YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nothing Uncovered 2024 - Episode 10 - 720p [RMC].mp4

380.24 MB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Accident Man: Hitman's Holiday
6.5

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Comedy • Crime • Drama • Thriller
6.5 2022 96 mins
Accident Man: Hitman's Holiday
Tinted With You

လက်ရှိအချိန်မှာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် ပန်းချီကားတစ်ချပ်ကြောင့် ဂျိုဆွန်းခေတ်ကို ပြန်ရောက်သွားခဲ့တဲ့ "အွန်းဟို" အစ်ကိုတော်ရဲ့ မုန်းတီးမှုကြောင့် နယ်နှင်ဒဏ်ပေးခံရတဲ့အပြင် တစ်နည်းမဟုတ်တစ်နည်းနဲ့ လုပ်ကြံခံနေရတဲ့ အိမ်ရှေ့စံမင်းသား "အီဟွန်း" ဟာ အနာဂတ်ကလာခဲ့တဲ့ ပန်းချီကျောင်းသား "အွန်းဟို"နဲ့ တွေ့ဆုံခဲ့ရတဲ့အခါ ကံကြမ္မာရဲ့ စေခိုင်းမှုမှာ သူတို့နှစ်ယောက်ရဲ့ ဘဝအခြေအနေတွေ ပြောင်းလဲသွားမလား အရှင့်သား"အီဟွန်"းအတွက် ဘဝတစ်ခုလုံး ပေးဆပ်ပြီး ‌ ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ ကိုယ်ရံတော် "ဂွန်းလေး" နဲ့ အရှင့်သားတို့ရဲ့ ဆက်ဆံရေးမှာ "အွန်းဟို" ဝင်ရောက်လာခဲ့ပြီးတဲ့နောက် သူတို့သုံးယောက်ကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ လက်ရှိအချိန်ရဲ့ သမိုင်းစာအုပ်မှာ အဆိပ်ကြောင့် သေဆုံးခဲ့ရပြီးဖြစ်တဲ့ အိမ်ရှေ့စံမင်းသားကို "အွန်းဟို"နဲ့ "ဂွန်းလေး"တို့ ကယ်တင်နိုင်ကြပါ့မလား ကံကြမ္မာကို ပြန်ရေးဆွဲဖို့ဆိုတာ ဖြစ်နိုင်ရဲ့လား Historical/Romance/Fantasy အမျိုးအစားဖြစ်တဲ့ BL drama ဖြစ်ပြီး လက်ရှိအချိန်ကအထက်တန်းကျောင်းသား ကောင်လေးနဲ့ ဂျိုဆွန်းခေတ်က အိမ်ရှေ့စံမင်းသားလေးတို့ရဲ့ အချစ်ကိုသာမက "အွန်းဟို" ၊ "အီဟွန်း" နဲ့ "ဂွန်းလေး" တို့ သုံးယောက်ကြားထဲက ဖြူစင်တဲ့ မေတ္တာတရားကိုပါ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....BL, Drama, Romance Quality….WEB-DL 1080p and 720p and 480p File size…1.3GB and 679MB and 253MB Format…mp4 Duration….1h 32min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... August

Drama • Thriller
0 2022
Tinted With You
You're Next
6.6

ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်း သူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။ မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက် ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်း မိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကို အောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီး လူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလား သူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ ဒီလူသ-တ်သမားတွေကရော ဘယ်က‌နေပြီး ဘာကြောင့် ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။

Comedy • Crime • Mystery • Thriller
6.6 2013 94 mins
You're Next
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
Down Low
5.5

ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့ ဇာတ်အိမ်တည်ထားပါတယ်…။ Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ‌ဂေးတို့ဘဝကို ပီပီပြင်ပြင် မြင်တွေ့ရဦးမယ့်ကားလေးပါပဲ…။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့ ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီး‌ပါ…။ သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်…။ ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့…။ ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး…။ တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး ‌ ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်….။ ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ…။ အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လို ဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ….။ File size…1.17GB / 469MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2023 95 mins
Down Low
One Week
7

