YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

No Way Out The Roulette (2024) E02 WEB-DL 720P (CM).mp4

415.57 MB N/A video/mp4 1306 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Eight Mountains
7.7

~ IMDb - 7.8/10, RT - 89%, Meta - 79% ~ တစ်ခုသော နွေရာသီကျောင်းပိတ်ရက်မှာ ကောင်လေး၂ယောက် တောင်တန်းပေါ်က ရွာလေးတစ်ရွာမှာ ဆုံတွေ့ခဲ့ကြတယ်။ မြို့ကြီးပြကြီးမှာ မွန်းမွန်းကြပ်ကြပ်ကြီးလာတဲ့ ပီရဲထရိုနဲ့ တောင်ပေါ်မှာ ပြေးရင်းလွှားရင်း လွတ်လွတ်လပ်လပ်ကြီးလာတဲ့ ဘရူနို... မတူညီတဲ့ နောက်ခံအခြေအနေတွေက သူတို့ရဲ့ ခင်မင်မှုကြားမှာ အနှောင့်အယှက်မဖြစ်ခဲ့။ တစ်ဘဝစာ ရင်းနှီးမှုကို တစ်ယောက်ဆီမှာ တစ်ယောက် ရှာတွေ့ခဲ့ကြသလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်လို့ရှာတွေ့ခဲ့ကြ။ အသက်ကြီးလာတာနဲ့အမျှ လျှောက်ကြတဲ့ ဦးတည်ရာတွေမတူဘဲ အတိုင်းအတာတစ်ခု ကွာဝေးခဲ့ကြပြီးနောက် ၂ယောက်ထဲက တစ်ယောက်ရဲ့ အဖေဆုံးသွားတဲ့အချိန်မှာမှ ပြန်လည်ဆုံတွေ့၊ ဘဝရဲ့ တစ်ဆစ်တစ်ကွေ့မှာ ပြန်ရင်းနှီးပြီး အတူတူလုပ်ရမယ့် ကိစ္စတစ်ခုရှိလာခဲ့ပါတယ်... ရေခဲတောင်တွေပေါ်မှာပေါ့။ ဒီကားဟာ နာမည်တူ ဝတ္ထုစာအုပ်ကိုပဲ ပြန်ရိုက်ထားခြင်းဖြစ်ပြီး ၂၀၂၂ ကိန်းရုပ်ရှင်ပွဲတော်မှာ Jury Prize ရရှိခဲ့ပါတယ်။ မှင်သက်လောက်တဲ့ ရေခဲတောင်အလှ‌တွေကို ရှုစားရမှာဖြစ်သလို ကလေးဘဝကတည်းက အစပြုခဲ့တဲ့ ယောက်ျားသား ၂ယောက်ကြားက တစ်သက်စာ ခင်မင်ရင်းနှီးမှုကို ဘဝရဲ့ အပိုင်းအခြားအလိုက် တွေ့ရမှာပဲဖြစ်ပါတယ်။ နောက်ပြီး မတူညီတဲ့အချိန်တစ်ခုမှာသာ တွေ့ခဲ့ရရင် တစ်မျိုးတစ်မည်ပြောင်းသွားနိုင်တဲ့ သားအဖဆက်ဆံရေးလေး တစ်စိတ်တစ်ပိုင်း။ တကယ်ပါ... ဒီကားဟာ လှတယ်လို့ပြောရင် ရှုခင်းသက်သက်မဟုတ်ဘဲ သူငယ်ချင်း၂ယောက်ကြားက ခင်မင်မှုအကြောင်းနဲ့ သူတို့ကိုယ်စီရဲ့ သူတို့ကိုယ်သူတို့ ရှာဖွေမှုခရီးစဉ်အကြောင်းပါ ပါတယ်ဆိုတာ ယုံလိုက်ပါ။ အချင်းချင်း တစ်ပတ်လောက် တစ်လလောက် မမြင်ရ မတွေ့ရရုံနဲ့ အားလျော့မသွားတဲ့ ခိုင်မာမှုမျိုးနဲ့ သူငယ်ချင်း ၂ယောက်ကြားက တစ်သက်တာသံယောဇဉ်။ ကံဆိုးမှုတွေ၊ သဘောထားကွဲလွဲမှုတွေ၊ အထူးသဖြင့်တော့ အချိန်ကာလကိုပါ ကျော်ဖြတ်နိုင်တဲ့ ရှားပါးပြီး ထူးခြားတဲ့ လူတိုင်းတောင့်တတဲ့ ဆက်ဆံရေးတစ်ခုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 1.05GB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 2H 27Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
7.7 2022 147 mins
The Eight Mountains
Wifelike
7.3

