YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(NZ)The.Empress.Ki.EP31.mp4

492.6 MB 720p video/mp4 315 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Cousin Vinny
7.5

နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။ သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

Drama • Romance
7.5 1992 120 mins
My Cousin Vinny
Elephant

ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။ လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.80GB, 800MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 21Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Horror
null 2003 81 mins
Elephant
Till
7.4

၀၂၂ ခုနှစ်မှာအသစ် ထွက်ရှိလာတဲ့ Rotten Tomatoes 98%, IMDb Rating 7.6 အထိ ရရှိထားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ သမိုင်းနောက်ခံပြု ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (Warning:ယခုဇာတ်ကားတွင် လူမျိုးရေးခွဲခြားတဲ့ အသုံးနှုန်းတွေ အများအပြားပါဝင်ပါတယ်။) အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်ဟာ လူမျိုးရေးခွဲခြားမှုတွေ၊ လူဖြူ ကြီးစိုးရေး အစွန်းရောက်များပြားခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်ပါတယ်။ လူဖြူတွေဟာ လူမည်းတွေကို အလွန်အမင်း ခွဲခြားဆက်ဆံခဲ့ကြပါတယ်။ လူမည်းတွေဟာ လူဖြူတွေကို မလွန်ဆန်နိုင်သလို ပြုသမျှ နုနေရတဲ့ ဘဝနဲ့နေထိုင်နေခဲ့ရပါတယ်။ လူမည်းတစ်ယောက် အသတ်ခံရရင်တောင် ဘယ်သူကမှ အဖက်လည်းမလုပ်ကြသလို ရဲတွေကပါ လျစ်လျှူရှု့ကြပါတယ်။ လူမည်းတွေအနေနဲ့ မဲပေးခွင့်ရဖို့၊ တရားရေးရာတွင် ပါဝင်ဖို့ အစရှိတဲ့ နိုင်ငံသားအခွင့်အရေးတွေ ရရှိဖို့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ National Association for the Advancement of Coloured People (NAACP) အသင်းဟာဆိုရင်လည်း တက်ကြွလှုပ်ရှားခဲ့တဲ့ အဖွဲ့တွေထဲမှာ နာမည်ကြီးတဲ့အသင်းတစ်ခုဖြစ်ခဲ့ပါတယ်။ မစ္စစ္စပီပြည်နယ်မှာ ထိုသို့ လှုပ်ရှားမှုတွေမှာပါဝင်တဲ့ နာမည်ကြီးသူလည်း မကြာခဏ လုပ်ကြံသတ်ဖြတ်ခံရသလို အသတ်ခံရတိုင်းမှာလည်း လူသတ်တရားခံကို ဖမ်းမိတယ်ဆိုတာ မရှိခဲ့ပါဘူး။ အဲလိုအဖြစ်အပျက်တွေ ကြီးစိုးနေတဲ့ ၁၉၅၅ ခုနှစ်မှာ အန်မက် ‌တေးလ်ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ချီကာဂိုမြို့ကနေ သူ့ဆွေမျိုးတွေရှိရာ မန်းနီးမြို့၊ မစ္စစ္စပီပြည်နယ်ကို အလည်အပတ်ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ အန်မက် တစ်ယောက် ကြမ္မာဆိုးငင်ချင်တော့ စတိုးဆိုင်တစ်ခုက လူဖြူမတစ်ယောက်ကို စကားပြောရင်း စနောက်မိပါတော့တယ်။ ထိုနေ့ညမှာပဲ အန်းမက်ကို လူတစ်စုကို အိမ်အတွင်း ဝင်ပြီး ဖမ်းခေါ်သွားပါတော့တယ်။ မကြာခင်မှာပဲ အန်မက်ရဲ့အလောင်းကို မြစ်တစ်ခုထဲမှာ ပြန်တွေ့ခဲ့ရပြီး အလောင်းမှာ ရစရာမရှိအောင် ရိုက်နှက်နှိပ်စက်ခံထားရပြီး ခေါင်းကို သေနတ်နဲ့ အပစ်ခံထားရတာပဲဖြစ်ပါတယ်။ အန်မက်ရဲ့ အမေဖြစ်သူ မေမီ တေးလ် မော်လီလည်း သားဖြစ်သူဆုံးရှုံးရတဲ့အတွက် ယူကြုံးမရဖြစ်ကာ သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေဖို့ ကြိုးစားပါတော့တယ်။ မေမီ့ကို ဆွေမျိုးတွေ၊ NAACP လို အဖွဲ့အစည်းတွေက ကူညီပေးခဲ့ကြပါတယ်။ ဒီလို ခွဲခြားမှုတွေ ပြည့်နှက်နေတဲ့ ပြည်နယ်တစ်ခုမှာ မေမီတစ်ယောက် သားဖြစ်သူအတွက် တရားမျှတမှု ရှာဖွေပေးနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှု့စားလိုက်ပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, History Quality…. 1080p | 720p | 480p File size… 1.4GB | 802MB | 427MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Leonard Lin Encoder ..... August

