YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Obliterated.S01E02.720p.WEB.(CM).mp4

393.01 MB N/A video/mp4 304 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hearts in the Game
6.5

Hearts in the Game (2023) ~ IMDb rating - 6.5/10 ~ ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ဘာလို့လမ်းခွဲခဲ့ရတာလဲ... သူတို့နှစ်​ယောက်ကြားမှာ အချစ်​တွေပြန်လည်​ပေါက်ဖွားလာမလား... ဒီ​အေဂို ကွင်းလယ်ထဲရပ်ခဲ့မိတာက​ရော ဘာ​ကြောင့်လဲ.. ဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ကြည့်ရမယ့် ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 640MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 22Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Comedy • Drama
6.5 2023 82 mins
Hearts in the Game
Warming Up to You
6.4

IMDb Rating - 6.3/10 ဒီဇာတ်ကားလေးကတော့ လတ်တလောခေတ်စားနေတဲ့ ဇာတ်လမ်းမျိုးဖြစ်တဲ့ gym trainer ကောင်မလေးနဲ့ နာမည်ကျော်မင်းသားတစ်ယောက်တို့ရဲ့  ရိုမန့် ဇာတ်လမ်းလေးလို့ပဲ ဆိုကြပါစို့။ ကျန်းမာရေးအတွက်ပဲ အမြဲအဓိကထားပြီး လေ့ကျင့်ပေးတတ်လို့ ပေါ်ပင်တွေ နောက်လိုက်တတ်တဲ့ Gym နဲ့ အမြဲကတောက်ကဆဖြစ်ရတဲ့ ပါဆင်နယ်ထရိန်နာမလေး ကိတ်ဝို့ဖ်။ နာမည်ကြီးမင်းသားတစ်လက်ဖြစ်ပေမယ့် body structure ကို ဂရုမစိုက်ဘဲ စားချင်သလိုတွေစားလို့ ကြွက်သားတွေပျောက် ဝဖိုင့်လာရတဲ့ မင်းသား ရစ်ခ်စတီးလ်။ တစ်နေ့မှာ ရစ်ခ် ရဲ့ စတူဒီယိုကနေ ပါဆင်နယ်ထရိန်နာအဖြစ် လေ့ကျင့်ပေးဖို့ ကိတ် ကို ငှားရမ်းလာတဲ့အခါ၊ စတွေ့ကတည်းက ‌ကြောင်နဲ့ ကြွက်လို အမြင်မတည့်ခဲ့ကြတဲ့ သူတို့နှစ်ယောက် ထရိန်နင်ဆင်းကြတဲ့အခါ ကြုံတွေ့ရတဲ့ ပြဿနာတွေကို ရိုမန့်စ် လေးတွေရောပြီး ပေါ့ပေါ့ပါးပါးလေး စီးမျောခံစားကြည့်ရဦးမှာပါ။ ကိုယ့်ရဲ့ ကလိုင်းရန့်နဲ့ လုံးဝ ဒိတ်မလုပ်ဘူးလို့ ကြွေးကြော်ထားခဲ့တဲ့ ကိတ် အတွက်ရော ဘယ်လို challenge တွေဖြစ်လာမလဲဆိုတာကတော့ ... ဒီဇာတ်ကားလေးကိုတော့ ဒါရိုက်တာ Christie Will Wolf ကရိုက်ကူးထားကာ မင်းသား Christopher Russell နဲ့ မင်းသမီး Cindy Busby တို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး IMDb 6.3 ထိ ရရှိထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို May Thet Khine Soe မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ May Thet Khine Soe, Yoon Sandi Aung တို့ဖြစ်ပါတယ်။) File Size - (2.05 GB) / (885 MB) / (575 MB) Quality – WEB-DL 1080P / 720p / 480P Duration - 1Hr 24Mins (@Episode) Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Romance Translator – May Thet Khine Soe, Yoon Sandi Aung Encoder – SWM

