YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

New.Normal.Zine.E10.720p(CM).mp4

155.03 MB N/A video/mp4 84 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Fault in Our Stars
7.6

IMDb Rating (7.6) / Rotten Tomatoes (81%) ဒီဇာတ်လမ်းခေါင်းစဉ်လေးကတော့ ရှိတ်စပီးယားရဲ့ ဂျူးလီးယက်ဆီဇာ ပြဇာတ်ထဲက စကားစုတိုလေးဖြစ်တဲ့ "the fault, dear Brutus, is not in our stars but in ourselves" "ဘရူးတပ်စ်ရယ် အပြစ်က ငါတို့ရဲ့ကြယ်တွေထဲမှာ မရှိပါဘူး ငါတို့ဆီမှာပါ" ဆိုတဲ့စကားစုလေးကနေ ယူသုံးလာတယ်ထင်ပါတယ်။ အဲဒီအဆိုဟာလဲ အမြဲမှန်နိုင်ပါ့မလား။ တခါတလေ ဘဝရဲ့ခါးသီးမှုတွေက ကိုယ်တိုင်ဘာမှ လုပ်မယူခဲ့ဘဲ ဘာအပြစ်မှမရှိဘဲ ကြယ်လေးတွေရဲ့အပြစ်(ကံကြမ္မာ)ပဲ ဖြစ်နေနိုင်မလား။ "ကျွန်မတို့ရဲ့ ကမ္ဘာကြီးထဲမှာ ဝမ်းနည်းဖွယ်ဇာတ်လမ်းလေးတွေကို ဘယ်လိုပုံစံနဲ့ပြောပြရမယ်ဆိုတာ ရွေးချယ်ခွင့်ရှိတယ်လို့ ယုံကြည်ပါတယ်။တနည်းအားဖြင့် ရှင်တို့ အဲဒီဇာတ်လမ်းကို သကာလောင်းပြီး ပြောပြနိုင်သေးတာပေါ့။ သူတို့ အချစ်စိတ်ကူးယဉ် ရုပ်ရှင်နဲ့ ဝတ္ထုတွေမှာ လုပ်နေကြပုံအတိုင်း လှပတဲ့လူသားလေးတွေက လှပတဲ့သင်္ခန်းစာလေးတွေရပြီး ပီတာဂေဘရီရယ်ရဲ့ သီချင်းလေးတစ်ပုဒ်နဲ့တောင်းပန်လိုက်ရင် မပြေလည်နိုင်လောက်အောင် ပျက်စီးသွားတဲ့ပြသနာမျိုးလဲ မရှိဘူးပေါ့။ ကျွန်မလဲ အခြားကောင်မလေးတွေလိုပဲ အဲဒီလို ဇာတ်လမ်းလေးတွေကိုကြိုက်ပါတယ်။ ဒါပေမယ့် ယုံလိုက်ပါ အဲဒါတွေဟာ အမှန်တရားမဟုတ်ဘူး။ အမှန်တရားကို အခုပြောပြမယ်။ စိတ်မကောင်းပါဘူး။ " ဇာတ်လမ်းလေးရဲ့ နိဒါန်းလေးကို ဒီလိုပြောပြီးဖွင့်လှစ်လိုက်ပါတယ်။ ၂၀၁၄ ခုနှစ်ထွက် Drama,Romance ရုပ်ရှင်လေးပါ။ IMDb 7.8 နဲ့ပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ကင်ဆာနောက်ဆုံးဆင့်နဲ့ ဆယ်ကျော်သက်ကောင်မလေး ဟေဇယ်ဟာ ကင်ဆာဝေဒနာသည်တွေအချင်းချင်းနှစ်သိမ့်တဲ့ အဖွဲ့လေးမှာ တခြားကင်ဆာနဲ့ ဆယ်ကျော်သက်ကောင်လေး အောဂက်စ်တက် နဲ့ သိကျွမ်းလာရပါတယ်။ သူတို့ ၂ ယောက်ရဲ့ တွေ့တွေ့ချင်း အငြင်းပွားစရာခေါင်းစဉ်ကတော့ အာဂတ်စ်တက်က သူသေဆုံးပြီးနောက်မှာ မေ့ပစ်ခံရပြီးအလုံးစုံပျောက်ကွယ်သွားရမှာကို ကြောက်ရွံ့နေပါတယ်။ သူ့အိမ်မက်က လူတွေ သန်းပေါင်းများစွာက သူ့ကိုမှတ်မိနိုင်လောက်အောင် အရေးပါတဲ့သူ သို့မဟုတ် သူရဲကောင်းတစ်ယောက်လို ရှင်သန်ချင်နေခဲ့တာပါ။ ဟေဇယ်ကတော့ လူသားအားလုံးဟာ တစ်ချိန်မှာ ပျောက်ကွယ်ခြင်းအဖြစ်ကို ရှောင်လွှဲမရဘူး ဒီတော့ အဲဒါကို ကြောက်ရင် ဥပက္ခာပြုထားလိုက်ဖို့ပဲတွေးပါတယ်။ ပြီးတော့ လူတွေအားလုံးက အမှတ်တရဖြစ်နေဖို့ထက် တစ်ယောက်ထဲကပဲ ထာဝရအမှတ်ရနေပေးရင် လုံလောက်ပြီဆိုတဲ့ အတွေးနဲ့ ကောင်မလေးပါ။ တစ်နေ့မှာတော့  ဟေဇယ်ရဲ့ အကြိုက်ဆုံးစာအုပ်ဖြစ်တဲ့ An Imperial Affliction ကိုရေးတဲ့ စာရေးဆရာဆီက သူအမေးချင်ဆုံးမေးခွန်းတွေကို ဖြေပေးဖို့    အမ်စတာဒမ်ကို ဖိတ်ခေါ်လာတဲ့အခါ။ ဒါပေမယ့် ဟေဇယ်မိဘတွေကဒီခရီးအတွက်ပိုက်ဆံမတတ်နိုင်ကြပါဘူး။ ဟေဇယ်ကိုယ်တိုင်လဲ သေလောက်တဲ့ ရောဂါသည်ကလေးတွေကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးတဲ့ ဖောင်ဒေးရှင်းတစ်ခုဖြစ်တဲ့ ဂျင်းနီတွေဆီမှာ ၁၃ နှစ်သမီးကတည်းက ဆန္ဒတစ်ခုတောင်းဆိုခဲ့ပြီးသား ဖြစ်နေတဲ့အခါ။ အောဂတ်စ်တက်ဟာ သူ့ရဲ့နောက်ဆုံးဆန္ဒတောင်းဆိုခွင့်လေးကို ဟေဇယ်နဲ့အတူ အဲဒီစာရေးဆရာဆီသွားဖို့ အသုံးချခဲ့ပြီး ဆယ်ကျော်သက်လေး နှစ်ယောက်ရဲ့ ခရီးစဉ်လေး စတင်လာတဲ့ခါ....... တခြားဇာတ်ကားတွေမှာ ဝမ်းနည်းစရာပြကွက်မှာ ဝမ်းနည်းပြီး ပျော်စရာပြကွက်မှာ ပျော်ရွင်ကြရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး အမြင်မျိုးစုံနဲ့ ခံစားနိုင်ကြပါတယ်။ ကျွန်တော့်အမြင်မှာ အထူးခြားဆုံးခံစားချက်ကတော့ ဒီဇာတ်ကားလေးမှာ အပျော်ရွှင်ရဆုံး အခိုက်အတန့်တွေမှာတောင် ဟေဇယ်ရဲ့ နှာခေါင်းက အောက်စီဂျင်ပိုက်ကလေး တစ်ခုတည်းကနေ ဝမ်းနည်းမှုတစ်ခုကို အချိန်ပြည့် ရောထွေးနေစေတဲ့အတွက် ထူးဆန်းတဲ့ ခံစားမှုတစ်ခုကို အမြဲရနေခဲ့ပါတယ်။ မိတ်ဆွေတို့လဲ ကြည့်ပြီးရင် တစ်ခုခု ပြန်လာမျှဝေကြပါဦး။မူရင်းရသကို မမှီပေမယ့် အတော်လေး ကြည့်လို့ကောင်း တွေးလို့ကောင်း ခံစားလို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပြီး လူတိုင်း တစ်ခေါက်လောက်တော့ ခံစားကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ ဒီအောက်မှာရေးထားတဲ့အကြောင်းအရာလေးတွေကတော့ ဇာတ်လမ်းအတွင်းမှာ သုံးသွားတဲ့ တစ်ချို့ နာမည်လေးတွေရဲ့ နောက်ခံကို ပြန်ရှင်း ပြပေးထားတာပါ။ သူတို့၂ယောက် လည်ပတ်ခဲ့တဲ့ Anne Frank House အန်းဖရန့်ခ် အိမ် ဆိုတဲ့နေရာက ဒုတိယကမ္ဘာစစ်မှာ နာဇီလက်ထဲနေ အန်း ရဲ့ မိသားစု နဲ့ လူ၄ ယောက်ပုန်းခိုနေခဲ့တဲ့နေရာပါ။ အန်း ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ သေဆုံးသွားခဲ့ပေမယ့် သူရေးခဲ့တဲ့ ဒိုင်ယာရီနဲ့အတူ အဲဒီအိမ်ကလေးဟာ ကမ္ဘာကျော်နေရာတစ်ဖြစ်လာခဲ့ပါတယ်။ နောက်ပြီးတော့ နောက်ဆုံးမှာ ဗန်ဟောင်တန်ပြောခဲ့တဲ့ Omnis cellula e cellula (လက်တင်-ပြင်သစ် ထင်ရပါတယ်) ဆဲလ်အားလုံးဟာ ဆဲလ်တွေကပဲ ဖြစ်ပေါ်လာတယ်ဆိုတာ ဂျာမန်ရောဂါဗေဒပညာရှင် Rudolf Virchow ရဲ့ ထင်ရှားတဲ့ သီအိုရီ တစ်ခုပါပဲ။ Trolley Problem ဆိုတဲ့ စကားစုလေးကလဲ  Philippa Foot က ၁၉၆၇ မှာ စတင်မိတ်ဆက်ခဲ့တဲ့ လူကျင့်ဝတ်ဆိုင်ရာ အတွေးအခေါ်မေးခွန်းတစ်ခုပါ။ မူရင်းကတော့ ရထားလမ်းအတိုင်း လိမ့်ဆင်းလာတဲ့လှည်းတစ်ခုရဲ့ လမ်းကြောင်းပေါ်မှာ လူ ၅ ယောက်ကို မလှုပ်နိုင်အောင် ကြိုးချီထားခဲ့ပါတယ်။ အဲဒီရထားလှည်းကို လမ်းကြောင်းပြောင်းပေးနိုင်တဲ့ လီဗာ အနီးမှာ လူတစ်ယောက်ရှိနေပါတယ်။ တကယ်လို့ သူဟာလီဗာကို ဆွဲလိုက်ရင် လမ်းကြောင်းပြောင်းသွားမှာပါ။ ဒါပေမယ့် ခင်ဗျားပြောင်းမဲ့လမ်းကြောင်းပေါ်မှာလဲ လူတစ်ယောက်ကို တွေ့လိုက်တဲ့အခါ။ (၁) လီဗာမဆွဲဘဲ လူ ၅ယောက်ကို အသေခံမယ် (၂) လီဗာဆွဲပြီး ဘေးလမ်းက လူကို အသေခံမယ် ဆိုရင် ဘယ်အရာက မှန်ကန်တဲ့ ရွေးချယ်မှုလဲ ဆိုတာပါပဲ။ File size…(2.8 GB)/ (1 GB) Quality….BluRay 1080p /720p Format…mp4 Duration….02:12:53 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Littleneo

