YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Never.Have.I.Ever.S03E01.1080p.AAC5.1CH(CM).mp4

787.91 MB N/A video/mp4 332 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mili
6.3

ခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကလည်း Roohi ထဲက မင်းသမီးချောလေး ဂျန်ဗီးကပူးနဲ့ချစ်သူနဲ့တွေ့ရဖို့ လန်ဒန်မြစ်ကြီးကို လက်ပစ်ကူးတဲ့ Shiddat ကားထဲက မင်းသားလေးဆန်နီကော်ရှားတို့ရဲ့ ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ မီလီဆိုတဲ့ကောင်မလေးနဲ့ ဇာတ်လမ်းကို အစပြုထားပါတယ်။ မီလီဟာ မိဘတွေရဲ့တစ်ဦးတည်းသော သမီးလေးဖြစ်ပြီး သူ့ဘဝရည်မှန်းချက်အတွက် အပတ်တကုပ် ကြိုးစားနေသူတစ်ယောက်ဖြစ်သလို တစ်ဖက်မှာလည်း စားသောက်ဆိုင်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မိဘကို တစ်ဖက်တစ်လမ်းကကူပေးနေတဲ့ သမီးလိမ်မာလေးပေါ့။ ကံကြမ္မာက အမြဲမျက်နှာသာမပေးသလို လောကဓံဆိုတာကလည်း တစ်ခါတလေကျရင်လူကို တအားနှိပ်စက်တတ်တာကိုး။ အဲ့ဒီလိုပါပဲ မီလီရဲ့ဘဝမှာလည်း လောကဓံတရားကြီးဟာ မီလီ့ကို ရက်ရက်စက်စက်ကို စမ်းသပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ သူ အလုပ်လုပ်တဲ့ စားသောက်ဆိုင်ရဲ့အအေးခန်းထဲမှာ တစ်ယောက်တည်း ပိတ်မိနေခဲ့ခြင်းဖြစ်ပါတယ်။ သာမန်လူတစ်ယောက်ဟာ ၁၇ဒီဂရီဖွင့်ထားတဲ့ အဲကွန်းခန်းထဲမှာ ၃-၄နာရီကြာအောင် မနေနိုင်တဲ့အချိန်မှာ မီလီကတော့ အပူချိန် အနှုတ် ၁၈ ဒီဂရီရှိတဲ့ အခန်းထဲမှာတစ်ညလုံး ပိတ်မိနေခဲ့ပါပြီ။ ဆက်လက်ပြီးတော့ မီလီဟာ ဘယ်လိုလွတ်မြောက်ဖို့ ကြိုးစားလာမလဲ...။ အသက်ရှင်လျက်နဲ့ရော ပြန်ထွက်လာနိုင်ပါ့မလား...။ ဆိုတာကိုတော့ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရှုရဦးမှာပဲဖြစ်ပါတယ်နော်။ File Size : (1.6 GB) and (850 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 2hr 7min Format : Mp4 Genre :  Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Taylor & Jerrica Encoded by Thit San Khant

Horror • Mystery • Thriller
6.3 2022 129 mins
Mili

ထိုင်းနာမည်ကြီး မင်းသား Ananda Everingham ပါ၀င်ထားတဲ့ တစ်ကားတည်းသော 18+ ကား The Eternity ဆိုတဲ့ကားလေးကို DVDRip Version ပေမယ့် ကြည့်လို့ ပြေတာမို့ တင်ဆက်ပေးလိုက်ပါတယ် ဆန်မောင် အဖြစ် Ananda Everingham ယူဖဒီ အဖြစ် Ploy Laila Boonyasak သခင်ကြီးဟန့်အဖြစ် Bie Teerapong ဇာတ်လမ်းအကျဥ်း သခင်ကြီးဟန့်ရဲ့ တူတစ်ယောက်ဖြစ်တဲ့ ဆန်မောင်ဟာ လူ့ကျင့်ဝတ်ကို သိတတ် လိမ္မာပြီး ဦးလေးကို အဖေအရင်းလို ရိုသေချစ်မြတ်နိုးတဲ့သူတစ်ယောက်ပေါ့ မြန်မာနိုင်ငံ သစ်တောတက္ကသိုလ်ကျောင်းဆင်းတစ်ယောက်ဖြစ်တဲ့ ဆန်မောင်က နတ်သားလေးလို ချောမောသလို ချစ်ရတဲ့မိန်းကလေးဖြစ်သူလည်းမရှိနေခဲ့ဖူးပါဘူး တခြားယောက်ျားလေးတွေလို မိန်းကလေးတွေနဲ့ပွေရှုပ်ခြင်းမရှိသလို လူပျိုဘဝကိုလည်း လက်ထပ်ပြီးမှကုန်ဆုံးချင်တဲ့ ဆန်မောင်အတွက် သခင်ကြီးဟန့်က ဘန်ကောက်ခရီးကအပြန်ဇနီးမယားရှာပေးမယ်လို့ ပြောခဲ့တယ် ဒါပေမဲ့ ခရီးအပြန်မှာတော့ သခင်ကြီးဟန့်က ယူဖဒီဆိုတဲ့ မိန်းမပျိုတစ်ယောက်ကို ဇနီးအဖြစ်တော်ကောက်လာခဲ့ပါတယ် အသက်သိပ်မကွာခြားတဲ့ ယူဖဒီနဲ့ ဆန်မောင်တို့ အနေနီးစပ်ရာ မဖြစ်သင့်တဲ့ချစ်ခြင်းတစ်ခု ဖြစ်ပေါ်လာပါတော့တယ် ဦးလေးကို ချစ်ကြောက်ရိုသေရပေမယ့် ပထမဆုံးချစ်မိတဲ့မိန်းကလေးက အဒေါ်ဖြစ်ခဲ့တဲ့ ဆန်မောင်နဲ့ ခက်ခဲလွန်းတဲ့ဘဝကိုကျော်ဖြတ်ဖို့ သခင်ကြီးဟန့်ကိုလက်ထပ်ခဲ့ပေမယ့် ဆန်မောင့်ကိုမှချစ်မိသွားတဲ့ ယူဖဒီကြား ဘာတွေဖြစ်လာမလဲဆိုတာ "Eternity" ဇာတ်ကားမှာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် ။ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ ) File Size__(2.2GB) Quality__DVDRip IMDb Rating__6.6/10 Format__mp4 Duration__03:02:00 Type__Adult, Asian, Drama, Musical Subtitle__Myanmar Subtitle (Hardsub) Translated by Kyi Nue Zin & Nang Mwe Kham Encoded by Naing Aung Latt

null 2022 182 mins
Eternity Directors Cut
Twelve Monkeys
7.6

ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။ 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ ဆိုတော့ကာ ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။ လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို ၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။ ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။ ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ သူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။ အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ ဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။ ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။ သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။ ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။ ‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။ 12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။ သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ ပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့... Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။ တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့ အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။ ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး Sound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__(2.5GB ) and (1.4GB) Quality__1080p ,720p IMDb Rating__8.0/10 Format__mp4 Duration__02:09:31 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama
7.6 1995 129 mins
Twelve Monkeys
Baadshah
6.4

