YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Nix.2022.480p.WEBRip.(CM).mp4

398.86 MB N/A video/mp4 198 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pollen
3.7

Pollen (2023) ========== ကျွန်တော်တို့တွေရဲ့ နေ့စဉ်ဘဝမှာ မသိမသာရော သိသိသာသာပါ abuse လုပ်ခံရတဲ့ အချိန်တွေ ရှိနေတတ်ပါတယ်။ ကျူးလွန်တဲ့သူ ဘက်ကတော့ မဖြစ်စလောက်လေးဆိုပေမဲ့ ကျူးလွန်ခံလိုက်ရတဲ့သူ အတွက်ကတော့ တစ်ဘဝလုံးစာပါပဲ။ ဟုတ်ပါတယ်။ ဒီဇာတ်လမ်းက ရုံးတွင်းအနိုင်ကျင့်မှုတွေကို ခံခဲ့ရတဲ့ ဟယ်ရာဆိုတဲ့ ကောင် မလေးတစ်ယောက်အကြောင်းပါ။ ဟယ်ရာက အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ရည်မှန်းချက်အရောင် တလက်လက်တောက်နေတဲ့ မျက်လုံးလေးတွေနဲ့ပေါ့။ သူ့ရဲ့အလုပ်မှာ အမြင့်ဆုံးရာထူးထိရောက်အောင် တက်လှမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားတဲ့သူလေးပါ။ ဒါပေမဲ့ သူ့အိပ်မက်တွေကို ဖျက်ဆီးပစ်ကြတာ ကတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေပါပဲ။ အထက်လူကြီးတစ်ယောက်ရဲ့ rape လုပ်တာကို ခံခဲ့ရပြီး အဲဒီလူ လက်ဆောင်ပေးခဲ့တဲ့ ပန်းပင်လေး ကနေ မကောင်းဆိုးဝါးတစ်ကောင် ကပ်ပါလာခဲ့တယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေအပြင် အဲဒီမကောင်းဆိုးဝါးကပါ သူ့ရဲ့အိပ်မက်တွေ ထိ လိုက်နှောင့်ယှက်လာတဲ့အခါ ဟယ်ရာတစ်ယောက် ဘယ်လိုရင်ဆိုင် သွားမလဲဆိုတာကို ကြည့်ရှု့ခံစားလိုက်ကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.0 GB) / (360 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 26Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery, Thriller Translator.......May Thet Khine Soe Encoder..........SWM

Horror • Mystery
3.7 2023 86 mins
Pollen
Girl at the Window
6.3

အေမီဟာ လူသတ်သမားအကြောင်းတွေ သွေးသံရဲရဲ သတ်ဖြတ်မှုအကြောင်းတွေ ပုံတိုပတ်စ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေကို ခုံမင်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်တယ်။ ဆယ်ကျော်သက်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့အရာတွေကို လက်တွေ့နဲ့ ယှဥ်ပြီး စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်။ပြောရရင် လူသတ်သမားကို ရှာချင်တဲ့ စုံထောက်မလေးတစ်ယောက်လို နေချင်တယ်ပေါ့။ အဲ့တော့ ဘာလုပ်လဲ? သူမအိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ဟိုဒီလျှောက်ကြည့် စပ်စုနေတော့တာပေါ့။ အဲ့လိုနဲ့ သူမရောက်နေတဲ့ မြို့လေးမှာအရင်က ရှိခဲ့ဖူးတဲ့ Clockwork killer ဆိုတဲ့ serial killer ဇာတ်လမ်းဟာ အရင်ကဟိုးလေးတကျော်ဖြစ်ခဲ့သလောက် အခုတော့ လူသတ်မှုတွေ ဆိတ်သုဥ်းနေတဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အေမီ့ အတွေးထဲမှာတော့ Clockwork Killer ဟာ အငြိမ်နေမှာမဟုတ်ဘူး။ တစ်ရက်တော့ကျိန်းသေ ပြန််ပေါ်လာမယ်ဆိုတာ စုံထောက်အဖြစ်စိတ်ကူးယဉ်ရတာကြိုက်တဲ့ ညာဥ်ကြောင့် သူမအတွေးထဲမှာ တစ်ချိန်လုံးနေရာယူထားပါတော့တယ်။ ဒီလိုနဲ့တစ်ရက်ကျတော့ သူမထင်ထားတဲ့အတိုင်း Clockwork Killer ပြန်လဲပေါ်လာရော သူမနဲ့မှဘယ်လို နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမလဲ? ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်လမ်းကောင်းလေးပါ။ detective teenager လေးတစ်ယောက် ဒီအမှုကို ဘယ်လိုရင်ဆိုင်မလဲ? ဘယ်လို မြှုပ်ကွက်တွေရှိမလဲ? Clockwork killer ကရော ဘယ်သူဖြစ်မလဲ? ကိုယ်တိုင်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hein That Naing ပါ။) File Size          : 1.1GB, 428MB,250MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 25mins Genre              :Horror, Thriller Translated by Hein That Naing Encoded by Kinnov

