YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nobody Know [2004] (MM Sub).mp4

884.91 MB N/A video/mp4 756 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Step Up
6.9

Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့ teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာ ကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။ မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင် ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။ တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာ အကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီး တွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေး နိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့ စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့ သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်း အကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင် ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှု ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီး လူမှုအကျိုးဆောင်အနေနဲ့ တိုင်လာ မယ်ရီလန်းကျောင်းမှာ နာရီ ၂၀၀ ကျောင်းပြုပြင်သန့်ရှင်းရေး ဆောင်ရွက်ရပါတယ်။ စိတ်ပါလက်ပါ သွက်သွက်လက်လက်ကပြ လေ့ကျင့်နေတဲ့ နိုရာကို အမြဲကြည့် နေတတ်သူ တိုင်လာနဲ့၊ လူစားထိုးဖို့ လူမရှိရာက သင့်တော်တဲ့သူမ​တွေ့တဲ့ အဆုံး လေ့ကျင့်သူနေရာမှာ ရွက်ပုန်းသီးလေးတိုင်လာ လူစားထိုးဝင်ပေးရာက ... File size…1.77GB / 746MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ..... Crime , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Drama
6.9 2006 104 mins
Step Up
A Cappella
6.2

A cappella 2016 ၁၉၆၉ခုနှစ် ဂျပန်နိုင်ငံအခြေအနေတွေကို ဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ဂျပန်နိုင်ငံအဝှမ်း တော်လှန်ရေးဆင်နွှဲနေပြီး စစ်ဆန့်ကျင်ရေးဆန္ဒပြမှုဆက်တိုက်ဖြစ်ပွားနေတဲ့အချိန်ဖြစ်ပါတယ်။ ကျိုကို ဆိုတဲ့အထက်တန်းကျောင်းသူလေးက ကျောင်းယူနီဖောင်းပုံစံပြောင်းလဲရေးအတွက် ဆန့်ကျင်ရေးကော်မတီဖွဲ့ပြီး လှုပ်ရှားနေတဲ့ကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေမှာပါဝင်ရင်း A cappellaဆိုတဲ့ ကဖီးဆိုင်လေးမှာ ဝါတရုဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့တွေ့ဆုံခဲ့ပါတယ်။ ဝါတရုရဲ့သူငယ်ချင်း ယုနိုဆုကဲနဲ့ သူ့ရည်းစား အန်မာတို့လည်းရှိနေပြီး ဝါသနာတူရာတွေပြောကြရင်း ခင်မင်သွားခဲ့ကြပါတယ်။ အဲဒီနောက်တော့ ကျိုကိုနဲ့ ဝါတရုလည်း ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ ဖြစ်ရပ်စုံတဲ့ကာလအတွင်းမှာ ချစ်ခဲ့ကြတဲ့သူတို့က အစပိုင်းမှာ သာမန်အတွဲတွေလိုပဲ နေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့နှစ်ယောက်ကြားကဆက်ဆံရေးက တီးလုံးသံစဉ်မပါတဲ့ သီဆိုမှုတွေလိုဖြစ်နေခဲ့တဲ့အခါမှာတော့ သူချစ်တဲ့သူရဲ့အရှိတရားကိုလက်ခံမပေးနိုင်ဘဲ ဆွဲခေါ်ထားဖို့ကြိုးစားခဲ့တဲ့ကောင်မလေးတစ်ယောက်အကြောင်းကို ကြည့်ရှုရမဲ့ရုပ်ရှင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2GB) / (800MB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:00:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Lattv