Comedy • Romance
6.4 2021 84 mins
Warming Up to You
Manmatha Leelai
4.2

IMDb 6/10 ပညာပေးဇာတ်လမ်းသဘောမျိုးဖြစ်ပြီး Romance/Comedy/ Thriller အမျိုးအစားဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းက ဖြစ်ရပ်နှစ်ခုကိုယှဉ်ပြီးရိုက်ပြထားတာပါ ရာနဲ့ ဆာသရာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ တစ်ချိန်တည်းမှာပဲလုပ်မိကြတဲ့အမှားတွေကိုယှဉ်ပြထားပါတယ် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ဆာသရာက ဒိတ်ဒိတ်ကြဲနာမည်ကြီးသူတစ်ယောက်ပါ ရာကတော့သာမန်လူတစ်ယောက်ဖြစ်ပြီး သူတို့နှစ်ယောက်က တစ်ချိန်တည်းမှာပဲ မိန်းကလေးနှစ်ယောက်နဲ့ပတ်သက်မိသွားပါတယ် ရာတို့အတွဲကလိုင်းပေါ်ကနေချစ်ကြိုက်ပြီး အပြင်မှာသွားတွေ့တဲ့အချိန်မှာ မထင်မှတ်တာတွေဖြစ်ပေါ်လာပါတော့တယ် အချဉ်ဖမ်းမယ်လို့ရည်ရွယ်ပြီး ဘယ်သူမှမရှိချိန်ကောင်မလေးအိမ်ကိုလိုက်သွားခဲ့တဲ့ ရာတစ်ယောက် ဘယ်လိုတွေကြုံတွေ့ရမလဲ တစ်ချိန်တည်းမှာပဲ ဆာသရာ့ဆီ ညဘက်မိုးရွာနေချိန်အိမ်လိပ်စာမှားပြီး အလန်းစား ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးနောက် သူရောဘာတွေဆက်ဖြစ်သွားမလဲ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့်ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားတဲ့အခါ သူတို့တွေဘယ်လိုကြံကြံခံသွားမလဲ ဟာသခန်းတွေကိုတောင် ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့်အပိုင်းတွေပါဝင်တာကြောင့် စိတ်ဝင်တစားကြည့်ရှုနိုင်ရန်တင်ဆက်ပေးလိုက်ရပါတယ် File size…1.96GB / 950MB Quality…1080p TRUE WEB DL AAC5.1CH / 720p Format…mp4 Duration….1h 51m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Honeyey & Yunni & GuuGuu

Comedy • Romance
4.2 2022 110 mins
Manmatha Leelai
Keshu Ee Veedinte Nadhan
6.7

ဒီတစ်ခေါက်မှာတော့ comedy-drama အမျိုးအစား Tamil movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲလို့ သတ်မှတ်တဲ့သူရှိသလို ငွေထက် အရေးပါတဲ့အရာတွေ များတယ်လို့ သတ်မှတ်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိကြပါတယ်။ ဒီကားလေးမှာတော့ အသက် ၆၀ အရွယ် Keshu ဆိုသူဟာ ကားမောင်းသင်တန်းပိုင်ရှင်ဖြစ်ပြီး သားသမီး ၂ ယောက်ရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ဖြစ်ချင်တော့ မိဘတွေရဲ့ အမွေခွဲဝေတာနဲ့ ပတ်သက်ပြီး ညီမတွေရယ် သူတို့ရဲ့ ခင်ပွန်းတွေရယ်နဲ့ ဇာတ်ရှုပ်တွေ ဖြစ်လာပြီး မိသားစုလိုက် အားလုံး ဘုရားဖူးခရီးထွက်ဖို့ ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘုရားဖူးခရီးသွားဖို့လုပ်တုန်း Keshu ဟာ ထီပေါက်တယ်လို့ ကြားသိလိုက်ရပါလေရော။ ဒီလိုနဲ့ Keshu တစ်ယောက် ထီပေါက်တယ်လို့ ကြားသိရတဲ့အခါမှာ ထီဆုငွေက အများကြီးရလား ရရဲ့သားနဲ့ မရဘူး ဖြစ်မလား... မောင်နှမတွေနဲ့ အမွေခွဲဝေဖို့ ဇာတ်ရှုပ်ကရော ဘယ်လိုဖြစ်သွားမလဲ.... ငွေက လူကို အရောင်ဆိုးမှာလား.... ဟာသနှောပြီး ပညာပေးရောတဲ့ ဒီဇာတ်ကားလေးကိုတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ New Year လေးလုပ်ရင်း ၂၀၂၁ ရဲ့ စိတ်ညစ်စရာအားလုံးကို ဒီဇာတ်ကားလေးရယ် CM ရယ်နဲ့အတူ ဖြေဖျောက်လိုက်ကြရအောင်နော်။ File size…2.8GB / 1.4GB / 526MB Quality…1080p WEB DL & 720p & 480p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Elorond & Shwe Pwint & Myo Myo