Drama • Romance
6.3 2022 84 mins
Girl at the Window
Wild Dog
5.4

Wild Dog (2021) ===================== imdb 6.1/2.4k နာမည်ကြီးတေလဂူးမင်းသားကြီး Nagarjuna Akkineniအဓိကသရုပ်ဆောင်ထားတဲ့ အက်ရှင်ကားကောင်းတခုတင်ဆက်ပေးချင်ပါတယ်...ဘယ်လောက်တောင်ကြမ်းသလဲဆိုရင် TV-MAရိတ်တင်ရတဲ့ထိပါပဲ..... ဇာတ်လမ်းအကျဉ်းကတော့ အကြမ်းဖက်နိုမ်နင်းရေးအရာရှိ ဗီဂျေးဟာ အကြမ်းဖက်နိုမ်နင်းရာမှာ ကြမ်းတမ်းရက်စက်လွန်းတာကြောင့် Wild Dog (ခွေးရိုင်းကြီး)လို့နာမည်ပြောင်ပေးရတဲ့ထိ ဆိုးဝါးလှပြီး ဌာနကလည်း သူ့ကို ရုံးထိုင်အလုပ်ပြောင်းပေးခဲ့ပါတယ်... ဒါပေမယ့် တနေ့မှာတော့ နိုင်ငံတွင်း အကြမ်းဖက်ဗုံးဖောက်ခွဲမှုတွေ စိပ်လာပြီး အကြမ်းဖက်သမားတွေဟာ နိုင်ငံရဲ့လုံခြုံရေးကို ထိပါးစော်ကားလာတာကြောင့် ဌာနက သူ့ကို ပြန်လည်ရာထူးပေးအပ်ပြီး အမှုလိုက်ခိုင်းပါတော့တယ်.... ဗီဂျေးဒီတခါဆုံတွေ့ရမယ့်ရန်သူက အင်မတန်ကောက်ကျစ်ဉာဏ်များပြီး ဖောက်ခွဲရေးပိုင်းဆရာတဆူဖြစ်တာကြောင့် ဗီဂျေးတစ်ယောက် ဘယ်လိုဘယ်ပုံ စွန့်စားပြီး ဉာဏ်ပညာရော ခွန်အားရော ပြိုင်ဆိုင်သွားလဲဆိုတာကို ဇာတ်လမ်းအစဆုံးထိ မလွှတ်တမ်းကြည့်ရှုချင်သွားမယ့် ရုပ်ရှင်ကောင်းတပုဒ်ပဲဖြစ်ပါတယ် File size…2.11GB / 1GB Quality…1080p UHD WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moment

Crime • Drama • Thriller
5.4 2021 122 mins
Wild Dog
Cheppalani Undhi
8.5

Cheppalani Undi 2022 IMDb-8.6/10 လူတွေရဲ့မျိုးစုံသောယုံကြည်မှုနဲ့ သိပ္ပံပညာဟာပြဒါးတစ်လမ်းသံတစ်လမ်းပဲလို့ လက်ခံထားတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ဖို့အရင်ဆုံးပြောချင်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ တက်ကြွတဲ့စိတ်ဓာတ်တွေနဲ့ အပြင်းအထန်ကြိုးစားနေတဲ့လူငယ်လေးချန်ဒူးဟာ သူ့ရဲ့ကြိုးစားမှုနဲ့ဘဝအခြေတည်သွားစေမယ့် အခွင့်အရေးတစ်ခုရခဲ့ပါတယ် အချစ်ရေးမှာလည်း ယောက္ခမလောင်းကြီးနဲ့တွေ့ရတော့မှာမို့ ပျော်ရွှင်နေတဲ့အချိန်ပေါ့ ဘဝကြီးဟာချိုမြသာယာနေပြီဆိုတော့သောက်ပြီပေါ့လေ မူးမူးနဲ့အိမ်ပြန်တဲ့အချိန် ရဲအစစ်ခံရမှာဆိုးတာနဲ့ အရှိန်တင်မောင်းရင်း လမ်းဘေးပလက်ဖောင်းနဲ့ခေါင်းနဲ့ဂဟေဆက်ပါရောသတဲ့ ဘာဒဏ်ရာမှမရခဲ့ပေမယ့် ဘဝရဲ့အရေးကြီးဆုံးနောက်ရက်မနက်မှာပဲ သူ့ပါးစပ်ကပြောနေတဲ့စကားတွေကို သူ့ဘေးကဘယ်သူမှနားမလည်တဲ့အဖြစ်ရောက်သွားပါတယ် တစ်ခြားသူတွေပြောသမျှကိုသူနားလည်နေပေမယ့်သူပြောတဲ့စကားတွေကိုဘယ်သူမှနားမလည် သူကလည်းအဲဒီနားမလည်တဲ့စကားတွေနဲ့ပဲ ရှင်းပြဖို့ထပ်ခါထပ်ခါကြိုးစားရင်း ရှင်းပြလို့နားမလည် နားမလည်လို့ရှင်းပြနဲ့ တစ်ယောက်တည်းလည်ထွက်နေရှာပါပြီ ချရေးပြပေါ့လို့ပြောရအောင်လည်းချလည်းမရေးတတ်တော့ဘူးတဲ့ ဒီလိုနဲ့ဘဝလောက်အရေးကြီးတဲ့အခွင့်အရေးကြီးလည်းဆုံးရှုံး ချစ်ရသူကိုလည်းဆုံးရှုံးရတော့မလိုဖြစ်နေပါပြီ ဘာဖြစ်နေမှန်းလည်းမသိ ရှင်းပြလို့လည်းမရနဲ့တစ်ယောက်တည်းတိုင်ပတ်နေတဲ့သူ့အဖြစ်ကို သိပ္ပံနဲ့ ယုံကြည်မှုဘယ်လိုတွေများပေါင်းစည်းပြီး ဖြေရှင်းသွားမှာပါလိမ့် ရှုစားကြည့်ပါဦး

