YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Nothing Uncovered(2024)Ep5 WEB-DL 1080P(CM).mp4

820.8 MB N/A video/mp4 128 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gardens of Stone
6.3

မင်းသားကြီး James Caan ရဲ့ Misery မထွက်ခင် ၁၉၈၇ ခုနှစ်ကထွက်ရှိထားတဲ့ကားပါ။ ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်သားငယ်လေးတွေ စစ်မြေပြင်ကိုအပို့ခံရပြီး အများစုဟာ အသက်ရှင်လျက်ပြန်မလာနိုင်ကြတဲ့အခါ သူတို့တွေကို တပ်မတော်သုသာန် အာလင်တန်မှာမြေချပေးရတဲ့တာဝန်ကို ကင်းတပ်ကြီးမှာတာဝန်ထမ်းဆောင်ကြရတဲ့အရာရှိတွေက စစ်ရေးပြဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကျင်းပပေးရပါတယ်။ ဒီကားက စစ်နောက်ခံထားပြီး စစ်မြေပြင်တိုက်ပွဲတွေအကြောင်းမဟုတ်ဘဲ စစ်ပွဲကာလ တိုက်ပွဲဝင်စစ်သားတွေရဲ့ ကျန်ရစ်ခဲ့တဲ့ မိသားစု၊ဆွေမျိုး၊မိတ်ဆွေတွေရဲ့ခံစားချက်ကို ပိုအလေးပေးဖော်ပြထားတာပါ ... အမေရိကန်ကင်းတပ်ကြီးရဲ့ ဗီယက်နမ်စစ်ပြန် ဂုဏ်ထူးဆောင်တပ်ကြပ်ကြီးကလဲဟာဇက်ဟာ ဗီယက်နမ်စစ်မြေပြင်ကို အပို့ခံနေရတဲ့စစ်သားငယ်လေးတွေကို စစ်‌မြေပြင်မှာဦးဆောင်လမ်းပြပေးပြီး အသက်မသေအောင်ကယ်တင်နိုင်အောင်လို့ ဗီယက်နမ်အခြေစိုက် ဘန်းနင်းခံတပ်ကို တာဝန်ပြောင်းပေးဖို့လျှောက်တဲ့အခါ အထက်လူကြီးက ပယ်ချလိုက်ပါတယ် အဲ့ဒီအချိန်မှာ ဆာဂျင်ဟာဇက်ရဲ့ ကိုရီးယားစစ်ပွဲကာလမှာတုန်းက ရဲဘော်ရဲဘက်တွေဖြစ်ခဲ့တဲ့မိတ်ဆွေဟောင်းတစ်ယောက်ရဲ့သား ဂျက်ကီဝီလ်လိုတစ်ယောက် ကင်းတပ်ကြီးကိုရောက်လာပါတယ် သူ့သားလေးကို အစစအရာရာသင်ပြပေးဖို့အတွက်လည်း ဆာဂျင်ဟာဇက်ဆီကို စာပါးပေးခဲ့ပါတယ် အဲ့‌ဒီကောင်လေးက စစ်သားတစ်ယောက်ဟာ စစ်‌ဖြစ်နေရင် စစ်မြေပြင်မှာတာဝန်ထမ်းဆောင်ရမယ် ဆိုတဲ့အစွဲနဲ့ သူက ဗီယက်နမ်စစ်မြေပြင်ကို အပြောင်းလျှောက်ချင်နေတဲ့သူပါ ဆာဂျင်ဟာဇက်က ဒါကိုသိတော့ နားချဖို့ကြိုးစားရင်း စစ်သားတစ်ယောက်သိသင့်သိထိုက် တတ်သင့်တတ်ထိုက်တဲ့အရာတွေကို သင်ပြပေးပါတယ် ဒီတော့ဆာဂျင်ဟာဇက်ရဲ့အကြံ အောင်မလား မအောင်ဘူးလားဆိုတာကတော့ ကိုယ်တိုင်ဆက်လက်ခံစားကြည့်ရှုလိုက်ပါဦး File size…(1.8 GB)/(1.2 GB)/(660 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:51:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Aye Thida Kyaw (rivn)

6.3 1987 111 mins
Gardens of Stone
5G: The Reckoning
1.2

"ညတွေဆို လေလွင့်လိုက်တာ တီတီတာတာလုပ်စရာလည်း မရှိဘူး" ဆိုပြီး လောင်နေကြတဲ့ FA ပရိသတ်ကြီးတို့အတွက် လောင်စရာအချိန်မရှိအောင် ပဟေဠိတွေ အများကြီးပေးမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကျောင်းတစ်ကျောင်းထဲမှာ ကျောင်းသူကျောင်းသား ရှစ်ယောက် ပိတ်မိနေကြရာကနေ စတင်လာတာပါ။ သူတို့အကုန်လုံး ပြင်ပကမ္ဘာ ကြီးနဲ့ လုံးဝအဆက်အသွယ်မရဘဲ အချင်းချင်းပဲ ဆက်သွယ်လို့‌ရနေ ကြတာ ထူးဆန်းစရာတစ်ခုဖြစ်လို့နေပါတယ်။ ပိုလို့ထူးဆန်းတာက တစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ကူးစက် ခံလာရပြီး ဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ပျံ့လို့ပျံ့မှန်းမသိတွေ ဖြစ်နေ ကြတာပါ။ အကြောင်းရင်းမရှိ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေ လူသေဆုံးမှုတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ ဒွိဟတွေနဲ့ တွေးလေတွေးလေ လိုက်မမီလေဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပဲ ဆိုပါတော့။ အဲဒီဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ကူးစက်လာတာလဲ ? သူတို့က ဘာကြောင့် ပိတ်လှောင်ခံထားရတာလဲ ? အသက်ရှင်ကျန်နေရစ်မဲ့သူက ဘယ်သူလဲ ? စတဲ့ မေးခွန်းပေါင်းများစွာကတော့ ဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့ အချိန်မှာ တက်လာခဲ့တဲ့ မေးခွန်းတွေပါပဲ။ ဒီတော့ ခေါင်းစားရတာ ကြိုက်တဲ့ CM ပရိသတ်တို့ အကြိုက်တွေ့ကြမဲ့ ဇာတ်လမ်းမျိုးမို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.2 GB) / (320 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 21Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......May Thet Khine Soe Encoder..........SWM