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ Wifelike ဆိုတဲ့ Sci-Fi, Thriller အမျိုးအစားဇာတ်ကားလေး ဖြစ်ပါတယ်။ IMDb မှာ Rated R အဖြစ် သတ်မှတ်ထားတဲ့ဇာတ်လမ်းပါ။ ဇာတ်လမ်းအကျဉ်းကတော့ William က Wifelike ကုမ္ပဏီက အေးဂျင့်တစ်ယောက်ပေါ့။ သူ့အလုပ်ကတော့ ကုမ္ပဏီကထုတ်တဲ့ လူသားစက်ရုပ်အဖော်တွေကို စောင့်ရှောက်ပေးရတာပါ။ တစ်ဖက်မှာလည်း စက်ရုပ်အဖော်တွေကိုဆန့်ကျင်တဲ့ SCAIR ဆိုတဲ့အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့က စက်ရုပ်တွေကို ပိုင်ရှင်တွေဆီကခိုးသွားပြီး အကြမ်းဖက်မှုတွေမှာ အသုံးချတယ်ဆိုပြီး နာမည်ကြီးတဲ့အဖွဲပေါ့။ တစ်နေ့မှာတော့ ကုမ္ပဏီကနေ William အတွက် သူ့ရဲ့ဆုံးသွားတဲ့ဇနီး Meredith နဲ့ တစ်ပုံစံတည်းတူတဲ့ စက်ရုပ်အဖော်တစ်ယောက် လုပ်ပေးလိုက်ပါတယ်။ Meredith က သူ့ပရိုဂရမ်အရ အစပိုင်းမှာ ကိစ္စအားလုံးကိုမမှတ်မိသေးဘဲ နောက်ကျတော့မှ လူသား Meredith နဲ့ တဖြေးဖြေးပေါင်းဆည်းသွားပြီး တစ်သားတည်းဖြစ်သွားမှာပါ။ အဲလိုနဲ့ Meredith စက်ရုပ်လေးက ဘာကိုမှမမှတ်မိသေးဘဲ အားလုံးကိုစူးစမ်းလေ့လာနေတဲ့အချိန်မှာ SCAIR အဖွဲ့က သူ့ဆီချဉ်းကပ်လာတော့ William အနေနဲ့ သူ့မိန်းမစက်ရုပ်လေးကို ဘယ်လိုကာကွယ်သွားမလဲ၊ SCAIR အဖွဲ့ရဲ့သရုပ်မှန်ကရောဘာလဲ၊ Meredith ကရော သူ့အရင်မှတ်ဉာဏ်တွေကို ပြန်ရပါ့မလားဆိုတာ အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် ကြည့်ရှုရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Sci-Fi Quality…. 1080p | 720p | 480p File size…1.07GB | 628MB | 375MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Drama • Thriller
7.3 2022 106 mins
Wifelike
Woodland Grey
4.5

Woodland Grey (2021) ================= ဝီလီယမ်က တောနက်ကြီးက နောက်တွဲယာဉ်တစ်ခုမှာ နေထိုင်တဲ့ လူတစ်ယောက်ဖြစ်တယ်။ တစ်နေ့မှာ အမ်မလီ ဆိုတဲ့ အမျိုးသမီး တစ်ယောက်က သူနေတဲ့နေရာနားမှာ ဘာကြောင့်မှန်းမသိ မေ့လဲ နေတော့ ဝီလီယမ်က သူနေတဲ့နေရာကို ခေါ်လာလိုက်တယ်။ အမ်မလီ နိုးလာတော့ ပြန်မယ်လုပ်ပေမဲ့ ဒဏ်ရာရထားတာကြောင့် သူ့ဆီမှာ တစ်ညတည်းလိုက်ရော ‌အဲဒါနဲ့ နောက်နေ့မနက်ရောက်တော့ အမ်မလီတစ်ယောက် သူတို့နေတဲ့နေရာနားက တဲစုတ်လေးတစ်ခုထဲမှာ ကလေးမလေး တစ်ယောက်ကို တွေ့ပြီး တံခါးဖွင့်ပေးလိုက်တဲ့အချိန်မှာ Horror Movieတို့ ထုံးစံအတိုင်း ဇာတ်လမ်းစတော့တာပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်)

