YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nevertheless The Shapes of Love (2024) E01 WEB-DL 1080p (CM).mp4

756.62 MB N/A video/mp4 118 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
Blackwood
3.7

ပိုက်ဆံရဖို့အတွက်ဆိုရင် ဘာမဆိုလုပ်တတ်တဲ့ဝရမ်းပြေး ဝိုင်လ်ဒါနဲ့ သူ့အဖွဲ့က Blackwood။ တောအုပ်ထဲမှာရွှေရှာသမားတွေနောက်လိုက်ပြီး ရွှေတွင်းတွေကိုတစ်ဖက်လှည့်နဲ့လုယူဖို့ ခိုင်းစေခြင်းခံခဲ့ရပါတယ်။ သူ့လူတစ်ယောက်ကိုသတ်သွားပြီးမြင်းကိုပါယူသွားတဲ့ အင်ဒီယန်းမလေး နောက်လိုက်ရင်း ဝိုင်လ်ဒါတို့အဖွဲ့ အိပ်ယာဝင်ပုံပြင်လိုဒဏ္ဍာရီဇာတ်လမ်းရှိတဲ့ Blackwood တောထဲရောက်လာရာကနေ ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ကို ကိုယ်တွေ့ကြုံဖို့ဖြစ်လာခဲ့ကြတဲ့အခါမှာတော့။ ၂၀၂၂ထွက် ကောင်းဘွိုင်းဇာတ်လမ်းဇာတ်သွားမျိုးနဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားလေးတစ်ကားကို ကြည့်ရှူခံစားသွားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Chit Tee ဖြစ်ပါတယ်) File Size..........(1.93 GB) / (584 MB) / (516 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Western Translator.......Chit Tee Encoder..........SWM

Horror
3.7 2022 98 mins
Blackwood
So Cold the River
5.6

ဝက်စ်ဘေဒန်မြို့လေးမှာ “ဘရက်ဒ်ဖော့ကျိန်စာ” ဆိုပြီးစိုးမိုးနေတဲ့အချိန် လူတွေကလည်း ဘရက်ဒ်ဖော့လို့ဆိုလိုက်တာနဲ့ အရမ်းကြောက်နေခဲ့ပါတယ်။ တကယ်တော့ သူတို့ကြောက်တာက ကမ့်ဘဲလ်ဘရက်ဒ်ဖော့ဆိုတဲ့လူကိုပါ။ သူကဘယ်လောက်ထိဆိုးသွမ်းလဲဆိုရင် ဘရက်ဒ်ဖော့မိသားစုဝင်တွေပါ အချင်းချင်းပြန်ကြောက်ရတဲ့အထိ သူ့နာမည်က နာမည်ဆိုးနဲ့ကျော်ကြားခဲ့ပါတယ်။ ကမ့်ဘဲလ်ဘရက်ဒ်ဖော့အကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးပါဆိုပြီးတော့ အဲရစ်ကာကိုအလုပ်လာအပ်ခဲ့ပါတယ်။ အဲရစ်ကာကလည်း ခေသူမဟုတ်။ သဘာဝလွန်တွေနဲ့ အဆက်အသွယ်ရှိတဲ့ ထူးခြားတဲ့လူတစ်ယောက်ဆိုပြီး မှတ်တမ်းရုပ်ရှင်နယ်ပယ်မှာ နာမည်ကြီးနေတဲ့သူတစ်ယောက်ပါ။ မှတ်တမ်း ရုပ်ရှင်ရိုက်ဖို့ တစ်ခုတည်းသောသဲလွန်စအဖြစ် ကမ့်ဘဲလ်ဘရက်ဒ်ဖော့ရဲ့ မီးခံသေတ္တာထဲမှာသိမ်းထားတဲ့ ရေပုလင်းလေးတစ်ခုပဲရှိပါတယ်။ အဲ့ဒါလေးကို ယူလာပြီး အဲရစ်ကာတစ်ယောက် ဝက်စ်ဘေဒန်မြို့မှာ သဲလွန်စရှာရပါတော့တယ်။ ရေပုလင်းဆိုတော့လည်း ရေဆာနေတဲ့အချိန်၊ စိတ်အိုက်နေတဲ့အချိန် သောက်မိ ကြတာပေါ့နော်။ အဲ့ဒီရေပုလင်းက တကယ်တော့ မကောင်းဆိုးဝါးပါတဲ့။ ဝက်စ် ဘေဒန်မှာလည်း မြေအောက်ရေက အရမ်းအစွမ်းထက်ပါတယ်တဲ့။ အဲ့ဒါတွေကို ဆက်စပ်ကြည့်ရင်းနဲ့... အဲရစ်ကာတစ်ယောက် ဘာတွေရှာတွေ့သွားမလဲ၊ အဲ့ဒီရေ ကရော ဘာကြောင့်ကြောက်ဖို့ကောင်းနေတာလဲ၊ ဘရက်ဒ်ဖော့ဇာတ်လမ်းလေးကရော ဘယ်လိုဖြစ်ဦးမလဲဆိုတာတော့ ရင်တထိတ်ထိတ်နဲ့ ဆက်ကြည့်လိုက်ပါတော့နော် ။ ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(983 MB) / (486 MB) Quality............WebRip 1080p / 720p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator.......Jo Jo Va Encoder..........SWM