Drama • Romance
7.6 2014 126 mins
The Fault in Our Stars
The Legend of Enveloped Demons

“လူသားတွေနဲ့ မိစ္ဆာတွေရဲ့ကြားမှ ပြင်းထန်လှတဲ့ တိုက်ပွဲတစ်ခု ” ဟိုးလွန်ခဲ့တဲ့ နှစ်​ပေါင်းရာချီအချိန်ကာလ မိစ္ဆာတွေဟာ လူသားတွေနေထိုင်ရာ ကမ္ဘာကြီးကိုလာရောက်ဖျက်ဆီးသော အချိန်တစ်ခု......., အပြစ်မဲ့တဲ့ ပြည်သူတွေ ခမျာ မိစ္ဆာတွေရဲ့ဒဏ်ကို အလူးအလဲခံကာနေရပါတော့တယ် အဲဒီအချိန်မှာ လျဲ့ယန် မီးတောင်အတွင်းမှာ အနက်ရောင်သံလို့ခေါ်တဲ့ အထူးသတ္ထုတစ်မျိုးရှိပြီးတော့ အဲ့ဒီ သတ္တုနဲ့ ပြုလုပ်ထားတဲ့ လက်နက်တွေဟာ မိစ္ဆာတွေအပေါ် အရမ်းပြင်းထန်တဲ့ အကျိူးသက်ရောက်မှုတစ်ခု ရှိလို့နေပါတယ် ဒါပေမဲ့လို့ သာမန်သက်ရှိတွေကတော့ အဲဒီ သံသတ္ထုရဲ့ စွမ်းအားကိုမခံနိုင်ကြပါဘူး အဲ့ဒါကြောင့်နဲ့ပဲ မျ ားစွာလှသော ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ ယောကျာ်းတွေဟာ မိစ္ဆာတွေကို နှိမ်နင်းဖို့အတွက် မီးတောင်ဆီကို ရောက်ရှိလို့လာကြပါတယ် အဲဒီမှာ သူတို့ရဲ့ ခြေတွေ/လက်တွေကို စတေးပြီး သံနဲ့ပြုလုပ်ထားတဲ့ ခြေအတု လက်အတုတွေကို တပ်ဆင်ခဲ့ကြပြီးတော့ သူတို့ကိုယ်သူတို့ "မိစ္ဆာနှိမ်နင်းသူ" လို့ အမည်ခေါ်တွင်ခဲ့ကြပါတော့တယ် "မိစ္ဆာနှိမ်နင်းသူ" သူဆိုတာ လူသားတွေနဲ့ မိစ္ဆာတွေအကြားက အဖွဲ့အစည်းတစ်ခုလဲဖြစ်ပါတယ် မိစ္ဆာနှိမ်နင်းသူ တွေရဲ့ တိုက်ပွဲဟာဆိုရင် အရမ်းကိုမှအံ့သြဖွယ်ကောင်းလှပေမဲ့လဲ သံသတ္ထုရဲ့ စွမ်းအားတွေက မိစ္ဆာနှိမ်နင်းသူ တွေကို ဝါးမျိုလို့နေဆဲပါပဲ ဒါပေမဲ့ မိစ္ဆာတွေကို ကိုယ်ကျိုးစွန့်ကာ နှိမ်နင်းပေးပေမယ့်လို့ လူတွေရဲ့အမြင်ထဲမှာတော့ သူတို့ဟာ ဆူးတစ်ချောင်းလို ကာဆီးနေပြီး အမည်မသိသူရဲကောင်းတွေအဖြစ် ရပ်တည်လို့ နေခဲ့ရရှာပါတော့တယ် အဲဒီအထဲမှာမှ ကျမ်းသစ္စာကျိန်ဆိုထားကြတဲ့ နောက်ဆုံးသော မိစ္ဆာနှိမ်နင်းသူမျိုးဆက်မှ ညီအစ်ကိုသုံးယောက်ဟာ တစ်ကြိမ်မှာတော့ မတော်တဆမှုတစ်ခုကိုကြုံတွေ့သွားရပြီး မိစ္ဆာပြန်လည်မွေးဖွားခြင်းအကြောင်း သိရှိသွားခဲ့ပါတော့တယ် နက်နက်နဲနဲ စုံစမ်းရှာဖွေပြီးတဲ့နောက်မှာ ဒါတွေအားလုံးက "မိစ္ဆာနှိမ်နင်းသူ" တွေကို ဆန့်ကျင်ဖို့ တမင်စီစဥ်ထားတဲ့ ကြံစည်မှုကြီးတစ်ခုဖြစ်တဲ့အကြောင်း သိရှိသွားချိန်မှာတော့....? အချင်းချင်းသစ္စာဖောက်မှုတွေ စွန့်လွှတ်စတေးရမှုတွေ ချစ်ခြင်းမေတ္တာတွေ အစရှိတဲ့ အရာတွေကြားထဲကမှ မကောင်းမှုတွေကို သူတို့တွေ အနိုင်ယူသွားကြမလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် အခုပဲကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Thriller , Fantasy Runtime : 1h 34min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Romance
0 2022 94 mins
The Legend of Enveloped Demons
Captive Files II
6

ကဲ စတော့ဟုမ်းဇာတ်လမ်းလေး အပိုင်းနှစ်လာပါပြီ ဒီဇာတ်ကားက မှုခင်းစိတ်ပညာ လူ့သဘောသဘာဝ introvert တွေရဲ့ စိတ်နေသဘောထားစတဲ့ စိတ်ဝင်စားစရာတွေ အများကြီးပါနေလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးပါ အပိုင်းတစ်ရောအပိုင်းနှစ်ရောစိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်စေချင်ပါတယ် အမှောင်ခန်းတွေပါတာမို့ မိသားစုနဲ့တော့ အတူမကြည့်ပါနဲ့ ကြည့်ချင်ရင် crush နဲ့အတူကြည့်ပါ ပြန်မကြိုက်ပဲကို မနေရဲပါဘူး ဒီဇာတ်ကားပြပြီး ငါ့ကိုပြန်မကြိုက်ရင် ဒီဇာတ်ကားထဲကလို လုပ်လိုက်မယ်လို့သာပြောလိုက်ပါ ရဲဖမ်းခံရရင်တော့ ကျွန်တော်နဲ့မဆိုင်ပါဘူး File size…326MB Quality…DVD RIP Format…mp4 Duration….1h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Horror
6 2003 98 mins
Captive Files II
Ten Tigers of Guangdong: Invincible Iron Fist
9