ဒီတစ်ခေါက် တင်ဆက်ပေးမယ့် ဇာတ်ကားလေးကဝောာ့ 2008ခုနစ်က ထွက်ရှိထားပြီး IMDb 7/10အထိရရှိထားတဲ့ Adventure/Drama အမျိုးအစား ဇာတ်ဂာားလေးပဲဖြစ်ပါတယ် အကယ်၍ မင်းမှာ တစ်လ၊ တစ်ပတ် ဒါမှမဟုတ် တစ်ရက်လောက်ပဲ အသက်ရှင်ခွင့်ရှိတော့မယ်ဆိုရင် ဘာလုပ်မလဲ။ ဘန်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပြီး မကြာခင်မှာ ချစ်ရသူနဲ့ လက်ထပ်ဖို့ ပြင်ဆင်ထားသူတစ်ဦးပါ။ သာမန်လူတစ်ယောက် အနေနဲ့ ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းရင်း တစ်ရက်မှာတော့ သူ့မှာ ကင်ဆာရောဂါ အဆင့်လေးဖြစ်နေတယ်ဆိုတာ သိလိုက်ရပါတယ်။ ကုသပြီး အသက်ရှင်နိုင်ချေကတော့ ၁၀%ပါ။‌လောကကြီးမှာ အသက်ရှင်နိုင်ချေ ၁၀ပုံ ၁ပုံပဲရှိတော့တယ်ဆိုတာ သိ‌လိုက်ရတဲ့ ဘန်ဟာ သူ့အချိန်ကို ရိုးရှင်းစွာ ကုသမှုခံယူပြီး ချစ်ရသူတွေနဲ့ အချိန် မကုန်ဆုံးဘဲ ဆိုင်ကယ်တစ်စီးနဲ့ ခရီးထွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘန်တစ်ယောက် ကင်ဆာ နောက်ဆုံးအဆင့်မှာ ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ နေထိုင်သွားမှာလဲ။ သူ့ရဲ့ဆုံးဖြတ်ချက်တွေအတွက် နောင်တရနေမှာလား။ အကယ်၍ ကျွန်‌တော်တို့ကရော တစ်ပတ်လောက်ပဲ အသက်ရှင်ရတော့မယ်ဆိုရင် ဘာလုပ်ကြမှာလဲ ဆိုတဲ့ တွေးခေါ်စရာလေးတွေနဲ့အတူ ကနေဒါနိုင်ငံရဲ့ လှပ‌တဲ့ ရှုခင်းတွေကို ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ် File size… (997 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:34:00 Genre… Adventure, Drama Subtitle…. Myanmar Subtitle (Hardsub) Encoder…. Garfield Translated by Ban

