YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Nothing Much Prepared (2023) S02E10 1080P (CM).mp4

905.66 MB 1080p video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sibyl
5.6

ပြင်သစ်ကားပီပီ အကြမ်းပတမ်း အိပ်ရာခန်းတွေပါတာမို့ မိသားစုနဲ့ အတူမကြည့်သင့်ပါကြောင်း... စီဘီလ်ဆိုတဲ့ စိတ်ရောဂါကု ဆရာဝန်တယောက်ဟာ သူသဘောအကျရဆုံး စာရေးတဲ့အလုပ်ကိုလုပ်ဖို့ ဆရာဝန်အလုပ်ကို စွန့်လွှတ်လိုက်ပါတယ်။ တနေ့မှာတော့ မားဂေါ့ဆိုတဲ့ မင်းသမီးတလက်ဟာ သူ့ဆီက ဆေးကုသမှု ခံယူဖို့ ရောက်လာပါတော့တယ်။ လူနာတွေ ထပ်မကြည့်တော့တဲ့ စီဘီလ်တယောက် မားဂေါ့ကို လူနာအဖြစ်လက်ခံပြီး မားဂေါ့ဘဝထဲကို တစနဲ့တစ ဝင်ရောက်လာပါတော့တယ်။စာရေးဖို့ ဇာတ်လမ်းရှာနေတဲ့ စီဘီလ်တယောက် မားဂေါ့ရဲ့ ဘဝအကြောင်းကို အခြေခံပြီး ဘယ်လိုဝတ္ထုတွေ ဖန်တီးမလဲ မားဂေါ့ကရော ဘယ်လိုပြသနာတွေနဲ့ရင်ဆိုင်နေရလို့ စီဘီလ်ဆီ ရောက်လာရတာလဲဆိုတာကို ကြည့်ကြရမှာပါ File Size :(1.5 GB) and (618 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:40:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Ko Myo Encoded by SD

Drama
5.6 2019 100 mins
Sibyl
Holly and the Hot Chocolate

IMDb Rating - 6.3/10 ဒီဇာတ်ကားလေးကတော့ မင်းသား Ryan Farrel နဲ့ မင်းသမီး Hanna Gaffney တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ် Fancy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ခရစ္စမတ်ကို နောက်ခံ ထားရိုက်ကူးထားတဲ့ကားလေးဖြစ်လို့ ပွဲတော်အကြောင်းတွေ၊ ပျော်စရာလေးတွေကိုတော့ ပေါပေါသီသီကိုမြင်တွေ့ရမှာဖြစ်ပါ တယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာဇာတ်လမ်းလေးတွေကြည့်ချင်တဲ့ သူတွေအတွက်ကတော့ တော်တော်လေး သင့်တော်မယ်လို့ထင်ပါ တယ်။ ဒီဇာတ်ကားလေးထဲမှာကတော့ ပိုင်းဖောဆိုတဲ့ ပွဲတော်တွေကို အရမ်း ခုံမင်ကြတဲ့ မြို့ငယ်လေးတစ်မြို့ကို စတင်ဖော်ပြထားပါတယ်။ မိန်းမ ဆုံးပါးသွားပြီးကတည်းက ခရစ္စမတ်ဆိုရင် လှည့်တောင်မကြည့်ချင် တော့တဲ့အပြင်၊ တစ်မြို့လုံးက အရမ်းကြိုက်နှစ်သက်ကြတဲ့ Hot Chocolate ကိုတောင် လုံးဝမထိတွေ့တော့တဲ့ ရူဒီနဲ့ တစ်ဖက်မှာလည်း ခရစ္စမတ်ဆိုရင် အရမ်းကိုပျော်တဲ့ဟော်လီတို့ နှစ်ယောက်ကြားက အချစ် ကိုရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဟော်လီက သူ(မ)ရဲ့ရည်းစားနေထိုင်ရာ ဘော်စတွန်ကိုအသွား လမ်းမှာ ကားမတော်တဆမှူဖြစ်ပြီး ရူဒီတို့မြို့လေးမှာသောင်တင်နေခဲ့ရာကနေစလို့ သူတို့နှစ်ဦးရဲ့ အချစ်ဇာတ်လမ်းလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်မျှော်ရှုစားလိုက်ကြပါဦးခင်ဗျာ………. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Lwin Bo ဖြစ်ပါတယ်) File Size..........(1.07 GB) / (423 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Family Translator.......Lwin Bo Encoder..........SWM

