YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Never Enough S01E08 720p CM.mp4

370.88 MB N/A video/mp4 64 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
3096 Days
7.5

3096 Days ဇာတ်ကားဟာ သြစတြီးယားမှာ ဖြစ်ခဲ့တဲ့ 10နှစ်အရွယ် ကလေးမလေး နာတာရှာ ခမ်ပွတ်ရှ်ကို 8နှစ်ကြာအောင် ပြန်ပေးဆွဲခဲ့တဲ့ အကြောင်း ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာတာရှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပေါ်လွင်အောင် ရိုက်ပြထားတာကိုလည်း တွေ့ရမှာပါ။ ဒီလို နှိပ်စက်မှုတွေနဲ့ နာတာရှာရဲ့ စိတ်ဒဏ်ရာအကြောင်းကို သေချာရိုက်ကူးထားတာဖြစ်လို့ တချို့သောပရိတ်သတ်တွေအတွက်တော့ ကြည့်ရှုဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာ နာတာရှာရဲ့ စိတ်ခွန်အားနဲ့ သူ့ကိုပြန်ပေးဆွဲသူဆီက ဇွဲရှိရှိ လွတ်မြောက်ဖို့ ကြိုးပမ်းပုံကိုလည်း တွေ့မြင်ရဦးမှာပါ။ ပါဝင်ထားတဲ့ castတွေကလည်း သရုပ်ဆောင် အရမ်းကောင်းကြပါတယ်။ ဒီဇာတ်ကားဟာ ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ ခါးသီးတဲ့အမှန်တရားကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားတစ်ကား ဖြစ်လို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ File size…  1.23 GB /  604 MB Quality…  Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre .....  Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by  Spencer Potato

Action • Crime • Thriller
7.5 2013 111 mins
3096 Days
Queens on the Run
6.9

ဒီတစ်ခေါက် CM ကနေ တင်ဆက်ပေးမှာကတော့ French road trip movie ကောင်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းကတည်းက plan ထားတဲ့ခရီး၊ လင်ပါ ရသွားတယ် မသွားရသေးဘူး ဆိုသူ သူငယ်ချင်းမ လေးယောက် တို့ရဲ့ Ex ရှာပုံတော်ခရီးမှာ ကြုံတွေ့ရတဲ့ အလွဲအကွဲဟာသလေး တွေအပေါ် ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဒီ Squad ကတော့ တစ်ယောက်တစ်မျိုးစီ ဆောက်၊ အိုး၊ စည် အဖွဲ့လို့ဆိုရင်လည်းမမှားပါဘူး။ Anniversary တွေတိုင်း မေ့ တတ်တဲ့ယောက်ျားကို အားမလိုအားမရဖြစ်နေသူ ၊ လင်အတည် မယူချင်ဘဲ အဆင်တကာပတ်စား​တဲ့အပျိုကြီး ၊ တွေ့တာနဲ့ ဖောင်း မယ် ဒိုင်းမယ်တကဲကဲဖြစ်နေတဲ့ Momma's girl ၊ ဘောစိယောက်ျား သဘောကျအောင် ဆီလီကွန်ပဲဖြည့်နေတဲ့ သူဌေးကတော် စတဲ့ သူငယ်ချင်းလေးယောက်ရဲ့ ခရီးတစ်ထောက် ပြဿနာတစ်ပေါက် ဖြစ်ပုံကို ခွီရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size..........(1.82 GB) / (828 MB) / (469 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 36Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Hnin Wut Yi Encoder..........SWM

Comedy • Romance
6.9 2023 96 mins
Queens on the Run
The Longest Yard
6.6

1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာ Adam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်း ချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာ အစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာ ကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေ တစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကို အတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။ လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့... File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Encoded by Phyo Pyae

Comedy
6.6 2005 113 mins
The Longest Yard
Semper Fi
6.1

IMDB - 6.1/10 ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ဘယ်လိုမျိုး ကယ်တင်ပေးမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပါ။ Cast ကတော့ အဓိကဇာတ်ဆောင် ကယ်လန်ဟန်နေရာကို Suicide Squad မှာ Captain Boomerang လုပ်ခဲ့တဲ့ သြစတြီးယားသရုပ်ဆောင် Jai Courtney က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပေးပါတယ်။ File size…1.84GB / 689.8MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action & Adventure • Drama • Sci-Fi & Fantasy
6.1 2019 100 mins
Semper Fi
Borat Subsequent Moviefilm
6.5

