YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nightmare.On.34th.Street.2023.1080p.WEBRip.(CM).mp4

1.49 GB 1080p video/mp4 83 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dunes
4.7

အမှန်တရားဆိုတာ ပြောတိုင်းလည်းမကောင်းဘူးလို့ လူတွေကပြောကြတာပါပဲ ဟုတ်တော့လည်း ဟုတ်ပါတယ် အသက်ကိုဥာဏ်စောင့်ဆိုတဲ့အတိုင်း ကိုယ့်ရဲ့အကြောင်းတွေကိုလည်း ခရေစေ့တွင်းကျ သူများကို မပြောတာ အကောင်းဆုံးပါပဲ အခုတစ်ခါတင်ဆက်ပေးမှာကတော့ အသက်၁၃နှစ်လောက်က အထက်တန်းကျောင်းမှာ ရေးခဲ့တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကြောင့် နောက်ဆက်တွဲအကျိုးဆက်တွေကို ဘုမသိ ဘမသိ ခံလိုက်ရတဲ့အကြောင်းလေးပါပဲ နစ်ခ် က ဩစတျေးရီးယား ကနေ အမေရိကန် က အယ်လေ တိုင်းမ်မှာအလုပ်ရလို့ သွားလုပ်နေရာက ဩစီ က သူ့ရဲ့အိမ်ငှားက အိမ်လခ ၂လခမပေးဘဲ ပျောက်သွားလို့ အိမ်ရောင်းဖို့ပြန်သွားတဲ့အချိန်မှာပဲ သူ့ရဲ့အိမ်ရှေ့မှာ ဘတ္တရီဒေါင်းသွားလို့ လာအကူအညီတောင်းတဲ့ လူတစ်ယောက်နဲ့ဆုံခဲ့ရတာပါ အဲဒီမှာပဲ သူတို့အကြောင်းတွေပြောကြရင်းနဲ့ သူရေးခဲ့တဲ့ ဆောင်းပါးကြောင့် လာအကူအညီတောင်းတဲ့သူရဲ့ ဘဝထိခိုက်ခဲ့ရတာကို သိသွားတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဘယ်လိုများ ကလဲ့စားချေခံရမလဲဆိုတာ စောင့်ကြည့်ရင်းကြည့်လို့ကောင်းတဲ့ ကားကောင်းလေးတစ်ကားပါပဲ File size…(2.25GB)/(1.15GB)/(667MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Crime
4.7 2021 84 mins
The Dunes
The Outfit
7.1

