YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nevertheless The Shapes of Love (2024) E03 WEB-DL 720p (CM).mp4

180.39 MB N/A video/mp4 89 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Doom Generation
6.3

ဒီဇာတ်ကားထဲမှာတော့ ချောမောလှပတဲ့မိန်းမပျိုတစ်ယောက် ပါဝင်သော လူငယ်သုံးယောက်ရဲ့ အချစ်ရမ္မက်ထန်မှုနှင့်အတူ ရူးမိုက်မိုက်လုပ်ရပ်တွေကို မြင်တွေ့ရမှာပါ ... 18+ကားဆိုပေမယ့် ဇာတ်လမ်းသွားလေးနဲ့ကြည့်လို့ဖီးလို့ကောင်းမှာပါ... ဇာတ်လမ်းအကျဉ်းက အေမီဆိုတဲ့ခပ်မိုက်မိုက်ကောင်မလေးနဲ့ ဂျော်ဒန်တို့ ချစ်သူနှစ်ယောက်ရဲ့ကြားကို ဇာ‌ဗီယာလို့ခေါ်တဲ့ ရူးမိုက်မိုက်ကောင်လေးတစ်ယောက် ဝင်လာခဲ့ရာကစခဲ့တာပါပဲ. ..သူတို့သုံးယောက်ဆုံတဲ့ညမှာပဲ လူသတ်မှုတစ်ခုကိုကျူးလွန်မိခဲ့ကြတယ်.. အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့... File Size :(650 MB) and (224 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Adult , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ZZA Encoded by DS

Drama • Mystery • Thriller
6.3 1995 83 mins
The Doom Generation
Beneath the Green
3

ဇာတ်လမ်းလေးကတော့ ကေလတ်ဟာသစ်တောထဲက တစ်နေရာမှာနိုးထတယ်၊ ဘယ်နေရာကို ဘာကြောင့်ရောက် နေမှန်းလဲမသိဘူး၊ အဲ့အချိန်မှာ ဟန်တာကသူ့ကိုလာခေါ်တယ်၊ ဟန်တာ ကေလတ်ကို သူတို့ဟာ ဒီဂြိုလ်တဲ့အတိတ်ကာလမှာ ရောက်နေတာဖြစ်ပြီး လွတ်လမ်းမရှိဘဲ ထပ်ခါထပ်ခါဒီနေရာ မှာပဲနေနေရတဲ့အကြောင်းကိုပြောပြပြီးတော့ အခြားသူတွေရှိတဲ့ နေရာကိုခေါ်သွားတယ်၊ အခြားသူတွေက ထွက်လမ်းဝင်လမ်း မရှိတဲ့ဒီနေရာကိုရောက်လာတဲ့ ကေလတ်ကို ကယ်တင်ဖို့လာတယ် လို့ထင်နေကြတာပေါ့။ အဖွဲ့သားတွေအကုန်လုံးကလည်းဖြစ်ရပ်တွေအကုန်လုံးကို ဘာမှ မမှတ်မိပဲ စူးစမ်းစုံစမ်းရင်းရလာတဲ့အချက်အလက်တွေကိုမှီခိုပြီး လွတ်လမ်းကိုရှာဖွေနေကြပါတယ်။အကုန်လုံးကလွတ်လမ်းအတွက် တံခါးတစ်ချပ်ရှိမယ်လို့ယုံကြည်ထားပြီးတံခါးကိုရှာဖွေနိုင်မှသာ လွတ်မြောက်မယ်လို့ယုံကြည်ထားကြပါတယ်။ အရင်ကအဖွဲ့ဝင် ဗစ်တာဆိုတဲ့တစ်ယောက်က သူတို့ထဲကပျောက်သွားပြီးလွတ်သွား တယ်လို့ထင်နေကြပါတယ်။ အဲ့ဒါကြောင့်ကေလတ်ကိုသူတို့အတွက် လွတ်လမ်းရှာဖွေပေးနိုင်မယ့်သူလို့ ယုံကြည်ကြတာပေါ့။ ဒါကြောင့် ကေလတ်တစ်ယောက်အဖွဲ့သားတွေကို တကယ်ပဲကယ်တင်နိုင်မလား ဒါမှမဟုတ် အတိတ်မှာပဲပိတ်မိနေမလားဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.2 GB) / (473 MB) / (340 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Sci-Fi Translator.......Tin Myo Lwin Encoder..........SWM