Animation • Family
8.5 2023
Cheppalani Undhi
Falling in Love
6.5

Falling in Love (1984) ~ IMDb – 6.5/10, Rotten Tomatoes – 54% ~ ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်‌ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော… ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။ သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။ သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို တင်ဆက်ထားတဲ့ Falling in Love (ချစ်ခြင်းမှာ သက်ဆင်းရသူ) ဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားမှာ ဒိတ်ဒိတ်ကြဲ အမေရိကန်မင်းသမီးကြီး Meryl Streep က ဦးဆောင်ပါဝင်ထားပါတယ်။ Clint Eastwood နဲ့ The Bridges of Madison County ဇာတ်ကားမှာ ဒီလိုဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့သလို ဒီဇာတ်ကားမှာလည်း ခင်ပွန်းနဲ့ ချစ်သူကြားမှာ နှလုံးသားနဲ့ဦးနှောက် ဗျာများရပုံတွေကို အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အီတလီဖွား အမေရိကန်မင်းသားကြီး Robert De Niro ကလည်း လိုက်ဖက်ပြေပြစ်စွာ သရုပ်ဆောင်ထားပါတယ်။ မင်းသား မင်းသမီး အပြိုင်ကြဲတဲ့ Romantic အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ မြန်မာမျက်လုံးနဲ့ကြည့်ရင်တော့ ဖိနပ်ပြတ်နဲ့ ခွေးငတ် ဘာညာ ပြောကြမှာ။ ဒါပေမဲ့ အချစ်ကို တမံတုပ်လို့ မထိန်းနိုင်ဘူးဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတိအလင်းမြင်တွေ့နိုင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 820MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.5 1984
Falling in Love
[18+] Call Boy
6.6

[+18]Call Boy(2018) IMDb….6.4 ဖန်းဆင်းခဲ့ပြီးသော မိန်းမသားများ၏ ဖြစ်တည်ခဲ့သော သဘာဝတရားများသည် ယောင်္ကျားသားများနှင့်ယှဉ်လျှင် အနည်းငယ် ဒုက္ခရောက်ရသော ကိစ္စများရှိလေသည်… ထို့ကြောင့်ပင် အားနွဲ့သောမိန်းမသားလို့ သုံးနှုံးကြလေသည်…….ထို့ကြောင့် မိန်းမသားများသည် မိမိတို့၏ အားနည်းချက်များကို ဖုံးကွယ်ရန်အလို့ငှါ ဉာဏ်ကိုတတ်နိုင်သမျှ သုံးကြလေသည်… ထိုဉာဏ်ကို မာယာဟု တစ်ချို့သောသူတွေက ခေါ်ဆိုကြပြန်သည်… ဒီကားလေးကတော့ မာယာနတ္ထိနဲ့မိန်းမသားအချို့အကြောင်းကိုခပ်လှလှလေးရိုက်ပြထားတာပါ… ဒီဂျပန်ကားလေးမှာတော့ အချို့သောအမျိုးသမီးများသည် လိင်မှုကိစ္စများနှင့် အခြားမွန်းကြတ်နေသောကိစ္စများကိုဖြေဖျောက်ရန် အခကြေးငွေးပေးကာ တိတ်တဆိတ် ခေါ်ယူရနိုင်သည့် ကောင်လေးများနှင့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်… ဒီကားကိုကြည့်ခြင်းအားဖြင့် အမျိုးသမီးတွေရဲ့ ကွယ်ဝှက်ထားသော အလွှာများကိုမြင်တွေ့နိုင်သည်…. ပြီးတော့ ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ခမ်းခမ်းနားနားလှလှပပလေးကို ရိုက်ပြထားတာ…နောက်ခံသီးချင်းသံကအစ Lighting အဆုံး…. လူတွေကိုစနစ်တကျလေးရွေးချယ်ထားတာရော… တော်တော်ကိုမိုက်တယ်… (18+ အခန်းပေါင်းများစွာ ပါဝင်သဖြင့် မိသားစုနှင့်အတူမကြည့်သင့်ပါ….) File Size : (2.02GB) and (635MB) Quality : Blu-Ray 1080P5.1Ch,720p Format…mp4 Duration…01:30:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wild Race Encoded by SD