Animation
6.2 2016 132 mins
A Cappella
Palm Trees and Power Lines
6.5

Palms tree and Power Line (2022) Rotten Tomatoes 90%, IMDb Rating 6.7 ရရှိထားတဲ့ ၂၀၂၂ ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ၁၈+ကားလိုမျိုးမဟုတ်ပေမယ့် မိသားစုနဲ့အတူ မကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ကြောင်း ကြိုပြီး သတိပေးလိုက်ချင်ပါတယ်။ လီယာဟာ အိမ်ထောင်ကွဲနေတဲ့ အမေဖြစ်သူနဲ့ အတူနေထိုင်တဲ အထက်တန်းကျောင်းသူတစ်ယောက်ပါ။ အမေဖြစ်သူရဲ့ ရည်းစားများမှု ပြဿနာကြောင့် အိမ်မှာနေထိုင်ရတာလည်း အဆင်မပြေလှဘူးဖြစ်နေပါတယ်။ ဒီလိုနဲ့ နွေရာသီတစ်ခုမှာတော့ လီယာဟာ သူ့သူငယ်ချင်းတွေ၊ သူ့အမေနဲ့ ကင်းကွာသလိုဖြစ်ပြီးတော့ တွမ် ဆိုတဲ့ အသက် ၃၀ ကျော် လူတစ်ယောက်နဲ့ ဆုံစည်းဖြစ်ပါတယ်။ လီယာလည်း သူ့အဆင်မပြေမှုတွေရဲ့ ထွက်ပေါက်အဖြစ် တွမ် ကို အသုံးပြုပါတော့တယ်။ ဒါပေမယ့် နောက်ကြောင်းကိုလည်း ရှင်းရှင်းမသိရတဲ့ တွမ်ဟာ အသက် ၁၇ နှစ်အရွယ် လီယာကို ဘာကြောင့် ချဉ်းကပ်ရတာလဲ၊ သူ့မှာ ဘာရည်ရွယ်ချက်တွေ ရှိနေမလဲဆိုတာ အများကြီး မညွှန်းတော့ဘဲ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ခံစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.42GB | 523MB | 275MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

6.5 2022 110 mins
Palm Trees and Power Lines
The Perfect Find
6.7

The Perfect Find(2023) ********************** ဂျန်နာဂျုံးစ်ဟာ တစ်ချိန်က နာမည်ကျော် ဖက်ရှင်မော်ဒယ်ဖြစ်ပေမယ့် ချစ်သူဖြစ်သူက (၁၀)နှစ်တာ အချစ်ရေးကို တစ်ဖက်သတ် တစ်ခန်းရပ်လိုက်တာကြောင့် အသည်းကွဲရုံသာမက အလုပ်ကပါအထုတ်ခံလိုက်ရပြီး အမေ့အိမ်မှာ သောင်တင်နေတာပါ။ အသက်ကလည်း ၄၀ကျော်ဖြစ်နေပြီဖြစ်တဲ့အပြင် အသည်းကွဲပြီး ၁နှစ်လောက် စားလိုက်သောက်လိုက်နဲ့ အလုပ်မလုပ်ဘဲနေနေတဲ့အတွက် အမေဖြစ်သူက အိမ်ကနေ အတင်းနှင်ထုတ်ပြီး အလုပ်ပြန်လျှောက်ခိုင်းပါတော့တယ်။ ကြံရာမရတော့ တချိန်က ပြိုင်ဘက်လည်းဖြစ်၊ ရည်းစားလုဘက်လည်းဖြစ် တဲ့ ဒါစီရဲ့ ဖက်ရှင်မဂ္ဂဇင်းတိုက်မှာ လစ်လပ်နေတဲ့ ကြော်ငြာကဏ္ဍမှာ အလုပ်ဝင်လုပ်ပါတယ်။ သိပ်မကြာခင်မှာပဲ အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့ သူ့ဆီကို မောင်လေးတစ်ယောက်၊ အစ်ကိုကြီးတစ်ယောက်နဲ့ တချိန်က ပလစ်သွားတဲ့ ရည်းစားဟောင်းတို့က တပြိုင်နက်တည်း ချဉ်းကပ်လာပါတော့တယ်။ ကဲ သူ ဘယ်သူ့ကို လက်ခံမှာ လဲ၊ အချစ်ရေးကို စိတ်ပျက်သွားတဲ့ သူ့အတွက် ဒါဟာ အကောင်းလား၊ အဆိုးလား၊ ပြိုင်ဘက်ဖြစ်သူဆီမှာ ခေါင်းငုံ ပြီးအလုပ်ဝင်လုပ်တာ အဆင်ပြေပါ့မလား၊ သူ့ဘဝတက်လမ်းဘက်ကိုပဲဦးတည်မှာလားဆိုတာတွေကို ရယ်စရာ မောစရာအဖြစ်တွေနဲ့ ခံစားရမှာဖြစ်ပါတယ်။ အသက်ကြီးပေမယ့် မပျက်စီးသေးဘူးထင်တဲ့ မမကြီးများအတွက်ရော၊ အသည်းကွဲနေသူများအတွက်ရော အင်မတန်ကြည့်ရှုသင့်တဲ့ကားလေးတစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ပဲ ဒီစာသင်ခန်းလေးထဲမှာပဲပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ်ချင်တိုင်း၊ လုပ်ချင်တိုင်း အမြင်စောင်းနေတတ်တဲ့ ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေ၊ တလွဲတချော်ဖြစ်နေတဲ့ သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခု တော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File Size :(1.2GB)& (546MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:39:00 Genre : Drama , Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo Encoded by Phyo Pyae

