကြောင်းကို တည်ဆောက်နေလေရဲ့။ လှပသွားတဲ့လောကကြီးကို ထိုင်ကြည့်ပြီး တာဝန်ကျေပါတယ်ဆိုတဲ့ အထာနဲ့ ပြုံးပြုံးကြီးထိုင်ကြည့်နေတဲ့ လူကောင်းကြီး‌တွေ။ ကာကွယ်သူမဲ့နေတဲ့ မြေကမ္ဘာကို သိမ်းပိုက် အမှောင်တိုက်လိုသူတွေကတော့ စက္ကန့်မလပ်အားထုတ်ရင်း ပန်းတိုင်ဆီကို ဖြည်းဖြည်းမှန်မှန် ဝေ့ဝဲပျံသန်းလာနေတုန်း။ အရွယ်မတိုင်ခင်မှည့်တဲ့ ပန်းသီးကိုစားပြီး ကိုယ်ကျင့်တရားလက်ဖက်တစ်ရိုးနဲ့ ကိုယ့်ကိုယ်ကိုယ် မျက်နှာလုပ်ကြသူတွေကတော့ လေးစားခံဘဝမှာ ယစ်မူးသာယာရင်း တာဝန်တွေမေ့၊ သေနေ့စေ့မှ " မတရားဘူး " ကုန်းအော်ကြတယ်။ ပင်လယ်ပြာတဝှမ်း ရေခမ်းရင်တော့ အသိတရား ရလောက်ရဲ့။ အစွန်းနှစ်ဖက်ဟာ သိပ်ဝေးကွာသလိုလိုနဲ့ သူ့ရဲ့အထိအတွေ့ကို ကျောဖက်မှာ ရှတတခံစားရတာမျိုး။ အမုန်းတရားနဲ့ အဆုံးထိသွားမယ်ဟန်ပြင်မှ နှလုံးသားတောင့်မှာ မသိလိုက်ဘဲ ဖုန်တက်နေတဲ့ မောင်မင်းကြီးသားထရှုပ်လို့ မျက်ရည်ပေါက်ပေါက်ကျရတာကလည်း မြေကြီးကိုလက်နဲ့ပုတ်လို့ လက်သာကျိုးသွားမယ့်အဖြစ်ပဲပေါ့။ ရင်ကဖြစ်လို့ ရင်နှစ်သည်းချာဆိုမလား။ ရန်သူလို ရန်ငြိုးထား ကျောင်းတော်က ရန်စလို ကမ္ဘာပြိုတဲ့အထိ အမုန်းတွေ မအိုတာလည်း ကြုံဖူးကြမယ်ထင်ပါရဲ့။ ဒီဇာတ်လမ်းက မဆန်းပါဘူးဗျာ။ မြေတိုက်တစ်ခန်းမှာ ကလေးတသိုက်နဲ့ အထိန်းတော်တစ်ယောက် ဗုံးမိုး ခိုနေကြတဲ့ တစ်ခန်းစာပါပဲ။ ကိုယ်တိုင်ကြောက်တာထက် ကိုယ်ကြောက်နေတာကို သိသွားမှာ ပိုကြောက်ရတဲ့အဖြစ်က မှိုဟင်းစားရင်း ငရုတ်သီးစပ်တဲ့အဖြစ်ပဲဗျ။ အမူအယာကိုဖုံးဖိရင်း တဂျိမ်းဂျိမ်းကျနေတဲ့ ဗုံးသီးတွေအောက်မှာ မတစ်ထောင်သားသမီးတွေကို ပုံပြင်ဖတ်ပြရနေရတဲ့ အပျိုရည်တောင် မပျက်လောက်သေးတဲ့ ကောင်မလေးက ရဲရင့်တယ်ခေါ်မလား။ ကြံရာမရ ကောက်ရိုးတစ်မျှင်ဆွဲတယ် ခေါ်မလား။ ပုံပြင်ဆိုတော့ ပုံကို လိုအပ်သလို ပြင်ထားတာဖြစ်မှာပေါ့။ အကောင်းနဲ့အဆိုး တိုက်ခိုက်ကြတဲ့အခါ အကောင်းကပဲ နိုင်လေသတည်းတဲ့။ စာအုပ်ထဲကထွက်လာတဲ့ မှော်ပရိုဂျက်တာမှာ မှော်ဆန်တဲ့ ကကွက်တွေ ပုံဖော်၊ အံ့မခန်းတဲ့ နောက်ခံဂီတကတော့ အဖန်တရာ ဖန်အပ်သော ဝါဂွမ်းကို အဖန်တရာစစ်အပ်သော ဆီထဲနှစ်သကဲ့သို့ပေါ့။ ဘဲလေးအကကြိုက်သူ‌တွေကတော့ ရတနာပုံဆိုက်တာပဲဗျာ။ ပုံပြင်လေးကို ဘဲလေးအကနဲ့ သရုပ်ဖော်သွားတာမြင်တော့ ရာမဇာတ်တော်ကြီးကိုတောင် သတိရမိသေး။ ရောင်စဉ်ခုနှစ်သွယ်ကို ပုံဖော်ကြတဲ့ ရောင်စဉ်ခုနှစ်မျိုး မိတ်ကပ်မျက်နှာလှလှ‌လေးတွေ၊ ‌အမှောင်သခင်မရဲ့ မဟူရာဆန်တဲ့အလှနဲ့ကျက်သရေတွေက ဒီဇာတ်ကားရဲ့အနှစ်သာရပေါ့။ ဇာတ်ကားနာမည်လေးက "ရောင်စဉ်ခုနှစ်ဖော် စစ်သည်တော်" ပါတဲ့... (ဇာတ်ကားအညွှန်းကို Arr Khun Winchester မှ ရေးသားပေးထားပါတယ်) Size - 1.53GB, 720MB, 330MB Quality - WEBrip 1080p, 720p, 480p Duration - 1Hr 20mins Subtitles - Myanmar Hardsub Format - MP4 Genre - Family, Fantasy, Musical Translated by Arr Khun Winchester Encoded by Y