IMDb (7.1) / Rotten Tomatoes (84%) ဒီကားက သိပ်ထွေထွေထူးထူး ညွှန်းပြနေစရာမလိုတော့ပါဘူး။ ပထမကားမှာ အောင်မြင်ခဲ့တဲ့ ဘိုရတ် ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကားမှာ နိုင်ငံရေးသရော်မှုတွေနဲ့အတူ ပြန်လာပါပြီ။ ဒီကားရဲ့အစမှာတော့ ဘိုရတ်ဟာ ပထမကားမှာ အောင်မြင်ခဲ့ပေမဲ့ သူ့နိုင်ငံဖြစ်တဲ့ ကာဇက်စတန်ကတော့ ကမ္ဘာ့အလယ် အဟားခံစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ရတာမို့ ဘိုရတ်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကျခံပြီး ၁၄ နှစ်ကြာပြီးနောက်မှာ ဘိုရတ်ဟာ သမ္မတနန်းတော်ဆီကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်မှာ သမ္မတအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့လူကြမ်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ပူတင်တို့ ကင်မ်ဂျုံအွန်းတို့နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကာဇက်စတန်ကို အဖက်မလုပ်ဘဲ ပစ်ထားနေတာမို့ ကာဇက်စတန် သမ္မတက သူတို့နိုင်ငံကို ဒေါ်နယ်ထရန့် အရေးလုပ်ဖို့အတွက် လက်ဆောင်ပဏ္ဏာဆက်သဖို့ ဘိုရတ်ကို စေလွှတ်ချင်လို့ပဲဖြစ်ပါတယ်။ ဘိုရတ်ဟာ ၁၄ နှစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရပြီးနောက် အမေရိကန်ကို တစ်ဖန်ပြန်သွားရပါတော့တယ်။ သူရောက်သွားတဲ့အခါမှာတော့ အမေရိကန်ဟာ သူအရင်ကသိခဲ့တဲ့ အမေရိကန်မျိုး မဟုတ်တော့ပါဘူး။ အရမ်းကိုပြောင်းလဲသွားပါပြီ။ ထို့နောက် ဘိုရတ်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ အာမခံချင်တာတစ်ခုကတော့ အရမ်းအရမ်းကို ရယ်ရပါတယ် ပြီးတော့ မိသားစုနဲ့ အတူမကြည့်ပါနဲ့ ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မကြည့်ပါနဲ့ တစ်ယောက်တည်း ကြည့်ပါ။ တစ်ယောက်တည်း ကြည့်ပြီး အားရပါးရခွီလိုက်ပါ ပြီးမှ ကြည့်ပြီးတဲ့သူငယ်ချင်းတွေနဲ့ ပြန်ပြောရင်း ထပ်ခွီပါ။ ဒီဇာတ်ကားထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွေလည်း ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နှင်းနည်းတွေကအစပါဝင်တာမို့ ပညာရတယ်လို့ ပြောရင်း ဒီဇာတ်ကားရဲ့ အညွှန်းကို အဆုံးသတ်လိုက်ပါတယ်။ File size…(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Mystery • Sci-Fi & Fantasy
6.5 2020 96 mins
Borat Subsequent Moviefilm
Beneath the Planet of the Apes
6

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကျော် သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ Star Wars, Star Treks စသည်ဖြင့်ပေါ့။ အဲဒီလိုပဲ အခုတင်ဆက်လိုက်တဲ့ Planet of the apes တွေကလည်း ဂန္ဓဝင်ပါပဲ။ စုစုပေါင်း ၅ ကား မူလထွက်ရှိခဲ့ပါတယ်။ နောက်ထပ် သုံးကားထွက်ရှိခဲ့ပါတယ်။ မူရင်း ၅ ကားကတော့ Planet of the Apes (1968) Beneath the Planet of the Apes (1970) Escape from the Planet of the Apes (1971) Conquest of the Planet of the Apes (1972) Battle for the Planet of the Apes (1973) တို့ဖြစ်ပြီး ချန်နယ်မြန်မာမှာ ငါးကားလုံးကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ ဒီတစ်ခါတော့ 1968 ခုနှစ်မှာထွက်ခဲ့တဲ့ Planet Of The Apes ရဲ့ အဆက် Beneath Of The Planet Of The Apes ကားလေးကိုတင်ဆက်လိုက်ပါတယ် ဒီကားကတော့ 1970 မှာထွက်လာပြီး တကယ့်ကို အရင်ကားအတိုင်း စွဲမက်စရာကောင်းအောင်ရိုက်ပြသွားခဲ့တဲ့ ကားကောင်းလေးပါ ဇာတ်လမ်းအကျဉ်း အရင်ကားနောက်ဆုံးခန်းမှာ တေလာ ဟာ နိုဗာနဲ့အတူထွက်သွားခဲ့ပါတယ် အဲဒီမှာပဲ တေလာ့ကို ရှာဖို့အတွက် နောက်ထပ်အာကာသယာဉ်တစ်စင်းကို လွှတ်လိုက်တာပါ အဲဒီမှာပါတဲ့ အာကာသယာဉ်မှူးနဲ့နောက်တစ်ယောက်မှာ အာကသယာဉ်မှူးက ယာဉ်ပျက်ကျရင်း ရတဲ့ဒဏ်ရာနဲ့ဆုံးသွားပါတယ် သူဆုံးသွားတဲ့အချိန်မှာပဲ နိုဗာ ဟာ သူတို့နားကိုရောက်လာခဲ့တာပါ နိုဗာ့ဆီမှာ တေလာ ရဲ့ နာမည်လည်စွဲလေးရှိနေတာကို ဘရတ်ကမြင်သွားပြီး နိုဗာ့ကို တေလာ့ဆီလိုက်ပို့ခိုင်းပါတယ် အဲဒီကနေမှ မျောက်တွေရဲ့မြို့တော်ကိုပြန်ရောက်သွားပြီး အဖမ်းခံလိုက်ရပါတော့တယ် အဲဒီအချိန်မှာပဲ သူတို့ကို မျောက်တွေဆီကနေလွှတ်အောင် ဘယ်သူကလုပ်ပေးမှာလဲ လွှတ်သွားတော့ သူတို့ဘယ်ကိုရောက်သွားလဲ မျောက်တွေကြီးစိုးနေတဲ့ ကမ္ဘာမှာမျောက်တွေချည်းပဲရှိတာလား တေလာ ကရော ဘယ်ရောက်သွားတာလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်လို့ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲ File size…(1.62gb)/(977gB)/(502MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Action / Adventure / Sci-fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Planet of the Apes (1968) download link Beneath the Planet of the Apes (1970) download link Escape from the Planet of the Apes (1971) download link Conquest of the Planet of the Apes (1972) download link Battle for the Planet of the Apes (1973) download link

