YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

National Treasure - Edge of History (2022) S01 E01 to 05.zip

3.16 GB N/A application/x-zip-compressed 965 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Portable Door
6.7

The Portable Door (2023) =================== IMDb Rating - 6.3/10 "တိုက်ဆိုင်မှု" ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့ ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ် နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင် ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ မျိုးပေါ့။ ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော... အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter က "တိုက်တိုက်ဆိုင်ဆိုင်" JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။ ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။ CEO Humphrey Wells က Paul ကို လျှို့ဝှက်အလုပ်တစ်ခု အပ်ခဲ့တယ်။ အဲဒါကတော့ တံခါးတစ်ခုကို ပြန်ရှာဖို့တဲ့။ ခရီး သွားတံခါးလို့ ခေါ်တယ်။ Paul လည်း မမြင်ရတဲ့တံခါးကို လိုက်ရှာဖို့ ကြိုးစားနေတဲ့အ ချိန်မှာ Sophieအပါအဝင် ကုမ္ပဏီရဲ့ ဝန်ထမ်းအချို့က Humphrey ကို သတိထားဖို့ ပြောခဲ့ကြတယ်။ Humphrey က ဘာလို့ အဲ့ တံခါးကို အရမ်းလိုအပ်နေတာလဲ၊တံခါးက ဘယ်ကိုသွားတဲ့ တံခါးလဲ၊ အဲ့တံခါးနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိ နေတာလဲ ဆိုတာကိုတော့ ထူးခြားဆန်းကြယ်မှုမျိုးစုံနဲ့ တွေ့ရှိ ရမယ့် Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size..........(1.59 GB) / (650 MB) / (368 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 56Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy Translator.......Thwal Htoo Zin Encoder..........Zin Phyo Aung

Action • Thriller
6.7 2023 116 mins
The Portable Door
The Wayward Cloud
5.8

~ IMDb - 6.5/10, Rotten Tomatoes - 78% ~ (ဒီလိုခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲကြည်အောင် 720p ထိချဲ့ကုတ်ပေးလိုက်ပါတယ်ခင်ဗျာ) ထိုင်ဝမ်ဒါရိုက်တာ Tsai Ming-liang ရဲ့ အမှတ်သညာလိုဖြစ်နေတဲ့ကားလို့ ပြောရမှာပဲ။ နောက်ဒီကားအမျိုးအစားက မြူဇစ်ကယ်ဒရာမာ။ မြူဇစ်ကယ်ဒရာမာအရေအတွက်က တရုတ်ရဲ့ ရုပ်ရှင်တွေထုတ်လုပ်နှုန်းနဲ့ ယှဉ်ရင် ၀.၀၀၁ ရာခိုင်နှုန်းတောင် ရှိပါ့မလားပဲ။ တရုတ်မြူဇစ်ကယ် ဒရာမာစစ်ကလည်း ပိုရှားတယ်။ ကြည့်ဖူးသလောက်ထဲတော့ ဟောင်ကောင်မှာဆို Perhaps Love, နောက်ထိုင်ဝမ်က ဒီကား၊။ ဒီလောက်ပဲ တွေ့ဖူးတယ်။ ဒီကားက မြူဇစ်ကယ်ဒရာမာဖြစ်နေရုံတင်မဟုတ်ဘဲ တကယ့်ငစားကားလည်း ဟုတ်တယ်။ ဘယ်လိုစားလဲတော့ ခင်ဗျားကိုယ်တိုင်ကြည့်မှ သိမှာပဲ။ အပြမှာတင်စားတာမဟုတ်ဘဲ သူ့သီချင်းတွေကလည်း စားတယ်။ မသိတဲ့လူသွားပြရင်တော့ အောကားလားလို့တော့ အမေးခံရမှာပဲ။ Tsai Ming-liang အနေနဲ့ဆိုရင်တောင် တော်တော်စားတဲ့ကားလို့ပြောရမှာပါပဲ။ ဒီရုပ်ရှင်က ခင်ဗျားကိုပေးမယ့် Experience ကို ခင်ဗျား ကြိုက်ချင်လည်းကြိုက်မယ်။ မကြိုက်ချင်လည်း မကြိုက်ဘူး။ အာမ,တော့မခံနိုင်ပေမဲ့ အာရှရဲ့မြူဇစ်ကယ် ဒရာမာဆိုတာ ကြည့်ရခဲတာမို့ ကြည့်လိုက်တာတော့ မမှားဘူးပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 870MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 52Min Genre - Comedy, Drama, Musical Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Horror
5.8 2005 114 mins
The Wayward Cloud
Keshu Ee Veedinte Nadhan
6.7

