YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

November.Story.S01E01.Save.Him.From.Him.1080p.DSNP.WEB DL.AAC5.1CH(CM).mp4

1.32 GB 1080p video/mp4 175 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kwaidan
7.7

ရှေးခေတ် ဂျပန်ရိုးရာ တစ္ဆေပုံပြင်တွေကို စိတ်ဝင်စားသူများအတွက် IMDb - 7.9/10 အထိ ရရှိခဲ့တဲ့ Kwaidan လို့ခေါ်တဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားမှာတော့ မတူထူးခြားတဲ့ တစ္ဆေပုံပြင် ၄ပုဒ်ကို သုံးနာရီကျော်ကြာ တဝကြီး နားထောင်ရပါမယ်။ ပထမ တစ်ပုဒ်မှာတော့ ဆင်းရဲမှုဒဏ်မခံနိုင်တာမို့ သစ္စာရှိတဲ့ ဇနီးသည်ကို စွန့်ပစ်ပြီး ချမ်းသာကြွယ်ဝတဲ့ အမျိုးသမီးနဲ့ ထပ်မံအိမ်ထောင်ပြုလိုက်တဲ့ ဆာမူရိုင်းတစ်ဦးအကြောင်း... ဒုတိယကတော့ သစ်ခုတ်သမား၂ဦး နှင်းမုန်တိုင်းကြောင့် လှေသမားရဲ့တဲမှာ ဝင်ခိုရင်း ထူးဆန်းတဲ့ မိန်းကလေးနဲ့ တွေ့ဆုံမှု... တတိယပုံပြင်လေးကတော့ ဗျပ်စောင်းတီးခတ်ရာမှာ ထူးချွန်ပြောင်မြောက်လှတဲ့ ဘုန်းကြီးကျောင်းသားလေးတစ်‌ယောက် တစ္ဆေတစ်စုရဲ့ခေါ်ဆောင်ခြင်း ခံရမှု... နောက်ဆုံးကတော့ အရှင်သခင် နာကာဂါဝါ ဆာဒိုဆီ တာဝန်ထမ်းဆောင်တဲ့ ကန်နိုင်းဆိုသူ ဆာမူရိုင်းတစ်ယောက်ဟာ သောက်မယ့် ရေခွက်ထဲ ထူးဆန်းတဲ့အရာတစ်ခုကို မြင်လိုက်ရတဲ့အကြောင်း... ရှေးခေတ်ဂျပန် Theme များကို ကြိုက်နှစ်သက်သူများအတွက်၊ တစ္ဆေပုံပြင်များကို ဘယ်လိုပုံဖော်ရိုက်ကူးလဲဆိုတာ လေ့လာရင်း ငြိမ့်ငြိမ့်လေးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်တုန်းကတော့ Oscar စာရင်းထဲပါ ဝင်ခဲ့တဲ့ ဂန္ထဝင်မြောက်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.9/10 Format - mp4 Duration - 3H 3Min Genre - Drama, Fantasy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Action & Adventure • Crime • Drama
7.7 1964 183 mins
Kwaidan
Love, So Divine
6.6

ဂင်ဂျူရှစ်ဆိုတဲ့လူငယ်လေးဟာ ခရစ်ယာန်ဘာသာကို အထူးယုံကြည်သက်ဝင်ပြီး ကျန်ရှိတဲ့သက်တမ်းတစ်လျှောက်ကိုလည်း မွန်မြတ်တဲ့ ဖာသာတစ်ဦးအဖြစ်နဲ့ ဖြတ်သန်းသွားဖို့ ရည်ရွယ်ထားတဲ့ သူတစ်ဦးပါ... ဒါ့ကြောင့် ခရစ်ယာန်ကျောင်းတော်မှာလည်း ကျင့်ဝတ်တွေကို သေချာလိုက်နာပြီး စာတွေလည်း အရမ်းကြိုးစားခဲ့ပါတယ်... ဒီလိုနဲ့ သူနေတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးက ဖာသာကြီးရဲ့ သမီးဖြစ်သူဟာ အမေရိကားမှာ စာသင်ပြီး ကျောင်းပိတ်လို့ပြန်လာခဲ့ပါတယ်... ကောင်မလေးဟာ အမေရိကားမှာကျောင်းတက်လာတဲ့ခေတ်လူယ်ပီပီ ခေတ်ဆန်ပွင့်လင်းပြီး အရာရာကိုစူးစမ်းတဲ့သူတစ်ဦးပေါ့ ... ဒီလိုကောင်မလေးနဲ့ ရှေးရိုးစွဲ ဘာသာရေးသာ ပထမလို့ ယူဆထားတဲ့ လူငယ်လေးနဲ့တွေ့တဲ့အခါမှာတော့.... File Size :(1.4GB) and (654MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:45:00 Genre : Romance , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Nan D Lin Encoded by Phyo Pyae

Action • Comedy • Thriller
6.6 2004 105 mins
Love, So Divine
Student Body
4.4

ဒီဇာတ်ကားလေးကတော့ 2022 မှာ အသစ်ထွက်ရှိလာတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိုရီးယားအမျိုးသမီးဒါရိုက်တာ Lee Ann Kurr ရဲ့ ပွဲဦးထွက် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ဂျိန်း နဲ့ မဲရစ် တို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက ပေါင်းလာ ကြတယ်ဆိုပေမယ့် ပြေလည်တဲ့ ဆက်ဆံရေးမျိုးတော့ မရှိခဲ့ဘူးပေါ့။ အထက်တန်း ကျောင်းရောက်တဲ့အခါ မဲရစ်ရဲ့ သူငယ်ချင်းအဖွဲ့ထဲ ဝင်ဆံ့ဖို့ ခိုင်းသမျှအကုန်လိုက် လုပ်ပေးပြီး စာတော်တာတောင် မတော်ချင်ယောင်ဆောင်တဲ့ထိ လုပ်ပေးတဲ့ ဂျိန်း အတွက် ကျောင်းက ဆရာဖြစ်သူ မစ္စတာ အန်စပက်ခ်ရဲ့ ကြိမ်းမောင်းမှုတွေကို ခံရတယ်။ တစ်ညမှာ ကျောင်းကို အဖွဲ့လိုက်ကြီး အချိန်မတော် ခိုးဝင်ကြပြီး ထင်မှတ်မထားတဲ့ ကြောက်လန့်ဖွယ်ဖြစ်ရပ်တွေ စတင်ဖြစ်ပျက်လာခဲ့ပါတော့တယ်။ လုံခြုံရေးစနစ်တွေကြောင့် ကျောင်းထဲမှာ ပိတ်မိနေပြီး အပြင်ထွက်လို့မရဖြစ်သွားတဲ့ ဂျိန်း တို့ သူငယ်ချင်းတစ်စုအတွက် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူ့ခံစားရမှာပါ။ ဇာတ်လမ်းလေးက ထိတ်လန့်ကြောက်ရွံ့ဖွယ် ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်စေပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာတော့ Montse Hernandez, Cheyenne Haynes, Anthony Keyvan, Harley Quinn Smith, Austin Zajur အစရှိတဲ့ လူငယ်သရုပ်ဆောင်တွေ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.4 GB) / (700 MB) / (470 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator....... May Thet Khine Soe Encoder..........SWM