အင်္ဂလိပ် အမျိုးသား အပ်ချုပ်ဆရာတစ်ဦး၊ အရေတွန့်နေတဲ့ အသားအရည်နဲ့၊ ကျွမ်းကျင်ပိုင်နိုင်တဲ့ လက်တွေနဲ့၊ ချီကာဂိုမြို့ပေါ်က ကျော်ကြားသူကြီးပေါ့။ သူ့ပတ်ဝန်းကျင်ကတော့ တိတ်ဆိတ်သလိုပါပဲ။ ဒါပေမဲ့ ဘွိုင်း ဆိုတဲ့ ပုဂ္ဂိုလ်တွေဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ လာ ဖောင်တိန်း ဆိုတဲ့ ပြင်သစ်အမျိုးသမီးတစ်ယောက်ဦးဆောင်တဲ့ ဂိုဏ်းတစ်ခုရယ်၊ မှုခင်းနှိမ်နင်းရေး FBI အဖွဲ့ရယ်၊ သူတို့ကြားမှာ သူ့အပ်ချုပ်ဆိုင်လေးက အေးချမ်းသလိုလိုနဲ့ ငရဲတွင်းတစ်ခု ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အောက်ဖစ် ဆိုတဲ့ အဖွဲ့တစ်ခုကလည်း ကြားကဝင်ရှုပ်လာပြန်တယ်။ ဂိုဏ်းအဖွဲ့နှစ်ခုကြား ဘယ်သူမှန်းမသိရတဲ့ အောက်ဖစ် ကို ကြောက်ကြ လန့်ကြရပေါ့။ ဘွိုင်းအဖွဲ့ထဲကို လျှို့ဝှက်အသံဖမ်းစက်တစ်လုံး ရောက်လာပြီး ရာဇဝတ်မှုတွေကို ဖော်ထုတ်နိုင်တဲ့ အသံတွေ ဖမ်းမိသွားတဲ့အခါမှာ ဇာတ်လမ်းက ရုပ်လုံးကြွလာပါတယ်။ ဘွိုင်း အဖွဲ့ကလည်း ပြန်လိုချင်၊ ပြိုင်ဘက် လာ ဖောင်တိန်း အဖွဲ့ကလည်းလိုချင်၊ ဒီလိုနဲ့ ဂိုဏ်းနှစ်ဖွဲ့လုံး ပဒူအုံ တုတ်ထိုးသလို ပျားပမ်းခတ်တွေ ဖြစ်ကုန်ပါလေရော။ ဒီလိုနဲ့ ဒီသပွတ်အူ ဇာတ်လမ်းကြီးကို အပ်ချုပ်ဆိုင်လေးမှာ ရှင်းကြဖို့ ဖြစ်လာတဲ့အခါ အပ်ချုပ်သမား အဘိုးကြီးခင်မျာ အသက်ရှင်သန်ဖို့အရေး ဉာဏ်နီ ဉာဏ်နက် ဉာဏ်ဝါ ဉာဏ်ပြာ စုံလင်စွာနဲ့ ရှောင်ထွက်၊ အသက်ဘေးကို လိမ္မာပါးနပ်စွာနဲ့ တိမ်းရှောင်ပုံကို twist များစွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးပါ။ Bridge of Spies ဇာတ်ကားမှာ သရုပ်ဆောင်ပိုင်နိုင်ခဲ့တာကြောင့် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရခဲ့တဲ့ Mark Rylance ကြီး ကိုယ်တိုင် ခေါင်းဆောင်ပါဝင်ထားတာမို့အနှစ်ပါပဲ။ သူ့ကိုတော့ Ready Player One, Dunkirk, Don't Look up စသဖြင့် ဆေးစက်ကျရာ အရုပ်ထင်တဲ့သူမို့ ကြိုက်ကြတဲ့သူ များမယ်မှန်းသေချာပါတယ်။ သူ့အပြင် တခြားသရုပ်‌ဆောင်တွေအ‌နေနဲ့ Maze Runner နဲ့ Teen Wolf ထဲက Dylan O' Brien, Before I fall, Flower, Why him? တို့ထဲက မင်းသမီးလေး Zoey Deutch တို့ပါ ပါပါသေးတယ်။ အခုအချိန်ထိ IMDb မှာ 7.5 နဲ့ Rotten Tomatoes မှာ 86% ရရှိထားပါတယ်။ မှုခင်းနဲ့ ဒရမ်မာ အမျိုးအစားဖြစ်ပြီး ဘက်ဂျက်ကို 3.2 သန်း အကုန်ခံ ရိုက်ကူးထားပြီး ဂိုဏ်းအဖွဲ့တွေကြားက အားပြိုင်ကြတဲ့ မှုခင်းမြင်ကွင်းတွေကို ဖောဖောသီသီ မြင်ရဖို့ရှိတာမို့ ခံစားကြည့်ရှူလိုက်ကြပါဦး။ (ဇာတ်ကားအညွှန်းကိုတော့ Arr Khun Winchester မှ ရေးထားပေးပြီး ဇာတ်ကားကို Mr. Anderson နဲ့ Arr Khun Winchester တို့က ပြန်ထားပေးပါတယ်) Size - 1.36GB, 651.3MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 45Min Genre - Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson & Arr Khun Winchester Encoded by Ka Naung

Action • Thriller
7.1 2022 105 mins
The Outfit
Meeting Evil
5.2

မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jackson ဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိ အိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံး အလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊ မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန် တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်က သူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။ အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီး ခြေထောက်ထိသွားပါတော့တယ်။ ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီး ဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။ အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကို လှံစိုက်သလို ဖြစ်လာရတော့တယ်။ ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကို ဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲ စသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ် မဟုတ်ရင် ခင်ဗျားတို့ သေချာပေါက် ပြန်ကြည့်ရလိမ့်မယ်...။ မာသာဖပ်ကာကြီးကတော့ သူ့အကျင့်အတိုင်း ဒီကားထဲမှာလည်း ၂ ခါတိတိ မာသာဖပ်ကာလို့ ဆဲသွားပါသေးတယ်ဗျ။ File size…1.78GB / 801.7MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 29m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Adventure • Fantasy
5.2 2012 89 mins
Meeting Evil
KKN, Curse Of The Dancing Village
6.2