ရှာရွတ်ခန်းရဲ့Action/Comedyဇာတ်ကားတစ်ကားဖြစ်ပြီး IMDB rating 6.9 ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း ဘာဒေရှာကိုသူ့ရဲ့အမေကသူ့အဖေလိုမျိုး ရဲဝန်ထမ်းတစ်ယောက်ဖြစ်စေချင်ပေမယ့် သူကတော့ရဲဝန်ထမ်းအလုပ်ကိုလုံးဝစိတ်မဝင်စားဘဲ သူရဲ့သူငယ်ချင်းတစ်ဖွဲ့နဲ့ စုပြီးတော့ ဘာဒေရှာလျှို့ဝှက်ထောက်လှမ်းရေးအေဂျင်စီဆိုပြီးရုံးတစ်ရုံးဖွင့်ထားပါတယ်။ လျှို့ဝှက်ထောက်လှမ်းရေးအနေနဲ့ သူ့ကိုအလုပ်အပ်ထားတဲ့ မဟင်ဒရာဆိုတဲ့သူရဲ့စိန်တွေကို ပြန်အရယူနိုင်ပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီမစ္စတာမဟင်ဒရာရဲ့သမီးလေး ကိုဂိုအာမြို့မှာ ပြန်ပေးဆွဲခံရတဲ့အတွက် သူ့သမီးကိုကယ်တင်ပေးဖို့ ဘာဒေရှာကို လှမ်းအကူအညီတောင်းပြန်ပါတယ်။ ဘာဒေရှာက ဂိုအာထိသွားရမှာဖြစ်တဲ့အတွက်ကြောင့် သူ့ကို မဟင်ဒရာက လေယာဉ်လက်မှတ်ဖြတ်ပေးလိုက်ပြီး။ ဘာဒေရှာ ဂိုအာကိုသွားမယ့်နေ့မှာပဲ CBI အဖွဲ့ကလည်း ဘာဒေရှာဆိုတဲ့နာမည်နဲ့ တခြားစုံထောက်တစ်ယောက်ကို အမှုကိစ္စတစ်ခု ဖြေရှင်းဖို့အတွက် တာဝန်ပေးလိုက်ပါတယ်။ ဘာဒေရှာဆိုတဲ့ နာမည်နှစ်ခု တူနေကြတဲ့အတွက် ဘယ်လိုအရှုပ်အထွေးတွေနဲ့ကြုံ ကြမှာလဲ.... ကလေးကိုရောဘယ်လိုကယ်ကြမလဲ.... ဘောလိဝုဒ်ဖန်တိုင်း လက်မလွှတ်သင့်တဲ့ ကားတစ်ကား ဖြစ်ပါကြောင်း.... ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်။ File Size : (1.8 GB) / (560 MB) Quality : 720p-WebDL, 480-WebDL Format…mp4 Duration…2h 55min Genre : Action, Comedy, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae,Nyeinsaeya Aung

Drama • Romance
6.4 1999 175 mins
Baadshah
Hillbilly Elegy
6.8

IMDb...7.0 "လူတစ်ယောက်က သူဘယ်လိုဘ၀မျိုးမှာ  မွေးဖွားလာသလဲဆိုတာကို ပြောင်းလဲလို့မရပေမဲ့ ….. ဘယ်လိုဘ၀မျိုးနဲ့ ဆက်လက်ရှင်သန်မလဲဆိုတာကိုတော့ ရွေးချယ်ခွင့်ရှိတယ်" လို့ J.D ကို သူ့ရဲ့အဘွားက ငယ်ငယ်လေးထဲက ဆုံးမလေ့ရှိပါတယ်.... ဒီဇာတ်ကားထဲမှာ J.D ရဲ့ အဘိုးအဘွားတွေက ခေတ်ပညာတွေတတ်ဖို့ဝေးစွ...ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းလို့တောင် ကင်ပွန်းတပ်လို့မရတဲ့ တောင်ပေါ်ကျေးလက်ဒေသကနေ....မြို့ငယ်လေးကို ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့သူတွေ ဖြစ်ပါတယ်.... မိမိကိုယ်တိုင်က စရိုက်ကြမ်းလွန်းတဲ့ အဖေဖြစ်သူနဲ့ နေခဲ့ရတဲ့အတွက်... J.D ရဲ့အမေဖြစ်သူ ဘက်ဗ် ဟာ  J.D တို့မောင်နှမအပေါ်မှာ ပြုစုပျိုးထောင်ပုံတွေ စနစ်မကျခဲ့ပါဘူး... ငယ်ရွယ်ချောမောတဲ့ တစ်ခုလပ်အမျိုးသမီး တစ်ယောက်ဖြစ်တဲ့ ဘက်ဗ် ဟာ...သူ့သားသမီးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့...ယောက်ျားတွေနဲ့ ထည်လဲတွဲပါတယ်....  တစ်ဖက်မှာတော့ J.D အနေနဲ့ သူ့အမေရဲ့ ဒေါသကြီးတဲ့စရိုက်တွေ....ယောက်ျားတွေနဲ့ ရှုပ်တာတွေကို စိတ်ပျက်လာပြီး ဆယ်ကျော်သက်တို့ ထုံးစံအတိုင်း....အပေါင်းအသင်းတွေမှားပြီး ပျက်စီးဖို့လမ်းစပြုလာတဲ့အခါ.....အဘွားဖြစ်သူဟာ သူ့မြေးကို လမ်းမှန်ရောက်အောင် တည့်မတ်ပေးဖို့ ကြိုးစားပါတော့တယ်.... ဒီဇာတ်ကားဟာ အပြင်မှာအမှန်တကယ်ရှိခဲ့တဲ့ မိသားစုတစ်စုရဲ့ အိမ်တွင်းရေးပဋိပက္ခတွေအကြောင်းကို ဒါရိုက်တာ Ron Howard က ပြန်လည်ရိုက်ကူး ထားတာပဲဖြစ်ပါတယ်.... အခြေခံလူတန်းစားဘ၀မှာ မွေးဖွားလာတဲ့ သာမန်ကောင်လေးတစ်ယောက်ကို...ကမ္ဘာမှာ နာမည်ကျော်တဲ့ ရေးလ်တက္ကသိုလ်က  ဥပဒေကျောင်းသားတစ်ယောက် ဖြစ်တဲ့အထိ အနစ်နာခံ မြေတောင်မြှောက်ပေးခဲ့ပုံတွေကို ဇာတ်လမ်းဇာတ်ကွက် ခိုင်ခိုင်မာမာနဲ့ ဖန်တီးတင်ဆက်ထားတဲ့အတွက် ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်ခင်ဗျာ... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲ ဖြစ်ပါတယ်… File Size :(2.06 GB) and (1.07GB) Quality :Web-DL 1080P, 720p Format…mp4 Duration…01:56:00 Genre :Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Phyo Pyae

