YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

New Heights_S01E04[CM].mp4

435.22 MB 720p video/mp4 94 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Das Boot
8.1

IMDB - 8.4/10 ဒုတိယကမ္ဘာစစ်ရဲ့ စစ်မျက်နှာပြင်မှာ ကုန်းကြောင်း၊ လေကြောင်းနဲ့ ရေကြောင်းရှိတဲ့အလျောက် ဒီလို ရေငုပ်သင်္ဘောအကြောင်း ရိုက်ထားတာ တော်တော်ကိုရှားတယ် ပြောရမယ်။ မှတ်မိသလောက်ဆို ၂၀၀၀ ခုနှစ်က U-571 ရယ် ထွက်ထားတာ သိပ်မကြာသေးတဲ့ Greyhound တို့ပဲ ရှိမယ်ထင်တယ်။ ပြီးတော့ ဂျာမန်စစ်ကားထုံးစံအတိုင်း ဝါဒဖြန့်မပါပဲ သဘာဝကျကျ ဖြတ်သန်းရတာမျိုးပဲ ကြည့်ရှုရမှာပါ။ ပြောလို့သာပြောတာ WW2 မှာ ဂျာမန်ရေငုပ်သင်္ဘောတွေက အမဲလိုက်မြေခွေးတွေဆိုတဲ့ နာမည်ပြောင်အတိုင်း ပင်လယ်ပြင်တွေမှာ မဟာမိတ်သင်္ဘောတွေကို တစ်စီးတည်းနဲ့ အုပ်လိုက်တွေကို အမဲလိုက်တာ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ မင်းသားကြီး တွန်ဟမ့်သရုပ်ဆောင်ထားတဲ့ Grey Hound မှာ ဥပမာအနေနဲ့ မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဒီကားမှာကျ ဒီဂျာမန်ရေငုပ်သင်္ဘောသားတွေရဲ့ လက်တွေ့ဘဝ၊ အခက်အခဲ၊ သေရေးရှင်ရေး ကြိုးပမ်းရပုံတွေကို အမြင်တစ်မျိုးနဲ့ ပြန်ခံစားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သတင်းထောက် ဗိုလ်လေးတစ်ယောက်က ရေငုပ်သင်္ဘောတစ်စင်းပေါ်ကို စစ်ကြောင်းထွက်တဲ့အချိန် လိုက်လာပြီး မှတ်တမ်းတင် အစီရင်ခံစာ တင်ဖို့ပေါ့။ အဲဒီမှာ ကပ္ပတိန်ကြီးရဲ့ အုပ်ချုပ်ပုံ၊ တိုက်ပွဲဖြစ်တဲ့ခါ ညွန်ကြားပုံတွေ နောက်ပြီး ဒီသင်္ဘောကျင်းကျင်းလေးပေါ်က နေထိုင်စားသောက်ရတဲ့ ဘဝတွေ ကြုံရပုံ တစ်ဖက်က ထောက်ပို့ယာဉ်တန်းတွေ တွေ့ရင် ဘယ်လိုအမဲလိုက်ကြပုံ ပြန်ခံရရင်လည်း ဘယ်လိုတွေ ခွာစစ်ဆုတ်ရပုံတွေ ဟိုက်ဒရိုဖုန်းဆိုတာနဲ့ အရပ်လေးမျက်နှာက အသံတွေကို နားထောင်ပြီး သင်္ဘောတစ်စင်းလုံး အပ်ကျသံမကြားရလောက်အောင်ထိ တိတ်ဆိတ်သွားပြီး ရန်သူ့အခြေအနေ အကဲခတ်လှုပ်ရှားရပုံတွေ စသဖြင့် စိတ်လှုပ်ရှားစရာ ဖြစ်ရပ်တွေနဲ့ တင်ဆက်ပြသထားတာပါ။ နောက်ပြီး သူတို့ဘဝတွေက သူများကိုအမဲလိုက်ပြီး ကြမ်းတမ်းကြတယ်ဆိုပေမယ့် တစ်ခုခုဆို သူတို့ဘဝကလည်း လေတပ်ကလူတွေလိုမျိုးပဲ သေဖို့ရာခိုင်နှုန်းများတဲ့ တပ်သားတွေပါပဲ။ ၁၉၈၁ ခုနှစ်ထွက်ရုပ်ရှင်ဆိုပေမဲ့ တော်တော်လေးအဆင်ပြေပြီး အတွေ့အကြုံအသစ်တွေ ပေးစွမ်းနိုင်မှာမို့ ပြေးသာကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။ IMDB ကလည်း 8.4 ဆိုတော့ မကောင်းမှာတော့ ပူမနေပါနဲ့တော့။ File size…2.73GB / 1.25GB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 25m Genre ..... Drama , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Drama • TV Movie
8.1 1981 150 mins
Das Boot
The Passengers of the Night
7.1

၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ပြင်သစ်ရုပ်ရှင်ကားတစ်ကားဖြစ်ပြီးတော့ IMDb 7 ရထားပါတယ်။ ၁၉၈၀ ခုနှစ် ဝန်းကျင်ကာလကို အခြေခံထားပြီးတော့ ပြင်သစ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးလေးနဲ့ ဇာတ်လမ်းထဲကို မျောသွားရမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ Elisabeth ဟာ ခင်ပွန်းသည်ကထားသွားတော့ ဆယ်ကျော်သက်အရွယ် ကလေးနှစ်ယောက်နဲ့ ဘဝကို တစ်ကိုယ်တည်း ရုန်းကန်ရပါတော့တယ်။ အလုပ်မလုပ်ဘဲ အိမ်ရှင်မအလုပ်ပဲလုပ်လာခဲ့တော့ အလုပ်ရှာရခက်နေပါတယ်။ နောက်ဆုံးမှာ ညပိုင်းရေဒီယိုထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ အလုပ်ဝင်လို့ရသွားတော့ Talualah ဆိုတဲ့ အိမ်ခြေရာမဲ့မိန်းကလေးတစ်ယောက်နဲ့ဆုံလို့ သနားပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ မိသားစုကို တစ်ကိုယ်တည်းတာဝန်ယူရတဲ့ မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအပေါ် ကာကွယ်စောင့်ရှောက်ပေးတဲ့အပြင် သွေးမတော်သားမစပ် Talualah ကိုလည်း ကူညီစောင့်ရှောက်ပေးတဲ့ Elisabeth ရဲ့ ဘဝဇာတ်ကြောင်းနဲ့ သူတို့မိသားစုရဲ့ ဘဝဖြတ်သန်းပုံကို လှလှပပရိုက်ပြထားပြီး အေးအေးငြိမ့်ငြိမ့်လေးနဲ့ ကြည့်ရမယ့်ဇာတ်လမ်းဖြစ်လို့ ပြင်သစ်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 1.9Gb | 833MB | 405MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Action • Drama • Science Fiction • Thriller
7.1 2022 111 mins
The Passengers of the Night
Krishna Vrinda Vihari
5.1

အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ Chalo (2018) ကားမှာ ရက်ရှမီးကားမန်ဒါနားနဲ့အတူတွဲရိုက်ခဲ့တဲ့ တေလဂူမင်းသားချောလေး နာဂရှော်ရီယားရဲ့ရိုမန့် ဒရာမာကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်... ဒီဇာတ်ကားလေးက အချစ် အိမ်ထောင်ရေးနဲ့ မိသားစုအကြောင်း ဇာတ်အိမ်တည်ထားတယ်ဆိုရင် မမှားနိုင်လောက်ပါဘူး.. ခုခေတ်လူငယ်တော်တော်များများကြည့်သင့်တဲ့ ဇာတ်ကားလေးပါပဲ... ခရစ်ရှနားဟာ ရှေးရိုးစွဲမိသားစုက ဆင်းသက်လာတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အမဆို ယင်မတောင် မသမ်းဖူးတဲ့ ကောင်လေးတစ်ယောက်ပေါ့.. ရွာမှာ အမေဖြစ်သူက ဩဇာညောင်းတော့ သားဖြစ်သူကို မိန်းကလေးတွေကတောင် စေ့စေ့မကြည့်ရဲကြဘူး.. ဗရင်ဒါးကတော့ မြို့သူတစ်ယောက်ဖြစ်ပြီး ဘဝကို လွတ်လွတ်လပ်လပ်ဖြတ်သန်းချင်တဲ့သူ...သူ့မိသားစုကလည်း မော်ဒန်ဘဝကို ဖြတ်သန်းနေတဲ့မိသားစု ခရစ်ရှနားဟာ ဗရင်ဒါးကို ချစ်ကြိုက်သွားတဲ့အခါ...။ သူတို့နှစ်ယောက် အဆင်ပြေလာပါ့မလား... ဖြတ်သန်းလာတဲ့ ဘဝချင်းကလည်းမတူ မိသားစုအခြေအနေကလည်းမတူတဲ့အတွက် သူတို့မိသားစုတွေကရော အဆင်ပြေပါ့မလား... သူတို့ဘဝရဲ့ခရီးကြမ်းတွေနဲ့အတူ ပွင့်ချပ်နှစ်ရွက်ပေါင်းမှ တစ်ရွက်ဖြစ်လာနိုင်တဲ့ စွယ်တော်ရွက်လေးလိုပဲ နှစ်ကိုယ့်စိတ်တူဖြစ်လာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။ File size…2.16GB / 1.01GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ BpL ~ Jerrica ~ OeliuJ