Action • Adventure • Science Fiction • Thriller
6 1970
Beneath the Planet of the Apes
Just Say Yes
4.5

Just Say Yes (2022) =============== လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်) File Size……….(1.85 GB) / (753 MB) / (461 MB) Quality…………WEB-DL 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.5 2022 97 mins
Just Say Yes
Driven to Murder
5.6

Driven to Murder (2022) ================== Driven to Murder ဆိုတဲ့ Survival ကားလေးနဲ့မိတ်ဆက် ပေးချင်ပါတယ်။ ကားမောင်းရင်းနဲ့လူသတ်ပါတယ်။ အကြောင်း ပြချက်မရှိလူသတ်ပါတယ်။ အဲ့ဒီကြားထဲညှပ်သွားတာ အရမ်း သနားဖို့ကောင်းတဲ့ ဆာရာလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်။ သူလုပ်မိတဲ့အပြစ်ဆိုလို့ ညဘက်အချိန်မတော် အငှားကားငှား မိတာပါပဲ။ အခုမှစမ်းသပ်နေဆဲ အက်ပလီကေးရှင်းတစ်ခုကနေ ကားငှားလိုက်တယ်။ ကားသမားကလည်း စကားပြောကောင်းပြီး ရုပ်ရည်ကလည်းအသင့်အတင့်ရှိတော့ ဆာရာနဲ့စကားတွေဖောင်ဖွဲ့ ပြောရင်း သူ့အကြောင်းကိုယ့်အကြောင်း စပ်စုမိကြပါတော့တယ်။ လူဆိုးတွေနဲ့တွေ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာ ကားသမားက ဆာရာကိုသေချာရှင်းပြနေရင်း လမ်းဘေးမှာမတ်တပ်ရပ်နေတဲ့သူကို ကားနဲ့ပြေးတိုက်ပါတော့တယ်။ ဆာရာလည်းကြောင်သွားပြီး ရဲခေါ် မယ်လုပ်တော့ မင်းလည်းကြံရာပါဆိုပြီးခြိမ်းခြောက်ကာ ကားပေါ် အတင်းခေါ်သွားပါတော့တယ်။ ကားငှားမယ့်နေရာနဲ့ ဆာရာအိမ်က အဝေးကြီးမဟုတ်ပေမယ့် အငှားကားနဲ့အိမ်ပြန်တဲ့ ညတစ်ညမှာတော့ ဆာရာတစ်ယောက် ဘယ်လိုမျိုးတွေကြုံတွေ့ရမလဲ? ဘာတွေရင်ဆိုင် ရမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size……….(1.55 GB) / (463 MB) / (295 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Jo Jo Va Encoder……….SWM

5.6 2022
Driven to Murder
Woman in the Maze

အခုကတော့ ၂၀၂၃ ထွက် Horror ဇာတ်ကားလေးမ်တ်ဆက်ပေးပါ့မယ်၊ ဇာတ်လမ်းက နာမည်ကြည့်ရုံနဲ့ မှန်းကြည့်လို့ရမယ့် ဇာတ်အိမ်မျိုးလေးပါ၊ ကိုယ် မရောက်ဖူးတဲ့ နယ်ဘက်နေတာကို အိမ်ခြံမြေစီမံကိန်းရဲ့လက်ထောက်မန်နေဂျာမလေး ဂက်ဘီက မြေကွက်အသစ်တွေလာကြည့်ဖို့ရောက်လာပါတယ်၊ မြို့က အစတည်းက လူသူနည်းပါး ခြောက်ကပ်ပြီး သရဲလ်ုလို ဝိဉာဉ်လိုလို ပုံပြင်တွေရဲ့ကောလဟာလတွေနဲ့နာမည်ကြီးတဲ့မြို့ပါ၊ ဂက်ဘီလည်းကိုယ်တည်းမယ့်အိမ်က အွန်လိုင်းပေါ်နေ ငှါးနေလိုက်ပေမဲ့ အိမ်ကြီးမှာ စနေတည်းက ထူးဆန်းမှုတွေဆက်တိုက်ကြုံလာချိန်မှာတော့…. .. File size…(1.5 GB)/(885 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2023
Woman in the Maze
The Wings of the Dove
7.1