Action • Adventure • Comedy • Fantasy • Horror
1.2 2023 81 mins
5G: The Reckoning
Torn
5.5

လူသားနဲ့ halfling မျိုးနွယ်ကောင်မလေးကြားက ခပ်ဆန်းဆန်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို မိတ်ဆက်‌ပေးချင်ပါတယ်။ ရန်ဟာ halfling တွေကိုလိုက်ဖမ်းရတဲ့ အော်ဒါအဖွဲ့က အဆင့်မြင့် အဖွဲ့၀င်တစ်ယောက်ပါ။ ရန်ရဲ့ချစ်သူအိုင်ဗီကလည်း အော်ဒါအဖွဲ့ထဲ ကဖြစ်ပေမဲ့ ဘယ်သူမှမသိသေးတာက အိုင်ဗီဟာ halfling မျိုးနွယ် ဖြစ်နေတာပါပဲ။ အိုင်ဗီကိုယ်တိုင်တောင် သူ့ကိုယ်သူ တော်တော်နဲ့ မသိခဲ့ပါဘူး။ ရန်လည်း အဲဒီအမှန်တရားကိုမသိခဲ့ပါဘူး။ အော်ဒါအဖွဲ့က သစ္စာဖောက်ပြီးထွက်ပြေးသွားတဲ့ ဗယ်ကို အားလုံးက halfling မျိုးနွယ်လို့ သံသယ၀င်ခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း နတ်သူငယ်တို့ရဲ့မင်းသားက အိုင်ဗီ့ကိုလိုချင်နေပါတယ်။ အိုင်ဗီကလည်း လုံး၀လက်မခံပါဘူး။ အဲဒီလိုနဲ့ အော်ဒါအဖွဲ့၊ halfling မျိုးနွယ်နဲ့ နတ်သူငယ်တွေကြားက အရှုပ်အရှင်းတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ၊ အိုင်ဗီဟာ halflingမှန်းသိသွားခဲ့ရင် ရန်တစ်ယောက်ဘာဆက်လုပ်မလဲ၊ အိုင်ဗီကရော ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ဒဏ္ဍာရီဆန်ဆန်ဆန်းပြားတဲ့ စိတ်ကူးယဉ်အချစ်ဇာတ်လမ်း လေးဖြစ်ပြီး သရုပ်ဆောင်တွေကလည်းအလန်းတွေချည်းမို့ ခဏတာစိတ်အပန်း ဖြေဖို့ ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ပုဒ်အဖြစ် ညွှန်းပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(2.6 GB) / (750 MB) / (500 MB) Quality............WEB-RIP 1080p, 720p, 480p Duration.........2Hrs 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Fantasy, Romance Translator.......C'mon Encoder..........SWM