Drama • Fantasy
7.4 2022 131 mins
Till
Coco
8.2

ဂီတကို ရူးသွပ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆိုတဲ့(၁၂)နှစ်အရွယ်ကောင်လေးတစ်ယောက် ဂီတနဲ့ပတ်သက်လို့မိသားစုရဲ့ တားမြစ်ချက်ကို ဆန့်ကျင်ပြီး ဝါသနာပါရာ ဂီတအတွက်စွန့်စားတဲ့အကြောင်း ဇာတ်အိမ်ဖွဲ့ထားတာပါ။အင်မယ်ဒါရစ်ဗာရာဟာ ဂီတပညာရှင်တစ်ယောက်ရဲ့ဇနီးဖြစ်ပြီး ခင်ပွန်းဖြစ်သူက မိသားစုထက် ဂီတကို ရွေးချယ်ခဲ့ တာကြောင့် အင်မယ်ဒါဟာ ဂီတကိုစိတ်နာခဲ့ပြီးသမီးဖြစ်သူ ကိုကိုကိုလည်း ဂီတနှင့်ခပ်ကင်းကင်းနေဖို့တားမြစ်ခဲ့ပါတယ်။ အဲဒီနောက် အင်မယ်ဒါဟာ မိသားစုစီးပွားရေးအဖြစ်ဖိနပ် ချုပ်လုပ်ငန်းလုပ်ပြီး နေထိုင်ပါတယ်။အင်မယ်ဒါတစ်ယောက် မျိုးရိုးစဉ်ဆက်တစ်လျှောက် ဂီတကို ဘယ်လိုပဲတားမြစ်ထားပါစေ ဂီတပိုးကသူ့ရဲ့မြစ်ဖြစ်တဲ့ မစ်ဂဲလ်ရစ်ဗာရာဆီမှာ ပေါ်လာခဲ့ပါတယ်။မစ်ဂဲလ်ဟာ ဟိုးတုန်းက နာမည်ကျော်ဂီတပညာရှင် အာနက်စ်တိုဒီလာခရုဇ်ကို လေးစား အားကျပြီးသူ့လိုမျိုးဖြစ်ဖို့ စိတ် ကူးအိပ်မက်တွေနဲ့ပါ။ဒီလိုနဲ့ ဂီတပိုးရှိနေတဲ့ မစ်ဂဲလ်လေးဟာသူ့အဘွားရဲ့ မိသားစုဓာတ်ပုံကို ရှာတွေ့ပြီးနောက်မှာတော့ ဂီတနဲ့ သူ့မိသားစုကြားမှာ ကြီးမားတဲ့ဆက်စပ်မှုတစ်ခုရှိတယ်ဆိုတာသိသွားခဲ့ပါတော့တယ်။တစ်ရက်မှာတော့ မက္ကဆီ ကန်အထိမ်းအမှတ်ပွဲတစ်ခုဖြစ် တဲ့ သေသူအတွက် မိသားစုဝင် တွေ ရည်မှန်းဆုတောင်းတဲ့ပွဲမှာမစ်ဂဲလ်ဟာ ဂီတာစွမ်းရည်ပြသ ဖို့ လုပ်ထားပေမယ့်သူ့အဘွားက ဂီတာကို ဖျက်ဆီးပြီး တားဆီးပါ တယ်။ အဲဒီနောက်မှာတော့ မစ် ဂဲလ်ဟာ အာနက်စ်တိုရဲ့မျိုးဆက်ဆိုတာ သိသွားပြီးနောက်မှာတော့ သူ့အဘိုးဖြစ်တဲ့ အာနက်စ်တိုရဲ့ ဂီတာနဲ့ ပြိုင်ပွဲဝင်ဖို့ဆုံးဖြတ်ပြီး အာနက်စ်တိုရဲ့ဂူမှာ ဂီတာသွား ယူပါတော့တယ်။ သူ့အဘိုးရဲ့ ဂီတာကို တီးလိုက်ပြီးနောက်မှာ တော့မစ်ဂဲလ်ဟာ သက်ရှိလူသား တွေကို မတွေ့ရတော့ဘဲသေပြီး သားလူတွေကိုပဲ တွေ့ရတဲ့ပုံစံမျိုး ဖြစ်သွားခဲ့ပါတယ်။ သေသူတွေနေတဲ့မြို့ (Land of Dead) မှာမစ်ဂဲလ်တစ်ယောက်ကွယ်လွန်သွားပြီဖြစ်တဲ့သူ့မိသား စုဝင်တွေနဲ့ ဆုံခဲ့သလို ဒန်တီဆိုတဲ့ ခွေးကလေးနဲ့အတူ သူ့အဘိုးအာ နက်စ်တိုကိုလိုက်ရှာပြီး သက်ရှိ လူသားတစ်ယောက်ပြန်ဖြစ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။မစ်ဂဲလ်တစ်ယောက် သေ သူတွေနေတဲ့မြို့မှာ ဘာတွေရင် ဆိုင်ရမှာလဲ။ သူအားကျနေရတဲ့ အဘိုးရဲ့လျှို့ဝှက်ချက်ကို သိသွားပြီးနောက်မှာဘာတွေဆက်ဖြစ် မလဲဆိုတာတော့.... ။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) Translated by Little Neo Encoded by Thit San Khant

Crime • Drama
8.2 2017 105 mins
Coco
Rocketman
7.3

ဒီရုပ်ရှင်ကတော့ Bohemian Rhapsody လိုပဲ ကမ္ဘာကျော် အဆိုတော်တစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်မှာပါ။ သရုပ်ဆောင်ကတော့ Kingsman ရဲ့ မင်းသားTaron Egerton ဖြစ်နေတာ တိုက်ဆိုင်တာပါပဲ။ Kingsman ရုပ်ရှင်ထဲမှာ အယ်လ်တန်ဂျွန်ပါခဲ့တာကိုး။ သူ့နာမည်ကတော့ အယ်လ်တန် ဂျွန်ပါ။ လူအများကြားဖူးကြမယ်ထင်ပါတယ်။ အပြည့်အစုံဆိုရင်တော့ ဆာ အယ်လ်တန် ဟာကျူလီ ဂျွန် ဖြစ်ပါတယ်။ သူဟာ အမေရိကရဲ့ ရော့ခ်ဂီတသမိုင်းမှာ အအောင်မြင်ဆုံး တစ်ကိုယ်တော်ဂီတသမားဖြစ်ပြီး ကမ္ဘာ့ဂီတသမိုင်းမှာ တတိယမြောက် အအောင်မြင်ဆုံး ဖြစ်ပါတယ်။ သူ့ရှေ့မှာ မက်ဒေါနား နဲ့ ဘီတယ်စ် ပဲ ရှိပါတော့တယ်။ (မကြာခင် ဘီတယ်စ်ရဲ့အကြောင်းဖြစ်တဲ့ Yesterday ရုပ်ရှင်လည်း ရုံတင်တော့မှာပါ) အယ်လ်တန်ဟာ ဂရမ်မီဆု 5ကြိမ်ရရှိခဲ့ပြီး အခြားသော ဆုကြီးတွေလည်း အများအပြားကို ရရှိခဲ့တာပါ။ Gold album 26 ခု၊ ပလက်တီနမ် နဲ့ မာလ်တိုင်ပလက်တီနမ် ၃၈ ခု၊ ဒိုင်းမွန်း တစ်ခု ရရှိဖူးပြီး ကမ္ဘာ့အခွေရောင်းရမှုအရေအတွက် သန်း ၃၀၀ ကျော်ရှိပါတယ်။ ဒီရုပ်ရှင်မှာတော့ သူ့ရဲ့ ငယ်ဘဝ၊ အောင်မြင်အောင် ရုန်းကန်ရပုံ၊ အောင်မြင်ပြီးနောက် ထုံးစံအတိုင်းခံစားရတဲ့ အောင်မြင်မှုဒဏ်တွေ၊ အထီးကျန်မှုတွေ၊ ဆေးနဲ့အရက်ပြဿနာတွေ၊ လိင်ကိစ္စအရှုပ်အရှင်းတွေ ကနေ ရုန်းထွက်ပြီး သာယာတဲ့ ဘဝကို တည်ဆောက်နိုင်ခဲ့ပုံအထိ ပြထားတာပါပဲ။ သူက ဖရက်ဒီမာကျူရီထက်တော့ ကံကောင်းခဲ့တယ်ပဲ ပြောလို့ရမလား မသိပါဘူး။ ဂီတရုပ်ရှင် ကြိုက်သူတွေအတွက်တော့ သီချင်းတွေနဲ့တင် တန်လှပါပြီလို့ ပြောရမှာပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်...