Comedy • Drama • Family • Romance
3 2023 81 mins
Beneath the Green
The Reef
5.7

ရွက်လှေတွေကို ကမ္ဘာအနှံ့လိုက်ပို့ရတဲ့အလုပ်နဲ့ အသက်မွေးနေတဲ့လုခ်ဟာ ရွက်လှေတစ်စင်းကို မပို့ခင် အားလပ်ရက်အပန်းဖြေခရီးထွက်လာတဲ့ သူငယ်ချင်းတွေကို ရွက်လှေအပျော်စီးဖို့ခေါ်ထားပါတယ်။ ဒါပေမယ့်လကျွန်းတစ်ကျွန်းကိုသွားပြီးအပြန်မှာ ကံဆိုးချင်တော့ သန္တာကျောက်တန်းနဲ့တိုက်မိပြီး လှေပက်လက်လန်သွားပါတော့တယ်။ ဘေးပတ်ပတ်လည် ရေကိုသာတွေ့ရတဲ့ ပင်လယ်ထဲတဖြည်းဖြည်းမြုပ်လာနိုင်တဲ့ လှေပက်လက်ပေါ်မှာ လုခ်တို့ဟာ ကယ်မယ့်လူတစ်ယောက်ယောက်ရောက်လာတဲ့အထိ လှေပေါ်ကပဲစောင့်မလား ၁၀မိုင်ကကျွန်းလေးတစ်ခုဆီ လက်ပစ်ကူးမလား ဆုံးဖြတ်ချက်ချရပါ့တော့မယ်... File size…(1.6GB)/(867MB) Quality….Webrip 1080p / 720p  Format…mp4 Duration….01:34:00 Genre...Adventure / Drama / Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T Nyein

Action • Drama
5.7 2010 88 mins
The Reef
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
Shang-Chi and the Legend of the Ten Rings
7.6

အားလုံးစောင့်နေကြမယ့် ရှမ်းကြီးလာပါပြီ။ ဒီရုပ်ရှင်ဇာတ်လမ်းကတော့ End Game အပြီး လူတွေ ကမ္ဘာပေါ်ကို ပြန်ရောက်ရှိနေတဲ့ ကာလမှာ အခြေတည်ထားတာပဲဖြစ်ပါတယ်။ အဓိကဗီလိန်ကတော့ The Mandarine ပါ။ အိုင်ရွန်မန်း-၃ မှာတုန်းက မန်ဒရင်းအတုနဲ့တွေ့ခဲ့ကြတာ မှတ်မိကြဦးမှာပါ။ ဒီတစ်ခါတော့ မန်ဒရင်းအစစ်လာပါပြီ။ စူပါပါဝါတွေရယ် မသေမျိုးအဖြစ်ရယ်ကို ပေးနိုင်စွမ်းရှိတဲ့ ဒဏ္ဍာရီလာ ကွင်းဆယ်ကွင်းကို ပိုင်ဆိုင်ထားပြီး လျို့ဝှက် အဖွဲ့ကြီးတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ရှန်းချီကတော့ သူ့အဖေခိုင်းတာတွေကို မလုပ်ချင်တော့လို့ ငယ်ငယ် ကတည်းက အိမ်ကထွက်ပြေးပြီး ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းသမားလေးပဲဖြစ်ပါတယ်။ ရှမ်းချီဇာတ်ကောင်ဟာ မာဗယ် ဟီးရိုးတွေထဲက သိုင်းအတော်ဆုံးဇာတ်ကောင်ဖြစ်ပြီး Iron Fist နဲ့ လက်ရည်တူလောက်ရှိပါတယ်။ ကပ္ပတိန်တို့ စပိုက်ဒီတို့ကိုတောင် သိုင်းသင်ပေးဖူးပါသေးတယ်။ ဒီရုပ်ရှင်အဆုံးမှာတော့ ထုံးစံအတိုင်း post-credit scene နှစ်ခု ပါတာမို့ ရှာကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File Size - (6.7 GB)&(2.59 GB)&(1.57 GB )&(700 MB) Quality –Blu-Ray 4K (IMAX) HEVC , 1080p , 720p, 480p Duration - 2hr 12min Subtitle – Myanmar Hardsub Format – MKV / MP4 Genre : Action, Adventure, Fantasy Translator – Mr.Anderson Encoder – San Win Maung, Phyo Pyae

Drama • Thriller
7.6 2021 132 mins
Shang-Chi and the Legend of the Ten Rings
The Little Things
6.3

စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက် ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံ လိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီး ဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက် များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက် သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 7min Subtitle – Myanmar Hardsub Format – Mp4 Genre : Crime, Drama, Thriller Source : 1080p.WebRip Translator – Littleneo Encoder – SWM