Crime • Drama • Thriller
5.5 2022 156 mins
Torn
Last Film Show
7.3

ဒီနှစ်ကတော့ နည်းနည်းတော့ဆန်းတယ်ပြောရမှာပဲ။ အိန္ဒိယရဲ့ ယခင်ဟိုဘက်ခြမ်း ပါကစ္စတန်ကားတစ်ကားကလည်း အော်စကာ ပဏာမစာရင်းထဲဝင်ခဲ့သလို အိန္ဒိယက ကားကလည်း ရှားရှားပါးပါး စာရင်းထဲဝင်လာခဲ့တယ်။ ဒီကားက မြင်နေကြုံနေကျ အိန္ဒိယကားတွေနဲ့ ကွဲထွက်တယ်လို့ ပြောရမှာပေမဲ့ အသစ်တော့မဟုတ်ဘူးပေါ့။ ဒါပေမဲ့ တော်တော်လေး ကြည့်ဖို့တန်တဲ့ကားပါပဲ။ ရုပ်ရှင်ကိုချစ်တဲ့လူတွေဆို ရုပ်ရှင်ကိုချစ်တဲ့အကြောင်း ရိုက်ပြထားတဲ့ ကားတွေကို ပိုသဘောကျတတ်တယ်မလား။ စကောဆေးစိရဲ့ Hugo တို့ , တော်နာတိုးရဲ့ Cinema Paradisoတို့ , နောက် ဒီနှစ်တင် ပူပူနွေးနွေးထွက်ထားတဲ့ စပီးဘာ့ချ်ရဲ့ the fablemens တို့လိုပေါ့။ ကျွန်တော်ဆိုလည်း မာတင်စကောဆေးစိမှာ ကားကောင်းတွေ ရိုက်သတ်မကုန်ပေမဲ့ သူ့ကားတွေထဲ ပြန်အကြည့်ဖြစ်ဆုံးကားက Hugo ဖြစ်ခဲ့တယ်။ ဒီကားကလည်း အိန္ဒိယရေ အိန္ဒိယမြေနောက်ခံနဲ့ ရုပ်ရှင်ကိုချစ်တဲ့ လူငယ်လေးတစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ကားပါပဲ။ ဒီရုပ်ရှင်မှာ နာမည်ကျော် ဒါရိုက်တာပေါင်းများစွာကို Tribute ထားတယ်။ အိန္ဒိယရဲ့ ဂန္တဝင်ဒါရိုက်တာကြီး ဆတ္တရာဂျစ်ရေးကိုလည်း ထိပ်ဆုံးနားလောက်မှာ ထည့်ရေးထားတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်မှာ ဆတ္တရာဂျစ်ရေးရဲ့ အခန်းကဏ္ဍက ဒီလောက်ပဲလို့တော့ မထင်ဘူး။ ဒီကားဟာ ဒီဒါရိုက်တာရဲ့ ငယ်ဘဝတစ်စိတ်တစ်ပိုင်းသွတ်သွင်းထားတဲ့ကားလို့ ဆိုပေမဲ့ ရေခံမြေခံတူတာကြောင့်ရော လွှမ်းမိုးမှုကြောင့်ရော ဖြစ်ကောင်းဖြစ်မယ်။ ဒီတစ်ကားလုံးရဲ့အစအဆုံးမှာ အပုရဲ့ အငွေ့အသက်တွေကို မြင်နေရတာပါပဲ။ ဒါကြောင့်လည်း အသစ်တော့မဟုတ်ဘူးလို့ ဆိုခဲ့တာပါ။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို Cinema Paradisoအိန္ဒိယဗားရှင်းလို့ ဆိုကြတယ်။ ရုပ်ရှင်ကိုချစ်တဲ့အကြောင်းကားချင်းဆိုတော့ အတိုင်းအတာတစ်ခုအထိတော့ အငွေ့အသက်တူနေမှာပါပဲ။ ပုဂ္ဂလိက အမြင်အရလည်း ဒီထက်လည်း နည်းနည်းပိုသလိုတော့ရှိတာပဲ။ ဒါပေမဲ့လည်း ဒီကားမှာ ကျွန်တော်တို့မြင်ရမယ့် စီနီမာပရာဒီဆိုရဲ့ အငွေ့အသက်ထက် အပုရဲ့အငွေ့အသက်က ပိုအားကောင်းနေတာတော့ တော်တော်လေးမြင်သာတယ်။ casting က အစ , ဇာတ်ရဲ့ဓာတ်ကူပစ္စည်းတွေအလယ် , ဖွဲ့စည်းပုံကနေ နောက်ဆုံး သိမ်းပုံအထိပါပဲ။ တူနေတာတော့မဟုတ်ပေမဲ့ အငွေ့အသက်ကထင်းနေတယ်။ အိန္ဒိယရဲ့ အော်စကာတန်းဝင်ကားတစ်ကားမှာ ရေးရဲ့အငွေ့အသက်ရတာ ကောင်းတဲ့ကိစ္စလို့ပဲ ပြောရမှာပဲ။ နောက်ဆုံးအနေနဲ့ အိန္ဒိယ ပဏာမစာရင်းဝင်ထားတာ ၂၀၀၁တုန်းက Lagaanဆိုတဲ့ကားနဲ့ဆိုတော့ ၂၂နှစ်တောင်ကြာပြီကိုး။ The Last Film Showဟာ ရုပ်ရှင်ကိုချစ်တဲ့အကြောင်း အဓိကရိုက်ပြထားတဲ့ကားပေမဲ့ သူ့ဆွဲဆောင်မှုက အဲဒီတစ်ခုတည်းတော့မဟုတ်ပါဘူး။ တခြားဆွဲဆောင်မှုတွေလည်းပါပါတယ်။ တစ်ဖြတ်တစ်ဖြတ်ဆိုသလို အဓိကဇာတ်ကောင် အာမေးရဲ့အမေ ချက်ချက်ပြသွားတဲ့ အိန္ဒိယဟင်းလျာတွေကလည်း ဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတွေထဲက တစ်ခုလို့ပြောလို့ရတယ်။ Tribute အနေနဲ့ ထည့်ပြောသွားတဲ့ထဲ တာကော့စကီးတို့ စတန်လေကူးဘရစ်တို့ ရေးတို့ အင်ဂမာဘာ့ချ်မန်းတို့ ကင်းဟူတို့ ကူရိုဆာဝါတို့ ဂိုးဒတ်တို့လို ထိပ်ဆုံးမှ ထိပ်ဆုံး ဒါရိုက်တာတွေ ပါပေမဲ့ ထူးတာက အဲဒီထိပ်မှာ သူက အိန္ဒိယဒါရိုက်တာ Manmohan Desaiတို့ အမီတာဘချမ်းတို့ ခန်သုံးခန်တို့ကို ထိပ်မှာအရင်ထည့်သွားပါတယ်။ ပြတဲ့ကားတွေကလည်း သူတို့ကားတွေပါပဲ။ သူ့ငယ်ဘဝရဲ့ကောက်ကြောင်းဆိုတော့ သူ့အတွက် Nostalgia ဖြစ်ရတဲ့ လူတွေကို ရှေ့ကထားသွားခဲ့တယ်။ သူ့ကိုရုပ်ရှင်ပြတဲ့ဖလင်ထိုးသမားပြောတဲ့ ရုပ်ရှင်အပေါ် သူ့အမြင်တွေကတော့ နည်းနည်းတော့ သဘောမကျချင်စရာကောင်းသလိုလိုရှိပေမဲ့ အဲဒီလူ တကယ်ပြောခဲ့တဲ့အတိုင်း ထည့်ချလိုက်တာလည်း ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဘာနေနေ The Last Film Show ဟာ Samsara လိုကားမျိုးကို ရိုက်ခဲ့တဲ့ Pan Nalinရဲ့ မာစတာပိစ်ကားလို့တော့ ပြောမရပေမဲ့ တော်တော်လေးကောင်းတဲ့ အိန္ဒိယ Art House Filmလို့တော့ ပြောလို့ရပါတယ်။ အိန္ဒိယကားတွေ ကြည့်စမရှိရင်တောင် ရုပ်ရှင်တွေကိုချစ်တယ် ရေးကို ကြိုက်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ခက်ခက်ခဲခဲကြည့်ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပါ။ သူကတော့ ဖလင်ခေတ်ကပေါ့။ ဒီဘက်ခေတ်လို ဘာမဆိုဒေါင်းလုတ်ဒ် လုပ်လို့ရတဲ့ ခေတ်ကြီးမှာတော့ ဒါမျိုးအခက်အခဲတွေ မရှိလောက်တော့ပါဘူး ထင်ကောင်းထင်ကြလောက်ပေမဲ့ ရှိတော့ရှိနေတာပါပဲ။ ကိုယ်တွေ့တင် 5G တောင် တွင်ကျယ်လာတော့မယ့် ၂၁ရာစုကြီးမှာ 2G တောင်ပြည့်ရဲ့လားမသိအောင် လိုင်းဖြတ်ခံထားရတဲ့ အရပ်က သူငယ်ချင်းတစ်ယောက် သူကြည့်ချင်တဲ့ကားကြည့်ရဖို့ တော်တော်အပင်ပန်းခံနေရတာလည်း မျက်မြင်ပါပဲ။ ဘယ်လိုပဲခက်ခဲခက်ခဲ လောကကြီးရဲ့အကျယ်ပြောဆုံးမြင်ကွင်းဖြစ်တဲ့ ရုပ်ရှင်တွေကို ချစ်တဲ့လူတွေကတော့ ကြည့်ခွင့်ရဖို့ ရအောင်ကြိုးစားကြမှာပါပဲ။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်ကို ကြည့်ခွင့်ရဖို့ ထမင်းအငတ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ ကျွန်တော်တို့ဘဝတွေမှာလည်း ဒီလိုအဖြစ်မျိုးတွေ ကြုံဖူးခဲ့ရင် ပိုလှပနေမယ့် ရုပ်ရှင်ပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size…1.68GB | 870MB | 484MB Format… mp4 Duration….1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator .....WiRa Aung Encoder .....August