Comedy • Drama
0 2022 66 mins
Holly and the Hot Chocolate
Uncle Boonmee Who Can Recall His Past Lives
6.7

ရုပ်ရှင်ဆုပေးပွဲတွေထဲ အော်စကာထက်တောင် ရုပ်ရှင်ပရိသတ်တွေ အလေးထားရတဲ့ ဆုပေးပွဲကြီးဖြစ်တဲ့ ကိန်းရုပ်ရှင် ဆုပေးပွဲရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ဆုကို ရထားတဲ့ ရှားရှားပါးပါး ထိုင်းရုပ်ရှင်ပါ။ သူ့အရင် ကိန်းမှာ Palme d'Orရထားတဲ့ အာရှကားဆိုလို့ ဂျပန်ကား၃ကားနဲ့ Farewell My Concubine ဆိုတဲ့ တရုတ်ကားပဲရှိခဲ့ပါတယ်။ သူ့နောက်မှာတော့ Parasite နဲ့ Shoplifters ပဲရှိပါတယ်။ ဒီလိုဆုမျိုးကို ထိုင်းရုပ်ရှင်တစ်ကားက ရတာ ဆန်းတော့ဆန်းပါတယ်။ တခြားကားမရှိလို့ ရတာလား ဆိုရအောင်လည်း Abbas Kiarostami လို ဆရာ့ဆရာကြီးရဲ့ Certified Copy, လီချန်းဒုံလို ဆရာ့ဆရာကြီးရဲ့ Poetry , Alejandro Iñárritu ရဲ့ Biutiful တို့လည်း ဆန်ခါတင်ဝင်ခဲ့သလို Blue Valentine လည်း အဲဒီပွဲကိုရောက်ခဲ့ပါတယ်။ ပြင်သစ်နယူးဝေ့ရဲ့ ပိုင်အိုးနီးယားတစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ရဲ့ Socialism တောင်ပါပါသေးတယ်။ အဲဒီလိုကားတွေကို ကျော်ပြီး ရသွားခဲ့တဲ့ ထိုင်းရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ Apichatpong Weerasethakul ဟာ Memoria, Tropical Malady နဲ့ Cemetery of Splendor တို့လို တန်းတစ်ခုရှိတဲ့ ရုပ်ရှင်တွေကိုလည်း ရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ ဒီရုပ်ရှင်က နာမည်ကတော့ ဆန်းတယ်မလား။ ဒါကိုမှ ပိုစတာကို ထပ်ကြည့်လိုက်ရင်လည်း တစ်မျိုးကြီးပဲမလား။ သေချာတာကတော့ အထဲကရုပ်ရှင်ကတော့ ဒီထက်ပိုဆန်းကြယ်ပါတယ်။ ကျောက်ကပ်ပျက်စီးပြီး သေတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံးအချိန်တွေမှာ သေသွားတဲ့ သူ့မိန်းမနဲ့ ပျောက်သွားပြီး လူဝံဖြစ်သွားတဲ့ သူ့သား ပြန်ရောက်လာတာကနေ ဇာတ်လမ်းကို အစပျိုးထားပြီး နောက်ပိုင်းတွေက တော်တော်လည်းဆန်းသလို ဉာဏ်မမီနိုင်အောင်လဲ တော်တော်ဖြစ်ရတဲ့ ရုပ်ရှင်ပါပဲ။ သူ့ပြကွက်တွေက ဆန်းလည်းဆန်းပါတယ်။ ဥပမာဆို တစ်ခန်းမှာ ကောင်လေးတစ်ယောက်နဲ့ မိန်းမကြီးတစ်ယောက် တီဗီထိုင်ကြည့်နေကြတယ်။ ကောင်လေးက အပြင်ထွက်ပြီး တစ်ခုခုသွားစားမယ်ပြောတယ်။ ကောင်လေးနဲ့ မိန်းမကြီးက အပြင်ထွက်ပြီး မုန့်သွားစားကြတယ်။ သို့ပေမဲ့ ကောင်လေးနဲ့ အဲဒီမိန်းမကြီးက အဲဒီအခန်းထဲမှာပဲ တီဗီထိုင်ကြည့်နေကြတယ်။ ဘာကိုပြချင်တာလဲတော့ ဉာဏ်မီသလို ခံယူကြပေါ့။ ရုပ်ရှင်ဆိုတာ နားလည်ဖို့တော့ မလိုဘူးမလား။ ဒီလိုတင် ဆန်းတာလားဆိုတော့ မဟုတ်သေးဘူး။ ၁၈ပလပ်ဆန်ဆန် ဆန်းတာတွေလည်းပါသေးတယ်။ မိန်းမတစ်ယောက်က ရေထဲဆင်းတယ်။ ငါးခူတစ်ကောင်... သာမန်ငါးခူတော့ ဟုတ်ပုံမရပါဘူး။ အဲဒီငါးခူက မိန်းမပေါင်ကြားထဲ တိုးဝင်တယ်။ ခေါင်းပဲတိုးဝင်သလား အဝတင်ပဲ ပတ်တိုးနေသလားတော့ မမြင်ရဘူးပေါ့။ ဒီလို ခပ်ဆန်းဆန်းတွေ နားမလည်နိုင်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်မှာ ကျွန်တော့်အကြိုက်ဆုံးအခန်းပြောရရင်တော့ နောက်ဆုံးအခန်းပါပဲ။ ဘာလို့လဲမသိ နောက်ဆုံးအခန်းရယ် တော်တော်နားစွဲတဲ့ အပိတ်သီချင်းသံရယ်ဟာ ကျွန်တော့်အတွက်တော့ အတော်ကြည့်လို့ကောင်းခဲ့တယ်။ ဘာဖြစ်ဖြစ် Palme d'Or ရထားတဲ့ ဘေးချင်းကပ်နိုင်ငံက ဉာဏ်မီရခက်တဲ့ ရုပ်ရှင်ကားကို ထိုင်ကြည့်ပြီး ဆွေးနွေးလိုက်ကြပါဦး။ ကျွန်တော်တော့ ဉာဏ်မမီတာမို့ ဒီလောက်ပဲ ညွှန်းချင်ပါတယ်။ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ဘာမှနားမလည်လိုက်ပေမဲ့ တစ်ချို့အခန်းတွေကြောင့် ဒီတိုင်းကြည့်ရတာတင် တော်တော်တန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 750MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 54Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.7 2010 114 mins
Uncle Boonmee Who Can Recall His Past Lives
The Hound of the Baskervilles: Sherlock the Movie
6.2