7 2008
One Week
Gemencheh Boys
8.3

Gemencheh Boys 2024 (ဂမန်ချန်းက လူဆိုးလေးများ) IMDb- 8.3/10 ဒီတစ်ခါမှာတော့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းကို အခြေခံရိုက်ကူးတင်ဆက်ပေးထားတဲ့ ဆရာ့မေတ္တာဒရာမာဇာတ်လမ်းလေးတစ်ပုဒ်ကို CMပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဂမန်ချန်းရွာ မူလတန်းကျောင်းက နှလုံးသားလေးနွေးထွေးစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့၊ အဲဒီကျောင်းလေးမှာ သောက်ကလေး၆ကောင်လို့ နာမည်ကြီးတဲ့ လူဆိုးလေး၆ယောက်ရှိပါတယ်။ သူတို့တွေဟာ အရမ်းဆိုးလွန်းလို့ ဘယ်လောက်အပြစ်ပေးခံရခံရ လုံးဝကို မမှတ်တဲ့ ကောင်ဆိုးလေးတွေပါ။ တစ်နေ့တော့ ကျောင်းအုပ်ကြီးက စည်းကမ်းထိန်းသိမ်းရေးဆရာကို သူတို့ကျောင်းရဲ့ ယိုယွင်းစပြုနေပြီဖြစ်တဲ့ ခရစ်ကတ်အဖွဲ့ကို ဦးစီးခိုင်းတဲ့အချိန်မှာတော့ စည်းကမ်းထိန်းသိမ်းရေးဆရာဖြစ်တဲ့ ဆရာအာ့စ်မန်းဟာ လူဆိုးလေး၆ယောက်ကိုပါ ခရစ်ကတ်အဖွဲ့မှာ ထည့်သွင်းဆော့ခိုင်းပါတော့တယ်။ လူဆိုးလေး၆ယောက်ဟာလည်း ခရစ်ကတ်ကိုလုံးဝစိတ်မဝင်စားဘဲ ထရိန်နင်ကို ဘယ်လိုလစ်ရမလဲဆိုတာကိုပဲ ချောင်းနေပါတော့တယ်။ ဒီလိုနဲ့ သူတို့က လစ်လိုက် ဆရာဖြစ်သူက လိုက်ဖမ်းလိုက်နဲ့ နောက်ဆုံးမှာတော့ ချစ်ကြည်ရေးပြိုင်ပွဲတစ်ခုကစားရာမှာ အနိုင်ရခဲ့ရင် ခရစ်ကတ်အဖွဲ့ကနေ ထွက်ခွင့်ပေးမယ်ဆိုတဲ့ ကတိပေးလိုက်မှ ပြိုင်ပွဲကိုနိုင်ဖို့ ကြိုးစားကြပါတော့တယ်။ ဒါပေမဲ့လည်း စိတ်မကောင်းစွာနဲ့ ပြိုင်ပွဲမှာ ရှုံးလာတဲ့နောက်မှာတော့ ….. ရှုံးနိမ့်မှုကို မကြိုက်တဲ့သူတို့၆ယောက် အနိုင်ရဖို့ ဘယ်လိုတွေပြန်ကြိုးစားမလဲ ….. ဆရာဖြစ်သူနဲ့ တပည့်ဖြစ်သူလူဆိုးလေးတွေ ဘယ်လိုအပေးအယူတည့်သွားကြမလဲ ….. လူဆိုးလေးတွေကနေ ဘယ်လိုထူးချွန်ထက်မြက်တဲ့ကောင်လေးတွေ ဖြစ်လာမလဲ ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းကိုတော့ ToMo ကရေးသားပြီး ဘာသာပြန်ကတော့ ToMo, Suri ပဲဖြစ်ပါတယ်)

8.3 2023 107 mins
Gemencheh Boys
GomBurZa
7.9

GonBurZa ဇာတ်ကားဟာ ၂၀၂၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံက ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ခုဖြစ်ပါတယ် ဒီဇာတ်ကားဟာ သာမန်ကားတွေနဲ့ မတူတဲ့ အချက်က သမိုင်းကို အခြေခံရိုက်ကူးထားတဲ့ historical movie တစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ ကိုလိုနီခေတ် စပိန်လက်အောက် ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို ထင်ဟပ်အောင် ရိုက်ကူးပြထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကကျောရိုးကတော့ ဖိလစ်ပိုင်နိုင်ငံဖွား စပိန်လူမျိုးဘုန်းတော်ကြီးတွေကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ စပိန်တွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြားမှာ ဒီဖိလစ်ပိုင်နိုင်ငံဖွား ဘုန်းတော်ကြီးတွေကိုပါ ခွဲခြား ဆက်ဆံနေရတဲ့အခါ နိုင်ငံကလူငယ်တွေမှာ မျိုးချစ်စိတ်တွေ ပြင်းထန်လာတဲ့အခါ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ရှုစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ IMDb rating 8 ကျော်ရထားလို့ ကြည့်ရတာ အရသာအပြည့်ပေးမဲ့ ဇာတ်ကားတစ်ကားဆိုတာ ငြင်းစရာမရှိပါဘူး….. File size…1.31GB / 580MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