Documentary
6.7 2021 142 mins
Keshu Ee Veedinte Nadhan
Enemy

ရုံတင်တုန်းကလဲ လူကြိုက်များနာမည်ကြီးခဲ့တဲ့ တောင်ပိုင်းမင်းသား အာရားနဲ့ဗစ်ရှေးတို့ရဲ့ အတော်ကိုကောင်းမွန်တဲ့ အက်ရှင်ကားတစ်ကားကို တင်ဆက်လိုက်ပါတယ်။ IMDB မှာလည်း 7.7ဆိုတော့ ခပ်မိုက်မိုက်ပဲပေါ့။ ဇာတ်လမ်းအကျဉ်း... ဒီလောကကြီးထဲမှာ အန္တရာယ်အများဆုံးက သူစိမ်းတွေမဟုတ်ပဲ ကိုယ့်အကြောင်းကို အစအဆုံးသိနေတဲ့ အရင်းနှီးဆုံးသူက အန္တရာယ်အပေးနိုင်ဆုံးသူဖြစ်ပါလိမ့်မယ်။ ဒီကားမှာလည်း ငယ်ငယ်ထဲက တစ်ကျောင်းထဲဆင်း ဆရာ တစ်ယောက်ထဲထွက်တဲ့ သူငယ်ချင်းနှစ်ယောက်ကို ENEMY ဆိုတဲ့ ရန်သူတော်တွေဖြစ်လာအောင် ဘယ်အရာတွေက ပံ့ပိုးပေးမလဲဆိုတာ စီးမျောလိုက်ရအောင်။ ဇာတ်အိမ်ကကောင်းလွန်းတော့ ဒီထက်ပြောရင် Spoil သလိုဖြစ်နေမှာမို့ Tamil ကားကြိုက်သူတွေအတွက် လက်မလွတ်တမ်း လိုက်ပါစီးမျောခံစားလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အညွှန်းကိုတော့ ThuRa  Heinနဲ့ Lwin Htoo Aung က ရေးသားပြီး ဘာသာပြန်ကတော့ JimX Trafalgar Law. Lai Laii နဲ့ Lwin Htoo Aung တို့ပဲဖြစ်ပါတယ်။ File size…(7.1 GB)/(2.7 GB)/(1.1 GB) Quality…WEB-DL 4K HEVC/1080p/720p Format…mkv/mp4 Duration….02:37:13 Subtitle….Myyanmar Subtitle (hard Sub) Encoder….YK Translated by Lwin Htoo Aung , ThuRa Hein , Lai Laii & JimX

Comedy
null 2021 157 mins
Enemy
Tekken

ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်​ကျော် Tekkenဂိမ်းကို Live actionအ​ဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အ​နောက်တိုင်းသရုပ်​ဆောင်​တွေနဲ့ ပြန်ရိုက်ထားတဲ့ Live actionဆို​တော့ ​ထွေ​ထွေထူးထူး​ပြောစရာရယ်​တော့ မရှိပါဘူး။ ကြည့်​ပျော်ရှု​ပျော်​တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲ​တွေဖြစ်အပြီးမှာ အစိုးရအဖွဲ့​တွေပြိုလဲသွားပြီး ​ကော်ပို​ရေးရှင်းဆိုတဲ့အဖွဲ့​တွေ ကမ္ဘာ့အနှံ့မှာ သူ့​နေရာနဲ့သူ သီးခြား ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းက​တော့ တက်ခန်မြို့​တော်ဆိုတဲ့ အဖွဲ့အစည်း​ပေါ့။ ဒီ​ကော်ပို​ရေးရှင်း​တွေက တစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”​ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပ​လေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာ တစ်​ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ​ပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့​တော်ရဲ့ အပြင်ဘက် အန်​​ဗေးလ်ဆိုတဲ့ မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ​ကောင်​လေးက ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က​တော့ သူ့အ​မေကို ​သေ​စေခဲ့တဲ့ တက်ခန်​ကော်ပို​ရေးရှင်းရဲ့ အကြီးပိုင်း​ခေါင်း​ဆောင် ​တွေကို လက်စား​ချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် ​အောင်မြင်နိုင် မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်​အဆင့်ထိရောက်နိုင်မလဲ၊ ဘယ်လိုရန်သူ​တွေကို ​ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက် အထိုးအကြိတ်​တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Comedy • Romance
0 2010
Tekken
[18+] Sisid Marino
6.3