"လျန်ခွင်းဆိုတဲ့ လူငယ်လေးတစ်ယောက်နဲ့ သူရဲ့ငယ်စဥ်ကတည်းက ချစ်ခဲ့ရတဲ့မိန်းကလေး ပြီးတော့ သူရဲ့အစ်ကိုတို့ဟာ ငယ်စဥ်ကတည်းကဟူတဟိုင်ရဲ့ အနိုင်ကျင့်မှုတွေကိုခါးစည်းခံလာခဲ့ရာကနေ ချစ်ရသူနဲ့ ညီအစ်ကိုလိုခင်ရတဲ့သူငယ်ချင်းကိုကာကွယ်ရန် လျန်ခွင်းဟာ ရှောင်လင်သိုင်းပညာကို တစ်စိုက်မက်မက်သင်ယူခဲ့ပါတော့တယ် သင်ယူပြီးတဲ့နောက် ဇာတိမြေကိုပြန်လာခဲ့ပါတယ် သို့ပေမဲ့လည်း ဟူတဟိုင်နဲ့ သူ့ရဲ့အပေါင်းအပါညီအကိုတွေက ပိုပြီးတော့တောင်ရန်လိုလာခဲ့ပါတော့တယ် အဲဒီကနေ အစပြုလို့ ဟူတဟိုင်ဟာ လျန်ခွင်းခွင့်မလွှတ်နိုင်တဲ့ အမှားတစ်ခုကို ကျူးလွန်လိုက်တဲ့အခါမှာတော့ လျန်ခွင်းဟာလက်စားချေမှုတွေပြုလုပ်လာခဲ့ပါတော့တယ် ချစ်ရသူတွေအတွက် လက်စားချေရင်း ဘယ်လိုတွေရင်ဆိုင်ရမလဲ ဘယ်လိုစိန်ခေါ်မှုတွေကိုရော ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာ ဒီဇာတ်ကားလေးကိုကြည့်ရှုလိုက်ရအောင်ပါနော် သိုင်းပညာတွေ ဂိုဏ်းတွေနဲ့ ကြည့်ရတာ သဘောကျနှစ်သက်သူတွေအတွက်ကတော့ ဒီကားလေးကို သဘောတွေ့စေမိမှာအမှန်ပါပဲရှင်" Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Romance Runtime : 1h 15min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK

Action • Adventure • Comedy • Crime • Thriller
9 2022 75 mins
Ten Tigers of Guangdong: Invincible Iron Fist
Cirque du Freak: The Vampire's Assistant
5.8

ဒီတစ်ခေါက်မှာတော့ ၂၀၀၉ခုနှစ်ကထွက်ရှိ‌ထားတဲ့ ဗန်ပိုင်းယားဇာတ်ကား လေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ vampire diary လို twilight light တို့လိုဇာတ်ကားတွေ မပေါ်သေးခင် တစ်ချိန်က သူ့ခောတ်သူအခါက နာမည်ကြီးခဲ့တဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ် ကြည့်ဖူးတဲ့သူတွေ ရှိကြမှာကျိန်းသေသလို မကြည့်ရသေးသူတွေအတွက်လည်း လက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ထင်ပါတယ် ဇာတ်ကားက မိသားစုနဲ့ကြည့်လို့သင့်တော်တဲ့ ဇာတ်ကားတစ်ကာပါ... ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီဇာတ်ကားမှာ ဒယ်ရန်နဲ့စတိဗ်တို့ဟာ ငယ်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ ဒယ်ရန်ဟာ မိဘစကားနားထောင်တဲ့သူတစ်ယောက်ဖြစ်ပြီး ကျောင်းစာမှာလည်း ထူးချွန်တဲ့သူပါ။ စတိဗ်ကတော့ မိဘမေတ္တာ ငတ်နေတဲ့ ကောင်လေးဖြစ်ပြီး ခပ်ဆိုးဆိုးနေတတ်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ ဒယ်ရန်ဟာ ပင့်ကူတွေကို စွဲလမ်းနေတဲ့သူတစ်ယောက်ဖြစ်ပြီး စတိဗ်ကတော့ ဗန်ပိုင်းယားတွေကို အင်မတန်စိတ်၀င်စားတဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာ သူတို့မြို့ကို နှစ် ၅၀၀ သက်တမ်းရှိတဲ့ လူထူးဆန်းတွေရဲ့ ဆပ်ကပ် အဖွဲ့ ရောက်လာတဲ့အခါ သူတို့နှစ်ယောက်လည်း စိတ်၀င်တစား သွားကြည့်ကြပါတယ်။ ဒါပေမယ့် အဲဒီအဖွဲ့မှာ ဗန်ပါးယားတစ်ယောက်ပါ နေပြီး ဗန်ပါးယားရဲ့ပင့်ကူလေးကို ဒယ်ရန်တစ်ယောက် မျက်စိကျသွားတဲ့ အချိန်မှာ ဘာတွေများ ဆက်ဖြစ်မလဲဆိုတာကိုတော့..... ( ကြည့်ဖူးတဲ့သူတွေအတွက်တော့ ကွာလတီကောင်းကောင်းလေးနဲ့ ပြန်လည် ခံစားနိုင်သလို မကြည့်ရသေးသူတွေလည်းဒေါင်းရတာ တန်စေရမယ်လို့ အာမခံလိုက်ပါတယ်..) File size…1.19GB / 495MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ..... Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

Romance
5.8 2009 109 mins
Cirque du Freak: The Vampire's Assistant
Moonfall
6.4

ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။ လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ နောက် လက သူ့ဂြိုလ်ပတ်လမ်းကနေ ချော်နေတာကို နာဆာကို သတိပေးဖို့လုပ်ပေမဲ့ နာဆာက နားမထောင်ခဲ့ပါဘူး။ ဒီလိုနဲ့ လကြီး ကမ္ဘာပေါ် ပြိုကျဖို့ မှန်းခြေ၃ပတ်ပဲလိုတော့တဲ့ အချိန်ကိုရောက်လာပါတယ်။ ဇာတ်လမ်းက ဒီလောက်တင်ပဲမဟုတ်ပါဘူး။ လကြွေကျတာအပြင် အများကြီးပိုရှုပ်ထွေးတဲ့ အ‌ကြောင်းအရာအလန်းတွေပါပါသေးတယ်။ မြင်သာအောင်ပြောရရင် ကောင်းခြင်းမကောင်းခြင်းကို ဖယ်ပြီး ဇာတ်လမ်းအကျယ်ကိုပဲ ပြောရရင် Don't look up သုံးဆလောက်ကျယ်ပါတယ်။ အက်ရှင်ခန်းတွေလည်းပါတာမို့ ကြည့်ကောင်းတဲ့ရုပ်ရှင်လို့ ဆိုလို့ရပါလိမ့်မယ်။ Conjuring ကားတွေရဲ့မင်းသား Patrick Wilson, နာမည်ကျော်မင်းသမီးဖြစ်တဲ့ Halle Berry, GoT က Samwell Tarly အဖြစ်သရုပ်‌ဆောင်ခဲ့တဲ့ John Bradley တို့က အဓိကသရုပ်ဆောင်ထားပြီး တရုတ်မလှလှလေး Kelly Yu လည်းပါ၀င်ထားပါတယ်။ သိပ္ပံသီအိုရီတစ်ချို့နဲ့ သိပ္ပံယုံတမ်းစကားတစ်ချို့ကို သိရမယ့်အပြင် စိတ်နယ်လွန်အကြောင်းအရာ အဆန်းကြီးတွေပါ အများကြီးပါဦးမှာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ပေါ့ဗျာ... (ဇာတ်ကားကို Jim X နဲ့ 666 တို့မှ ပြန်ဆိုပေးထားပါတယ်) Size - 2.01GB, 1GB, 600MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.3/10 Format - mp4 Duration - 2H 10Min Genre - Action, Adventure, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by Jim X & 666 Encoded by Y