Action • Comedy • Crime
5.1 2022 139 mins
Krishna Vrinda Vihari
Crawlspace
6.2

အပ်ကျသံကအစအကုန်သိနိုင်တဲ့မြို့ငယ်လေးတစ်မြို့က ရောဘတ်ဆိုတဲ့ပိုက်ပြင်သမားလေးတစ်ယောက်... သူ့ရဲ့သဘောမနောကောင်းမှုတွေကို မိန်းမဖြစ်သူကနားပူနားဆာလုပ်လို့ ပိုက်ပြင်ဖို့ဆိုပြီးထွက်သွားခဲ့ပါတယ်။ သူပြင်ရတဲ့ပိုက်နေရာက အိမ်ရဲ့အောက်မြေအောက်ခန်းငယ်လေးထဲမှာ..တွားသွားပြီးသွားမှရတဲ့နေရာလေးပေါ့။ ဒီလိုနေရာထဲဝင်ပြီးပိုက်ပြင်နေရာက မထင်မှတ်ထားတဲ့ပြဿနာတစ်ခုနဲ့ကြုံတွေ့သွားရတဲ့အခါမှာတော့... ဒီကားလေးကတော့ စိတ်လှုပ်ရှားသဲထိပ်ရင်ဖိုကားတွေကြိုက်သူတွေအတွက် ရွှေးချယ်လို့ကောင်းမယ့် Rated R , Thriller ကားသစ်လေးပဲဖြစ်ပါတယ် ။ File Size__(1.6GB) / (800MB) Quality__WEBRip_1080p, 720p IMDb Rating__5.7/10 Format__mp4 Duration__01:30:00 Type__Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by Naing Aung Latt

Fantasy
6.2 2022 90 mins
Crawlspace
The SpongeBob Movie: Sponge Out of Water
6.1

SpongeBob Squarepants ကိုတော့အားလုံးသိကြပြီးသားဖြစ်မှာပါ 2015 ခုနှစ်ကထွက်ရှိထားတဲ့ action & adventure movie ဖြစ်ပြီး IMDb 6/10 ရရှိထားပါတယ် ဒီတစ်ခေါက်မှာတော့ Mr. Krabs ရဲ့လျှို့ဝှက်ဟင်းချက်နည်းက ရုတ်တရက်ပျောက်သွားရာကနေအစပြုပြီး Krabby Patties တွေလည်းထပ်မရှိတော့တာကြောင့် Bikini Bottom ကြီးတစ်ခုလုံးပရမ်းပတာတွေဖြစ်ပြီး ကပ်ဘေးကြီးဆိုက်သွားပါတော့တယ် SpongeBob တို့သူငယ်ချင်းတစ်စုသားလျှို့ဝှက်ဖော်မြူလာကိုရှာရင်းကုန်းပေါ်အထိပါတက်သွားရတဲ့အထိပါပဲ သူတို့ကုန်းပေါ်မှာ လျှိူ့ဝှက်ဖော်မြူလာကိုပြန်ရှာဖို့စွန့်စားခန်းတွေဖွင့်ရင်း Bikini Bottom ကိုကယ်တင်ဖို့ကြိုးစားကြတာတွေကိုပျော်ပျော်ကြီးကြည့်ရှုရမှာပါ

Drama • Romance
6.1 2015 93 mins
The SpongeBob Movie: Sponge Out of Water
Possessor
6.3

အသစ်ထွက်လာတဲ့ သိပ္ပံစိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်တစ်ခု တင်ပေးထားပါတယ်။ အိပ်ရာခန်းတွေ လူသတ်တဲ့အခန်းတွေ ကြမ်းတမ်းလို့ ကလေးငယ်များ မိသားစုများ အတူမကြည့်သင့်ပါ။ ဇာတ်လမ်းကတော့ ကြေးစားလူသတ်သမား အမျိုးသမီးတစ်ယောက်ရဲ့ အကြောင်းပါ။ သူ လူသတ်ပုံက ထူးဆန်းပါတယ်။ သတ်ချင်တဲ့လူရဲ့ အနားက နီးစပ်တဲ့ လူတစ်ယောက်ရဲ့ ဦးဏှောက်ထဲကို ဝင်ရောက် ချိတ်ဆက်ထိန်းချုပ်ပြီး လူသတ်တာပါ။ သတ်ပြီးရင် သူထိန်းချုပ်ထားတဲ့သူကို သူ့ကိုယ်သူ သတ်သေခိုင်းပြီးတော့ သဲလွန်စ မကျန်တဲ့ အမှုတွေ အဖြစ် ဖျောက်ဖျက်ပစ်လိုက်တာပါ။ ဒါပေမယ့် သူ့ကိုယ်သူ ကိုမာ ဝင်သလိုဖြစ်အောင်လုပ် အခြားလူကိုယ်ထဲမှာ အသိစိတ်ထည့်ပြီး ဝင်နေရတာ လွယ်တော့မလွယ်လှပါဘူး။ သိပ္ပံနည်းပညာ အသစ်ဖြစ်တဲ့အတွက် အမှားအယွင်းတွေ ချို့ယွင်းချက်တွေလည်း ရှိနေပါတယ်။ ဒီတော့ သူ့ရဲ့စိတ်အခြေအနေလည်း အစစ်အမှန်နဲ့ အတုခွဲနိုင်ဖို့ ခက်လာသလို ယိုယွင်းလာပါတယ်။ နောက်ဆုံး လူသတ်ဖို့ ကြိုးစားတဲ့ အလုပ်တစ်ခုမှာတော့ မထင်ထားတဲ့ ပြဿနာတွေ ရှုပ်လာတဲ့အခါ..... File size… 900 Mb / 700 Mb Quality… Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre ... Sci-Fi, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Translated by Littleneo