================== အယ်လ်မာနဲ့ဆူဇန်တို့ဟာ ငယ်ချစ်တွေဖြစ်ပြီး အခုချိန်မှာသာယာတဲ့အိမ်ထောင်တစ်ခုကို တည်ထောင်ထားနိုင်ပါတယ်။ ဘ၀မှာတင့်တင့်တယ်တယ်နေနိုင်ဖို့အယ်လ်မာက သင်္ဘောသားအဖြစ်နှစ်တွေကြာ ပင်ပန်းဆင်းရဲခံခဲ့ရပြီး အခုချိန်မှာတော့ ငွေတွေကို ငါးဖမ်းလှေတစ်စီးထောင်၊ကျန်တာတွေကို အစုစပ်လုပ်ငန်းတစ်ခုမှာရှယ်ယာထည့်ထားပါတယ်။ သူတို့ရဲ့သားဦးလေးဟာ ဝမ်းတွင်းပါရောဂါနဲ့သေဆုံးသွားခဲ့တဲ့နောက်မှာတော့ ဆူဇန်ဟာအရူးတစ်ပိုင်းဖြစ်သွားခဲ့ပြီး အဲ့ဒီအဖြစ်ကစလို့ သူတို့ဘ၀ထဲကို ကြမ္မာဂြိုလ်ဆိုးတွေစပြီး ဝင်ရောက်စပြုလာပါတော့တယ်။ သူတို့နှစ်ယောက်ကတော့ လိင်ကိစ္စကို coping mechanism တစ်ခုအဖြစ်အသုံးချပြီး ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ခုလုံးနဲ့ကင်းကွာလာတဲ့နောက်မှာတော့..။ ဒီဇာတ်ကားမှာလည်း Vivamax ရဲ့မျက်နှာသစ် မျက်နှာဟောင်းမင်းသမီးလေးတွေအစုံအလင်ပွဲကြမ်းထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(2GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.3 2024 100 mins
[18+] Sisid Marino
Love Syndrome: The Beginning
5.7

Love Syndrom : The Beginning (2024) ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ Love Syndrome 3 စီးရီးရဲ့prequelလေးဖြစ်တဲ့ Love Syndrome: The Beginning movieထွက်ရှိလို့လာပါပြီ။ အချစ်ကြမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ သင်္ဘောမမတို့အကြိုက် Day-Itt coupleလေးကို တစ်ဖန်ပြန်လည်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီဗျ။ အချစ်ကြမ်း အနမ်းလည်းကြမ်း ကြမ်းစရာရှိတာအကုန်ကြမ်းတဲ့ ဒီကားလေးမှာ BDSMလေးတွေလည်း ဝေဝေဆာဆာပါဝင်တာမလို့ ၁၈ ယောက်စုပြီးမှပဲ သိုက်သိုက်ဝန်းဝန်းလေး ကြည့်ရှုခံစားပေးကြပါဦး။ လွန်ခဲ့တဲ့ ၆ လက ‌လူချမ်းသာသားသမီးပီပီ အလိုလိုက်ခံထားရပြီး ပျက်စီးနေတဲ့ အစ်တို့သူငယ်ချင်းတစ်သိုက် မလုပ်သင့်တဲ့ အလောင်းအစားတစ်ခုကို လုပ်ခဲ့ကြပါတယ်။ အဲဒါကတော့ နိုက်ဆိုတဲ့မနူးမနပ်ကောင်လေးကို လှည့်ဖြားပြီးတော့ အစ်ရဲ့သူငယ်ချင်းဂီယာက နိုက်ကို အညွန့်ချိုးမုဒိမ်းကျင့်လိုက်တာပါပဲ။ လုပ်ချင်ရာလုပ်ပြီး ဘားမှာသောက်စားပျော်ပါးနေတဲ့ အစ်တစ်ယောက် သူ့ကားကို ဝင်တိုက်မိတဲ့သူနောက် အလျော်တောင်းဖို့လိုက်သွားမိပြီးခါမှ ကျားဂူထဲအောင်းမိမှန်း သိလိုက်ရပါတယ်။ သူ့ကားကိုဝင်တိုက်တဲ့သူက နိုက်ရဲ့အစ်ကိုဒေးဖြစ်ပြီးတော့ အစ်တို့ကို လက်စားချေချင်လို့ ကားကိုတမင်ဝင်တိုက်ပြီး အကွက်ဆင်ထားတာမှန်း အသိနောက်ကျသွားတဲ့အစ်တစ်ယောက် နိုက်လိုထပ်တူအဖြစ်မျိုး ကြုံရဖို့ဖြစ်လာပါတော့တယ်။ အမုန်းတရားတွေ ရန်ငြိုးတွေ ကလဲ့စားတွေနဲ့ အစပျိုးခဲ့တဲ့ အစ်နဲ့ဒေးကြားကပတ်သက်မှုက ဘယ်လိုခရီးဆက်မလဲဆိုတာ ကြည့်ရှု အဖြေရှာရအောင်ပါ။ အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, CharOu, Su Myat တို့ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama Quality…. 1080p | 720p File size… 1.1GB | 642MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary, CharOu, Su Myat Encoder ….. Aaron

5.7 2024
Love Syndrome: The Beginning
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
Vivekanandan Viralanu
4.3