The Hound of Baskervilles: Sherlock the Movie (2022) ~ IMDb – 6.2/10, MyDramaList – 7.7/10 ~ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။ The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့… The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့ Suspect X (2008) ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။ The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။ ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်လေးပုဒ်ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ The Hound of Baskervilles ကို ဂျပန်ကနေ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားကို ကြည့်ချင်ရင်တော့ The Hound of Baskervilles: Sherlock the Movie ကိုပဲ ညွှန်းရမှာဖြစ်သလို စုံထောက်ကားပရိသတ်တွေအတွက်ရော၊ ရှားလော့ဟုမ်းပရိသတ်တွေအတွက်ပါ ဇာတ်ကောင်တွေနဲ့အတူ စိတ်ဝင်တစား အဖြေရှာဖို့ကောင်းတဲ့ ဂျပန်စုံထောက်ဇာတ်ကားကောင်းတစ်ကားပါပဲ။ {တကယ်လို့ ဒီဇာတ်ကားထဲကသီချင်းနှစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ နားထောင်ချင်ရင် Find You in the Stars by Yugo Kanno နဲ့ Lullaby by YU-KA ဆိုပြီး ရှာဖွေနားထောင်ကြည့်လိုက်ပါ။} (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 59Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Drama
6.2 2022 118 mins
The Hound of the Baskervilles: Sherlock the Movie
The Elevator