Drama
6.8 2020 117 mins
Hillbilly Elegy
Eight Taels of Gold
7.1

Eight Taels of Gold (1989) ==================== IMDb Rating – 7.1/10 Mabel Cheungရဲ့ Migration Trilogyမှာ The Illegal Immigrant (1985), An Autumn’s Tale (1987) နဲ့ Eight Taels of Gold (1989) သုံးကားရှိတဲ့ အထဲ နောက်ဆုံးကားဖြစ်တဲ့ Eight Taels of Gold (1989)ဟာ ရှေ့ကားတွေလို အဆွေးကားစာရင်းဝင်ပေမဲ့ သုံးထားတဲ့မင်းသား Sammo Hungနဲ့လိုက်အောင်ပဲ ဟာသကားလည်း တစ်ခြမ်းဖြစ်နေတယ်။ နောက်တစ်ခုကွဲတာကတော့ ရှေ့၂ကားမှာ တရုတ်ကနေ အမေရိကန်ကိုသွားတဲ့အကြောင်းကို အဓိကထားပြပေမဲ့ ဒီနောက်ဆုံး ကားမှာ‌တော့ ပြောင်းပြန်ဖြစ်သွားပြီ။ အမေရိကန်ကနေ တရုတ်ပြည်ကို ပြန်လာတဲ့ တရုတ်တစ်ကောင်အကြောင်းဖြစ်သွားတယ်။ အိမ်ကနေ ထွက်ပြေးသွားတာ ၁၆နှစ်ရှိပြီဖြစ်တဲ့ Sammo Hungရဲ့ ဇာတ်ကောင်ဟာ အမေရိကန်မှာ တက္ကစီဆွဲစားရင်း အသက်မွေး‌ဝမ်းကြောင်းပြုနေခဲ့တဲ့လူပေါ့။ ဒီကားရဲ့ အစမှာ သူအိမ်ကိုပြန်လာဖို့လုပ်တယ်။ အဖွင့်မှာတင်ပါတဲ့ ဒီအခန်းက ရယ်လည်းရယ် ရသလို လက်တွေ့လည်းကျတယ်။ တရုတ်ပြည်ကို လက်ဆောင်ပြန်ယူသွားဖို့ မိတ်အင် ချိုင်းနားပစ္စည်းတွေ ပြန်ရှာဝယ်တဲ့အခန်းပေါ့။ အမေရိကန်ပြန်ဆိုပြီး အထင်ကြီးမယ့် တရုတ်တွေကို သယ်လာတဲ့ မိတ်အင်ချိုင်းနားပစ္စည်းတွေနဲ့ ဂျင်းထည့်ဖို့ကြံနေတဲ့ တရုတ် ပေါ့။ နောက်ကျ မြို့ပေါ်က သူတို့အိမ်ကို ရောက်လာတယ် ဒါပေမဲ့ အဲဒီခေတ်က တရုတ် ပြည်မှာ တစ်အိမ်ထောင် ကလေးတစ်ယောက်ပဲမွေးရမယ့် ဥပဒေရှိခဲ့တယ်ထင်တယ်။ သူ့အစ်မရဲ့ ဒုတိယကလေးကို တိတ်တိတ်လေးမွေးဖို့ သူ့အဖေနဲ့အမေက သူ့အစ်မနဲ့အတူတူ ရွာဘက်ထွက်သွားတယ်တဲ့။ ဒီတော့ ရွာကအိမ်ကို လိုက်ဖို့ အကြောင်းဖန်လာတယ်။ ဒီမှာ တခြား အမေရိကန်ပြန်တစ်ယောက်နဲ့ လက်ထပ်ပွဲမတိုင်ခင် ရွာပြန်ပြီးသွားစောင့်ဖို့ လုပ်နေတဲ့ ဝမ်းကွဲညီမနဲ့တွေ့ကြတယ်။ သူတို့၂ယောက်ကာရိုက်တာက chemistryမိသလို ရိုမန့်တစ်ဖြစ်ရမယ့် ကာရိုက်တာအနေနဲ့ တည်ဆောက်ထားတာပေမဲ့ သူတို့၂ယောက်ရဲ့ကာ ရိုက်တာတွေကိုက American Dreamနဲ့ American Realityကို အပြိုင်ပြပေးနေတယ်။ အမေရိကန်ကို သိပ်အထင်ကြီးပြီး အမေရိကန်ရောက်ရင် ငါတော့ဘာလုပ်လိုက်မဟဲ့ဆိုတဲ့ တစ်ယောက်နဲ့ အမေရိကန်မှာ ခွေးလိုနွားလိုရုန်းကန်လာရတဲ့သူနဲ့ပေါ့။ သူတို့ကာရိုက်တာတွေ ကနေတစ်ဆင့်ပဲ လွတ်လပ်ခွင့်ပေးထာသလိုလိုနဲ့ ပြန်ချုပ်ထားတဲ့ တရုတ်ပြည်အခြေအနေ ကိုပါ နည်းနည်းပါးပါးကလိထားသေးတယ်။ ဒီလိုနဲ့ သူတို့အတူတူ ရွာပြန်ကြတယ်ပေါ့။ တလွဲတွေတော့ တော်တော်များပါတယ်။ ရွာပြန်ရောက်တဲ့အထိတော့ ဒီကားက လုံးဝဟာသ ကားပဲ။ ဒီလိုနဲ့ ရွာပြန်ရောက်သွားတယ်။ ရွာပြန်ရောက်တော့ အိမ်ထိပ်မှာ ထိုင်နေတဲ့ သူ့အဖေက သူ့ကိုမြင်တော့ ဝမ်းသာလုံးစို့ပြီး တက်သွားတယ်။ နောက် သူ့အမေ သူ့အစ်မ သူ့ခွေးလေး စသဖြင့် သူပစ်ထားခဲ့တဲ့လူတွေရဲ့ အပျော်တွေကို ပြတယ်။ ဒီအခန်းတွေက ဝမ်းနည်းစရာနဲ့ ကြည်နူးစရာ ရောနေတယ်။ ဒီကားရဲ့ အီမိုရှင်နယ်အဖြစ်ဆုံးအခန်းတွေပဲ။ ဒါတော့ဆက်ပြောရင်ပေါ့သွားမှာမို့ ကြည့်တော့ သိပါလိမ့်မယ်။ Mabel Cheungရိုက်ပြီး ချောင်ယွန်ဖတ် သရုပ်ဆောင်ခဲ့တဲ့ အကောင်းဆုံးတရုတ်ရုပ်ရှင် ၁၀၀စာရင်းဝင် An Autumn’s Taleမှာ ချောင်ယွန်ဖတ်ဇာတ်ကောင်က သူပိုင်တဲ့တစ်ခုတည်း သော ပိုင်ဆိုင်မှုဖြစ်တဲ့ကားစုတ်ကြီးကိုရောင်းပြီး နာရီကြိုးဝယ်ပေးခဲ့တဲ့ အခန်းဟာ တော်တော် ထိသလို ဒီထဲလည်း ထိုနည်းလည်းကောင်း အခန်းပဲသုံးထားတယ်။ သူ့ Trilogyရဲ့ ပုံသေနည်း လိုလိုပါပဲ။ ဘာပြောပြော ထိတာတော့ထိပြန်တာပါပဲ။ Eight Taels of Goldဟာ သူ့Trilogy အငွေ့အသက်ထဲကပဲ သွားသလို သရော်တာတွေ ဟာသတွေလည်း တော်တော်ထည့်ထားတော့ အဖီးလ်သက်သက်မဟုတ်ဘဲ ဟာသကားအနေနဲ့လည်း တော်တော်ကြည့်ပျော်ပါတယ်။ artistic movieလည်း ဖြစ်သလို visualတွေ သီချင်းတွေလည်း တော်တော်လေးကောင်းပါတယ်။ သီချင်း တွေက Teresa Tengသီချင်းတွေလိုလိုပါပါပဲ။ ထုံးစံအတိုင်းပါပဲ ဟောင်ကောင်ရွှေခေတ်က ကားတွေဟာ ရိုးလောက်စရာ မရှိပါဘူး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size……….(2.36 GB) / (1.0 GB) / (615 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….WiRa Aung Encoder……….SWM