Action • Fantasy
4.4 2022 88 mins
Student Body
Soulcatcher
6.8

Soulcatcher (2023) ****************** ပိုလန် အက်ရှင်ကားသစ်တစ်ကား နက်ဖလစ်ကနေ ထွက်လာတာပါ။ ဒါရိုက်တာ Daniel Markowicz ရဲ့ လက်ရာဖြစ်ပြီး အထူးတပ်ဖွဲ့ဝင်တွေအကြောင်းကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်း ပိုလန် ကြေးစားအထူးတပ်ဖွဲ့ဝင်ဟောင်းတွေဟာ နယ်စပ်တစ်နေရာက စစ်ခေါင်းဆောင်တစ်ယောက်ဖမ်းထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ စစ်ရာဇဝတ်မှုသက်သေတွေကို သွားပြီးယူဖို့ တာဝန်ပေးခံရပါတယ်။ ဒါပေမဲ့ အဲဒီမှာ လူတွေကို စိတ်ဖောက်ပြန်ပြီး သတ်ဖြတ်ချင်စိတ်တွေဝင်လာစေတဲ့ ထူးဆန်းတဲ့စက်တစ်လုံးနဲ့ ရင်ဆိုင်လိုက်ရပြီး အားလုံးနီးပါး သေသွားရပါတော့တယ်။ အဲဒီစက်ဟာ မူလက ကင်ဆာကုဖို့ စတီထွင်ထားခဲ့ပေမဲ့ အမှားအယွင်းတစ်ခုကနေ လက်နက်ဖြစ်လာခဲ့တာပါ။ အသက်ရှင်ကျန်ခဲ့တဲ့ အထူးတပ်ဖွဲ့ဝင်က အဲဒီစက်ကို ပြန်လုယူဖို့နဲ့ စက်တီထွင်သူကို လုပ်ကြံဖို့ စစ်စခန်းထဲကို ပြန်ဖောက်ဝင်ဖို့ ကြိုးစားရတဲ့အခါ…. File size… 1.50GB / 800MB Quality… WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Mr.Anderson

6.8 2023
Soulcatcher
Heroes Season 1 to 4 Complete
7.7

လွန်ခဲ့သော ၁၇ နှစ်က Moving (သို့မဟုတ်) Heroes 2006 Season 1 2 3 4 complete အခုလက်ရှိ လူကြိုက်များနေတဲ့ Moving စီးရီးက အတော်ကောင်းပါတယ်။ အက်မင်လည်းကြည့်ပါတယ်။ Moving ကိုကြည့်ကြည့်မိချင်းမှာ ပြေးသတိရသွားတာကတော့ ၂၀၀၆ လောက်က အခွေနဲ့ စောင့်ကြည့်ခဲ့ရတဲ့ ဒီစီးရီးပါပဲ။ Moving လိုစီးရီးမျိုးကိုကြိုက်လို့ ခပ်ဆင်ဆင်ကြည့်ချင်တဲ့သူတွေ၊ စူပါပါဝါစီးရီးမျိုးကိုမှ English taste နဲ့ ကြည့်ချင်တဲ့သူတွေအတွက် ညွှန်းပေးရင်း ပြန်တင်ပေးထားတာပါ။ ဒီစီးရီးက အခွေခေတ်ကဆိုတော့ စီစန် -၁ ကတော့ Dvd 360p ပဲရှိပေမဲ့ ကျန်တဲ့စီစန်တွေကိုတော့ အကြည်တင်ပေးထားပါတယ်။ ဒီစီးရီးဟာ စူပါဟီးရိုးကြိုက်သူတွေအတွက်တော့ ရွှေပါပဲ။ လူတိုင်းတစ်ယောက်ချင်းစီမှာ ထူးဆန်းတဲ့အစွမ်းတွေ ပိုင်ကြပါတယ်။ မိုးပေါ်ပျံနိုင်တာ၊ ဒဏ်ရာပြန်ကောင်းတာ၊ အချိန်ကိုထိန်းချုပ်နိုင်တာ စသဖြင့် အစွမ်းအစုံပါပါတယ်။ ဒီစီးရီးရဲ့ ကောင်းတဲ့အချက်ကတော့ ဇာတ်ကောင်အဆက်အစပ်ပါပဲ။ ဇာတ်ကောင်တွေဟာ တစ်နေရာစီ မဆိုင်သလိုဖြစ်နေပေမဲ့ တစ်ချိန်မှာ တွေ့ကြ ပေါင်းစပ်မိကြပြီး စွမ်းအားတွေကလည်း တစ်ယောက်နဲ့တစ်ယောက်ပေါင်းမှ အောင်မြင်မှာတွေ ဖြစ်လာပါတယ်။ ပေါင်းစပ်ပုံတွေကတော့ moving ထက် အတော်လေးကို ပိုရှုပ်ထွေးပြီး ဇာတ်အိမ်ပိုခိုင်ပါတယ်။ အပိုင်းပိုများလို့လည်း ဖြစ်မှာပါ။ နောက်ပြီး မိသားစုဒရာမာ၊ ညီအစ်ကိုဒရာမာတွေက အတော်ကောင်းပါတယ်။ ကိုရီးယားစတိုင်တော့မဟုတ်ဘဲ အမေရိကန်စတိုင် ဒရာမာပါပဲ။ နောက်ပြီး ရန်သူမိတ်ဆွေပုံသေမရှိဘဲ အခြေအနေရ တွဲကြ ခွဲကြတာတွေနဲ့ နောက်ကွယ်က ပဟေဠိဆန်ဆန်အဖွဲ့တွေနဲ့မို့ မထတမ်းကြည့်ချင်စရာတောင် ကောင်းပါတယ်။ မကြည့်ဖူးသေးရင် မြည်းကြည့်လိုက်ကြပါဦး။ Thit San Khant =========== Season-2 Season-3 Season-4

Action • Crime
7.7 1900
Heroes Season 1 to 4 Complete
Mystery on Mistletoe Lane
7.1