Drama
6.7 2023 99 mins
The Perfect Find
Blood
6

အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသားကို အားလုံးပဲ တစ်နေရာမှာရင်းရင်းနီးနီးမြင်ဖူးမှာပါ… Marvelဇာတ်ကောင်တစ်ခုဖြစ်တဲ့ visionနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသား Paul Bettanyပဲဖြစ်ပါတယ်…။ သူ့ရဲ့ လေသံခပ်အေးအေးနဲ့ သရုပ်ဆောင်ဟန်ကိုဒီမှာလည်းမြင်တွေ့ရမှာပါ…။ ဇာတ်လမ်းအကျဥ်းကတော့ ပင်လယ်ကမ်းခြေမြို့လေး တစ်မြို့မှာ စုံထောက် ညီအစ်ကိုနှစ်ယောက် အမှုတစ်ခုကိုလိုက်ကြတယ်…။ အမှုက ဆယ်ကျော်သက်အရွယ်ကောင်မလေးတစ်ယောက် ဓားဒဏ်ရာတွေနဲ့ ရက်ရက်စက်စက်အသတ်ခံရတဲ့အမှု….။ စုံထောက်နဲ့ တရားခံဆိုတာ ပြေးတမ်းလိုက်တမ်းကစားသလိုပါပဲ… တစ်ခါတလေမှာ ပြေးရင်းလိုက်ရင်းနဲ့ စုံထောက်က တရားခံဖြစ်သွားမိတာမျိုးပါ…။ သို့ပေမဲ့လည်း အမှန်တရားဆိုတာ ဖုံးကွယ်မြှုပ်နှံထားလို့ရတာမျိုးမှမဟုတ်ပဲ…။ ဒီစုံထောက်ညီအစ်ကိုနှစ်ယောက်ကရော အမှုလိုက်ရင်းနဲ့ ထင်မထားမိတာတွေဘာတွေကြုံရမလဲ…။ ဒီလိုဇာတ်အိမ်မျိုးဟာ အဆုံးသတ်မှာ ဘာဖြစ်မလဲဆိုတာ ကြိုတင်မှန်းဆလို့မရနိုင်တာမျိုးမို့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါဗျာ…။ File size…1.3 GB / 585 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Drama
6 2012 93 mins
Blood
Phoenix
7.3