TV Movie • Thriller • Crime • Drama
7.1 1989
Eight Taels of Gold
Office Race
5.2

ပက်ကယ်စတီကတော့ ကိုယ့်ကိုကိုယ် ဘာစိတ်ဝင်စားလို့စားမှန်းမသိ ဘာဝါသနာပါလို့ပါမှန်းမသိ အလုပ်မှာရော အိမ်မှာပါ ရေလိုက်ငါးလိုက် သက်သာသလိုနေရင်း ဘဝတက်လမ်းမမြင်တဲ့လူတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ရဲ့ဘော့စ်ဖြစ်သူက သူ့ကို ကျော်ပြီး သူ့လက်အောက်က ဝန်ထမ်းဖြစ်တဲ့ စပင်ဆာကို ရာထူးတိုးပေးလိုက်ပါတော့တယ်။ ဒီအချိန်မှာ ပက်နဲ့ စပင်ဆာနဲ့ အဆင်မပြေဖြစ်ပြီး ကုမ္မဏီတစ်ခုနဲ့ စာချုပ်မချုပ်နိုင်ရင် အလုပ်ပြုတ်မယ့်ကိန်းမြင်နေရတဲ့ပက်က အဲကုမ္မဏီရဲ့ ကိုယ်စားလှယ်ကို အပီချုပ်ဖို့ကြိုးစားရပါတော့တယ်၊ အဲဒီကိုယ်စားလှယ်က မာရသွန်ပြိုင်ပွဲတစ်ခုမှာ ဝင်ပြိုင်မှာ ဖြစ်တဲ့အတွက် သူလည်း စာချုပ်ချုပ်နိုင်လို့ချုပ်နိုင်ငြား မာရသွန်ပြိုင်ပွဲမှာ စာရင်းပေးသွင်းထားကြောင်း ဖောရှောရိုက်ပါတော့တယ်။ အဲကနေ စကားကျွံပြီး စပင်ဆာနဲ့လည်း အဆင်မပြေဖြစ်ပြီး ပြိုင်ပွဲမှာ ဘယ်သူနိုင်အောင်ပြေးမလဲဆိုတာကို စပင်ဆာနဲ့ ဒေါ်လာတစ်သိန်းကြေး အလောင်းအစားလုပ်ပါတော့တယ်။ ပက်အနေနဲ့ရော စာချုပ်ချုပ်နိုင်ပါ့မလား၊ သူလုပ်ထားတဲ့အလောင်းအစားမှာရော နိုင်ပါ့မလား၊ သူ့ရဲ့ရေလိုက်ငါးလိုက် စိတ်ဝင်စားစရာမရှိတဲ့ဘဝကြီးကိုရော အပြောင်းအလဲရှိလာပါ့မလားဆိုတာကို စိတ်ဝင်တစား တပျော်တပါး ရယ်မောပြီး ကြည့်ရှုရမှာပါ။ File size…(1.7 GB)/(962 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.2 2023
Office Race
May December
7.4