The Wings of the Dove (1997) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ မီလီ – “ကျွန်မတို့တွေ တစ်ယောက်နဲ့တစ်ယောက် ဆက်တိုက်ကို လွဲနေကြတယ်ထင်ပါရဲ့… ရှင်က တခြားလမ်းကို သွားလိုက်တဲ့အချိန် ကျွန်မက လမ်းချိုးကို ကွေ့လိုက်မိသလိုမျိုးပေါ့” မာတွန် – “ကိုယ်လည်း အဲ့ဒီလိုတွေးမိလို့ တစ်နေရာတည်းမှာပဲ နာရီနဲ့ချီပြီး နေ,နေခဲ့သေးတာ” မီလီ – “ဒါနဲ့တောင် ကျွန်မတို့အချင်းချင်း မတွေ့နိုင်ကြဘူးနော်” “ငါတို့ဟာ ဘယ်ရထားမှာ လွဲခဲ့လဲ တစ်ခါလွဲရင် နှစ်ပေါင်းဘယ်လောက်ကြာတတ်လဲ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။” မဟုတ်တော့ဘဲ မီလီရေ ကိုယ်တို့ ဘယ်ရထားမှာ လွဲခဲ့လဲပေါ့။ တစ်ခါလွဲရင် ဘယ်လောက်ကြာမလဲဆိုတာကတော့… ဇာတ်လမ်အကျဉ်းလေးကို ပြောဖို့လိုလာပါပြီ။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်လိုက်ကတော့ ကိတ်ဆိုတဲ့ မိန်းကလေးပါ။ ကိတ်ရဲ့ မိခင်ဖြစ်သူဟာ ဆွေကြီးမျိုးကြီး လူကုံထံအသိုင်းအဝိုင်းကဖြစ်ပေမယ့် အရာအားလုံးကို စွန့်လွှတ်လို့ ကိတ်ရဲ့ဖခင်ဖြစ်သူ နင်းပြားဘိန်းစွဲနဲ့ အကြောင်းပါပြီး ကိတ်လေးကို မွေးခဲ့ကာ ဆင်းရဲရာဘဝမှာ သက်ဆိုးမရှည်နိုင်ခဲ့ရှာပါဘူး။ ဒီလိုနဲ့ ကိတ်လေး အရွယ်ရောက်လာချိန်မှာတော့ သူ့အမေ စွန့်လွှတ်ခဲ့တဲ့ လူကုံထံဘဝကို ပြန်သွားဖို့ အခွင့်အရေးပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အဒေါ်ဖြစ်သူက ကိတ်လေးကို “အားလုံးကို အဆက်ဖြတ်ပစ်ရမယ်” ဆိုတဲ့ ကတိတစ်ခုနဲ့အတူ မိသားစုထဲ ပြန်ခေါ်ပြီး ရှိသင့်တဲ့စည်းစိမ်ဥစ္စာနတွေကို အမွေပြန်ဆက်ခံစေဖို့ ဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်။ အဆက်ဖြတ်ပစ်ရမယ့်အရာထဲမှာ ဘိန်းစားဖခင်ကြီး ပါသလို အသပြာမဲ့ စာနယ်ဇင်းသမား ချစ်သူလည်းပါနေပါတယ်။ ကျောမွဲ သတင်းသမားတစ်ယောက်ဟာ ဆွေကြီးမျိုးကြီးက မိန်းမငယ်တစ်ယောက်အတွက် ခင်ပွန်းလောင်း ဖြစ်မလာနိုင်ပါဘူး။ ကိတ်ဟာ သူ့အမေလိုပဲ အရာအားလုံး စွန့်လွှတ်ပြီး ချစ်သူဆီ ပြန်သွားရင်သွား၊ မဟုတ်ရင် သူ့ချစ်သူဟာ သူနဲ့အခြေတူအောင် ချမ်းသာလာဖို့ လိုလာတာပါပဲ။ ဒီလိုအကြပ်ရိုက်နေတုန်းမှာပဲ ကိတ်ဟာ မီလီလို့ခေါ်တဲ့ ရောဂါသည် သူကြွယ်မလေးနဲ့ ခင်မင်ခွင့်ရလိုက်ပါတော့တယ်။ မီလီဟာတော့ သူ့ကျန်းမာရေးကလွဲလို့ သူ့ဘဝသူ သေချာပိုင်သူမို့ ချစ်ရသူဟာ အဆင့်မတူလည်း မေတ္တာသာကြည်ဖြူရင် တူ၂ကိုယ်ပေါင်းဖို့ ဝန်မလေးဘူးဆိုတဲ့ အချစ်ကို ရဲရဲဝံ့ဝံ့ရှေ့တန်းတင်တဲ့မိန်းကလေးမျိုးပါ။ လူလည်းလှသလောက် ဦးနှောက်လည်းကြီးတဲ့ ကိတ်ဟာ မီလီ့ရဲ့ချစ်ခြင်းကို အခွင့်ကောင်းယူပြီး သူ့ချစ်သူနဲ့ သူနဲ့ပေါင်းနိုင်ဖို့ ဇာတ်ကွက်တစ်ခုကို စပြီးခင်းပါတော့တယ်။ အော်စကာတို့ ရွှေကမ္ဘာလုံးဆုတို့အတွက် ဆန်ကာတင်ဝင်ခဲ့ဖူးတဲ့ တစ်ခေတ်တစ်ခါက ကားကောင်းတစ်ကားပါ။ နာမည်ကျော် စာရေးဆရာကြီး Henry James ရဲ့ ဝတ္ထုကို ပြန်ရိုက်ထားတာပဲ ဖြစ်ပါတယ်။ ကြေးငွေဓနကလွဲလို့ အားလုံးပြည့်စုံနေတဲ့ စုံတွဲနဲ့မေတ္တာကလွဲလို့ အားလုံးကို ဆက်ခံရရှိထားတဲ့ သူကြွယ်မလေးပေါ့… ကိတ်ကတော့ ပြောပါတယ်… “သူ ပြုံးလိုက်တိုင်းမှာ ကျွန်မက ရှင့်ကို ပိုချစ်မှန်းသာ သတိရပါ” တဲ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 42Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