ခရစ္စမတ်လည်းနီးလာပြီးဆိုတော့ အသစ်ထွက်ထားတဲ့ ခရစ္စမတ်ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် မင်းသားကြီး Victor Webster နဲ့ မင်းသမီးကြီး Erica Cerra တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystry/Holiday/Thriller Family ဇာတ်ကားလေးတစ်ကားပါ မိဘ၊ သားသမီး၊ အဘိုး၊ အဘွား၊ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ လူ့အသိုင်းအဝိုင်းမှာ ကျင်လည်နေကြတဲ့ ကျွန်တော်တို့လူသားတွေအတွက် လောဘ ဒေါသ မောဟ တွေကြားမှာ ရုန်ကန်ရှင်သန်နေကြရင်နဲ့ လူ့အဖွဲ့အစည်းကြီးမှာ တဖြည်းဖြည်းနဲ့ လျှော့ပါးပျောက်ဆုံးလာနေတဲ့ ချစ်ခြင်းမေတ္တာတရားအကြောင်းကို ခရစ္စမတ်ရိုးရာလေးနဲ့ နှောပြီးတော့ ဘယ်လိုမေတ္တာဖွဲ့တင်ဆက်ထားသလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည်နူး ခံစားကြည့်လိုက်ကြပါဦးနော်……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.5 GB)/(809 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

Comedy • Drama
7.1 2023 84 mins
Mystery on Mistletoe Lane
Our Season

Our Season(2023) ***************** ဒီကားက ပိုစ်စတာကလည်းဆွဲဆောင်မှုမရှိ…ခပ်မိုက်မိုက်မင်းသားတွေလည်းမပါ… မင်းသမီးကြီးတွေဖြစ်တဲ့ Kim Hae Sook ,Shin Min Ah wတို့ပါတယ်ဆိုသော်ငြားလည်း ကောင်းပါ့မလားလို့ ကျွန်တော့်လိုတွေးမိကြမယ်သူတွေများမယ်ထင်တယ်… သို့သော်ဒီကားက ၂၀၂၃ရဲ့ အကောင်းဆုံးသော ကွီးယားကားတွေထဲကို ထည့်ကိုထည့်ရမယ်ထင်တယ်… ဘတ်ဘို့ဂျာဆိုတဲ့အသက် ၆၀ ဝန်းကျင်အမျိုးသမီကြီးဟာ နှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါးသွားတယ်.. သေလွန်ပြီးလို့ ဝိဉာဉ်ဘဝနဲ့ ရှိနေချိန် သေမင်းကနေ သူ့ကို အားလပ်ရက်အဖြစ် အချိန်(၃)ရက်ပေးပါတယ်.. ပြောရရင် တခြားဘဝတစ်ခုကိုမကူးခင် နောက်ဆုံးဆန္ဒအနေနဲ့ ၃ ရက်မှာ လုပ်ချင်တာလုပ်ပါစေဆိုတဲ့ သဘောပေါ့…ဘတ်ဘို့ဂျာဆိုတဲ့အမျိုးသမီးကြီးကတော့ သူမရဲ့ သမီးဖြစ်သူ အနားမှာနေရင်း အချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်… ဒီလိုနဲ့ သမီးဖြစ်သူရှိတဲ့နေရာကို ရောက်သွားခဲ့တဲ့အချိန်မှာတော့… အားလုံးကိုပြောချင်တာကတော့ ဒီကားလေးကို ကြည့်ဖို့အချိန်မပေးနိုင်ရင်တောင် လောဆယ်ဒေါင်းသိမ်းထားကြပါ..အားလပ်တဲ့အချိန်လေးမှာ လူတိုင်းကြည့်ကြပါလို့ တိုက်တွန်းချင်ပါတယ်… File size…1.2GB & 486MB Quality…Web-Dl1080p , 720p Format…mp4 Duration….1hr 45min Genre ….. Drama, Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Treasure Htet,Miri,Stary & Hnin Wai Oo