KKN, Curse of the Dancing Village (2022) Synopsis IMDB – 6.2/10 ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :’P ဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက် ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။ အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ရောက်လာကြပါတယ်။ အဲဒီရွာလေးမှာ ထူးထူးခြားခြား တားမြစ်ထားတာကတော့ ရွာနဲ့ တောအုပ်ကို ခြားထားတဲ့ နတ်ကွန်းကို ကျော်ပြီး တောအုပ်ထဲ မသွားမိဖို့ပါပဲ။ အဲဒီ တားမြစ်ချက်ကို ချိုးဖောက်မိရာကနေ သူငယ်ချင်းခြောက်ယောက် ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေနဲ့ ကြုံရမလဲ၊ ရှေးရိုးရာကို လျစ်လျူရှုပြီး နာနာဘာဝကို သွားပလေးရင် ဘာဖြစ်တတ်လဲဆိုတာကို ဒီကားလေးမှာ စောင့်ကြည့်လိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre….. Horror, Mystery Quality…. 1080p | 720p | 480p File size… 2.05GB | 913MB | 487MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leo Encoder ….. August

6.2 2022
KKN, Curse Of The Dancing Village
Queen of Triads 2 – Infinite Sneak
5.9

Queen of Triads 2 ဆိုတဲ့ အက်ရှင်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးက ထုံးစံအတိုင်း ဟောင်ကောင် မူးယစ်ဈေးကွက်လောကကို အခြေခံရိုက်ကူးထားတာပေါ့… ဟောင်ကောင် မူးယစ်ဈေးကွက်မှာ ဦးဆောင်နေတဲ့ နာမည်ကြီး လုပ်ငန်းရှင် ၄ ဦးထဲက ဖေးခွင်း ခေါ် အစ်ကိုခွင်းနဲ့ အစ်ကိုဟောက်တို့ကြားက ယှဉ်ပြိုင်မှုအပိုင်းအစလေးမှာ နှင်းဆီဆိုတဲ့ သူလျိုတစ်ယောက်ဝင် ဂယက်ရိုက်တာကို ကွင်းဆက်မိမိ ဇာတ်အိမ်ခိုင်ခိုင်နဲ့ တင်ဆက်ထားတာပါ… နှင်းဆီ ဆိုတဲ့ နာမည်အတိုင်း လှလည်းလှ ဆူးလည်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပေါ့ … သူက ဖေးခွင်း လက်မှာ သေခဲ့ရတဲ့ အဖေ ရဲအရာရှိသွေး အပြည့်အဝပါသူမို့ လေ့ကျင့်ရေးမှာလည်း အမှတ်ကောင်းပြီး သူလျို့စစ်ဆင်ရေးအတွက် အရွေးချယ်ခံခဲ့ရသူလေးပေါ့… နှင်းဆီနဲ့ အစ်ကိုခွင်းဟာဆို မိဘကို သတ်ခဲ့တဲ့ သွေးရန်ငြိုးရှိနေသေလိုပဲ… တစ်ချိန်က အစ်ကိုခွင်း လက်အောက်ငယ်သားဖြစ်သူ အစ်ကိုဟောက်ကလည်း တစ်ချိန်က နှင်းဆီကို ကယ်ခဲ့သူဖြစ်နေတာပေါ့… ဒီလိုနဲ့ နှင်းဆီတစ်ယောက် အစ်ကိုဟောက်နားရောက်လာပြီး ဘယ်လို စစ်ဆင်ရေးလှုပ်ရှားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းတာမို့ မပျက်မကွက် ကြည့်လိုက်ကြနော်..

Comedy • Drama
5.9 2023
Queen of Triads 2 – Infinite Sneak
The Wedding Veil Inspiration
7

ဝါကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်နဲ့ ပတ်သက်တဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ အခု ရုပ်ရှင်က The Wedding Veil ၆ကားထဲက တစ်ကားပါ။ ဒါပေမယ့် ၆ကားလုံးကြည့်ဖူးစရာမလိုပါဘူး ဒီတစ်ခုနဲ့ပဲ ပထမဆုံး စကြည့်လို့ ရပါတယ်။ Castတွေအနေနဲ့လည်း Carlo Marks၊ Paolo Bernardini၊ Autumn Reeserနဲ့ Kacey Rohlတို့လို့ cast အကောင်းစားတွေနဲ့ ပွဲထွက်ထားတဲ့ ရုပ်ရှင်ကောင်း တစ်ခုဖြစ်ပါတယ်။ ရုပ်ရှင်အကြောင်း စလိုက်ရအောင်ဗျာ။ Wedding Veil ( မင်္ဂလာခြုံပုဝါ ) မှာ စွမ်းအား တစ်ခု ရှိတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဘယ်လိုစွမ်းအားလဲဆိုတော့ ခြုံပုဝါကို ပိုင်ဆိုင်ထားတဲ့ သူက အချစ်စစ်နဲ့ ရှာတွေ့မှာဖြစ်ပါတယ်။ အမ်မာက တက္ကသိုလ်မှာ အနုပညာသမိုင်းဘာသာရပ်ကို သင်ကြားပြသနေတဲ့ ပါမောက္ခ တစ်ယောက်ဖြစ်ပါတယ်။ အမ်မာ့မှာ လီလီလို့ ခေါ်တဲ့ သူငယ်ချင်း တစ်ယောက် ရှိပါတယ်။ အမ်မာက ဌာနမှူး ရာထူးကို လိုချင်နေပြီး သူ့ရဲ့ ရှေ့က ဌာနမှူး အနားယူမှာကို စောင့်ရင်း အလုပ်ကို ဇွဲမလျှော့ဘဲ အားတင်းရင်း ဆက်လက်လုပ်ကိုင်နေတာပါ။ အမ်မာရဲ့ ခင်ပွန်းကတော့ အီတလီက ဆွေကြီးမျိုးကြီးဖြစ်တဲ့ စတက်ဖန်နိုအိမ်တော်က အီတလီသားလေး ပါအိုလို ဖြစ်ပါတယ်။ ပါအိုလိုမှာ မာတေအိုလို့ ခေါ်တဲ့ ညီတစ်ယောက် ရှိပါတယ်။ အမ်မာနဲ့ ပါအိုလိုတို့ အီတလီမှာ ခြုံပုဝါကြောင့် ဖူးစာဆုံပြီး ချီကာဂိုမှာ စတက်ဖန်နိုအိမ်တော်ရဲ့စီးပွားရေး တိုးချဲ့ဖို့ ပါအိုလိုက မင်္ဂလာပွဲဝတ်စုံဆိုင်ဖွင့်ပါတော့တယ်။ ဖွင့်ပွဲညမှာ ခြုံပုဝါအကြောင်း အမ်မာပြောပြနေတဲ့ ဗီဒီယိုက ပေါက်သွားတဲ့အခါမှာတော့ ဆိုင်က ပိုပြီးတော့ လူဝင်လာပါတော့တယ်။ ဒါပေမယ့် အစစအရာရာ အဆင်ပြေနေတဲ့အချိန်မှာ ပါအိုလိုရဲ့အဖေဖြစ်သူက နာမကျန်းဖြစ်လို့ အီတလီကို ပြန်သွားရပါတော့တယ်။ ချီကာဂိုမှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အမ်မာ တစ်ယောက် သူ့ရဲ့ career နဲ့ ခင်ပွန်းဖြစ်သူအလုပ်နဲ့ ဒုက္ခများပါတော့တယ်။ ပါအိုလိုက စီးပွားရေးကို ဦးစီးဖို့ အမ်မာ့ကို အီတလီကို လိုက်စေချင်တာပါ။ သူ(မ)အလုပ်ရဲ့ဖိအားနဲ့ ခင်ပွန်းဖြစ်သူရဲ့ လိုအင်ဆန္ဒနဲ့ သူဖြစ်ချင်တဲ့ ဆန္ဒနဲ့ ထပ်တူမကျနေတဲ့အခါမှာတော့ ပိုပြီးတော့ အဆင်မပြေဖြစ်လာပါတယ်။ အမ်မာ တစ်ယောက် ဒီလိုဖိအားတွေကို ဘယ်လိုကျော်သွားမလဲ၊ သူ ဘယ်လိုဆုံးဖြတ်ချက်တွေ ချမလဲဆိုတာကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ယခု ရုပ်ရှင်က ဇာတ်လမ်း၊ ဇာတ်အိမ်ကောင်းရုံသာ မကပါဘူး၊ main charactersအပြင် side charactersတွေရဲ့ chemistry ကပါ တကယ်ကို ထိမိနေတာပါ။ Plot twist များများစားစားတော့ မပါပေမယ့် တကယ်ကိုကြည့်ပျော်တဲ့ ရုပ်ရှင်လေးပါ။ ရုပ်ရှင်ကိုကြည့်ပြီးသွားရင်တော့ ဘာသာပြန်သူလို မင်္ဂလာဆောင်ချင်စိတ်တွေပါ ပေါက်လာပါလိမ့်မယ်လို့ ပြောရင်း နိဂုံးချုပ်ပရစေ။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(1.4 GB)/(780 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Minn Khant Kyi Win