7.1 1997 102 mins
The Wings of the Dove
My Nanny Stole My Life
5.8

မော်လီကတော့ သမီးလေးမွေးဖွားပြီးတာ သိပ်မကြာသေးတဲ့ မေမေအသစ်ကလေး တစ်ယောက်ပါ။ သူ့ခမြာ မီးဖွားပြီးစ မိခင်တွေခံစားရတတ်တဲ့ စိုးရိမ်ပူပန်တာတွေလည်း ခံစားနေရပြီး သမီးလေးကို အမျိုးသမီးတစ်ယောက်က ခိုးယူသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီးက ခဏခဏနှိပ်စက်နေလို ကလေးထိန်းခေါ် ဖိုကိုလည်း စိုးရိမ်နေပြန်ပါတယ်။ မော်လီရဲ့ အမျိုးသား ဖြစ်သူ နိုအာ ကတော့ ဆရာဝန်နဲ့ပြပြီး ကုသစေပါတယ်။ ဆရာဝန်ရဲ့အကြံပြုချက်နဲ့ မေမေအသစ် ကလေးတွေရှိတဲ့ အွန်လိုင်းအဖွဲမှာ အဖွဲဝင်ကြည့်ရာကနေ မေမေတစ်ယောက်က သူတိုဆီမှာ လုပ်ဖူးတဲ့ နစ်ကီ ဆိုတဲ့ ကလေးထိန်ကို ညွှန်းပေးပါတယ်။ ဒါနဲ့ နစ်ကီကို တွေ့ကြည့်ပြီး လင်မယား နှစ်ယောက်လုံး သဘောကျသွားလို ငှားလိုက်ရာကနေ ဇာတ်လမ်းစတော့တာပါပဲ။ ဒီလို ငှားပြီးတဲ့နောက် မော်လီရဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေက ပိုဆိုး၊ မရှိတာတွေရှိတယ်ထင်ပြီး စိတ်ကယောင်ချောက်ချားတွေ ဖြစ်တော့တာပါပဲ။ နစ်ကီရဲ့ အပြုအမူတွေက သံသယ ဖြစ်ဖို ကောင်းတယ်၊ သူ့ကိုစိတ်ထင်ယောင်ထင်မှားတွေဖြစ်အောင်လုပ်ပြီး ကလေးခိုးဖိုပါကြံနေတယ်လို ခံစားရပေမယ့် သူ့ဘက်မှာဘယ်သူ မှမရှိ၊ အရင်းနှီးဆုံး သူငယ်ချင်း လင်ဆေးကလည်း သူ့ကို နားမလည်နိုင်၊ အားလုံးက သူ့ကိုစိတ်ရောဂါသည်လိုပဲ သတ်မှတ် လာတဲ့နောက် တစ်အိမ်တည်း အတူရှိနေရတဲ့ ကလေးထိန်းရဲ့ လက်ကနေ သမီးကလေးကို မော်လီ တစ်ယောက် ဘယ်လို ကာကွယ်မလဲ၊ အကုန်လုံးထင်နေသလို သူစိတ်ရောဂါ ဖြစ်နေတာလား၊ ဒီလိုတွေဖြစ်အောင် လုပ်နေတဲ့ တရားခံ အစစ်ကကော ဘယ်သူလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။ File size… (1.34GB) / (660MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mona

Action • Crime • Drama • Thriller
5.8 2024 87 mins
My Nanny Stole My Life
Rhapsody in August
7.2