Action • Crime • Drama • Thriller
6.3 2020 104 mins
Possessor
Operation Mayfair
6.3

Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။ မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။ စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် စီအမ်က တင်ဆက်ပေးလိုက်ပါတယ်…။

Romance • Comedy
6.3 2023 116 mins
Operation Mayfair
A Chinese Fairy Tale A Chinese Ghost Story
5.6

မိစ္ဆာမလေးနဲ့ ခပ်အအ လူငယ်လေးရဲ့ လောကတစ်ဖက်ခြား အချစ်ဇာတ်လမ်းလေးဟာ သိပ်ကိုလှပပြီး လွမ်းတရင်ဆို့ဖွယ်လေးပေါ့ဗျာ။ ကဝေမကြီးရဲ့ ထိန်းချုပ်မှုအောက်မှာ ယောက်ျားတွေကို မြူစွယ်လို့ ဝိညာဉ်အာဟာရ ရှာပေးရတဲ့ မိစ္ဆာမလေးတွေရဲ့ ဂန္ဓာလရာဇ် တစ်ထောင့်တစ်ညပုံပြင်လေးတစ်ခု။ ဒီဇာတ်ကားကို Joey Wong နဲ့ စတင်ရင်းနှီးခဲ့ရတာ။ လေပေါ်မှာလွင့်မြောနေပြီး ပိတ်စပါးပါးလေးတွေတလွင့်လွင့်နဲ့ သူ့ရဲ့အလှက ရွှေစင်ကို သကြားမင်းကိုယ်တိုင် ထုဆစ်ထားသလိုပါပဲ။ အဲဒီဇာတ်ကားဟာ သိပ်ကိုအောင်မြင်လွန်းလို့ ဟောင်ကောင်ရုပ်ရှင် ဂန္ထဝင်ဇာတ်ကား ၁၀၀ ထဲမှာ နံပါတ် ၅၀ ချိတ်ခဲ့တာပေါ့။ ဒါနဲ့ပဲ အဆက် ၂ ကား၊ animated ရုပ်ရှင်တစ်ကား၊ တီဗီ series တစ်ခုနဲ့ အခုတင်ဆက်ပေးမယ့် ၂၀၁၁ remake ဇာတ်ကားတို့ အဆင့်ဆင့်ရိုက်ကူးခဲ့ပါတယ်။ ဒီဇာတ်ကားမှာတော့ မကောင်းဆိုးဝါးမလေး စုစင်း နေရာမှာ Lui Yifei (ဂူးဂူး) ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဂူဂူးရယ်လို့ ထင်ရှားလှတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေးဟာ ဒီဇာတ်ကားမှာတော့ Joey Wong ရဲ့လောင်းရိပ်အောက်က ဖောက်မထွက်နိုင်ခဲ့ပါဘူး။ ဘယ်လိုပဲပြောပြော၊ မူလ A Chinese Ghost Story ရဲ့ဇာတ်ကွက်နဲ့ ကျောရိုးကိုဖောက်ထွက်ပြီး ရသအသစ်တွေကို ထပ်ပေးနိုင်တဲ့ကားဖြစ်ပါတယ်။ အချစ်မှာကန့်သတ်ချက်တွေမရှိဘူးဆိုကြပေမယ့် သဘာဝခြင်း ကွာခြားလှတဲ့လူသားနဲ့မိစ္ဆာလောက ၂ခုကြားမှာ လွမ်းမောဖွယ်အဖြစ် တည်ရှိနေမယ့် အချစ်တစ်ခုကိုမြင်တွေ့ရတာဟာ လက်တွေ့ဘဝတွေထဲမှာ အချစ်ကိုဖွေရှာခြင်းလို ရင်ကိုထိရှစေခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အားလုံးသိထားပြီးသားပါ။ မကောင်းဆိုးဝါးမလေးတွေကို ကဝေမကြီးကထိန်းချုပ်ပြီးခိုင်းစား။ ခပ်အအ လူငယ်လေး သူတို့ဆီရောက်လာ။ စုစင်း နဲ့တွေ့။ ချစ်မိသွား။ စုစင်း က သူ့ကိုကာကွယ်။ တာအိုဆရာတွေနဲ့ ကဝေမကြီးနဲ့ချ။ နိုင်ချွေးစန် ဆိုတဲ့ ခပ်အအလူငယ်လေး ကဝေမကြီးလက်က စုစင်းရဲ့ ခန္ဓာကိုယ်ကို ခိုးယူပြီး ထွက်ပြေးကြတဲ့ဇာတ်လမ်းပါပဲ။ ကဲ။ သရဲကားကို စောင်ကိုက်ပြီး ကြည့်ကြရအောင်လား‌ဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်)