7.9 2023
GomBurZa
Locked in My House
5.2

Locked in My House (2024) ======================= စိတ်၀င်စားစရာကောင်းတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအမြတ် ထုတ်တဲ့ ကြောင်သူတော်တစ်ယောက်ကို ဝိုင်းပညာပေးမဲ့ ဇာတ်လမ်း မျိုးပါ။ ပါမောက္ခကဲရစ်နဲ့ ခင်ပွန်းဖြစ်သူဂျွန်ဟာ သာယာတဲ့အိမ်ထောင်ရေးပိုင် ဆိုင်ထားတဲ့ ဇနီးမောင်နှံပါ။ ဒါပေမဲ့ သူတိုမှာ သားသမီးမထွန်းကားသေး ပါဘူး။ အဲဒါကြောင့် သားသမီးရရှိရေးအတွက် fertility clinic တစ်ခုကို သွားရောက်ခဲ့ပါတယ်။ အဲဒီမှာ ဇာတ်လမ်းစတာပါပဲ။ တစ်နေ့တော့ ဂျွန် ခရီးသွားနေခိုက် ကဲရစ်တစ်ယောက်တည်း ချိန်းဆိုထား တဲ့ဆေးခန်းကို သွားရောက်စမ်းသပ်ခံခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာမဲရစ်ခ် ဆိုတဲ့ ဆရာ၀န်ရဲ့မူမမှန်တဲ့ စမ်းသပ်မှုကြောင့် ကဲရစ် ရှော့ခ်ရသွားပါတော့ တယ်။ မတရားမှုကို ငြိမ်ခံမနေတတ်တာကြောင့် လိင်ပိုင်းဆိုင်ရာနှောင့် ယှက်မှုနဲ့ ရဲစခန်းမှာ သွားတိုင်ခဲ့ပါတယ်။ ‌ဒါပေမဲ့ သက်သေမခိုင်လုံတာကြောင့် ဘာမှလုပ်လို မရခဲ့ပါဘူး။ အဲဒီနောက် ဒေါက်တာမဲရစ်ခ်ရဲ့လိင်နှောင့်ယှက်မှု ကို ခံရသူဟာ သူတစ်ယောက်တည်းမဟုတ်မှန်း ကဲရစ်သိလာပြီး ဘ၀တူအ မျိုးသမီးတွေ စုမိသွားပါတယ်။ ဒီလိုနဲ့ ကဲရစ်ဟာ မိန်းမသားများစွာရဲ့ဘ၀ကို စိတ်ဒဏ်ရာကြီးကြီးပေးခဲ့တဲ့ မဲရစ်ခ်ကို ကိုယ်တိုင်သက်သေရှာ‌ဖွေပြီး အပြစ် ပေးဖို စွန့်စွန့်စားစား ကြိုးပမ်းပါတော့တယ်…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(600 MB) Quality…………WEB-DL 720p Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….C’mon Encoder……….SWM