Phoenix (2023) သင်္ချိုင်းမြေဟောင်းပေါ်က အိမ်ကြီး IMDb – 7.4/10 ဒီတစ်ခေါက်မှာတော့ Thriller ကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် Thriller ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်သရဲကားတွေလို ဝုန်းဒိုင်းဆိုပြီး ဟိုးနားက ပေါ်လာ ဒီနားက ပေါ်လာတာမျိုးမဟုတ်ဘဲ Sound Effect ကောင်းကောင်းနဲ့ ရင်တထိတ်ထိတ်ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ ရှေ့နေ့ဂျွန်တစ်ယောက်ဟာ လူမှုရေးပြဿနာတွေကြောင့်နဲ့ အိမ်ပြောင်းရွေ့ဖို့ဖြစ်လာခဲ့ပါတယ်။ ဂျွန်ဟာ အိမ်နီးချင်းတွေနဲ့ ရောရောနှောနှောမနေချင်ဘဲ တိတ်တိတ်ဆိတ်ဆိတ်နေချင်တဲ့အတွက် အိမ်ကိုသေချာရှာရင်းနဲ့ သူ့အကြိုက်အိမ်တစ်လုံးကို ရှာတွေ့သွားပြီးတော့ အိမ်ကို ပြောင်းလာကြပါတော့တယ်။ သူတို့ပြောင်းခဲ့တဲ့ အိမ်ကြီးကတော့ သင်္ချိုင်းဟောင်းတစ်ခုပေါ်မှာ တည်ဆောက်ထားတဲ့ အိမ်ကြီးဖြစ်နေပါတယ်။ အိမ်ကို ပြောင်းရွေ့ပြီးတဲ့နောက်မှာတော့ ဘယ်ကနေ ပို့လာမှန်းမသိတဲ့စာတွေက ဂျွန်တို့ရဲ့အိမ်ရှေ့ပေါက်ဝကို ရောက်ရောက်နေတတ်ပါတယ်။ ရောက်လာတဲ့စာတွေဟာလည်း အမျိုးသမီးတစ်ယောက်က ရင်ဖွင့်ရေးသားထားတဲ့ စာတွေနဲ့တူနေပါတယ်။ ဒီနောက်မှာတော့ အိမ်မှာ ငှက်ကလေးတွေ ငိုသံကြားရတာမျိုး ထူးထူးဆန်းဆန်းဖြစ်ရပ်မျိုးတွေ ဖြစ်လာပြီးတော့ အဲဒီနောက်ကွယ်က အကြောင်းတွေကို စုံစမ်းရင်းနဲ့ပဲ ဒီစာထဲက အမျိုးသမီးကရော ဘယ်သူလဲ ဘာအတွက်ကြောင့် စာတွေပို့နေရတာလဲ ………. အိမ်မှာဖြစ်နေတဲ့ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေကရော ဘယ်လိုတွေကြောင့်ဖြစ်ရတာလဲ……. ဂျွန်တို့ မိသားစုရော ဒီအိမ်ကြီးမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာတွေကို ထိတ်လန့်ဖွယ်ရာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနှင့် ဘာသာပြန်ကတော့ Alex~V~BpL~Yunni~ToMo တို့ပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Adventure • Animation • Fantasy
7.3 2023 130 mins
Phoenix
Neighbors
6.3

Neighbors (2014) IMDb-6.3/10 Rotten Tomatoes-73% CM ပရိတ်သတ်ကြီးအတွက် 2014က ထွက်ရှိခဲ့တဲ့ ဟာသကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Seth Rogen, Zac Efron နဲ့ Rose Byrne စတဲ့ သရုပ်ဆောင်တွေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်ခ်နဲ့ ကယ်လီတို့ဟာ အခုမှကလေးရထားတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့ လူငယ်ဘဝကုန်ဆုံးသွားခဲ့ပြီလို့ ခံစားနေကြရတဲ့ စုံတွဲလေးပါ ဆိတ်ငြိမ်ရပ်ကွက်လေးမှာ အိမ်လေးတစ်လုံးဝယ်ပြီး မိသားစုသုံးယောက်အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြပါတယ်။ တစ်နေ့မှာတော့ သူတို့ ဘေးအိမ်ကို ဒယ်တာ ဆိုင်လ်ဆိုတဲ့ တက္ကသိုလ်ကလပ်က ကျောင်းသားတွေအပြုံလိုက် ပြောင်းချလာပါတော့တယ်။ မက်ခ်နဲ့ ကယ်လီတို့လည်း အနှောက်အယှက်မဖြစ်အောင် ပြောဆိုထားပေမဲ့ နေ့တိုင်း ရက်ဆက်ပါတီတွေပေးပြီး ဆူညံနေကြတာမလို့ ရဲကိုတိုင်လိုက်တဲ့ကိစ္စကနေစပြီး ဒယ်တာဆိုင်လ်အဖွဲ့ဝင်တွေနဲ့ သူတို့နှစ်ယောက်ကြားမှာ အချင်းချင်းဒုက္ခတွေပေးကြရင်း နောက်ဆုံးဘယ်ဘက်ကနိုင်သွားမလဲ ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ အမြင်မသင့်တော်တဲ့ပြကွက်တွေနဲ့ ကြမ်းတမ်းတဲ့အသုံးအနှုံးတွေပါဝင်တာမလို့ (၁၈) နှစ်အောက် လူငယ်တွေ ကြည့်ရှုဖို့ မသင့်တော်ပါဘူး။ File size… 1.8 GB / 921 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 37m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by TMMT