Comedy • Drama
7.3 2022 110 mins
Last Film Show
Hunter Killer
6.9

(အက်ရှင်ဦးစားပေးစစ်ကားဖြစ်သဖြင့် Blu-Ray 1080p 5.1 CH , Blu-Ray 720p အားUpdate ပေးလိုက်ပါသည်...)) စစ်ကားကောင်းတွေ ငတ်နေကြသူတွေအတွက် ရုရှားနဲ့ အမေရိကန်ဆော်ကြမယ့် 2018 ထွက် Hunter Killer ဆိုတဲ့ ဇာတ်ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်.... Hunter Killer ဆိုတာက အမေရိကန်ရေငုပ်သင်္ဘော အမျိုးအစားတစ်ခုရဲ့နာမည်ဆိုပါတော့... တစ်နေ့ အမေရိကန်ရေငုပ်သင်္ဘောတစ်စီး (တန်ပါဘေး) ဟာ အာတိတ်သမုဒ္ဒရာထဲ ကင်းထောက်နေတုန်း ရုရှား ရေငုပ်သင်္ဘောတစ်စီး ပေါက်ကွဲပျက်စီးသွားတာကြားလိုက်ရပါတယ်... ဘာကြောင့် ဒီလိုဖြစ်သွားသလဲ စုံစမ်းနေတုန်း မရှေးမနှောင်းမှာပဲ သူတို့သင်္ဘော တန်ပါဘေးလည်း ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့ရပါတယ် ...အမေရိကန်အစိုးရ နဲ့ ရုရှားအစိုးရလည်း ဘယ်သူက စတင်ပစ်ခတ်တယ်ဆိုတာ မသေချာပေမယ့် နှစ်ဖက်စလုံးမှာအထိအခိုက်ရှိသွားတာဖြစ်တဲ့အတွက် နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့ပါတယ်... ဒါကြောင့် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီးက နစ်မြုပ်သွားတဲ့ တန်ပါဘေးကို ကယ်ဆယ်ဖို့ ကပ္ပတိန် ဂျိုးဂလက်စ် ဦးစီးတဲ့ Hunter killer တစ်စီးလွှတ်ပါတော့တယ်... မြေပြင်မှာ လည်း ရုရှားသမ္မတရဲ့ခြေလှမ်းတွေစောင့်ကြည့်ဖို့ အထူးစစ်သားလေးယောက် ချထားလိုက်ပါတယ်.... ရုရှား အမေရိကန် နိုင်ငံရေးတင်းမာမှုတွေဟာ ဘယ်လောက်ထိကြီးကျယ်ပြီး တတိယကမ္ဘာစစ်ကို ခေါ်ဆောင်သွားနိုင်သလားဆိုတာ ပရိတ်သတ်ကြီးပဲ ရှုစားတော်မူကြပါ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwinပဲဖြစ်ပါတယ်... File Size : (2.13GB),(982MB)  Quality : Blu-Ray 1080p 5.1 CH, Blu-ray 720P Format…mp4 Duration…02:02:00 Genre : Action, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel Khant Thwin Encoded by Phyo Pyae

Drama • Mystery • Sci-Fi & Fantasy
6.9 2018 121 mins
Hunter Killer
Weathering with You
8

သဘာဝ ၏ ရင်သွေးငယ် "နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodaka ဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ် ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါ ကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား? ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်... အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ ဆိုတော့ ဇတ်လမ်းကိုတော့ အားလုံးအလွတ်နီးပါးရနေကြလောက်ပါပြီ။ ဒါပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် နည်းနည်းလောက် ညွှန်းပေးပါရစေ။ မိုရီရှိမာ ဟိုဒါကာ(Morishima Hodaka) ဆိုတာက သူနေတဲ့ ကျွန်းမြို့လေးကနေ တိုကျိုမြို့ကြီးဆီကို ထွက်ပြေးလာတဲ့ ၁၆ နှစ်အရွယ်အိမ်ပြေးကောင်လေးတစ်ယောက် အာမာနို ဟီနာ(Amano Hina) ကတော့ တိုကျိုမြို့ကြီးမှာ အချိန်ပိုင်းအလုပ်လုပ်ပြီး ဘဝကို ထိန်းကျောင်းနေတဲ့ကောင်မလေး တိုကျိုမြို့ကြီးမှာ အသက်မပြည့်တဲ့ကလေးတွေအတွက် အလုပ်ရဖို့ဆိုတာ အင်မတန်ခဲယဉ်းပါတယ်...ဒီတော့ ဟိုဒါကာ အနေနဲ့ တိုကျိုမြို့ကြီးမှာ ဒုက္ခပင်လယ်ဝေပြီး အခက်ကြုံတော့တာပေါ့ ဒါပေမဲ့ တစ်နေ့မှာ ဟီနာဆိုတဲ့ ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့အပြီးမှာတော့...... အခု ပရိတ်သတ်ကြီး ခံစားကြည့်ရှုရမယ့် "Weathering with you" ဆိုတဲ့ ဇာတ်လမ်းကြီး စတင်ပါတော့တယ်.... ရုပ်ရှင်တစ်ကားလုံး စိုစွတ်တဲ့ခံစားချက်တွေရလောက်အောင် ရိုက်ပြထားတယ် အေးချမ်းတဲ့ မိုးရာသီကို ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ တကယ်ဖီးလ်လို့ကောင်းတဲ့ဇာတ်ကားပေါ့ အခုချိန်ကလည်း မိုးတွင်းရောက်နေပြီဆိုတော့ မိုးရွာနေတဲ့အချိန် ကော်ဖီလေးတစ်ခွက်နဲ့ ဒီကားလေးကြည့်နေရရင် Perfect ပါပဲ ဇာတ်ဝင်တေးနဲ့ နောက်ခံတီးလုံးတွေကလည်း ထုံးစံအတိုင်း ရှယ်တွေပါ... နားကြပ်လေးတပ်ကြည့်သင့် (ဒီကားထဲမှာပါတဲ့ cameo အခန်းလေးတွေကလည်း ပရိသတ်ကို အတော်လေးဆွဲဆောင်ထားနိုင်ခဲ့ပါတယ်) ကဲ အညွှန်းလည်း အတော်လေးရှည်သွားပြီမို့လို့ … အခုပဲ ကြည့်ရှု့ခံစားကြည့်လိုက်ကြပါဦး။ အညွှန်းကိုတော့ မားရဲကရေးသားပေးထားပါတယ် Quality – Blu-ray 1080p/720p Duration – 1hr 52min Format – Mp4 Translator – IdiotMyoKo Synced and Edited by CM Encoder – YK,Myoko