Rhapsody in August (1991) ~ IMDb – 7.2/10, Rotten Tomatoes – 60% ~ ကူရိုဆာဝါရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်တဲ့ Madadayo (1993) အရှေ့က ရုပ်ရှင်ပေါ့။ ကူရိုဆာဝါ ရိုက်ခဲ့တဲ့ အဖြူအမည်းမဟုတ်တဲ့ ၇ကားတည်းသော ကားတွေထဲက တစ်ကားပါပဲ။ Kiyoko Murata ရဲ့ ဝတ္တုကို ကူရိုဆာဝါကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။ အမျိုးသမီးက ဇာတ်ဆောင်ဖြစ်နေတဲ့ ကူရိုဆာဝါကား၃ကားထဲက တစ်ကားတည်း‌သော ကာလာကားလည်းဟုတ်တယ်။ သူ့အသက်၈၀မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပေါ့။ ဝေဖန်ရေးသမားတွေကတော့ Ran နောက်ပိုင်း Dreams ကလည်း သိပ်မအောင်မြင်ခဲ့သလို Rhapsody in August ကတော့ ကိန်းမှာပွဲဦးထွက်ပြတုန်းက စိတ်ပျက်စရာတောင်ဖြစ်ခဲ့တယ်လို့ ပြောကြတယ်။ သူတို့အမြင်ပေါ့။ သူတို့အမြင်ဆိုရာမှာ တချို့ကတော့ ဒီကားဟာ အနုမြူဗုံးကြဲခံရတာကိုတော့ စစ်ရာဇဝတ်မှုအနေနဲ့ ပုံဖော်ထားခဲ့ပြီး ပစိဖိတ်စစ်ပွဲကာလမှာ ဂျပန်တွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကိုတော့ ချန်လှပ်သွားတဲ့ အချက်ကိုလည်း ထောက်ပြခဲ့ကြတယ်။ ကျွန်တော့်အတွက်တော့ Dreams ဟာ ကူရိုဆာဝါရဲ့အကောင်းဆုံးရုပ်ရှင်ဖြစ်ခဲ့သလို Rhapsody in August ကလည်း ရှေ့က တချို့ကူရိုဆာဝါကားတွေထက်ကြိုက်မိတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်တစ်ကားရဲ့ သက်ရောက်မှုဟာ ကိုယ်ကြိုက်တဲ့ Taste ဖြစ်ခြင်းမဖြစ်ခြင်းနဲ့ ဆိုင်နိုင်သလို ဖြတ်သန်းမှုနဲ့လည်း ဆိုင်တာပါပဲ။ ဒီလိုပါပဲ မကြိုက်ခြင်းကလည်း ဖြတ်သန်းမှုနဲ့ အမြင်မတူခြင်းနဲ့ ဆိုင်တတ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဝေါင်ကာဝေးရုပ်ရှင်တွေထဲ ကျွန်တော်အကြိုက်ဆုံးက 2046 ဖြစ်ခဲ့ဖူးတယ်။ ဝေါင်ကာဝေးရုပ်ရှင်အများစုက အချစ်နဲ့မကင်းတဲ့ ခံစားချက်တွေအကြောင်းဆိုတော့ အဲဒီတုန်းက ကျွန်တော့်ယုံကြည်မှုအတိုင်း ကျွန်တော့်ဖြတ်သန်းမှုအတိုင်း တူညီတဲ့ခံစားချက်ရခဲ့တဲ့ ရုပ်ရှင်ကို ပိုကြိုက်မိခဲ့တာပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့တော့ Days Of Being Wild ကိုတော့ လတ်စလီချောင်ကိုရော ဇာတ်လမ်းသွားကိုရော မက်ဂီချောင်ကိုရော ကြိုက်လို့ကြိုက်ခဲ့ပေမဲ့ အဲဒီထဲက လတ်စလီချောင်ကာရိုက်တာကို နားလည်ပေးနိုင်တဲ့ထဲတော့ မပါခဲ့ဘူး။ ဒီနှစ်တွေထဲတော့ အချစ်ဆိုတဲ့အရာနဲ့ပတ်သက်တဲ့ ကျွန်တော့်ဖြတ်သန်းမှုတွေ အမြင်တွေက Days Of Being Wild ထဲက လတ်စလီချောင်ကာရိုက်တာလို ဖြစ်မှန်းမသိဖြစ်လာတဲ့နောက် Days Of Being Wild ကို ပြန်ကြည့်မိပြီးတဲ့နောက် ဝေါင်ကာဝေးထဲ အကြိုက်ဆုံးက Days Of Being Wild ဖြစ်သွားခဲ့တယ်။ တချို့အနုပညာလက်ရာတွေအပေါ် ခံစားမှုတစ်ခုသေချာရနိုင်ဖို့က ဖြတ်သန်းမှုလိုတယ်လို့ ကျွန်တော်တော့ သေချာတယ်။ Rhapsody in August ရဲ့ ဇာတ်လမ်းက ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်းများစွာကြာတာတောင် ဒုတိယကမ္ဘာစစ်ကို မျက်မြင်ကြုံခဲ့ရတဲ့ ဂျပန်လူမျိုးတွေအတွက် နာဂါဆာခိနဲ့ ဟိရိုရှိမကို အနုမြူဗုံးကြဲခံခဲ့ရတာက ထရော်မာတစ်ခုဖြစ်နေတုန်းဆိုတာကို ပြထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ ဒါကို သူက မျက်မှောက်ခေတ်ရဲ့ ဂျပန်ရဲ့တိုးတက်မှုအပြောင်းအလဲနဲ့ လူကြီးတွေနဲ့ လူငယ်တွေကြားက အမေရိကန်အပေါ် အမြင်ကွဲလွဲကြပုံတွေ၊ လူကြီးတွေနဲ့ လူလတ်တွေ လူငယ်တွေ သဘောထားကွဲလွဲကြပုံတွေနဲ့ တည်ဆောက်ထားတယ်။ အမေရိကန်နိုင်ငံနဲ့ အမေရိကန်လူမျိုးတွေနဲ့လည်း တိုက်ရိုက်ချိတ်ဆက်ထားတယ်။ ရစ်ချက်ဂီရိတောင် ဧည့်သည်သရုပ်ဆောင်လုပ်ထားပေးတယ်။ ပြောရရင် ဟိရှိရှိမရဲ့ဝေဒနာကို ရိုက်ထားတဲ့ Hiroshima Mon Amour က ရှိပြီးသားဆိုတော့ နာဂါဆာခိရဲ့ဝေဒနာကိုရိုက်ထားတဲ့ ဒီကားပါပေါင်းလိုက်ရင် အနုမြူဗုံးဒဏ်ခံခဲ့ရတဲ့ မြို့၂မြို့ရဲ့‌ဝေဒနာတွေ မြင်ရတာစုံသွားပြီပြောရမယ်။ Hiroshima Mon Amour လောက်တော့ ဒီကားက ကဗျာမဆန်ပေမဲ့ မျက်မှောက်ခေတ်ကိုရော အတိတ်သမိုင်းကိုပါ ပြထားတာမို့ သူ့နည်းသူ့ဟန်နဲ့တော့ မညံ့တဲ့ ရုပ်ရှင်လို့ပြောရမယ်။ အစောကပြောခဲ့သလို ကိုယ့်အပြစ်ကိုချန်လှပ်ခဲ့ပြီး သူများအပြစ်ကိုပဲ ထောက်ပြထားတာကို အားနည်းချက်လို့ဆိုချင်ဆိုလို့ရပါတယ်။ ဒါပေမဲ့လည်း ဂျပန်ရုပ်ရှင်တစ်ကားမှာ အနုမြူဗုံးကြဲခဲ့ရတဲ့အတိတ်ကို ခါးသက်တဲ့သမိုင်းတစ်ခုအဖြစ် ပုံဖော်ထားတာကိုတော့ ကျွန်တော်တော့ အလွန်လို့မြင်ပေးလို့မရပါဘူး။ မှန်တာမှားတာထက် သူတို့ရုပ်ရှင်ဟာ သူတို့အမြင်အတိုင်းဖြစ်နေဖို့ပိုလိုလိမ့်မယ်မြင်တယ်။ ဒီတော့ ဖြစ်သင့်တဲ့ကိစ္စပါပဲ။ Rhapsody in August ဟာ သတိရနေသေးရင် စစ်ကြီးက ဘယ်တော့မှ မပြီးသွားဘူးဆိုတဲ့အကြောင်းပါပဲ။ မီးလုံးကြီးတွေ ကောင်းကင်ယံထိ လျှံတက်ခဲ့တဲ့ ဩဂတ်စ်လရဲ့ အဆွေးသီချင်းတစ်ပုဒ်ကလည်း ဘယ်တော့မှ အဆုံးသတ်မသွားသလိုပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 995MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 38Min Genre – Drama, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Mystery
7.2 1991 98 mins
Rhapsody in August
Swing Girls
7.6