ဒီတစ်ခေါက်မှာတော့ comedy-drama အမျိုးအစား Tamil movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲလို့ သတ်မှတ်တဲ့သူရှိသလို ငွေထက် အရေးပါတဲ့အရာတွေ များတယ်လို့ သတ်မှတ်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိကြပါတယ်။ ဒီကားလေးမှာတော့ အသက် ၆၀ အရွယ် Keshu ဆိုသူဟာ ကားမောင်းသင်တန်းပိုင်ရှင်ဖြစ်ပြီး သားသမီး ၂ ယောက်ရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ဖြစ်ချင်တော့ မိဘတွေရဲ့ အမွေခွဲဝေတာနဲ့ ပတ်သက်ပြီး ညီမတွေရယ် သူတို့ရဲ့ ခင်ပွန်းတွေရယ်နဲ့ ဇာတ်ရှုပ်တွေ ဖြစ်လာပြီး မိသားစုလိုက် အားလုံး ဘုရားဖူးခရီးထွက်ဖို့ ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘုရားဖူးခရီးသွားဖို့လုပ်တုန်း Keshu ဟာ ထီပေါက်တယ်လို့ ကြားသိလိုက်ရပါလေရော။ ဒီလိုနဲ့ Keshu တစ်ယောက် ထီပေါက်တယ်လို့ ကြားသိရတဲ့အခါမှာ ထီဆုငွေက အများကြီးရလား ရရဲ့သားနဲ့ မရဘူး ဖြစ်မလား... မောင်နှမတွေနဲ့ အမွေခွဲဝေဖို့ ဇာတ်ရှုပ်ကရော ဘယ်လိုဖြစ်သွားမလဲ.... ငွေက လူကို အရောင်ဆိုးမှာလား.... ဟာသနှောပြီး ပညာပေးရောတဲ့ ဒီဇာတ်ကားလေးကိုတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ New Year လေးလုပ်ရင်း ၂၀၂၁ ရဲ့ စိတ်ညစ်စရာအားလုံးကို ဒီဇာတ်ကားလေးရယ် CM ရယ်နဲ့အတူ ဖြေဖျောက်လိုက်ကြရအောင်နော်။ File size…2.8GB / 1.4GB / 526MB Quality…1080p WEB DL & 720p & 480p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Elorond & Shwe Pwint & Myo Myo