Action • Fantasy • Romance
5.2 2022 107 mins
Iris Warriors
Bridget Jones: The Edge of Reason
6.2

Bridget Jones: The Edge of Reason (2004) ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။ မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ မာ့ခ်က ဘရစ်ဂျစ်လွတ်အောင်ကူညီတာကိုတော့ အမှန်အတိုင်းမပြောခဲ့ပါဘူး။ သူငယ်ချင်းတွေပြောပြလို့ အမှန်အတိုင်းသိလိုက်ရတဲ့အခါ ဘရစ်ဂျစ်တို့ ချစ်သူနှစ်ဦး ပြန်လည်အဆင်ပြေပြီး ပျော်ရွှင်စရာအဆုံးသတ်ဖြစ်မလား... ဘရစ်ဂျစ်အထင်လွဲနေတဲ့ရှေ့နေမလေးရဲ့ တကယ့်ချစ်သူကရော ဘယ်သူလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ကြည်ကြည်နူးနူး ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 960MB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 48Min Genre - Comedy, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Mystery • Sci-Fi & Fantasy
6.2 2004 108 mins
Bridget Jones: The Edge of Reason
John Wick: Chapter 3 – Parabellum
7.5

Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်…. ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့… ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ…. ဘယ်သူတွေကရော သူ့ဘက်ပါမလဲ…. ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ… (function(f,b,n,j,x,e){})();

Action • Comedy • Crime
7.5 2019
John Wick: Chapter 3 – Parabellum
Detachment
7.7

Detachment (2011) ~ IMDb – 7.7/10, Rotten Tomatoes – 59% ~ Detachment ရဲ့ အဓိကဇာတ်ကောင်က Adrien Brody သရုပ်ဆောင်တဲ့ အစားထိုးဆရာ ဟင်နရီဘတ်ပဲ။ သူ့အလုပ်က အမြဲတမ်းဆရာလစ်လပ်နေတဲ့ ကျောင်းတွေမှာ အစားထိုးဆရာ ခဏဝင်လုပ်၊ ကျောင်းက အမြဲတမ်းဆရာရသွားတဲ့အချိန် နောက်တစ်ကျောင်းကိုကူး။ ဒီလိုပဲရှင်သန်လာခဲ့တဲ့သူ။ သူ့မှာ တွယ်ငြိရမယ့်သူ သူနဲ့သက်ဆိုင်နေတဲ့သူဆိုလို့လည်း သူ့အဘိုးတစ်ယောက်ပဲရှိတယ်။ သူ့အဖေက သူမွေးကင်းစကတည်းက သူတို့သားအမိကို ပစ်သွားခဲ့ပြီး သူ့အမေကလည်း သူရှစ်နှစ်လောက်မှာတင် ဆုံးသွားသကိုး။ ဆိုတော့ အလုပ်လုပ်လိုက် သူ့အဘိုးရှိတဲ့ လူအိုရုံကိုသွားလိုက် သူ့ဘဝက ဒါပဲ။ ဒီတစ်ခါ သူအစားထိုးဆရာ ဝင်လုပ်ပေးရမယ့်ကျောင်းက တစ်နယ်လုံးမှာ နာမည်အပျက်ဆုံးကျောင်း။ ကျောင်းသူကျောင်းသားတွေကလည်း ဆရာကိုထဆဲတဲ့ကောင်နဲ့ ဆရာမကို Gang Bang မယ်ပြောတဲ့သူနဲ့ တကယ့်အလိမ္မာတုံးလေးတွေချည်းပဲ။ ဒီလိုကျောင်းကို ဟင်နရီဘတ်ရောက်သွားတယ်။ ဒီကျောင်းသားဆိုးတွေကြားမှာ သိပ်မဆိုးတဲ့ ကျောင်းသူတစ်ယောက်ရှိတယ်။ ဒီကားရဲ့ ဒါရိုက်တာ Tony Kaye ရဲ့သမီး Betty Kaye သရုပ်ဆောင်တဲ့ မာရီဒစ်လို့ခေါ်တဲ့ ကျောင်းသူ။ သူက ကျန်တဲ့ကလေးတွေ စကားနဲ့အနိုင်ကျင့်တာကို ခံနေရတဲ့သူလည်းဟုတ်တယ်။ ကျောင်းသားတွေစော်ကားတာခံနေရတာကို ဘာမှမတုံ့ပြန်တဲ့ ဘတ်ကို မာရီဒစ်က ကျွန်မရှင့်လိုသန်မာချင်လိုက်တာလို့ပြောတော့ “သန်မာတာနဲ့ မဆိုင်ဘူး… မင်းကို အခုလိုဖိနှိပ်မယ့်လူတွေကို ဘယ်အရွယ်ပဲရောက်ရောက်တွေ့နေရဦးမှာပဲ… မင်းစိတ်ကို ဒုတိယကမ္ဘာစစ်က ကတုတ်ကျင်းလို ခိုင်မာနေအောင်လုပ်ထားဖို့လိုတယ်… ” လို့ ဘတ်က ပြန်ပြောခဲ့တယ်။ နောက်ဇာတ်ကောင်က အဲရစ်ကာလို့ခေါ်တဲ့ ကလေးမလေး။ ငယ်ပေမဲ့ အားကိုးအားထားမရှိတော့‌ ပြည့်တန်ဆာလုပ်စားနေတာ။ ဘတ်က ဒီကလေးမလေးကို ဘတ်စ်ကားပေါ်မှာ စတွေ့တာ။ လုပ်ပြီး ပိုက်ဆံမပေးဘဲ အထိုးခံ အနိုင်ကျင့်ခံနေရတာကို သူစတွေ့ခဲ့တယ်။ သူက ဒီကလေးမကို ဒီဘဝက ရုန်းထွက်နိုင်အောင် ကူညီပေးချင်ခဲ့တယ်။ ဒီအချက်တွေကို ကြည့်ရင် ဘတ်ဟာ လူကောင်းလို့ ကျွန်တာ်တို့ ယူဆလို့ရတယ်။ နောက်တစ်ခြမ်းကို ဆက်သွားရရင် ဘတ်ဟာ ဖိနှိပ်ခံတစ်ယောက်လို့ ကျွန်တော်တို့ ယူဆလို့ရလို့ သူဟာ ဖိနှိပ်ခံလူတန်းစားတွေကို ကောင်းကောင်းနားလည်တာလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူ့အဘိုး အိမ်သာထဲ လော့ချထားပြီး ထွက်မလာလို့ ဘယ်လိုမှခေါ်မရလို့ ဂေဟာက မိန်းမက သူ့ကိုဖုန်းဆက်တော့ သူညကြီးမင်းကြီးဂေဟာကို လိုက်သွားလိုက်ရတယ်။ ဒီလိုလိုက်သွားလိုက်တဲ့အချိန်မှာ ဂေဟာက အမျိုးသမီးကို သူ့ကိုအလုပ်ရှုပ်အောင်လုပ်လို့ဆိုပြီး ရစရာမရှိအောင်ကိုပြောခဲ့တယ်။ အောက်ဆုံးထိုးကျနေတဲ့ မျက်လုံးတွေနဲ့ အမျိုးသမီးကို သူနည်းနည်းမှမညာခဲ့ဘူး။ ရှေ့မှာ ဘတ်ဟာ စိတ်ကို ကတုတ်ကျင်းလို ခိုင်မာနေအောင်ထားဖို့လိုတယ်လို့ပြောခဲ့ပေမဲ့ တကယ်တမ်း ဘတ်ဟာ စာသင်ချိန်ပြင်ပ သူ့ဘဝမှာ အမြဲတမ်း ရီဝေနေတဲ့မျက်လုံးတွေနဲ့ မှုန်ရီနေတဲ့သူပဲ။ နောက်ပိုင်း ဘတ်ဟာ မာရီဒစ်အတွက် မိတ်ဆွေအဖြစ် ရှိနေပေးခဲ့တဲ့ သူ့ဖြစ်တည်မှုကို ကျောခိုင်းခဲ့သလို အဲရစ်ကာအတွက် ဒိုင်းသဖွယ်ဖြစ်နေပေးတဲ့ သူဖြစ်တည်မှုကိုလည်း‌ ကျောခိုင်းခဲ့တယ်။ ဒီမှာ ဘတ်ဟာ လူကောင်းမဟုတ်ဘူးလို့ ကျွန်တော်တို့ ယူဆလိုက်လို့ရပြန်တယ်။ ဒါက အကုန်တော့ မဟုတ်သေးတဲ့ ဟင်နရီဘတ်ကာရိုက်တာကို ပုံဖော်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ ဘာလို့ သူ့ကောင်းခြင်းမကောင်းခြင်းနဲ့ သူ့အကြောင်းပြောနေရသလဲဆို ဒီဇာတ်တစ်ခုလုံးက ဟင်နရီဘတ်စ် အဲဒီကျောင်းမှာ အစားထိုးဆရာဝင်လုပ်ခဲ့တဲ့တစ်လမှာ သူမြင်နေရတဲ့ဆရာတွေ ကျောင်းသားတွေရဲ့ ဖြစ်တည်မှုတွေကနေ သူ့ဖြစ်တည်မှုကို လာထင်ဟပ်သွားတဲ့အကြောင်းမလို့ပဲ။ အဲဒီလိုထပ်ဟပ်တာကို ပိုအသက်ဝင်အောင်လည်း ဇာတ်ဝင်ခန်းသိပ်မပါလှပေမဲ့ သူ့ဘေးကလူတွေကို သရုပ်ဆောင်ကောင်းတဲ့ လူတွေချည်းသုံးပေးထားတယ်။ James Caan, Bryan Cranston, Lucy Liu, Christina Hendricks နဲ့ Maricia Gay Harden တို့လို လူတွေပေါ့။ ဒီလူတွေရဲ့ ရိုက်ခတ်မှုနဲ့ ဟင်နရီဘတ်ဟာ သူ့ဖြစ်တည်မှုကနေ သူရွေ့လျောသွားတယ်။ ဇာတ်ရဲ့အစမှာ သုံးထားတဲ့ ကမြူးရဲ့ စာအတိုင်းပဲ ဟင်နရီဘတ်ဟာ ဒီအရာအားလုံးဟာ သူနဲ့ဆိုင်နေသလို ခံစားရရင်းမှာပဲ အရာအားလုံးဟာ သူနဲ့မဆိုင်နေသလိုပါ ခံစားလာရတယ်။ Attachment တွေအားလုံး Detachment ဖြစ်သွားတယ်။ အဲဒီအကျိုးဆက်တွေကိုလည်း သူကြုံခဲ့ရတယ်။ သူ့ကိုယ်သူ ပျောက်ဆုံးသွားခဲ့တယ်။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ အဖြေတစ်ခုခုရှိနေမယ် မက်ဆေ့တစ်ခုခုရှိနေမယ်ထင်ရင်လည်း မှားမှာပဲ။ ဘာအဖြေမှမပါတဲ့ တင်ပြသွားခြင်းသက်သက်ပဲ။ သူပြောခဲ့သလိုပဲ ဒါတွေက အခုမှရှိနေတဲ့အရာတွေလည်း မဟုတ်ဘူး။ ခန်းမထဲမှာပဲဖြစ်ဖြစ် အတန်းထဲမှာပဲဖြစ်ဖြစ် လမ်းလျှောက်နေရင်း မင်းတို့ထဲက ဘယ်သူတွေ မင်းတို့ကို ဖိနှိပ်ထားတဲ့ အလေးချိန်ကို ခံစားမိကြလဲလို့ အတန်းထဲ သူပြောခဲ့တုန်းကလိုပဲ အားလုံးလက်ထောင်တယ်။ သူကိုယ်တိုင်လည်း လက်ထောင်တယ်။ ကျွန်တော်တို့လည်း လက်ထောင်ရမှာပဲ။ ကိုယ့်ဖြစ်တည်မှုကိုကိုယ်မတွေ့ဘဲ မမြင်နိုင်တဲ့အလေးချိန်တစ်ခုကသာ ဖိနှိပ်ထားတဲ့ ခံစားချက်မျိုး လူတိုင်းနီးပါး ခံစားဖူးကြမှာပဲ။ သူ့စကားအတိုင်းပေါ့။ အဂ္ဂါအယ်လန်ပိုးက ဒီအကြောင်းတွေကို လွန်ခဲ့တဲ့အနှစ်တစ်ရာကတည်းက ရေးပြီးသား။ ပိုးရဲ့ ဝတ္တုတိုထဲက အက်ရှာအိမ်တော်ကြီးဟာ ရဲတိုက်ဟောင်းကြီးသက်သက်မဟုတ်ဘူး။ ဖြစ်တည်မှုရဲ့ နိမိတ်ပုံတစ်ခု။ အက်ရှာအိမ်တော်ကြီးအကြောင်းဟာ တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Detachment ဟာလည်း တစ်စစီပြိုလဲနေတဲ့ ဖြစ်တည်မှုတစ်ခုအကြောင်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီဇာတ်လမ်းရဲ့အဆုံးမှာတော့ တူညီတဲ့နှလုံးသားတစ်ခုဟာ တဆစ်ဆစ်ကိုက်နေမှာပဲ။ “တိမ်တွေ ကောင်းကင်နံရံမှာ နိမ့်ပါးစွာတွဲလျောင်းကျနေတဲ့ ဆောင်းဦးရဲ့ မှောင်မဲတိတ်ဆိတ် မှုန်မှိုင်းတဲ့နေ့တစ်နေ့မှာ မြင်းတစ်ကောင်ကိုစီးရင်း ကျေးလက်ရဲ့ မသာမယာလမ်းကြောတစ်ခုပေါ် တစ်ကိုယ်ရေတည်း ဖြတ်လာခဲ့တယ်။ ညနေခင်းရဲ့ ဆည်းဆာမှာ အရိပ်ထင်လာတဲ့အခါ လွမ်းညှို့ဖွယ်အက်ရှာအိမ်တော်ရဲ့ မြင်ကွင်းကို ငါမြင်နေရတယ်။ ဘာကြောင့်လဲ ငါမသိပေမဲ့ အက်ရှာအိမ်တော်ကြီးကို ပထမဆုံးရိပ်ခနဲမြင်လိုက်တဲ့အချိန် မခံရပ်နိုင်စရာ အဆွေးဓာတ်က ငါ့သန္တာန်မှာ လွှမ်းသွားတယ်။ အရောင်အဆင်းမရှိတော့တဲ့နံရံတွေကို… ဆွေးမြေ့ပြီးတဲ့သစ်ပင်တွေရဲ့ ပင်စည်ဖြူဖြူတွေကို… အက်ရှာအိမ်တော်ကြီးရဲ့မြင်ကွင်းကို… အကြွင်းမဲ့ပြိုလဲနေတဲ့ စိတ်နဲ့ သုန်မှုန်ရီ ငါငေးကြည့်မိတယ်။ အဲဒီမှာ နှလုံးသားတစ်ခုဟာ စက်ဆုပ်စဖွယ် အေးစက်သိမ်ငယ်နေတယ်…” စာကြွင်း။ ။ ဒါရိုက်တာ Tony Kaye ဟာ American History X ဆိုတဲ့ ပွဲဦးထွက်ရုပ်ရှင်နဲ့ ဟောလိဝုဒ်မှာ အောင်မြင်မှုရပြီးတဲ့နောက် ၂၀၀၆မှာမှ Lake of Fire ဆိုတဲ့ ဒိုကူမန်ထရီကို ပြန်ရိုက်ခဲ့တယ်။ အဲဒီနောက် American History X နောက်ပိုင်း ၁၅နှစ်နီးနီးကြာပြီး ၂၀၁၁မှာမှ သူရဲ့ ဒုတိယရုပ်ရှင် Detachment ကို ရိုက်ခဲ့တယ်။ အခု ၂၀၂၄အထိတော့ ဘာဆိုဘာမှ ထွက်မလာသေးဘူး။ ဒါပေမဲ့လည်း Tony Kaye ဟာ အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်လို့ပြောရမယ်။ သူရိုက်ခဲ့တဲ့ အနုပညာ ၃ခုလုံးက ပြစ်ချက်ပြောစရာမရှိလောက်အောင် ကောင်းလွန်းနေခဲ့တယ်။ နှမြောစရာကောင်းတာကတော့ အခု သူ့အသက်၇၁ထိမှာမှ သူ့ရုပ်ရှင်ဆိုလို့ ၂ကားပဲ တွေ့ရသေးတာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.05GB Quality – 1080p, 720p IMDb Rating – 7.7/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.7 2011
Detachment
Dwelling by the West Lake
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက် နာမည်ကြီးဇာတ်ကားတစ်ကားဖြစ်တဲ့ Dwelling ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်ကားလေးကတော့ (၄) လပိုင်းမှာအတော်လေးခေတ်စားပြီးအခုထိတိုင် နာမည်ကြီးနေဆဲဖြစ်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အလွန်အေးချမ်းလှတဲ့ရွာလေးတစ်ရွာမှာ လက်ဖက်ရွက်ခူးတဲ့အလုပ်ကို အေးအေးချမ်းချမ်းလုပ်ကိုင်နေတဲ့ ဝူထိုင်ဟွား။ အဖေဖြစ်သူက (၁၀) နှစ်ကြာ အဆက်အသွယ်မလုပ်လို့ သေပြီလို့ထင်နေကြပေမဲ့ အသက်ရှင်ဆဲလို့ခံယူပြီး အဖေကိုလိုက်ရှာမယ့်အိပ်မက်ရှိသူ ဟယ်မုလျန်။ အိပ်မက်ကြောင့် ဟန်ကျိုးမှာအလုပ်ရှာဖွေအခြေချနေဖို့ အမေဖြစ်သူဝူထိုင်ဟွားကို ပြောတဲ့အခါမှာ သားဖြစ်သူဆန္ဒကိုမလွန်ဆန်နိုင်တာကြောင့် ခွင့်ပြုခဲ့ပေမဲ့ အမေဖြစ်သူပါလိုက်လံနေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့တစ်နေ့မှာ လက်ဖက်ခင်းရွာလေးကနေ ထွက်လာပြီး သားဖြစ်သူ ဟန်ကျိုးရှိရာဆီလာခဲ့တာပေါ့။ ဝူထိုင်ဟွားမှာအချစ်ဆုံးသူငယ်ချင်းဖြစ်သူရဲ့ မောင်လေးက စီးပွားရေးလုပ်တာအရမ်းအောင်မြင်ချမ်းသာပြီး ဇိမ်ခံကားတွေ တိုက်တွေ ပိုင်ဆိုင်နေတာကြောင့် မောင်ဖြစ်သူမှာအလုပ်လုပ်ဖို့ ဆုံးဖြတ်လာကြတဲ့လူနှစ်ယောက်။ တကယ်တမ်းမောင်ဖြစ်သူရဲ့ စီးပွားရေးလုပ်ငန်းက MLM တိုင်းရင်းဆေးခြေထောက်ကပ်လုပ်ငန်း ဖြစ်ပြီး MLM ဆိုတဲ့အတိုင်းလူစုစည်းရုံးရေးဆင်းတဲ့အပေါ် ဝူထိုင်ဟွားတို့သူငယ်ချင်းနှစ်ယောက် စိတ်နစ်မြောသွားပြီး အဲ့အပေါ်မှာအရူးအမူးဖြစ်နေတာကို သားဖြစ်သူဟယ်မုလျန်တစ်ယောက် ကယ်ထုတ်ဖို့ ကြိုးစားပေမဲ့အချိန်လွန်သွားတဲ့အခါမှာတော့ဘာတွေဆက်ဖြစ်ကြမလဲ။ ဒီလုပ်ငန်းစုကြီးနောက်ကွယ်မှာ ဘယ်လောက်တောင် လိမ်လည်လှည့်စားမှုတွေရှိနေမလဲ။ ဘယ်လိုတွေဖော်ထုတ်သွားကြမလဲ။ စတဲ့အကြောင်းရာတွေနှင့်အတူ ယနေ့ခေတ်မှာ ခေတ်စားနေတဲ့ MLM လုပ်ငန်းကိုပေါ်ပေါ်ထင်ထင် ရိုက်ကူးထားတာမို့လို့ လက်မလွတ်တမ်းကြည့်ရူလိုက်ရအောင်

6 2024
Dwelling by the West Lake
A Beautiful Mind
8.2

A beautiful mind (2001) IMDb rating – 8.2 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းလေးကတော့ (Nobel Laureate in Economics) နိုဘယ်ဆုရရှိခဲ့တဲ့ သင်္ချာပညာရှင်ကြီး John Nash ရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ John Nash ရဲ့သီအိုရီတွေက modern economic အတွက် အရမ်းအထောက်အကူပြုခဲ့ပါတယ်။ သူဟာ Princeton University ကနေ ပါရဂူဘွဲ့ရပြီး အဲဒီကျောင်းမှာ ဆရာပြန်လုပ်ခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကို တက္ကသိုလ်နယ်မြေကအစပြုလို့ နိုဘယ်ဆုချီးမြှင့်ခံရချိန်အထိ နိုဘယ်ဆုနဲ့ထိုက်တန်အောင် သူ ဘယ်လိုမဆုတ်မနစ်ကြိုးစားခဲ့ရလဲ၊ ဘယ်လိုရုန်းကန်ရလဲ၊ အခက်အခဲတွေကို ဘယ်လိုအောင်မြင်အောင် ကျော်ဖြတ်ရလဲဆိုတာတွေကို ရိုက်ကူးထားပါတယ်။ အပိုဆုအနေနဲ့ သူ့ရဲ့မဟေသီ Alicia နဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့တဲ့အကြောင်းတွေကို ရိုမန့်တစ်ဆန်ဆန် တင်ဆက်ထားပါတယ်။ John Nash အဖြစ် မင်းသားကြီး Russell Crowe နဲ့ Alicia Nash အဖြစ် (မမသာ အလှဆုံး) မင်းသမီးချောလေး Jennifer Connelly တို့က သရုပ်ဆောင်ထားပါတယ်။ Oscer စကာတင်တွေအများကြီးဝင်ထားပြီး Best Director ၊ Best actress in a supporting role စသဖြင့် အော်စကာဆု လေးဆုသိမ်းပိုက်ရရှိထားပါတယ်။ ဇာတ်လမ်းရဲ့ဇာတ်ရှိန်အတက်အကျတွေနဲ့ သရုပ်ဆောင်တွေရဲ့ ပီပီပြင်ပြင်သရုပ်ဆောင်မှုတွေနဲ့မို့ ကြည့်ပြီးရင် နောင်တမရစေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ပညာရှင်ကြီးတွေရဲ့ကြိုးစားမှုတွေကိုပါ အတုယူနိုင်မယ့် ဇာတ်လမ်းကောင်းလေးကို CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File size… 2.7 GB / 1.16 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 15m Genre ….. Biography / Drama / Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Western
8.2 2001 135 mins
A Beautiful Mind
Shinda Shinda No Papa
5.8

Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး” ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်း လူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီး သားတစ်ယောက် ထွန်းကားခဲ့တာပေါ့။ အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာ အဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာက ကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန် ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကို ဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက် သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။ သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကို အိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာ ဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီး သားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Thriller • Crime
5.8 2024 133 mins
Shinda Shinda No Papa
The Avengers
8

Marvel Cinematic Universe: Phase One ဆိုတာ MCU ရဲ့အစဖြစ်ပြီး စူပါဟီးရိုးရုပ်ရှင်သမိုင်းမှာ ကြီးမားကျယ်ပြန့်တဲ့ Universe ကို အောင်မြင်စွာမိတ်ဆက်နိုင်ခဲ့ပါတယ်။ ဒီ Phase 1 ထဲမှာတော့ MCU ဇာတ်ကောင်တွေကို Solo တွေအနေနဲ့ ပရိတ်သတ်တွေ စတင်ထိတွေ့ခွင့်ရခဲ့ပြီး ဇာတ်ကောင်တိုင်း ပရိတ်သတ်ရင်ထဲ ကိုယ်စီရောက်ရှိခဲ့ကြပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 1 မှာတော့ ရုပ်ရှင် ၆ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။ Iron Man (2008) The Incredible Hulk (2008) Iron Man 2 (2010) Thor (2011) Captain America: The First Avenger (2011) The Avengers (2012) Marvel Cinematic Universe ဇာတ်ကားအားလုံးကို CM App>>>https://www.cmapp.tv/?share=15957066C1681DF နဲ့ https://www.channelmyanmar.to/category/special-package/mcu/ ဒီလင့်တွေမှာ ကြည့်လို့ရပါတယ်။ ++++++++++++++ The Avengers (2012) IMDb Rating (8.0) / Rotten Tomatoes (91 %) MCU ရဲ့ ဆဌမမြောက်ရုပ်ရှင်ကားဖြစ်ပြီး ရှေ့မှာမိတ်ဆက်ခဲ့ပြီးသား စူပါဟီးရီုးတွေကို တပေါင်းတစည်းထဲ စတင်မြင်တွေ့ရမယ့်ရုပ်ရှင်ဖြစ်ပြီး Marvel Cinematic Universe ဆိုတာ ဒါမျိုးလို့ ကြွေးကြော်နိုင်တဲ့ထိ အောင်မြင်မှုရရှိခဲ့ပါတယ်။ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးထဲက Space Stone ခေါ် Tesseract (Blue) ကျောက်တုံးရဲ့ စွမ်းအားတွေနဲ့ စူပါဟီးရိုးတွေရဲ့ အခန်းကဏ္ဍကို ကျယ်ကျယ်ပြန့်ပြန့်မိတ်ဆက်လာနိုင်ပါတယ်။ Budget $220–225 million ကုန်ကျခဲ့ပြီး Box office ဝင်ငွေ $1.521 billion ထိပြန်လည်ရရှိခဲ့လို့ MCU ရဲ့ ပထမဆုံး ဘီလီယံကျော်တဲ့ရုပ်ရှင်ကားအဖြစ်အောင်မြင်ခဲ့ပါတယ်။

Action • Drama • Thriller • TV Movie • Crime
8 2012 143 mins
The Avengers
Dasettante cycle

Dasettante cycle 2025 (လုံခြုံရေးသမားကြီးရဲ့ ဘဝဇာတ်ကြောင်း) ဒါဆတ်တန်ဆိုတဲ့ လုံခြုံရေးသမားတစ်ယောက်၊ သူ့မှာ အဖေရယ် မိန်းမရယ် သားလေးတစ်ယောက်ရယ်ရှိပါတယ်။ အဖေလုပ်သူကတော့ အသက်၆၀ကျော် အငြိမ်းစားယူပြီးတဲ့အရွယ်ဖြစ်ပြီး အငြိမ်းစားယူပြီးနောက်မှ လူငယ်လေးတစ်ယောက်လို လက်ဝှေ့ထိုးသင်လိုက် ဘောလုံးကန်လိုက်နဲ့ ပေါ့ပေါ့ပါးပါးဖြတ်သန်းလျက်ရှိပါတယ်။ မိန်းမလုပ်တဲ့သူကတော့ အိမ်အလုပ်တွေ ဒိုင်ခံလုပ်ရင်း အပိုဝင်ငွေရဖို့ အပြင်အလုပ်လေးလည်းလုပ် ယောက်ျားဖြစ်သူနဲ့ ဖေးဖေးမမ ချစ်ချစ်ခင်ခင်ပါပဲ။ သားလေးကတော့ ကျောင်းတက်နေတုန်း ကျောင်းသားလေးပေါ့။ ဒါဆတ်တန်တို့ မိသားစုကတော့ အကြွေးတွေကို ကြိုးစားဆပ်နေရင်းနဲ့ပဲ ဘဝကို အဆင်မပြေတဲ့ကြားက ပြေအောင်ကြိုးစားနေနေကြရပါတယ်။ ဒါဆတ်တန်တစ်ယောက်ကတော့ မိသားစုကို အဆင်ပြေစေဖို့ ကြိုးစားရင်းနဲ့ ရုန်းကန်နေရတဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ မြင်တွေ့ရမှာကတော့ မိသားစုဘဝ, အိပ်မက်တွေနဲ့အတူ ဘဝဆိုတာကြီးကို လူလတ်တန်းစားဘဝတွေအနေနဲ့ ဘယ်လိုရုန်းကန်လှုပ်ရှားရလဲဆိုတာကို မီးမောင်းထိုးတင်ဆက်ပြသထားတာဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Action • Thriller • Crime
0 2025 118 mins
Dasettante cycle