YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Now You See Me Now You Dont (2025) 4K 2160p HEVC WEB-DL [RMC].mkv

5.47 GB N/A video/x-matroska 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ivanna
4.6

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ အင်ဒိုနီးရှားသရဲကားလေးပါ။ အင်ဒိုနီးရှားနိုင်ငံမှာ 2022 ခုနှစ်အတွင်း စတုတ္ထမြောက် ဝင်ငွေအများဆုံးရခဲ့တဲ့ဇာတ်ကားလို့လည်း သိရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ Amber နဲ့ Dika တို့မောင်နှမက မိဘတွေဆုံးသွားတဲ့နောက်မှာ သူ့မိဘတွေရဲ့မိတ်ဆွေ အဒေါ် Wati တို့နဲ့ ဂေဟာမှာ လာနေကြပါတယ်။ Amber က မျက်လုံးခွဲစိတ်ပြီးနောက်ပိုင်းမှာ တခြားသူတွေမမြင်နိုင်တဲ့အရာတွေကို မြင်နိုင်စွမ်းရှိနေတဲ့သူပါ။ သူတို့သွားနေတဲ့ ဂေဟာကတော့ ဟိုးအရင် အင်ဒိုနီးရှားနိုင်ငံကို အင်္ဂလိပ်တွေ အုပ်စိုးတဲ့အချိန်တုန်းက ဒတ်ချ်လူမျိုးမိသားစု နေခဲ့တဲ့နေရာပါ။ အင်ဒိုနီးရှားနိုင်ငံကို ဂျပန်တွေ လာသိမ်းတဲ့အချိန်မှာတော့ အဲဒီအိမ်မှာပဲ ဒတ်ချ်အမျိုးသမီးတစ်ယောက် ရက်ရက်စက်စက်ခေါင်းဖြတ်ပြီး အသတ်ခံထားရပါတယ်။ သူတို့ရောက်သွားတဲ့အချိန်မှာမှ အဲဒီအမျိုးသမီးရဲ့ဝိညာဉ်က အကြောင်းတိုက်ဆိုင်ပြီး ပေါ်လာတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှုလိုက်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre.....Horrr, Thriller Quality…. 1080p | 720p | 480p File size…1.2GB | 550MB | 277MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Crime • Drama • Thriller
4.6 2022 103 mins
Ivanna
The Delta Force

The Delta Force (1986) 1985 တုန်းက လေယာဉ်ပြန်ပေးဆွဲခံခဲ့ရတဲ့ တကယ့်ဖြစ်ရပ်မှန်ကို Reference ယူပြီး ရိုက်ထားတဲ့ 1986 က ​ကားဟောင်းလေးပါ။ Delta Force Trilogy ထဲက ပထမဆုံးကားဖြစ်ပါတယ်။ အမေရိကန် ဖိုက်တာကြီး Chuck Norris ပါဝင်သရုပ်ဆောင်ထားတာမို့ အပစ်အခတ် ​အကြမ်းစားတွေ သေချာပေါက်တွေ့ရမှာပါ။ ဇာတ်လမ်းကတော့… အကြမ်းဖက်သမားနှစ်ယောက် အဒူရာဖိုင်းနဲ့ မူစတာဖာတို့က အေသင်ကနေ ရောမ နယူးယောက်ကိုသွားမယ့် လေယာဉ်ကို ပြန်ပေးဆွဲသွားပြီး ဘဲရု လက်ဘနွန်ကို ပျံခိုင်းလိုက်တယ်။ အမေရိကန် ဒယ်တာတပ်ဖွဲ့က ကာနယ်နဲ့ မေဂျာစကော့တို့ ဦးဆောင်ပြီး ဓားစာခံတွေကိုကယ်တင်ဖို့ တာဝန်ကျလာတယ်။ အဒူရာဖိုင်းက ခရီးသည် ၁၄၄ ယောက်ထဲက ဂျူးတွေနဲ့ မရိန်းတပ်သားတွေကို ခွဲထုတ်ပြီး ဘဲရုမှာထားခဲ့ပြီးတော့ သူတို့အစား အကြမ်းဖက်သမားအဖော်တွေခေါ်တင်လာတယ်။ အယ်ဂျီးရီးယားကို ဆက်ပျံလာပြီး ဓားစာခံမိန်းကလေးတွေကို လွှတ်ပေးမယ်ဆိုတော့ ဒယ်တာတပ်ဖွဲ့က အကြမ်းဖက်သမား ၂ယောက်ပဲပါတယ်ဆိုပြီး အလစ်ဝင်တိုက်ဖို့လုပ်ပေမယ့် ၁၄ယောက် ဖြစ်နေတာသိသွားတော့ မစ်ရှင်ဖျက်လိုက်ရတယ်။ အကြမ်းဖက်သမားတွေက မရိန်းတပ်သား တစ်ယောက်ကို သတ်လိုက်ပြီးတော့ အမျိုးသား ခရီးသည်တွေနဲ့ ဘဲရုကိုပြန်သွားတယ်။ ဆိုတော့ ဒယ်တာတပ်ဖွဲ့အနေနဲ့ ဓားစာခံတွေကိုကယ်တင်ဖို့ အကြမ်းဖက်သမားတွေအပြည့်နဲ့ နေရာ ၂ခုကို ခွဲတိုက်ရဖို့ ဖြစ်လာတယ်.. ဘယ်နားမှာထားထားမှန်းမသိတဲ့ ဓားစာခံတွေကို သူတို့ဘယ်လိုရှာဖွေမလဲ… အားလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်မှာလားဆိုတာကတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 950MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 2H 5Min Genre – Action, Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Drama
0 1986
The Delta Force
No Bears
7.3