6.6 2018
[18+] Call Boy
[18+] Hawas Ki Inteha
6.2

Hawas Ki Inteha (2016) လင်ရယ် မယားရယ်လို့ ဖြစ်လာကြပြီဆိုရင် ဆိုးတူကောင်းဖက်အတူလက်တွဲသွားကြပြီး ဘဝသက်ဆုံးတိုင် နားလည်မှုတွေနဲ့ ဘဝကို တည်ဆောက်ကြရမှာပါ။ ဒီလိုမှ မဟုတ်ရင်တော့ ထိုအိမ်ထောင်..ထိုလင်မယားဟာ ရှားစောင်းနဲ့မျက်ချေးလို တစ်မိုးအောက်ထဲက ရန်သူတွေလိုပါပဲ။ အိမ်ထောင်တစ်ခုမှာ အချစ်က အခရာကျသလို လိင်မှုကိစ္စဟာလည်း အဓိကကျပါတယ်။ မှားတဲ့လူရှိရင် ခွင့်လွှတ်ပေးနိုင်တဲ့သူ ရှိရမှာဖြစ်သလို မှားတဲ့သူဟာလည်း အဲ့ဒီအမှားမျိုးကို နောက်ထပ်မကျူးလွန်သင့်ပါဘူး။ အမှားတွေကို မလွန်ဆန်နိုင်တော့တဲ့အထိဖြစ်လာတဲ့အခါမှာတော့ အိမ်ထောင်တစ်ခုဟာ ပျက်တော့မှာပဲမဟုတ်လား။ ဒီဇာတ်ကားမှာလည်း ရာဂစိတ်ကြောင့် အမှားနွံထဲနစ်ပြီး ဘဝပျက်ခဲ့ရတဲ့ လင်မယားအကြောင်းကို ပညာပေးရိုက်ကူးတင်ဆက်ပေးထားပါတယ်။ ၁၈အပေါင်းအခန်းလေးတွေလည်း ပါတာမို့ ၁၈ယောက်စုကြည့်ကြပါနော်။

6.2 2016
[18+] Hawas Ki Inteha
Don’t Sell My Baby
6.7

Don’t Sell My Baby(2023) *********************** စီနီယာအထက်တန်းကျောင်းသူတစ်ဦးဖြစ်တဲ့ နီကိုလက်ဟာ သူငယ်ချင်းဖြစ်သူ ဘရွတ်ပျောက်ဆုံးသွားတဲ့ အတွက် လူပျောက်ကြေငြာလိုက်ကပ်ရင်း ရတက်မအေးဖြစ်နေရသူပါ။ ဒီပျောက်ဆုံးသွားတဲ့ သူငယ်ချင်းဖြစ်သူဟာ ကိုယ်ဝန်ဆောင်နေရသူဖြစ်ပြီး ငယ်ရွယ်သူတို့ထုံးစံအတိုင်း အနာဂတ်ဆိုတာလည်း မရေရာမသေချာသေးပါဘူး။ တစ်နေ့ကျတော့ ဒီသူငယ်ချင်းဖြစ်သူက နီကိုလက်ဆီကို ဖုန်းဆက်လာပြီး သူ့နောက်ကို လူတစ်ယောက်လိုက်နေကြောင်း၊ ကလေးကို ငွေပေးပြီး လိုချင်နေသူတွေရှိကြောင်းပြောပါတယ်။ နီကိုလက်ကလည်း အကူအညီအပေးနိုင်ဖို့ တစ်နေရာမှာ ချိန်းဆိုလိုက်ရင်းက သူငယ်ချင်းဖြစ်သူ ကားတိုက်ခံရပြီး ဆုံးပါးသွားတာမြင်လိုက်ရပါလေရော။ ဒါတွေဟာ တိုက်ဆိုင်မှုပဲလား၊ တမင်ကြံစည်မှုပဲလားဆိုတာ စုံစမ်းနေရင်းမှ နီကိုလက်ကိုယ်တိုင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရှိနေမှန်းသိလိုက်ရပါတယ်။ ဒီလိုနဲ့ နီကိုလက်တစ်ယောက် ဘဝအနာဂတ်ရေရေရာရာ မရှိသေးခင် ကိုယ်ဝန်ဆောင်အမျိုးသမီးငယ်လေးတွေကို ပစ်မှတ်ထားတဲ့လူတွေဆီက ပြေးလွတ်နိုင်မလားဆိုတာကိုတော့… File Size : (1.5GB) and (574MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:25:00 Genre : Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6.7 2023 85 mins
Don’t Sell My Baby
The Substitute
6

