YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

New Vanity Fair E15 (1080p) CM.mp4

453.41 MB N/A video/mp4 19 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hellblazers
4.9

ဂျိုးအန်ဒါဆင်ဆိုတဲ့ နယူးယော့ခ်သား ရဲတစ်ယောက်ဟာ ရဲမှူးရာထူးနဲ့ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်ဗျ။ ဟုပ်ဗေလီဟာဆိုရင် ရာဇဝတ်မှုကြီးကြီးမားမားမရှိတတ်တဲ့၊ အေးချမ်းတဲ့ မြို့ငယ်လေးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီဘာမှ ထူးထူးခြားခြားမရှိတတ်တဲ့ အဲ့ဒီမြို့လေးရဲ့ ရဲစခန်းကို ဘေလ်ဆိုတဲ့ ရူးကြောင်ကြောင်အဘိုးကြီးရောက်လာပြီး သူ့ခြံထဲမှာ အဝါရောင် ခြုံထည်တွေဝတ်၊ မျက်နှာတွေအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေရွတ်ကာ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ တိုင်ချက်ဖွင့်လာခဲ့ပါတယ်ဗျ။ အဲ့ဒီအချိန်ကနေစပြီး ငြိမ်သက်နေတဲ့မြို့လေးမှာ ထူးခြားတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဒီ Hellblazers ဆိုတဲ့ရုပ်ရှင်လေးဟာဆိုရင် Jump scares ခပ်ပါးပါးတချို့နဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင်ဆွဲခေါ်ထားပြီး အချိန်ပေးရတာတန်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.3GB  / 581MB  Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe Yan Naing