No Bears (2022) ~ IMDb – 7.3/10, Rotten Tomatoes – 99% ~ ဒီကားက​တော့ 2022 မှာထွက်ရှိထားပြီး စုံတွဲနှစ်တွဲကြားက အချစ်​အတွက်ရုန်းကန်ရတာ​တွေကို ရိုက်ပြထားတဲ့ ဒရာမာဇာတ်ကား No Bears ပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်​က​တော့ ပါဝင်သရုပ်​ဆောင်တဲ့ ဇာတ်​ဆောင် Pahani ကိုယ်တိုင် ဒါရိုက်တာလုပ် ဇာတ်ညွှန်း​ရေးထားတာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ရွာရဲ့ရိုးရာအရ မိမိချက်ကြိုး​ပေါ်မှာ ​ရေးထိုးထားတဲ့ ​​​ယောက်ျားလေးနာမည်နဲ့သာလက်ထပ်ရမှာဖြစ်တဲ့ ဂျူဇယ်တစ်​ယောက် တခြား​ယောကျာ်း​လေးအ​ပေါ် ​ချစ်မိသွားတဲ့အလာ… တစ်ဖက်မှာ​တော့ ဆိုးဝါးခက်ခဲလှတဲ့ဘဝက​နေလွတ်​မြောက်ဖို့ နယ်​စပ်က​​နေအကြိမ်ကြိမ် ကြိုးစား​ပေမဲ့ တဖက်နိုင်ငံကိုမ​ရောက်ဘဲ တစ်​နေ့ ပတ်စ်ပို့အတု​တွေနဲ့ နိုင်ငံခြားသွားဖို့ အခွင့်အ​ရေးရလာ​ပေမဲ့ တစ်​ယောက်တည်းသာ သွားရမယ်မှန်း ဇာရာသိသွားတဲ့အခါ… မတူညီတဲ့ ​နေရာ​ဒေသ၊ မတူညီတဲ့ ဘဝဖြတ်သန်းမှု​တွေရှိ​နေ​ပေမယ့် တူညီတဲ့အချစ်​ရေးကိစ္စ​တွေရှိ​နေတဲ့ စုံတွဲနှစ်တွဲကို တစ်လှည့်စီ စိတ်ဝင်စားစရာ​ကောင်း​အောင် ရိုက်ပြထားတဲ့ ဒရာမာကား​ကောင်း​​​ပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 860MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7.3 2022 107 mins
No Bears
The Untamed
6.1

ဒီဇာတ်ကားဟာ ၂၀၁၆ခုနှစ်ထွက် မက္ကဆီကန် Thriller, horror အမျိုးအစားဖြစ်ပြီး IMDb 6.1နဲ့ RTမှာ87%ထိ ရထားပါတယ်။ အိမ်​ထောင်​​​ရေးသုခ မပြည့်စုံတဲ့ လင်မယား၂​ယောက်၊ ခင်ပွန်း ဖြစ်သူက ​​ဂေးဖြစ်တဲ့ယောက်ဖနဲ့ ဖောက်ပြန်​နေချိန် ဗာရိုနီကာလို့ ​ခေါ်တဲ့ မိန်းက​လေးတစ်​ယောက်က သူတို့ကြားကို ဝင်လာချိန်က စပြီး ပြဿနာ​တွေမျိုးစုံ ဖြစ်လာပါ​တော့တယ်။ ဗာရိုနီကာက ​တောတွင်းတစ်​နေရာက သစ်လုံးအိမ်ထဲမှာ ​နေသူ ဖြစ်ပြီး ထိုအိမ်ထဲမှာ​ လျှို့ဝှက်ချက်တစ်ခုရှိ​နေပါတယ်။ အစမှာ ​ မောင်ဖြစ်သူ ​ဖေဘီယန်ကို ​အဲဒီကိုခေါ်သွားပြီး ကိုမာ​​ရောဂါရပြီး ​ဆေးရုံတက်ရတဲ့ထိ ဖြစ်သွားသလို ​နောက်ပိုင်းမှာ အစ်မဖြစ်တဲ့ အလက်ဂျန်ဒရာကိုပါ ထိုအိမ်ကို​​ခေါ်သွားခဲ့တာပါ။ ထိုအိမ်ထဲမှာ ရှိတဲ့အရာက ဘယ်လိုအရာမျိုး ဖြစ်​နေမလဲ။ ဘယ်လိုပြဿနာ ​တွေကို ဇာတ်လိုက်မိသားစု​၃​​ယောက်ကြား ယူ​ဆောင်လာမလဲ ဆိုတာ thrillerဆန်ဆန် ကြည့်ရှူရမှာပါ။ File size…1.69GB / 791MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.1 2016 98 mins
The Untamed
The Four Feathers
6.5