Comedy
7.3 2019 121 mins
Rocketman
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
xXx
5.9

XXX ဆိုလို့ 18+ မထင်လိုက်ပါနဲ့ ….2002ခုနှစ်မှာ နာမည်ကြီးခဲ့တဲ့ Vin Diesel ရဲ့အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ 2002 မှာ အောင်မြင်ခဲ့ပြီး 2005 မှာ xXx-2 ကို မင်းသားပြောင်းလဲရိုက်ကူးခဲ့သလို ၂၀၁၇ မှာ Vin Diesel ပြန်ပါဝင်တဲ့ xXx-3 ကိုလဲ ထပ်မံရိုက်ကူးခဲ့ပါတယ်။ ၃ ကားလုံးက အက်ရှင်ကြမ်းကြမ်းတွေ စတန့်လန်းလန်းတွေကြောင့် နာမည်ကြီးပါတယ်။ X လို့ စတန့်လောကမှာ နာမည်တွင်နေတဲ့ X(vin diesel)ဟာ အစိုးရအရာရှိတစ်ဦးရဲ့ ကားကိုခိုးယူပြီး တံတားပေါ်ကနေခုန်ချပြခဲ့တာကြောင့် ရဲတွေရဲ့ဖမ်းဆီးထိန်းယူခြင်းခံရပါတယ်၊ တစ်ချိန်တည်းမှာပဲ အစိုးရအကြမ်းဖက်ဖမ်းဆီးနှိမ်နှင်းရေး အဖွဲ့ဟာလည်း မှောင်ခိုးသမားတွေကိုဖမ်းယူဖို့ကြိုးစားတိုင်း သူတို့ရဲ့ အေးဂျင့်တွေသာ အသက်ပေးလိုက်ရတဲ့အဖြစ်ကြောင့် အကြံအစီတစ်ခုအဖြစ် ဖမ်းဆီးထားတဲ့လူတွေထဲကမှ ထူးချွန်သူများကိုပြန်လည်ရွေးချယ်ပြီး အခွင့်ရေးတစ်ချို့နဲ့ အလဲအလှယ်လုပ်ကာ မှောင်ခိုသမားတွေကိုပြန်လည်ဖမ်းဆီးစေပါတယ်…ဒီလိုနဲ့ X တစ်ယောက် နိုင်ငံတော်ကြီးအတွက် ဘယ်လိုတွေစွန့်စားမလဲဆိုတာ…။ File size…(2.3 GB)/(1 GB) Quality…BluRay Remastered HEVC 1080p / 720p Format…mkv/mp4 Duration….02:04:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Wai Yan Maung