Comedy • Drama • Romance
6.3 2021 128 mins
The Little Things
High & Low The Worst X
6.5

High & Low The Worst X ကတော့ ၂၀၂၂ တုန်းကနောက်ဆုံးထွက်ထားတဲ့ ၇ ကားမြောက်ဇာတ်ကားဖြစ်ပြီး High & Low The Worst အပြီး ၃ နှစ်အကြာမှာ ဇာတ်လမ်းတည်ထားတာပါ။ အိုယာကျောင်းဂိုဏ်းဟာ ခေါင်းဆောင်အသစ်နဲ့အတူ ဂိုဏ်းအားလုံးထဲမှာ အတောင့်တင်းဆုံးနီးပါးအထိဖြစ်လာပြီး ဒါကို ပြဿနာရှာချင်တဲ့ ဆဲနိုမွန်ကျောင်းဂိုဏ်းက တခြားအဖွဲ့နှစ်ဖွဲ့နဲ့ပေါင်းပြီး အိုယာကျောင်းဂိုဏ်းကိုဖျက်ဆီးကြတဲ့အခါမှာ သုံးဖွဲ့တစ်ဖွဲ့ချကြပါတယ်။ ဇာတ်ကောင်အဟောင်းအနေနဲ့ကတော့ တိုဒိုရိုကီ၊ ဖူဂျီအို၊ ဆာချီအိုနဲ့ တခြားဇာတ်ပို့တွေပြန်ပါမှာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေအများကြီးနဲ့ ကျစ်လစ်တဲ့ဇာတ်အိမ်ကြောင့် ကြည့်ဖို့နှစ်ခါမစဉ်းစားသင့်တဲ့ဇာတ်ကားပါ။ File size…2.26GB / 1.12GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kasashi

Crime • Comedy • Horror • Thriller
6.5 2022
High & Low The Worst X
[18+] Lan Kwai Fong

Lan Kwai Fong (2011) Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။ Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။

0 2011
[18+] Lan Kwai Fong
Rahel Makan Kora
7.9

Rahel Makan Kora (2024) “ချစ်ခြင်းတရားမှာ သက်သေတည်” IMDb – 8.1/10 ရင်ကိုနွေးစေမဲ့ မလေယာလမ်းစကားပြော မိသားစုဒရာမာ အိန္ဒိယရုပ်ရှင်လေးတစ်ကားကို တင်ဆက်ပေးပါရစေ။ ဂါတမီဆိုတာ ဇွဲကောင်းမှု စိတ်အားထက်သန်မှုနဲ့အတူ စိတ်ဓာတ်မာကျောတဲ့ အမျိုးသမီးလေးတစ်ယောက်။ မိသားစုကြီးရဲ့တာဝန်ကို အပြည့်အ၀ယူထားပြီး အခက်အခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရပေမဲ့ မှန်တာကို ရဲရဲဝင့်၀င့်ထောက်ပြရဲတဲ့ အာဂသတ္တိခဲမလေး။ အသားယူတတ်တဲ့ အလုပ်ရှင်တွေကို ငြိမ်ခံမနေဘဲ တုံ့ပြန်တာကြောင့် အလုပ်အမျိုးမျိုးပြောင်းလုပ်နေရတဲ့သူ။ ကိုရာကတော့ မိခင်နဲ့အတူ သားမိနှစ်ယောက် အေးချမ်းတဲ့ဘ၀လေးကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်။ မိခင်ဖြစ်သူကတော့ ရပ်ကွက်ရဲ့ အော်ကြောလန် အမှန်တရားဘက်တော်သားကြီးပေါ့။ မိခင်ဖြစ်သူက ဂါတမီလေးကိုတွေ့တော့ သဘောအကျကြီးကျပြီး စိတ်ထဲမှာ သားတော်မောင်နဲ့ကြိတ်ပြီး သဘောတူနေလေရဲ့။ ဒါပေမဲ့ ဂါတမီနဲ့ ကိုရာတို့မှာကလည်း အရင်ဆုံဖူးသား ဇာတ်လမ်းလေးရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.9 2023
Rahel Makan Kora
Boneyard
6