Swing Girls (2004) ******************* ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy/Drama အမျိုးအစား Swing Girls ဆိုတဲ့ ဂျပန်ကားလေးဖြစ်ပါတယ်။ စိတ်မရွှင်လန်း အားလျော့နေချိန်မှာ ဘဝအမောပြေပျောက်ပြီး စိတ်ခွန်အားရချင်သူများ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားအဖြစ် ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားတဲ့ ဒီလူငယ်ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************* ပူပြင်းလှတဲ့ ဂျပန်နွေရာသီမှာ အချိန်ပိုသင်တန်းပြန်တက်နေရလို့ ငြီးငွေ့နေကြတဲ့ တိုမိုကိုတို့ သူငယ်ချင်းတစ်စုဟာ အားကစားပွဲကို တီးမှုတ်ဖျော်ဖြေဖို့ ထွက်ခွာသွားကြပြီးနောက် ကားပေါ်မှာ နေ့လယ်စာ မပါတာကို သိသွားခဲ့ပါတယ်။ သင်္ချာဆရာ အိုဇဝါအတန်းချိန်လည်းဖြစ် စာသင်ဖို့ ငြီးငွေ့နေကြတဲ့ သူတို့ဟာ ဆရာ့ကို ခွင့်တောင်းပြီး ရထားနဲ့ နေ့လယ်စာ သွားပို့ခဲ့ကြပါတယ်။ ရထားပေါ်မှာ နေ့လယ်စာဘူးကို ဖောက်စားကြည့်ပြီးနောက် အိပ်ပျော်သွားတဲ့အတွက် ဆင်းရမယ့် ဘူတာကျော်ပြီး သူတို့ဟာ နေပူပူမှာ လမ်းလျှောက်ပြီး သွားပို့ခဲ့ရပါတော့တယ်။ ကံဆိုးချင်တော့ နေ့လယ်စာမလောက်ငလို့ မစားလိုက်ရတဲ့ တာခုအိုကလွဲပြီး စားမိတဲ့ ဂီတဆရာမရော ကျောင်းသူကျောင်းသားတွေပါ ဆေးရုံရောက်ကုန်ကြပါတော့တယ်။ တီးဝိုင်းက ထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သူ တာခုအိုဟာ ကျောင်းဘော့စ်ဘောပွဲအတွက် အလောတကြီး တီးဝိုင်းအစားထိုး ဖွဲ့ဖို့ စိတ်ဝင်စားသူများ ပါဝင်ကြဖို့ အစည်းအဝေးခေါ်ခဲ့ပါတယ်။ ပန့်ခ်တီးဝိုင်းက ဘော့စ်သမား ၂ ယောက်နဲ့ ဆဲကီဂုချီတို့ပဲ ရောက်လာခဲ့ကြပါတယ်။ တာခုအိုက တိုမိုကိုတို့ မိန်းကလေးအုပ်စုကို နေ့လယ်စာထမင်းဘူးကိစ္စနဲ့ တီးဝိုင်းမှာပါဖို့ ဖိအားပေးခဲ့ပါတယ်။ ဘာကိုမှ အလေးအနက်မရှိကြတဲ့ တိုမိုကိုတို့ မိန်းကလေးအုပ်စုနဲ့ “Big Band jazz” ကို မဖြစ်ဖြစ်အောင် ဖွဲ့ပြီးတီးမှုတ်ဖျော်ဖြေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂီတအကြောင်း ဘာမှမသိ၊ လေ့ကျင့်ဖို့ ကိုယ်ပိုင်တူရိယာမရှိ၊ ဝယ်စရာပိုက်ဆံမရှိတို့ တိုမိုကိုတို့နဲ့ တာခုအို ဘယ်လိုစခန်းသွားပြီး “Swing Girls”အဖွဲ့ဖြစ်လာအောင် လုံးပမ်းကြမလဲ… နာမည်ကျော် jazz ဂီတကို အားကစားပွဲမှာရော စင်မြင့်ထက်မှာပါ အောင်မြင်စွာ ဖျော်ဖြေတင်ဆက်နိုင်ကြပါ့မလားဆိုတာ… ပရိသတ်တွေကို အချိန်ပေးကြည့်ရှုရတာနဲ့တန်အောင် ရယ်မြူးပျော်ရွှင် စိတ်အားတက်ကြွဖွယ်မျိုးစုံနဲ့ Swing Girlsမှာ ဘယ်လိုတွေ ဖန်တီးတင်ဆက်ထားသလဲဆိုတာကို ခံစားကြည့်ရှုကြပါစို့လား… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.53GB / 738MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Music, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

Animation • Family • Romance • War
7.6 2004 105 mins
Swing Girls
The Suicide Forecast
7