0 2023 105 mins
Our Season
Daisy
7.5

နှစ်ချို့ဝိုင်တစ်ခွက်လို အတိတ်ရဲ့လွမ်းမောဖွယ်ရာကို လတ်လတ်ဆတ်ဆတ်သယ်ဆောင်လာတဲ့ ရနံ့မျိုးနဲ့ ပန်းတစ်ပွင့်..ဒေစီ။ အရောင်တွေကစလို့ ဝါကျင်ကျင်ဖြစ်နေမယ်…သရုပ်ဆောင်တွေက ဒေစီအတွက် အသက်ရှင်နေသလို သက်ဝင်နေမယ်… ဖြစ်တည်တဲ့လမ်း မြစ်တွေရဲ့ကမ်းလိုပဲ အကြောင်းအရာက နည်းနည်းလေးဆိုပေမယ့် တစ်ဘဝစာလုံး ပျော်ဝင်မှုနဲ့ထိန်းကွပ်ထားမယ်… အတ္တတွေမရှိဘူး….ချစ်ခြင်းသန့်သန့်တွေပြိုင်ဆိုင်ကြတဲ့ပွဲမှာ… ဪ…တွယ်ငြိရာသာ ဆုံးရှူံးမှာပါပဲ။ Daisy (2006) IMDb Rating (7.5 ) Rotten Tomatoes (79%) ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ ကိုရီးယားရဲ့ မင်းသမီးချော Ji-hyun Jun နဲ့ မင်းသား Jung Woo-sung တို့ပါဝင်ထားပြီး ဘဝမှာ မှတ်မှတ်ထင်ထင်ရှိစေမယ့် ကိုရီးယားရုပ်ရှင်တစ်ကားလဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားက HD Quality လုံးဝမထွက်ရှိခဲ့ဘဲ DVD Quality နဲ့ပဲ နှစ်တွေကြာရှည်ခဲ့ပြီး ခုကတော့ BluRay Disc 60 FPS Quality နဲ့ထွက်ရှိလာလို့ အကောင်းဆုံး ရုပ်သံအရည်အသွေးရရှိအောင် ပြန်လည်တင်ဆက်လိုက်ပါတယ်။ +++++++++++++++++++ ရုပ်ရှင်အညွှန်းကိုတော့ MSR FB ပေ့ကစာသားတွေနဲ့မိတ်ဆက်ခဲ့ပါမယ်…. ++++++++++++++++++++ ဒေစီ မိုးကလည်း ရွာလာပြန်ပြီ ။ ကျွန်မက ထီးမဆောင်တက်တဲ့အတွက် မိုးရွာတိုင်း မိုးခိုဖို့နေရာ အမြဲရှာရတယ် ။ ကျွန်မတစ်ယောက်တည်းနေသားကျနေတာလည်းပါမှာပါလေ ။ ကျွန်မမိုးမိမှာကို စိုးရိမ်မဲ့သူ ၊ ဂရုစိုက်မဲ့သူလည်း မရှိဘူးလေ ။ ဒီတော့ ကျွန်မထီးယူယူမယူယူ ကိစ္စမရှိဘူးပေါ့ ။ ကျွန်မအဖိုးအမြဲပြောလေ့ရှိတာက ဟယ်ယောင်း စိတ်မပူနဲ့ ၊ အချိန်တန်ရင် မိုးတိတ်သွားပြီးတော့ တောက်ပတဲ့‌ေနမင်းကြီးထွက်လာလိမ့်မယ် ၊ တစ်နေ့တော့ သမီးလည်း အဲလိုလူမျိုးတွေ့မှာပါ တဲ့ ။ ကျွန်မအဖိုးက ရှေးရိုးဆန်တယ် ။ ကျွန်မခု အသက်၂၅ ပြည့်ပြီ ။ ပြီးတော့ ကျွန်မအချစ်ဦးလာမှာကို စောင့်နေတယ် ။ အချိန်တန်တော့မိုးတိတ်သွားပြီ ။ ကျွန်မရဲ့အချစ်ဦးက မကြာမှီပေါ်လာလိမ့်မယ် တစ်ထစ်ချယုံကြည်နေရလောက်အောင်တော့ ကျွန်မ မရူးသေးပါဘူး ။ သူနဲ့ဒီလိုဆုံဆည်းရမယ်လို့ ကျွန်မဘယ်တုန်းကမှမမျှော်လင့်ထားခဲ့ဘူး ။ သူနဲ့ကျွန်မ မျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတာ တစ်နာရီနီးပါးလောက်ကြာ‌ေလောက်တယ် ။ ကျွန်မနဲ့သူ စတွေ့ခဲ့တဲ့အချိန်ကို မှတ်မိနေတယ် ။ ၄ နာရီ ၁၅ ။ ကျွန်မအဖိုးရဲ့ ရှေးဟောင်းပစ္စည်းဆိုင်မှာ ကျွန်မအလုပ်လုပ်တယ် ။ ညဘက်ကတော့ ကျွန်မကိုယ်ပိုင်အချိန်ပေါ့ ။ ကျွန်မရဲ့ပထမဆုံးပြပွဲအတွက် ညတိုင်းကျွန်မပန်းချီဆွဲတယ် ။ စနေ ၊ တနင်္ဂနွေမှာတော့ လမ်း‌ပေါ်မှာပန်းချီဆွဲတယ် ။ ပုံမှန်ဆိုရင် ‌ပန်းချီလာဆွဲသူတွေက ကျွန်မနဲ့မသိတဲ့ သူစိမ်းတွေချည်း ။ ဒါပေမဲ့ သူကျွန်မရှေ့မှာထိုင်လိုက်တဲ့အခိုက်အတန့်မှာ သူ့ရဲ့တစ်ဘဝလုံးကို ကျွန်မသိမြင်နေသလိုမျိုး သူနဲ့ကျွန်မ ရင်းနှီးနေသလိုကျွန်မခံစားမိတယ် ။ ဒါဟာ ကျွန်မအလုပ်မှာ အကောင်းမွန်ဆုံးအစိတ်အပိုင်းတစ်ရပ်လို့ ကျွန်မထင်နေမိတယ် ။ ဘာလို့လဲဆိုတော့ သူက ၄ နာရီ ၁၅ မိနစ်တိတိမှာ ကျွန်မဆီရောက်လာလို့ပါပဲ ။ သူရဲ့ပုံကို ကျွန်မဆွဲနေတုန်းမှာ သူနဲ့ပတ်သတ်ပြီးထူးဆန်းတာတစ်ခုကို ကျွန်မတွေ့ခဲ့ရတယ် ။ သူကကျွန်မကို ကြည့်နေပေမဲ့ သူ့ရဲ့အာရုံက ကျွန်မခေါင်းရဲ့နောက်ဖက္မှာ ။ ကျွန်မရဲ့ဆံပင်ကို သူကြည့်နေတာလား ။ နောက်တစ်ကြိမ် သူကျွန်မရှေ့ကိုရောက်လာခဲ့တယ် ။ သူက အချိန်တိကျတယ် ။ ၄ နာရီ ၁၅ ၊ ကျွန်မတို့စတွေ့ခဲ့တဲ့အချိန်ပေါ့ ။ ————– မိုးရွာနေလို့ သူ မလာတာများလား ။ သူက ဆရာဝန်တစ်ယောက်လည်း ဖြစ်နိုင်တယ် ။ သူ့မှာအရေးပေါ်လူနာရှိနေတာလည်း ဖြစ်နိုင်တယ် ။ ဒါမှမဟုတ် ဒီလမ်းမှာ သူမတော်တဆတစ်ခုဖြစ်နေလို့လား ။ ————– အဲဒီနေ့က သူနဲ့ကျွန်မ ဟိုးအရင်တည်းကခင်တဲ့သူငယ်ချင်းတွေလို စကားတွေပြောဖြစ်ခဲ့တယ် ။ အဲဒီလိုမျိုး ကျွန်မတို့ ရက်သတ္တပတ်များစွာတွေ့ဖြစ်ကြတယ် ။ ရေစက်ပါလို့ ကျွန်မတို့နှစ်‌ယောက်တွေ့ဆုံရတာလို့ ကျွန်မယုံကြည်တယ် ။ ကျွန်မကြုံဆုံခဲ့ရတဲ့ အတိတ်ကဖြစ်ရပ်တွေအများကြီးကို သူ့ကိုပြောပြခဲ့တယ် ။ ————— အဲဒီနှစ်က ကျွန်မအဖိုးနေတဲ့ရွာကလေးမှာ ကျွန်မရဲ့ပြပွဲအတွက်ပန်းချီဆွဲရင်း ကုန်ဆုံးခဲ့ရတယ် ။ စမ်းချောင်းလေးကိုဖြတ်ပြီး တစ်ဖက်ကမ်းကဒေစီပန်းလေးတွေကို ကျွန်မပန်းချီသွားဆွဲလေ့ရှိတယ် ။ ကျွန်မအတွက် ဒေစီပန်းလေးတွေက နေကြာပန်းအငယ်စားလေး‌တွေပါပဲ ။ ဗန်ဂိုးလ်က နေကြာပန်းတွေကို ပန်းချီဆွဲတယ် ။ ကျွန်မက ဒေစီပန်းတွေကို ဆွဲတယ် ။ ဗန်ဂိုးလ်ကြောင့် ကျွန်မ ပန်းချီဆရာဖြစ်ဖို့ အိမ်မက္မက္ခဲ့တာ ။ စမ်းချောင်းလေးထဲကိုပြုတ်ကျသွားခဲ့ရပြီးနောက် ဒီသစ်လုံးတံတားလေးကနေဖြတ်ဖို့ ကျွန်မမှာ သတ္တိမရှိတော့ဘူး ။ တစ်နေ့မှာတော့ အသစ်ဆောက်ထားတဲ့တံတားလေးကို ကျွန်မတွေ့ခဲ့တယ် ။ တံတားလေးက အကြမ်းထည်လေးဆိုပေမဲ့ ကျွန်မအတွက်လှပနေတယ် ။ ပထမတော့ တိုက်ဆိုင်မှုတစ်ခုလို့ ကျွန်မထင်ခဲ့တာ ။ နောက်တော့ ကျွန်မအတွက် တစ်စုံတစ်ယောက်က ဒီတံတားလေးကို‌ဆောက်ပေးတာလို့ ကျွန်မခံစားရတယ် ။ ပြီးတော့ ကျွန်မပျောက်သွားတဲ့ပစ္စည်းတွေကို တံတားမှာ ကျွန်မတွေ့ခဲ့ရတယ် ။ နောက်တစ်နေ့မှာတော့ ကျွန်မထားခဲ့တဲ့ပန်းချီကားလေးကို တစ်စုံတစ်ယောက်ယူသွားတယ် ။ နောက်မှာတော့ တစ်စုံတစ်ယောက်က ကျွန်မဆီ ဒေစီပန်းတွေ စပို့ခဲ့တယ် ။ ကျွန်မလေ့လာသိရှိရသလောက်တော့ ဒေစီပန်းတွေရဲ့ အဓိပ္ပာယ်က နှလုံးသားထဲကအချစ်တဲ့ ။ ပန်းပို့တဲ့သူက သူဘယ်သူလဲ အသိမခံဘူး ။ ပန်းပို့တဲ့သူဘယ်သူလဲဆိုတာသိချင်လို့ ပြတင်းပေါက်ကနေ အပြင်ကိုကျွန်မစောင့်ကြည့်တယ် ။ ဒါပေမဲ့ ဘယ်သူမှရှိမနေဘူး ။ ဒီတော့ အရိပ်အနေနဲ့ကျွန်မ ဆွဲခဲ့တယ် ။ ကျွန်မသူ့ကို စောင့်နေခဲ့တာ ။ ခုတော့ ကျွန်မသူ့ကို တွေ့ရပြီထင်တာပဲ ။ ဟယ်ယောင်း ~~~~~~~~~~~~~~~ အဲဒီလူက ကျွန်တော်ပါလို့ ကျွန်တော်မလိမ်ချင်ဘူး ။ ကျွန်တော်မဟုတ်ဘူးလို့လည်း မပြောချင်ဘူး ။ သေချာတာတစ်ခုက သူမကို ကျွန်တော် ချစ်မိနေပြီဆိုတာပါပဲ ။ ဒါပေမဲ့ကျွန်တော့်ဘဝက သူမ ထင်ထားသလောက် စိတ်ကူးယဉ်တော့မဆန်ဘူး ။ တကယ်တမ်းကျွန်တော်ဘယ်လိုလူလဲဆိုတာကို သူမ တွေးတောင်တွေးကြည့်ဖူးမှာမဟုတ်ဘူး ။ ကျွန်တော်က အမ်စတာဒမ်မှာရှိနေတဲ့ အာရှရာဇဝတ်ကောင်တွေကို စုံစမ်းထောင်လှမ်းရတဲ့ အင်တာပိုရဲတပ်ဖွဲ့ဝင် တစ်ယောက်ပါ ။ ဒီတစ်ခေါက် ကျွန်တော်တို့တာဝန်က မူးယစ်ဆေးကုန်ကူးနေတဲ့အဖွဲ့တစ်ခုနဲ့ သူတို့ရဲ့အာရှ ဥရောပ ရောင်းဝယ်နေတဲ့လမ်းကြောင်းကို ရှာဖွေဖော်ထုတ်ဖို့ပါ ။ ဒီနေရာကနေဆို သူမကျွန်တော့်ကိုကွယ်နေလို့ ကျွန်တော့်ကိုသူတို့ သတိထားမိမှာကို စိတ်ပူစရာမလိုပဲ အကုန်လုံးကိုမြင်နိုင်တယ် ။ ကျွန်တော်ထွက်သွားတဲ့အထိ သူမကို ကျွန်တော်သေချာ မကြည့်ခဲ့လိုက်ရဘူး ။ ဒုတိယအကြိမ်မြောက်သူမရဲ့ရှေ့မှာထိုင်မိတဲ့အချိန်မှာ အချက်နှစ်ချက်ကို ကျွန်တော်သိလိုက်တယ် ။ ဟယ်ယောင်းက ကျွန်တော်ထင်ထားတာထက် ပိုလှတယ်ဆိုတာ နဲ့ သူမကလည်း ကျွန်တော့်ကိုစပြီးသဘောကျနေပြီဆိုတာကိုပဲ ။ ကျွန်တော့်နှလုံးသားကလည်းအရမ်းကို လှုပ်ရှားနေခဲ့တယ် ။ နောက်တစ်ပတ်စနေနေ့မှာ မိုးတွေရွာနေခဲ့တယ် ။ သူမကို အကာအကွယ်ယူစရာမလိုတော့ပဲ မိုးရေထဲမှာ ကျွန်တော်ဘာသာ ပုန်းနေခဲ့တယ် ။ အချိန်အတော်ကြာသူမကို ကြည့်နေခဲ့တယ် ။ ပစ်မှတ်က ကျွန်တော့်ကိုသိသွားပြီလို့ ထင်ခဲ့တယ် ။ ကံကောင်းစွာနဲ့သူခိုးဖြစ်နေခဲ့တယ် ၊ မဟုတ်ရင် ခုချိန် ကျွန်တော်သေနေလောက်ပြီ ။ ဂျောင်ဝူး ~~~~~~~~~~~~~~~~ ဂျောင်ဝူးကရဲတစ်ယောက်လို့ သူတို့ကွျန်မကိုပြောပြတယ် ။ သေနတ်ဒဏ်ရာရယ် ရှော့ရတာရယ်နဲ့ပေါင်းပြီး