2023 ခုနှစ်ထွက် horror ကားအသစ်လေးပါ Reporter တစ်ယောက်ဖြစ်တဲ့ Lily က သူ့ဘော့စ်ရဲ့ အမိန့်အတိုင်း The Imperial Hotel လို့ခေါ်တဲ့ လူသေမှုများစွာကြောင့် နာမည်ဆိုးတဲ့ ကျော်ကြားတဲ့ ဟိုတယ်ကြီးဆီမှာ ညပိုင်း မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ရင်း ဟိုတယ်ကဖြစ်ရပ်တွေကို စူးစမ်းနေခဲ့ပါတယ်။ ဟိုတယ်ကြီးက ကြီးပေမယ့် နေထိုင်တဲ့သူ အတော်နည်းပါတယ်။ မနက်ပိုင်း မန်နေဂျာ vester ဆိုသူရယ် တောက်တိုမယ်ရ ပြင်ပေးတဲ့သူ Norton တို့ရယ်နဲ့ သိကျွမ်းလာခဲ့ပါတယ်။ ဟိုတယ်က ၁၄ထပ်ရှိပေမယ့် အောက် ၇ထပ်ပဲ သွားခွင့်ပြုထားပြီး အပေါ် ၇ထပ်က လုံးဝ ပိတ်ထားတာပါ။ဒီလိုနဲ့ တစ်ရက်မှာ ကောင်လေးနှစ်ယောက်က live လွှင့်ရင်း ဟိုတယ်က ဖြစ်ရပ်ဆိုးဖြစ်ခဲ့တဲ့ ဓာတ်လှေကားထဲမှာ elevator game ဆော့ဖို့ ရောက်လာခဲ့ပါတယ်။ Lilyကိုယ်တိုင် CCTVကနေ စောင့်ကြည့်နေရင်းကနေပဲ ကံမကောင်းစွာနဲ့ အဆုံးသတ်မလှဖြစ်သွားပါတယ်။ ဟိုတယ်ကြီးက ကျိန်စာမိနေတာလား၊ မကောင်းဆိုးဝါးတွေပဲ ရှိနေလို့လား ဆိုတာ Lily ကိုယ်တိုင် အဖြေရှာရပါတော့တယ်။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Thriller • Action • Adventure
0 2023 86 mins
The Elevator
A Weekend to Forget

ဇာတ်လမ်းအကျဥ်းလေးကတော့ ငယ်သူချင်းတစ်စုဟာ မတွေ့ရတာကြာနေပြီဖြစ်လို့ စနေတနင်္ဂနွေပိတ်ရက်မှာ ဖာဒီရဲ့အိမ်မှာစုပြီးပါတီပွဲကျင်းပဖို့အတွက်ထွက်လာကြပါတယ် ငယ်သူငယ်ချင်းတွေအကြာကြီးနေမှပြန်ပြီးတွေ့ရမှာဖြစ်လို့ပျော်ပျော်ရွှင်ရွှင်နဲ့ပါတီကျင်းပရင်း နောင်အနာဂတ်မှာ သူငယ်ချင်းတွေစုပြီး လုပ်ငန်းအတူတူလုပ်ဖို့လည်းဆွေးနွေးတိုင်ပင်ကြဖို့စီစဥ်ထားပါတယ် ဒါပေမဲ့ တကယ့်လက်တွေမှာထင်ထားသလိုမဖြစ်ခဲ့ဘဲ အပျော်ကနေအပျက်ဖြစ်ခဲ့ပါတယ် ငယ်ကတည်းကရန်စရှိခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကတောက်ကဆအပြင် ထင်မှတ်မထားတဲ့ပြဿနာလေးတွေရှိလာပြီး နောက်ဆုံး လူသတ်မှုဖြစ်သွားတဲ့အဆင့်ထိဖြစ်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီလူသတ်မှုမှာ တရားခံကဘယ်သူလဲ ဘာကြောင့်သတ်ရတာလဲဆိုတာ အဖြေရှာရပါတော့တယ် တရားခံကိုဒီလူလိုလို ဟိုလူလိုလိုနဲ့ သံသယဝင်စရာကောင်းအောင်ရိုက်ပြထားပြီး တကယ့်တရားခံအစစ်ကရောဘယ်သူလဲဆိုတာကို ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်နိုင်ပါတယ် File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