5.2 2024 90 mins
Locked in My House
Cobra
5.8

အမေရိကန်အက်ရှင်မင်းသားကြီး စတားလုံးရဲ့ တစ်ချိန်က အက်ရှင်ဇာတ်လမ်းဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ အသံတိတ်လက်နက်လို့ခေါ်ရမဲ့ တူ၊ ဓား၊ ပုဆိန်တွေကိုသုံးပြီးသတ်သွားတဲ့ ကွင်းဆက်လူသတ်မှုတွေ ဆက်တိုက်ဖြစ်နေခဲ့တယ်။ စတားလုံးကတော့ ရာဇဝတ်သားတွေကို မညှာမတာရှင်းပစ်တတ်တဲ့ ခပ်ကြမ်းကြမ်းရဲတစ်ယောက်ပေါ့။ နောက်ပိုင်းသိလာရတာက ကွင်းဆက်လူသတ်သမားက တစ်ယောက်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေခဲ့တာပဲ။ သူတို့က မကောင်းတဲ့လူ့အဖွဲ့အစည်းကို သုတ်သင်ရှင်းလင်းပြီး ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မယ်လို့ ကြွေးကြော်ကြတယ်။ တစ်ည မိန်းကလေးတစ်ယောက်ကို သတ်ဖို့ကြိုးစားရင်း သူတို့လက်ကနေလွတ်မြောက်သွားခဲ့တယ်။ မိန်းကလေးရဲ့အိမ်ကိုစုံစမ်းပြီး အပြတ်ရှင်းဖို့ကြိုးစားတဲ့အချိန်မှာ နောက်တစ်ခါထပ်လွတ်သွားပြီး ဇာတ်လိုက်ကျော်ကြီး အစောင့်အရှောက်အောက်ကို အဲဒီမိန်းကလေးရောက်သွားပါတော့တယ်။ ဆရာကြီးစတားလုံးစောင့်ရှောက်နေတဲ့ကြားက လိုက်သတ်တဲ့ လူသတ်သမားအဖွဲ့ ဘယ်လိုဖြစ်သွားမလဲဆိုတာ စဉ်းစားကြည့်ရင်သိနိုင်ပေမဲ့ ခေတ်ဟောင်းကစတားလုံး ဘယ်လောက်ကြမ်းလဲဆိုတာ ခံစားရှုမြင်ကြည့်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:27:00 Genre… Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Action • Fantasy • Science Fiction • Drama
5.8 1986
Cobra
Kudi Haryane Val Di
6.2

Kudi Haryane Val Di 2024 ဖူးစာရွာလည် Imdb 6.2 ပန်ချာပီကားတွေမှာဆိုရင် လူတိုင်းနဲ့မစိမ်းတဲ့ မင်းသားကြီး Ammy Virk ပါဝင်ထားတဲ့ ဒရာမာကားလေးတင်ဆက်ပေးထားပါတယ် နပန်းမိသားစုရဲ့တစ်ဦးတည်းသောသားလေး ဗီဇကတော့ စော်ပွေချင်တာပေါ့ သူငယ်ချင်းတွေဆီက အသိမိန်းကလေးဖုန်းတွေပတ်တောင်းပြီး တစ်လုံးချင်းထိုင်ဆက်ပြီး ရည်းစားရှာတတ်တဲ့သူပါ နပန်းမိသားစုထဲ တစ်ဦးတည်းသောသားဖြစ်ပေမဲ့ နပန်းကိုစိတ်မဝင်စားဘဲ ကိုယ်ပိုင်လုပ်ငန်းလုပ်ချင်သူ ဖြစ်ချင်တော့ သူထိုင်ဆက်တဲ့ဖုန်းတွေထဲ တောင်ပိုင်းပန်ဂျပ်ရဲ့သေမင်းလို့တင်စားကြတဲ့လူရဲ့ သမီးဆီပါဆက်မိထားတာပါ ကံကမကောင်းတော့ သူဖုန်းဆက်တဲ့အချိန်မှာ တစ်ဖက်မိန်းကလေးက ခိုးရာလိုက်ဖို့ပြင်ဆင်နေချိန်ပေါ့ သူနဲ့ဖုန်းပြောပြီးပြီးချင်းမှာပဲ လင်နောက်တန်းလိုက်သွားတော့ ဒီကောင်နဲ့ခိုးပြေးတာပဲဆိုပြီး သူ့ကိုမြေလှန်ရှာပါတော့တယ် ဇာတ်လမ်းကသဘာဝကျကျနဲ့ ဟာသနှောထားတာဖြစ်လို့ မဆိုးလှတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Drama
6.2 2024 162 mins
Kudi Haryane Val Di
Paid in Full
7