Horror • Thriller
5.6 2022 93 mins
So Cold the River
Meeting Evil
5.2

မင်းသား Luke Wilson နဲ့ ကျွန်တော်တို့ မာသာဖပ်ကာကြီး Samuel L Jackson ဦးဆောင်ထားတဲ့ ထိတ်လန့်သည်းဖိုဖွယ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိမ်ထောင်သည် ကလေးနှစ်ယောက်ရှိ အိမ်ခြံမြေပွဲစား ဂျွန်တစ်ယောက် အိမ်တွေလည်းမရောင်းရ ပိုက်ဆံတွေလည်းအကုန်ဆုံး အလုပ်ထုတ်ခံလာရပြီး သူ့မွေးနေ့ကို စိတ်ပျက်လက်ပျက် ပြန်လာပါတယ်၊ မိန်းမဖြစ်သူနဲ့လည်း စကားများပေါ့။ ပြီးတော့ မိန်းမက ကလေးတွေခေါ်ထွက်သွားတဲ့အချိန် တံခါးခေါက်လို့ ဖွင့်ပေးလိုက်တော့ ရစ်ချီဆိုတဲ့လူတစ်ယောက်က သူ့ကားပျက်နေလို့ဆိုပြီး ခဏလောက် တွန်းပေးဖို့ ကူညီခိုင်းပါတယ်။ အဲဒါနဲ့ ဂျွန်တစ်ယောက် ကူညီပေးတဲ့အချိန် အိပ်ဇောပေါက်ပြီး ခြေထောက်ထိသွားပါတော့တယ်။ ဒီတော့ ရစ်ချီကလည်း သူ့ကြောင့် ဖြစ်သွားရတဲ့အတွက် စိတ်မကောင်းပါဘူး ဆေးရုံလိုက်ပို့ပေးမယ်ဆိုပြီး ဂျွန်ငြင်းနေတဲ့ကြားက မရရအောင် ကားပေါ်တင်ပြီး ဆေးရုံလိုက်ပို့မယ်လုပ်ပါတယ်။ အဲဒီမှာပဲ ဂျွန့်ရဲ့ကံကြမ္မာဟာ အစကတည်းက ဆိုးနေရတဲ့ထဲ မြေနိမ့်သူကို လှံစိုက်သလို ဖြစ်လာရတော့တယ်။ ဂျွန်တစ်ယောက် ရစ်ချီဆိုတဲ့လူနဲ့ သွားလာရင်း ဘာထူးဆန်းတာတွေ ကြုံရမလဲ၊ ဘာလို့ သူ့ဆီကို ဒီရစ်ချီဆိုတာ ရောက်လာရတာလဲ၊ သူ့ဆီက ဘာလိုချင်နေတာလဲ စသဖြင့် လှည့်ကွက်တွေနဲ့ လူသတ်မှုတွေပါ ပါဝင်လာတဲ့အခါမှာတော့ ဂျွန်တစ်ယောက် သူ့မိသားစုကို ဘယ်လိုကယ်တင်မလဲဆိုပြီး စိတ်လှုပ်ရှားရတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းရဲ့ရှေ့ဆုံးခန်းလေးကိုလည်း သေချာအာရုံစိုက်ပေးဖို့ အကြံပေးချင်တယ် မဟုတ်ရင် ခင်ဗျားတို့ သေချာပေါက် ပြန်ကြည့်ရလိမ့်မယ်...။ မာသာဖပ်ကာကြီးကတော့ သူ့အကျင့်အတိုင်း ဒီကားထဲမှာလည်း ၂ ခါတိတိ မာသာဖပ်ကာလို့ ဆဲသွားပါသေးတယ်ဗျ။ File size…1.78GB / 801.7MB Quality…Blu-Ray 1080p / 720P Format…mp4 Duration….1h 29m Genre ..... Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action • Adventure • Fantasy
5.2 2012 89 mins
Meeting Evil
Under the Fig Trees
6.5