The Four Feathers (2002) ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့… ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth… နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age… သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ကြည့်လို့လည်းတန်နေသေးတယ်။ အက်ရှင်ခန်းတွေ စွန့်စားခန်းအခန်းတွေလည်း ပါသင့်သလောက်ပါတာဆိုတော့ အက်ရှင်ပရိသတ်တွေအတွက်လည်း အဆင်ပြေလိမ့်မယ်။ Heath Ledger ရိုက်ဖူးခဲ့တဲ့ A Knight’s Tale လိုပဲ အရမ်းကြီးလန်ပျံမနေရင်တောင် အင်တာတိန်းမန့်တော့ တော်တော်ဖြစ်တဲ့ ကားမျိုးပဲ။ ဝတ္တုကတော့ ၁၉၀၂ကတည်းကထွက်ခဲ့တဲ့ A. E. W. Mason ရဲ့ The Four Feathers စာအုပ်ဆိုတော့ ဂန္ထဝင်စာရင်းဝင်တဲ့စာအုပ်ကို ပြန်ရိုက်ထားတယ်ပြောရမယ်။ ဒါကလည်း ပထမဆုံးရိုက်တာမဟုတ်ပါဘူး။ ရှေ့မှာလည်းတော်တော်ရိုက်ခဲ့ကြပြီးသားပဲ။ သရုပ်ဆောင်တွေက Kate Hudson, Heath Ledger, Djimon Hounsou, Wes Bentley, Michael Sheen စတဲ့လူတွေကို သုံးထားတယ်။ အကုန်လုံးတော့ ခင်ဗျားတို့နာမည်နဲ့တွဲသိချင်မှသိမယ်။ ဒါပေမဲ့ ခင်ဗျားတို့ တော်တော်ရင်းနီးပြီးသား လူတွေချည်းပဲ။ ဇာတ်ကတော့ ၁၈၈၄ အင်္ဂလန်မှာ ဇာတ်အိမ်စထားတယ်။ ဗြိတိန်တော်ဝင်တပ်ထဲက သူငယ်ချင်းတစ်အုပ်ရဲ့ ဆက်ဆံရေးကို စပြတယ်။ အဓိကကတော့ မင်းသားရယ် သူ့အခင်ဆုံးသူငယ်ချင်းရယ်ပေါ့။ အဲဒီနောက် သူတို့တပ်ကို အီဂျစ်က ပုန်ကန်သွားတဲ့ကာနယ်အာမက်ကို တိုက်ခိုက်ဖို့ လွှတ်လိုက်တဲ့အချိန်မှာ မင်းသားက တပ်ထဲကနေ နှုတ်ထွက်သွားတယ်။ ဒီနောက် မင်းသားကို သူ့သူငယ်ချင်းသုံးယောက်ရယ် သူလက်ထပ်မယ့်ကောင်မလေးရယ်က ငှက်တောင်မွှေးလေးချောင်းလာပေးသွားကြတယ်။ ငှက်တောင်မွှေးက သူတို့ဆီမှာ သူရဲဘောကြောင်တာကို ကိုယ်စားပြုတယ်။ မင်းသားကို သူရဲဘောကြောင်တဲ့ အလကားကောင်လို့ လာဝိုင်းပြောလိုက်သလိုဖြစ်သွားတယ်။ ဒီလိုနဲ့ နေလာရင်း မင်းသားက ဒီကိစ္စကြီးကို စိတ်ထဲက ဘယ်လိုမှထုတ်မရနိုင်ခဲ့ဘူး။ ဒီတော့ သူ့သူငယ်ချင်းတွေတိုက်ပွဲဝင်နေတဲ့ ဆူဒန်ကို လိုက်သွားပြီး သူ့သတ္တိကို သက်‌သေပြဖို့လုပ်တယ်။ သူကြောက်နေတာက စစ်ပွဲကိုမဟုတ်ဘဲ တခြားအရာတစ်ခုဖြစ်ကြောင်း သက်သေပြဖို့လုပ်ရင်း သူ့သူငယ်ချင်းတစ်ယောက်ချင်းကို သူကယ်တင်ဖို့ကြိုးစားရင်း ဆူဒန်မှာ သူကြုံလာရတဲ့ အခက်အခဲတွေ တိုက်ပွဲတွေကို ပြသွားတယ်။ ဇာတ်တော့ နည်းနည်းသွက်နေပေမဲ့ စစ်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းသလို နာမည်ကြီးမင်းသားမင်းသမီးတွေကို မြင်ရမှာဆိုတော့ ကြည့်ဖို့တော့ တန်ပါတယ်။ လွန်လေပြီးသော Heath Ledger ရဲ့ကားဆိုတော့ကာ ဒီရုပ်ရှင်ဟာ ငြင်းစရာတော့မရှိနေပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို W မှ တင်ဆက်ထားပါတယ်။)