Vivekanandan Viralanu (2024) ဗီဗက်ကန်နန်ဒန်‌ကျော်ကြားနေပြီ ============================= ဒါရိုက်တာ Kamal ရဲ့ငါးနှစ်အကြာမှပြန် Come Back တဲ့ အသစ်စက်စက် Comedy ကား‌လေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် သာမန်လူတစ်ယောက်ဖြစ်တဲ့ ဗီဗစ်ကန်နန်ဒန်တစ်ယောက် သူ့ရဲ့သာမာန်ဘဝလေးမှာပဲနေထိုင်ရင်း ရုတ်တရက်ဆိုသလို ညတွင်းချင်းပဲ အင်တာနက်ပေါ်မှာ ကျော်ကြားသွားပါတော့တယ် နာမည်ကောင်းနဲ့တော့မဟုတ်ပါဘူး နာမည်ဆိုးကြီးနဲ့ပါ ဒီလိုဖြစ်ရတာသူ့အပြစ်လို့မဆိုသာပေမဲ့သူ့အပြစ်လဲမကင်းပြန်ပါဘူး ဗီဗက်ကန်တစ်ယောက် ပူပူနွေးနွေးအိမ်ထောင်ကျထားခါစဖြစ်ပေမဲ့ တွေ့သမျှအချောလေးတိုင်းနဲ့ပယော်ပရည် လုပ်ချင်နေတဲ့အကျိုးဆက်လို့လဲပြောလို့ရပါတယ် ဒီကိစ္စကဘယ်လောက်ထိကြီးသွားသလဲဆိုရဲတွေပါပါဝင်လာတဲ့အထိပါပဲ ဗီဗက်ကန်တစ်ယောက် သူအစစ်အမှန်နဲ့ လူအများသိထားတဲ့သူ ဘဝနှစ်ခုကို ဘယ်လိုချိန်သားကိုက်အောင်ချိန်ညှိဖို့ကြိုးစားသွားမှာလဲ? ပြဿနာတွေကိုရောအဆုံးမှာဖြေရှင်းနိုင်ပါ့မလား? ဆိုတာ ရင်တစ်ထိပ်ထိပ်နဲ့ ဟာသနှောရင်းကြည့်ရှုရမှာပါ (အညွှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်)

Horror
4.3 2024
Vivekanandan Viralanu
The Contract
5

ဒီဇာတ်ကားလေးကတော့ Comedy Family Drama အမျိုးအစားဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ် Gabrielle Dennis, Lil Duval, Caryn Ward တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Dennis နဲ့ Anna တို့ရဲ့အိမ်ထောင်ရေးမှာ မိန်းမဖြစ်သူ Anna က ကလေးအရမ်း လိုချင်နေပြီးတော့ Dennis က ကလေးမယူချင်ပါဘူး။ အဲဒီအခါမှာ Anna အနေနဲ့ သူ့ယောကျ်ားလိုချင်တဲ့အရာတွေကို ဖြည့်ဆည်းပေးရင်းနဲ့ ကလေးယူချင်လာအောင် သိမ်းသွင်း ပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးမှာ ဘယ်လို ဖြစ်သွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ စကားအသုံး အနှုန်းတွေက နည်းနည်းညစ်ညမ်းတာကြောင့် မိသားစုနဲ့အတူ ကြည့်သင့်တဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ File size… (1.26GB) / (735MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024
The Contract
The Returned
6

ဒီဇာတ်ကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Sci-fi Horror ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Apocalyse ပုံစံ Zombie ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၉၈၀ ခုနှစ်တွေအတွင်း ဇွန်ဘီကပ်ရောဂါကြီးဖြစ်ပွားပြီးတော့ လူပေါင်း သန်း၁၀၀ လောက်သေဆုံးခဲ့ပါတယ်။ သုတေသနပညာရှင်တွေကလည်း ဒီရောဂါကိုကုသဖို့အတွက် လေ့လာချက်တွေအများအပြားဆောင်ရွက်ကြပြီး ကုထုံးကိုရှာဖွေကြပါတယ်။ ဒီထဲမှာတော့ ကိတ်ဆိုတဲ့ ဆရာဝန်အမျိုးသမီးတစ်ယောက်က ဖုတ်ကောင်တွေကို ပုံမှန်လူအဖြစ်ပြန်ဖြစ်အောင် ကုသပေးနိုင်တဲ့ ကုထုံးတစ်ခုကိုရှာဖွေတွေ့ရှိသွားပါတယ်။ ဒီဖုတ်ကောင်တွေကိုပြန်လည်ကုသပေးပြီး ကောင်းလာတဲ့လူတွေကိုတော့ The Returned (သေရွာပြန်)လို့ ခေါ်ကြပါတယ်။ ဒါပေမဲ့ ဒီကုထုံးကိုလုပ်ဆောင်ဖို့အတွက် ပရိုတင်းကိုတော့ Zombie တွေရဲ့ရိုးတွင်းခြင်ဆီကနေ အရည်တစ်မျိုးကို အသုံးပြုရပါတယ်။ ဒါပေမဲ့ ဒီကုထုံးကိုဆောင်ရွက်ဖို့အတွက် အရင်းအမြစ်ဖြစ်တဲ့ ပရိုတင်းတွေက တစ်နေ့တခြားရှားပါးလာတဲ့အခါ ဒီကပ်ရောဂါကြီးကိုကျော်လွှားနိုင်ဖို့အတွက် စိန်ခေါ်မှုတွေ အဖက်ဖက်ကပေါ်လာပါတော့တယ်။ ဒီဇာတ်ကားကတော့ သာမန် Zombie ကားတွေနဲ့မတူဘဲ ကမ္ဘာကြီးကပ်ဆိုက်လာတဲ့အခါ ကြုံရတဲ့ပြဿနာတွေ၊ ရက်စက်တဲ့လူ့သဘာဝတွေ လူ့အဖွဲ့အစည်းကြားက အကျည်းတန်တဲ့အမှန်တရားတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File Size : 1.7 GB, 919 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : Vader ft Riley Encoded by : Thit San Khant