Under the Fig Trees (2021) ==================== IMDb Rating – 6.5/10 တူနီးရှားကျေးလက်ဒေသက သဖန်းသီးခြံထဲကို တစ်ရက် လောက် အလည်သွားကြရအောင်… ဒီဇာတ်လမ်းလေးမှာ ကျောင်းပိတ်ရက် သစ်သီးခြံထဲမှာ သစ်သီးခူးရင်းအလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ် နေ့တာကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအစမှာတော့ မနက်အရုဏ်တက် သူတို့ကို လာ ကြိုမဲ့ကုန်တင်ကားကို စောင့်ရင်း စကားမမြည်ပြောနေကြ တာနဲ့ အစပြုထားပါတယ်။ ခဏနေတော့ သစ်သီးခြံက သူဌေးရဲ့ ကားရောက်လာပြီး အသီးသီး ကားပေါ်တက်ကြ ပါတယ်။ ဒီထဲမှာ ဖီဒဲဆိုတဲ့ ခပ်သွက်သွက်ပုံစံနဲ့ ကောင်မ‌လေး က သူများတွေလို နောက်မှာမထိုင်ဘဲ ရှေ့ခန်းက သူဌေးဘေးမှာ ဝင်ထိုင်လိုက်ပါတယ်။ ထုံးစံအတိုင်း အနောက်ခန်းကလူတွေ အတွက် အတင်းပြောဖို့ အကြောင်းရသွားတောပေါ့။ ခြံထဲကို ရောက်တော့ သစ်သီးခြင်းတွေ ရေပုံးတွေ တစ်ပင်နဲ့ တစ်ပင်ကူးပြီး သစ်သီးခူးကြပါတော့တယ်။ သူတို့တစ်နေ့တာမှာ အတူအလုပ်လုပ်တဲ့ ကောင်လေးတွေနဲ့ မထိတထိ စကြပြောကြ တာတွေရှိမယ်။ သူတို့အချင်းချင်း အချစ်အကြောင်း အိမ်ထောင် ရေးအကြောင်းတွေ ပြောကြမယ်။ စားကြသောက်ကြရင်း ရယ် စရာလေးတွေ ပြောကြမယ်။ အချင်းချင်း သူ့ရည်းစားကိုယ့်ရည်း စားစွပ်စွဲကြရင် ရန်သတ်ကြတာတွေလည်း ရှိမယ်။ အလုပ်ရှင်ရဲ့ အနိုင်ကျင့်တာ ခေါင်းပုံဖြတ်တာတွေလည်း မြင်ရမှာပါ။ တစ်နေ့ တာရဲ့ အနိမ့်အမြင့် အတက်အကျတွေကြား ဇာတ်လမ်းအဆုံးမှာ တော့ ပျော်ပျော်ပါးပါးပဲ သီချင်းတွေဆိုပြီး အိမ်ပြန်သွားကြပါတယ်။ “Under the Fig Trees” ဆိုတဲ့ နာမည်အတိုင်းပဲ သဖန်းပင်တွေ အောက်မှာ အလုပ်လုပ်ကြတဲ့ လူငယ်လေးတွေရဲ့ တစ်နေ့တာကို တွေ့မြင်ရမှာပါ။ သူတို့အချင်းချင်း ပြောဆိုဆက်ဆံကြတာတွေ၊ ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းနဲ့အတူ ပြောင်းလဲလာတဲ့ သူတို့ရဲ့ အမြင်တွေ၊ လူငယ်ပီပီ စိတ်ကစားကြတာတွေ၊ သမီး ရည်းစားဆက်ဆံရေးတွေကို တွေ့ရမှာပါ။ တူနီးရှားကျေးလက်ဒေသ သဖန်းပင်တွေအောက်က လူငယ်လေးတွေရဲ့ တစ်နေ့တာကို ခံစား ကြည့်လိုက်ပါဦးနော်… (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phu Myat Thwe ဖြစ်ပါတယ်) File Size……….(1.5 GB) / (700 MB) / (395 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Phu Myat Thwe Encoder……….SWM