6.5 2002 132 mins
The Four Feathers
Mars Needs Moms
5.4

Mars Needs Moms (2011) Disney နဲ့ ImageMovers တို့ ပူးပေါင်းထုတ်တဲ့ 3D Animated Film ဖြစ်ပါတယ်။ Disney လက်ရာနဲ့မတူဘဲ ကွဲထွက်နေတဲ့ လက်ရာကို မြင်ရမှာပါ။ ImageMovers Studio မပိတ်ခင် နောက်ဆုံးထုတ်ခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ ကုန်ကျတဲ့ Budget နဲ့ ပြန်ရတာ တအားကွာဟနေလို့ Disney အတွက် ဆုံးရှုံးမှု‌အတော်ကြီးခဲ့တဲ့ ကားဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းကတော့ ကိုးနှစ်အရွယ် မိုင်လိုဆိုတဲ့ကောင်လေးက မာရှန်တွေ (မားစ်ဂြိုဟ်သားတွေ) ပြန်ပေးဆွဲသွားတဲ့ သူ့အမေကို ကယ်တင်တဲ့အကြောင်းပါ။ မိုင်လိုက တစ်ညမှာ သူ့အမေနဲ့ စကားများပြီး သူ့မှာ အမေလုံး၀မရှိခဲ့ရင်ကောင်းမှာလို့ ပြောပစ်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီညမှာ မိုင်လိုရဲ့အမေကို မာရှန်တွေက မားစ်ဂြိုဟ်ဆီ ပြန်ပေးဆွဲသွားပါတယ်။ မိုင်လို သူ့အမေကို တောင်းပန်ဖို့ ဆင်းလာတဲ့အခါ တွေ့သွားပြီး လိုက်ခေါ်ရာက သူပါ မားစ်ဂြိုဟ်ပေါ် ပါသွားပါတယ်။ အဲဒီကနေ မာရှန်တွေ ပြန်ပေးဆွဲတဲ့ အကြောင်းရင်းကို သိသွားပြီး သူ့အမေကို ပြန်ခေါ်ဖို့ ကြိုးစားတာကို ကြည့်ရမှာပါ။ ဇာတ်ကွက်ကပဲ ရိုးနေလို့လား… လက်ရာကွဲသွားတာကြောင့် မအောင်မြင်တာလား အကဲဖြတ်ဖို့ အားပေးလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 710MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 28Min Genre – Action, Adventure, Animation Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Thriller
5.4 2011 88 mins
Mars Needs Moms
Frozen
7.4