0 2023
A Weekend to Forget
Summer Solstice

လိင်ပြောင်းခွဲစိတ်ထားတဲ့ လီယိုဆိုတဲ့ကောင်လေးနဲ့ သူ့ရဲ့သူငယ်ချင်း အဖြောင့်မလေး အယ်လန်နောတို့ဟာ မတွေ့ဖြစ် မဆုံဖြစ်တာကြာပြီဖြစ်တဲ့အတွက် နွေရာသီအားလပ်ရက်ခရီးစဉ်တစ်ခုကို အတူတူထွက်လာခဲ့ကြပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်မှာပဲ သူတို့ရဲ့ လျှို့ဝှက်ချက်ဟောင်းတွေ ပေါ်ထွက်လာကြပြီး ရင်ဆိုင်မှုအသစ်တွေ တွေ့ကြုံရကာ သူတို့ရင်ထဲက ခံစားချက်တွေ ပေါ်ထွက်လာကြပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် LGBT ဟာသဒရာမာကားလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်) File size…(1.5 GB)/(760 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:21:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura

0 2024
Summer Solstice
Holy Punch
6.2

Holy Punch (2024) ******************** Kdrama ပရိသတ်ကြီးတို့ ရင်းနှီးပြီးသား The Worst of Evil ထဲက မင်းသား Ji Seung Hyun၊ The Tale of Lady Ok ထဲက မင်းသား Oh Dae Hwan တို့ အဓိကပါဝင်ထားတဲ့ ပေါ့ပေါ့ပါးပါး Gangster အက်ရှင်ဟာသဇာတ်ကား အသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ -ဇာတ်လမ်းအညွှန်း- ဝမ်ဂါလ်ဘီနဲ့ ဆမ်ဂေါရီလို့ ခေါ်တဲ့ ပြိုင်ဘက် ဂိုဏ်း၂ဂိုဏ်း ရှိပြီးတော့ သူဌေးဂျန်း ခေါင်းဆောင်တဲ့ ဝမ်ဂါလ်ဘီ ဂိုဏ်းမှာတော့ ဘတ်ဂယောင်းချော (Oh Dae Hwan) နဲ့ အီထယ်ယုံး (Lee Yong Kyu)တို့ ပါဝင်ကြပါတယ်။ တစ်နေ့မှာတော့ ဝမ်ဂါလ်ဘီဂိုဏ်းက ခေါင်းဆောင်ဂျန်းဟာ ရုတ်တရက် တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့တာကြောင့် ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံးတို့ဟာလည်း အသီးသီး လွတ်မြောက်ရာကို ထွက်ပြေးခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့ ဘတ်ဂယောင်းချောကတော့ ဘုရားကျောင်းတစ်ခုမှာ ပုန်းခိုနေရင်းကနေ သင်းအုပ်ဆရာ ရာထူးရရှိသွားပြီး အီထယ်ယုံးကတော့ ဘုန်းကြီးကျောင်းမှာ ဆရာတော်အဖြစ်နဲ့ ခိုကပ်နေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆမ်ဂေါရီ ဂိုဏ်းရဲ့ လူကုန်ကူးမှုကို လိုက်လံ စုံစမ်းနေတဲ့ စုံထောက်ချာ (Ji Seung Hyun) ဟာ အကြောင်းမလှစွာနဲ့ လေးသရဲ ပူးကပ်ခံနေပြန်ပါတယ်။ ဆမ်ဂေါရီ ဂိုဏ်းရဲ့ ခေါင်းဆောင်ကို လိုက်လံ ဖမ်းဆီးဖို့ရာအတွက် စုံထောက်ချာဟာ ဘတ်ဂယောင်းချောနဲ့ အီထယ်ယုံး တို့ကိုပါ စစ်ကူခေါ်ရပါတော့တယ်။ လူကုန်ကူးတဲ့ ဂိုဏ်းကို လိုက်လံဖမ်းဆီးမဲ့ ခရီးစဉ်မှာ လူမိုက်လက်ထွက် သင်းအုပ်ဆရာနဲ့ ဆရာတော်၊ ကလေးသရဲ ဝင်ပူးခံနေရတဲ့ စုံထောက် သုံးယောက်ပေါင်းပြီး အလွဲပေါင်းများစွာကြုံ့တွေ့ရပုံကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်တာကြောင့် ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.63GB/ 750MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:47:00 Genre : Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hsu Pyae Encoded by Tiff