Drama • Crime • Horror
6.5 2021
Under the Fig Trees
Bad Boy
7.7

Bad Boy (2023) “ဇိုးလေး” IMDb 7.7/10 Romance/Comedy ဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ Jagga Jasoos(2017)မှာ ရန်ဘီးရ်ရဲ့ မွေးစားအဖေနေရာက မင်းသားကြီး Saswata Chatterjeeနဲ့ ဂန္ဓဝင်ဟာသလူရွှင်တော်ကြီး Johnny Leverတို့ပါဝင်တင်ဆက်ထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင်သန်နေရတာကို တော်တော်များများမွန်းကြပ်တတ်ကြပေမယ့် ရှူဘန်ကာဘန်နာဂျီအတွက်တော့ မဟုတ်ခဲ့ပါဘူး။ နေ့စဉ်နေထိုင်မှုဘဝမှာရော အလုပ်မှာရော စည်းမျဉ်းတွေအတိုင်း တသွေမတိမ်းလိုက်နာနေထိုင်တဲ့သူပါ။ အရမ်းဇီဇာကြောင်တဲ့ အဖိုးကြီးဖြစ်ပြီး သူနေသလိုမျိုး မိသားစုကိုလည်း ဒီလိုပဲကျင့်သုံးစေပါတယ်။ သမီးဖြစ်သူ ရီတူးဟာလည်း ဒိတ်ဒိတ်ကြဲထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ ” အဆင့်အတန်းမြင့်ရမယ် အရည်အချင်းရှိရမယ်” ဆိုတာပါပဲ။ တစ်ဖက်မှာလည်း ရာဂူးဆိုတဲ့ ငမွဲကောင်ဆိုးလေးကတော့ ဘဝကိုပျော်ပျော်နေပြီး ပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူပေါ့။မိသားစုကလည်း ပစ္စည်းအဟောင်းတွေ ပလုံကောက်တာတွေ ဝယ်ယူပြီး အသက်မွေးကြပါတယ်။ စာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း တဖုန်းဖုန်းကျနေတဲ့ ရာဂူးတစ်ယောက် တစ်နေ့မှာတော့ ရီတူးကိုမြင်ပြီး ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရာရာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ရာဂူးတစ်ယောက် အခက်တွေ့ပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရိုမန့်‌တစ်ဆန်ဆန် ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2023
Bad Boy
Believers
6.3

(18+) Believers (2022) မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမယ့် ဂျပန်ရုပ်ရှင် Believers (2022) ကို CM မှာ ကြည့်လို့ရပါပြီနော်။ 18+ ဇာတ်ဝင်ခန်းတွေလည်း ပါတာမို့ လူကြီးမိဘတွေနဲ့အတူ မကြည့်ကြဖို့တော့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ညွှန်ကြားချက်ကြောင့် လူ ၃ ယောက်ဟာ ကျွန်းငယ်လေးတစ်ခုပေါ်မှာ သုံးယောက်တည်း နေခဲ့ကြရပါတယ်။ ဒီအစီအစဉ်ကိုတော့ “သီးခြားကျွန်း အစီအစဉ်” လို့ ခေါ်ပါတယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ယိုယွင်းနေတဲ့ သာမန်လူ့အဖွဲ့အစည်းကနေ ထွက်လာပြီး ဒီကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သန့်စင်ကြဖို့ပါ။ ဒါပေမဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါဝင်နေတဲ့ ဒီအဖွဲ့ဟာ တဖြည်းဖြည်းနဲ့ သာမန်လူသားတွေရဲ့လိင်စိတ်ဆန္ဒတွေကို တပ်မက်လာကြတဲ့ အခါမှာတော့ သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ သန့်စင်မှုကို အပြီးထိ လုပ်ဆောင်သွားနိုင်ပါ့မလား။ ဒါမှမဟုတ် ဖြစ်ပေါ်လာတဲ့ တပ်မက်စိတ်တွေကြောင့် သူတို့ရဲ့ရည်ရွယ်ချက် ပျက်စီးသွားမလား ဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Win ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 867MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe Thet Win Encoder ….. Aaron