Documentary
6.7 2021 142 mins
Keshu Ee Veedinte Nadhan
Wolf Creek
6.5

Wolf Creek ========== ဒီဇာတ်ကားဟာ ၁၉၉၉ ခုနှစ် ဩစတြေးလျနိုင်ငံမှာဖြစ်ခဲ့တဲ့ တကယ့်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဩစတြေးလျနိုင်ငံမှာဆိုရင် နှစ်စဉ်လူပျောက်တိုင်ကြားမှု ၃သောင်းလောက်ရှိတတ်ပါတယ်။ ကိုးဆယ်ရာခိုင်နှုန်းသော လူတွေကိုတော့ ပြန်တွေ့ပေမယ့် တချို့တွေကိုတော့ သတင်းအစအနတောင် ပြန်မရခဲ့ကြဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ဒါကို အခြေတည်ပြီးတော့ ပျောက်ဆုံးသွားတဲ့သူတွေက ဘယ်လိုတွေပျောက်ဆုံးခဲ့လဲဆိုတာကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာကြောင့် horror/thriller ကြိုက်သူတွေ အနေနဲ့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဘန်၊ ခရစ်စတီ နဲ့ လစ်ဇီ ဆိုတဲ့ သူငယ်ချင်းသုံးယောက်ဟာ လူသူအရောက်အပေါက်နည်းတဲ့ ဥက္ခာခဲကျရောက်ခဲ့တဲ့နေရာကို အပျော်ခရီးအနေနဲ့ လာခဲ့ကြပါတယ်။ အလာမှာ ချောချောချူချူ ရောက်ခဲ့ကြပေမယ့် ပြန်ဖို့ပြင်တဲ့အချိန်မှာ ကားစက်နှိုးလို့မရဖြစ်နေခဲ့ပါတယ်။ သူတို့တွေလည်း အဲဒီညကို ကားပေါ်တင်အိပ်ပြီး ဖြတ်သန်းဖို့ ဆုံးဖြတ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာနဲ့ ကုန်တင်ကားတစ်စီးက သူတို့နားကို ကူညီဖို့ ရောက်လာခဲ့ပါတယ်။ သူတို့ ဘေးကင်းပြီလို့ ထင်ခဲ့ကြပေမယ့် သူတို့ဆီကို မထင်မှတ်ထားတဲ့ ဘေးအန္တရာယ်တစ်ခု ရောက်လာခဲ့တဲ့အခါ ဘယ်သူတွေကလွတ်မြောက်သွားကြမလဲ အကုန်လုံးကရော လွတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File Size : ( 3.76 GB ) and ( 1.26 GB) Quality : BluRay 1080p , 720p Running Time : 1hr 39min Format : Mp4 Genre : Horror , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jaka Encoded by Min Wai