Comedy • Romance
4.9 2022 84 mins
Hellblazers
Ilo Ilo
7

~ IMDb - 7.3/10, RT - 100%, Meta - 85% ~ အီလိုအီလို (Ilo Ilo) ဆိုတာကတော့ ဖိလစ်ပိုင်နိုင်ငံက မြို့လေးတစ်မြို့ရဲ့ နာမည်ပါ။ ပြောရရင် ဒီဇာတ်ကားထဲက စင်္ကာပူမှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးရဲ့ ဇာတိကို ခေါင်းစဉ်တင်ထားတာပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ တရုတ်မန်ဒရင်းလိုပေးထားတဲ့ နာမည်ကတော့ “ဖေဖေ၊ မေမေ အိမ်မှာမရှိ” (Father, Mother Not At Home) တဲ့။ ဒီလောက်ဆို မှန်းမိလောက်မှာပါ။ ၁၉၉၇ ခုနှစ်တုန်းက အာရှစီးပွားရေးအကျပ်အတည်းဖြစ်တော့ စင်္ကာပူနိုင်ငံလည်း ကာလတိုတစ်ခုလောက် အတော်လေး ထိခိုက်ခဲ့ပါတယ်။ အလုပ်လက်မဲ့တွေဖြစ်ကြ၊ လူတွေ သတ်သေကြ၊ ရရာကောက်ရိုးလေးတွေ မျှော်လင့်ချက်အမှတ်နဲ့ လှမ်းဆွဲကြနဲ့ စင်္ကာပူနိုင်ငံသားတွေ အပူမီးဝေခဲ့ကြပါတယ်။ ဒီထဲမှာမှ မိသားစုတစ်စုအကြောင်းပေါ့။ ထပ်ပြောရရင် အဲ့ဒီ့မိသားစုထဲက ဂျစ်ကပ်ကပ် ခပ်ဆိုးဆိုးကလေးလေးနဲ့ သူတို့အိမ်မှာ အလုပ်လာလုပ်တဲ့ ဖိလစ်ပိုင်အိမ်အကူအမျိုးသမီးကြားထဲက ချည်နှောင်မှုလေးတစ်ခုအကြောင်းပါ။ တခြား အိမ်အကူတွေလိုပါပဲ ထရေဆာဟာလည်း ပိုက်ဆံရှာဖို့အတွက် ဇာတ်အိမ်တည်ထားတဲ့ အလယ်အလတ်တန်းစားမိသားစုလေးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ ဖိလစ်ပိုင်ကနေ စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ ကြီးကောင်ဝင်စ ခပ်ဆိုးဆိုးကလေး၊ ကိုယ်ဝန်ရင့်မာနဲ့တောင် အလုပ်မနားနိုင်သေးတဲ့ အမေဖြစ်သူ၊ စီးပွားရေးကျဆင်းမှုရဲ့ သားကောင်ဖြစ်သွားရတဲ့ အဖေဖြစ်သူနဲ့ မိသားစုရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်မှန်းမသိဖြစ်လာတဲ့ ထရေဆာပေါ့...။ စီးပွားပျက်ခေတ်ထဲက မရေရာတဲ့ အခြေအနေတွေက သူတို့အပေါ်ရော နောက်ထပ်ဘယ်လိုအပြောင်းအလဲတွေဖြစ်စေဦးမှာလဲ... တကယ်တော့ အများကြီးတွေးဖို့မလိုအောင်ကို ဒီကားက ရိုးပါတယ်။ ရိုးဆို လူ့ဘဝဆိုတာကိုက သေချာတွေးကြည့်ရင် ရိုးစင်းတာကိုး။ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Anthony Chen က သူ့ကလေးဘဝတုန်းက ကြုံခဲ့တဲ့ ဖိလစ်ပိုင်အိမ်အကူ ယာယာနဲ့ အမှတ်တရတွေကို အခြေခံပြီး ပြန်ရိုက်ခဲ့တဲ့ သူ့ရဲ့ ပထမဆုံးရုပ်ရှင်ကားကြီးလည်းဖြစ်ပါတယ်။ Ilo Ilo ဟာ စင်္ကာပူရုပ်ရှင်ကို အဆင့်တစ်ခုရောက်အောင်လုပ်ပေးလိုက်နိုင်ခဲ့တဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ ဆုရဖူးတဲ့ စင်္ကာပူနိုင်ငံရဲ့ ပထမဆုံးရုပ်ရှင်ဖြစ်ပါတယ်။ ကိန်းစ်ရဲ့ Caméra d'Or အပါအဝင် ဆုပေါင်း ၃၄ ဆု ဆွတ်ခူးထားပြီး Rotten Tomato လည်း 100% အပြည့်ပါ။ ပထမဆုံးလက်ရာနဲ့တင် အောင်မြင်မှုတွေ တသီကြီးဆွတ်ခူးခဲ့တဲ့ အန်သိုနီချန်ရဲ့ ရုပ်ရှင်ဟာ လူစရိုက်သဘာဝကို စစ်စစ်မှန်မှန်ထုတ်ပြသွားတာမို့ လူတိုင်းရဲ့ နှလုံးသားနဲ့ ဆက်သွယ်နိုင်မှာပါ။ စိတ်ဝင်စားကြမယ်ဆိုရင်တော့ အန်သိုနီချန်ရဲ့ လူငယ်ဘဝကို ပြန်ရိုက်တဲ့ Wet Season ဆိုတဲ့ကားလေးလည်း CM မှာ တင်ပြီးသားရှိပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 770MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 39Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Animation
7 2013 99 mins
Ilo Ilo
The New Mutants
6.2

X men ရုပ်ရှင်အသစ်ထွက်လာနြပ်ပါပြီ။ ဒါကတော့ စူပါဟီးရိုးကို ဟော်ရာနဲ့ ပေါင်းထားတာပါပဲ။ သရုပ်ဆောင်တွေကလည်း အားလုံး ရင်းနှီးထားတဲ့သူတွေချည်းပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်အရွယ် ကိုယ့်ကိုယ်ကိုယ် သန္ဓေပြောင်းလူသားမှန်း ခုမှ စသိလာတဲ့ လူငယ်လေးတွေကို အိမ်ကြီးတစ်လုံးထားမှာ ပိတ်ထားပါတယ်။ အကြောင်းကတော့ သူတို့ရဲ့ အစွမ်းတွေက အန္တရာယ်များလွန်းပြီး မထိန်းချုပ်နိုင်သေးတဲ့အတွက် လူတွေ မတောတဆ သေတာတွေ ဖြစ်ခဲ့လို့ပါပဲ။ သူတို့ အဲဒီမှာ စိတ်ကုထုံးတွေခံယူပြီး၊ သူတို့ကိုယ်သူတို့ ထိန်းချုပ်နိုင်ပြီဆိုမှာ X-Men တွေရဲ့ ကျောင်းကို လွှဲပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် စွမ်းအားရှင်တွေချည်းပဲ စုနေတဲ့ အိမ်ထဲမှာမှ ပဟေဠိဆန်တဲ့ ကြောက်စရာတွေ ဖြစ်လာတဲ့အခါ File size… 1 Gb / 500 Mb Quality… Bluray 1080p / 720p Format…mp4 Duration….01:35:00 Genre … Horror, Sci-Fi, Action Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo

Comedy • Drama
6.2 2020 94 mins
The New Mutants
The Pale Blue Eye
6.5

The Pale Blue Eye (2023) ================== IMDb Rating – 6.5/10 Christian Baleရဲ့ Crime, mystery ရုံတင်ဇာတ်ကားသစ်ကြီး Digital version အ​နေနဲ့ ထွက်ရှိလာတာ​ကြောင့် CM fan​​ တွေ အတွက် တင်ဆက်​ပေးလိုက်ပါတယ်။ Baleဟာ ဒီဇာတ်ကားမှာ စုံ​​​ထောက်ကြီး ဩဂတ်စတပ် လန်​ဒေါအဖြစ် ပါဝင်ထားပါတယ်။ အ​စောပိုင်း IMDbမှာ 6.5, RT 68% ရရှိထားပါတယ်။ တစ်​ခေတ်တစ်ခါက နယူး​​ယောက်မြို့မှာ အလွန်နာမည်ကြီးခဲ့တဲ့ စုံ​ထောက်ကြီးလန်​ဒေါဟာ တချို့​​သောကိစ္စ​တွေ​ကြောင့် မြို့​လေး တစ်မြို့မှာ ဇာတ်မြုပ်​နေထိုင်​နေတာပါ။ ဒါ​ပေမဲ့ သူရှိရာ မြို့မှာပဲ ထူးဆန်းတဲ့အမှုတစ်ခုဟာ ဆိုက်မြိုက်စွာ​ ရောက်လာခဲ့ပါတယ်။ ထိုမြို့​လေးရှိ စစ်သင်တန်း​ကျောင်းမှ ဗိုလ်​​လောင်းတစ်​ယောက် ကြိုးဆွဲချ​သတ်​သေပြီး​တော့မှ အ​လောင်းထဲက နှလုံးကို ခိုးယူခံ လိုက်ရတာပါ။ စုံ​ထောက်ကြီး လန်​ဒေါဟာ ဒီအမှုရဲ့သဲလွန်စ​တွေကို စုံစမ်းလာရင်း ​သေ​ကြောင်းကြံတာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခဲ့တာ ဖြစ်​ကြောင်း သိလာရပြီး ထို​ကျောင်းမှ ကဗျာရူးစာရူး ဗိုလ်​လောင်း အီး.​​အေ.ပိုးဆိုသူနဲ့ ရင်းနှီးကာ အမှုလိုက်ရာမှတဆင့် ထင်တာထက် များစွာနက်နဲတဲ့ ​ဖြစ်ရပ်​တွေနဲ့ပတ်သက်​နေမှန်း သိသွားကြပါတယ်။ ထိုကဗျာရူး ဗိုလ်​လောင်းဆိုသည်မှာ တခြားသူမဟုတ်.. ​နောင်အခါ Edgar Allen Poeဆိုသည့် နာမည်​ကျော်စာ​ရေးဆရာကြီး ဖြစ်လာ မယ့်သူပါ။ လန်​ဒေါနဲ့ ပိုးတို့ အမှုကို ဆုံးခန်းတိုင်​အောင် ​ဖော်ထုတ်နိုင်ကြမလား၊ တရားခံအစစ်က ဘယ်သူဖြစ်မလဲ၊ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှု များစွာနဲ့ ရင်ဆိုင်ရမလဲဆိုတာ ခုလိုချမ်းစိမ့်စိမ့်ရာသီမျိုးမှာ ​ကော်ဖီ တစ်ခွက်နဲ့ အရသာခံပြီးကြည့်လို့ရမယ့် စုံ​ထောက်ဇာတ်ကား​ကောင်း တစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို illidanမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team ဖြစ်ပါတယ်) File Size………. (600 MB) Quality…………WEB-DL 720p Duration………2Hrs 08mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Horror, Mystery Translator…….illidan, Khant Sett Naing, Thiha Yan Naing Encoder……….SWM