Drama
6.3 2022
Believers
Brokeback Mountain
7.7

BrokeBack Mountain (2005) ===================== IMDb Rating – 7.7/10 Crouching Tiger, Hidden Dragon (2000)လို အနောက်နိုင်ငံတွေမှာ ရှေးဦးအကြီးအကျယ်အောင်မြင်ခဲ့တဲ့ တရုတ်သိုင်းရုပ်ရှင်ရဲ့ ဒါရိုက်တာ…. Director … Ang Leeက ရိုက်ကူးပြီး သရုပ်ဆောင်အနုပညာမှာ မှော်ဝင် စားလွန်းတဲ့ လူလွန်မသားသရုပ်ဆောင်နှစ်ယောက်ဖြစ်တဲ့ Hearth Ledger နဲ့ Jake Gyllanhaal တို့က Mian Castအဖြစ် သရုပ်ဆောင်ထားပါတယ်။ Nominee 8ခုဝင်ထားပြီး အော်စကာသုံးခုရထားတဲ့ Ang Leeကို အော်စကာ ရစေခဲ့တဲ့ကားလည်း ဟုတ်ပါတယ်။ Homophobia တွေမနှစ်မြို့လောက်မယ့် LGBTကားဆိုတာ ကိုတော့ သတိချပ်စေချင်ပါတယ်။ ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ Hearth Ledgerနဲ့ Jake တို့ဟာ Homo တွေမဟုတ်ပေမယ့် Homoတွေရဲ့ခံစားချက်တို့ကို ကောင်းကောင်းကြီး ပြ သွားနိုင်ခဲ့သလို Real World က သူတို့ကြားက ရင်းနှီးမှုကြောင့်လည်း ဒီကား ဟာ ပိုအသက်ဝင်တယ် ဆိုကြပါတယ်။ ချစ်သူနဲ့လက်ထပ်ဖို့ စရိတ်စကရအောင် Brokebackတောင်ပေါ်မှာ အလုပ် လုပ်မယ့် Ennis Del Marနဲ့ အဖေနဲ့အတူလုပ်ရတာ အဆဲပဲခံနေရလို့ လာ လုပ်တဲ့ Jack Twistတို့ဟာ BrokeBack တောင်ကြီးပေါ်မှာ သိုးတွေကို စောင့်ရှောက်ဖို့ အတူတူအလုပ်လုပ်ဖြစ်ကြပါတယ်။ စကားနည်းလွန်းတဲ့ Ennisနဲ့ Jackတို့ဟာ အစမှာ ခပ်စိမ်းစိမ်းဖြစ်နေပေမဲ့လည်း သူ့ဘဝကိုယ့် ဘဝ အကြောင်းတွေပြောရင်း ရင်းနှီးလာကြတာပါပဲ။ BrokeBackတောင် ကြီးပေါ်မှာ လေတွေနှင်းတွေ ဝေတဲ့ ညတစ်ခုမှာတော့ ကမ္ဘာကြီးရဲ့ သဘာဝ ထဲက သမားရိုးကျမဟုတ်တဲ့ လိင်ဆက်ဆံမှုတစ်ခုကို ပြုမိမှားခဲ့ကြပါတယ်။ ထိုခေတ်ထိုကာလအရ လိင်တူချစ်သူတွေကို နှိပ်စက်သတ်တဲ့အထိပါလုပ် တတ်တာတွေကို မျက်မြင်ကိုယ်တွေ့ မြင်ဖူးကြုံဖူးတာကြောင့် မိုက်ရူးရဲဆန် ဆန်ရှေ့ဆက်ဖို့ မဝံ့တဲ့ Ennisဟာ ဒီအမှားကို ခဏအမှားလို့ပဲ ဆုံးဖြတ်ခဲ့ပါသတဲ့။ လိင်တူတူ လိင်ကွဲကွဲ ခံစားချက်ရှိကြတဲ့ လူသားတွေပါပဲ ခံစားချက်တို့ ဘာသာ သဘာဝအတိုင်းပါပဲ.. တားမြစ်ထားရင် ပိုရုန်းတတ်ပါတယ်။ အချစ်နဲ့ ပက်သက် ကြလို့ဖြင့် မှန်ရာမြင်နိုင်ပါတဲ့ လူတွေကို ကျွန်တော် သိပ်မတွေ့ခဲ့ဖူးပါဘူး။ မိန်းမတွေ ကလေးတွေရပြီးပေမဲ့ ခံစားချက်တွေ အာသာတွေကို မလွန်ဆန်နိုင် တဲ့အခါ သူတို့ ဒီ Brokeback တောင်ကြီးဆီ ထပ်ထွက်ခဲ့ကြတာပါပဲ။ နှစ်တိုင်း လိုဆုံကြတွေ့ကြရင်း ကာလအတော်ကြာ ဖြတ်သန်းခဲ့ကြပေမယ့် စိတ်ရှိတိုင်း ရွေးချယ်ခွင့် မရတဲ့ဘဝထဲမှာ ကစဉ့်ကလျားတွေဖြစ်လာတဲ့အခါ….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.4 GB) / (900 MB) Quality…………WEB-DL 1080p / 720p Duration………2Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….WiRa Aung Encoder……….SWM