The Suicide Forecast (2011) *************************** IMDb-7 လူတွေအများကြီးနဲ့ ဇာတ်အိမ်တည်ထားပြီးတော့ ဘဝဆိုတဲ့အရာကို တန်ဖိုးထားရကောင်းမှန်းနားလည်အောင် ရိုက်ကူးတင်ပြထားတဲ့ ၂၀၁၁ ခုနှစ်ထွက်ဇာတ်ကားပဲဖြစ်ပါတယ်။ Main Cast အနေနဲ့ကတော့ Moving ထဲမှာ Frank နေရာက ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryoo Seung-Bum ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** ဘယ်ဗြောင်းဝူ (Ryoo Seung-Bum) ဟာ ကျွမ်းကျင်ဘေ့စ်ဘောကစားသမားအဖြစ်မှ အနားယူထားရပြီးတော့ အခုချိန် ဂျယ်အီအသက်အာမခံကုမ္ပဏီမှာ ထိပ်တန်း salesman အဖြစ် အလုပ်လုပ်ကိုင်နေသူတစ်ဦးပါ။သူဟာ ကိုရီးယားရဲ့ Top 1% ပဲ ရှိတဲ့လူချမ်းသာတွေရဲ့ ငွေကြေးကိုပါ စီမံပေးရလောက်တဲ့ထိ ထူးချွန်တဲ့သူဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ ချမ်းသာဖို့အရေးကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့် အရင်ကနဲ့မတူတော့ဘဲ ဘုဂလန့် လူ့ဂွစာတစ်ယောက်ဖြစ်လာခဲ့တာပေါ့။ တစ်ရက်…ဘယ်ဗြောင်းဝူရဲ့ဧည့်သည်တွေထဲကတစ်ယောက်ဟာ အသက်အာမခံအဖွဲ့ဝင်ပြီးနောက် ရည်ရွယ်ချက်ရှိရှိနဲ့ အာမခံငွေအတွက် သတ်သေသွားခဲ့ပါတယ်။ဒါ့အပြင် ကျန်ရစ်သူမိသားစုကပါ ဘယ်ဗြောင်းဝူကို သတ်သေဖို့အတွက် လှုံ့ဆော်အားပေးမှုနဲ့ တရားစွဲလိုက်တဲ့အခါ အာမခံကုမ္ပဏီဘက်က ဘယ်ဗြောင်းဝူရဲ့ အရင် မှတ်တမ်းတွေကိုပါ ပြန်လည် စာရင်းစစ်ဝင်ပါတော့တယ်။ ဧည့်သည်တွေထဲမှာ နောက်ထပ် သတ်သေသူတစ်ယောက်သာတိုးလာရင် ဘတ်ဗြောင်းဝူရဲ့ အသက်မွေးဝမ်းကျောင်း ပျက်သုဉ်းသွားတော့မဲ့ အခြေအနေမှာ ဘယ်ဗြောင်းဝူဟာ သူ့ရဲ့အရင်ဧည့်သည်တွေထဲက သတ်သေနိုင်ခြေရှိတဲ့လူတွေ ရည်ရွယ်ချက်ရှိရှိ အသက်အာမခံအဖွဲ့ဝင်ခဲ့တဲ့လူတွေကို ပြန်လည် အမှတ်ရသွားပါတော့တယ်။ တစ်ဘို့တည်းသာ တွေးပြီး လူတကာကို သနားကြင်နာမှုမရှိတဲ့ လူ့ဂွစာ ဘယ်ဗြောင်းဝူတစ်ယောက် အဲဒီဧည့်သည်တွေနဲ့ တွေ့ဆုံပြီး အသက်အာမခံကနေ ပင်စင်အာမခံကို ပြောင်းဖို့တိုက်တွန်းရန် ကြံပါတော့တယ်။မိသားစုဝင်တွေအားလုံး နိုင်ငံခြားမှာ ရောက်ရှိနေပြီး အကြွေးတစ်ပုံတစ်ပင် ရှိနေတဲ့သူ… အကြောလိုက်ရောဂါရှိနေတဲ့ အိမ်ခြေရာမဲ့တစ်ယောက်…အမှိုက်သိမ်းတဲ့အလုပ်ကို လုပ်ကာ သားသမီးလေးယောက်ကို ရှာဖွေကျွေးမွေးနေရတဲ့အမေ…အကြွေးရှင်တွေကိုရှောင်ရင်း ဘားမှာသီချင်းဆိုကာ မောင်လေးရဲ့ဝမ်းစာကို ဖြေရှင်းနေတဲ့အစ်မဖြစ်သူ…သူတို့ရဲ့ခက်ခဲကြမ်းတမ်းလှတဲ့ ဘဝတွေထဲကို ဘယ်ဗြောင်းဝူဆိုတဲ့လူတစ်ယောက် ပါဝင်ပက်သက်မိသွားတဲ့နောက်မှာ သူတို့အားလုံးရဲ့ဘဝဟာ ဘယ်လိုဆက်ဖြစ်သွားမလဲ…လူ့ဂွစာတစ်ယောက်ရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ သနားကြင်နာမှုနဲ့ သူတစ်ပါးကို ဖေးမကူညီမှုတို့ကရော ဘယ်လိုနည်းဟန်တွေနဲ့ ထွက်ပေါ်လာမလဲ…။ အသက်ရှင်နေရတဲ့ဘဝရဲ့ တဒင်္ဂအခိုက်အတန့်လေးတောင်မှ ဘယ်လောက်တောင် တန်ဖိုးရှိသလဲဆိုတာကို ထိထိမိမိ ရိုက်ကူးတင်ပြထားတဲ့ဇာတ်ကားကောင်းလေးဖြစ်ကြောင့် ကြည့်ရှုကြည့်ကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ Yati Naingက ရေးသားထားပါတယ်) File Size – 1.83 GB/ 766 MB Quality – WEB-DL 1080p/ 720p Duration – 2h 2m Format – mp4 Genre – Comedy, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Yati Naing Encoded by – Treasure Htet

Romance • Comedy • Drama
7 2011 124 mins
The Suicide Forecast