May December (2023) ~ IMDb – 7.4/10, Rotten Tomatoes – 92% ~ May December ကို ၂၀၂၃ရဲ့ အကောင်းဆုံးရုပ်ရှင် ဆယ်ကားထဲက တစ်ကားလို့ ဝေဖန်ရေးဆရာတွေက သမုတ်ကြတယ်။ ဒီကားကို Carol (2015) ရိုက်ခဲ့တဲ့ Todd Haynes ကပဲ ရိုက်ထားတယ်။ ဖြစ်ရပ်မှန်ပေါ် ခြုံငုံမိရုံလောက် အခြေခံထားတယ်။ ဖြစ်ရပ်မှန်မှာတော့ ကျောင်းဆရာမက ၁၂နှစ်သားကလေးနဲ့ဖြစ်လို့ မုဒိန်းမှုနဲ့ တရားစွဲခံခဲ့ရတယ်။ ပြစ်ဒဏ်မချခင်မှာပဲ အဲဒီကလေးအတွက် သူ သမီးလေးမွေးပေးခဲ့တယ်။ ဒီလိုနဲ့ အသနားခံရင်း သုံးလထောင်ဒဏ်နဲ့ သုံးလခြေချုပ်ကျသွားတယ်။ ကျောင်းသားလေးနဲ့လည်း တစ်သက်လုံး မဆက်သွယ်ရဘူးလို့ အမိန့်ချလိုက်တယ်။ ဒါပေမဲ့ ထောင်ကလွတ်ပြီး သိပ်မကြာခင်ပဲ ရဲတွေက အဲဒီကျောင်းသားလေးနဲ့ သူ့ကို ကားတစ်စီးထဲမိသွားတယ်။ ခုနှစ်နှစ်ခွဲ ထောင်ကျသွားတယ်။ ထောင်ထဲရောက်ပြီး ၈လကြာ‌တော့ သူ ဒုတိယကလေးကို မွေးပေးခဲ့တယ်။ ဒီအမှုဟာ တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားခဲ့တယ်။ ၂၀၀၄ထိ ထောင်ထဲနေခဲ့ရပြီး ၂၀၀၅မှာ ကျောင်းသားလေးနဲ့ လက်ထပ်ခဲ့တယ်။ ၂၀၁၉အထိ ၁၄နှစ် ပေါင်းသင်းခဲ့ကြတယ်။ ဒါကတော့ ဖြစ်ရပ်မှန်ပေါ့။ ဇာတ်ကားက ဒီအတိုင်းအတိအကျကြီးယူထားတာတော့ မဟုတ်ခဲ့ဘူး။ ဒီကားထဲတော့ ဂျူလီယန်မိုးရ်က အိမ်မွေးတိရိစ္ဆာန်အရောင်းဆိုင်မှာ အလုပ်အတူတူလုပ်ရင်း သူ့သားရဲ့အခင်ဆုံးသူငယ်ချင်းကောင်လေးနဲ့ ဖောက်ပြန်တဲ့ ဂရေစီဆိုတဲ့ အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားတယ်။ ဒါပေမဲ့ ဒါတွေကို ကျွန်တော်တို့ ဇာတ်ကြောင်းပြောပြတဲ့ဆီမှာပဲ တွေ့နိုင်တော့မယ်။ ဒီကားက အဲဒီအဖြစ်တွေအလွန် အနှစ်နှစ်ဆယ်တာကာလမှာ ဇာတ်အိမ်တည်ထားတယ်။ ရုပ်ရှင်မင်းသမီး အယ်လီဇဘက်ဘယ်ရီ တစ်ဖြစ်လဲ နာတာလီပေါ့မန်းဟာ ဂရေစီ့ဇာတ်ရုပ်နေရာက သရုပ်ဆောင်ဖို့ အကြောင်းဖန်လာတော့ ဂရေစီ့ကိုလေ့လာဖို့ ဂရေစီတို့အိမ်ကို လာလည်တယ်။ လာလည်တယ်ဆိုပေမဲ့ ခဏတဖြုတ်လာလည်တာမဟုတ်ဘဲ ဂရေစီ့ကိုလေ့လာဖို့ ရုပ်ရှင်ထုတ်လုပ်ရေးဘက်ကချပေးတဲ့ ဘတ်ဂျက်ကျော်တဲ့အထိ နေခဲ့တယ်။ ဂရေစီ့ကိုရော ဒီအမှုနဲ့ ဆက်စပ်နေတဲ့လူတွေကိုရော အကုန်မေးမြန်းစုံစမ်းပြီး ဒီကိစ္စကြီးကို သေချာနားလည်နိုင်အောင်လုပ်ခဲ့တယ်။ ဒီလိုလုပ်ရင်း ထူးခြားစွာနဲ့ ဂရေစီဟာ အပြစ်ရှိစိတ်ရော နောင်တရော လုံးဝမခံစားရတာ သိလာတယ်။ ဒီလိုနဲ့ သူဟာ ဂရေစီ့ကို ပိုစိတ်ဝင်စားလာပြီး ဂရေစီ့ကို ပိုနားလည်လာအောင် သူ့ဘဝထဲ ထဲထဲဝင်ဝင် ဝင်ပြီး ကြိုးစားကြည့်တဲ့အကြောင်းပေါ့။ အနှစ်နှစ်ဆယ်က ကိစ္စကြီးတစ်ခုရဲ့ သက်ရောက်မှုတွေကိုရော အနှစ်နှစ်ဆယ်က ကိစ္စကြီးကို ဇာတ်ကြောင်းပြန်ပြီးရော တငွေ့ငွေ့ချင်း အသက်သွင်းထားတာမို့ ဆွဲဆောင်အားတော့ တော်တော်လေးကောင်းတယ်။ နောက် သရုပ်ဆောင်တွေကလည်း ထိတ်ထိတ်ကြဲမင်းသမီး၂ယောက်အပြင် လက်သစ်ပေမဲ့ သရုပ်ဆောင်ကောင်းလွန်းလို့ အော်စကာဆန်ခါတင်ဝင်နိုင်တယ်ပါပြောနေကြတဲ့ Charles Melton အထိဆိုတော့ သရုပ်ဆောင်တွေရဲ့စကေးကိုလည်း ကောင်းကောင်းစောင့်ကြည့်လို့ရတယ်။ စီနီမာတိုဂရပ်ဖာကလည်း A24 ရဲ့ နာမည်ကျော်ကားတွေဖြစ်တဲ့ First Cow (2019), Mid90s (2018) တို့အပြင် Don’t Worry, He Won’t Get Far on Foot (2018), Emma (2020), Showing Up (2022) တို့ရဲ့ စီနီမာတိုဂရပ်ဖာ Christopher Blauvelt ကို သုံးထားတယ်။ သူက ခရစ္စတိုဖာ ဒွိုင်းလက်အောက်မှာလည်း အလုပ်လုပ်ဖူးတယ်။ ဒီကားဟာ ဒရာမာသက်သက်ပေမဲ့ အော်စကာဆန်ခါဝင်တွေ ဝင်နိုင်တဲ့ ဒီနှစ်ရဲ့အလန်းဆုံးကားတွေထဲက တစ်ကားဖြစ်လာနိုင်တယ်။ ‌မေဒီဇင်ဘာဆိုတဲ့နာမည်ကတော့ အသက်အရွယ်ကွာခြားလွန်းတဲ့ စုံတွဲတွေကို သုံးတဲ့စကားလုံးလို့ ဒါရိုက်တာက ဆိုထားတယ်။ မေဒီဇင်ဘာရဲ့ ဇာတ်လမ်းချဉ်းကပ်ပုံက ထူးတော့ ထူးတယ်ပြောရမှာပဲ။ လူ့အသိုင်းအဝိုင်းသတ်မှတ်ချက်အရ ဘယ်လိုမှကို လက်မခံနိုင်လောက်တဲ့ အမှားမျိုးကို လုပ်ထားတဲ့ လူတစ်ယောက်ကို နောက်လူတစ်ယောက်က ပြန်လေ့လာတာကို ပြထားတယ်။ ဒီလိုလေ့လာရင်း သူလည်း အဲဒီလိုလူမျိုးဖြစ်မှန်းမသိ ဖြစ်လာတာကိုလည်း ပြထားတယ်။ ဒါပေမဲ့ မတူတာက လူတွေဟာ ကိုယ့်ပုံစံနဲ့ ကိုယ်သွားနေကြတာမို့ တစ်ယောက်လိုလိုက်လုပ်တိုင်းလည်း အဲဒီတစ်ယောက်မဖြစ်လာနိုင်ဘူး။ ဂျူလီယန်မိုးရ်က သူလုပ်ခဲ့တဲ့ကိစ္စအတွက် စိတ်လုံကြောင်းပြောလိုက်ရင်း စိတ်မလုံနေတဲ့ နာတာလီပေါ့မန်းကို ခနဲ့လိုက်တဲ့အခန်းမှာ သူတို့နှစ်ယောက်ရဲ့ ကွာခြားချက်ဟာ အရမ်းသိသာသွားသလိုပေါ့။ တစ်ဖက်မှာလည်း ဂျူလီယန်မိုးရ်လုပ်ခဲ့တဲ့ကိစ္စကို နာတာလီပေါ့မန်းခြေရာကောက်ရင်း နားလည်သလိုလိုရှိလာတာကို ကျွန်တော်တို့တွေ့ထားရသလို သူကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေအရရော သူ့ခင်ပွန်းဖြစ်တဲ့ကောင်လေးရဲ့ စကားတွေအရရော သူ့လုပ်ရပ်ဟာ တရားဥပဒေအရတော့ အပြစ်ရှိပေမဲ့ သူတကယ်အပြစ်ရှိလား အပြစ်မရှိလား အကဲဖြတ်ဖို့ ကျွန်တော့်အတွက်တော့ မဖြစ်နိုင်တော့ဘူး။ May December ဟာ ဘာအကြောင်းလဲဆိုရင် ဒီလူ့ဘောင်ထဲက ကျင့်ဝတ်တွေနဲ့ လူ့ဆန္ဒကြားက ကျွန်တော်တို့နားမလည်နိုင်တဲ့ အကျိုးအကြောင်းတရားတွေကို တစေ့တစောင်းပြထားတဲ့ ရုပ်ရှင်သက်သက်လို့ ဆိုရမှာပဲ။ သူတို့ရဲ့အကြောင်းတရားတွေကိုတော့ ဇာတ်လမ်းမှာ လုံးစေ့ပတ်စေ့မရှင်းသွားသလို ဒါရိုက်တာအနေနဲ့ အဖြေတစ်ခုခုလည်း မပေးသွားပါဘူး။ Todd Haynes ဟာ ဒီတိုင်း သူတင်ပြချင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ကိုပဲ စိတ်ဝင်စားစရာကောင်းအောင် တင်ပြသွားခဲ့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror
7.4 2023
May December
Killing Gunther
5