Arendelle နိုင်ငံက မင်းသမီးငယ်လေး Anna ဟာ သူ့အစ်မ Elsa ကို ညဘက်ကစားဖို့ သွားနှိုးပါတယ်။ ဒါပေမယ့် မင်းသမီး Elsa မှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခု ရှိနေပါတယ်။ နှင်းတွေ၊ ရေခဲတွေကို လိုသလိုဖန်တီးနိုင်တဲ့ Elsa ဟာ သူ့ညီမလေးကို မတော်တဆ ရိုက်မိသွားပါတယ်။ Elsa မှာ ရှိနေတဲ့ စွမ်းအားတွေအကြောင်း ဘယ်သူမှမသိအောင် မိဘတွေက ဖုံးကွယ်ထားပြီး Elsa ရဲ့ စွမ်းအားတွေအကြောင်း Anna ရဲ့ မှတ်ဉာဏ်ထဲက ပျောက်သွားအောင် Troll ခေါင်းဆောင်ကြီး Grand Pabbie ထံ သွားပြီး အကူအညီတောင်းရပါတယ်။ အကယ်၍ Elsa သာ Anna ရဲ့ နှလုံးသားနေရာကို ရိုက်မိသွားရင် နှလုံးခဲပြီး သေသွားနိုင်တယ်လို့ Grand Pabbie က သတိပေးလိုက်ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် သူတို့ရဲ့ မိဘတွေဟာ Elsa နဲ့ Anna ကို သပ်သပ်ဆီခွဲထားလိုက်ပါတယ်။ ကံကြမ္မာဆိုးတွေဆိုတာ ဒီလိုနဲ့ ရပ်မနေပါဘူး။ သူတို့လေးတွေ အရွယ်မရောက်ခင်မှာပဲ သူတို့ရဲ့ မိဘတွေဟာ ပင်လယ်ထဲမှာ မုန်တိုင်းမိပြီး ဆုံးပါးသွားကြပါတယ်။ သူတို့မိဘတွေ ဆုံးပါးသွားပြီးတဲ့နောက် ၃နှစ်အကြာမှာ အရွယ်ရောက်လာပြီ ဖြစ်တဲ့ Elsa ကို Arendelle နိုင်ငံရဲ့ ဘုရင်မအဖြစ် ဘိသက်သွန်းဖို့ စီစဉ်ကြပါတယ်။ အဓိက စီစဉ်သူကတော့ Weselton နယ်စားကြီး ဖြစ်ပြီး Arendelle နိုင်ငံကနေ အကျိုးအမြတ်တွေ မျှော်ကိုးနေတဲ့သူပါ။ နန်းတော်ကြီးကို အများပြည်သူအတွက် ဖွင့်လှစ်ပေးလိုက်တဲ့ အချိန်မှာ Anna တစ်ယောက် မြို့တော်ကြီးရဲ့ လမ်းတွေကြားထဲ လျှောက်သွားရင်း တောင်ပိုင်းကျွန်းတွေက မင်းသား Hans နဲ့ တွေ့သွားပါတယ်။ သူတို့နှစ်ဦး အဆင်ပြေပြီး Elsa ရဲ့ နန်းတက် ညစာစားပွဲမှာ Hans က Anna ကို ချစ်ခွင့်ပန်ခဲ့ပါတယ်။ ဒါပေမယ့် Elsa က သူ့ညီမကို Hans နဲ့ သဘောမတူတာကြောင့် ညီအစ်မနှစ်ယောက် ပြဿနာဖြစ်ကြပြီး ဒေါသကြောင့် Elsa ရဲ့ စွမ်းအားတွေ ပေါ်သွားပါတယ်။ သူ့မိဘမှာခဲ့တဲ့ အမှာစကားကို ချိုးဖောက်ပြီး သူ့ရဲစွမ်းအားတွေကို လူကြားထဲမှာ ပြလိုက်မိတဲ့ Elsa ဟာ တုန်လှုပ်သွားပြီး ရှိရှိသမျှ စွမ်းအားတွေ အကုန်ထုတ်လွှတ်လိုက်မိပါတယ်။ သူ့ရဲ့ စွမ်းအားတွေကြောင့် Arendelle ဟာ တစ်နှစ်ပတ်လုံး နှင်းတွေနဲ့ ဖုံးအုပ်နေတဲ့ ထာဝရဆောင်းရာသီကို ကြုံတွေ့ရပါတော့တယ်။ သူကိုယ်တိုင်လည်း မြောက်ဖက်က တောင်တန်းတွေပေါ်ကို ထွက်ပြေးသွားပြီး ရေခန်းနန်းတော်တစ်ခု ဖန်တီးနေထိုင်ပါတယ်။ သူ့ရဲ့ အစေအပါးတွေအဖြစ် နှင်းရုပ်တစ်ရုပ်ကို ဖန်တီးထားလိုက်ပါတယ်။ Anna ကတော့ သူ့အစ်မဖြစ်သူကို ပြန်လည်ခေါ်ယူဖို့ မြောက်ပိုင်းဒေသကို လိုက်လာပါတယ်။ လမ်းမှာ ရေခဲရောင်းတဲ့ Kristoff နဲ့ သူ့ရဲ့ သမင်ကြီး Sven တို့ရဲ့ အကူအညီနဲ့ ဝံပုလွေအုပ်လက်က လွတ်အောင် ထွက်ပြေးခဲ့ရပါတယ်။ Anna ဟာ Elsa ဖန်တီးထားတဲ့ နှင်းရုပ်ကြီး Olaf နဲ့ တွေ့ပြီး Elsa ရဲ့ နန်းတော်ကို လိုက်သွားပါတယ်။ Annaကရော သူ့အစ်မကို ပြန်ရှာတွေ့နိူင်ပမှာလား၊ သူ့အစ်မကရော တိုင်းပြည်ကို ပြန်လိုက်ပမှာလား၊ Aredelle နိူင်ငံကရော တစ်နှင်းပတ်လုံး နှင်းတွေ လွမ်းမိုးနေတဲ့ ကျိန်စာက လွတ်နိူင်ပါ့မှာလား၊ Annaအတွက် ချစ်သူအစစ်ကရော ဘယ်သူဖြစ်နေမှာလဲဆိုတာတွေကို စိတ်ဝင်စားစွာ ကြည့်ရမဲ့ နာမည်ကျော်ကာတွန်းကားဖြစ်ပါတယ်။ Disney ရဲ့ ထုံးစံအတိုင်း ဇာတ်ပို့ဇာတ်ကောင်တွေ၊ လှလှပပ မြင်ကွင်းတွေနဲ့ ချစ်စရာ ဇာတ်ကောင်တွေကို အားပြုပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ IMDB Rating 7.4 ရရှိထားပြီး Rotten Tomatoes မှာ Tomatometer 90% ရရှိထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ File size… 4.3 GB / 1.4 GB / 720 MB Quality… BluRay 4K / 1080p / 720p Format… mp4 / mkv Duration…. 1h 40m Genre ….. Animation/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Esther Van Sui Par