Comedy • Romance
6.5 2023
The Pale Blue Eye
Doraemon: Nobita’s Little Star Wars

Doraemon: Nobita’s Little Star Wars ———————————————————– ကျွန်တော်တို့ကလေးဘဝရဲ့အချစ်တော် ကြောင်စက်ရုပ်လေးဒိုရေမွန်ရဲ့ ဒီကားဟောင်းလေးကတော့ မူရင်း Star Wars ဇာတ်ကားတွေကို parody သဘောနဲ့ရိုက်ထားတာလို့ ယူဆလို့ရပါတယ်။ ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာမရှိတဲ့ ဒိုရေမွန်ကားတွေရဲ့ထုံးစံအတိုင်း ဇာတ်လမ်းအစမှာ အာကာသတစ်နေရာမှာ တိုက်ပွဲဖြစ်နေပုံနဲ့အစပျိုးထားပြီးနောက် ကမ္ဘာမြေပေါ်မှာတော့ နိုဘိတတို့သူငယ်ချင်းတစ်သိုက်ဟာ အရုပ်တွေ ပုံစံငယ်လေးတွေနဲ့ အာကာသတိုက်ပွဲဆိုပြီး ဆော့ကစားနေကြတာပေါ့။ အဲဒီလိုသူတို့ကစားကွင်းကို ကစားစရာဆိုဒ်ဒုံးပျံယာဥ်အစစ်နဲ့အတူ ပါပီဆိုတဲ့ဂြိုဟ်သားပိစိလေးရောက်ချလာပြီး သူဟာသူ့ဂြိုဟ်ကနေထွက်ပြေးလာတဲ့သမ္မတဖြစ်ကြောင်းနဲ့ သူ့ကိုဖမ်းဖို့လိုက်လာတဲ့ ရန်သူတွေပါလာကြောင်း ပြောပြတဲ့အခါမှာတော့ ဒိုရေမွန်တို့တွေဟာ ပါပီကိုကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် အဖမ်းခံလိုက်ရလို့ သူ့ဂြိုဟ်အထိပါ လိုက်ကယ်ရတဲ့အခါမှာတော့ ဘယ်လိုစွန့်စားခန်းတွေဖွင့်ကြမလဲဆိုတာ…

0 1985 98 mins
Doraemon: Nobita’s Little Star Wars
The Big Year
6.2

ဒီဇာတ်လမ်းကို ဒါရိုက်တာဒေးဗစ် ဖရန်ကဲလ် က ရိုက်ကူးထားပြီး ဘရက်ဒ်အဖြစ် 2017 နဲ့ 2019 မှာထွက်ရှိခဲ့တဲ့ Jumanji နှစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင် ဂျက်ဘလက်၊ စတူ အဖြစ် ပင့်ပန်သာ ဇာတ်ကားမှာ ပြင်သစ်စုံထောက် အဖြစ်သရုပ်ဆောင်ခဲ့တဲ့ စတိဗ်မာတင်၊ ကန်နီ ဘော့စတစ် အဖြစ် Wedding crashers ၊Night at the museum၊No escape တို့မှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ အိုဝမ်ဝီလ်ဆင်တို့ ပါဝင်ထားပါတယ်။း ဒီဇာတ်လမ်းမှာ ငှက်ဝါသနာရှင် နှစ်ဦးဟာ တနှစ်ပတ်လုံး ယှဉ်ပြိုင်ရတဲ့ ငှက်ကြည့်ပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်တင်ထားတဲ့ မြောက်ကြွကြွ လူကို အနိူင်ရအောင် ကြိုးပမ်းကြပုံကို ကြည့်ရှုကြရမှာပါ။ ငှက်ကြည့်လောကမှာတော့ Big Year ဆိုတာ တနှစ်အတွင်းမှာ ငှက်မျိုးစိတ် ဘယ်လောက်များများ ကြည့်နိုင်မလဲ ကြားနိုင်မလဲ ဆိုတာ ယှဉ်ပြိုင်ရတဲ့ ပွဲဖြစ်ပါတယ်။ လူသုံးဦးက​တော့ တနှစ်တာ အကောင်းဆုံးငှက်ကြည့်သမားဆုကို ရည်ရွယ်နေကြပါတယ်။ အရင်နှစ် Big Year မှာ မျိုးစိတ် 732 ခု မှတ်တမ်းတင်ထားတဲ့ ကန်နီ ဘော့စတစ် ၊လတ်တလောကမှ ပင်စင်ယူထားတဲ့ စတူ ပရိုက်စလာ ပြီးတော့ ပရိုဂရမ်မာ ဘရက်ဒ် ဟဲရစ်တို့ပါ။ သူတို့ဟာဘဝမှာ အခက်ကြုံလာကြပါပြီ ဘော့စတစ်ရဲ့ ဇနီးက ကလေးလိုချင်နေတယ်။ စတူရဲ့ ကုမ္ပဏီက ညှိနှိုင်းရေးတွေမှာ သူ့ကို လိုအပ်နေတယ် ပြီးတော့ 36 နှစ်အရွယ် အိမ်ထောင်ကွဲ ဘရက်ဒ် ကတော့ အမေက အားပေးပေမဲ့ သူ့အဖေကမကြိုက်ပါဘူး သူတို့က မြောက်အမေရိကတိုက် တလျှောက် သွားလိုက်ပြန်လိုက် လုပ်ကြရပါတယ်( အလာစကာရဲ့ အနောက်ဖက်စွန်းဆုံး ကျွန်း အပါအဝင်ပေါ့) ငှက်တွေရဲ့ဆောင်းခို လမ်းကြောင်းတွေ၊ငှက်တွေကို မြေပေါ်နားစေမယ့် မုန်တိုင်းတွေကို လိုက်ကြရပါတယ်။အဆုံးသတ်မှာတော့ ဘယ်သူက အနိုင်ရမလဲ။ ဘာတွေပေးဆပ်ရမလဲ။ ဘာဆုလာဘ်တွေ ရကြမလဲ။ File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Enigma