IMDb Rating (6.0) Sniper ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ဖူးမယ်ဆိုရင် အဲ့ဒီထဲက ထီမထင်တဲ့မျက်နှာပေးနဲ့ လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသားကြီး Tom Berenger ကို မှတ်မှတ်ရရရှိကြမှာပါ…ဒီဇာတ်လမ်းကလဲ သူ့ရဲ့အက်ရှင်ဇာတ်လမ်းနောက်တစ်ပုဒ်ပါပဲ။ ဇာတ်လမ်းကတော့…. ဗီယက်နမ်စစ်ပြန်ကြီးတို့အဖွဲ့က အမေရိကန်အစိုးရရဲ့ ရုပ်သေးရုပ်လေးအဖြစ်နဲ့ အမည်မဲ့ စစ်ဆင်ရေးတွေမှာ တရားမဝင် စစ်တိုက်ပေးနေရပါတယ်။ သူတို့စစ်ဆင်ရေးဆိုတာက အောင်မြင်ရင်လည်း လူမသိ၊ တိုက်ပွဲကျတဲ့စစ်သားက အမည်မဲ့၊ သတင်းစာထဲပါသွားရင် ပိုင်ရှင်မဲ့ ကြေးစားစစ်တပ်၊ ဒီလိုလည်ပတ်ကြရတာပါ။ ကျူးဘားကမ်းတက်စစ်ဆင်ရေးတစ်ခုမှာ စစ်သားကြီးတို့အဖွဲ့ အထိနာပြီး သုံးယောက်ကို သေမင်းလက် ဝကွက်အပ်လိုက်ရတယ်။ အဲဒါတောင် ပိုင်ရှင်မဲ့စီးနင်းမှုအဖြစ် အမေရိကန်အစိုးရက ခေါင်းရှောင်လိုက်ချိန်မှာ စစ်ပြန်ကြီးတို့ အံကြိတ် တောက်ခေါက်ရုံမှတစ်ပါး အခြားမရှိတော့ပါဘူး။ ပိုင်ရှင်တကယ်မဲ့သွားတဲ့ စစ်ပြန်ကြီးတို့အဖွဲ့ 109 110 တွေဖြစ်ကုန်ချိန်မှာ အဖွဲ့ခေါင်းဆောင် ရှေးလ် က သူ့ချစ်သူဆီ ပြန်လာခဲ့တယ်။ သူ့ချစ်သူ ကျောင်းဆရာမက ကျောင်းသားဆိုးတွေ လက်ချက်နဲ့ ‌ခြေတောက်ကျိုးနေပါရော့လား။ သူ့ချစ်သူနေရာမှာ အစားထိုးသမိုင်းဆရာအဖြစ် ဝင်လာတဲ့ စစ်ပြန်ကြီး ရှေးလ်၊ ကျောင်းသားဆိုးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူစာသင်နေတဲ့ကျောင်းက မူးယစ်ဆေးဝါးဖြန့်ချီရေး ဗဟိုဌာနဖြစ်နေတာကို သိလိုက်ရတဲ့ ရှေးလ် တစ်ယောက်၊ သေနတ်နဲ့ ကျည်ဆံတွေ ဖောဖောသီသီပါတဲ့ မူးယစ်ဆေးစစ်ပွဲထဲကို ကိုယ်တိုင်ဝင်ပါရတဲ့အခါ ဘာတွေကြုံရမလဲ။ အထိုးအကြိတ်၊ အပစ်အခတ်၊ ဆဲရေးတိုင်းထွာ၊ ဘာညာ။ ကျည်ဆံတွေပလူပျံနေတုန်း ယီးချင်းထပ်အောင်ဆဲနေတဲ့ ဟောဒီဇာတ်ကားက Sniper ဇာတ်ကားတွေထဲက လက်ဖြောင့်တပ်ကြပ်ကြီး ဘက်ကတ် နဲ့ တိတ်ခွေခေတ်တစ်ခေတ်ကို အလွမ်းပြေကြည့်ရှုရမယ့် ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