7.4 2013
Frozen
How to Make Millions Before Grandma Dies Lahn Mah
8.4

How to Make Millions Before Grandma Dies (2024) Lahn Mah IMDb Rating (8.4) ဒီရုပ်ရှင်ကတော့ ရုံတင်ကတည်းက ငိုရတယ်ဆိုပြီး လူပြောများကြသလို ရုံတင်ဝင်ငွေတွေလဲ သောက်သောက်လဲရရှိခဲ့တဲ့ ထိုင်းရုပ်ရှင်ကားလေးဖြစ်ပါတယ်။ GDH Production က ထုတ်တဲ့ ထိုင်းရုပ်ရှင်ကားတိုင်း Rating မြင့်တဲ့ Quality Product တွေဖြစ်ပြီး တစ်နှစ်မှ ၁ ကား ၂ ကားသာ ထုတ်တတ်လို့ ပရိတ်သတ်တွေအနေနဲ့ နှစ်ပေါက်အောင်စောင့်ရတာလဲ အစဉ်အလာဖြစ်နေပါပြီ။ How to Make Millions Before Grandma Dies (2024) ရုပ်ရှင်ကားဟာ အရှေ့တောင်အာရှနိုင်ငံများရဲ့ ရုံတင်ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ရုပ်ရှင်ကားဖြစ်ပြီး Box Office စုစုပေါင်း $27 million ထိ ရရှိခဲ့တာကြောင့် အားလုံးရဲ့အံ့ဩခြင်းကိုပါ ရယူနိုင်ခဲ့ပါတယ်။ အနုပညာအရလဲ အောင်မြင်မှုကြီးမားခဲ့ပြီး ကြည့်ဖူးတဲ့လူတိုင်းနီးပါးက နှလုံးသားချင်းနီးစပ်တဲ့ရုပ်ရှင်လို့သတ်မှတ်ကြသလို IMDb Rating မှာလဲ လူပေါင်း ၃ထောင်ကျော်မှ Rating (8.4/10) ထိ ပေးထားကြပါတယ်။ ဇာတ်လမ်းကတော့…. M ဆိုတဲ့ ကောင်လေးဟာ ဂိမ်းပဲစိတ်ဝင်တစားဆော့နေတတ်တဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး လူငယ်ပီပီ ဘာကိုမှအလေးအနက်သိပ်မထားတတ်ဘဲ ပေါ့ပေါ့နေပေါ့ပေါ့စားဘဝကိုဖြတ်သန်းနေသူပါ။ တစ်နေ့တော့ သူ့သူငယ်ချင်းတယောက် အမွေရတာကိုအားကျပြီး ကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီဖြစ်တဲ့ သူ့အဘွားရဲ့နောက်ဆုံးအချိန်တွေကို သွားပြုစုဖို့ကြံစည်ပါတော့တယ်။ ဒါမှ အဘွားဖြစ်သူရဲ့အမွေတွေကို သူရရှိနိုင်မယ်လို့ယူဆခဲ့လို့ပါပဲ။ ဘဝရဲ့နောက်ဆုံးအချိန်တွေကို သိသိကြီးနဲ့ဖြတ်သန်းတော့မယ် အဘွားဖြစ်သူရဲ့ ဆန္ဒတွေကရော ဘာတွေဖြစ်မလဲ…. လူ့လောကကြီးထဲကို ရောက်လာပြီး မိသားစုတစ်ခု အိမ်တစ်အိမ်ကိုတည်ထောင်ခဲ့ပြီး အိုမင်းလာချိန်မှာ လူ့လောကထဲကနေထွက်ခွာရတော့မယ့် လူတစ်ယောက်အတွေးမှာ ဘယ်လိုအရာတွေရှိနေမလဲ…. လူ့လောကထဲကိုခုမှကျင်လည်မယ့် မြေးနဲ့ လူ့လောကကိုနှုတ်ဆက်တော့မယ့် အဘွားတို့ရဲ့ကြားက မေတ္တာတရားတွေ မေ့လျော့နေကြတဲ့ မိသားစုအကြောင်းတွေ …ရင်နာနာနဲ့ရယ်ရမယ့် လူ့လောကအကြောင်းတွေ ဒါတွေဒါတွေနဲ့ ဒီရုပ်ရှင်ကားက ရုပ်ရှင်ဆိုတာထက် မိမိတို့ရဲ့ဘဝကိုပါ ထင်ဟပ်သလိုဖြစ်လာခဲ့တဲ့အခါမှာတော့….။ အားလုံးတစ်ရှူးလေးတွေသုတ်ပြီး ငိုကြရတဲ့ မေတ္တာဖွဲ့ဘဝဇာတ်လမ်းဖြစ်လာပါတော့တယ်။ M အဖြစ် မင်းသားချော Billkin က သရုပ်ဆောင်ထားပြီး သဘာဝကျလွန်းတာကြောင့် အားလုံးရဲ့ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ရုံတင်တုန်းက မကြည့်လိုက်ရတဲ့ CM ပရိတ်သတ်တွေအတွက် Netflix က ထွက်ထွက်ချင်း ဘာသာပြန်တင်ဆက်လိုက်ပါတယ်။ Engsub ကနေကြည့်ပြီး ဘာသာပြန်ထားရလို့ ထိုင်းဘာသာစကားအရလိုအပ်ချက်ရှိခဲ့ရင် နားလည်ကြည့်ရှုခံစားပေးကြပါဦးလို့ မေတ္တာရပ်ခံပါတယ်။

8.4 2024
How to Make Millions Before Grandma Dies Lahn Mah
Lampir
6.2

Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ ဘာတွေဆက်ဖြစ်မလဲက အားလုံးအတွက် သိသာသလိုလို မသိသာသလိုလိုပဲမဟုတ်လား။ ဒါပေမဲ့လည်း အဆုံးထိစိတ်ဝင်စားစရာကောင်းတုန်းပါပဲ။ ဒါကိုကလည်း အင်ဒိုသရဲဟော်ရာကားတွေရဲ့အထာပါပဲ။ ကြည့်ကောင်းကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1 GB) / (510 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:37:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.2 2024 97 mins
Lampir
The Royal Tenenbaums