Drama
7 2023 84 mins
The Wedding Veil Inspiration
The Showdown
5.8

The Showdown (2011) =================== ဂျိုဆွန်းဘုရင်ဂွမ်ဟယ်ဂန်လက်ထက် ၁၁နှစ်မြောက်မှာ ချောင်နိုင်ငံနဲ့စစ်ပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီကားက စစ်ပွဲအကြောင်းကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး။ အဲ့စစ်ပွဲထဲပါသွားတဲ့ စစ်သားသုံးယောက်အကြောင်းကို အဓိကထားရိုက်ထားတာပါ။ ဂျိုဆွန်းနဲ့ ချောင်က အင်အားချင်းမမျှပါဘူး… ဂျိုဆွန်းဘက်က လွှတ်သမျှ စစ်သားတိုင်း အသေခံဖို့ ပို့နေသလိုပဲ…စစ်ပွဲရှုံးသွားတော့ မသေဘဲ ထွက်ပြေးလာတဲ့ စစ်သားသုံးယောက်က ဂျိုဆွန်းကနေ ၃ရက်ခရီးလောက်ဝေးတဲ့နေရာက တည်းခိုခန်းပျက်တစ်ခုမှာဆုံကြတယ်။ အပြင်မှာက ချောင်စစ်သားတွေခြေချင်းလိမ်နေတဲ့ ရန်သူ့နယ်မြေဖြစ်တဲ့အပြင် နှင်းမုန်တိုင်းကလည်း သည်းကြီးမဲကြီးပေါ့။ စစ်သားသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မျိုးရိုးမြင့်ဖြစ်တဲ့အပြင် ရာထူးကြီးတဲ့သူတွေ၊ သူငယ်ချင်းလည်းသူငယ်ချင်း‌ပေါ့၊ ကျန်တဲ့တစ်ယောက်ကတော့ အခွန်မပေးနိုင်လို့ဆိုပြီး ပေါ်တာဆွဲခံလာရတဲ့ ဇာတ်နိမ့်တစ်ယောက်။ သူတို့သုံးယောက်မှာလည်း ရာဇဝင်ကိုယ်စီနဲ့… ဂျိုဆွန်းကို အသက်ရှင်လျက်ပြန်သွားဖို့လုပ်ကြပေမဲ့ တကယ်တမ်း တည်းခိုခန်းပျက်ထဲဖြစ်လာတဲ့ ဇာတ်လမ်းတွေက သူတို့သုံးယောက်ကို အချင်းချင်းသတ်စေတဲ့အထိ ဖြစ်လာတဲ့အခါ….။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ ) File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Action, Drama, History Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Ngwe Zin

5.8 2011
The Showdown
Mr. & Mrs. Mahi
6.5

IMDb 6.5/10 Rotten tomato 64% မာဟန်ဒရာဆိုတဲ့​ကောင်လေးခရစ်ကတ်ကစားသမားနဲ့ ဆရာဝန်မလေး မာဟီမာတို့ကို သူတို့ရဲ့မိဘ​တွေလက်ထက်ဖို့စီစဥ်ကြရာက​နေ ဇာတ်လမ်း​​လေးကိုအစပျိုးပဲဖြစ်ပါတယ်။ ခရစ်ကတ်အရှုံးသမား​လေးနဲ့ဆရာဝန်မ​လေးတို့မှာ မာဟီဆိုတဲ့နာမည်​ပြောင်တူ​နေကြတာက​နေ အချင်းချင်းနီးစပ်လာကြပါ​တော့တယ်။ ဒီလိုနဲ့ပဲတစ်​နေ့မှာ​တော့ မာဟီမာတစ်​ယောက် ​ ခရစ်ကတ်နဲ့​ဘောလုံးကိုရိုက်လိုက်တာကို မာဟန်ဒရာမြင်သွားပြီး​နောက်မှာ ပါရမီပါလာတာကိုသတိထားမိပြီး သူ့မိန်းမကို ခရစ်ကတ်ကစားသမားတစ်​ယောက်ဖြစ်လာ​အောင် သင်​ပေးဖို့ကြိုးစားလာပါ​တော့တယ်။ မာဟီမာကလဲဆရာဝန်ဘဝကိုစွန့်လွှတ်ပြီး သူဝါသနာပါတဲ့ ခရစ်ကတ်ကစားတာကို စိတ်နှစ်ဖို့လုပ်လာတဲ့အခါမှာ လင်မယားနှစ်​ယောက်အတူတူလက်တွဲပြီး ပြိုင်ပွဲ​တွေကိုရင်ဆိုင်​ကျော်ဖြတ်ကြပါ​တော့တယ်။ အညွှန်းနဲ့ဘာသာပြန်က​တော့ CM Bollywood team ပဲဖြစ်ပါတယ်။