7.7 2005 134 mins
Brokeback Mountain
I Want You
6.8

စပိန်ရုပ်ရှင် I Want You ကတော့ ချောချောလှလှမင်းသား၊ မင်းသမီးလေးတွေနဲ့ Romantic ဆန်ဆန်ရိုက်ကူးထားတဲ့ အချစ်ကားစစ်စစ်လို့ပြောရမှာပါ။ မတော်တဆမှုတစ်ခုမှာ အချစ်ဆုံးသူငယ်ချင်းကိုဆုံးရှုံးလိုက်ရတဲ့အာချေဟာ လန်ဒန်မှာ နှစ်အနည်းငယ်ကြာအောင်သွားနေခဲ့ပြီးတဲ့နောက် မိသားစုရှိရာ ဘာစီလိုနာကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သူငယ်ချင်းရဲ့သေဆုံးမှုအတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်မလွှတ်နိုင်သေးတဲ့အာချေဟာ ရည်းစားဟောင်း ဘာဘီကိုလည်း အရမ်းတွေ့ချင်ပေမယ့် သွားမတွေ့နိုင်ခဲ့ပါဘူး။ တစ်ရက်မှာတော့ ဓာတ်ဆီဆိုင်မှာ ဂျင်ဆိုတဲ့ကောင်မလေးနဲ့ အမှတ်မထင်တွေ့ဆုံမိခဲ့ပါတယ်။ ချောတယ်၊ ခေတ်ဆန်တယ်၊ သူများကိုဂရုမစိုက်ဘဲ လွတ်လွတ်လပ်လပ်လုပ်ချင်တာလုပ်ဖို့သတ္တိအပြည့်ရှိတဲ့ဂျင်ဟာ အာချေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျင်နဲ့အနာဂတ်ကို ခရီးဆက်ချင်တဲ့အာချေတစ်ယောက် အတိတ်ကိုရော လွှတ်ချထားနိုင်ခဲ့မှာလားဆိုတာကတော့ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ File size…2.48GB / 1.23GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.8 2012 130 mins
I Want You
Afraid
5.8

ယနေ့ခေတ်မှာ AI နည်းပညာတွေက အံ့မခန်း တိုးတက်လာတာ လူတိုင်းအသိပါပဲ။ ဒီလိုနည်းပညာတွေကို လူသားတွေအကျိုးအတွက် အသုံးပြုရာမှာ တွင်ကျယ်လာသလို တစ်ဖက်မှာလည်း ဒီနည်းပညာတွေအပေါ် လူသားတွေ မှီခိုလွန်းတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း သတိပေးနေကြပါတယ်။ ဒီဇာတ်ကားမှာဆိုရင် အဆင့်မြင့် AI နည်းပညာတစ်ခုကြောင့် ဖြစ်လာတဲ့ အရာတွေကို စိတ်ကူးယဉ်ဖန်တီး ရိုက်ကူးတင်ဆက်ထားတာပါ။ အိုင်ယာ(AIA)လို့ အမည်ပေးထားတဲ့ ဒီအဆင့်မြင့် AI နည်းပညာဟာ Dataset တစ်ခုပေါ်မှာ သူ့ဘာသာ သင်ယူလေ့လာနိုင်တဲ့ အဆင့်ရှိပါတယ်။ ဒီနည်းပညာကို ဈေးကွက်ထဲ မဖြန့်ချိခင် အရောင်းမြှင့်တင်ရေး တစ်ဦးဖြစ်တဲ့ ကာတစ်စ်ဆိုတဲ့ အမျိုးသားနဲ့ သူ့ရဲ့ မိသားစုကို စမ်းသပ်အဆင့်အနေနဲ့ စပြီး တပ်ဆင်အသုံးပြုစေခဲ့ပါတယ်။ အိုင်ယာဟာ သူတို့မိသားစုရဲ့ နေ့စဉ်ဘဝတွေကို ပိုပြီး အဆင်ပြေချောမွေ့အောင် လူတစ်ယောက်နီးပါး ဆောင်ရွက်ပေးနိုင်တဲ့အတွက် မိဘတွေရော ကလေးတွေပါ ဒီနည်းပညာကို နှစ်ခြိုက်သဘောကျကြပါတယ်။ တစ်ဘက်မှာ ဒီမိသားစုရဲ့ သတင်းအချက်အလက်တွေအပေါ် သင်ယူလေ့လာမှု လုပ်ရင်း မိသားစုဝင်တွေရဲ့ နေ့စဉ်လူနေမှု ဘဝတွေမှာ စတင်ပြီး ချုပ်ကိုင် ခြယ်လှယ်မှုတွေ စပြီး လုပ်လာတဲ့ အခါမှာတော့….။ File size…1.88GB / 875MB Quality…WEB-DL 4K HEVC / 1080p Format…mkv Duration….1h 24m Genre ….. Horror , Mystery , Sci-FI , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Thriller
5.8 2024 84 mins
Afraid
The Perks of Being a Wallflower
8