Action • Adventure • Science Fiction
6.5 2005 104 mins
Wolf Creek
Past Lives
8.4

Past Lives (2023) ~ IMDb – 8.4/10, Rotten Tomatoes – 97% ~ သူ့အကြောင်းနဲ့သူ ကိုယ့်အကြောင်းနဲ့ကိုယ် လမ်းတစ်လမ်းမှာ လျှောက်ရင်းလှမ်းရင်း သူစိမ်းနှစ်ယောက် မတော်တဆ အင်္ကျီလက်ဖျားချင်း အဖျားချင်းခတ်မိရင်တောင် ဘဝအဆက်ဆက်က ရှေးရေစက်ရှိခဲ့လို့ပဲတဲ့။ ဒီလိုခတ်မိတာကိုက ဒီမမြင်ဖူးမကြုံဖူးခဲ့တဲ့ သူစိမ်းနှစ်ယောက်ကြား အတိတ်ဘဝတွေတုန်းက အကြောင်းကံပါစရာ တစ်စုံတရာရှိခဲ့ဖူးတာကြောင့်မို့ပဲတဲ့။ ရထားတစ်စင်းပေါ် ဘေးချင်းကပ် ထိုင်ခဲ့ဖူးရုံ ရေစက်မျိုးပဲဖြစ်ဖြစ်… ငှက်ကလေးတစ်ကောင်နဲ့ အဲဒီငှက်ကလေး တစ်မနက်လောက် ဝင်နားဖူးခဲ့တဲ့ သစ်ကိုင်းကလေးရဲ့ ရေစက်မျိုးပဲဖြစ်ဖြစ်… တစ်ခုသောညမှာ အတူတူကြွေကျခဲ့ဖူးတဲ့ ကြယ်လေးနှစ်စင်း သစ်ရွက်ကလေးနှစ်ရွက်ပဲဖြစ်ဖြစ်… ဘယ်လိုရေစက်မျိုးပဲရှိခဲ့ရှိခဲ့ တစ်ခုသောဘဝမှာ ၂ဦးသောသူတို့ ၂သက်၂ချစ်၂ယောက်ကမ္ဘာတည်နိုင်ဖို့ သူတို့၂ဦးကြား ဘဝပေါင်း၈ထောင်စာ ရှေးရေစက်ပေါင်း၈ထောင်ရှိဖို့လိုတယ်တဲ့။ သူလိုကိုယ်လိုဘဝပါပဲ။ တစ်စုံတရာကိုလည်း ရရှိဖူးလိမ့်မယ်။ တစ်စုံတရာကိုလည်း ဆုံးရှုံးဖူးလိမ့်မယ်။ တစ်နေရာရာမှာလည်း ဆုံဖူးခဲ့လိမ့်မယ်။ တစ်နေရာရာမှာလည်း ဝေးဖူးခဲ့လိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ လွမ်းဖူးလိမ့်မယ်။ ထူးထူးဆန်းဆန်းပဲ နေသားကျသွားလိမ့်မယ်။ မေ့လောက်ပျောက်လောက်ရှိတဲ့အခါလည်း ဆန်းဆန်းပြားပြားပဲ လွမ်းဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့မရတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ အံ့ဩဖို့ကောင်းအောင် မေ့သွားတဲ့နေ့ရက်တို့တွေ ရှိဖူးလိမ့်မယ်။ လက်ဖျားချင်းထိရုံကစခဲ့တဲ့ ရှေးရေစက်ကလေးကလည်း ဘဝချင်းလွဲခဲ့ရင် တစ်သက်လုံး နာလန်မထူနိုင်အောင် ပြိုလဲစေနိုင်စွမ်းသလို တစ်ဘဝလုံး မခန်းနိုင်အောင် လွမ်းစေနိုင်စွမ်းတယ်။ Past Lives ဟာ အဲဒီရေစက်တွေအကြောင်းပေါ့။ ဘာမှမဟုတ်ခဲ့ခြင်းများအကြောင်းပါပဲ။ ကျွန်တော့်အတွက်တော့ Past Lives ရဲ့အရသာဟာ ဟိုးတုန်းက ၃၈ကားတွေရဲ့ မှန်တံခါးမှာ ဆိုင်သလိုလိုမဆိုင်သလိုလို ကပ်ထားတတ်တဲ့ “သတိရရင် ပြန်လာပါ” ဆိုတဲ့ စာသားကို မိုးမည်းမည်းညနေတစ်ချို့မှာ အမှတ်မထင်ငေးကြည့်မိတဲ့ ဖီလင်မျိုးပေါ့။ အချိုးအကွေ့တို့က ရိုးရိုးလေးပဲ အစိမ်းသက်သက်မျက်နှာကလေးကို ဘဝပျက်သွားအောင် ငေးမောရင်း အစိမ်းသက်သက်ဖြစ်ခဲ့ရခြင်းတွေ…။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.7GB, 2.35GB, 995MB Quality – 4K HEVC, 1080p, 720p IMDb Rating – 8.4/10 Format – mp4 Duration – 1H 45Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8.4 2023 106 mins
Past Lives
Doctor Qin Ming: Rain Killer
5.9