Fantasy • Comedy
6.3 2014 97 mins
Neighbors
Detective Dee and the Phantom of Waning Moon
6

ညတစ်ညမှာ ထန်တိုင်းပြည်ကြီးရဲ့မင်းသမီးလေးဟာ ထူးဆန်းတဲ့အိပ်မက်တစ်ခုကိုမက်ခဲ့တယ်။ အိပ်မက်ကိုအဓိပ္ပါယ်ဖော်ခိုင်းလိုက်တော့ နတ်မြင်းပျံထွက်ပေါ်လာတဲ့အတွက် မင်္ဂလာနိမိတ်ကောင်းဆိုပြီးလျှောက်တင်တဲ့အတွက် မင်းသမီးကသဘောကျသွားခဲ့တယ်။ အဲဒီလိုလျှောက်တင်ခဲ့တဲ့ ဆရာမကြီးရွှမ်ကမင်းသမီးလေးရဲ့အပစားပေးတာကိုရခဲ့တယ်။ အဲဒီအချိန်မှာပဲ မိသားစုလိုက်သတ်ခံရတဲ့အမှုတစ်ကို စုံထောက်ကြီးဒီးရန်ကျယ်ကလိုက်နေခဲ့တယ်။ မိသားစုလုံး စုစုပေါင်း(၁၈)ယောက်သတ်ခံရတဲ့အမှုကို ဟာကွက်တွေအများကြီးနဲ့ ပေါ့ပေါ့တန်တန်အမှုပိတ်ခံလိုက်ရတော့။ စုံထောက်ကြီးဒီးဟာ အမိန့်ကိုဆန့်ကျင်ပြီး ဒီအမှုကိုဆက်လိုက်နေခဲ့တယ်။ သူထင်တဲ့အတိုင်းပါပဲ ဒီအမှုရဲ့နောက်ကွယ်မှာပိုပြီးကြီးတဲ့အကြံရှိနေခဲ့တယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာပတ်သက်နေတယ်ဆိုတာကိုတွေ့လိုက်ရတယ်။ မင်းသမီးလေးရဲ့အိပ်မက်နဲ့ ဒီအမှုဟာဘယ်လိုပတ်သက်နေတာလဲ…… နောက်ကွယ်ကတရားခံကဘယ်သူများဖြစ်နေမလဲ……

6 2024
Detective Dee and the Phantom of Waning Moon
Founders Day
5

Founders Day (2023) ============= Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ) File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Comedy , Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa

5 2023 107 mins
Founders Day
Pattaya Heat
6.1

Pattaya Heat ( 2024 ) ဒီ Action, Thrillerအမျိုးအစား 2024ထွက် ထိုင်းရုပ်ရှင်အသစ်က မြင်နေကျ ထိုင်းရုပ်ရှင်တွေနဲ့ ကွဲတော့ကွဲတယ်။ ကားကတော့ ဂန်းကားပဲ။ မြေအောက်လောကနဲ့ မကောင်းတဲ့ရဲတွေနဲ့ ဒုစရိုက်လောကက ပြဿနာတွေအကြောင်းပေါ့။ Color Tone တွေ ဘာတွေတော့ပုံမှန်မြင်နေကျ ထိုင်းဂန်းကား အက်ရှင်ကားတွေလိုပဲပေမဲ့ သူ့တင်ဆက်ပုံရော ကာရိုက်တာတည်ဆောက်ပုံရောက ထိုင်းရုပ်ရှင်ထက်စာရင် ဟောင်ကောင်အငွေ့အသက်ပိုရတယ်။ ဇာတ်ကို ဇာတ်ကြောင်းပြောပြတဲ့ ရဲက ဒုစရိုက်လောကက အကြီးစားပြဿနာကြီးတစ်ခုဖြစ်လာပုံကို တစ်ဆင့်ချင်း တစ်ဆင့်ချင်း အချိုးအကွေ့တွေနဲ့ ACTတွေခွဲပြီး ဇာတ်ကြောင်းပြောပြနေတဲ့ပုံနဲ့ တင်ဆက်ထားတာ။ မထင်ထားလောက်တာတွေကိုလည်း ဒီရုပ်ရှင်မှာပြပြီး အဲဒါတွေကိုသုံးပြီးပဲ ဇာတ်ကိုအရှိန်တင်သွားတာလည်း ကြောင်သလိုလို ဂေါ်သလိုလိုပဲ။ ဒါပေမဲ့ အဲဒီအချက်ကလွဲ တော်တော်ကြည့်ကောင်းတဲ့ ဂန်းကားပါပဲ။ ဇာတ်ကတော့ ပတ္တရားတစ်မြို့လုံးကို သူ့လက်ထဲထည့်ထားတဲ့ လူဆိုးဂိုဏ်းက ဆရာကြီးတစ်ယောက်ရှိတယ်။ သူ့ကို အဲဒီဒေသက ရဲတွေကအစရှောင်ထားကြတယ်။ တစ်နေ့ သူက ဘန်ကောက်ကို သူ့လုပ်ငန်းကရတဲ့ငွေတွေပို့ပြီး ရွှေတွေနဲ့လဲပြီး ယူလာဖို့ ရဲတစ်ယောက်ကို ခိုင်းလိုက်တယ်။ အဲဒီရွှေတွေကို ဖြတ်လုဖို့ အကွက်ချတဲ့မာစတာမိုင်းက မိန်းမတစ်ယောက်။ သူက‌ ဗေဒင်ဆရာလုပ်သလို လူဆိုးဂိုဏ်းမှာလည်းလုပ်တယ်။ သူက သူ့အစီအစဉ်ကို အထမြောက်အောင်လုပ်ဖို့ လူတွေစုခဲ့တယ်။ တစ်ယောက်က ၁၀မိနစ်အတွင်း လူ၁၀ယောက်လောက်ကို သွေးအေးအေးနဲ့သတ်နိုင်တဲ့ ထောင်ထွက်လူသတ်သမား။ တစ်ယောက်က ခုနဆရာကြီးနဲ့ အညှိုးရှိတဲ့သူ။ အဲဒီလူတွေကိုသုံးပြီး ဒီရွှေတွေကိုယူဖို့ကိစ္စအောင်မြင်အောင် သူဘယ်လိုအကွက်ချလဲဆိုတာကို Twistတွေနဲ့ အခန်းတွေခွဲပြီး တော်တော်ကြည့်ကောင်းအောင်ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂန်းစတားကား ငတ်နေတဲ့လူတွေ အကြိုက်တွေ့ကြမယ့် ရုပ်ရှင်လို့လည်း ပြောလို့ရတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Comedy Quality…. 1080p | 720p File size… 1.9GB | 801MB Format… mp4 Duration…. 1h 57min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.1 2024
Pattaya Heat
Camellia
6.5