Crime • Drama
4.5 2021 91 mins
Woodland Grey
Holy Emy

Holy Emy (2021) ============== ၂၀၂၁ ခုနှစ်က ဂရိနိုင်ငံမှာ ထွက်ရှိခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကား။ ဂရိမှာနိုင်ငံမှာရိုက်ကူးပေမဲ့ အဓိကဇာတ်ဆောင် တွေကို ဖိလစ်ပိုင်သရုပ်ဆောင်‌တွေသာ သုံးထားတဲ့ ရုပ်ရှင် ကားကောင်းတစ်ကား။ ခရစ်တော်ကိုချီးမွမ်းခြင်း ကားတစ် ကားလို့လည်းဆိုနိုင်သလို အဓိကသရုပ်ဆောင် ဖိလစ်ပိုင် ညီအစ်မနှစ်ယောက်ကြားက သံယောဇဉ်၊ မေတ္တာအတိမ်အနက် ကို ဖော်ညွှန်းပေးတဲ့ ဒရာမာရုပ်ရှင်။ လူ့ဘဝသရုပ်တွေကို ပီပီ ပြင်ပြင်တင်ပြသွားတာနဲ့အညီ ဂရိနိုင်ငံထွက်ကားတွေထဲမှာ IMDb 6.2 ထိရထားလို့ မဆိုးဘူးလို့ဆိုရမယ့်ကား တစ်ကားပါ။ ရုပ်ရှင်ကားလေးရဲ့ဇာတ်အိမ်က အတော်ထူးဆန်းတယ်လို့ဆိုရမှာ ဖြစ်သလို ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်လမ်းကျောရိုးဟာလည်း အတော်လေးထူးခြားနေပါတယ်။ အမေဖြစ်သူနဲ့ နိုင်ငံချင်းခြားပြီး နေနေရတဲ့ ဖိလစ်ပိုင် ညီမနှစ်ယောက်အကြောင်း ရိုက်ကူးထားပြီး အဘယ်ကြောင့် Holy Emy ‌ဆိုတဲ့ အမည်နာမပေးထားရတယ်၊ ဒီညီမနှစ်ယောက်နဲ့ သူတို့‌အမေနဲ့ကြား ဘယ်လို‌တွေဖြစ်ခဲ့ကြတယ်၊ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ Holy Emy လေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ကြပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်)

Action • Adventure • Drama • Science Fiction
0 2021
Holy Emy
One Missed Call

IMDb rating 6.2 ရထားတဲ့ဒီ horror အမျိုးအစားသရဲကားဟာ ရာရှူကီအကီမိုတိုရဲ့ ချာကူရှင်ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး ဇာတ်လမ်းအကျဉ်းက- ငယ်ရွယ်တဲ့စိတ်ပညာကျောင်းသူ ရူမီနာကာမူရာက သူ့သူငယ်ချင်း ရိုကို့ဖုန်းကနေ ထူးဆန်းတဲ့အသံနဲ့ voice message တခုရခဲ့တယ် ဒီမက်ဆေ့က နောက်လာမယ့်၂ရက် ရက်စွဲနဲ့ဖြစ်ပြီးတော့ မက်ဆေ့ရခဲ့တဲ့ ယိုကို ကိုယ်တိုင်ကြောက်လန့်နေခဲ့တယ်….. ယိုကိုရောဘာဖြစ်သွားမလဲ……. ဒီလိုအဖြစ်အပျက်တွေကအရင်တုန်းကရောရှိခဲ့လား…. နောက်ရောဆက်ရှိနေဦးမှာလား……….. ရှိခဲ့ရင်ရောဘယ်လိုများဖြေရှင်းကြမလဲ…. ဘယ်ကပို့လာမှန်းမသိတဲ့ဒီမက်ဆေ့က ဘယ်သူ့ဆီကလဲ… ဒီပြသနာကိုဘယ်လိုများဖြေရှင်းကြမလဲ ရင်တခုန်ခုန်နဲ့စောင့်ကြည့်ရမယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ် သရဲကားကြိုက်သူတွေအတွက်တော့လက်မလွှတ်သင့်တဲ့ဇာတ်ကားမျိုးပဲဖြစ်ပါတယ် ကျွန်တော်တို့ရဲ့အက်ဒမင်ကြီး ကိုသစ်ဆန်းခန့်တောင်တယောက်ထဲထိုင်မကြည့်ရဲတဲ့ ဇာတ်ကားမျိုးဖြစ်လို့ လက်လွတ်မခံသင့်တဲ့ကားတကားဖြစ်ပါတယ်.. ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Yun Sandi ဖြစ်ပြီး အညွှန်းကိုတော့ မြန်မာကြီး မှ ရေးပေးထားပါတယ်..

Action • Adventure • Comedy
0 2003
One Missed Call
Gandhada Gudi
9.2

Gandhada Gudi 2022 IMDb 9.2/10 Documentary /Drama အိန္ဒိယနိုင်ငံရဲ့နာမည်ကျော်စူပါစတားတစ်ယောက်ဖြစ်တဲ့ ပူနိသ်ရာ့ဂ်ျကူးမား နောက်ဆုံးအနေနဲ့ ပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သစ်တောအကြောင်းတွေ ဒါ့အပြင်တစ်ခေတ်တစ်ခါကနာမည်ကြီးခဲ့တဲ့ ရုပ်ရှင်နဲ့သီချင်းတွေကိုပါ ပြန်လည်ခံစားရစေမယ့် ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။ ပူနိသ်ဟာ သူ့ရဲ့ငယ်ဘဝက အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် တောရိုင်းသဘာဝရုပ်ရှင်တွေထုတ်လုပ်သူ အာမို့ဂ်နဲ့ ပူးပေါင်းပြီး ခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ သူတို့ရဲ့စွန့်စားခန်းတွေကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။ ပူနိသ်ရဲ့မွေးရပ်မြေအလှအပတွေ ကာနာကာတာရဲ့တောရိုင်းသဘာဝတွေအလှအပတွေကို ခံစားရင်း တောရိုင်းတိရစ္ဆာန်နဲ့သစ်တောတွေအကြောင်းကိုပါ ဗဟုသုတရဖွယ် မြင်တွေ့ရမှာပါ။ ဒီရုပ်ရှင်ဟာ မှတ်တမ်းရုပ်ရှင်လို့‌ဆိုပေမယ့် ကြည့်ရှုသူတွေကို မှတ်တမ်းရုပ်ရှင်ရယ်လို့ မခံစားရစေပဲ ရသအမျိုးမျိုးနဲ့ ဆွဲဆောင်စေနိုင်မယ့် ရုပ်ရှင်ကားကောင်းဖြစ်လို့ လက်မလွှတ်တမ်းကြည့်ရှုကြဖို့ အကြံပေးချင်ပါတယ်။