ဒီဇာတ်ကားလေးကတော့ မှုခင်းဆရာဝန်ဒေါက်တာချင်မင်ရဲ့ ထူးဆန်းတဲ့မိုးညလူသတ်မှုအကြောင်းလေးဖြစ်ပါတယ်။ ဒီအမှုဟာ မြို့ပြင်ကစွန့်ပစ်ကစားကွင်းတစ်ခုမှာ မီးကျွမ်းနေတဲ့ အလောင်းတစ်ခုတွေ့ရာကနေ စတာပဲဖြစ်ပါတယ်။ အာရုံမတက်ခင်မနက်(၃)နာရီလောက်မှာ မိုးရွာခဲ့တာဖြစ်တဲ့အတွက် မှုခင်းနေရာကခြေရာလက်ရာတွေက မိုးရေနဲ့အတူပျောက်ကွယ်သွားခဲ့တယ်။ မီးကျွမ်းနေတဲ့အလောင်းဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားတဲ့ ကောင်မလေးတစ်ယောက်ရဲ့အလောင်းဖြစ်နေပါတယ်။ သေပြီးသားလူကိုဘာကြောင့် မီးရှို့တာလဲ အဖြေမထုတ်နိုင်ခင်မှာပဲ နောက်ထပ်အလောင်းအပိုင်းအစတွေကို မြို့ပြင်မှာရှာတွေ့ပြန်တယ်။ အရိုးမပါတဲ့ အလောင်းအပိုင်းအစတွေရဲ့ပိုင်ရှင်ဟာဘယ်သူဖြစ်နေမလဲဆိုတာ ဘယ်လိုများဖော်ထုတ်ရပါ့မလဲ။ဒီအမှုနှစ်ခုကရောဘယ်လိုဆက်စပ်နေမလဲ ဆိုတာကို ဒေါက်တာချင်မင်တို့ဟာလိုက်လံစုံစမ်းရင်း ဒါကလက်စားချေဖို့လူသတ်မှုဆိုတာသိလိုက်ရတယ်။ ဒီလိုရက်ရက်စက်စက်လက်စားချေရအောင် နောက်ကွယ်က အကြောင်းအရင်းဟာဘယ်လိုတွေများဖြစ်နေမလဲဆိုတာ ဆက်ပြီးခံစားလိုက်ပါဦးနော်……

5.9 2023
Doctor Qin Ming: Rain Killer
Mutt
6.3

Mutt (2023) ~ IMDb – 6.5/10, Rotten Tomatoes – 88% ~ ဒီဘက်ခေတ်တွေမှာ LGBT အကြောင်း ပုံဖော်ရိုက်ပြတဲ့ ရုပ်ရှင်တွေ ပေါသည်ထက်ပေါများလာပေမဲ့ LGBT ထဲက‌ ထရန်ဂျန်ဒါတွေအကြောင်း သီးသန့်ရုပ်ရှင်တော့ ရိုက်ပြကြတာတော့ ရှားတယ်လို့ ပြောရပါမယ်။ ဒီတစ်ခါ Mutt ကတော့ အမျိုးသမီးဘဝကနေ အမျိုးသားအဖြစ် ပြောင်းလဲလိုက်တဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းကို စေ့စေ့ငှငှရိုက်ပြထားတယ်။ ဂေးတို့ ဘိုင်တို့ လတ်တို့ထက် ထရန်တွေကို မိသားစုဝင်တွေအတွက် လက်ခံဖို့ ပိုခက်ခဲမယ်ထင်ရတာပါပဲ။ ဘာလို့ဆို သူက ခန္ဓာကိုယ်ကိုပါလိုက်ပြောင်းလဲပစ်လိုက်သကိုး။ ဒီရုပ်ရှင်ကလည်း အဲဒီလို လက်ခံဖို့ခက်ခဲနေကြသူတွေအကြောင်းနဲ့ သူ့ရွေးချယ်မှု သူတောင် ပြန်သံသယဝင်မိလာတဲ့ ထရန်ဂျန်ဒါတစ်ယောက်အကြောင်းပဲ။ မိဘတွေ ရည်းစားဟောင်းတွေ အကုန်လုံးက သူ့ဖြစ်တည်မှုကို လက်မခံနိုင်ကြတဲ့အပြင် အမကနေ အထီးပြောင်းတဲ့နောက် နာမည်ပါပြောင်းပစ်ရတာဆိုတော့ ဘဏ်အကောင့် ဘာညာပြဿနာတွေလည်း ကြုံရတဲ့အကြောင်းတွေအစုံပြထားတယ်။ ဒီရုပ်ရှင်က ပုံမှန် LGBT ကားတွေမှာ အတွေ့ရများသလို သမီးရည်းစားအချစ်အကြောင်းတော့ ဟုတ်မနေဘူး။ ရွေးချယ်မှုတစ်ခုအကြောင်း၊ အဲဒီရွေးချယ်မှုရဲ့ နောက်ဆက်တွဲတွေအကြောင်း၊ အဲဒီနောက်က ခံစားချက်တွေအကြောင်းပဲ။ ဒီလိုဆိုလို့ အချစ်အကြောင်းမပါဘူးလားဆိုရင်တော့ ပါတယ်။ ဒါပေမဲ့ အချစ်ရဲ့လက်ခံလိုက်ခြင်းအကြောင်းပေါ့။ လက်မခံခြင်းတွေကတော့ ရှေ့ဆက်နေဦးမယ်။ ဘယ်လိုပဲစာဖွဲ့ဖွဲ့ အချစ်အားလုံးက အချစ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 825MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 27Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.3 2023 87 mins
Mutt
Bhoothnath
6.4