6 2013
The Returned
Novitiate
6.7

Novitiate (2017) ~ IMDb – 6.7/10, RT – 86%, Meta – 73% ~ တလောတုန်းကမှ ထွက်ထားပြီး ခုထိ လူပြောသူပြောများနေတဲ့ The Substance မှာ မင်းသမီးကြီး Demi Moore နဲ့အတူ အပြိုင်ကြဲထားတဲ့ မမ Margaret Qualley ရဲ့ ကားအဟောင်းအကောင်းလေးပါ။ ကိုယ်တိုင် သူ့ကို စကြွေခဲ့ရတာကတော့ The Nice Guys မှာ ညဉ့်ငှက်မလေးအဖြစ်သရုပ်ဆောင်ခဲ့တုန်း‌ကပေါ့။ နောက်ပြီးတော့ တာရန်တီနိုရဲ့ Once Upon A Time in Hollywood မှာလည်း မှတ်မှတ်ရရ ရှိကြပါလိမ့်မယ်။ သိပ်ကိုလှပလွန်းတဲ့ မျက်ဝန်းတစ်စုံပိုင်ရှင် အလှတရားလေးပါပဲ။ “ပေးဆပ်ခြင်းမရှိတဲ့ အချစ်က အချစ်မဟုတ်ဘူး။ အကြွင်းမဲ့အချစ်ဆိုတာ အဆုံးအစွန်ပေးဆပ် စတေးရခြင်းဖြစ်တယ်” ကိုယ့်ရည်းစားက တစ်ရက်လောက် စာမပို့ဘဲ ဖုန်းမဆက်ဘဲနေရင်တောင် စိတ်ကောက်နေတတ်ကြတဲ့ မမတွေနဲ့ ဆန့်ကျင်ဖက်ပါပဲ ဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ကတ်သလင်းကတော့ တစ်ယောက်သောသူကို တစ်ဖက်သတ် တစ်ဘဝလုံးစာ ပေးဆပ်ပြီး ဥပေက္ခာပါရမီဖြည့်ရင်း ချစ်နေချင်ပါတယ်တဲ့။ သူချစ်မိတဲ့သူကတော့ ဘုရားသခင်ပါပဲ။ သူ့ရဲ့ ငယ်ရွယ်မှုအပါအဝင် တစ်ဘဝလုံးစာ စတေးပြီး ဘုရားသခင်ကို ချစ်ခွင့်ရဖို့ ဆယ်ကျော်သက်အရွယ်မှာပဲ သူ့ဆုံးဖြတ်ချက်နဲ့သူ သီလရှင်ဝတ်ဖို့ ပထမအကြိမ် သစ္စာပြုပြီး ဒုလ္လဘဝတ်လိုက်ပါတယ်။ (တစ်သက်လုံးစာ မဝတ်ခင်ဝတ်တဲ့ ယာယီသီလရှင်သဘောမျိုးပါပဲ။ မြန်မာမှာ အနီးစပ်ဆုံး စကားလုံးယူသုံးထားတာပါ။ နားလည်မှုအလွဲအမှားဖြစ်သွားရင် တောင်းပန်ပါတယ်) ကတ်သလင်းက ဘာသာရေးနဲ့ မနီးစပ်တဲ့အသိုင်းအဝိုင်းကနေ ဘုရားသခင်ကို ချစ်တဲ့စိတ်တစ်ခုတည်းနဲ့ သီလရှင်ကျောင်းကို ရောက်လာတာပါ။ သီလရှင်ကျောင်းကို ရောက်တဲ့အချိန် တင်းကြပ်လွန်းတဲ့ ပညတ်တွေနဲ့ သူ့ရဲ့စတေးမှုက ထိုက်တန်ရဲ့လားဆိုတဲ့ သံသယတွေက တိုက်စားတာကို သူဘယ်လိုရင်ဆိုင်လဲဆိုတာကို ပြပေးထားပါတယ်။ ခေတ်ကတော့ ၁၉၆၀ များက ဗာတီကန် ၂ ကိုစမိတ်ဆက်ပြီး ရိုးရာဘာသာရေးကနေ ခေတ်သစ်ဘာသာရေးကို ပြုပြင်ပြောင်းလဲနေစဉ် ကာလမှာဖြစ်ပါတယ်။ လူတစ်စုရဲ့ ဆုံးဖြတ်ချက်ကြောင့် တချို့သူတွေ အခွင့်အရေးသစ်တွေရလာပြီး တချို့သူတွေရဲ့ တစ်ဘဝလုံးစာ အချည်းနှီးဖြစ်ရတာကို ခပ်ပါးပါးလေးပြပေးသွားပါတယ်။ ခင်ဗျားတို့ဆိုရင်ရော ရယူခြင်းလုံးဝမရှိဘဲ တစ်သက်လုံးစာစတေးပြီး ချစ်နိုင်ကြမလား… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 665MB Quality – BluRay HEVC 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 2H 3Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.7 2017 123 mins
Novitiate
Yes Man
6.8