Camellia (2010) ***************** ဒီတစ်ခါမှာတော့ ဂျပန် ၊ ကိုးရီးယား ၊ ထိုင်း သုံးနိုင်ငံက ဒါရိုက်တာ ပူးပေါင်းဖန်တီးထားတဲ့ Busan Project လို့ အမည်ရတဲ့ Camellia ရုပ်ရှင်နဲ့ မိတ်ဆက်ပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာတော့ ဇာတ်လမ်းတိုလေး သုံးခု ပါဝင်ပြီး အဲဒီဇာတ်လမ်းတို သုံးခုကို သုံးနိုင်ငံက ဒါရိုက်တာ တစ်ယောက်စီက ရိုက်ကူးထားတာပါ ။ ပထမဆုံး ဇာတ်လမ်းတိုမှာတော့ Iron Pussy လို့ ခေါ်တဲ့ ထိုင်းလူမျိုးစပိုင်တစ်ယောက်ဟာ မစ်ရှင်တစ်ခုအတွက် ဘူဆန်ကို ရောက်လာရင်း ကိုးရီးယားလူမျိုးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင် သွားတဲ့အကြောင်းကို ဖော်ပြထားပါတယ် ။ အဲဒီနောက် သူ ချစ်နေတဲ့သူက သူ့မစ်ရှင်ရဲ့ အဓိက ပစ်မှတ်ဖြစ်နေတဲ့အခါ Iron Pussy ရဲ့ ခံစားချက်ကို နောက်ခံသီချင်းတွေ အသားပေးပြီး ရိုက်ကူးထားတာဖြစ်ပါတယ် ။ ဒုတိယမြောက်ဇာတ်လမ်းတိုကတော့ ဂျပန်လူမျိုး ဒါရိုက်တာ Isao Yukisada က ရိုက်ကူး ထားတာဖြစ်ပြီး ချမ်းအေးတဲ့ ဆောင်းညတစ်ညမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရယ် ခြေဗလာနဲ့ လျှောက်သွားနေတဲ့ ကိုးရီးယား-ဂျပန်ကပြားမိန်းကလေးတစ်ယောက်ရယ် အကြောင်းကို အဓိက ရိုက်ကူးထားတာပါ ။ နောက်ဆုံး ဇာတ်လမ်းတိုလေးကတော့ ကိုးရီးယားလူမျိုး ဒါရိုက်တာ Jang Joon Hwan က ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်တွေအနေနဲ့ Song Hyekyo နဲ့ Kang Dongwon တို့က ပါဝင်သရုပ်ဆောင်ထားတာပါ ။ ဇာတ်လမ်းတိုရဲ့ အဓိက theme ကတော့ ဦးနှောက်ထဲကနေ အချစ်ကို ထုတ်ပြီး အရောင်းအဝယ်လုပ်လို့ရလာတဲ့ ခေတ်မျိုးမှာ ဒီအချစ်ကြောင့် လူတွေ ဘယ်လောက်တောင်ရူးသွပ်နိုင်ကြသလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ (အညွှန်းကို Hazelle မှ ရေးသားထားပါတယ်) File size…2.39GB / 1.18 GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 23m Genre ….. Comedy, Romance, Sci-Fi, Fantasy Subtitle….Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by AHtet