Action • Adventure • Science Fiction • Thriller
5.9 2002 124 mins
xXx
Devil Beneath

Devil Beneath (2023) ဒီကားလေးက​တော့ 2023 မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အ​မေတူအ​ဖေကွဲ ညီအစ်ကိုနှစ်​ယောက် သူတို့အဖိုးရဲ့​သေတမ်းစာကြောင့် ပြန်လည်ဆုံစည်းခဲ့ကြပြီး အိမ်မှာ သူငယ်ချင်း​တွေ စကီ​တွေ​ခေါ်ကဲ​နေတုန်း သူငယ်ချင်း​တွေ ​သွေးရိုးသားရိုးမဟုတ်ပဲ ​ပျောက်သွားလို့ လိုက်ရှာခဲ့တဲ့အခါ ဘာ​တွေပြန်​တွေ့ရမလဲ… သူတို့အဖိုးက​​​ရော ဘယ်လို​သေသွားတာလဲ… သူ့သူငယ်ချင်း​တွေ ​ပျောက်သွားတာက​ရော ပြန်​ပေးဆွဲတာပဲလား… တစ်ခုခုပြုစားမှု​ကြောင့်လား… စတဲ့​ နောက်ကွယ်က ဖြစ်ရပ်​တွေကို ရင်တလှပ်လှပ်နဲ့ရိုက်ပြထားတဲ့ကား​လေးတစ်ကားပါ။ အဲဒါအပြင် နစ်ခ်နဲ့ ထရစ်ဆန်ကြားက ညီအစ်ကို ​မေတ္တာကိုလည်း ထည့်သွင်းရိုက်ပြထားတာ​ကြောင့် ​နွေး​နွေး​ထွေး​ထွေး​လေးနဲ့ လန့်လန့်​လေးကြည့်ရမယ့် ကား​လေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 860MB Quality – 1080p, 720p Format – mp4 Duration – 1H 26Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023 90 mins
Devil Beneath
Curious Caterer: Dying for Chocolate
6.4

Curious Caterer:Dying for chocolate ဆိုတဲ့ကားလေးကတော့ 2022မှာထွက်ရှိထားပြီး Crime ,Mystery အမျိုးအစားလေးဖြစ်ပါတယ်။ ဂိုးဒီဘယ်ရီဆိုတဲ့ အမျိုးသမီးက ဧည့်ခံပွဲတွေအတွက်အစားအသောက်တွေ တည်ခင်းဧည့်ခံပေးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မတော်တဆမှုမဟုတ်ဘဲ ကြံစည်မှုတစ်ခုဖြစ်နေပြီး သူမသူငယ်ချင်းဖြစ်သူဟာအသတ်ခံလိုက်ရတာလို့သိလိုက်ရတဲ့အချိန် အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်သူနဲ့အတူ သူမကိုယ်တိုင်အမှု့ကို ပါဝင်စုံစမ်းပါတော့တယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

Drama • Comedy
6.4 2022
Curious Caterer: Dying for Chocolate
Dust and Ashes
2.9

Dust and Ashes (2023) “ဘဝရဲ့မီုးခိုးငွေ့များ” ဘဝဆိုတာ ရုန်းကန်နေရသူအဖို့ ပြဿနာ အစိုင်အခဲကြီး ဆိုပေမဲ့ အဆုံးသတ်သွားတဲ့လူကတော့ မီးသင်္ဂြုလ်ပြာချပြီးတဲ့အချိန်မှာ ပြာမှုန်တွေပဲ ချန်ခဲ့ပါတယ်။ ကျန်ခဲ့တဲ့ပြာမှုန်တွေကို ပိုက်ထွေးပြီး သူထားရစ်ခဲ့တဲ့တဲ့ အခိုးအငွေ့တွေကို ရှင်သန်ရတဲ့လေအဖြစ် ရှူရှိုက်အသုံးချနိုင်ဖို့ ကျန်ရစ်သူတွေက ကြိုးစားရပါတယ်။ ဒီဇာတ်ကားမှာတော့ အဓိက ဇာတ်ကောင်အမျိုးသမီး ဟယ်ဆူးက မိသားစုအတွက် အလုပ်မျိုးစုံလုပ်ပြီး တစ်နေကုန် ရုန်းကန်လှုပ်ရှားနေရသူပါ။ တစ်နေ့မှာတော့ သူမရဲ့မိခင်ဖြစ်သူက ဆွဲကြိုးချပြီး သတ်သေသွားခဲ့ပါတယ်။ အမေဖြစ်သူထားခဲ့တဲ့ အသက်အာမခံကြေး ရရှိဖို့ စုံစမ်းသူ နဲ့ အာမခံကုမ္ပဏီကြား သူ ဘာတွေ လှုပ်ရှားရတယ်ဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ SanDaKuu ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.2GB | 522MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. SanDaKuu Encoder ….. Aaron