Yes Man (2008) IMDb Rating (6.8) ကျွန်တော်တို့ရဲ့ ဟာသမင်းသားကြီး Jim Carrey အဓိက ဇာတ်ဆောင်အဖြစ် ပါဝင်ထားပြီး မင်းသမီးကတော့ (500) Days of Summer ရဲ့ ဆမ်းမား တဖြစ်လဲ Zooey Deschanel က တွဲဖက်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါတယ်။ “Yes Man” ဟာ 2008 ခုနှစ်ထွက် ရိုမန်တစ်ဟာသ ဇာတ်လမ်းတစ်ခုဖြစ်ပြီး၊ ဒါရိုက်တာ Peyton Reed က ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းရေးသားတင်ဆက်သူတွေကတော့ Nicholas Stoller, Jarrad Paul, နှင့် Andrew Mogel တို့ဆိုတဲ့ ဒိတ်ဒိတ်ကြဲတွေပေါ့ဗျာ။ ဒီဇာတ်လမ်းက 2005 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဗြိတိသျှ ဟာသစာရေးဆရာ Danny Wallace ရေးသားခဲ့တဲ့စာအုပ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ Danny Wallace ကိုယ်တိုင်လည်း ဇာတ်ကားထဲမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။ ဝေဖန်သူတွေဆီက အကောင်းအဆိုး ရောထွေးတဲ့ သုံးသပ်ချက်များတွေ ရှိခဲ့ပေမဲ့ ရုပ်ရှင်ရုံမှာတော့ အောင်မြင်မှု ရရှိခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းမှ စုစုပေါင်း $223 သန်း ဝင်ငွေ ရရှိခဲ့ပါတယ်။ လူ့လောကနဲ့ ကင်းကွာနေတဲ့သူတစ်ယောက်။ အိမ်ထောင်ရေးလည်း ပြိုကွဲပြီးကာစ၊ ဘယ်သူနဲ့မှ မတွေ့ချင် မမြင်ချင် အဆက်အဆံမလုပ်ချင်ဘဲ တစ်ကိုယ်တော်လေလွင့်နေတဲ့ ဇာတ်လိုက်ကျော်ကြီး ကားလ် ဆိုတဲ့လူတစ်ယောက် ရှိခဲ့ပါတယ်။ ဒီလို ပြောရဆိုရခက်၊ လမ်းမှန်ပေါ်ဆွဲတင်ရခက်နေတဲ့သူ့ကို မိတ်ဆွေတစ်ယောက်က လူမှုရေး အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို ခေါ်သွားလိုက်တယ်။ အဲဒီ ညီလာခံရဲ့ ရည်ရွယ်ချက်က ကိုယ့်အပေါ် လူတွေ တောင်းဆိုလာတာရှိရင် ငြင်းဆန်ခွင့်မရှိ “အင်း” လို့ ပြောဖို့။ ဒီလိုနဲ့ “ဟင့်အင်း” ဆိုပြီး နေရာတကာ ငြင်းချက်ထုတ်ပြီး လူတွေနဲ့ကင်းကွာနေတဲ့ ကားလ် တစ်ယောက် သူ မဖြစ်မနေ ပေးခဲ့ရတဲ့ ကတိပဋိညာဉ်တစ်ခုကြောင့် လူတကာတောင်းဆိုသမျှ “အင်း” လိုက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ အံ့အားသင့်စရာပါပဲ။ ဒီလိုနေထိုင်နေရင်း ကားလ် အပေါ်မှာ ကောင်းတဲ့အရာတွေချည်း ဖြစ်လာပါတော့သတဲ့။ အလုပ်မှာလည်း ရာထူးတိုးရုံမက အကြီးပိုင်းအထိဖြစ်သွား။ လူမှုဝန်းကျင်မှာလည်း သတင်းကောင်းတွေ မွှေးပျံ့။ ကံမကောင်းတဲ့တစ်နေ့တော့ ကားလ် တစ်ယောက် တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုကို ဘယ်လိုမှ လက်ခံပေးလို့မရဘဲ ငြင်းလိုက်ရပါတယ်။ ဒီလိုနဲ့ ကတိပဋိညာဉ်ရဲ့ နောက်ဆက်တွဲဒဏ်ခတ်မှုကို ကားလ် တစ်ယောက် ကြုံလိုက်ရတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Comedy • Romance
6.8 2008 104 mins
Yes Man
Ten Hours
7