ကျွန်မအသံကိုဆုံးရှုံးလိုက်ရတယ် ။ ပြီးတော့ ဂျောင်ဝူးလည်းဒဏ်ရသွားလို့ ကိုရီယားကိုပြန်သွားရတယ်လို့သူတို့ပြောပြတယ် ။ ဒါပေမဲ့ ကျွန်မ မယုံနိုင်ဘူး ။ ဂျောင်ဝူးပြန်သွားပြီးတဲ့နောက် ဒေစီပန်းတွေ ကျွန်မထပ်ရခဲ့တယ် ။ ဟယ်ယောင်း ~~~~~~~~~~~~~~~~~ ကျွန်တော်သူမကို ပထမဆုံးစတွေတာက ကျွန်တော်လူတစ်‌ေယာက်ကိုပထမဦးဆုံးသတ်ခဲ့ပြီးတဲ့နေ့ရဲ့ နောက်တစ်နေ့မှာပါ ။ ကျွန်တော်က ယမ်းနံ့တွေနံနေတဲ့ လူတစ်ယောက်ပါ ။ ကျွန်တော့်ဝိဉာည်တောင် ယမ်းနံ့‌နံနေရင်နံနေမှာ ။ ကျွန်တော် ပန်းပင်တွေစစိုက်တယ် ။ မြေကြီးက ယမ်းနံ့ကိုစုတ်ယူပြီး အဲဒီ‌ေမြကြီးမှာ စိုက်ထားတဲ့ပန်းရဲ့ရနံက လူတစ်ယောက်ကိုပြောင်းလဲပစ်နိုင်တယ်လို့ စစ်ပြန်အဖိုးအိုတစ်ယောက်ပြောတာ ကြားဖူးတယ် ။ ပန်းပင်တွေစိုက်နေတဲ့အခိုက်အတန်းမှာ ယမ်းနံ့တွေကို ကျွန်တော်မေ့ထားလို့ရတယ် ။ ပန်းတိုင်းကတော့ ယမ်းနံ့ကို မေ့မပစ်‌ေစနိုင်ပါဘူး ။ အနက်ရောင်ကျူးလစ်ပန်းက ကျွန်တော့်အတွက်အလုပ်ရှိတယ်ဆိုတဲ့သဘောပါ ။ မက်ဂ်နမ် ၃၅၇ က ကျည်ခွံမကျန်ဘူး ။ အခေါင်းပေါက်ကျည်တွေကလည်း ကျည်ခွံမကျန်ပါဘူး ။ မက်ဂ်နမ် ၃၅၇ က ခုခေတ်အတွက်သုံးဖို့ ဒိတ်အောက်နေပေမဲ့ ကျွန်တော်နဲ့တူပါတယ် ။ ကျွန်တော်ကလည်း ရှေးဆန်တဲ့သူပါ ။ ဒါကြောင့် ကျွန်တော် အသက်ရှင်နေသေးတာပေါ့ ။ ကိစ္စပြီးတဲ့အခါ ကျွန်တော်ရွာမှာသွားပုန်းနေခဲ့တယ် ။ အဲဒီမှာ သူမကို ကျွန်တော် စတွေ့ခဲ့တာပါ ။ ကျွန်တော်က ကလေးတစ်ယောက်လိုစိတ်လိုက္မာန်ပါလုပ်တက်တဲ့သူပါ ။ သူမကို အံ့ဩသွားစေချင်ရုံပါ ။ ကျွန်တော့်ရဲ့ပထမဆုံးလူသတ်မှုကို မကျူးလွန်ခင်သူမနဲ့တွေ့ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ။ ဒီ့အတွက်ကျွန်တော်ဘာမှမတက်နိုင်တော့မဲ့ ကျွန်တော်သူမကို ထပ်မြင်ချင်‌ေတွချင်နေတယ် ။ ကျွန်တော်သူမကိုမြင်ချင်တွေ့ချင်တိုင်း ပန်းလေးတွေပို့ပေးလေ့ရှိတယ် ။ ကျွန်တော့်သေနတ်တွေကို ဒီမှာဖွက်ထားပြီး သူမကိုစောင့်ကြည့်နေမိတယ် ။ သူမ ပန်းချီဆွဲတာကိုစောင့်ကြည့်ပြီး ပန်ချီကားတွေကိုနားလည်အောင် သင်ယူတယ် ။ မိုနက် နဲ့ ဒီဂတ်တို့က ကျွန်တော့်အတွက် မစိမ်းတော့ဘူး ။ တစ်နေ့နေ့မှာ သူမနဲ့ပန်းချီကားတွေအကြောင်းပြောရရင် ကျွန်တော် အရူးတစ်ယောက်လို ဖြစ်မနေတော့ဘူးပေါ့ ။ သူမကိုစကားသွားပြောဖို့ ကျွန်တော့်မှာသတ္တိ‌တော့မရှိသေးဘူး ။ ကျွန်တော့်အလုပ်ရဲ့ သဘောတရားအရ အသက်ရှင်ဖို့စည်းမျဉ်းတွေကို လိုက်နာရတယ် ။ အရေးအကြီးဆုံးစည်းမျဉ်းက လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ပဲ ။ လျှို့ဝှက်ချက်ကိုထိန်းသိမ်းဖို့ ကျွန်တော်လိမ်ညာရမယ် ။ တစ်ခါလိမ်ပြီးရင်တော့ ဘယ်တော့မှရပ်လို့မရတော့ဘူး ။ လျှို့ဝှက်ချက်ကိုထန်းသိမ်းရတာ အသက်ရှင်ဖို့ပါ ။ ဒါ့ကြောင့် လူအများကြီးနဲ့ကျွန်တော် အဆက်ဆံမလုပ်ဘူး ။ ခုတော့ တစ်စုံတစ်ယောက်က ကျွန်တော့်နေရာကိုဝင်ယူပြီးတော့ ကျွန်တော်တစ်ခါမှမဆက်သွယ်ခဲ့တဲ့ တစ်ဦး‌တည်းသောသူကို ဆုံးရှုံးရတော့မယ် ။ ကျွန်တော် ရှေ့ဆက်တိုးသင့်နေပြီ ။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ အသည်းကွဲရသလို ကျွန်တော်ခံစားရတယ် ။ ကျွန်တော်ဘာတွေလုပ်တာလဲ ။ ပထမတော့ သူ့ကို ကျွန်တော့်လို လူဆိုးတစ်ယောက်လို့ထင်နေခဲ့တာ ။ ဒါပေမဲ့ သူက ကျွန်တော်နဲ့ ဆန့်ကျင်ဘက်ပါပဲ ။ ဘယ်သူက အဲဒီရဲကို အာဃာတထားနေလဲဆိုတာ ကျွန်‌တော်မသိဘူး ။ ဒါပေမဲ့ ဟယ်ယောင်းကိုကာကွယ်ဖို့ သေနတ်မောင်းကို ကျွန်တော်ဆွဲခဲ့ရတယ် ။ ပတ်ရီ ~~~~~~~~~~~~~~~~~ အလုပ်ကိုပြန်လာတဲ့အထိမ်းအမှတ်အနေနဲ့ အဖိုးက ကျွန်မကို ဓာတ်ပုံရိုက်ပေးတယ် ။ အဲဒါသူပဲ ။ အဲဒါ သူပဲဖြစ်ရမယ် ။ ဒါပေမဲ့ သူကျွန်မကို ဘာလို့လာမတွေ့တာလဲ ။ ဟိုတစ်ခါကလို သူတစ်ခုခုဖြစ်နေလို့ နေမှာပါ ….. ဟယ်ယောင်း _-_-_-_-_-_-_-_-_-_-_-_-_-_-_-_ Daisy (2006) -MSR