Horror • Romance
5.6 2011
A Chinese Fairy Tale A Chinese Ghost Story
The Believer
7.1

The Believer (2001) ~ IMDb – 7.1/10, Rotten Tomatoes – 82% ~ ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။ အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာ ဘယ်လိုဖုံးကွယ်လို့ရမလဲ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုခံစားရတာပဲမလား။ အစကနေ အဆုံးထိ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။ ဒီရုပ်ရှင်က ကြည့်ရှုတဲ့သူတွေကို ရှုပ်ထွေးတဲ့ယုံကြည်သက်ဝင်ခြင်းတွေအပေါ် ပြန်မေးခွန်းထုတ်စေတယ်။ ဒန်နီရဲ့ ဘဝကို ခြေရာကောက်ရင်း သူ့စိတ်တွင်းပဟေဠိတွေအပေါ် ဘယ်လိုအဖြေထုတ်ကြမလဲ ရွေးချယ်ခွင့်တွေပေးထားတယ်။ အစွန်းရောက်လွန်းနေတဲ့ ဒန်နီရဲ့ အတွေးအခေါ်တွေကို ကြည့်ရှုသူတွေနဲ့ ထိတွေ့ခွင့်ပေးပြီး ဒီလို ဆိုးယုတ်တဲ့လမ်းစဉ်အပေါ် ဘာကြောင့်လျှောက်လှမ်းစေသလဲဆိုတဲ့အဖြေကို ကြည့်ရင်းရှာဖို့ သဲလွန်စလေးတွေ ချန်ပေးခဲ့တယ်။ ရုပ်ရှင်ဇာတ်ကြောကောင်းလွန်းတဲ့အပြင် ရိုက်ကူးထားတဲ့ပုံစံကလည်း နက်နဲပြီး ကဗျာဆန်တယ်။ ဒန်နီရဲ့ စိတ်ကူးတွေကို အဖြူအမည်းနဲ့ အရောင်ခြယ်လိုက်ခြင်းက သူ့ရင်ထဲ စိုက်တဲ့ဓားသွားတွေ ဘယ်လောက်ထက်သလဲဆိုတာကို သွယ်ဝိုက်ဖော်ပြနေခဲ့သလိုပဲ။ အဲဒီလိုနောက်ကြောင်းပြန်တဲ့ပုံစံတွေက ဒန်နီရဲ့ စရိုက်ကို ပါ ထင်းနေအောင် ဖော်ပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပါ ဒန်နီဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလားလို့ ထင်ရစေတယ်။ ဒီရုပ်ရှင်ကို အဓိကထူးခြားစေတာက ရုပ်ရှင်ထွက်ပြီး ပေါ်လာတဲ့ဝေဖန်သံတွေပဲ။ လူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေပိုဖြစ်စေမယ်လို့ ဝိုင်းဝေဖန်ကြတယ်။ ဒါကတော့ ကြည့်ရှုသူနဲ့ပဲဆိုင်ပါလိမ့်မယ်။ လူမျိုးရေး၊ အစွန်းရောက်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကဆွေးနွေးကြတိုင်း ဒီရုပ်ရှင်အကြောင်းက မပါမဖြစ်ပါခဲ့၊ ပါနေဆဲပဲ။ ဒီရုပ်ရှင်ဟာ လူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ထားပြီး လူသားတွေရဲ့ စိတ်တွင်းအခြေအနေကိုပါ ထင်ဟပ်ထားတယ်။ စိတ်တွင်း ပဋိပက္ခတွေကနေ အစွန်းရောက်ခြင်းလမ်းမပေါ် ချော်ထွက်သွားဖို့ ဘယ်လောက်လွယ်ကူသလဲ။ ရုပ်ရှင်ပြီးတဲ့အချိန်အထိ မေ့မရမယ့် အတွေးတွေ ချန်ပေးခဲ့မယ့် ရုပ်ရှင်တစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 970MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 38Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
7.1 2001 98 mins
The Believer
Hell House LLC III: Lake of Fire
5.1