Action • Crime • Drama
6.2 2024 98 mins
Holy Punch
Anna and the King

Anna and The King (1999) ဒီဇတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇတ်ကားပဲဖြစ်ပါတယ်။ အင်္ဂလိပ်အမျိုးသမီးအန်နာလီယွန်နိုဝမ်စ်က ထိုင်းဘုရင်မောင်းကွတ်ရဲ့ သားတော်သမီးတော်တွေကို အင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကိုပြန်လာတဲ့အခါ ခရီးသွားမှတ်တမ်းတွေကိုရေးခဲ့ပါတယ် ။ အဲဒီမှတ်တမ်းတွေကိုအခြေခံပြီး စာရေးဆရာမ Margaret London(မာဂရက်လန်ဒန်) က Anna and The King ဝတ္ထုကိုရေးခဲ့ပါတယ် ။ဒီဇတ်ကားကမာဂရက်လန်ဒန်ရဲ့ ဝတ္ထုကိုရိုက်ထားတာပါ။ဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြသလို တီဗွီစီးရီးစ်တွေနဲ့ အန်နီမေးရှင်းရုပ်ရှင်အဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်။ ဂျိုးဒီဖော်စတာ(အန်နာ) နဲ့ ချောင်ယွန်ဖက်( ဘုရင်မောင်းကွတ်)တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Anna and The King ကဝင်ငွေအရအောင်မြင်ပေမဲ့ သမိုင်းအရမတိကျတာတွေပါလို့ ထိုင်းမှာပြသဖို့ပိတ်ခံရပါတယ်။ ဇတ်လမ်းအကျဥ်းအင်္ဂလိပ်အမျိုးသမီး အန်နာလီယိုနိုဝမ်စ်ဟာ သူ့သားလူးဝစ်နဲ့အတူ ထိုင်းနိုင်ငံကိုထိုင်းဘုရင်ရဲ့ဖိတ်ကြားချက်နဲ့အတူ ထိုင်းဘုရင်မောင်းကွတ်ရဲ့ကလေးတွေကိုစာသင်ဖို့ ရောက်လာပါတယ်။အန်နာ ဘုရင်နဲ့တွေ့ဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက် တွေ့ဖို့သွားတော့ကြန့်ကြာနေပြီး နောက်ထပ်ထပ်စောင့်ရမလိုဖြစ်တော့ အန်နာက ရဲရဲရင့်ရင့်ပဲ ဘုရင်ကိုဝင်တွေ့လိုက်ပါတယ်။ စာသင်နေတုန်း သူ့သားလူးဝစ်နဲ့အိမ်ရှေ့မင်းသားချူလာလောင်ကွန် ထရန်ဖြစ်နပန်းလုံးကြပါတယ်။နှစ်ယောက်လုံးကို အပြစ်ပေးတဲ့အနေနဲ့ စာလုံးတစ်ထောင်ရေးခိုင်းပါတယ်။အဲဒီညမှာပဲမင်းသားချူလာလောင်ကွန်နဲ့အန်နာနားလည်မှုရသွားပါတယ်။နောက်တော့ချူလာလောင်ကွန်နဲ့ လူးဝစ်နဲ့လည်း ပြန်တည့်သွားပါတယ်။ အဲဒီညက ကျွန်မတစ်ယောက်ကို အခန်းတစ်ခုထဲမှာ သံကြိုးခတ်ပြီးထားထားတာကို အန်နာနဲ့ချူလာလောင်ကွန်တွေ့ပြီးအဲဒီအမှုလည်း အန်နာ့ကြောင့် ဘုရင့်ဆီရောက်ပြီး ကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ကလေးတွေက အန်နာစသင်တာကိုကြိုက်ကြပြီး အန်နာ့ကိုလည်းချစ်ကြပါတယ်။ အန်နာကမိဘုရားနဲ့ကိုယ်လုပ်တော်အချို့ကိုလည်းစာသင်ပေးရပါတယ်။ ဘုရင်က အင်္ဂလိပ်မှူးမတ်တွေနဲ့သံတမန်တွေဖိတ်ပြီး နှစ်ပတ်လည်ပွဲလုပ်တော့အန်နာ့ကိုဦးစီးခိုင်းပါတယ်။ပွဲမှာအနောက်တိုင်းဝေါ့ဇ်အကကိုထည့်ထားပြီးဘုရင်ကအန်နာနဲ့ကပါတယ်။ပွဲမှာ အန်နာကအင်္ဂလိပ်လိပ်ကုန်သည်တစ်ယောက်ကိုရဲရဲရင့်ရင့်ပဲ ထိုင်းဘက်ကနေကာကွယ်ပြောလိုက်လို့ ဘုရင်ကအန်နာထင်တဲ့ဟာကိုအမြဲပြောဖို့ခွင့်ပေးခဲ့ပါတယ်။ ဘုရင်ရဲ့သမီးတော်လေးဖားရင်က ပုံဆွဲတာဝါသနာပါပြီး အန်နာ့ကိုပုံလေးတွေပေးတတ်ပါတယ်။ဖားရင်နေမကောင်းဖြစ်ပြီးဆုံးခါနီးတော့အန်နာနာမည်ကိုချည်းခေါ်နေလို့ အန်နာနဲ့ပေးတွေ့လိုက်တဲ့အခါ အန်နာ တစ်အားခံစားရပါတယ်။ ဘုရင်ကလည်းသမီးတော်လေးဆုံးပြီးကတည်းက စိတ်တွေတိုနေလို့ အန်နာကကလေးတွေနဲ့ ပျော်ပွဲစားထွက်ဖို့ခေါ်တော့မလိုက်ဘူးလိုလိုနဲ့ စကားအခြေအတင်ပြောကြပြန်ပါတယ်။ အန်နာကအင်္ဂလိပ်တွေထိုင်းကိုသိမ်းမယ့်အကြံကိုဆိုလက်မခံပါဘူး။ထိုင်းကုန်သည်တွေသတ်ခံရတာအင်္ဂလိပ်တွေရဲ့လက်ချက်လားလို့ရဲရဲရင့်ရင့်သွားမေးပါသေးတယ်။ကိုယ်လုပ်တော်တပ်တင်ရဲ့ အမှုကိစ္စတစ်ခုအတွက်အန်နာကဘုရင်ကိုသွားပြောတဲ့အခါ ဘုရင်က လက်မခံခဲ့ပါဘူး။ တပ်တင်နဲ့ဘာလတ်ကွပ်မျက်ခံရလို့အန်နာဝမ်းနည်းပြီးအင်္ဂလိပ်လန်ကိုပြန်ဖို့လုပ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်က အန်နာ့ဆီလိုက်လာပြီးစစ်သူကြီးအယ်လတ်ကတိုက်ခိုက်အာဏာသိမ်းဖို့လုပ်နေပြီး ဘုရင်နဲ့မိဖုရားတွေသားတော်သမီးတော်တွေနန်းတော်ကနေ ရှောင်ရဖို့ဖြစ်လာတဲ့အခါ အန်နာဘယ်လိုဆုံးဖြတ်မယ် ဘာတွေဖြစ်မယ်ကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားပေးချင်တဲ့အနှစ်သာရယဥ်ကျေးမှုတွေ ရိုးရာဓလေ့ထုံးတမ်းတွေမှာ ဘယ်နိုင်ငံကပိုသာတယ်ဆိုတာမရှိပါဘူး။အန်နာကထိုင်းနိုင်ငံရဲ့အနာဂတ်အတွက်တောက်ပတဲ့ အလင်းတန်းတစ်ခုကိုဖြစ်စေခဲ့ပါတယ်တဲ့။နောက်တော့ထိုင်းဘုရင်က ကျွန်စနစ်ကိုဖျက်သိမ်းခဲ့တယ်။တရားစီရင်ရေးကိုပြုပြင်ခဲ့တယ်။ထိုင်းရဲ့လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ခဲ့တယ် ။ File size… (3.3 GB) / (1.6 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Romance, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Romance • Drama
0 1999
Anna and the King
War On Drug
5.8