နာမည်ကြီး အာနိုးမင်းသားလို့ လူသိများကြတဲ့မင်းသားကြီး “Arnold Schwarzenegger” ပါဝင်သရုပ်ဆောင်ထားတဲ့ Killing Gunther ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကြီးအာနိုးက တလောကလုံးကလေးစားပြီး ကြောက်ရတဲ့ အရည်အချင်းရှိတဲ့ကြေးစားလူသတ်သမား “ဂါးသာ”နေရာကနေ သရုပ်ဆောင်ထားပါတယ် တဖက်မှာတော့ “ဘလိတ်” လို့ခေါ်တဲ့ ကြေးစား လူသတ်သမားကလည်း ကြေးစားလောကရဲ့ထိပ်တန်းဖြစ်ချင်တာကြောင့် ဂါးသာကိုရှင်းပစ်ဖို့ အစီအစဉ်ဆွဲပါတော့တယ် သူသိသမျှ လက်စွမ်းရှိတဲ့ကြေးစားလူသတ်သမားတွေ လုပ်ကြံရေးသမားတွေကို ဆက်သွယ်ပြီး အဖွဲ့ထောင်ကာ ဂါးသာကို သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့နောက်ပိုင်းမှာတော့ ဂါးသာအသတ်ခံလိုက်ရမလား ဒါမှမဟုတ် ကြေးစားလောကမှာရှိတဲ့သူ့ရဲ့ဂုဏ်ကို ဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို အက်ရှင်အကွက်တွေအပြင် ဟာသလေးပါ နှောထားလို့ စိတ်အပန်းပြေစေမှာတော့ အမှန်ပါပဲ.. File size…2.07GB / 1.35GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action, Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn

5 2017
Killing Gunther
Last Known Location
5.3

Last known location ဆိုတဲ့ကားလေးကတော့ plot twist ကောင်းကောင်းနဲ့ စိတ်ကိုဆွဲဖမ်းမဲ့ Thriller Movie လေး တစ်ပုဒ်ဖြစ်ပါတယ်။ ဒီmovieကတော့ တစ်ကိုယ်တည်းနေကြတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားဖမ်းခေါ်ပြီး ကိုယ့်တစ်ကိုယ်ရည်အတွက်အသုံးချခြင်းကို ခံရတဲ့ အမျိုးသမီးသုံးယောက်ရဲ့အကြောင်းကို ရိုက်ကူးပြသ ထားတာဖြစ်ပါတယ်။ ကိုယ့်ဘဝကိုယ်အေးအေးလူလူသာမာန်အတိုင်းဖြတ်သန်းနေတဲ့ အချိန်မှာ ပြန်ပေးဆွဲခံရပြီး မြေအောက်ခန်းမှာရုတ်တရက် အပိတ်ခံထားရမယ်ဆိုရင် ဘယ်လိုခံစားရမလဲ.. ဒီအမျိုးသမီးသုံးယောက်လုံးမှာ ငယ်စဥ်က ရထားတဲ့ကိုယ်စီ စိတ်ဒဏ်ရာလေးတွေရှိပါတယ်။သူတို့အဖမ်းခံထားရတဲ့အချိန်မှာ အတိတ်ကအကြောင်းတွေကိုမျှဝေပြီးအချင်းချင်းအားပေးကြပါတယ်။ တစ်နေ့မှာ ပြစ်မှုကျူးလွန်သူကို စုံထောက်နှစ်ယောက်ကခြေရာခံ မိသွားတဲ့အခါ သူတို့ဘာဆက်လုပ်ကြမလဲ…. ဘယ်လိုအကြံတွေထုတ်ကြမလဲ…… ဘာလျှို့ဝှက်ချက်တွေများသိသွားမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရှုစားနိုင်မှာပဲ ဖြစ်ပါတယ် Rating5.3ရရှိထားပြီး ဇာတ်ဝင်ခန်းတိုင်းဟာလည်း စိတ်ဝင်စားဖွယ် ကောင်းလို့ ညပိုင်းမှာအေးအေးဆေးဆေးကြည့်ဖို့ recommend ပေးပါတယ်…. File size… (1.28GB) / (745MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 50m Genre …..Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.3 2024
Last Known Location
Breathing In
5.5

ဒီတစ်ခါ cm ပရိသတ်ကြီးကို Horror Drama ဇာတ်ကား တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ နောက်ခံအချိန်ကာလက ၁၉၀၀ ပြည့်နှစ် ဝန်းကျင် တောင်အာဖရိက ဘိုဝါစစ်ပွဲအချိန်ကာလကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒဏ်ရာရ အင်္ဂလိပ် စစ်ဗိုလ်မှူးတစ်ယောက်က အမျိုးသမီး တစ်ဦးနဲ့ သူ့ရဲ့ သမီးငယ်လေးရဲ့ တဲအိမ်မှာ ခိုလှုံဒဏ်ရာ ကုသနေတာနဲ့ အစချီထားပါတယ်။ မှောင်မည်းပြီး Creepy ဖြစ်တဲ့ ရိုက်ကွက်တွေနဲ့အတူ တခြား Horror ကားတွေနဲ့ မတူတဲ့တင်ဆက်မှုလို့ ပြောလို့ရတာက ဇာတ်လမ်း plot က သိပ်ပြီးတိတိကျကျ ရေရေရာရာ မရှိတဲ့အပြင် တစ်နေရာ တည်းမှာပဲ ဇာတ်လမ်းကို ရိုက်ကူးပြသွားတာပါ။ ဒါပေမယ့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဖြစ်တဲ့ စိတ်ဖိစီးမှုတွေ ရူးသွပ်မှုတွေနဲ့ ပညာသည်လို့ ယူဆရတဲ့ အမျိုးသမီးနဲ့ သူ့သမီးငယ်ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေက ကောင်းမွန်လှပါတယ်။ ပြူးပြူးပြဲပြဲခြောက်လှန့်မှုမျိုး မဟုတ်ဘဲ ကြည့်ရှုသူရဲ့ စိတ်ကို Edgy ဖြစ်နေအောင် တင်ဆက်ရိုက်ကူးနိုင်တာလို့ ပြောရမယ် ထင်ပါတယ်။ ခြုံငုံပြီး သုံးသပ်ရရင်တော့ ဘယ်လိုစစ်ပွဲမဆို အနိဌာရုံတွေ မြင်ရတာများတဲ့ အခါမှာ လူတွေရဲ့ စိတ်ဟာ ကုစားမရတဲ့ စိတ်ဒဏ်ရာတွေနဲ့အတူ ရှင်သန်မှု တစ်ခုတည်းအတွက် နောက်ဆုံးထွက်သက်အထိ ရုန်းကန်ကြိုးစားရတယ်ဆိုတဲ့ မက်ဆေ့ကို ပေးချင်တယ်လို့ပဲ မြင်ပါတယ်…။ File size… (587 MB) Quality… WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 45m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Horror • Mystery
5.5 2024 105 mins
Breathing In
Flower of Shanidar
6