Science Fiction • Comedy • Horror
6 1996 114 mins
The Substitute
Steel Magnolias

ဒီရုပ်ရှင်က Robert Harling ရဲ့ ပြဇာတ်ကို ဒါရိုက်တာ Herbert Ross က ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီးတွေအနေနဲ့ Sally Fields, Julia Robert, Dolly Parton,Shirley MacLaine, Olympia Dukakis တို့လို နာမည်ကြီးတွေ ပါဝင်ပြီး Julia Robert ဟာလည်း 1990 မှာ ဒီရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးခဲ့ပါတယ်။ Robert Harling ရဲ့ အစ်မဖြစ်သူ Susan Harling အကြောင်းကို ပြန်လည် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာ အမေနဲ့ သမီး ချစ်မေတ္တာတွေ၊ အမျိုးသမီး အချင်းချင်း ရိုင်းပင်းကူညီမှုတွေကို နွေးနွေးထွေးထွေး ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာ Julia Robert ရဲ့ Character Shelbyကလည်း ပီပြင်သလို သူ့အမေရဲ့ character Miss M’Lynn ကလည်း သိပ်ကို အသက်ဝင်လှပါတယ်။ ကျန်တဲ့ supporting actressတွေကလည်း ကိုယ်စီဝါရင့်တဲ့ သရုပ်ဆောင်တွေဖြစ်ပြီး ဟာသလေးတွေလည်း ပါဝင်တာမို့လို့ မပျင်းမရိပဲ ကြည့်ရမယ့်ကားလေးပါ။ ဇာတ်လမ်းအကြောင်းပြောရရင် Shelby က တက်ကြွ လှပတဲ့ အမျိုးသမီးငယ်လေး ဖြစ်ပြီး Jackson ဆိုတဲ့ လူငယ်လေးနဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ Shelby ရဲ့ အမေ M’Lynnက Shelby ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့သူပါ။ ဒါပေမယ့် သားအမိနှစ်ယောက်က တစ်ခါတလေ လည်း တကျက်ကျက်နဲ့ပါ။ Shelbyက ဆီးချိုရောဂါရှိတဲ့အတွက် ဆရာဝန်က ကလေး မမွေးသင့်ဘူး အကြံပေးထားပါတယ်။ ဒါပေမယ့် Jackson နဲ့ လက်ထပ်ပြီး တစ်နယ်တစ်ကျေး ပြောင်းသွားတဲ့ Shelbyဟာ ခရစ္စမတ်မှာ အမေ့အိမ်ကို ပြန်လာပြီး ကိုယ်ဝန်ရှိနေကြောင်း အသိပေးခဲ့ပါတယ်။ သမီးကို သိပ်ချစ်တဲ့ M’Lynn က စိုးရိမ်ခဲ့ပေမယ့် Shelby ကိုယ်တိုင်က သူ ကိုယ်တိုင် လိုချင်လို့ မွေးတာဖြစ်ကြောင်း အမေဖြစ်သူကို ဖြောင်းဖြခဲ့ပါသေးတယ်။ ဒီလိုနဲ့ Shelbyက သားလေးတစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ မွေးခဲ့ပေမယ် ကံတရားက ကြိုမမြင်နိုင်တဲ့ အရာတွေကို သယ်ဆောင်လာပါတယ်။ ဒီရုပ်ရှင်က အရမ်းအောင်မြင်ခဲ့ပြီး ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေဆိုရင်လည်း တော်တော်နာမည်ကြီးပါတယ်။ Old but gold ဆိုတဲ့အတိုင်း ကားဟောင်းဆိုပေမယ့် အဲ့အချိန်က အမေရိကန်တောင်ပိုင်းဒေသက အလှအပတွေ ပွဲတော်တွေ ရိုးရာတွေကိုလည်း မြင်နိုင်ပါတယ်။ File size…(2.6 GB)/(1.65 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:57:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Drama • Romance
0 1989
Steel Magnolias
Oink
7.1

ခွေးလေး ကြောင်လေးတွေကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးတာများပေမယ့် ဝက်ကလေးတွေကိုတော့ အဲဒီလိုမွေးတာ သိပ်မမြင်ဖူးကြဘူးမလား? ဒီကားထဲက Babs ဆိုတဲ့ကောင်မလေးဟာ သူ့ရဲ့မွေးနေ့မှာ သူ့အဖိုးဆီကနေ ဝက်ပေါက်ကလေးတစ်ကောင်ကို မွေးနေ့လက်ဆောင်အနေနဲ့ လက်ဆောင်ရရှိခဲ့ပါတယ်… အချိန်ကြာလာတာနဲ့အမျှ ကောင်မလေးနဲ့ဝက်ကလေးတို့ ကြားက သံယောဇဉ်ကြိုးဟာပိုပြီးခိုင်မာလာခဲ့ပါတယ် ဒါပေမယ့် ကောင်မလေးကို ဝက်ကလေးမွေးနေ့ လက်ဆောင်ပေးတဲ့သူ့အဖိုးရဲ့တကယ့်သရုပ်မှန်က ဘာလဲ… ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကြည့်ရမယ့် Animation ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…1.39GB / 644MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 12m Genre ….. Animation , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eric

7.1 2022
Oink
Raundal
7

Raundal (2023) “လယ်သမား” IMDb 7.2 ရထားပြီး အက်ရှင် ဇာတ်ကြမ်း အချစ်အလွမ်းတို ရောယှက်ထားတဲ့ အိန္ဒိယကျေးလက်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ရှီဗာဟာ အမိမြေကို အလုပ်အကျွေးပြုချင်လို တပ်ထဲဝင်သွားပေမယ့် လေ့ကျင့်ရေးမှာ မလိုက်နိုင်တာရယ် အသက်ပြည့်သွားတာရယ်ကြောင့် ဝင်ခွင့်ကျသွားတော့ … ဘိုးဘွားပိုင် လယ် ၇ ဧကကို အထွက်တိုးအောင်လုပ်ပြီး တိုင်းပြည်ကို စိုက်ပျိုးရေးနဲ့ အလုပ်အကျွေးပြုဖို ဆုံးဖြတ်လိုက်တယ် စိုက်ပျိုးတာအောင်မြင်သလောက် ရိတ်သိမ်းရောင်းချဖိုကျ အခက်အခဲရှိတာကို သိရပြီး စက်ရုံပိုင်ရှင်တစ်ယောက်က သူတိုရွာကိုမှ ခွဲခြားနှိမ်ထားတဲ့ အကြောင်းတစ်ခုကလည်း ရှိနေပြန်တယ် သူ့အိပ်မက်အကောင်အထည်ဖော်ဖို ကြိုးစားရပုံတွေနဲ့အတူ တစ်ဖက်မှာလည်း ဘေးအိမ်က အထာတွေပေးနေတဲ့ ကောင်မလေးနဲ့ရော ဘယ်လိုဇာတ်လမ်းဆက်မှာလဲ အချစ်နဲ့ ဘဝ ဘက်မျှမျှ တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါကြောင်း အညွှန်းနဲ့ ဘာသာပြန်ကတော့ V ~ ToMo ~ Yunni ~ Alex ~ KKKZ တို ဖြစ်ပါတယ်