Legendary Rapper ကြီး 50 Cent ပါဝင်သရုပ်ဆောင် ထားတဲ့အပြင်ကိုမှ ၂၀၀၉ ခုနှစ်တုန်းက နယူးမက္ကဆီကို အယ်လ်ဘူကာကီမှာဖြစ်ခဲ့တဲ့ ၁၅ နှစ်ကြာတာတောင်မှ အခုထက်ထိ အဖြေမရှာနိုင်သေးတဲ့ အမျိုးသမီးတွေ အများကြီးကို သတ်ဖြတ်ပြီးတစ်နေရာတည်းမှာ စုပြုံမြှုပ် ခဲ့တဲ့ကွင်းဆက်လူသတ်မှုကြီးကို အခြေခံပြီးပြန်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်း ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေး လိုက်ပါတယ်။အဲ့ဒီကွင်းဆက် လူသတ်သမားမြှုပ်နှံခဲ့တဲ့ အမျိုးသမီးတွေကို ရဲတွေတွေ့ရှိခဲ့တဲ့အချိန်မှာ မြေကြီးထဲမှာ ရှိနေတာတော်တော်ကြာနေပြီဖြစ်တဲ့အတွက် အကုန်လုံး အရိုးဆွေးနေပြီဖြစ်လို့ဇာတ်ကားနာမည်ကို Boneyard လို့ နာမည်ပေးထားပါတယ်။ ဇာတ်လမ်းအစမှာတော့ အထက်မှာပြောခဲ့တဲ့အတိုင်းသေဆုံးခဲ့တဲ့ အမျိုးသမီးတွေရဲ့ အရိုးတွေကို ရဲတွေရှာတွေ့ခဲ့ကြပြီးနောက်ပိုင်း အကုန်လုံးကအလုပ်တွေရှုပ်ယှက်ခတ်ကုန်ကြတော့ပါတယ်။ ဒီလိုအမှုမျိုးဆိုတာကလည်း အယ်လ်ဘူကာကီရဲဌာနအတွက် အကြီးဆုံးအမှုဖြစ်ပြီး FBI တွေဖက်ဒရယ်တွေအကုန်လုံးက ပါပါဝင်ကူညီကြရပါတော့တယ်။ဒီအမှုကိုစလိုက်ခဲ့ပြီးနောက်ပိုင်းမှာ သိလာရတာက သေဆုံးသူအမျိုးသမီးတွေအများစုက ပြည့်တန်ဆာတွေ ဖြစ်နေကြတယ်ဆိုတာပါပဲ။ ဒီလိုနဲ့ အယ်လ်ဘူကာကီမှာ ကျဉ်လည်နေတဲ့ပြည့်တန်ဆာတွေဆီကို လိုက်စုံစမ်းရင်း သူတို့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ဘ၀တွေကိုပါ ပေါ်လွင်အောင်ရိုက်ကူးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်း ပြည့်တန်ဆာတွေအပေါ်မှာ အာဏာကိုအလွဲသုံးစား လုပ်ပြီး မတရားအနိုင်ကျင့်နေတဲ့ရဲ တစ်ယောက်အကြောင်းကို သိလာရတဲ့အပြင် တခြားသောသံသယရှိသူတွေပေါ်လာပြီး ဒီအမှုကြီးကို အောင်မြင်စွာဖော်ထုတ်နိုင်ဖို့အတွက်ကြိုးစားကြပုံ တွေကို စိတ်ဝင်စားစရာအပြည့် သည်းထိပ်ရင်ဖိုတွေအပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.31GB / 569MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6 2024
Boneyard
Mr Bachchan
4.5

Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Drama အိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။ တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ မရှိကြတော့တဲ့အခါမှာတော့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

4.5 2024 160 mins
Mr Bachchan
Invisible Alien
6

ဒီတစ်ခါတော့ CMကနေ သိပ္ပံဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဇာတ်ကြောင်းလေးကတော့… လူသားတွေဟာ Messenger လို့အမည်ရှိတဲ့ ဂြိုလ်တုကနေ အချက်ပြချက်ရရှိခဲ့ပြီး အဲ့ဒီဂြိုလ်တုမှာ ဉာဏ်ရည်မြင့်သက်ရှိတွေ ရှိနေနိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ် ဒါကြောင့် အနက်ရှိုင်းဆုံးအာကာသယာဉ်ဟာ Messenger ဆီသို့ သုသေသနလုပ်ဖို့ ရွက်လွင့်သွားခဲ့ပါတော့တယ် အနက်ရှိုင်းဆုံးအာကာသယာဉ်က Messenger ဂြိုလ်တုအတွက် ၇၁နှစ်ကြာရွက်လွင့်ပြီး ကမ္ဘာမြေသို့ ပြန်ရောက်ချိန်မှာတော့ ဝန်ထမ်းပေါင်း ၉၃ယောက်ထဲမှ ယင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ပဲ ပြန်ပါလာခဲ့ပါတယ် အဲ့ဒီအချိန်မှာ…ယင်က လူသားတွေကို သူတို့ယာဉ်ပေါ်မှာ ဘာတွေဖြစ်ခဲ့ပြီး ဘယ်လိုသက်ရှိမျိုးတွေနဲ့ ကြုံခဲ့ရတဲ့တာကြောင့် သူတစ်ယောက်တည်း ကမ္ဘာမြေကို ပြန်ရောက်လာတာလည်းဆိုတာ တဆင့်ချင်းစီ ပြန်လည်ရှင်းပြပေးသွားမှာမို့လို့ ဇာတ်လမ်းလေးကို စိတ်ဝင်စားဖွယ် ကြည့်ရှုကြရမှာပါ