Paid in Full (2002) IMDb Rating (7.0) / Rotten Tomatoes (53%) ဒါလေးကတော့ ၂၀၀၂ခုနှစ်တုန်းက ထွက်ထားတဲ့ crime/ dramaအမျိုးအစားကားပါ။ ၈၀ခုနှစ်တုန်းက ဖြစ်ရပ်မှန်ကို ပြန်မှီငြိမ်းရိုက်ကူးထားတယ်လို့လည်းဆိုကြပါတယ်။ မူးယစ်ဆေးတွေ ရာဇ၀တ်မှုတွေ ဂိုဏ်းတွေကြီးစိုးတဲ့ လူမည်းရပ်ကွက်ဟာလမ်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း – အေ့စ်က ပင်မင်းမှာအလုပ်လုပ်တဲ့ဆယ်ကျော်သက်တစ်ဦးဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ “မစ်”ရဲ့လွမ်းမိုးမှု ကြောင့် ငွေရလွယ်တဲ့လမ်းကိုလိုက်ပြီး မစ် ခဏထောင်ထဲရောက်နေချိန်မှာ ဟာလမ်ရဲ့မူးယစ်ရာဇာတစ်ဦးဖြစ်လာပါတယ်။ နောက်ကျ မစ်ကနေတဆင့် လက်ရဲဇက်ရဲ “ရီကို” နဲ့ပါတွဲမိပြီး ဟာလမ်လမ်းတလျှောက်ကြီးစိုးခဲ့ကြတဲ့အကြောင်းအပြင် ရာဇ၀တ်မှု‌ တွေ သစ္စာဖောက်မှုတွေနဲ့ သူတို့သုံး‌ယောက်ရဲ့ဘ၀တွေ ဘယ်လိုအဆုံးသတ်သွားလဲ စိတ်၀င်စားစရာကြည့်ရှုရမှာပါ။ အချိန်ပေးရတန်တဲ့ကားကောင်းလေးမလို့ တင်ဆက် ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe Thiri Swe ဖြစ်ပါတယ်။) File size…(3.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Drama Duration….01:38:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Soe Thiri Swe

7 2002 98 mins
Paid in Full
Souleymane’s Story
7.7

Original title: L’histoire de Souleymane အကြောင်းအမျိုးမျိုးနဲ့ ကိုယ့်နိုင်ငံမှာအဆင်မပြေလို့ တိုင်းတစ်ပါးကို ပြောင်းရွှေ့ရတော့မယ်ဆိုရင် အခက်အခဲတွေဆိုတာက အနည်းနဲ့ အများတော့ကြုံရစမြဲပါပဲ။ကိုယ်ပြောင်းရွှေ့ထားတဲ့နိုင်ငံမှာ အလုပ် လုပ်ဖို့အခက်အခဲရှိကြသူတွေရှိသလို နေထိုင်ဖို့အခက်အခဲဖြစ်ကြ သူတွေလည်းရှိပါတယ်။ ဒီလိုရွှေ့ပြောင်းလုပ်သားတွေရဲ့ အခက်အခဲတွေကိုမျက်စိထဲကွင်းကွင်း ကွက်ကွက်မြင်သာလာအောင် တောင်အာဖရိက ဂင်နီကနေ ပြင်သစ်ကို ပြောင်းရွေ့လာခဲ့တဲ့ ဆူလေမန်ဆိုတဲ့လူတစ်ယောက်နဲ့နှိုင်းယှဉ်ပြီး ရိုက်ကူးပြသထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Souleymane’s Story ဖြစ်ပြီး IMDb Rating ကလည်း 7.7 အထိရရှိထားတဲ့အတွက် အချိန် ပေးရကျိုးနပ်စေပြီး ရင်ထဲမှာတစ်ခုခုထင်ကျန်စေမှာတော့အသေအချာ ပါပဲ။ ဆူလေမန်က ပြင်သစ်ကိုပြောင်းရွှေ့လာခဲ့ပြီးနောက်မှာ ခိုလှုံခွင့်တောင်းဖို့ ကြိုးစားခဲ့ပါတယ်။လက်ရှိမှာတော့ နိုင်ငံသားတစ်ယောက်အနေနဲ့ တရားဝင် အလုပ်လုပ်လို့မရသေးတဲ့အတွက် အလုပ်လုပ်ခွင့်ရပြီးတဲ့လူရဲ့အကောင့်ကို ငှားပြီး Food Panda Rider လိုမျိုး စက်ဘီးတစ်စီးနဲ့စားစရာတွေလိုက်ပို့ ပေးနေခဲ့ပါတော့တယ်။သူများကိုအားကိုးပြီးအလုပ်လုပ်ရတာဖြစ်တဲ့ အတွက် သူရှာတဲ့ပိုက်ဆံသူအကုန်မရဘဲ ဝေစုတော်တော်များများကို အကောင့်ပိုင်ရှင်ကိုပေးနေရပါသေးတယ်။ဒါပေမယ့် ဒါတွေအားလုံးက သူခိုလှုံခွင့်ရသွားတဲ့အခါကျရင်တော့ အဆင်ပြေသွားမှာပါဆိုတဲ့အတွေးနဲ့ ဆူလေမန်တစ်ယောက် အံကြိတ်ပြီး အားတင်းကာ ဆက်လုပ်ကိုင် နေခဲ့တာဖြစ်ပါတယ်။သဘက်ခါကျရင် သူ့ခိုလှုံခွင့်အင်တာဗျူးဖြေရ တော့မှာဖြစ်တဲ့အတွက်‌ အေးဂျင့်သဘောလိုမျိုးလူတွေနဲ့ချိတ်ပြီး သူ့ကို လက်ခံပေးနိုင်လောက်မဲ့ မျက်ရည်ခြူဇာတ်လမ်းတွေကိုလည်း ကြိုတင် ကျက်ထားရပါသေးတယ်။ဒီလိုနဲ့ သဘက်ခါမတိုင်မှီ ဆူလေမန်ရဲ့ ခက်ခက် ခဲခဲဘ၀ကိုဖြတ်သန်းနေရပုံနဲ့ တကယ်တမ်းခိုလှုံခွင့် အင်တာဗျူးဖြေတဲ့ အခါ သူ့အားထုတ်မှုတွေက အရာထင်ပါ့မလား သူလိုချင်တဲ့ ခိုလှုံခွင့်ကို ရော ရသွားမလားဆိုတာတွေကို စိတ်ဝင်စားစရာရှုစားရမဲ့ ဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.52 GB) / ( 1.03GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