Hell House LLC III: Lake of Fire (2019) Hell House Franchise ရဲ့ တတိယမြောက်ဇာတ်ကားမို့ ကြည့်ရှုသူတွေအဖို့ အထွေအထူး ညွှန်းစရာတော့ လိုမှာမဟုတ်ပါဘူး။ ဒီကားမှာတော့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ Abaddon ဟိုတယ်ကို ပြန်လည်ဖွင့်လှစ်ဖို့ ကြိုးစားကြမှာဖြစ်ပါတယ်။ Insomnia ရဲ့ ပိုင်ရှင်ဖြစ်တဲ့ Russell Wynn က သူ့ရဲ့ Audience – Interactive Showကို ဒီလို သရဲခြောက်ပြီး လျှို့ဝှက်မှုအပြည့်နဲ့ဟိုတယ်ထဲမှာ တင်ဆက်ဖို့ စီစဉ်လာပါတယ်။ “Morning Mysteries”ဆိုတဲ့အမည်နဲ့ အပိုင်းကို ထုတ်လွှင့်ပြသမှာ ဖြစ်ပြီးတော့ ဗန်နက်ဆာဆိုတဲ့အမျိုးသမီးပါဝင်တဲ့ တင်ဆက်သူအဖွဲ့​က ဒီရှိုးနဲ့ပတ်သက်ပြီး အားလုံးကိုရိုက်ကူးဖို့ ခွင့်ပြုချက်ရထားပါတယ်။ ဖွင့်ပွဲမတိုင်ခင် ရိုက်ကူးရေးတွေ ပြင်ဆင်နေတုန်းမှာပဲ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တွေက စတင်လာပါတယ်။ ရှိုးမှာပါဝင်မဲ့ သရုပ်ဆောင်တွေဟာ ဟိုတယ် မြေအောက်ခန်းမှာ လူနဲ့မတူတဲ့ အရာတွေနဲ့ တွေ့ကြုံလာရပြီးတော့ နှုတ်ထွက်တာတွေ ဖြစ်လာကြပါတယ်။ နဂိုတည်းက လူအသေအပျောက် တောက်လျှောက်ဖြစ်နေတဲ့ ပစ္စန္တရစ်ဟိုတယ်ကြီးထဲမှာကျင်းပမဲ့ နတ်ဆိုးနဲ့အပေးအယူလုပ်တဲ့ပြဇာတ်ဟာ ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာတော့ Hell House LLC III ထဲမှာ ဆက်လက်ကြည့်ရှုကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Roseline မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 795MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 25Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Roseline Encoded by Y

Science Fiction • Drama • Mystery
5.1 2019 85 mins
Hell House LLC III: Lake of Fire
War On Terror: KL Anarchy
6.7

War on Terror : KL Anarchy (2023) နိုင်ငံတကာက ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ မီးသတ်တပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားတို့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ ဂုဏ်ပြုဇာတ်ကားတွေရဲ့အားနည်းချက်က အရမ်းအမွှန်းတင်လွန်းတာပါပဲ။ ဘယ်လိုဖြစ်တယ် ညာလိုဖြစ်တယ် ပေါ်လစီတွေများနေတာကိုး။ ဒါပေမဲ့လဲ နိုင်ငံတိုင်းကလဲ သူတို့နိုင်ငံမှာရှိတဲ့ တပ်ဖွဲ့အသီးသီးကို အမွန်းတင်ပြီး ဂုဏ်ပြုဇာတ်ကားတွေ ရိုက်ပေးနေကြတုန်းပါပဲ။ ဒီလိုရိုက်ပေးတာကိုက သူတို့ရဲ့စိတ်ဓာတ်ကို မြင့်တင်ပေးတဲ့သဘောပါပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူတွေက ပေါ်လစီတွေ အမွှန်းတင်တာတွေကို ကြည့်ရပါများလာတော့ သိပ်မကြိုက်ကြတော့လို့ လက်တွေ့နဲ့နီးစပ်လာတာတွေကို ပြောင်းရိုက်လာကြပါတယ်။ ဒါပေမဲ့ အနည်းကျဉ်းတော့ ပါနေကြတုန်းပါပဲ။ အဲ့လို ပေါ်လစီတွေ အမွှန်းတင်တာတွေလဲ မများဘဲ အရင်ခေတ်က ရဲအက်ရှင်ကားတွေလိုမျိုး အက်ရှင်ကြမ်းကြမ်းနဲ့ ဗီလိန်ကလည်း စောင်ငနုမဟုတ်တဲ့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြည့်ချင်သူတွေအတွက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလကမှ ထွက်ရှိထားတဲ့ မလေးရှားရဲတပ်ဖွဲ့ဂုဏ်ပြုဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း … ကာလစ်ဆိုတဲ့ ရဲဝန်ထမ်းတစ်ယောက်ဟာ မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေသူပါ။ အလုပ်မှာတော်တဲ့ရဲတစ်ယောက်ဖြစ်သလို သူစိတ်ထင်ရာကိုလုပ်တတ်တဲ့သူမို့လဲ အဖွဲ့ခေါင်းကကြည့်မရတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ခန့်မှန်းချက်တွေက အမြဲမှန်နေတတ်လို့ တပ်ဖွဲ့ကနေလဲ စွန့်လွှတ်လို့မရတဲ့သူတစ်ယောက်ပေါ့။ တစ်နေ့မှာတော့မလေးရှားနိုင်ငံက လက်နက်ကုမ္ပဏီတစ်ခုရဲ့ လက်နက်နဲ့ဖောက်ခွဲရေးပစ္စည်းတွေကို တင်ပို့လာတဲ့ရထားကို ဓားပြတိုက်သွားပြီး လက်နက်ပစ္စည်းတွေအများပြားပျောက်ဆုံးပြီး ရထားပေါ်မှခရီးသည်တွေသေကြေထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။ ပျောက်ဆုံးသွားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ လဲပျောက်ချင်းမလှပျောက်သွားတဲ့အတွက် မလေးရှားရဲတပ်ဖွဲ့အတွက် ရတက်မအေးစရာဖြစ်လာခဲ့ပါပြီ။ ဒါဟာ အကြမ်းဖက်အဖွဲ့နဲ့သက်ဆိုင်နေတဲ့အမှုဖြစ်တဲ့အတွက် မလေးရှားအကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့ကို တာဝန်ပေးခဲ့ရာမှ ကာလစ်တို့အဖွဲ့ ဘယ်လိုအကြမ်းဖက်သမားတွေနဲ့ ကြုံရမလဲ ပျောက်သွားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကို ဘယ်လိုပြန်ရှာဖွေကြမလဲဆိုတာ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ဖြစ်ပါတယ်) Genre….. Action, Crime, Thriller Quality…. 1080p | 720p File size… 1.3GB | 709MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