The Royal Tenenbaums ကတော့ Wes Anderson ကိုတကယ်လေးစားသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီးတော့ ပုံစံတွေအများကြီးပြောင်းထားတာတွေနှင့် အထူးသဖြင့်တော့သူရဲ့သုံးထာတဲ့ကာလာတွေက ဇာတ်လမ်းကိုပိုပြီးတော့အရသာဖြစ်စေတယ်။ ဇာတ်လမ်းပိုင်းမှာတော့ Royal Tenenbaum က သူ့မိသားစုကို ပြန်လည်အဆင်ပြေအောင် ကြိုးစားတယ်။ သူသားနှစ်ယောက်နှင့် သမီးတစ်ယောက်ပေါ့ အဲ့လိုမျိုးလူတွေတစ်ယောက်စီတိုင်းမှာရှိနေတဲ့ပြဿနာတွေကို သေချာပြနိုင်တာတွေ၊ သူတို့ရဲ့ရင်ထဲမှာခံစားနေရတာတွေကိုပေါ်အောင်ပြနိုင်လို့ကာလာတွေသုံးထားတာတော့အကောင်းဆုံးပါ။ သူတို့တစ်ယောက်ချင်းစီရဲ့ဇာတ်ကြောင်းကိုလိုက်မတွေးနိုင်တဲ့သူတွေအတွက် narrator ပါပါပါတယ် ။ မိသားစုတစ်ခုမှာ ပြဿနာတွေ အနှောင့်အယှက်တွေကို စိတ်ဝင်စားအောင်သာမကပဲနဲ့၊ဇာတ်ကားမှာ သူ့ရဲ့ creativity တွေ၊ လူတစ်ယောက်နှင့် တစ်ယောက်ကြားက ကွာဟချက်တွေ၊ ကိုယ်ကိုတိုင်ပဲနားလည်တဲ့ကိုယ့်ကိုယ်ကိုအဖြေပြန်ရှာနေရတာတွေ စိတ်ခံစားချက်တွေပါမယ်။ ဇာတ်ကောင်တွေအနေနဲ့လည်းအမိုက်စားတွေပါမယ်သူတို့ကိုယ်တိုင်ရဲ့character တွေကလည်းတစ်ယောက်ကိုတစ်မူထူးခြားတာဖြစ်တယ်။ The Royal Tenenbaums သည် ကြည့်ရှုသူတွေကို စိတ်ဝင်စားစရာတစ်ခု ၊ မိသားစုပြဿနာတွေ ၊အနုပညာလက်ရာတွေ၊ မြင်ကွင်းကောင်းကောင်းတွေ cinematic scence တွေ ပါဝင်လို့ ခေတ်လူငယ်တွေအနုပညာသမားတွေတစ်ခြားအပန်းဖြေအတဲ့အနေနဲ့ကြည့်မယ်ဆိုရင်လည်းလုံးဝကိုအကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ။ File size…(1.9 GB)/(962 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2001
The Royal Tenenbaums
The Book Thief
7.5

The Book Thief (2013) *********************** IMDb….7.5 စာရေးဆရာ Markus Zusak ရေးသားခဲ့တဲ့ The Book Thief စာအုပ်ဟာ Bestseller စာရင်းဝင်ခဲ့ပြီး ဘာသာစကေားပေါင်းများစွာစွာနဲ့ ပြန်လည်ထုတ်ဝေခဲ့ပါတယ်… လက်ရာမြောက်ဒီစာအုပ်ကို ရုပ်ရှင်အသွင် ၂၀၁၃ မှာပြန်လည်ရိုက်ကူးခဲ့ပါတယ်. .. ဝတ္ထုဇာတ်လမ်းလေးကို ရုပ်ရှင်အဖြစ်ပြောင်းလဲရာတွင်လည်း ဆုပေါင်းများစွာဆွတ်ခူးနိုင်ခဲ့ပါတယ် … ဒုတိယကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံရဲ့ စစ်တစ်လင်းအောက်မှာရှိခဲ့တဲ့ သာမန်လူတစ်စုကိုအခြေခံပြီးရိုက်ကူးထားပါတယ်… လင်မယား (၂)ယောက်ရှိတယ်…သားသမီးမရခဲ့တဲ့သူတို့လင်မယား(၂)ယောက်ဟာ လီဆယ်မီမင်ဂါဆိုတဲ့ ကောင်မလေးကိုမွေးစားခဲ့ပါတယ် ..စာမရေးတတ် မဖတ်တတ်တဲ့ လီဆယ်ကို မွေးစားဖခင်က ဝတ္ထုစာအုပ်တွေဖတ်ပြပြီး သင်ပေးခဲ့ရာမှ လီဆယ်တစ်ယောက် စာအုပ်တွေကိုသဘောကျသွားခဲ့တယ်. ..ဒီကလေးမလေးရဲ့ပတ်ဝန်းကျင်မှာ စစ်ဘေးဒဏ်ခံနေရတဲ့လူတွေအများကြီး.. .သူမဟာ အသက်ငယ်ပေမဲ့ ဒီလူတွေကိုတတ်နိုင်တဲ့ဘက်က အားပေးနှစ်သိမ့်ပေးချင်တယ်.. .ဒီတော့ အဲဒီကလေးမလေးဟာစာအုပ်တွေအများကြီးပိုင်တဲ့ မြို့တော်ဝန်အိမ်က စာအုပ်တွေခိုးယူဖတ်ပြီး စစ်ဘေးဒဏ်ခံလူတွေကို ပုံပြင်လေးတွေပြောပြရင်း အားပေးနှစ်သိမ့်ပါတယ်….နောက်ပြီး လီဆယ်တို့ မိသားစုဟာ ဂျူးလူမျိုးတစ်ယောက်ကို ကယ်တင်မိပြီး သံယောဇဉ်တွယ်ခဲ့ရာမှ အခက်အခဲတွေကြုံတွေ တစ်သီကြီးကြုံရပါတော့တယ်…. ဒီကားထဲက ကလေးသရုပ်ဆောင်Sophie Nélisse ဟာ ၂၀၁၃ခုနှစ်ရဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆုကိုဒီကားနဲ့ရရှိခဲ့ပါတယ်. ..အခြားဆု(၈)ခုရရှိခဲ့ပြီး ဆန်ကာတင်ဆုစာရင်းမှာ (၁၄)ခုတောင်ဝင်ခဲ့ပါသေးတယ်.. ..ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ…. (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Lyric Lynn Khant ဖြစ်ပါတယ်…) File Size : 2.60GB/ 850MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:12:00 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn Khant Encoded by Phyo Pyae