7.5 2006 110 mins
Daisy
Touch Guy Sniper
5.7

ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့… အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့… ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ… ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့… ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်… ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့… အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့… တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်

Science Fiction • Horror • Action
5.7 2024
Touch Guy Sniper
MaXXXine
6.8

MaXXXine (2024) Pearl (2022) X (2022) နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး Giancarlo Esposito ကလည်း ဆရာကြီးအဖြစ် ပါဝင်ထားတုန်းပါပဲ။ ဇာတ်လမ်းအကျဉ်း မက်ဆင်းဟာ ပုလဲလက်ကနေ လွတ်လာပြီး အပြာသရုပ်ဆောင်ဘဝကနေ ရုပ်ရှင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေပါပြီ။ နာမည်ကျော် ဟော်ရာရုပ်ရှင်မှာ ပါဝင်ဖို့ အရွေးခံပြီးမှ အတိတ်က အမှုတွေအကြောင်း အကုန်သိတဲ့ လူတစ်ယောက်ကလိုက်လာပြီး ရည်ရွယ်ချက် တစ်ခုနဲ့ နှောင့်ယှက်လာပါတယ်။ ဘဝမှာ လိုချင်တာရဖို့ ဘာမဆိုလုပ်ရတဲ့ မက်ဆင်းတစ်ယောက် အတိတ်က ရန်သူတွေကို ဘယ်လို ပြန်ရင်ဆိုင်မလဲဆိုတာ ဒီရုပ်ရှင်မှာ တွေ့ရပါလိမ့်မယ်။ ထုံးစံအတိုင်း မလုံ့တလုံ၊ သွေးသံရဲရဲ တွေပဲမို့ ၁၈+ သတ်မှတ်ထားတာကိုတော့ သတိပြုကြပါ။

Drama
6.8 2024
MaXXXine
Enjoy Yourself
6

ဒီနေ့မှာတော့ ဇာတ်ကားဆန်းဆန်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဖန်ပြွန်သန္ဓေသားဆိုတာကို ကြားဖူးမှာပါ…မျိုးအောင်ပြီးသား ဖန်ပြွန်သန္ဓေသားကို ဆေးရုံရဲ့ ပိုးသတ်အအေးခန်းထဲမှာ သိမ်းထားတဲ့အချိန်မှာပဲ… သန္ဓေသားပိုင်ရှင်လင်မယားက ယာဉ်မတော်တဆဖြစ်သွားပြီး… ယောက်ျားကသေ မိန်းမက ကုတင်ပေါ်မှာ ကိုမာဝင်သွားတယ်ဆိုရင်…. ဆေးရုံကလည်း သတ်မှတ်သက်တမ်း ၃ နှစ်ပြည့်တာနဲ့ သန္ဓေသားကို ဖျက်စီးမှာတဲ့…. ယောက်ျားလေးရှင်ဖက်က ပိုင်သင့်လား… မိန်းကလေးရှင်ဖက်က ပိုင်သင့်လား… တွေးကြည့်ရင် အဖြေအမျိုးမျိုးထွက်လာတယ်မလား… ဒီစဉ်းစားစရာကိစ္စက ဒီဇာတ်လမ်းလေးကို ဖန်တီးပေးလိုက်ပါပဲ… နှစ်ဖက်မိဘ ညှိနှိုင်းမရတော့လည်း တရားရုံးရင်ဆိုင်ဖို့အထိဖြစ်ခဲ့တာပေါ့… တိုက်ဆိုင်စွာနဲ့ပဲ… ဒီသန္ဓေသားကို တာဝန်ယူ ဖန်တီးပေးခဲ့တဲ့ ဆရာဝန်မနဲ့ ဒီအမှုကို တိုင်ကြားတဲ့ အမျိုးသားရှင်ဖက်က မိဘနှစ်ပါးရဲ့ ရှေ့နေက ၁၀ နှစ်တာ အိမ်ထောင်သက်တမ်းကိုမထောက် ကွာရှင်းဖို့ ကြိုးစားနေတဲ့ လင်မယားတွေတဲ့… ကဲ… ဇာတ်လမ်းအဆုံးမှာ ဒီသန္ဓေသားကို ဘယ်သူပိုင်မှာလဲ… ၁၀ နှစ်တာ အိမ်ထောက်သက်တမ်းကို မငဲ့ကွက်ဘဲ ကွာရှင်းဖို့ထိ စိတ်ပြတ်သားစေခဲ့တဲ့ အကြောင်းအရင်းကရောဘာလဲ… စိတ်ဝင်စားတယ်ဆို CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်…

6 2024
Enjoy Yourself
Haunted Heart
5.1

“အချစ်ကျူးတော့ရူး” ဆိုတဲ့စကားပုံကို သရုပ်ဖော်ပြသသွားတဲ့ လှပတဲ့ပန်းချီကားလေးတစ်ချပ်ကနေ အကျည်းတန်တဲ့မြင်ကွင်းတွေ အဖြစ်ပြောင်းလဲသွားရတဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားနာမည်ကတော့ Haunted Heart ဖြစ်ပြီး လက်ရှိ IMDb Rating 5.1 အထိရရှိ ထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့လည်း အရင်ခေတ်တုန်းက အောင်မြင်ကျော်ကြားခဲ့တဲ့မင်းသားချောတစ်လက်ဖြစ်တဲ့ Matt Dillon နဲ့ အက်ရှင် သည်းထိပ်ရင်ဖို ဒရာမာကျရာဇာတ်ရုံပီပြင်အောင်သရုပ်ဆောင် နိုင်တဲ့မင်းသမီး Aida Folch တို့ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် Casting ပိုင်းကလည်းပြောနေစရာကိုလိုမှာမဟုတ်ပါဘူး။ ဒီဇာတ်လမ်းလေးရဲ့အစကတော့ အဲလက်စ်ဆိုတဲ့ကောင်မလေးတစ်ယောက် အသိတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ဂရိမှာရှိတဲ့ ကျွန်းလေးတစ်ကျွန်းပေါ်က စားသောက်ဆိုင်မှာဧည့်ကြိုအနေနဲ့အလုပ်လျှောက်ဖို့လာရာကနေစတာပါပဲ။ ဖြစ်ချင်တော့ရောက်သွားတဲ့အခါမှာ သူ့အသိကရှိမနေတော့တဲ့အပြင် အကြောင်းအမျိုးမျိုးကြောင့် တစ်ပတ်လောက်တောင်နောက်ကျပြီး ရောက်လာခဲ့တယ်ဆိုတော့ ဧည့်ကြိုရာထူးကတော့သူ့အတွက်မဖြစ်နိုင် တော့ပါဘူး။ဒါပေမယ့်စားပွဲထိုးနေရာလွတ်သေးတဲ့အပြင် အဲလက်စ်မှာလည်း နောက်ပြန်လှည့်လို့မရတဲ့အခြေအနေဖြစ်နေတဲ့အတွက် ဆိုင်ပိုင်ရှင်မက်စ်နဲ့ ညှိနှိုင်းပြီးပဲ အလုပ်ဝင်လုပ်ဖြစ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ကြာလာတော့ အဲလက်စ်နဲ့ မက်စ်တို့လည်းရင်းနှီးသွားပြီး အချစ်ကြိုးတွေသွယ်လာခဲ့ရာမှ ဘယ်သူက အချစ်ကြီးတတ်ပြီး အငြိုးကြီးတဲ့လူဖြစ်နေမလဲဆိုတာတွေကို စိတ်ဝင်စားစရာ ဒရာမာဇာတ်လမ်းလှလှလေးနဲ့ သည်းထိပ်ရင်ဖိုအနည်းငယ်ကိုပေါင်းစပ် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.37GB) / (771MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 8m Genre ….. Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.1 2024 128 mins
Haunted Heart
Honeymoon Crasher
5.5