9.2 2023 97 mins
Gandhada Gudi
Department Q: A Conspiracy of Faith
7

IMDB – 7.0/10 Q ဌာနရဲ့ တတိယအမှုတွဲကား စောင့်မျှော်နေသူတွေအတွက် ပြန်လာခဲ့ပါပြီ။ ဒီအမှုမှာတော့ ဘာသာရေးတွေ ယုံကြည်မှုတွေရဲ့ အစွန်းရောက်ခြင်းရဲ့ ဆိုးကျိုးတွေကို မေးခွန်းထုတ် ပညာပေးထားတဲ့ ကားလေးပဲဖြစ်ပါတယ်။ ပင်လယ်ထဲမှာ ၈ နှစ်ကြာ မျောလာတဲ့ ပုလင်းလေးတစ်လုံး အထဲမှာ စာတစ်စောင်ပါတယ် ဘယ်သူကမှ မတွေ့ခဲ့ကြဘူး ခုချိန်က လွဲလို့ပေါ့။ အထဲက စာလေးကလည်း ကလေးတစ်ယောက် ရေးသားထားတဲ့စာ သူအဖမ်းရလို့ လာကယ်ပါဆိုပြီး အကူအညီ တောင်းတဲ့စာလေး ဒီစာလေးဟာ ၈ နှစ်အကြာမှာ Q ဌာနကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတော့တယ်။ အဲဒါနဲ့ Q ဌာန ဇာတ်လိုက်ကျော်တွေ ဒီစာလေးကို အဖြေလိုက်ရှာ နေတဲ့အချိန်မှာပဲ နယ်ဖက်က ဘာသာရေးကိုင်းရှိုင်းတဲ့ လယ်သမား မိသားစုရဲ့မိသားစု ပြဿနာကလည်း တစ်ချိန်တည်းမှာ ကြုံတွေ့ လာရပါတော့တယ်။ ဒီအမှုနှစ်ခုဟာ ဆက်စပ်နေမလား နောက်ထပ် အမှုတွေရှိနိုင်သေးလား ဘာလို့ ဘာသာရေးကိုင်းရှိုင်းတဲ့ကလေးတွေကို ဖမ်းဆီးပြီး ဘာတွေလုပ်ခဲ့တာလဲ ဒီလိုလုပ်ရခြင်းရဲ့နောက်ကွယ်ကရော ဘယ်လိုအတိတ်ဆိုးက ရှိနေမလဲ စသဖြင့် Q ဌာနရဲ့ ထုံးစံအတိုင်း ပဟေဠိတွေ အဖြေရှာပြီး ဉာဏ်ကြီးရှင် လူဆိုးနဲ့ သူတင်ကိုယ်တင် နွဲရတဲ့အမှု ဖြစ်ခဲ့ပါတယ်။ ဒီကားထဲမှာတော့ ကျွန်တော်တို့ စုံထောက်ကြီးကားလ်က ခါတိုင်းထက် အခြေအနေဆိုးနေတဲ့ပုံစံပါ ဘာယုံကြည်မှုမှ မရှိတဲ့ စုံထောက်တစ်ယောက် အာဆတ်နဲ့ ယုံကြည်မှုကိစ္စတွေ ရိုးရာမပြတ် ရန်သတ်ပြီး ဘယ်လိုဖော်ထုတ် ကြမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာပါဝင်လာတဲ့ အဓိကနောက် ဇာတ်ကောင်ကတော့ ကျွန်တော် CM မှာ ပြန်ဆိုထားတဲ့ ပင်လယ်ထဲကို ဖောင်နဲ့ စွန့်စွန့်စားစား အပြင်မှာ တကယ်သွားခဲ့တဲ့ Kon Tiki ရုပ်ရှင်ထဲ သော်ရ်နေရာ သရုပ်ဆောင်ထားတဲ့ မင်းသားလည်း အထူးသရုပ်ဆောင်ထားပါသေးတယ်။ File size…1.74GB / 674.8MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
7 2016 108 mins
Department Q: A Conspiracy of Faith
Shark Tale
6.1

Will Smith နဲ့ Angelina Jolie အပြင်တခြားသောနာမည်ကြီးသရုပ်ဆောင်တွေ ပါဝင်အသံသရုပ်ဆောင်ထားပြီး IMDb Rating 6 ထိ ရခဲ့တဲ့ 2004 ခုနှစ်ထွက် Animation ဇာတ်ကားကောင်းလေး တစ်ကားကို CMကနေတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် အော်စကာ ဆိုတဲ့ငါးလေးတစ်ကောင်က ချမ်းချမ်းသာသာနေရဖို့ကိုအမြဲတွေးလေ့ရှိပေမယ့် အကြွေးတွေပတ်လည်ဝိုင်းပြီးဒုက္ခရောက်နေသူပါ။ တစ်နေ့မှာတော့ မတော်တဆမှုကြောင့် ငါးမန်းတစ်ကောင်သေသွားတာကို ရှေ့တင်ကြုံရတဲ့အခါမှာ အော်စကာက သူ့ကိုယ်သူငါးမန်းသတ်သူဆိုပြီး လိမ်ညာနာမည်ကောင်းယူလိုက်ပါတယ်။ ဒါပေမဲ့သေသွားတဲ့ငါးမန်းကဂိုဏ်းစတားခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်တာကို အော်စကာသိလိုက်ရတဲ့အခါမှာ ဘယ်လိုပြဿနာတွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ပရိသတ်ကြီးကဆက်လက်ကြည့်ရှုခံစားရမှာပါ။ File size… 2.5 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre ….. Animation , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Citurus