Drama • Romance
7 2023
Raundal
The Shaukeens
4.8

The Shaukeens (2014) “ခြောက်ဆယ်ကျော်အချစ်” IMDb – 4.8/10 ၁၉၈၂ခုနှစ်ကထွက်ရှိခဲ့တဲ့ Shaukeenကို ပြန်လည်ဆန်းသစ်ထားတဲ့ ၂၀၁၄ထွက် ဟိန္ဒူရုပ်ရှင်အဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မင်းသားကြီးအက်ရှေးကူးမားနဲ့ ရုပ်ရှင်ကားကြီးတွေမှာ ဇာတ်ပို့နေရာကတွေ့ရတတ်တဲ့အဘိုးကြီးသုံးယောက်အဓိကပါဝင်ထားကြပါတယ်။ လာလီ၊ ကေဒီနဲ့ ပင်ကီဆိုတဲ့ ခြောက်ဆယ်ကျော်အဘိုးကြီးသုံးယောက်။ ရတာမလို လိုတာမရနဲ့ ဘ၀မှာ အထီးကျန်နေကြပြီး အသက်ကြီးပေမဲ့ မပျက်စီးချင်ကြသေးဘဲ ရင်ခုန်သံတွေပျိုမြစ်လတ်ဆတ်နေတုန်းအချိန်။ သုံးယောက်တည်းမှာ လူပျိုကြီးဘ၀နဲ့ ဖြတ်သန်းလာခဲ့ရသူ ကေဒီက အချမ်းသာဆုံးနဲ့ တအားပွေးချင်တဲ့သူ။ သူငယ်ချင်း လာလီနဲ့ပင်ကီကိုမြှောက်ပေးပြီး သူ့အပန်းဖြေအိမ်မှာ စကီလေးတွေခေါ်ပြီးပျော်ပါးဖို့ ကြိုးစားရာကစ သူတို့တွေစွဲလန်းမိသွားတာ အဟာနာဆိုတဲ့ အမျိုးသမီးလေး။ အဟာနာက ဆိုရှယ်မီဒီယာကို တအားစွဲလန်းနေတဲ့သူတစ်ယောက်။ ဒီမှာပဲ အက်ရှေးရဲ့ဖန်ဖြစ်တဲ့ အဟာနာကို အက်ရှေးနဲ့တွေ့ပေးဖို့အရေး အဘိုးကြီးသုံးယောက်ကြိုးစားရာကစဘယ်လိုအလွဲတွေကြုံရမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

4.8 2014
The Shaukeens
A Land Imagined
6.2

A Land Imagined(2018) *********************** IMDb…6.2 ဆိုက်​ထဲက အလုပ်​သမား၁​ယောက် ထူးထူးဆန်းပျောက်သွားတယ်…. ဒါ့ကြောင့် ရဲ(၂)ယောက် လာရောက်စုံစမ်းတဲ့အခါမှာ ပျောက်သွားတဲ့သူဟာ အလုပ်လုပ်နေစဉ်ကာလအတွင်းမှာ လက်ကျိုးခဲ့လေတော့ တခြားသူတွေလို အလုပ်ကြမ်းမလုပ်ရဘူး.. လက်ကျိုးတဲ့အတွက် ကားပဲမောင်းရတယ်လို့ဆိုတယ်.. ပြီးတော့ ညဘက်ဆိုလည်းပြန်ပြန်မအိပ်တာကြာပြီဟုသိရတယ်.. ကျွန်းတုလုပ်တဲ့ဘက်မှာလည်း ပျောက်သွားတဲ့သူဟာ တစ်ချို့နဲ့သိတယ်ဆိုတော့ ရဲ(၂)ယောက်ဟာ ဆက်လက်စုံစမ်းဖို့ထွက်သွားတယ်.. အဲဒီနောက်တော့ ဒီလူပျောက်မှုကိုစုံစမ်းရင်း ရဲတစ်ယောက်လည်း အထူးအဆန်းဖြစ်ရပ်တွေကြုံခဲ့ရတယ်.. ကိုင်း သူတို့စုံစမ်းတာတွေ့မလား ..ဘာကြောင့်ပျောက်သွားတာလဲ.. ခံစားကြည့်လိုက်ပါဦး… စင်္ကာပူဆိုတာ စက်မှုအထွန်းကားဆုံးစာရင်းဝင်သလို အချမ်းသာဆုံးနိုင်ငံတွေထဲမှာလည်းပါလေတော့ ဒီနိုင်ငံမှာလာရောက်လုပ်ကိုင်တဲ့အလုပ်သမားတွေလည်း ဒုနဲ့ဒေးပါပဲ…..ငွေးကြေးတန်ဖိုးကလည်း အမေရိကန်ဒေါ်လာနဲ့ ကပ်လျက်… ဒီကားကတော့ စင်္ကာပူမှာလာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေအကြောင်းကို ရိုက်ပြထားသလို ပေးချင်တဲ့ Messageကောင်းတွေလည်း ရှိပါတယ်… ဒီကားရဲ့ ဒါရိုက်တာဖြစ်သူ Siew Hua Yeo ဟာ 2019ရဲ့အကောင်းဆုံး ဒါရိုက်တာဆုစာရင်းထဲမှာ ဆန်ကာတင်အဆင့် ပါရှိခဲ့ပါတယ်.. File Size : 1.76 GB, 551 MB Quality : WEB-DL 1080p, 720p Format…mp4 Duration…01:35:00 Genre : Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Megumi Encoded by AHtet