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပြင်သစ်စကားပြော Comedy အမျိုးအစားဇာတ်ကားလေးပဲ ဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာဆိုရင် အမေတစ်ယောက်နဲ့ သားတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာနဲ့စွန့်လွှတ်အနစ်နာခံမှုတွေကို မော်ရစ်တီးယပ်စ် ကျွန်းအလှအပများကို နောက်ခံပြုကာ ဟာသနှော ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်.. Lucas Duvivier တစ်ယောက်ဟာ လက်ထပ်ပွဲမှာတင် ရည်းစားဟောင်းဆီပြန်သွားသော သတို့သမီး ထားသွားတာ ခံရတဲ့သူတစ်ယောက်ဖြစ်ပါတယ်… သတို့သမီးမရှိတော့သောကြောင့် မင်္ဂလာပွဲပျက်သွားသော်လည်း ငွေပေးချေပြီးပြီဖြစ်သော ဟန်းနီးမွန်းခရီးစဉ်ဟာ ငွေလည်း ပြန်မအမ်းတော့တာမို့ အရှုံးမခံဘဲသွားရာမှာ Lucas ဟာ မိခင်ဖြစ်သူကိုပါ ခေါ်ဆောင်ခဲ့ရပါတယ်… အရွယ်ချင်းမတူတဲ့ မင်္ဂလာမောင်နှံလို့ယူဆနေတဲ့ ဟိုတယ် ဝန်ထမ်းများဟာ ၎င်းတို့သားအမိကို အထူးအခွင့်အရေးပေးကာ ဈေးကြီးအခန်းကို တစ်ပြားတစ်ချပ်မှ ထပ်တိုးမကောက်ခံဘဲ နေခွင့်ပေးတဲ့အခါမှာတော့ သားအမိနှစ်ယောက်ဟာ ဇနီး မောင်နှံတွေအဖြစ် ဟန်ဆောင်ဖို့ဖြစ်လာပါတယ်… Lucas တစ်ယောက်ဟာတော့ သူ့ကိုထားသွားခဲ့တဲ့ သတို့သမီးလောင်း ဖြစ်ခဲ့သူကိုသာ တမ်းတနေပြီး ပင်လယ်ပြင်တွေ စိမ်းလန်းတဲ့ တောင်တန်းတွေ ကျွန်းပေါ်ကျနေတဲ့နေရောင်ခြည်တွေကို ခံစားနိုင်စွမ်းကင်းမဲ့ရင်း အပူမိနေခဲ့ပါတယ်… သို့နှင့် ကျွန်းပေါ်မှာနေရင်း တစ်ခုသောခရီးစဉ်အရောက်မှာ ဆုံဆည်းရတဲ့ ဧည့်လမ်းညွှန်မိန်းမချောလေးဆီကို စိတ် တိမ်းညွှတ်မှုဖြစ်သွားတဲ့အခါမှာတော့… ဒီကားလေးမှာဆိုရင် သားဖြစ်သူကို အရွယ်ရောက်သည်အထိ မျက်ခြေမပြတ်စောင့်ရှောက်ရင်း မိမိဆန္ဒတွေကို လျစ်လျူ ရှုထားရသူမိခင်နဲ့ မိခင်ရဲ့အနစ်နာခံမှုတွေကိုမမြင်နိုင်ဘဲ အပြစ်သာဆိုတတ်သူသားဖြစ်သူတို့ကြား နားလည်မှုရသွားတဲ့ ဟန်းနီးမွန်းခရီးစဉ်ကို ရှုခင်းအလှအပများနဲ့ ဟာသနှောကာ ရယ်ရွှင်ဖွယ်ရာရိုက်ကူးတင်ဆင်ထားတာဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်များ စိတ်အပန်းပြေဖွယ်ကြည့်ရှုခံစားနိုင်မယ့် ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ… File size… (1.92 GB) / (0.97 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Family • Comedy • Fantasy
5.5 2025 93 mins
Honeymoon Crasher
The Reluctant Royal

ဒီဇာတ်လမ်းလေးကတော့ ရိုးမန့်ဒရာမာကားတစ်ကားဖြစ်ပါတယ်။ ဂျော်နီလို့ခေါ်တဲ့ စက်ပြင်ဆရာကောင်လေးတစ်ယောက်ဟာ အမေတစ်ခုသားတစ်ခုဘဝနဲ့ ကြီးပြင်းလာရင်းနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းဖြတ်သန်းနေခဲ့သူပါ။ တစ်ရက်မှာတော့ မထင်မှတ်ထားဘဲ အမျိုးသမီးတစ်ဦးဆီက သူ့အဖေဟာ အင်္ဂလန်ကမြို့စားကြီးတစ်ဦးဖြစ်ပြီး သူ့ကိုအမွေဆက်ခံဖို့ဆင့်ခေါ်နေကြောင်းသိလိုက်ရချိန်မှာ ဂျော်နီတစ်ယောက်ရဲ့ဘဝကြီး ဘယ်လိုတွေပြောင်းပြန်လှန်ပြစ်သလို ပြောင်းလဲသွားမှာလဲ တစ်သက်လုံးပျောက်နေပြီး ခုမှပြန်ပေါ်လာတဲ့ အဖေကရော ဘယ်လိုလူမျိုးလဲ အမွေဆက်ခံမှုကရော သူကြားရသလိုရိုးရှင်းလွယ်ကူနေပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…(1.5 GB)/(828 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2025
The Reluctant Royal