Action • Thriller • Science Fiction
6.1 2004 90 mins
Shark Tale
Bad Santa 2
5.6

ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိတ်သတ်ကြီးကို ၂၀၀၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Bad Santa 2003 ရဲ့အဆက်ဖြစ်တဲ့ Bad Santa 20016ဆိုတဲ့ ဒုတိယမြောက် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားကိုတော့ဒါရိုက်တာ Mark Waters က ရိုက်ကူးပုံဖော်ထားပြီး မင်းသားWilly Bob Thornton,Tony Cox နှင့် မင်းသမီး Kathy Batesတို့ကပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ် ဒီဇာတ်ကားမှာလည်း ဝီလီ အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသား Willy Bob Thornton က ဇာတ်ကားနာမည်အတိုင်း အရင်လိုဆိုးပေနေတဲ့ ဆန်တာကလော့စ်ဖြစ်နေသေးတုန်းပဲဆိုတာကို မြင်တွေ့ရမှာဖြစ်ပါတယ် ဒီဇာတ်လမ်းက ထောင်ကထွက်လာတဲ့ သူငယ်ချင်းဖြစ်သူ မားကတ်နဲ့ ဝီလီတို့ ပရဟိတအဖွဲ့အစည်းတစ်ခုရဲ့ မီးခံသေတ္တာကို ဖောက်ထွင်းဖို့ ကြိုးစားကြပုံကို ကြည်နူးပျော်ရွှင်ဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ် ဝီလီတို့သူငယ်ချင်းနှစ်ယောက် မီးခံသေတ္တာကိုဖောက်ထွင်းဖို့အတွက် ချီကာဂိုမြို့ကိုရောက်တဲ့အခါမှာတော့ ဝီလီ မျှော်လင့်မထားတဲ့ လုပ်ငန်းစပ်တူလုပ်ကိုင်ရမည့် ပါတနာတစ်ယောက်ပါလာပါတယ် အဲ့တာကတော့ ဝီလီကိုငယ်ငယ်လေးကတည်းက ပစ်သွားတဲ့ ဝီလီရဲ့ အမေ ဆန်နီဆုတ်ပဲ ဖြစ်ပါတယ် နှစ်ပေါင်းများစွာဝေးကွာ သွားပြီးနောက် သားမိနှစ်ယောက်ပြန်လည်ဆုံတွေ့တဲ့ အခါမှာကော ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဝီလီအမေကရော ဘာလို့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဝီလီကိုပစ်သွားရတာလဲ သူတို့တွေအောင်မြင်အောင်ကော လုပ်ဆောင်နိုင်ကြပါ့မလား ဒီဇာတ်ကားမှာ ဝီလီရဲ့စိတ်ကိုနူးညံ့ပျော့ပြောင်းသွားစေတဲ့ ဇာတ်ကောင်တစ်ယောက်လည်း ရှိပါသေးတယ် အဲတာကတော့ ဝီလီကိုငယ်ငယ်လေးကတည်းက အခုချိန်ထိကပ်တွယ်နေတဲ့ သားမန်းဆိုတဲ့ကောင်လေးဖြစ်ပါတယ် ငယ်ငယ်ကတည်းကမိဘမေတ္တာငတ်မွတ်ခဲ့တဲ့ သားမန်းဆိုတဲ့ကောင်လေးကရော ဘာလို့ဝီလီက ဆန်တာကလော့စ်အစစ်မဟုတ်မှန်း သိတာတောင် တကောက်ကောက်လိုက်နေရသေးတာလဲ သားမန်းတစ်ယောက်ဝီလီတို့ တစ်တွေ နေထိုင်တဲ့ချီကာဂိုမြို့အထိလိုက်လာခဲ့ရာမှာတော့ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ သူကရော ဝီလီရဲ့စိတ်ကိုဘယ်လိုမျိုးနူးညံ့ပျော့ပြောင်းသွားစေမလဲ ဆိုတာ ဒီဇာတ်ကားလေးထဲမှာ စီးမျောကြည့်ရှုလိုက်ပါဦး ဒီဇာတ်ကားဟာ Comedy,Crime&Dramaအမျိုးအစားကိုမှ ကြည့်ရှုရတာကြိုက်နှစ်သက်သူတွေ မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်… File size…1.45GB / 712MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