Drama
6.4 2022 130 mins
Moonfall
Last Summer
6.3

Last Summer (or) Geçen Yaz (2021) =============== IMDb Rating – 6.3/10 ဒီဇာတ်ကားလေးကို ကြည့်မိတော့လည်း ကလေးဘဝတုန်းက ဇာတ်လမ်းလေးတွေကိုတောင် ပြန်သတိရမိတယ်။ နွေရာသီ အားလပ်ရက် အချစ်ဇာတ်လမ်းလေး အနည်းဆုံး တစ်ခုလောက် တော့ ရှိဖူးကြမယ်ထင်ပါတယ်။ နွေရာသီရောက်လို့ အမှတ်တရ တွေ တွေးမိချိန်တိုင်း အမောပြေစေမဲ့ တစ်ချိန်တစ်ခါက ကြုံခဲ့ဆုံ ခဲ့ရသူလေးနဲ့ ခဏတာရိုမန့်စ်လေးပေါ့။ Last Summer ဆိုတဲ့ ဒီဇာတ်ကားလေးမှာလည်း Daniz ဆိုတဲ့ 16 နှစ်သား လူပျိုဝင်ခါစ ကောင်လေးတစ်ယောက်ရဲ့ နွေရာသီ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကြည့်ရှုရမှာပါ။ တူရကီနိုင်ငံက ရိုက်ကူးထားတာဖြစ်လို့ နွေဇာတ်လမ်းလေးနဲ့ အကိုက် ကမ်းခြေမှာ ဘစ်ကနီလေးနဲ့ တူရကီသူချောချောလေးတွေကိုလည်း တစ်ဝငေးရင်း Daniz တစ်ယောက်ရဲ့ နွေရာသီအချစ်ဇာတ်လမ်းလေးကို ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.67 GB) / (753 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 41Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator……Thetti Tun Encoder……….Zin Phyo Aung

6.3 2021 101 mins
Last Summer
Fred Claus
5.6

ဆန်တာကလေ့ာစ်ကိုတော့ အားလုံးသိကြမှာပါ…။ ခရစ်စမတ်ဆိုရင် ဒရယ်စွတ်ဖားလှည်းကြီးစီးပြီး ဝတ်စုံနီကြီးနဲ့ ကလေးတွေကို လက်ဆောင်တွေလိုက်ပေးတဲ့ ဖိုးဖိုးကြီးပေါ့…။ ဒါပေမဲ့ လူတိုင်းမသိကြတာက သူ့မှာ ဖရက်ဒ်ကလော့စ်ဆိုတဲ့ အစ်ကိုတစ်ယောက်ရှိပါတယ်…။ ဒီပုံပြင်လေးက သူ့ရဲ့ပုံပြင်လေးပါ…။ ပုံပြင်လေးကဘယ်လိုလဲဆိုတော့ လိမ္မာပြီး စိတ်ထားလှတဲ့ ဆန်တာကိုဆိုရင် ငယ်ငယ်လေးကတည်းက လူတိုင်းကချစ်ခင်ကြ ချီးကျုးကြတယ်ပေါ့…။ ဖရက်ဒ်လေးဟာ ဆန်တာရဲ့လောင်းရိပ်အောက်မှာ ရောက်နေခဲ့တာကြောင့် ဘယ်လိုပဲကြိုးစားကြိုးစား လျစ်လျူရှုခံရမှုနဲ့သာ ကြီးပြင်းခဲ့ရပါတယ်…။ ဒီလိုနဲ့ ညီအစ်ကိုနှစ်ယောက် သဘောထားတွေကွဲလွဲခဲ့ပြီး မခေါ်မပြောဖြစ်ခဲ့ကြပါတယ်…။ သို့ပေမဲ့ တစ်ခုသော ခရစ်စမတ်မှာ ညီအစ်ကိုနှစ်ယောက် ပြန်ညီညွှတ်ဖို့အခွင့် အလမ်းတစ်ခုပေါ်လာတော့တယ်…။ ကဲဇာတ်ကြောင်းလေးက ဘယ်လိုလေးဆက်ဖြစ်မလဲ…ညီအစ်ကိုနှစ်ယောက်တကယ်တမ်း သင့်မြတ်ကြပါ့မလားဆိုတာကို…. ဒီComedy,Family, Fantasy movieလေးထဲမှာ ကြည့်ရှုလို့ရပါပြီ…။ File size…2.08GB / 946MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 56m Genre ….. Comedy , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Horror • Drama • Crime
5.6 2007 115 mins
Fred Claus
Wanted
6.7