7.5 2013 131 mins
The Book Thief
Buddha: The Great Departure
6.2

IMDb 6.3ထိရထားတဲ့ ဒီဇာတ်ကားလေးဟာ ဂျပန်Anime movie versionဗုဒ္ဓဝင်ဇာတ်လမ်းလေးဖြစ်ပါတယ် မြတ်စွာဘုရားဘဝဖြစ်စဉ်ကိုရေးဆွဲထားတယ်ပြောပေမယ့် ဗုဒ္ဓစာပေကဇာတ်လမ်းကျောရိုးလောက်ပဲယူထားပါတယ် ကျနော်တို့သိတဲ့ဗုဒ္ဓဝင်ဇာတ်နဲ့လုံးဝကွဲထွက်နေပြီး စိတ်ကူးယဉ်ဇာတ်ကောင်များလည်းအများအပြားထည့်သွင်းထားတာကြောင့် ပျင်းရိဖွယ်မကောင်းပဲ စကြည့်ဖြစ်ရင်အဆုံးအထိမထတန်းကြည့်ဖြစ်မယ့်ကားလေးပါ ဂျပန်Animeတို့ရဲ့မူအတိုင်း ကြည့်ပြီးရင်လည်းရင်ထဲတသသဖြစ်အောင်ပေးစွမ်းနိုင်ပါတယ် ကျနော့်အပြောထက်ကိုယ်တိုင်ကြည့်တာကပိုကောင်းပါလိမ့်မယ် ဗုဒ္ဓစာပေလာနာမည်များကိုကူညီပြောပြပေးသော ကို Zaw Lynn Htoon ခေါ် ကိုမင်းကံစီအားအထူးကျေးဇူးတင်ရှိပါသည် File Size : 2.1 GB, 981 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 51min Format : Mp4 Genre : Animation, Adventure, Biography Subtitle : Myanmar Subtitle (Hard Sub) Translated by : Dr.Nyan Encode by : Thit San Khant

6.2 2011 111 mins
Buddha: The Great Departure
The Possession of Hannah Grace
5

သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ Horror Mystery Thriller အမျိုးအစား ရုပ် ရှင်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် The Possession of Hannah Grace ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်… ဒီကားကိုတော့ နယ်သာလန်ရုပ်ရှင် ဒါရိုက်တာ Diederik Van Rooijen က ရိုက် ကူးပုံဖော်ပေးထားတာ ဖြစ်ပြီး Sony Pictures က ဖြန့်ချိလိုက်တာ ဖြစ်ပါတယ်။ မကောင်းဆိုးဝါး ပူးကပ်ခံရတဲ့ Hannah Grace ဆိုတဲ့ ကောင်မလေးတယောက် ဟာ သေဆုံးသွားချိန်အထိ မကောင်းဆိုးဝါး ပူးကပ်ခံနေခဲ့ရတယ်။ သူရဲ့ အလောင်းဟာ သေဆုံးပြီး လပေါင်းများစွာကြာပြီးမှ ဆေးရုံရင်ခွဲရုံကို ရောက်လာခဲ့တယ်။ အဲဒီအချိန် ဆေးရုံမှာ တာဝန်ကျတဲ့ ဝန်ထမ်းအသစ် ရဲဝန်ထမ်းဟောင်း Megan Reed နဲ့ သွားဆုံကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။ ဒါဟာ တကယ်လား၊ ဘယ်သူမှမရှိတဲ့ ရင်ခွဲရုံထဲမှာ စိတ်ခြောက်ခြားမှုများလားဆိုပြီး သွေးပျက်ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာလိမ့်မလဲဆိုတာတွေကို ပရိသတ်တွေက ရှုစားကြရမှာပါ။ ဒီကားထဲမှာတော့ ကနေဒါ-ဖိလစ်ပိုင် သရုပ်ဆောင်မင်းသမီး Shay Mitchell နဲ့အတူ တခြားသရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Grey Damon ၊ Kirby Johnson နဲ့ Stana Katic တို့ကလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၆ သန်းနဲ့ ၉ သန်းခွဲကြား အကုန်အကျခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ကားကို နိုင်ငံတကာမှာတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက ပြသခဲ့တာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားဟာ Boxoffice မှာတော့ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၅ ဒဿမ ၉ သန်း ရရှိထားပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာ မြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေဟာ အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မ သင့်တော်တာမို့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Rated R အဆင့် သတ် မှတ်ထားပါတယ်။ ဒီကားဟာ မထွက်ခင်ကတည်းက လူအများစိတ်ဝင်တစား စောင့်မျှော်နေတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်… File size… 1. GB / 600MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

5 2018 86 mins
The Possession of Hannah Grace