The Perks of Being a Wallflower (2012) IMDb Rating (7.9) / Rotten Tomatoes (85%) – ” ရှင်ဘာဖြစ်ချင်တာလဲ ” – ” ကိုယ်မင်းကိုပျော်စေချင်တာပါ…” Harry Potter မင်းသမီး Emma Watson ၊ Percy Jackson မင်းသား Logan Lerman ၊ Flash မင်းသား Ezra Miller တို့လို နာမည်ရ လူငယ်သရုပ်ဆောင်တွေနဲ့ ပုံဖော်ထားတဲ့ coming-of-age teen drama ဇာတ်ကားမျိုးပါ။ Stephen Chbosky က သူ့ရဲ့ နာမည်ကြီးစာအုပ် The perks of being a wallflower ကို ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ရိုက်ကူးခဲ့တာပါ။ ဆယ်ကျော်သက်လူငယ်လူရွယ်တွေရဲ့ ခံစားချက်တွေ ထင်ဟပ်နေတဲ့ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီလို Teen ဇာတ်လမ်းမျိုးဟာ Rating တွေမြင့်ဖို့ခက်ခဲပေမယ့် ဒီဇာတ်ကားကတော့ Rating အကြမ်းကြီးတွေ ရရှိထားတဲ့အပြင် ကြည့်ဖူးသူတိုင်းစွဲမက်ရတဲ့ဇာတ်ကားမျိုးပါ။ စတားတွေကလဲ ရင်းနှီးပြီးသားတွေမို့ လက်လွတ်မခံသင့်ပါဘူး။ ဇာတ်လမ်းတော့… အထက်တန်း ပထမနှစ်ကျောင်းသား Charlie ကတော့ သူငယ်ချင်းမရှိပါဘူး၊ သူ့ကို အခြားသူတွေ မမြင်ရဘူးတောင်ထင်နေတဲ့ အရှုံးသမားတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ စိတ်ရောဂါတစ်ခု ရှိပြီးတော့ အဲ့ဒါကြောင့်လည်း သူကိုယ်သူလည်းယုံကြည်မှုမရှိဘဲ ရုန်းကန်နေရတဲ့ ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။‌ ရည်းစားလည်းမထားဖူးသလို First Kiss လည်းမပေးဖူးသေးတဲ့ လူရိုးလည်းတစ်ယောက်ဖြစ်ပါတယ်။ နောက်တော့ ကျောင်းဘောလုံးပွဲတစ်ခုမှာ Patrick ဆိုတဲ့ သူငယ်ချင်းတစ်ယောက်စရလာပြီး Sam ဆိုတဲ့ ကောင်မလေးနဲ့ပါ ထပ်ခင်သွားကြပါတယ်။ Sam နှင့် Patrick က အဖေတူအမေကွဲ ‌တွေဖြစ်ပါတယ်။ Charlie ကတော့ Sam ကို သဘောကျနေပြီး သူကိုယ်သူတောင် ယုံကြည်မှုမရှိတာမလို့ ဖွင့်ပြောဖို့ဆိုတာ ဝေးလွန်းလှပါတယ်။ ဒါပေမယ့်လည်း Sam နှင့် Patrick တို့ကိုစတွေ့ပြီး သူငယ်ချင်းဖြစ်တဲ့နေ့ကတည်းက Charlie တစ်ယောက် စပျော်လာပါတယ်။ ဒီလိုနဲ့ Charlie လည်း ပုံမှန်လူတစ်ယောက်လိုပဲ ဖြစ်လာပြီး သူ့ရောဂါကလည်း သက်သာလာပါတယ်။ Charlie တစ်ယောက် Sam ကိုဖွင့်ပြောဖို့ကြောက်နေတုန်းမှာပဲ Sam အခြားတစ်ယောက်နဲ့တွဲသွားပါတယ်။ Charlie ကတော့ လက်မလျော့ပဲ Sam ပျော်ဖို့အတွက် ကျောင်းစာလုပ်တာအစ ကူညီပေးပါတယ်။ Charlie ကလည်း Sam သူငယ်ချင်း Mary နဲ့တွဲလိုက်ပါတယ်။ Charlie က သဘောမကျပေမယ့် ငြင်းရမှာ အားနာလို့ တွဲလိုက်တာဖြစ်ပါတယ်။ ဒီလိုနဲ့ နီးရက်နဲ့ဝေးနေတဲ့ Charlie နှင့် Sam တို့ရဲ့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်မလဲ၊ Charlie တစ်ယောက် Sam ကို ဖွင့်ပြောရဲပေါ့မလား၊ Sam ကရော Charlie ရဲ့ အချစ်တွေကို လက်ခံပါ့မလားဆိုတာ……။ (ရုပ်ရှင်အညွှန်းကို Movie Shorts Pic FB Page မှ ကူးယူဖော်ပြပါသည်။)

Action • Science Fiction
8 2012
The Perks of Being a Wallflower
Shaolin vs. Evil Dead
6