Wanted (2008) IMDb Rating (6.7) / Rotten Tomatoes (71%) တစ်ခုခုကို ဝေ့ဝိုက်ပစ်တော့မယ်ဆိုရင် Wanted ထဲကလိုလို့ ဆိုကြတဲ့အထိ Wanted ရုပ်ရှင်ကားကို ကျည်ဆံဝေ့ပစ်တဲ့ဇာတ်ကားအဖြစ်လူသိကြပါတယ်။ လူတိုင်းမှတ်မိကြတယ်ဆိုရအောင်လဲ တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေချည်းပဲကိုး။ Morgan Freeman , Angelina Jolie , James McAvoy, Chris Pratt တို့လိုသရုပ်ဆောင်တွေနဲ့ အထူးအဆန်းတော်ကီတွေနဲ့ အထူးအဆန်းဇာတ်လမ်းဇာတ်ကွက်နဲ့ တကယ့်အမှတ်ရစရာဇာတ်ကားပါပဲ။ ဇာတ်လမ်းကတော့…. Spoiler Alert…. ဝီစလေ ဂစ်(ဘ်)ဆင် [James McAvoy] ဆိုတဲ့ လူငယ်လေးဟာ ချီကာဂို မြို့ထဲက ကုမ္ပဏီတစ်ခုမှာ ဘာတက်လမ်းမှ မရှိတဲ့ စားရင်းကိုင် အလုပ်လေးတစ်ခုအတွက်နဲ့ သူတစ်ပါးကို ပေးထားတဲ့ လုပ်ခလစာနဲ့မတန်အောင် မတရားခိုင်းစေပြီး မိမိကိုယ်တိုင်ကတော့ ဘာအလုပ်မှမလုပ်တဲ့ အထက်လူကြီးတစ်ယောက်ရဲ့လက်အောက်မှာ အလုပ်လုပ်ကိုင်ရပါတယ် တစ်နေ့မှာတော့ ဂစ်(ဘ်)ဆင် တစ်ယောက် သူ့ရဲ့အတူနေချစ်သူက သူ့အပေါ်သစ္စာမရှိပဲ သူရဲ့အခင်ဆုံး သူငယ်ချင်းတစ်ယောက်နဲ့ ဖောက်ပြန်တာကြောင့် စိတ်အာရုံထွေပြားပြီး ခေါင်းကိုက်နေတာကြောင့် သူကိုယ်တိုင်အတွက်ခေါင်းကိုက်ပျောက်ဆေးနဲ့အတူ သူ့ချစ်သူအတွက် သန္ဓေတားဆေးပါ ဝယ်နေတဲ့အချိန် ဆေးဆိုင်လေးမှာ … ဖော့(စ်) [Angelina Jolie] ဆိုတဲ့ အမျိုးသမီး တစ်ယောက်နဲ့တွေ့ဆုံခဲ့တယ် ဖော့(စ်) က ဝီစလေရဲ့ဖခင် ကို သူမ သိကြောင်း ယမန် နေ့ညက သူ့အဖေ အသတ်ခံရကြောင်းနဲ့ သူ့အဖေကို သတ်တဲ့ လူသတ်တရားခံက သူ့နောက်ကို လိုက်နေကြောင်း ပြောပြပေမဲ့ သာမန် လူရိုးသားလေး ဂစ်(ဘ်)ဆင် အဖို့တော့ ဒီကိစ္စကြီးဟာ လက်မခံနိုင်စရာ ဖြစ်နေပါတယ် ဒီလိုနဲ့ ဖော့(စ်) ဟာ ဂစ်(ဘ်)ဆင် ကို အန္တရာယ်ကြားမှ ကယ်တင်ခဲ့ပြီး သူတို့စခန်းရှိရာကို ခေါ်သွားပါတယ် အဲ့ဒီနေရာမှာတော့ သူဟာ လျှို့ဝှက် အဖွဲ့အစည်းရဲ့ခေါင်းဆောင် ဆလိုအန် [Morgan Freeman] နဲ့တွေ့ဆုံခဲ့ရပြီး ဆလိုအန် က ဂစ်(ဘ်)ဆင် မှာလည်း သူ့ဖခင်လိုပဲ စွမ်းဆောင်ရည်များ ရှိကြောင်းပြောပြပြီး သူကိုယ်တိုင် သိရှိအောင်လည်း လက်တွေ့စမ်းသပ်ပြလိုက်ပါတယ် ဒါပေမဲ့ ဂစ်(ဘ်)ဆင် တစ်ယောက် လက်မခံနိုင်ပဲ ဒေါသတစ်ကြီးနဲ့ထွက်သွားရာမှ နောက်နေ့မှာတော့ သူပိုင်ဆိုင်ထားတဲ့ သာမန် လူနေမှုဘဝကို စွန့်ပစ်ပြီး လျှို့ဝှက်အဖွဲ့အစည်း နဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ် လျှို့ဝှက်အဖွဲ့အစည်းကတော့ ဝီစလေ ရဲ့ပျော့ညံ့တဲ့ စိတ်ဓာတ်တွေကို သူတို့ရဲ့ရက်စက်ကြမ်းကြုတ်လှတဲ့ ပြန်လည်ပြုပြင်ရေးတွေနဲ့ စိတ်ဓာတ်ခိုင်မာလာအောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ဝီစလေ ဟာ မြောက်မြားစွာသော စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ပြီး သူကိုယ်တိုင်လည်း သူ့ဖခင်လို တိုက်ခိုက်ရေး သမားတစ်ယောက်ဖြစ်လာခဲ့ပါတယ် ဝီစလေ ဟာ အခက်အခဲများစွာထဲကမှ သူ့ရဲ့အသက်ကိုရင်းပြီး ဒဏ်ရာတွေအကြိမ်ကြိမ်ရရင်း စစ်ဆင်ရေး အောင်မြင်ဖို့သူတတ်စွမ်းနိုင်တာထက် ပိုပြီး သူ့ဘဝကိုပေးဆပ်ရင်း အဖွဲ့အစည်းအတွက် အလုပ်လုပ်ပေးခဲ့ပေမယ့် ဒီအဖွဲ့အစည်းရဲ့ နောက်ကွယ်က တကယ့်ဇာတ်ရုပ်မှန်ကိုသိရှိသွားတဲ့အခါမှာတော့…..။ (ရုပ်ရှင်အညွှန်းကို Carey Nyein မှ ရေးသားပြီး ဘာသာပြန်ကိုတော့ Garfield မှ တင်ဆက်ထားပါတယ်။)