Thriller
6.5 2010 143 mins
Camellia
Warfare
7.8

A24 က ထုတ်တဲ့ စစ်ကားအသစ်ပါ.. အရမ်းကြမ်းတယ် အလွတ်မခံပါနဲ့။ ဒီရုပ်ရှင်ထဲက ဇာတ်ကွက်တွေကို တကယ့် စစ်ဆင်ရေး အချိန်အတိုင်း ရိုက်ပြထားတာပါ။ ဒါရိုက်တာက Ex Machina၊ Annihilation၊ Civil War တွေကို ရိုက်ခဲ့တဲ့ Alex Garland ပါ။ သူနဲ့အတူ တွဲရိုက်တဲ့ ဒါရိုက်တာ Ray Mendoza က နေဗီဆီးလ်ဟောင်းဖြစ်ပြီး သူကြုံခဲ့တဲ့တိုက်ပွဲကို အခြေခံထားတဲ့ ရာမဒီ၊ အီရတ်မှာ ရန်သူတွေ အများကြီး ဝိုင်းတိုက်ခံရတဲ့ နေဗီဆီးလ် တပ်စိတ် တစ်စိတ်အကြောင်းကို ရိုက်ထားတာပါ။ တကယ်ပါဝင်ခဲ့သူတွေကိုပါ အင်တာဗြူးပြီး ဇာတ်လမ်းတည်ဆောက်ခဲ့တာပါဖြစ်ပါတယ်။ စတိုက်ခံရတဲ့အချိန်ကနေ နောက်ဆုံးဖောက်ထွက် ချိန်အထိဆက်တိုက်ကျုံးနေတာကို တစ်နာရီကျော် အချိန်အစစ်အတိုင်း ရိုက်ပြထားတာပါ။ နာမည်အများစုကတော့ နာမည်လွှဲတွေပဲ ဖြစ်ပါတယ်။ Ray Mendoza နဲ့ Elliott Miller ဆိုတဲ့နာမည်ပဲ နာမည်ရင်း ပါခဲ့တာပါ။ ကျန်တာအများကြီးတော့ ပြောစရာမရှိပါဘူး။ စစ်ကားကောင်းရှားနေတဲ့အချိန်မှာ ရွှေထွက် လာတာပါပဲ။ ကြည့်လိုက်ကြပါ……….. File size… (5.82GB ) /(1.72 GB) / (789 MB) Quality… WEB-DL 4K HEVC / 1080p / 720p Format…mkv / mp4 Duration….1h 35m Genre …..Action , Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Benjamin Translated by Mr.Anderson

War • Action • Adventure
7.8 2025 95 mins
Warfare
Otryad Svetlyachkov
6.8

Otryad Svetlyachkov (2025) *************************** ကျွန်တော်တို့ကျောင်းမှာ ကျန်တဲ့ဘာသာတွေဆို စိတ်မဝင်စားသလောက် သမိုင်းဘာသာရပ်ဆိုရင်တော့… အင်မတန်ကောင်းကြတာပါ၊ ဘာကောင်းလဲဆိုတော့ အိပ်လို့ကောင်းတာပါ .. အီဗန်လေးကလည်း ကျွန်တော်တို့လို မထူးမခြားနားတဲ့ စာသင်ခန်းထဲက ငပျင်းလေးတစ်ယောက်။ ဒါပေမဲ့ သူကတော့ သမိုင်းချိန်ဆို အိပ်တာမဟုတ်ဘဲ စစ်တိုက်တဲ့ဂိမ်းတွေ ခိုးခိုးနှိပ်တာပါ။ ဒီတော့ သူကဖုန်းနှိပ်သလို သမိုင်းဆရာမကလည်း သူ့ကို ကောင်းကောင်းနှိပ်တော့တာပေါ့။ အဲဒါနဲ့ပဲ ဆရာမကို တစ်ခွန်းမကျန် ပြန်ခံပက်တဲ့ အီဗန်ကောင်းမှုကြောင့် တစ်တန်းလုံး စစ်ရေးပြတိုက်ကို လေ့လာရေးခရီးထွက်ရပြီး စာမေးပွဲဖြေရဖို့ ဖြစ်သွားတော့တာပေါ့။ ဒီလိုနဲ့အီဗန်တစ်ယောက် ပြတိုက်ထဲလျှောက်ပြေးရင်း အချိန်ခရီးသွားစက်ကို ကလိကောင်းရာကနေ လွန်ခဲ့တဲ့ နှစ် ၈၀ အကြာက မဟာမျိုးချစ်စစ်ပွဲ (သို့) ရုရှား-ဂျာမန် စစ်ပွဲကာလတွင်းကို ရောက်ရှိသွားချိန်မှာတော့… (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.68GB / 862MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 51m Genre ….. Adventure, SciFi, War, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Comedy • Romance • Drama
6.8 2025
Otryad Svetlyachkov