Comedy • Drama
6.5 2024
Mr. & Mrs. Mahi
House of Flying Daggers
7.6

House of Flying Daggers (2004) IMDb Rating (7.5) / Rotten Tomatoes (87%) Hero တို့ The Great Wall တို့ Full River Red တို့ စတဲ့နာမည်ကျော်တရုတ်ကားတွေရဲ့ ဒါရိုက်တာ Zhang Yimou ရဲ့ ဂန္တဝင်ရုပ်ရှင်ကားကြီးပါ။ မင်းသားကြီး Andy Lau ရဲ့ ပျိုမြစ်မှုကုန်ဆုံးကာစ ကျက်သရေရှိခံ့ညားထည်ဝါမှုတွေ ရောက်လာကာစအချိန် သူ့ရဲ့ prime time မှာ ဒီဇာတ်ကားကို သရုပ်ဆောင်ခဲ့ပါတယ်။ နောက်မင်းသားကတော့ ထိုင်ဝမ်နွယ်ဖွား ဂျပန်မင်းသားကြီး Takeshi Kaneshiro ပါ။ မင်းသမီးကတော့ တရုတ်မင်းသမီးတွေထဲ တကယ့်ထိပ်တန်းဆိုတဲ့ အလှပဂေးလေး Zhang Ziyi ပါပဲ။ ဇာတ်လမ်းကတော့ …… ဂန္ဓာလရာဇ်ပြည် တန်မင်းဆက်ရဲ့ နေဝင်ဆည်းဆာအချိန်ပေါ့ဗျာ။ မင်းဧကရာဇ်ရဲ့ ညံ့ဖျင်းမှု၊ ဝိသမလောဘသား အကျင့်ပျက်အစိုးရ အရာရှိမင်းတွေရဲ့ ပြည်သူအပေါ် နှိပ်စက်မှုတွေကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူပြည်သားတွေဟာ အဖွဲ့အစည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ဧကရာဇ်နဲ့တကွ အစိုးရကို တော်လှန်ပုန်ကန်လာကြတဲ့ ခေတ်ပျက်ကာလကို အခြေတည်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဓားပျံအိမ်တော် ဆိုတဲ့ တော်လှန်ရေးမြေအောက်အဖွဲ့အစည်းတစ်ခုအကြောင်း ရိုက်ကူးတင်ဆက်ထားပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့ဟာ သမိုင်းမှာ တကယ်ရှိခဲ့တာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီကာလက ပေါ်ပေါက်ခဲ့တဲ့ မြေအောက်အဖွဲ့အစည်း အမျိုးမျိုးကို ကိုယ်စားပြုနေပါတယ်လေ။ စီရင်စုရဲမတ်အရာရှိမင်းနှစ်ယောက်ဖြစ်တဲ့ ချင် နဲ့ လျို တို့ဟာ ဓားပျံအိမ်တော် မြေအောက်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်တဲ့နေရာမှာ ပါဝင်ခဲ့ကြသူတွေပါ။ အဲဒီအချိန် လုပ်ကြံခံခေါင်းဆောင်ရဲ့ မျက်မမြင်သမီးလေး ရှောင်မေ က ပန်းနီဆောင်ကြာမြိုင်မှာ ရုတ်တရက် ပေါ်လာခဲ့ပါတယ်။ ဒီတော့ ပေါ်ထွက်လာတဲ့ ခေါင်းဆောင်အသစ်ကို လုပ်ကြံဖို့ အမိန့်ပေးခံရတဲ့ ရဲမတ်အရာရှိမင်းနှစ်ယောက်က အကွက်ချကြံစည်ပြီး ရှောင်မေ‌ ကိုအယုံသွင်းလို့ ဓားပျံအဖွဲ့ဆီ ဆက်သွယ်နိုင်အောင် ကူညီပေးနေကြတာပေါ့။ အကြံသမား ရဲမတ်အရာရှိမင်း လျို နဲ့ ချင် တို့ဟာ ကွက်ကျော်မြင်တတ်တဲ့ အရည်အချင်းရှိ အရာရှိတွေဖြစ်သလို ရှောင်မေ ဟာလည်း ဉာဏ်ထက်သ‌လောက် ဉာဏ်များလွန်းလှတဲ့ အလှပဂေးမလေးပါ။ ဒီလိုနဲ့ အသွင်ယူအရာရှိ ချင် နဲ့ ရှောင်မေ တို့က ဓားပျံဌာနချုပ်ရှိရာ မြောက်အရပ်ကို ဦးတည်ထွက်ခွာလာခဲ့ပါတယ်။ အရာရှိ လျို ကတော့ တိတ်တဆိတ် လိုက်ပါကူညီလျှက်ပေါ့။ ဒါပေမဲ့ ဂျင်ပေါ်က ထုံးတွေဖြစ်ကြသူတွေ ဖြစ်တာနဲ့အညီ အပြန်အလှန်လှည့်ကွက်တွေ၊ အသုံးချစတေးမှုတွေကြားမှာ လှပသလောက် နာကျင်ဖွယ် လွမ်းမောဖွယ် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ခု ဖြစ်တည်လာတဲ့အခါ …။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.6 2004
House of Flying Daggers
The Dangerous Lives of Altar Boys
6.9