Drama
6.7 2008 110 mins
Wanted
Deep Woods
4.2

Deep Woods (2022) ================ ဒါရိုက်တာ Steve Laughlin ရိုက်ကူးထားတဲ့ ဒီဇာတ်‌ကားလေးကတော့ သည်းထိပ်ရင်ဖိုဇာတ်ကားနှစ်သက်သူတွေအတွက် ဇာတ်ကားကောင်း လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ နစ်ခ် နဲ့ တိုင် တို့ဟာ မတွေ့ရတာကြာပြီ ဖြစ်တဲ့ အရမ်းခင်ကြတဲ့ သူငယ်ချင်းဟောင်းတွေပါ။ တစ်နေ့တော့ မြို့ပေါ် မှာနေတဲ့ တိုင် ဟာစိတ်ကူးပေါက်ပြီး တောရိုင်းထဲမှာ ငှက်ပစ်ချင်လာပါ တော့တယ်။ အဲဒီလိုနဲ့ ရှေးခေတ်လူမျိုးစုတွေရဲ့မျိုးဆက်ဖြစ်တာနဲ့အညီ သစ်တောတွေ၊ အမဲလိုက်တာတွေနဲ့ ပတ်သက်ပြီးကျွမ်းကျင်တဲ့ သူငယ် ချင်းဟောင်း နစ်ခ် ကိုဆက်သွယ်လာပါတော့တယ်။ ဒီလိုနဲ့ နစ်ခ် နဲ့အတူအမဲလိုက်ထွက်ရင်း တောထဲမှာတရားမ၀င်ဆေးခြောက် စိုက်နေတဲ့ အဖွဲ့နဲ့သွားရှုပ်မိပါတယ်။ အဲဒီနောက်တော့ ပစ်ခတ်မှုတွေဖြစ်ပြီး နစ်ခ် နဲ့လူချင်းကွဲသွားပါတယ်။ တိုင် ဟာဆေးခြောက်စိုက်တဲ့သူတွေရဲ့ ဒုစ ရိုက်မှုတွေကို မျက်‌မြင်သက်သေတစ်ဦးဖြစ်သွားလို့ လိုက်ပြီးအရှင်းခံရတဲ့ အခါမှာ တိုင် တစ်ယောက်ဘယ်လိုလွတ်အောင်ပြေးမလဲ၊ နစ်ခ် ကရောအဲဒီ အဖွဲ့နဲ့ ဘယ်လိုပတ်သက်နေလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.8 GB) / (720 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Theo Katt Encoder……….SWM

Comedy • Drama
4.2 2022 93 mins
Deep Woods
A Moment to Remember

A Moment to Remember (2004) ********************************* အချစ်စစ်ဆိုတာကို သိမြင်ဖို့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ်။ အချစ်ကို အကြိုက်နဲ့ ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိသလို ဘာကြောင့် ညာကြောင့် ချစ်တယ်ဆိုတာတွေ ကျွန်တော်တို့အများကြီးကြားနေရတယ်။ အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ။ မာနတွေနဲ့ ဘောင်ခတ်ပြီး မြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး။ အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ ကိုယ်ချစ်တဲ့သူကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွားစေဖို့ပဲ ဆန္ဒရှိပါတယ်။ ဒီကိုရီးယားကားလေးထဲမှာတော့ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ်။ ကောင်လေးက သာမန် လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ် ဘယ်ဒေသ ရောက်နေမှန်းမသိ ကောင်မလေးက အစစအရာရာ သူ့ထက်သာပါတယ်။ အဖေက ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းက‌ပေါ့။ တစ်နေ့ သူတို့ ၂ယောက်ဟာ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ်။ ဒီလိုနဲ့ပဲ………. တကယ်တော့ ဒီဇာတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ။ ဘဝကို နာကျဉ်းချက်တွေရှိတဲ့ ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့် ပြောင်းလဲလာပုံတွေ တွေ့ရတယ်။ မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရားတွေကိုလည်း တွေ့နိုင်သလို ကောင်လေးနဲ့ ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်း တွေ့မြင်ရမှာပါ။ အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့ စရိုက်ပုံစံ သရုပ်ဆောင်တဲ့ Ye-jin Son က ချီးကျူးဖို့ကောင်းပါတယ်။ နောက်ခံတေး ဖျော့ဖျော့လေးတွေနဲ့ စီးမျောလို့ကောင်းတဲ့ ဇာတ်ကားဆိုတာတော့ IMDb 8.2ဆိုတာကြည့်ရုံနဲ့လုံလောက်ပါတယ်။ ဟုတ်ကဲ့ ခံစားကြည့်လိုက်ပါဦးဗျာ ….. File size…1.91GB / 760MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 8m Genre ….. Romance, Drama, Melodrama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by MMyo

0 2004 117 mins
A Moment to Remember
The Price Of Happiness Cai Gia Cua Hanh Phuc
6.7

The Price Of Happiness (2024) IMDb Rating (6.7) 2024 ရဲ့ နှစ်ကုန်ပိုင်းမှာ အသစ်ထွက်ရှိထားတဲ့ ဗီယက်နမ်ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ လူကုထံအသိုင်းအဝိုင်းကြား လူကုထံမိသားစုကြားထဲက အရှုပ်အရှင်းတွေကို ထုံးစံအတိုင်းတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ မိသားစုတစ်စုကြောင်းကို အခြေခံပြီးရိုက်ကူးထားတာပါ။ မိသားစုဝင်တွေထဲမှာဆိုရင် မိဘနှစ်ဦးဖြစ်သူ လင်မယား၊ သားဖြစ်သူတစ်ယောက်၊ သမီးဖြစ်သူတစ်ယောက်နဲ့ မိခင်ဖြစ်သူရဲ့ အဖေ အဘိုးတစ်ယောက်ပါပါတယ်။ ဇာတ်လမ်းအကျဉ်း ဖခင်ဖြစ်သူ ဒင်ခုံးသွာဟာ ယောက္ခထီးရဲ့ ဗိုမျိုးဆက်ပိုင် လုပ်ငန်းစုကြီးကိုအမွေခံဖို့ အလားအလာရှိနေတဲ့သူတစ်ယောက်ပါ။ နောက်ကွယ်က ဇနီးဖြစ်သူကလည်း သူအသက်ငယ်စဉ်က ချွတ်ခြုံခဲ့တဲ့အမျိုးသားကို ဒီကနေ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ပံ့ပိုးပေးခဲ့သူပါ။ သားဖြစ်သူကလည်း ငယ်ငယ်ရွယ်ရွယ်နဲ့ပညာတတ်ပြီး အပျော်အပါးခုံမင်သူပါ။ သမီးဖြစ်သူကတော့ အိမ်ရဲ့အဝေးမှာ ပညာတော်သင်ဖို့အတွက်ထွက်သွားတာ ၆ နှစ်တောင်ရှိပါပြီ။ လူထုအမြင်အပေါ်ယံမှတော့ အားလုံးပြီးပြည့်စုံ​နေပေမယ့်လည်း လေထဲကအိမ်၊ ဖန်နဲ့ဆောက်ထားတဲ့အိမ် ဆိုသလိုပဲ နောက်ကွယ်မှာ ရိုက်ခတ်မှုအကြီးစားတွေပြည့်နှက်နေခဲ့ပါတယ်။ တစ်ချိန်က ပြီးပြည့်စုံတဲ့အိမ်အထောင်အတွက် အစွမ်းကုန်ကြိုးပမ်းခဲ့တဲ့ ဇနီးအတွက် ခင်ပွန်းဖြစ်သူမှာ သစ္စာတရားပျက်ပြားမှုရှိခဲ့ပါတယ်။ ဒါ့အပြင် ဖခင်ဖြစ်သူရဲ့ ကျန်းမာရေးကပိုဆိုးလာပြီး ဆုံးလုနီးနီးဖြစ်သွား၊ သားဖြစ်သူမှာလည်း ဒီကနေ့ခေတ်မှု woke mindset လို့ခေါ်တဲ့ ကိုယ့်ရဲ့မျိုးရိုးဗီဇကိုဆန့်ကျင်တဲ့ identity crisis ဖြစ်ပြီး လိင်တူအမျိုးသားသူငယ်ချင်းကိုချစ်နေ၊ သမီးဖြစ်သူကလည်း တကယ်တမ်တော့ ဖခင်ရဲ့ ရမ္မက်မြူထူမှုတွေကို နာကျည်းပြီး အိမ်ကနေဝေးနိုင်သထက်ဝေးအောင်ထွက်ပြေးသွားတာကို သိလိုက်ရတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.4 GB) / (800 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:55:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