6 2021 63 mins
Invisible Alien
Brothers’ Nest
6.5

Brothers’ Nest (2018) ************************* IMDb – 6.5,,,,Rotten..91% ခပ်ဆန်းဆန်းလေးပါပဲ…Thriller/Comedy ကားလေးပါ…ရယ်လည်းရယ်ရမယ် သည်းထိပ်ရင်ဖိုလည်းဖြစ်မယ်ပေါ့…. Plot Twist တွေနဲ့ အတော်ဆွဲဆောင်မှုရှိတယ်….ဇာတ်ကားတစ်ကားလုံးမှာ လူငါးယောက်ရယ် မြင်းတစ်ကောင်ရယ် အိမ်တစ်လုံးရယ် ကားနှစ်စီးရယ်ပဲပါတယ်… ကိုင်း… ဇာတ်လမ်းက ညီအစ်ကို နှစ်ယောက်က စတယ်…သူတို့ရဲ့ ပထွေးကို မကျေနပ်လို့ နိဂုံးချုပ်ပစ်ဖို့ကြိုးစားနေကြတာ.. .အဲ့လိုလုပ်ဖို့ကို Plan တွေအကျအနချပြီးလုပ်တဲ့ ဆရာကြီးညီအစ်ကိုနှစ်ယောက်ပေါ့… အဓိကဇာတ်ဆောင် ညီအစ်ကိုနှစ်ယောက်အဖြစ် တကယ့်ညီအစ်ကိုတွေဖြစ်တဲ့ Clayton Jacobson နဲ့ Shane Jacobson တို့က ပါဝင် သရုပ်ဆောင်ထားပါတယ်… ရှုစားကြည့်ပါဦး… File Size : 1.16GB/ 480MB Quality :WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:42:00 Genre : Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Comedy
6.5 2018 98 mins
Brothers’ Nest
Promised Hearts Setetes Embun Cinta Niyala
4.9

Promised Hearts (2025) IMDb Rating (4.9) Niyala က ဆရာဝန်ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို သူ့သူငယ်ချင်း Faiq နဲ့လိုက်ပြီး Faiq အမေတိုနဲ့ အတူနေကာ မြိုမှာပညာသင်ကြားခဲ့တယ်။ Niyala နဲ့ Faiq က ငယ်ငယ်လေးကတည်းက မောင်နှမတွေလို နေကြတယ်ဆိုပေမဲ့ Niyala က Faiq အပေါ်မှာ မောင်နှမထက်ပိုတဲ့ ခံစားချက်တွေ ရှိနေခဲ့တယ်။ Niyala ဆေးကျောင်းကနေ ဘွဲရပြီး ရွာကိုပြန်တော့ သူ့အဖေနဲ့ အစ်ကိုရဲ့ အကြွေးတွေကြောင့် Niyala ကို ငယ်ငယ်က အနိုင်ကျင့်နေကျကောင်လေးဖြစ်တဲ့ ရွာမှာ အချမ်းသာဆုံးသူဌေးရဲ့သား Roger နဲ့ လက်ထပ်ဖို ဖိအားပေးခံရပါတော့တယ်။ အဲဒီအပြင် Faiq ကလည်း သူနဲ့ လက်ထပ်မဲ့ မိန်းကလေး Diah ကို ရွာကိုခေါ်လာပြီး Niyala က သူ့မိသားစုကို ကယ်တင်ဖို Roger နဲ့ စေ့စပ်တာကို သဘောတူချိန်မှာတော့ ကိုယ်တိုင်တောင်မသိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေ၊ လှည့်စားမှုတွေကြားမှာ ဘာတွေဆက်ဖြစ်လာမလဲ… ကိုယ့်နှလုံးသားဆန္ဒကိုသိချိန်မှာ အရာအားလုံးနောက်ကျသွားပြီလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (860 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:54:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Comedy
4.9 2025 114 mins
Promised Hearts Setetes Embun Cinta Niyala