6.2 2011
The Big Year
Extract

ဒီရုပ်ရှင်လေးကတော့ ၂၀၀၉ခုနစ်တုန်းကထွက်ရှိထားတဲ့ အင်ဒီ ဟာသရုပ်ရှင်ကားကောင်းလေးတကားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်က ရုပ်ရှင်ဖြစ်တဲ့အတိုင်း ဇာတ်အိမ်ပိုင်းရော သရုပ်ဆောင်ပိုင်းမှာပါ တော်တော်လေးမိုက်ပါတယ်။ ဂျိုးဟာ အနှစ်ထုတ်တဲ့စက်ရုံတခုရဲ့ သကလ်လတ်အရွယ် ပိုင်ရှင်သူဌေးတယောက်ပါ။ ဂျိုးမှာ ဆူဇီလို့ခေါ်တဲ့ မိန်းမတယောက်ရှိပါတယ်။ ဒီလိုနဲ့ တနေ့မှာ ဂျိုးရဲ့စက်ရုံမှာ အလုပ်သမားတယောက် မတော်တဆမှုတခုဖြစ်ပြီး ဝှေးစေ့တဖက်ကိုဆုံးရှုံးလိုက်ရပြီး ဂျိုးရဲ့ကုမ္ပဏီကို တရားစွဲမယ်လို့ ခြိမ်းခြောက်လိုက်ရာကနေစလို့ သာယာနေတဲ့ စက်ရုံပိုင်ရှင်ဂျိုးတယောက် ဒုက္ခလှလှတွေ့ပါတော့တယ်။ ဒါတင်မကသေးဘူး လိင်ကိစ္စငတ်မွတ်နေတဲ့ ဂျိုးဟာ စက်ရုံက အစမ်းခန့်၀န်ထမ်းကောင်မလေးတယောက်ဖြစ်တဲ့ စင်ဒီကိုလည်း စိတ်ကစားမိသွားပြီး သူငယ်ချင်းဖြစ်သူ ဘားပိုင်ရှင် ဒင်းရဲ့အကူအညီနဲ့ ဘ၀မှတခါမှမလုပ်ခဲ့ဖူးတဲ့ အကွက်ဆန်းတွေကိုထွင်ဖို့ ဆုံးဖြတ်မိလိုက်ပါတော့တယ်။ ဒီရုပ်ရှင်က ဟာသကားဆိုပေမဲ့ မရယ်ရတဲ့ဟာသတွေနဲ့ ကလိထိုးရယ်ခိုင်းနေတာမဟုတ်ဘဲ ဇာတ်လမ်းဇာတ်ကွက်နဲ့ သရုပ်ဆောင်ပိုင်းမှာ တော်တော်ကောင်းတဲ့အထဲပါပါတယ်။ အထူးသဖြင့် ဂျိုးနေရာမှာ ဂျေဆန်ဘိတ်မန်း ဂျိုးသူငယ်ချင်း ဘားပိုင်ရှင်နေရာမှာ ဘတ်မန်းမင်းသား ဘင်အက်ဖလက် တို့လို ဝါရင့်သရုပ်ဆောင်ကောင်းတွေကိုသုံးထားတာကြောင့် သရုပ်ဆောင်ချက်တွေက တော်တော်ပီပြင်ပါတယ်။ ဒီလိုနဲ့ ဂျိုးတယောက် ပြဿနာပေါင်းသောင်းခြောက်ထောင်အကြားကနေ သူ့ရဲ့ကုမ္ပဏီကို ကယ်တင်နိုင်ပါ့မလား၊ ဖင်ယားမှုအာမမခံဆိုတဲ့အတိုင်း အကွက်ဆန်းတွေထွင်လိုက်မိတဲ့အတွက် ဘယ်လိုတွေငါးပါးမှောက်ဦးမလဲဆိုတာကိုတော့ ကိုယ်တိုင်ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေပါ၀င်တာကိုတော့သတိပြုပေးပါ) File size…(2.3 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2009
Extract
JFK: What The Doctors Saw
7.5