Horror • Comedy • Thriller
6.2 2018 95 mins
A Land Imagined
Cells at Work!
6.8

Cells at Work! (2024) ********************** လူတွေက မိခင်ရဲ့ ဝမ်း‌ဗိုက်ထဲကစလို့ ဆုံးပါးသည်အချိန်ထိ ဇီဝကမ္မလုပ်ငန်းစဉ်တွေကို အစဉ်မပြတ် ဆောင်ရွက်နေရတာပါ။ နေ့စဉ်နဲ့အမျှ အသက်ရှူသွင်းတယ်၊ ရှူထုတ်တယ်၊ အစာစားတယ်၊ ဝမ်းသွားတယ်။ ဒါတွေက သတ္တဝါတိုင်း လုပ်တဲ့ အခြေခံဖြစ်စဉ်တွေပါ။ ဗုဒ္ဓဘုရားဟောကြားခဲ့သလို ခန္ဓာကိုယ်ကြီးကို ကလပ်စည်းပေါင်း အသင်္ချေနဲ့ ဖွဲ့စည်းသလို၊ သိပ္ပံရှုထောင့်က ကြည့်မယ်ဆိုလည်း မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်မယ့် ဆဲလ်ပေါင်း ၃၇ထရီလီယံခန့်နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဒီဇာတ်ကားလေးထဲမှာတော့ ခန္ဓာကိုယ်ထဲက သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်ကို အဓိက ဇာတ်ကောင်အနေနဲ့တွေ့ရမှာဖြစ်ပြီး… ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်အမျိုးအစားပေါင်းများစွာနေရာမှာ လူတွေအဖြစ် စိတ်ကူးယဉ် ရိုက်ကူးထားပြီးတော့ … ဗဟုသုတနဲ့ ရိုမန်တစ်အနည်းငယ် ပေါင်းစည်းထားတဲ့ ထူးခြားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်… သွေးနီဥဆဲလ်နဲ့ သွေးဖြူဥဆဲလ်တို့ရဲ့ နေ့စဉ်လုပ်ငန်း‌တွေအပေါ်အခြေခံပြီး ကိုယ်ခန္ဓာထဲကို ဝင်ရောက်လာတဲ့ ဘက်တီးရီးယား‌တွေ၊ ဗိုင်းရပ်စ်တွေကို ဘယ်လိုတိုက်ဖျက်သလဲဆိုတာ… ဆဲလ်တွေရဲ့ စစ်ဆင်ရေးတွေကို ဟာသနှောပြီး စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်… ဒဏ်ရာတစ်ခုခု ရတဲ့အချိန် သွေးခဲစေတဲ့ ဆဲလ်လေးတွေထွက်လာတဲ့နေရာမှာ ကလေးငယ်လေးတွေအဖြစ် ရိုက်ကူးထားတာကြောင့် ကြည့်ရှုသူတွေအတွက် ချစ်စရာကောင်းတဲ့အပြင် ပညာရသများစွာရရှိစေနိုင်တယ်။ စားသောက်လိုက်တဲ့ ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစားအစာတွေ… သောက်လိုက်တဲ့ အရက်တွေ… ဒါတွေ အားလုံးက ခန္ဓာကိုယ်ပိုင်ရှင်အနေနဲ့ အစပိုင်းမှာ ထိခိုက်မှုမရှိပေမဲ့… အတွင်းပိုင်းအင်္ဂါနဲ့ ဆဲလ်လေးတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတာ…. ကွက်ကွက်ကွင်းကွင်းမြင်ရမှာမို့လို့ ကိုယ့်ခန္ဓာကိုယ်ထဲကို ထည့်သွင်းတဲ့အရာမှန်သမျှကို ထိန်းချုပ်ရမယ်ဆိုတာ သံဝေဂရစေမှာပါ။ (အညွှန်းကို Reddy မှ ရေးသားထားပါတယ်) File size…1.59GB / 847MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Action, Adventure, Fantasy, Comedy Subtitle….Myanmar Subtitle (Hard Sub) Translated by Reddy & Mary Christ Encoded by AHtet

Drama
6.8 2024 110 mins
Cells at Work!