The Dangerous Lives of Altar Boys (2002) IMDb Rating (6.9) / Rotten Tomatoes (76%) 2002ခုနှစ်က ထွက်ရှိထားတဲ့ လူငယ်ဟာသကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီကားထဲမှာဆိုရင် ပြီးရင် Autospy of Jane Doe ဇာတ်ကားထဲက မင်းသား Emile Hirsch နဲ့ The Silence of Lambs ဇာတ်ကားထဲမှ မင်းသမီး Jodie Foster တို့ ပါ၀င်အားဖြည့်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ကတ်သလစ်ကျောင်းတတ်နေကြတဲ့ ကောင်လေးအုပ်စုဟာ ညစ်ညမ်းတဲ့ ကာတွန်းစာအုပ်တွေဆွဲတာကို ကျောင်းကမိသွားပါတယ်။ အဲ့တာကို သူတို့က ကျောင်းက စစ္စတာကို prank ပြန်လုပ်ကြမှာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်းသား၊ မင်းသမီးတွေရဲ့ ငယ်ဘ၀ပုံရိပ်လေးတွေကို ဇာတ်ကားကြည့်ရင်း ပြန်လည်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(1.7 GB) / (970 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:45:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

TV Movie • Adventure • Horror
6.9 2002 104 mins
The Dangerous Lives of Altar Boys
The Dishwasher
7.2

ယခုအခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Le Plongeur ( The Dishwasher ) ဆိုတဲ့ ကနေဒါပြင်သစ် စကားပြောဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကားလေးဟာ ဝတ္ထုရေးဆရာ၊ စားသောက်ဆိုင်ပိုင်ရှင် Stephane Larue ရဲ့ Le Plongeur ဝတ္ထုကို ရုပ်ရှင်အနေနဲ့ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး ဝတ္ထုရေးဆရာကိုယ်တိုင် ငယ်စဉ်က စားသောက်ဆိုင်မီးဖိုချောင် အတွင်း ပန်းကန်ဆေးရင်းကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံနဲ့ ကိုယ်တိုင်စားသောက်ဆိုင်ပိုင်ရှင် ဖြစ်လာချိန် အတွေ့အကြုံတွေကို အခြေခံကာ အရောင်အသွေးစုံစုံနဲ့ ဇာတ်အိမ်ဖွဲထားတဲ့ ဒီဝတ္ထုဟာ Prix des libraires du Québec ဆုနဲ့ Prix Senghor ဆုကို ၂၀၁၇ ခုနှစ်မှာ ရရှိထားတာလည်းဖြစ်ပါတယ်… မက်တယ်သီချင်းတွေကြိုက်တဲ့ ဂရပ်ဖစ်ဒီဇိုင်းကျောင်းသားလေး တစ်ယောက် မထင်မှတ်ဘဲလောင်းကစား စွဲလမ်းမိရာမှ ဖြစ်ပေါ် လာတဲ့လူမှုရေးပြဿနာတွေ၊ ငွေကြေးအခက်အခဲတွေ၊ လောင်းကစားခုံမင်သူတိုရဲ့ သဘာဝတွေအပြင် စားသောက်ဆိုင် မီးဖိုချောင်ထဲက စိတ်ဖိစီးစရာအခြေအနေတွေနဲ့ လူမျိုးပေါင်းစုံတို့ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ကြည့်ရှုခံစားနိုင်မယ့် ဒရမ်မာ ဇာတ်ကားကောင်းလေးဖြစ်လို ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် လက်လွတ်မခံသင့်ကြောင်း ညွှန်းဆိုလိုက်ရပါတယ်… File size… (1.60GB) / (960MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Horror • Thriller • Science Fiction
7.2 2023 128 mins
The Dishwasher
Cooked Umami