Ten Hours (2025) ဆယ်နာရီကြာအကန့်အသတ် IMDb 8.0/10 တစ်ချိုသောသူတွေက ရိုးစင်းလွန်းတယ်လိုခံစားရပြီး အခြေကျတာထက် စိတ်လှုပ်ရှားစေတဲ့အလုပ်ကိုပဲ လုပ်လိုကြပါတယ်ကတ်စ်ထရိုဆိုတဲ့ရဲကလည်း အဲဒီလိုလူမျိုးပါ သူက ခက်ခဲတဲ့အမှုများစွာကို ဖြေရှင်းနိုင်ခဲ့ပါတယ် ဒါပေမဲ့ သူ့လုပ်သက်တစ်လျှောက်မှာ စိန်ခေါ်မှုအရှိဆုံးပါလို သူခံစားရစေတဲ့ ဆယ်နာရီကြာဖြေရှင်းရတဲ့ အမှုတစ်ခုတော့ရှိခဲ့ပါတယ်တဲ့ တစ်ညမှာသူ့ဆီ မိဘနှစ်ဦးရောက်လာပါတယ် သူတိုသမီးလေးဟာ ပုံမှန်ပြန်ရောက်ရမယ့်အချိန်ကို အိမ်ပြန်မရောက်လာ‌သေးသလို သင်တန်းကို မေးကြည့်တော့လည်း မရောက်လာဘူး ပြောတဲ့အတွက် လူပျောက်တိုင်ချက်လာဖွင့်တာပါ ဒီလိုနဲ့သူလည်း ကောင်မလေးသင်တန်းရှိရာဆီ မေးမြန်းစုံစမ်းဖို ထွက်လာပါတော့တယ် အဲဒီနောက်မှာတော့ ညတွင်းချင်းသွားတဲ့ခရီးပေါ်က ဘက်စ်ကားမှာ လူသတ်မှုတစ်ခုဖြစ်သွားပါ‌တယ် ကတ်စ်ထရိုကတော့ ဒီအမှုနှစ်ခုဟာ ဆက်စပ်မှုရှိတယ်လို ကောက်ချက်ချမိပြီး ဘက်စ်ပေါ်က ခရီးသည်တိုင်းကို သူကိုယ်တိုင်သေချာ မေးမြန်းဖော်ထုတ်ပါတော့တယ် ဒီတော့မှသိရတာက ဘက်စ်ပေါ်ကခရီးသည်တိုင်း နောက်ကွယ်မှာ လျှိဝှက်ချက်ကိုယ်စီ ရှိနေတာပါ ဒီလိုနဲ့ ခရီးသည်တွေ လူစုမကွဲခင် သက်သေတွေမပျောက်ဆုံးခင် ကျန်ရှိတဲ့ခရီးစဉ်ကြာချိန်ဖြစ်တဲ့ ဆယ်နာရီပဲ ကတ်စ်ထရိုမှာ အချိန်ရပါတော့တယ် ခရီးသည်တွေတိုင်းဟာ လူသတ်သမားဖြစ်နေနိုင်တဲ့အ‌ခြေအနေနဲ့ ကတ်စ်ထရိုရဲ့ အမှုကိုင်တွယ်ဖြေရှင်းမှု ပြောင်‌မြောက်လွန်းပုံကို ဒီသည်းထိတ်ရင်ဖို ဒရမ်မာလေးမှာ ကြည့်ရှုအားပေး အဖြေထုတ်ကြည့်ကြရအောင်ပါ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Comedy • Romance
7 2025 118 mins
Ten Hours