Fantasy • Action • Horror
5.6 2016 92 mins
Bad Santa 2
Wildlike
6.6

သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့ live action series ထဲက မင်းသမီး Ella Purnell ပါဝင်သရုပ်ဆောင်‌ထားတဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ် ဆယ်ကျော်သက်မလေး Mckenzie နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူ နေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေး ဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈ မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေ တစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊ အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲ အခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်‌ယောက်နဲ့ မတာ်တဆ ဆုံမိသွားတဲ့အခါ……. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.53GB / 713MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Adventure , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Comedy • Action
6.6 2014
Wildlike
House of Flying Daggers
7.6

House of Flying Daggers (2004) IMDb Rating (7.5) / Rotten Tomatoes (87%) Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။ မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ ဇာတ်လမ်းကတော့ …… ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် နှိပ်စက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူပြည်သားတွေဟာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဧကရာဇ်နဲ့တကွ အစိုးရကို တော်လှန်ပုန်ကန်လာကြတဲ့ ခေတ်ပျက်ကာလကို အခြေတည်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဓားပျံအိမ်တော် ဆိုတဲ့ တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ သမိုင်းမှာ တကယ်ရှိခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကာလက ပေါ်ပေါက်ခဲ့တဲ့ မြေအောက်အဖွဲ့အစည်း အမျိုးမျိုးကို ကိုယ်စားပြုနေပါတယ်လေ။ စီရင်စုရဲမတ်အရာရှိမင်းနှစ်ယောက်ဖြစ်တဲ့ ချင် နဲ့ လျို တို့ဟာ ဓားပျံအိမ်တော် မြေအောက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အဲဒီအချိန် လုပ်ကြံခံခေါင်းဆောင်ရဲ့ မျက်မမြင်သမီးလေး ရှောင်မေ က ပန်းနီဆောင်ကြာမြိုင်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ ဒီတော့ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်အသစ်ကို လုပ်ကြံဖို့ အမိန့်ပေးခံရတဲ့ ရဲမတ်အရာရှိမင်းနှစ်ယောက်က အကွက်ချကြံစည်ပြီး ရှောင်မေ‌ ကိုအယုံသွင်းလို့ ဓားပျံအဖွဲ့ဆီ ဆက်သွယ်နိုင်အောင် ကူညီပေးနေကြတာပေါ့။ အကြံသမား ရဲမတ်အရာရှိမင်း လျို နဲ့ ချင် တို့ဟာ ကွက်ကျော်မြင်တတ်တဲ့ အရည်အချင်းရှိ အရာရှိတွေဖြစ်သလို ရှောင်မေ ဟာလည်း ဉာဏ်ထက်သ‌လောက် ဉာဏ်များလွန်းလှတဲ့ အလှပဂေးမလေးပါ။ ဒီလိုနဲ့ အသွင်ယူအရာရှိ ချင် နဲ့ ရှောင်မေ တို့က ဓားပျံဌာနချုပ်ရှိရာ မြောက်အရပ်ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ အရာရှိ လျို ကတော့ တိတ်တဆိတ် လိုက်ပါကူညီလျှက်ပေါ့။ ဒါပေမဲ့ ဂျင်ပေါ်က ထုံးတွေဖြစ်ကြသူတွေ ဖြစ်တာနဲ့အညီ အပြန်အလှန်လှည့်ကွက်တွေ၊ အသုံးချစတေးမှုတွေကြားမှာ လှပသလောက် နာကျင်ဖွယ် လွမ်းမောဖွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်တည်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.6 2004
House of Flying Daggers
Aachari Baa
6.7