မော့ပေဆိုတဲ့မြို့လေးမှာ မူးယစ်တိုက်ဖျက်ရေးတပ်ဖွဲ့ခေါင်းဆောင်ခန်းမြောင်ဟာ မူးယစ်ရောင်းဝယ်မှုနောက်လိုက်စုံစမ်းရင်း လောင်ယောင်းဆိုတဲ့ မူးယစ်ရာဇာကြီးနဲ့ထိပ်တိုက်တွေ့လာပါတယ်။ ဉာဏ်များတဲ့လောင်ယောင်းနောက်လိုက်ရင်း လောင်ယောင်းဟာသူ(၁၅)နှစ်လုံးလုံးရှာနေရတဲ့ အစ်ကိုကြီးဆိုတာသိလိုက်ရပါတယ်။ ဆယ်နှစ်ကျော်အငြှိုးအတွေးတွေဟာ တစ်ဖြည်းဖြည်းပေါ်လာပါတယ်။ တကယ်တော့ လောင်ယောင်းတို့မောင်နှမ၂ယောက်ဟာ မူးယစ်ရာဇာကြီး တစ်ယောက်မွေးစားတာခံရပြီးတော့ ညီမလေးအတွက် မူးယစ်ဆေးရောင်းနေရတာဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့ရဲ့ ကြောင်နဲ့ကြွက်ကစားပွဲဟာ အရှိန်ပိုမြင့်လာပြီးတော့ ညီအစ်ကိုအချင်းချင်းသေနတ်ပြောင်းဝကို ချိန်လာတဲ့အခြေအနေကိုရောက်လာပါတယ်။ အစွန်း(၂)ဖက်က ညီအစ်ကိုနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲ……

Documentary • Drama
5.8 2025
War On Drug
Shrieking in the Rain
6.2

Shrieking in the Rain (2021) ************************** IMDb… 6.2 ဒီဇာတ်ကားလေးကတော့ တက်သစ်စဒါရိုက်တာမလေးရဲ့ ဇာတ်ကားရိုက်ကူးနေစဉ် ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဟာသလေးနှောပြီး ကြည့်ရမှာဖြစ်ပါတယ်။ ဟာနာကိုဆိုတဲ့ ဒါရိုက်တာမလေးရိုက်ရတဲ့ ပထမဦးဆုံး ဇာတ်ကားက အိပ်ရာပေါ်က ဇာတ်ဝင်ခန်းတွေ ပေါပေါများများ ပါနေလို့ လူပြောများပြီး ဝေဖန်သံအပြည့်နဲ့ပေါ့။ ဒီကြားထဲ ဇာတ်အိမ်က ၁၉၈၈ ခုနှစ်ကဆိုတော့ အဲဒီနှစ်တွေတုန်းက မိန်းမဒါရိုက်တာကို လူရာမသွင်းတာတွေ အထင်သေးတာတွေရှိနေပြန်ရော… ရိုက်ကွင်းတစ်ခုလုံးက မလေးစားတဲ့ ဟာနာကိုတစ်ယောက် ဒီဇာတ်ကားကို ဘယ်လိုတောင့်ခံရင်း ရိုက်ကူးသွားမလဲ… ဘာလို့ ဒီကားကိုမှ ခေါင်းမာပြီး ရိုက်ကူးချင်ရတာလဲဆိုတာကိုတော့…. File Size… 1.35GB/ 640MB Quality… AMZN WEB-DL 1080p/ 720p Format…mp4 Duration…2h 13m Genre …..Youth, Drama Subtitle….Myanmar Subtitle (Hard Sub)

Action • War • History • Drama
6.2 2021 101 mins
Shrieking in the Rain