Action & Adventure • Sci-Fi & Fantasy
8 2019 112 mins
Weathering with You
Wedding Dress

Wedding Dress (2022) ဂျိုအန်က မင်္ဂလာဝတ်စုံတွေရောင်းတဲ့ဆိုင်က ဒီဇိုင်နာလက်ထောက်တစ်ယောက်ပါ။ သူ့မှာ ကာလာလို့ခေါ်တဲ့ သမီးငယ်လေးတစ်ယောက်ရှိပြီး ယောက်ျားကဆုံးပါးသွားပြီဖြစ်တဲ့ တစ်ကိုယ်ရည်မိခင်တစ်ယောက်ပါ။ သူ့ယောက်ျားက သူတို့မင်္ဂလာနှစ်ပတ်လည် ၁၀နှစ်မြောက်ကျရင် Wedding Dress လေးရစေရမယ်လို့ ကတိပေးခဲ့တာကြောင့် ဒီအိပ်မက်လေးကိုလည်း ဆက်ပြီးဖက်တွယ်ထားဆဲပါ။ သူ့မှာဒီဇိုင်းလုပ်လက်စ မင်္ဂလာဝတ်စုံဂါဝန်လေးလည်းရှိနေပါတယ်။ အမေတစ်ခု သမီးတစ်ခုဘဝမို့ စားဝတ်နေရေးအတွက် အလုပ်အမြဲလုပ်နေရပါတယ်။ ဒါပေမဲ့ သမီးလေးကို အရမ်းချစ်ပြီး သမီးအတွက် လိုလေးသေးမရှိ ထားချင်တဲ့ အရာရာမြှုပ်နှံထားတဲ့မိခင်မျိုးပါ။ ဒီလိုကြိုးစားနေတဲ့ ဂျိုအန်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး။ အကြောင်းကတော့ ဂျိုအန်မှာ ကင်ဆာရှိနေပြီဖြစ်လို့ပါပဲ။ သူက ကင်ဆာဆေးတွေသွင်းပြီးလူမမာအဖြစ်နဲ့ ထွက်ခွာမသွားချင်တာကြောင့် ဆေးမကုဘဲနေဖို့ဆုံးဖြတ်ထားပါတယ်။ ဒါ့ကြောင့် သူမသွားရခင်မှာ သမီးလေးအပေါ် သူလစ်ဟင်းခဲ့တဲ့မိခင်တာဝန်တွေကိုလုပ်ဖို့ အလုပ်ကနေခွင့်ယူပြီး ဟင်းချက်ပေးတာကစလို့ သမီး‌‌လေး သူငယ်ချင်းတွေပိုရအောင် မောင်နှမဝမ်းကွဲတွေနဲ့တည့်အောင် ဘဲလေးအကမယ်ပြိုင်ပွဲဝင်ဖြစ်အောင် ကြိုးစားပါတော့တယ်။ မိခင်မေတ္တာနဲ့ သားအမိသံယောဇဉ်ပေါ်လွင်ပြီး ကြည့်ရှုသူတွေကို နွေးထွေးမှုနဲ့ ဝမ်းနည်းမှုတွေတပြိုင်တည်းဖြစ်စေတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါပဲ။ စိတ်ခံစားလွယ်တဲ့သူတွေအတွက်ကတော့ တော်တော်လေးမျက်ရည်ကျရမယ့် ရုပ်ရှင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 554MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Comedy • Drama
0 2022
Wedding Dress
2018
8.8

2018 (2023) (IMDb 8.8/10,RT 100%) ယခုတစ်ခါ ပရိသတ်ကြီးကို ၂၀၂၃ မေလမှာထွက်ရှိလာတဲ့ ဖြစ်ရပ်မှန်အခြေခံ survival ရုံတင်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ Vaashi,Neelavelicham တို့မှာကျရာဇာတ်ရုပ်က ပီပြင်စွာသရုပ်ဆောင်ခဲ့တဲ့ Tovino Thomas ဟာဆိုရင်ဖြင့် ဒီကားထဲမှာလည်း ပိုင်နိုင်စွာ သရုပ်ဆောင်ထားပြန်ပါတယ် ရုံတင်ငွေဟာလည်း 171ကုဋေအထိ ပြန်ရခဲ့တဲ့ကားဖြစ်လို့ Survival ကားကြိုက် ပရိသတ်တွေအတွက် အလန်းစားဇာတ်ကားတစ်ကားပါပဲ အိန္ဒိယတောင်ပိုင်း ကယ်ရာလာမှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးမှုကြောင့် တစ်ပြည်နယ်လုံး ရေထဲမြုပ်သွားပြီ တောင်ကုန်းပါမကျန် ဘာဆိုဘာမှ မကျန်အောင် အကုန်ရေထဲ နစ်မြုပ်ပျက်စီးခဲ့ပါတယ် အဆိုပါရေလွှမ်းမိုးမှုဟာ မိုးရေချိန်များပြားစွာ ရွာသွန်းမှု ဆည်ရေလျှံမှု ‌ မြစ်ရေကြီးမှု စသည်ဖြင့် အကြောင်းရင်းများစွာရှိခဲ့ပါတယ် ယခုအချိန် ၂၀၁၈ မှာ အဆိုပါရေကြီးမှုမျိုးထပ်မံဖြစ်လာတဲ့အခါ ရုန်းကန်လှုပ်ရှား ကယ်ဆယ်ကြရတာကို ဇာတ်လမ်းကောင်းကောင်းလေးနဲ့ ဖြစ်ရပ်မှန်အခြေပြု ရိုက်ပြလိုက်တဲ့အခါမှာ အခုလို rating တွေ လန်ပြန်ထွက် ရှယ်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လာပါတော့တယ် Survival ကားကောင်းကောင်း ကြည့်ချင်တဲ့ပရိတ်သတ်တွေအဖို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းဆိုရင်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးဖို့ပါ တိုက်တွန်းပေးလိုက်ရပါတယ်ဗျာ (အညွှန်းရေးသားသူကတော့ Sai ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Thaik~Chiclon3~YH~Aditiနဲ့ Yunni တို့ပဲဖြစ်ပါတယ်)