JFK: What The Doctors Saw (2023) ~ IMDb – 7.5/10, Rotten Tomatoes – 83% ~ Q: “ကနေဒီ” ကို ဘယ်သူသတ်သလဲ။ Me: “ကနေဒီ” ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။ ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။ ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား “လီ ဟာဗေး အောက်စ်ဝဲလ်” ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။ သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။ ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။ သမ္မတ ကနေဒီက သေနတ်ဒဏ်ရာ သုံးခုနဲ့ သေဆုံးခဲ့တယ်။ နောက်ကျော ပုခုံးညပ်ရိုးပေါ်မှာတစ်ခု၊ လည်ပင်းအရှေ့ဘက် လေပြွန်နားမှာတစ်ခု၊ ဦးခေါင်းညာဘက် ပွင့်ထွက်ဒဏ်ရာတစ်ခု။ ဒါပေမဲ့ လုပ်ကြံမှုစုံစမ်းရေးသမားတွေက ဦးခေါင်းကို ပြန်ချုပ်ပြီး အကောင်းပတိဟန်ပန်လုပ်၊ နောက်ကျောက ကျည်ဆံဝင် လည်ပင်းက ပြန်ထွက်ပါတယ်ဆိုပြီး ကျည်တစ်တောင့်တည်းသီအိုရီတွေပါ တွက်ပြလာတော့ အမှန်ကို သိတဲ့၊ ကနေဒီ မသေခင်မှာ ပြုစုကုသခွင့်ရလိုက်တဲ့ ပါ့ခ်လန်းဒ်ဆေးရုံက ဆရာဝန်တွေ ခေါင်းတစ်ခါခါဖြစ်ရတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ တစ်ခွန်းမှ မဟရဲပါဘူးလေ။ ထောက်လှမ်းရေးသမားတစ်ယောက် အနားကပ်လာပြီး “ကိုယ့်လူ မဆိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြောမနေနဲ့၊ ခင်ဗျားအကျိုးအတွက်ပြောတာ” ဆိုပြီး စေတနာဗရပွနဲ့ သတိပေးသွားတော့ အခုလက်ရှိအချိန်အထိ ရေငုံနှုတ်ပိတ်ကြပေါ့လေ။ ဒီတော့ ဒါဟာ လူကြီးမင်းတို့အနေနဲ့ သမ္မတကနေဒီ ဘယ်လိုဆုံးပါးခဲ့သလဲ… ဘယ်သူလုပ်ကြံခဲ့သလဲ… လုပ်ကြံသူကို ဖုံးဖိဖို့ အစိုးရအဖွဲ့ဝင်တွေ ဘယ်လောက် ကြိုးစားခဲ့ကြသလဲ… ဒီကြားထဲကမှ အဖြစ်မှန်က မလူးသာ မလွန့်သာ ရိုးတိုးရိပ်တိပ် ပေါ်လာပုံတွေကို ဗဟုသုတရဖွယ် ကြည့်ရှုရမယ့် ရုပ်သံမှတ်တမ်းတစ်ခုဖြစ်ပါကြောင်း။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 770MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 32Min Genre – Documentary, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 2023
JFK: What The Doctors Saw
No Pressure
5.1