မကျွတ်မလွတ်တဲ့တစ္ဆေတွေကိုကယ်တင်ဖို့ ပယောဂဆရာကြီးဟာ တပည့်နှစ်ယောက်နဲ့ နေရာအနှံ့လှည့်လည်သွားပြီး လူတွေကိုကူညီနေခဲ့တယ်။ တစ်နေ့မှာတော့ သူ့ရဲ့တပည့်လေးတစ်ယောက်က ဝိဉာဉ်ချုပ်တဲ့ဥကိုမတော်တဆမြိုချမိလိုက်တယ်။ အန်ထုတ်မရ စွန့်ထုတ်လို့မရနဲ့ ဒုက္ခရောက်ပြီး ကောင်လေးဟာအခက်တွေ့နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ပယောဂဆရာကြီးရဲ့ ဂိုဏ်းတူဆရာတူအစ်ကိုဟာ လမ်းမှားရောက်ပြီး ပညာကိုအသုံးချပြီး လူတွေကိုလိမ်လည်နေခဲ့ရင်း ထူးဆန်းတဲ့တန်ဖိုးကြီးကျောက်တစ်ခုကိုခိုးယူမိတာကြောင့် ဒုက္ခအကြီးအကျယ်ရောက်တဲ့အချိန်မှာ ဆရာကြီးက အရင်ရန်ငြှိုးတွေကိုလစ်လျူရှုပြီး သွားကယ်တဲ့ပါတော့တယ် ၂၀၀၀ခုနှစ်တွေရဲ့ ဟောင်ကောင်ကားဆိုတဲ့အတိုင်း အက်ရှင်ပီပြင်ပြီး ရယ်ရတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

6 2004
Shaolin vs. Evil Dead
Whispery In Soapta
4.7

Whispery (2021) In Soapta ခေတ်အဆက်ဆက်ကြာပြီးနောက်ပိုင်း အရှေ့ပိုင်းတွေမှာ တစ်အိမ်ထောင်၊ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးလာကြပါတယ်။ သိုပေမယ့်လည်း အနောက်အလယ်ပိုင်း အထူးသဖြင့် ဥရောပတစ်ခွင်မှာတော့ ဒါမျိုတွေက ရှေးရိုးစွဲလိုဖြစ်ဆဲပါပဲ။ ဒီဇာတ်ကားထဲမှာတော့ အချစ်စံအိမ်မှာ အချစ်တွေဖော်ပေမယ့်လည်း လိုအင်ရမ္မက်မပြည့်စုံနိုင်တဲ့ အမျိုးသမီး ဘယန်ကာကို ဇာတ်အိမ်တည်ထားတာပါ။ ဘယန်ကာက ချစ်ပြီးရင်း ချစ်ရည်လူးနေပေမယ့်လည်း လိုအင်ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ ဒီလိုနဲ့ သူ့ရဲကောင်လေးကို ငြိငြင်စပြုလာပါတယ်။ နားလည်ပေးတတ်တဲ့ ကောင်လေးကလည်း အရမ်းမချုပ်ခြယ်ပဲ တတ်နိုင်သလောက်လိုက်လျောပေးပါတယ်။ ဒါပေမဲ့လည်း ကတောက်ကစလေးတွေ ရှိစမြဲပါပဲ။ တစ်နေ့မှာတော့ ပါတီတစ်ခုတက်ရင်း သူတို့လို ရမ္မက်ကြီး လိုအင်မပြည့်နိုင်တဲ့ အတွဲနဲ့ တွေ့သွားတဲ့အခါမှတော့ အပြန်အလှန်ခြံခုန်ကြရင်ပျော်ပွဲနွှဲပါတော့တယ်။ ***18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။*** (အညွှန်းနဲ့ဘာသာပြန်ကတော့ SM ဖြစ်ပါတယ်။) File size…(1.3 GB) / (730 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:39:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by SM

4.7 2021 98 mins
Whispery In Soapta
The Mayor
6.5

The Mayor (2017) ***************** ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။ သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ ဒီလိုနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဗြောင်ဂျုံဂူဟာ အတိုက်အခံပါတီတွေကြားထဲကနေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ စတင်ကြိုးစားပါတော့တယ်…။ ဇာတ်လမ်းတစ်ခုလုံးကတော့ ရွေးကောက်ပွဲစတင်ချိန်ကနေ ပြီးဆုံးတဲ့အထိ ရွေးကောက်ပွဲ ခရီးစဉ်တစ်လျှောက်လုံးကို ရိုက်ပြထားတာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကြားက အကျင့်ပျက်ခြစားမှုတွေ အကျပ်ကိုင်ခြိမ်းခြောက်မှုတွေ သစ္စာဖောက်မှုတွေလိုမျိုး နိုင်ငံရေးအရှုပ်အထွေးကြီး တစ်ခုလုံးကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.7GB / 823MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 10 min. Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama
6.5 2017 130 mins
The Mayor