6.7 2023
War On Terror: KL Anarchy
The Crow: Wicked Prayer

ဒီကားကတော့ 2005 မှာထွက်ခဲ့တဲ့ The crow ရဲ့ လေးကားမြောက်ဖြစ်ပြီး Edward Furlong က The crow အဖြစ်ပါ၀င်သရုပ်ဆောင်ထားပါတယ်။ The crow sequel တွေထဲမှာ အစုတ်ပြတ်ဆုံးဖြစ်ပြီးတော့ imdb 3 out of 10 တောင် ရထားပါတယ်။ Dialogue တွေဟာကောင်းလွန်းလို့ Cringe ဖြစ်ပြီး သေသွားနိုင်ပါတယ်။ အဲ့လောက်ကောင်းတဲ့ကားကြည့်ချင်တဲ့လူတွေအတွက်တော့ ဒီကားဟာ ကြည့်ရအဆင်ပြေမှာပါ။ ဒီတစ်ကားမှာတော့ The crow ဖြစ်လာမယ့် Luc Crash ရဲ့ ကောင်မလေး ထုံးစံအတိုင်း အသတ်ခံလိုက်ရတာကနေ ဘယ်လိုလက်စားချေမလဲကို တဝါးဝါးသန်းပြီး ကြည့်ရှုရမှာပါ (အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့စကားတွေပါပါတယ်) File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wai Hlyan Phyo Pai

0 2005
The Crow: Wicked Prayer
Amish Affair
5.6

ဒီဇာတ်ကားလေးကတော့ ပရိသတ်ကြီးသဘောကျလောက်မယ့် 2024 တုန်းက ထွက်ရှိခဲ့တဲ့ ဖြစ်ရပ်မှန် Drama ဇာတ်ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Robin Hays က ရိုက်ကူးထားပြီးတော့ အဓိက သရုပ်ဆောင်တွေအဖြစ် Ryan McPartlin, Mackenzie Cardwell, Dana Stoutenburg တို့က ပါဝင်ထားပါတယ်။ အမေရိကန်နိုင်ငံမြောက်ပိုင်းမှာဆိုရင် Amish ဆိုတဲ့ လူမျိုးစု လိုမျိုး သီးခြားလူ့အသိုင်းအဝိုင်းတစ်ခုရှိပါတယ်။ သူတို့တွေဟာ ဘာသာရေးအရမ်းကိုင်းရှိုင်းကြပြီးတော့ ပြင်ပ ကမ္ဘာကနေ သီးသန့်ခွဲထွက်ပြီးနေကြပါတယ်။ ခေတ်မီပစ္စည်းကိရိယာတွေဖြစ်တဲ့ မိုဘိုင်းဖုန်းတွေ ကားတွေကို အသုံးမပြုကြပဲ စက်ဘီးတွေ မြင်းလှည်းတွေနဲ့ပဲ သွားလာ ကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူနာပြုစုဖို့အတွက် ပြင်ပကမ္ဘာကနေ ရောက်လာတဲ့ Hannah ဆိုတဲ့ကောင်မလေးဟာ လူနာရဲ့ယောက်ျား ဖြစ်သူနဲ့ ချစ်ကြိုက်မိသွားပြီးတော့ ဖောက်ပြန်မိသွားပါတယ်။ အဲဒီနောက် သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းကို ဘာသာရေးတင်းကြပ်မှု တွေနဲ့ ရှေးရိုးဆန်လှတဲ့လူ့အသိုင်းအဝိုင်းကြားမှာ ရှေ့ဆက်ဖို့ ကြိုးစားကြပုံကို ကြည့်ရှုကြရမှာပါ။ ဇာတ်အလှည့်အပြောင်းတွေ မမျှော်လင့်ထားတဲ့လှည့်ကွက်တွေနဲ့ ကြည့်ရှုသူကို အစကနေအဆုံးထိ မျောပါသွားအောင် စွဲဆောင် နိုင်ပြီးတော့ ရသမျိုးစုံခံစားရမှာပါ။ IMDb rating မှာ 5.6 သာ ရထားပေမယ့် တကယ်ကြည့်လို့ ကောင်းပြီးတော့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် recommend ပေးပါရစေ။ File size… (1.06 GB) / (559 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Drama • Comedy • Fantasy
5.6 2024 86 mins
Amish Affair
A Simple Wish
5.3