2.9 2022
Dust and Ashes
Let Me Have My Son
7.3

(function(f,b,n,j,x,e){})(); ဒီဇာတ်ကားကတော့ 2023ကမှထွက်ထားပြီး ဖြစ်ရပ်မှန်အကြောင်းရိုက်ထားတဲ့ Dramaကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့ သားအတွက် စိတ်မချနိုင်ဘဲ စိတ်သောကရောက်နေရရှာတဲ့ အဖေတစ်ယောက်အကြောင်းကို အဓိကထားပြီး ရိုက်ကူးပြထားတာပါ။ ဇာတ်လမ်းအညွှန်းကတော့ အငြိမ်းစားတစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဟာ စိတ်ကျန်းမာရေးဆေးရုံကိုရောက်နေတဲ့သားနဲ့ အရမ်းတွေ့ချင်နေသူပါ။ သူ့ဆန္ဒတွေပြည့်ဝတဲ့ တစ်ရက်မှာတော့ ထိုဆေးရုံကနေ ဘင်ဂျမင်ဆီကို ဖုန်းဆက်လာပါတယ်။ ထိုသို့ဖုန်းဆက်တာဟာ သူ့သားနဲ့တွေ့ပေးဖို့တင်မဟုတ်ပဲ သူ့သားက ဆေးရုံကဆင်းခွင့်ရပြီဖြစ်ကြောင်း၊ အိမ်ကိုပြန်ခေါ်သွားလို့ရပြီဖြစ်ကြောင်းဖုန်းဆက်တာပါ။ ဒီတော့ ဘင်ဂျမင်ဟာ အပျော်လွန်ပြီး ချက်ခြင်းပဲ စိတ်ကျန်းမာရေးဆေးရုံကိုထွက်လာပါတော့တယ်။ ဒါပေမဲ့ ဆေးရုံကိုရောက်တော့ သူ့သားကို လုံးဝရှာလို့မတွေ့ဘဲ ဘယ်ပျောက်လို့ပျောက်မှန်းမသိ ပျောက်သွားပါတယ်။ ဆေးရုံကလူတွေတောင် သူ့သားဘယ်ပျောက်သွားလဲဆိုတာကို လုံးဝမသိကြပါဘူး။ အဲဒီလိုနဲ့ သူဟာ သူ့သားကိုပြန်ရှာလို့တွေ့မှာလား? သူ့ကိုဖုန်းဆက်တာကရော တကယ့်ဆေးရုံကဆက်တာဟုတ်ရဲ့လားဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(1.7 GB)/(940 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