Thriller • Drama
6.7 2024
The Price Of Happiness Cai Gia Cua Hanh Phuc
Ring Ring
6.2

Ring Ring (2025) “ကလင် ကလင်” IMDb – 8.3/10 ချစ်သူ၊ လင်မယားတွေကြားက အလွဲတွေကို ဟာသနှောပြီးရိုက်ကူးပုံဖော်ထားတဲ့ တမီးလ်ဟာသဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ မိန်းမရှိတဲ့ကောင်တွေကလည်း မိန်းမကွယ်ရာမှာ ဖောက်ပြန်၊ ရည်းစားရှိပြီးသားကောင်ကလည်း နှစ်ယောက်ပြိုင်တွဲ၊ဒီလိုမျိုး ငရှုပ်ငပွေးသူငယ်ချင်းလေးယောက်ထဲက တစ်ယောက်ရဲ့မွေးနေ့မှာ လက်ရှိဇနီးသည်တွေ ချစ်သူတွေကို ခေါ်လာကြပြီး ပါတီကျင်းပကြရာကစလိုက်တဲ့ ဇာတ်လမ်း။ ဒီလိုငရှုပ်ငပွေးတွေက ရိုးသားမှု၊ သစ္စာရှိမှု၊ ခင်မင်မှုချစ်မေတ္တာတွေကို စမ်းသပ်ဖို့အတွက်ဂိမ်းတစ်ခု ကစားကြတဲ့အခါမှာတော့။ ချစ်သူ၊ လင်မယား၊ သူငယ်ချင်းတွေကြားက ဖုံးကွယ်ထားတာတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Comedy • Family • Science Fiction • Drama
6.2 2025
Ring Ring
The Match
7.4

The Match (2025) ****************** IMDb… 7.4 ဝါရင့်မင်းသားကြီး Lee Byung Hun၊ မင်းသား Yoo Ah In၊ က‌လေးသရုပ်ဆောင် Kim Kang Hoonတို့ အဓိကပါဝင်ထားပြီး တကယ့် သရုပ်ဆောင်ကောင်းတဲ့ မင်းသားတွေဖြစ်တဲ့အတွက် ကြည့်ပြီး လုံးဝ နောင်တမရ‌‌စေမဲ့ကားကြီးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ကိုးရီးယားနိုင်ငံတွင်းမှာသာမက တစ်ကမ္ဘာလုံးပြိုင်ဘက်ကင်း လက်ရွေးစင် ဘာဒုကစားသမား ဂျိုဟွန်းဟျွန်းဟာ တစ်နေ့မှာတော့ ဂျွန်းဂျူဘက်ကိုရောက်ရင်း ဘာဒုကစားနည်းကို ကျွမ်းကျင်တဲ့ ချန်းဟိုဆိုတဲ့ ကလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ လက်ရွေးစင်ဂျိုဟာ သိချင်စိတ်နဲ့ ပြိုင်ဆော့ခဲ့ရာကနေ တစ်ပွဲရှုံးနိမ့်ခဲ့တဲ့အတွက် လက်ရွေးစင်ဂျိုဟာ ချန်းဟိုဆိုတဲ့ကောင်လေးအပေါ် စိတ်ဝင်စားသွားခဲ့ကာ တပည့်အဖြစ် လက်ခံပြီး ဆိုးလ်မြို့မှာရှိတဲ့ ကိုးရီးယားဘာဒုအဖွဲ့အစည်းဆီ ချန်းဟိုကို ခေါ်ဆောင်လာခဲ့ပါတယ်။ ရွာသားလေး ချန်းဟိုကတော့ မြို့ပေါ်ရောက်တဲ့အချိန်ကစပြီး သူ့ဘာဒုပညာတွေနဲ့ တစ်ယောက်ပြီး တစ်ယောက် အနိုင်ပိုင်းခဲ့ကာ ဆိုးလ်မြို့မှာ သူ့ဂုဏ်သတင်းဟာ ဟိုးလေးတစ်ကျော်လာခဲ့ရုံသာမက ဆရာ့လက်ရည်ကိုပါ တရားဝင် စိန်ခေါ်နိုင်သူအထိ ဖြစ်လာခဲ့ပါတယ်။ ဆရာ တပည့်အဖြစ် အစပြုခဲ့တဲ့ ဒီဆက်ဆံရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပြိုင်ဘက်အဖြစ်သို့ ကူးပြောင်းသွားချိန်မှာတော့ ဆရာ တပည့်ဆက်ဆံရေးဟာ ပြိုလဲပျက်စီးသွားမလား.. မကျေနပ်ချက် အမုန်းတရားတွေ ပေါက်ဖွားလာမလားဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှုရင်းနဲ့ ဘာဒုကစားနည်းဟန်တွေကိုလည်း လေ့လာမြင်တွေ့နိုင်ရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဂျိုဟွန်းဟျွန်းအဖြစ် မင်းသားကြီး Lee Byung Hun နဲ့ အီချန်းဟိုအဖြစ် ကလေးသရုပ်ဆောင် Kim Kang Hoon နဲ့ လူကြီးသရုပ်ဆောင် Yoo Ah In တို့က သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Thinn မှ ရေးသားထားပေးပါတယ်။) File Size : 1.59GB/ 710MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:57:03 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by CM Team Encoded by Tiff

7.4 2025 115 mins
The Match