History • Drama • Adventure
7.7 2024 92 mins
Souleymane’s Story
Khilre Hoye Warke Kudrat
7.5

Khilre Hoye Warke Kudrat (2025)”နွံ” =============================== အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော လူငယ်ဒရာမာ အချစ်ဇာတ်လမ်းလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ပန်ဂျပ်ပြည်နယ်ထဲမှာ မူးယစ်ဆေးကိစ္စတွေဟာ ထိန်းမရသိမ်းမရဖြစ်နေပါတယ်။ ရွေးကောက်ပွဲတွေမှာလည်း မဲဆွယ်အဖွဲ့တွေဟာ မူးယစ်ဆေးဝါးတွေကို ရအောင်ထိန်းချုပ်မယ်ဆိုတဲ့ကတိနဲ့ မဲဆွယ်ကြပါတယ်။ တစ်နေ့မှာတော့ လက်ရှိအာဏာရပါတီရဲ့ ဝန်ကြီး မဲဆွယ်နေတုန်းမှာ ကာရန်ဆိုတဲ့ ပန်းချီဆရာတစ်ယောက်က မူးယစ်ဆေးဝါးတွေကို နောက်ကွယ်ကဖြန့်နေတာ အစိုးရကိုယ်တိုင်ဖြစ်တယ်လို့ အများရှေ့မှာစွပ်စွဲလိုက်တဲ့အတွက် ပါတီကလူတွေက ရန်ရှာလာတာကြောင့် တခြားနေရာမှာ သွားရှောင်ရဖို့ဖြစ်လာပါတယ်။ အဲဒီလိုရှောင်ရင်းတိမ်းရင်း ကူဒရတ်ဆိုတဲ့ ဆေးစွဲနေတဲ့ကောင်မလေးနဲ့ ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်လုံးရဲ့ဘဝ ပြောင်းလဲဖို့ဖြစ်လာပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Drama • Romance
7.5 2025
Khilre Hoye Warke Kudrat