Drama • Romance
8.8 2023 150 mins
2018
Bedurulanka (2023)
6.3

Bedurulanka 2012 (2023) IMDB 6.2/10 ရထားတဲ့ အိန္ဒိယ Telugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ် 2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါ ဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေ တကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးက ပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါ ထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ် ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့ သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ် တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင် နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေ မတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ | အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ် အညွှန်းကို KKKZ မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ KKKZ ~ ToMo ~ Alex ~ Dee တို့ပဲဖြစ်ပါတယ်

6.3 2012
Bedurulanka (2023)
Lose To Win
5.8

ဒီဇာတ်ကားလေးကတော့ teamwork နဲ့ ယှဉ်ပြိုင်လိုစိတ် ၊ အရှုံးမပေးတတ်တဲ့စိတ်ဓာတ် အစရှိတဲ့ message တွေပေးသွားပြီးတော့ ရယ်စရာဟာသလေးတွေနဲ့ပါ တစ်ပါတည်းကြည့်ရမဲ့ ဟာသကားကြိုက်တတ်တဲ့ ပရိသတ်ကြီး‌တွေ အကြိုက်တွေ့စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ‌ဘတ်စကတ်ဘောအားကစားကိုအရမ်းရူးသွပ်ပြီး ပွဲတိုင်းအနိုင်လိုချင်တဲ့ နည်းပြဝေ့ကော်ကျိမ့်ဟာ သူ့ကျောင်းက ဘတ်စကတ်ဘောအသင်းကို ၇နှစ်ဆက်တိုက်ဘယ်သူမှအနိုင်မပိုင်းနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့တဲ့ နည်းပြတစ်ဦးပဲဖြစ်ပါတယ် ။ တစ်နေ့မှာတော့ ပြိုင်ဘက်အသင်းက နိုင်ငံခြားသားတွေကိုငှားလာပြီး ပြိုင်ပွဲဝင်ခဲ့တဲ့အချိန်မှာ နည်းပြဝေ့တို့အသင်းရဲ့ ၇နှစ်အရှုံးမရှိမှတ်တမ်းကို ချိုး‌ဖျက်တော့မလိုအခြေအနေဖြစ်လာခဲ့ပါတယ် ။ နည်းပြဝေ့တစ်ယောက် နိုင်ချင်ဇောကြီးပြီး ကမူးရှူးထိုးတွေထလုပ်ချိန်မှာတော့ ရန်တွေဖြစ်ကြပါတော့တယ် ။ သူအဲလိုလုပ်လိုက်တဲ့အခါမှာ ၇နှစ်မှတ်တမ်းကိုထိန်းသိမ်းနိုင်လိုက်ပေမဲ့ တစ်ဖက်မှာလည်း အဖွဲ့အစည်းကနေ သူ့ကိုယာယီရာထူးရပ်ဆိုင်းပြီး ဖွံ့ဖြိုးမှုနှောင့်နှေးတဲ့ ချို့တဲ့တဲ့ ပရဟိတမိသားစုအဖွဲ့အစည်းဆီကို ဘတ်စ‌ကတ်‌ေဘာနည်းပြလုပ်ပေးဖို့လွှတ်လိုက်ချိန်မှာတော့ ခေါင်းဆောင်ဝေ့တစ်ယောက် ပြောဆိုဆက်ဆံရခက်တဲ့ လူတစ်စုနဲ့ ဘယ်လိုဆက်ပြီး ရှေ့ဆက်လဲ ? သူလိုချင်နေတဲ့ အနိုင်ပွဲတွေကရော ဦးနှောက် ဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့လူတစ်စုနဲ့ဆို ရ‌နိုင်ပါအုံးမလားဆိုတာကို… ပျော်ပျော်ရွှင်ရွှင်နဲ့ မပျင်းရအောင်ကြည့်ရမှာဖြစ်လို့ ဟာသကားကြိုက်ပြီးဇာတ်အိမ်ခိုင်မှကြည့်တတ်တဲ့သူတွေအတွက် ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ

Horror • Mystery • Thriller
5.8 2023
Lose To Win
Killer Fortune Teller
5

ဇာတ်လမ်းခပ်အေးအေးနဲ့ ဘယ်ဇာတ်ကောင် ကလိမ်ကျနေတာလဲဆိုတာကို စိတ်ကူးပုံဖော်ကြည့်ရတာ နှစ်သက်သူတွေအတွက် လျှို့ဝှက်ဆန်းကြယ်အမျိုးအစား ရုပ်ရှင်တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရှိန်းနဲ့ အိုလီဗီယာဆိုတဲ့ မောင်နှမနှစ်ယောက်ရှိတယ်။မောင်နှမနှစ်ယောက်လုံး သူတို့အဖေ တည်ထောင်ခဲ့တဲ့ ဆက်တယ်လ်ဆေးဝါးကုမ္ပဏီကြီးမှာအလုပ်လုပ်နေကြပြီး အစ်ကိုဖြစ်သူ စီအီးအိုနေရာမှာရှိနေတာကို ညီမဖြစ်သူကမကြိုက်။ အဖေဖြစ်သူ ရှိစဉ်အခါက လမ်းကူးရင်တောင် တားရော့ကတ်တွေက ဘေးကင်းတယ်ပြောမှ ကူးရလောက်အောင်ထိ တားရော့ကိုရူးသွပ်ခဲ့တဲ့သူ။ သားဖြစ်သူ ရှိန်းလည်း ကုမ္ပဏီက အရေးပါတဲ့အဆုံးအဖြတ်တစ်ခုအတွက် တားရော့ဆရာမဆီက လမ်းညွှန်မှုမှန်နေတာကို တွေ့လိုက်ရတဲ့နောက်မှာတော့ အဖေဖြစ်သူလိုပဲ တားရော့ကို အတော်လေးယုံကြည်လာခဲ့ပါတော့တယ်။ နောက်ထပ် သူ့ဘ၀အတွက်အရေးပါတဲ့နေရာကိုရောက်လာမဲ့ မိန်းကလေးကို ဘားတစ်ခုမှာ ရှိန်းတွေ့ခဲ့ရပြန်တယ်။ ရှိန်းမသိတာ သူ့ပတ်ဝန်းကျင်က ဒီအမျိုးသမီးတွေဆီမှာ ကိုယ်စီကိုယ်စီ ဖုံးကွယ်ထားတဲ့အရာတွေ ရှိနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.5 GB)/(720 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