A Simple Wish (1997) Fairy Godmother ဆိုတဲ့ နတ်သမီးအသွင်နဲ့ အဘွားအိုတွေကို ငယ်ဘဝက ကြည့်ရှုဖူးတဲ့ကာတွန်းဇာတ်လမ်းတွေမှာ မကြာခဏမြင်ရဖူးပါတယ်။ စိတ်နှလုံးသားဖြူစင်သူတွေရဲ့ဆုတောင်းတစ်ခုကို ဖြည့်ဆည်းပေးတတ်ကြတဲ့ Motherly Figure ဇာတ်ကောင်တွေလည်း ဖြစ်ကြပါတယ်။ ဒီဇာတ်လမ်းလေးမှာတော့ နတ်သူငယ်ခေါင်းကိုင်အမေ၊ ဆန်တာဘိုးဘိုး၊ သွားနတ်သမီး စတာတွေကို အကြွင်းမဲ့ယုံကြည်ထားသူကလေးမလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့ဆုတောင်းလေးတစ်ခုအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ ဘရော့ဒ်ဝေးပြဇာတ်ရုံမှာ ဖျော်ဖြေမယ့် ပြဇာတ်အတွက် ဇာတ်ကောင်နေရာကို လိုချင်နေတဲ့ အန်နာဘယ် နဲ့ ချာလီတို့ရဲ့ဖခင်ဖြစ်သူ အိုလီဗာဟာ လူရွေးပွဲမှာတော့ ကံမကောင်းခဲ့ဘဲ နာမည်ရပြီးသား သရုပ်ဆောင်တစ်ယောက်ရဲ့နောက်က နံပါတ် (၂) နေရာသာ ချိတ်သွားခဲ့ပါတယ်။ သာမန်မြင်းလှည်းမောင်းသမားတစ်ယောက်ဖြစ်ပေမယ့် အသံဩဇာ ပါရမီပါသူ ဖခင်အတွက် သူလိုချင်တဲ့ ပြဇာတ်သရုပ်ဆောင်ဘ၀ရရှိအောင် ဖြည့်ဆည်းပေးချင်နေတဲ့ အန်နာဘယ်ဟာ Fairy Godmother တစ်ယောက်ဖြစ်နေပေမယ့် ယောကျ်ားဘဝကို ပိုင်ဆိုင်ထားသူဖြစ်တဲ့ မာရေးနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အရွယ်ရောက်ခါစဖြစ်တဲ့ အစ်ကိုဖြစ်သူ ချာလီ နဲ့ နတ်သမီးပုံပြင်တွေအကြောင်းကို ငြင်းခုန်ပြီး အိပ်ရာဝင်သွားတဲ့ညမှာပဲ မောင်နှမနှစ်ယောက်ရဲ့ အိပ်ခန်းထဲကို Fairy Godmother တစ်ယောက်ဖြစ်တဲ့ မာရေး ရောက်ရှိလာခဲ့ပါတယ်။ ဆုတောင်းတစ်ခုကို ဖြည့်စွမ်းပေးမယ့် သူဖြစ်ကြောင်း သိသိချင်းမှာပဲ ဖခင်ဖြစ်သူ လိုချင်နေတဲ့ ဇာတ်ကောင်နေရာအတွက် ဆုကို တောင်းပေးခဲ့ပါတယ်။ မာရေးကလည်း ဆုတောင်းဖြည့်ပေးတော့မယ့်ဆဲဆဲမှာ Fairy Godmother များ နှစ်စဉ်တွေ့ဆုံပွဲကျင်းပရာကို အလျင်စလို ထွက်သွားခဲ့ပါတယ်။ မာရေး ကျန်ရစ်ခဲ့တဲ့ မှော်နှင်တံကို တွေ့ပြီး အန်နာဘယ်က အမီပြန်လိုက်ပေးဖို့ ရည်ရွယ်ခဲ့ပါတယ်။ သမီးအန်နာဘယ်နဲ့အတူတွေ့ရတဲ့ မှော်နှင်တံကို အိုလီဗာက အလေးအနက်မထားခဲ့ပေမယ့် သူတို့မိသားစုဘဝထဲကို ဆန်းကြယ်မှုတွေက ကမ်းခြေကိုကပ်လာတဲ့ လှိုင်းလုံးများလို တစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့ပါတော့တယ်။ အိပ်ရာဝင်ပုံပြင်လေးတွေကို ဖက်တွယ်ယုံကြည်နေဆဲဖြစ်တဲ့ ကလေးငယ်လေးတွေရဲ့ ယုံကြည်မှုကို ဆက်ပြီးတွန်းအားပေးချင်စရာ ဇာတ်ကားလေးတစ်ကားကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ File size… 1.91 GB / 1.04 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 29m Genre ….. Comedy/Family/ Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

5.3 1997 86 mins
A Simple Wish