Flower of Shanidar (2013) ************************** IMDb…..6.1 ထူးဆန်းတဲ့ သုတေသနတစ်ခုနဲ့ လူသားတွေကို လျှို့ဝှက်စမ်းသပ်နေတဲ့ ဓာတ်ခွဲခန်းတစ်ခု.. သူတို့စမ်းသပ်နေတဲ့အရာက လူသားတွေရဲ့ခန္ဓာကိုယ်မှာ ကပ်ပါးလိုပွင့်လာတဲ့ပန်း ဒီပန်းရဲ့နာမည်ကတော့ ရှာနီဒါတဲ့.. ရှာနီဒါပန်းအကြောင်း ဒီသုတေသနစင်တာမှာလုပ်နေတဲ့သူတွေ ဘာသိထားလဲလို့ မေးလာရင်တော့ ဒီပန်းဟာ ထူးဆန်းတဲ့ ဆေးတစ်မျိုးထုတ်ဖို့ သုံးနေတယ်ဆိုတာရယ်.. ပန်းပွင့်နေစဉ်ကာလမှာ ဒီပန်းရဲ့လက်ခံကောင်ဖြစ်တဲ့ လူသားမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတချို့ ကြုံရနိုင်တယ်ဆိုတာရယ်.. ပန်းက လုံးဝအပြည့်အဝပွင့်သွားပြီဆိုရင် အဆိပ်အတောက် ဓာတုပစ္စည်းတွေထွက်တတ်လို့ လက်ခံသူမှာ အသက်အန္တရာယ်ရှိလာနိုင်တယ်ဆိုတာပါပဲ။ ဒီ ၃ ချက်ကလွဲရင် ပန်းနဲ့ပတ်သက်တာရော ပန်းကိုဘယ်မှာသုံးနေတယ်.. ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်တယ်ဆိုတာကို ဘယ်သူမှမသိပါဘူး။ ဒီလိုနဲ့ပဲ ဒီသုတေသနစင်တာကြီးမှာ ကိုယ့်အလုပ်ကိုယ် တာဝန်ကျေရင်ပြီးပြီဆိုပြီး လုပ်နေကြတဲ့ ဒေါက်တာအိုတာကီနဲ့ စိတ်ရောဂါကုဆရာဝန်မလေး ခရိုကိုတို့ ဒီပန်းနဲ့ပတ်သက်ပြီး သိချင်စိတ်တွေများလာချိန်မှာတော့… (ဘာသာပြန်နဲ့ ဇာတ်လမ်းအညွှန်းကတော့ Mary ပဲ ဖြစ်ပါတယ်။) File Size : 1.54GB/ 610MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:45:00 Genre : Romance, Life, Youth Subtitle : Myanmar Subtitle (Hard Sub) Translated by Mary Encoded by Tiff

Fantasy • Family • Adventure
6 2013 104 mins
Flower of Shanidar
The Beta Project
4

The Beta Project (2025) သဘာဝလွန်ရုပ်ရှင်တွေကို ကြည့်ရတာစိတ်ဝင်စားတဲ့သူတွေအတွက် ဒီလထဲအသစ်ထွက်ထားတဲ့ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Supernatural တွေကိုလိုက်ရှာပြီး ရှင်းလင်းနေတဲ့ “The Project” ဆိုတဲ့ အဖွဲ့အစည်းဟာ နတ်ဆိုးတွေရဲ့မိခင်ကြီး Lilith ကို ရှင်းလင်းဖို့အတွက် အသုံးဝင်မယ့် အရည်အချင်းကိုယ်စီရှိတဲ့ အမျိုးသမီးလေးယောက်ကို လိုက်လံရှာဖွေစုဆောင်းဖို့ ကြံစည်ထားခဲ့ကြပါတယ်။ အဲ့ဒီအမျိုးသမီးလေးယောက်က ဘယ်သူတွေလဲ…တကယ်ပဲအားလုံးကို စုစည်းနိုင်မှာလား..? The Project ရဲ့ အစီအစဉ်တွေကရော အကုန်အထမြောက်ပါ့မလား အစရှိတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေအပြင် ကံကြမ္မာအကြောင်းကိုပါ ဒီဇာတ်လမ်းလေးထဲမှာ တစေ့တစောင်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Plot twist တွေပါ ပါဝင်တာကြောင့် တွေးရတာကြိုက်တဲ့သူတွေဆိုရင်တော့ လက်လွှတ်မခံဖို့ အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (1.2 GB) / (540 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Acrion Duration…. 01:23:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn

Comedy • Romance
4 2025 82 mins
The Beta Project
He Slid Into Her DMs

ဒါရိုက်တာ Jordyn Rolling ရိုက်ကူးထားတဲ့ ခေတ်သစ်လူမှုကွန်ရက်ခေတ်ရဲ့ ဆယ်ကျော်သက်ဘဝ၊ အချစ်ရေးနဲ့ အွန်လိုင်းကမ္ဘာရဲ့ အန္တရာယ်တွေကို ပုံဖော်ထားတဲ့ စိတ်လှုပ်ရှားဖွယ် ဒရာမာ ရာဇဝတ်ကားလေး(Drama, Crime Thriller)ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း——- ဆိုရှယ်မီဒီယာပေါ်က ဆယ်ကျော်သက် ဆယ်လီ မလေး Berni ဟာ နယူးယောက်တက္ကသိုလ် ကို တက်ရောက်ဖို့ ပြင်ဆင်နေပြီး သူမဧ။်ချစ်သူ Zak လည် အဆင်ပြေနေ ရာမှ ဖုန်းတစ်လုံးနဲ့သာ အချိန်ကုန်ဆုံးနေတဲ့ Berni ရဲ့ အပြုအမူတွေကြောင့် ချစ်သူ Zak က သူမနဲ့ လမ်းခွဲလိုက်ပါတယ်။ ချစ်သူနဲ့ လမ်းခွဲပြီး စိတ်ထိခိုက်နေချိန်မှာ Berniကိုသူမရဲ့ အွန်လိုင်းပရိသတ်ထဲက တစ်ယောက်ဖြစ်တဲ့ Mason ဟာ Berni ကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးပြီး နှစ်သိမ့်ပေးတဲ့ပုံစံမျိုးနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ Berni ဟာ စိတ်အားငယ်နေချိန်မှာ Mason ရဲ့ အကြံပေးမှုနဲ့ NYUကိုတက်ဖို့ ပိုက်ဆံက လိုတာမလို့ သူမရဲ့ သီးသန့် fan တွေကို nude photos,videos တွေစရောင်းခဲ့ပါတယ်။မကြာခင်မှာပဲ Zackနဲ့ ပြန်အဆင်ပြေပြီးချိန်မှာ Manson နဲ့ ဆက်ဆံရေးကို ဖြတ်တောက်လိုက်ပါတယ်။ သူမသိတာကတော့ Mansonက သူ့အပေါ် တအား စွဲလန်းနေတဲ့သူဆိုတာပါပဲ။ အဲ့ဒီကနေမှ မထင်ထားရလောက်ေအာင် ခြိမ်းခြောက်မှုတွေ လူသတ်မှုတွေ ပါ ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ ဆက်လက်ကြည့်ရှု ခံစားလိုက်ပါ။ File size…(1.3 GB)/(743 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Tv Movie, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Naing Lin

0 2024
He Slid Into Her DMs