5 2024
Killer Fortune Teller
Kubi
6.7

လည်ပင်းလို့အဓိပ္ပာယ်ရတဲ့ Kubi ဂျပန်ဆာမူရိုင်းရုပ်ရှင်မှာ ခေါင်းဖြတ်တာတွေကိုတော့ ပေါပေါများများမြင်တွေ့ရမှာ ဖြစ်ပါတယ်။ Takeshi Kitano က ကိုယ်တိုင်ရေးသား ရိုက်ကူးထားတဲ့အပြင် ကိုယ်တိုင်လည်းပါဝင်သရုပ်ဆောင် ထားပါတယ်။ ၁၅၈၂ ခုနှစ် စံဂိုကုခေတ်ကာလကဖြစ်ပွားတဲ့ခဲ့ သမိုင်းဝင်အဖြစ်အပျက် Honnō-ji ကို ရိုက်ကူးပုံဖော် ထားတာဖြစ်ပါတယ်။ ရုပ်ရှင်ကို ၁၆ ရာစုမှာအခြေ တည်ထားပြီး ပြိုင်ဘက်စစ်နယ်ရှင်တွေဟာ ဂျပန်ကို ထိန်းချုပ်ခွင့်ရဖို့ အပြိုင်အဆိုင်ကြိုးစားလျက်ရှိတဲ့ခေတ် ကာလဖြစ်ပါတယ်။ ဂျပန်နိုင်ငံတစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့အရှင်အိုဒါနိုဘူနာဂါဟာ မျိုးနွယ်စုတွေ အများကြီးနဲ့ စစ်ပွဲဆင်နွှဲနေစဉ်မှာပဲ သစ္စာခံတစ်ယောက် ဖြစ်တဲ့အာရာကီမူရာရှီဂီက ပုန်ကန်ထကြွပြီး စစ်ရှုံးချိန်မှာ ပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ နိုဘူနာဂါက မီဆူဟီဒီနဲ့ဟီဒီယိုရှီအပါအဝင် တခြားသစ္စာခံတွေကိုစုစည်းပြီး ဝရမ်းပြေးမူရာရှီဂီကိုဖမ်းဖို့အမိန့်ပေးလိုက်တဲ့အပြင် ကြိုးစားသူတိုင်းကိုလည်း သူ့နေရာကိုဆက်ခံခွင့်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။ နိုဘူနာဂါရဲ့နေရာကိုဆက်ခံချင်သူတိုင်းက အမျိုးမျိုးသော စိတ်ကူးတွေ၊ အကြံအစည်တွေ၊ ထောင်ချောက်တွေနဲ့အတူ သိပ်မကြာခင်မှာပဲ ရှုပ်ထွေးတဲ့အခြေအနေတစ်ခုမှာ ထိပ်တိုက်ရင်ဆိုင်တွေ့မိကြပါတော့တယ်။ နိုဘူနာဂါလာရောက်မယ့်ဟွန်နိုဂျီဘုရားကျောင်းမှာ နိုဘူနာဂါရဲ့သစ္စာခံတွေအတွက် ဘယ်လိုကံကြမ္မာတွေက စောင့်ကြိုနေမယ်ဆိုတာကတော့ ဆက်လက်ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ File size…2.45GB / 1.2GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 11m Genre …..Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.7 2023
Kubi
How to Make Gravy
7

How to Make Gravy (2024) IMDb Rating (7.0) ဒီကားလေးကတော့ Australian အဆိုတော်ကြီး Paul Kelly ရဲ့ How to Make Gravy ဆိုတဲ့သီချင်းလေးကို မှီမြန်းပြီး ရိုက်ထားတဲ့ မိသားစုခရစ်စမတ်ကားလေးပဲ ဖြစ်ပါတယ်။ အဖွားမရှိတော့တဲ့ ပထမဆုံးခရစ်စမတ်ရဲ့နှစ်မှာပဲ အန်းဂတ်လို့ခေါ်တဲ့ ကောင်လေးရဲ့ မိသားစုဆွေးမျိုး တွေအားလုံး သိုက်သိုက်ဝန်းဝန်း အိမ်ကို ရောက်လာကြတဲ့အခါ အရာအားလုံးအဆင်ပြေနေခဲ့ပေမဲ့ အန်းဂတ်ရဲ့အဖေ ဂျိုးကတော့ မိခင်ကိုဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့ မထင်မှတ်ထားတဲ့ ပြဿနာလေးကြောင့် ဂျိုးနဲ့သူ့ယောက်ဖ ရော်ဂျာ ရန်ဖြစ်ကြတဲ့အခါ ဂျိုး တစ်ယောက် ထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲမှာ ခက်ခဲကြမ်းတမ်းလှတာကြောင့် ညီဖြစ်သူဒန်က ဂျိုးမိသားစုကို စောင့်ရှောက်နေခဲ့ရပါတယ်။ ထို့နောက် ဒန်ကို မိသားစုအား ဂရုစိုက်ဖို့ပြောရင်း ဂျိုးအတွက် ထောင်ထဲမှာနေရတာရောအဆင်ပြေရဲ့လား အပြင်မှာရော ဒန်နဲ့မိသားစုက ဘယ်လိုအခြေအနေတွေ ရှိလဲဆိုတာ မိသားစုပြဿနာတွေကြား ခရစ်စမတ်အငွေ့အသက်လေးတွေနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ KarmT ဖြစ်ပါတယ်။) File size…(1.4 GB) / (790 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:57:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by KarmT