7.3 2023 120 mins
Let Me Have My Son
The Village
5.8

The Village (2023) ~ MyDramaList – 7.1/10 ~ ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ရင်း သူတိုနှစ်ယောက်ဆက်ဆံရေးက သူတို့ကိုယ်တိုင်နဲ့ ကာမွန်ရွာတစ်ရွာလုံးကို ဘယ်လိုဖြစ်စေမလဲဆိုတာ ပိတ်ကားထက်မှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ The Village (2023) ကို ဒါရိုက်တာ Michihito Fujii က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Michihito Fujii ဆိုတာ Hard Days (2023), The Last 10 Years (2022), The Journalist (2019), The Journalist (2022 – Netflix Series) စတဲ့ ဇာတ်ကား၊ စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ ကာတယာမယူ နေရာမှာ သရုပ်ဆောင်တဲ့သူက Usogui (2022), Akira and Akira (2022), Your Eyes Tell (2020) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ryusei Yokohama ဖြစ်ပြီး နာကာအီမီဆာကီနေရာမှာတော့ Kyrie no Uta (2023), It Comes (2018), The Bride of Rip Van Winkle (2016) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Haru Kuroki ဖြစ်ပါတယ်။ Wataru Ichinose, Shido Nakamura (Monster ထဲက Yori လေးရဲ့အဖေ), Furuta Arata တို့လို ဝါရင့်သရုပ်ဆောင်တွေလည်းပါကြပါတယ်။ The Village ထဲမှာပါတဲ့ နိုပြဇာတ် (Noh Theatre) ဆိုတာ နာမည်ကျော်ဂျပန်ရိုးရာပြဇာတ်တွေထဲက ပြဇာတ်အမျိုးအစားတစ်ခုဖြစ်တယ်။ နိုပြဇာတ်ကဘယ်လိုပြဇာတ်မျိုးလဲ၊ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေလဲ၊ ကာမွန်ရွာကို ဘယ်လိုအကျိုးပြုသလဲဆိုတာ ပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုသူအပေါ်လိုက်ပြီး Suspense, Thriller အပြင် တစ်ခြားခံစားချက်တွေပါရပြီး ဇာတ်ကားပြီးသွားရင်တော့ ဘယ်လိုကြီးမှန်းမသိဆိုပြီး ရင်ထဲဖြစ်ကျန်ခဲ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 890MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 2H Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

5.8 2023 120 mins
The Village
The Volunteers: To the War The Great War
6

စစ်ရယ်လို့ဖြစ်လာရင် နှစ်ဖက်လုံးကတော့ အဆုံးအရှုံး အသေအကြေ ကြုံကြရစမြဲပဲ…. ဒီလိုပဲ စစ်မြေပြင်ပေါ်မှာ တိုက်ခိုက်နေသူတွေတောင် မျက်စိတစ်ဆုံးမြင်ရတဲ့အရာအပြင် ပိုမသိနိုင်ကြပါဘူး… ဒါကြောင့်လည်း သမိုင်းဆိုတဲ့ မှတ်တမ်းချင်းတူပေမယ့်… ရေသားထားတဲ့ အကြောင်းအရာတွေမတူညီကြတာပဲ.. ဒီလို သမိုင်းမှတ်တမ်းချင်းမတူညီတဲ့ထဲမှာ ၁၉၅၀-၅၃ ကြားဖြစ်ပွားခဲ့တဲ့ တောင်-မြောက်ကိုရီးယားစစ်ပွဲအကြား တရုတ်နဲ့ အမေရိကန် အားဖြည့်ကူညီတိုက်ခိုက်ရင်း တရုတ်-အမေရိကန်ကြား ဖြစ်ခဲ့တဲ့ ကာလရှည်တိုက်ပွဲလည်းပါဝင်နေပါသေးတယ်… သမိုင်းထက်မှာရော၊ တောင်-မြောက်ကိုရီးယားသမိုင်းကြောင်းမှာရော၊ ကမ္ဘာကုလသမဂ္ဂမှတ်တမ်းမှာရော အသီးသီးရေးသားမှတ်တမ်းတင်ထားသလို.. တရုတ်နိုင်ငံမှတ်တမ်းမှာလည်း သူတို့ရှုထောင့်က တစ်မျိုးတစ်ဖုံ မှတ်တမ်းတင်ထားပါသေးတယ်… ဒီမှတ်တမ်းကို ချန်ခိုင်ခယ် ဒါရိုက်တာကြီးက The Volunteers: To the War (2023) The Great War ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားတာပဲဖြစ်ပါတယ်… အင်အားမမျှတဲ့ စစ်မြေပြင်မှာမှ…တရုတ်နိုင်ငံကို ထိုင်ခုံနေရာမပေးဘဲ ကမ္ဘာကုလသမဂ္ဂအစည်းအဝေးမှာ သဘောတူညီချက်တွေ လက်မှတ်ထိုးရေးဆွဲပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်တပ်ပြီး ဘက်မမျှတဲ့စစ်ပွဲဖြစ်နေခဲ့တာကြောင့်… မော်စီတုန်း တစ်ယောက်ဟာ မြေပြင်မှာ အားကိုးရတဲ့ ကြယ်နီတပ်သားတွေကို စေလွှတ်ခဲ့ပြီး… ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုတဲ့ နေရာတစ်နေရာရဖို့လည်း ကြိုးစားခဲ့ရပါသေးတယ်… တခြားစစ်ပွဲတွေနဲ့မတူညီတာကတော့… စစ်ပွဲရယ်လို့ဖြစ်လာရင် နိုင်ငံခေါင်းဆောင်နဲ့ သားသမီးတွေက စစ်မြေပြင်မှာ ရှေ့တန်းဆင်းတိုက်ခိုက်တာတို့ ကျရှုံးတာတို့မြင်ခဲတယ်ဆိုပေမယ့်… သမိုင်းမှတ်တမ်းအခြေခံရိုက်ကူးထားတဲ့ ဒီကားထဲမှာတော့… မော်စီတုန်းရဲ့ သားကြီးကိုယ်တိုင် ရှေ့တန်းဝင်ခဲ့ပြီး လေယာဉ်ဗုံးမှန်သေခဲ့တာကိုပါ ရိုက်ပြထားခဲ့ပါတယ်… သမိုင်းဆိုတာ ရေးသူရဲ့ ရှုထောင့်အတိုင်းဖြစ်ပြီး… ဇာတ်လမ်းဆိုတာလည်း ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာတို့ အလိုအတိုင်း ရိုက်ထားတာမို့…. တရုတ်ဖက်က ရိုက်ပြထားတာက တကယ်ဟုတ်မဟုတ်ဆိုတာတော့ ကိုယ်တိုင်ပဲ သမိုင်းကြောင်းရှာပြီး မှန်မမှန်စီစစ်နိုင်ဖို့ CM မှာ အတူကြည့်လိုက်ကြစို့… ဒုတိယမြောက်ကားလဲရှိသေးပြီး ဒီလင့်မှာကြည့်ရှုနိုင်ပါတယ်