အိုလီဗီယာဆိုတဲ့ ကောင်မလေးဟာ စိတ်မြန်လက်မြန် ဒေါသအိုးလေးဖြစ်ပြီး အရမ်းတော်တဲ့ စားဖိုမှုးတစ်ယောက်ပါ။ တစ်ရက်မှာတော့ သူ့အဖွားဆုံးသွားတဲ့သတင်းကိုကြားတဲ့အတွက် အဖွားကိုနှုတ်ဆက်ဖို့ ရွာကိုရောက်လာခဲ့ပါတယ်။ ရွာကိုရောက်မှ သူ့အဖွားဟာ စိုက်ခင်းခြံပိုင်ရှင်နဲ့ တရားရင်ဆိုင်နေရကာ ခြံကို ထုတ်ရောင်းရတော့မယ့် အခြေအနေကို ရောက်ရှိနေတယ်ဆိုတာ သိလိုက်တဲ့အခါ အိုလီဗီယာတစ်ယောက် အဖွားကို အမြဲကူညီပေးသူ ဝေါ်ဂျက်ရဲ့အကူအညီကိုယူပြီး အဖွားရဲ့ခြံကို ကာကွယ်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ အဖွားဖြစ်သူကြောင့် မြို့ကနေ ရွာကိုပြန်လာပြီး မိသားစုပိုင်ခြံကို ကာကွယ်ရင်း လျှို့ဝှက်ချက်တွေရှိနေတဲ့ ဝေါ်ဂျက်နဲ့ ချစ်ကျွမ်းဝင်သွားတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် Romance Comedy ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:51:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

5.1 2024
No Pressure
A Prince in Paradise A Royal in Paradise
6.4

A Prince in Paradise (2023) A Royal in Paradise (IMDb rating 6.4) ရထားပြီး ဒါရိုက်တာ Andrian Powers က စီစဥ်ရိုက်ကူးထားပါတယ်။ အိုလီဗီယာဆိုတဲ့စာရေးဆရာမတစ်ယောက်ဟာ သူနှစ်ရှည်ကြာတွဲလာခဲ့တဲ့ ရည်းစားနဲ့ပြတ်သွားပါတယ်။ သူ့ရည်းစားက အလုပ်ကိစ္စကြောင့် အချိန်မပေးနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကို ထားသွားတာပါ။ အချစ်ဇာတ်လမ်းတွေ သီကုံးရေးဖွဲ့တတ်တဲ့ အိုလီဗီယာဟာ ကိုယ်တိုင်အသဲကွဲရတဲ့အခါမှာတော့ ဝတ္ထုဆက်ရေးဖို့ အခက်တွေ့ပါတော့တယ်။ ဒီလိုနဲ့ စွန့်စားခန်းတွေ ထပ်ရှာဖို့အတွက် အပူပိုင်းဇုန်ဆီကို ခရီးထွက်လာရပါတော့တယ်။ ခရီးက သူ့ကို အရင်တုန်းကလို သူစာတွေပြန်ရေးနိုင်စေပါ့မလား။ ဒီ A Royal In Paradise 2023 ဟာ drama ကားဖြစ်ပါတယ်။ အေးအေးဆေးဆေးနဲ့ ကြည်နူးဖို့ကောင်းပြီး ဇာတ်မြူးတဲ့ ရုပ်ရှင်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။) File size…(2 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Romance Duration….01:30:54 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thy Santa

6.4 2023
A Prince in Paradise A Royal in Paradise
Abandon
4.8

Abandon (2002) IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။ အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။ အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။ နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Family • Comedy • Animation • Adventure • Mystery
4.8 2002 99 mins
Abandon
Out of Order
6.1

ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် movieလေးကတော့ ပေါ့ပေါ့ပါးပါး ဟာသကားလေးဖြစ်တဲ့ ရှေ့နေဇာတ်ကားလေးဖြစ်ပါတယ် ဒီဇာတ်လမ်းထဲမှာ ကိုရီးယားရဲ့နာမည်ကြီးမင်းသားမာဒုန်ဆွတ်ပါဝင်သရုပ်ဆောင် ထားပါတယ် လူသန်ကြီး မာဒုန်ဆွတ်ကို K Movies တွေထဲမှာနဲ့မတူပဲ ဒီဇာတ်ကားထဲမှာတော့ပုံစံတမျိုးနဲ့တွေ့ရမှာပါ ထိပ်တန်းရှေ့နေဖြစ်တဲ့ဟူကုံးဖျင်က ထက်မြက်ဖြောင့်မှန်ပြီး တရားခွင်မှာ မ‌ရေတွက်နိုင်တဲ့အမှုပေါင်းများစွာကိုဖြေ ရှင်းနိုင်ခဲ့တယ်။ အမှုတစ်ခုဖြေရှင်းတဲ့အတောအတွင်း ဟူကုံးဖျင်က တရားခံရှေ့နေ လက်ထောက်ဖြစ်တဲ့ ရှဲရှောင်မန့် နဲ့ ဟိုတယ်မှာ ချိန်းတွေ့တယ်။ သူတို့နှစ်ဦး ပျော်စရာအချိန်တွေဖန်တီးချိန်မှာ အခန်းပြတင်းပေါက်မှာအမည်မသိ အလောင်းတစ်ခုရှာတွေ့မိတယ် ဒီမတော်တဆဖြစ်မှုကိုဖုံးကွယ်ဖို့အတွက် ဟူကုံးဖျင်က သူ့မဟာလက်ထောက်ဖြစ်တဲ့ ကျူးရှစ်ချီကို အမည်မသိအလောင်းဖယ်ထုတ်ဖို့အတွက် အကူညီခေါ်ရနောက်မှာ မထင်မှတ်တဲ့အရာတွေ ဖြစ်ပေါ်လာခဲ့တယ်။ ဟူကုံးဖျင်က ဒီထူးဆန်းတဲ့အလောင်းအမှုကို သူဘယ်လိုဖြေရှင်းမလဲ။ သူ့လက်ထောက်ကရော သူနဲ့အတူ အံ့သြဖွယ်အမှုတွေကို အတူရင်ဆိုင်ဖြေရှင်းနိုင်မလား။ သူနဲ့ရှဲရှောင်မန့်တို့အကြား ရှုပ်ထွေးမှုလည်း ပြေလည်မလား ဆိုတာ ဒီဟာသဇာတ်ကားလေးကို‌‌ စောင့်မျှ်ောကြည့်ရှုကြပါဦးနော်

6.1 2025
Out of Order
Hotii de Subiecte High School Thieves
6.4

High School Thieves (2024) IMDb Rating (6.4) ဒီဇာတ်ကား လေးက တော့ ဆိုဖီယာ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်း လေးဖြစ်ပါတယ်။ ဇာတ်လမ်း အကျဉ်းလေးကတော့ ဆိုဖီယာ ဆိုတဲ့ ကောင်မလေး တစ်ယောက် ‌‌‌‌‌‌‌‌‌‌‌‌‌‌တစ်နေ့မှာ ဆွစ်ဇာလန် မှာ ရှိတဲ့ ကောလိပ် တစ်ခုက လက်ခံ ကြောင်း စာတစ် စောင် ရောက်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကောလိပ်တက်ဖို့ ငွေရေးကြေးရေး အခက်အခဲ ဖြစ်နေတာ ကြောင့် အမေ ဖြစ်သူက ဘိုးဘွားပိုင် အိမ်ကို ရောင်းပြီး သူ့သမီးလေးကို ကောလိပ်ပို့ဖို့ ကြိုးစားပါတော့တယ်။ တချိန်ထဲမှာပဲ ဆိုဖီယာဟာ သူ သဘောကျရတဲ့ ကောင် လေးက သူ့စီမှာ ရှိတဲ့ နောက်ဆုံးစာမေးပွဲ ရဲ့ မေးခွန်း တွေ ကို ရောင်း ပေးပါဆိုပြီး ကမ်းလှမ်း လာတဲ့ အခါမှာ တော့ သူ့မရဲ့ ဘိုးဘွားပိုင် အိမ်ကလေးကို မဆုံးရှုံးဖို့ အရေး ကြိုးပမ်းပုံ တွေ နဲ့ ဘယ်လို အခက်အခဲ တွေ ကြုံတွေ့ ရမလဲဆိုတာကို တော့ ဇာတ်လမ်းထဲမှာ ကြည့်ရှု့ ခံစားလိုက်ပါ ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:51:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ko Dee

Action • Thriller • Crime • Drama
6.4 2024 110 mins
Hotii de Subiecte High School Thieves