Aachari Baa (2025) (အချရီဘွားဘွား) ရိုးရာလုပ်ငန်းဖြစ်တဲ့ အချဉ်ဖောက်လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိတဲ့ ဂျိုင်ရှင်နဗီဟာ တစ်ကိုယ်တည်းထဲလုပ်ကိုင်စားသောက်လျက်ရှိပါတယ်။ သူ့မှာ သားတစ်ယောက်ရှိပေမဲ့ မြို့မှာ အိမ်ထောင်ကျပြီး အဆက်အသွယ်မရဖြစ်နေပါတယ်။ အဲဒီအတွက်နဲ့ သူဟာ သားဖြစ်သူကို ဒေါသထွက်လျက်ရှိပါတယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာ ၁၀နှစ်ကြာပြီးတော့မှ အဆက်အသွယ်ပြန်လုပ်လိုက်တော့လည်း အမေတစ်ယောက်ဖြစ်တဲ့ထုံးစံအတိုင်း သားအသံလေးကိုကြားလိုက်တာနဲ့တင် ပြန်ပြီး စိတ်ဆိုးပြေသွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဂျိုင်ရှင်နဗီဟာ သားဖြစ်သူဆီကို သွားရောက်နေဖို့အတွက် ဖြစ်လာပါတော့တယ်။ သို့ပေမဲ့လည်း သားဖြစ်သူဟာလည်း အကြံနဲ့ အမေကို ခေါ်လိုက်တာဖြစ်ပါတယ်။ သူတို့မိသားစု အပန်းဖြေခရီးထွက်တုန်း အိမ်မှာ အမေဖြစ်သူကို အစောင့်ထားခိုင်းခဲ့ပြီးတော့ အိမ်မှာရှိတဲ့ ခွေးလေး ဂျွန်နီကို ကြည့်ရှုပေးဖို့အတွက်ဖြစ်ပါတယ်။ ဒီလိုနဲ့ သားနဲ့ မြေးကို လွမ်းလို့လာခဲ့တဲ့အမေကို ပစ်ထားခဲ့ပြီး အပန်းပြေခရီးထွက်သွားကာ အိမ်မှာတော့ အမေနဲ့ ခွေးလေး ဂျန်နီကို ထားခဲ့ပါတော့တယ်။ ငယ်ငယ်လေးတုန်းက ခွေးကိုက်ခံရလို့ ခွေးဆိုရင်ကြောက်တတ်တဲ့ ဂျိုင်ရှင်နဗီတစ်ယောက် ခွေးလေးဂျန်နီနဲ့အတူ အိမ်မှာအတူရှိရင်း ဘာတွေဖြစ်ကြမလဲ ….. ဂျိုင်ရှင်နဗီတစ်ယောက် သားဖြစ်သူဆီကနေ သူလွမ်းနေတဲ့ ချစ်ခြင်းတွေရော ရလာပါ့မလား …. ဆိုတာကို ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym ~ STAR တို့ပဲဖြစ်ပါတယ်)

War • Drama
6.7 2025 99 mins
Aachari Baa
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years
Summer Days with Coo
7.4

Summer Days with Coo (2007) ——————— IMDB – 7.4/10, MyAnimeList – 7.4/10 တစ်ရက်မှာ ကိုးအိချိဆိုတဲ့ကောင်လေးဟာ မြေကြီးထဲက ကျောက်တုံးထဲမှာပိတ်မိနေတဲ့ ဂျပန်ဒဏ္ဍာရီလာ ကပ်ပါအကောင်လေးကို အမှတ်တမဲ့ ကောက်ယူမိပြီး အိမ်ကိုခေါ်လာခဲ့ပါတယ်။ ကပ်ပါဆိုတာ ကလေးအရွယ်ခန္ဓာကိုယ်အရွယ်အစားကို လိပ်ကျောအခွံနဲ့ခေါင်းမှာအပြားလေးပါတဲ့ မြစ်နေသတ္တဝါလေးတွေဖြစ်ပါတယ်။ သူတို့ကလူစကားလည်းပြောတတ်ကြသလို ရေကူးလည်းအရမ်းကျွမ်းကျင်ကြပြီး လူတစ်ယောက်ထက်တောင် အားပိုကောင်းပါတယ်တဲ့။ ကပ်ပါဆိုရင် သခွားသီးနဲ့တွဲမြင်ရလောက်အောင်လည်း သူတို့က သခွါးသီးလည်း အရမ်းကြိုက်ကြပါသေးတယ်နော်။ အဲဒီ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ကပ်ပါကောင်လေးဟာ သူ့ရဲ့မျိုးနွယ်စုတွေကိုရှာဖွေဖို့ ကိုးအိချိနဲ့ခရီးတွေသွားရင်း ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုဒရမ်မာတွေခင်းမလဲဆိုတာ သိရအောင် ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်) File size… 1.8 GB / 840 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 18m Genre ….. Animation, Adventure, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Na Ei

7.4 2007 138 mins
Summer Days with Coo