TV Movie • Thriller
7 2024 117 mins
How to Make Gravy
Frozen Hot Boys

ပျောက်ချက်သားကောင်းနေတဲ့ မမအချောလေး P’Taewရဲ့ ဇာတ်ကားအသစ်လေးထွက်ရှိလိုလာပါပြီ။ လူဆိုတာ မှားတတ်ကြတာပါပဲ၊ ဒီလိုအမှားတွေထဲကနေမှ အမှားအကြီးကြီးကို ကျူးလွန်မိကာ လူငယ်ထိန်းသိမ်းရေးစခန်းကို ရောက်ခဲ့ကြတဲ့ ကလေးတစ်သိုက်။ လူငယ်ထိန်းသိမ်းရေးစခန်းမှာနေရင်းကနေ ပညာသင်ဆုရဖိုအတွက် ရေခဲပန်းပုပြိုင်ပွဲကို ဝင်ပြိုင်ဖိုဖြစ်လာတဲ့အခါမှာ ဂျဘ်ဦးဆောင်တဲ့အဖွဲကို ဆရာမချုမ်က ဦးဆောင်ပြီး ယှဉ်ပြိုင်ခဲ့ရာကနေ ပညာသင်ဆုကြီးကို ဆွတ်ခူးရရှိသွားကာ ဂျပန်နိုင်ငံမှာ လူငယ်ရေခဲပန်းပုပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်တဲ့အဆင့်ထိ ရောက်လာခဲ့ပါတော့တယ်။ အမြင့်ကို နည်းနည်းလေးမရောက်လိုက်နဲ့ ပုတ်ချချင်ကြတဲ့ လူတွေကြောင့်နဲ့ အမှားကို ပြန်လည်ပြင်ဆင်နေကြတဲ့ ကလေးတွေခမျာ လူသတ်ကောင်, လူဆိုးကောင် အစရှိသဖြင့် ပြောဆိုခံကြရပါတော့တယ်။ နှင်းကို တစ်ခါမှမမြင်ဖူးတဲ့ ကလေးတွေဟာ လူတွေရဲ့ ပြောဆိုမှုဒဏ်တွေကို ခံရင်းနဲ့ ဂျပန်နိုင်ငံမှာ ရေခဲပန်းပုပြိုင်ပွဲကို တခြားနိုင်ငံတွေနဲ့ယှဉ်ပြီး ဘယ်လိုတွေ ယှဉ်ပြိုင်သွားမလဲဆိုတာကို ဆက်လက်ရှုစားပေးကြပါဦး File size…(1.65 GB)/(830 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:58:00 Genre… Drama , Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by Mary, CharOu & Su

Horror • Fantasy
0 2025
Frozen Hot Boys
My Heroic husband
5.7

ကျန်းနင်မြို့တော် စူးအထည်ဆိုင်ပိုင်ရှင်ရဲ့ ကိုယ်လုပ်တော်(၂) က မွေးဖွားခဲ့သူ စူးဝမ်ရှင်းဟာ စူးအထည်ဆိုင်ကို ဦးစီးပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဆန္ဒရှိခဲ့ပါတယ် ။ ဒါပေမဲ့လို့ တစ်ခြား မောင်နှမတွေဖြစ်တဲ့ နင်ယိ နဲ့ စူးထန်အာတို့ရဲ့ လွှမ်းမိုးမှုအောက်ကနေပြီးတော့ ရုံးမထွက်နိုင်ခဲ့ရှာပါဘူး။ ကံကောင်းချင်တော့ နင်ယိနဲ့ စူးထန်အာတို့ဟာ ကျန်းနင်မြို့တော် ကနေထွက်ခွာခဲ့ပြီး ဝူသူမြို့တော်ဆီကို စီးပွားရေးလုပ်ဖို့ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ သူတို့ထွက်မသွားခဲ့မှာ စူးအိမ်တော်ရဲ့ အထည်လုပ်ငန်းကို စူးဝမ်ရှင်းဆီ လွှဲအပ်ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ စူးအိမ်တော်ရဲ့ တာဝန်တွေကို ခေါင်းခံဖို့ မျှော်လင့်ချက်ရှိမနေတဲ့ စူးဝမ်ရှင်းတစ်ယောက် ပြန်လည်ပြီးစိတ်အားထက်သန်လာခဲ့ပါတော့တယ်။ သူ့ရဲ့ စွမ်းအားတွေကို ပြသမယ် စိတ်ကူးထားပေမဲ့ စူးအိမ်တော်က သူတွေဟာ သူ့ကို အရည်အချင်းရှိသူတစ်ယောက်လို့မမြင်ခဲ့ပါဘူး ။ ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းကာ ရရှိသွားတယ်လို့ပဲ ထင်နေကြတဲ့အခါ…? စူးဝမ်ရှင်းတစ်ယောက် သူ့ရဲ့စွမ်းရည်တွေကိုပြသဖို့အတွက် ဖူယွမ်မြို့တော်ကို စီးပွားရေးလုပ်ဖို့ထွက်လာခဲ့ပါတယ် ။ ဒီတော့ စူးဝမ်ရှင်းတစ်ယောက် – ❏ သူ့ကို အသုံးမကျဘူးလို့ထင်ကြတဲ့သူတွေရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်ပါ့မလား ? ❏ စီးပွားရေး လုပ်ဆောင်ရာ လမ်းကြောင်းတစ်ယောက်မှာရော ဘာအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ ? ❏ အဲဒီ ခရီးလမ်းမှာရော စူးဝမ်ရှင်းတစ်ယောက် အချစ်ပန်းလေးတွေ ပွင့်လန်းနိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။ Comedy အမျိုးအစားလေးဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်နေရမဲ့ ဇာတ်ကားလေးပါ အခုပဲကြည့်လိုက်ရအောင်ပါနော် ။

Action • Crime • Thriller
5.7 2021
My Heroic husband