The Bear လိုမျိုး စားဖိုမှူး တွေ မီးဖိုချောင်မှာ ဝရုန်းသုန်းကား ချက်ပြုတ်အော်ဟစ်ပြီး အလုပ်ရှုပ်နေတာကို ကြည့်ရတာ ကြိုက်တဲ့ သူတွေက ဒီတူရကီ ရုပ်ရှင် Umami ကို ကြိုက်ကြမှာပါ။ နာမည်ကြီး အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင်က တစ်ညတာ အဖြစ်အပျက်တွေ၊ အကွဲအလွဲတွေ၊ ပြဿနာတွေကို သူတို့ နောက် လိုက်ကြည့်နေရသလို ကြည့်ရှုခံစားရမှာပါ။ Sina Bora က Umami ဆိုတဲ့ စားသောက်ဆိုင်ရဲ့ ပိုင်ရှင် ဖြစ်သလို့ ခေါင်းဆောင် စားဖိုမှူးလည်း ဖြစ်ပါတယ်။ သူက စားသောက်ဆိုင်ကို သူငယ်ချင်းဖြစ်သူ Cengiz နဲ့ တွဲဖွင့်ထားတာပါ။ ဖြစ်ချင်တော့ အဲ့ဒီညမှာ သူ့အဖေကလည်း နှလုံးရောဂါနဲ့ ဆေးရုံတင်လိုက်ရသလို စားသောက်ဆိုင်ကလည်း ခါတိုင်းထက် လူတွေ ပြည့်နေတဲ့အတွက် လူကိုယ်တိုင် သွားမကြည့်နိုင်ခဲ့ပါဘူး။ အဲ့ဒီညမှာပဲစားသောက်ဆိုင်ကို လာတဲ့ ဧည့်သည်တွေထဲမှာ လက်ထပ်ခွင့် တောင်းတော့မယ့် စုံတွဲ တစ်တွဲရယ်၊ အစားအသောက် ဝေဖန်အကဲဖြတ်သူ နှစ်ယောက်ရယ်၊ အရမ်း ပစိပစပ်များပြီး ဟင်းပွဲတွေကို ပြန်ပြင်ခိုင်းတဲ့ မိသားစုတစ်စုက အဖေဖြစ်သူရယ်၊ နောက်ပြီး အကောင်ကြီးကြီး ဦးလေးရှိတဲ့အတွက် ထင်တိုင်းကြဲနေတဲ့ ခပ်ရိုင်းရိုင်း လူတစ်စုရယ် သူတို့အားလုံးဟာ တစ်ညထဲမှာ Umami စားသောက်ဆိုင်မှာ ဘယ်လိုအဖြစ်အပျက်တွေ ဖန်တီးကြမယ်ဆိုတာ ဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ပါဦး။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Drama
0 2024
Cooked Umami
Monte Carlo
5.8

Monte Carlo (2011) အဆိုတော် Selena Gomez တယောက် ၁၈ နှစ်အရွယ်လောက်က ရိုက်ကူးထားတဲ့ ရှားရှားပါးပါးချစ်စရာရုပ်ရှင်ကားလေးပါ။ ဆလီနာဂိုးမက်ဇ်အပြင် Katie Cassidy ၊ Leighton Meester တို့လို မမကြီးတွေပါ ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… Grace (Selena Gomez) ဟာ တက္ကဆက်က ဆင်းရဲတဲ့ စားပွဲထိုးကောင်မလေးတယောက်ဖြစ်ပြီး ပါရီမြို့ကိုအလည်သွားဖို့ဆိုတာ သူမရဲ့အိမ်မက်ဖြစ်ပါတယ်… ဒီလိုနဲ့ အထက်တန်းလဲအောင်မြင်ပြီးတာနဲ့ သူမနဲ့ သူငယ်ချင်း Emma (Katie Cassidy)၊ အစ်မ Meg (Leighton Meester) တို့ဟာ ပါရစ်မြို့ကို အလည်အပတ်ခရီးထွက်ကြပါတယ်။ ဖြစ်ချင်တော့ ပါရီမှာ Grace နဲ့ တထေရာထဲတူတဲ့ သူဌေးသမီး Cordelia Winthrop Scott ကို တွေ့ပြီး မတော်တဆ အစားထိုးဝင်ရောက်သွားတဲ့အခါ တက္ကဆက်က စားပွဲထိုးကောင်မလေးဟာ Monte Carlo က သူဌေးသမီး ဇိမ်ခံဘဝကို တမုတ်ဟုတ်ချင်းရောက်သွားပါတော့တယ်။ “တစ်ခါတလေ လူတစ်ယောက်ရဲ့ဘဝကို ခဏနေကြည့်ဖို့ လိုတယ်… ဒါမှ ကိုယ့်ဘဝကို ပိုတန်ဖိုးထားတတ်မယ်” ? ခရီးသွား စွန့်စား ချစ်စရာ ဟာသ ရိုမန့်ဇာတ်ကားဖြစ်တာနဲ့အညီ ပါရီနဲ့ Monaco ရဲ့ လှပတဲ့မြင်ကွင်းတွေနဲ့ အလွဲလွဲအချော်ချော် မင်းသမီးချော မင်းသားချောလေးတွေနဲ့ ချစ်စရာရုပ်ရှင်ကားလေးဖြစ်ပါတယ်။

Animation • Fantasy • Action
5.8 2011 109 mins
Monte Carlo