6 2023
The Volunteers: To the War The Great War
The Croods
7.2

The Croods (2013) IMDb Rating (7.1) / Rotten Tomatoes (71%) Croods 2 ထွက်တော့မှာဆိုတော့ Croods ကို ပြန်နွေးတဲ့ အနေနဲ့ ကြည့်မိတယ်။ ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးကသူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီးသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့။ ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီးမီးကို စတင် ဖန်တီးပြတော့တာပဲဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ်။ သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်။ ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ။ ဒီဇာတ်လမ်းမှာ ဘာတွေ တွေ့ရလဲ ဆိုတော့ မိသားစု စိတ်ဓါတ်ရယ် အဖေတစ်ယောက် ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေ အပြင် အသက်ရှင်နေထိုင်ဖို့ ဘာက အရေးကြီးလဲ ဆိုတဲ့ သော့ချက်ကိုပြသွားတာ အကြိုက်ဆုံးပါပဲ။ ကျနော် ရုပ်ရှင်တွေ ကြည့်ဖြစ်ရင် ဒီရုပ်ရှင်က ဘာပေးလဲ ဆိုတဲ့ဟာကို ရှာမနေပဲ စိတ်အပန်းဖြေဖို့ အတွက်ပဲ ကြည့်လေ့ ရှိပါတယ်။ ဒီ Croods ကတော့ စိတ်အပန်းဖြေဖို့ အပြင် လူရဲ့ စိတ်အဟာရကိုဖြည့်ဆည်းပေးလို့ ကလေးရော လူကြီးပါ ကြည့်သင့်ပါတယ်။ (ရုပ်ရှင်ကားကို Esher Van Sui Par က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Review ရေးပေးထားပါတယ်။) File size…(5.5 GB) / (1.7 GB) / (1.1 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Animation,Family Duration….01:38:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Esther Van Sui Par

7.2 2013 98 mins
The Croods