Boothnath(2008) IMDb – 6.4/10 ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ဟောလီးဝုဒ်ရဲ့နာမည်ကျော်တွေဖြစ်တဲ့ အမီတာဘဂျမ်း၊ရှာရွတ်ခန်းနဲ့ဂျုဟီတို့ ပါဝင်သရုပ်ဆောင်ထားတဲ့Boothnathဆိုတဲ့ ဟာသသရဲကားပဲဖြစ်ပါတယ် အိမ်ကြီးတစ်အိမ်ကိုပြောင်းလာကြတဲ့ အာဒိတျတို့မိသားစုမှာ အာဒိတျဟာအလုပ်ကိစ္စကြောင့်ခရီးထွက်သွားချိန်မှာတော့ ထိုအိမ်မှာဇနီးဖြစ်သူအန်ဂျလီနဲ့သားဖြစ်သူဘန်ကူးတို့သာ ကျန်ခဲ့ပါတော့တယ် တစ်ညမှာတော့ဘန်ကူးဟာ ရေခဲမုန့်ဆင်းစားရင်း သရဲဖြစ်သူနာသ်နဲ့ စတင်တွေ့ဆုံချိန်မှ‌တော့ သရဲနဲ့ကလေး သူတို့နှစ်ယောက်ဘယ်လိုတွေဆက်ဖြစ်ကြမလဲ နာသ်ဆိုတဲ့သရဲရဲ့နောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိခဲ့မလဲဆိုတာ ဟာသဇာတ်နှောကာခံစားချက်အပြည့်နဲ့ ကြည့်ရှု့ကြရမှာဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Khin Khinဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Comedy • Drama • Romance
6.4 2008
Bhoothnath
Freaks of Nature
5.9

ပထမဆုံးပြောချင်တာကတော့ ဒီဇာတ်ကားထဲမှာ သွေးသံတရဲရဲနဲ့ မသတီစရာဇာတ်ဝင်ခန်းတွေပါဝင်တဲ့အတွက် ကလေးသူငယ်နဲ့ နှလုံးမကောင်းသူတွေကြည့်ရှုဖို့ မသင့်တော်ပါဘူး။ နောက်တစ်ခုပြောချင်တာကတော့ ဒီဇာတ်ကားက တကယ်ကိုအစုံသုတ်ပါ။ Zombie, Vampire, Alien နဲ့ Werewolf စတဲ့ ကြောက်စရာသတ္တဝါအစုံ ပါဝင်ပြီးတော့ အဲ့ဒီကြားထဲကအမျိုးမတူတဲ့ သူငယ်ချင်းသုံးယောက်ကို ဇာတ်အိမ်တည်ထားပါတယ်။ ဒေးဖို့ဒ်မြို့လေးမှာ လူ၊ ဇွန်ဘီနဲ့ ဗန်ပိုင်းယားတွေက အတူယှဉ်တွဲနေထိုင်နေကြပေမယ့် အချင်းချင်းမျက်မှုန်းကျိုးနေကြတာပါ။ အဲ့ဒီဒေးဖို့ဒ်မြို့လေးကို ဂြိုလ်သားတွေကကျူးကျော်တိုက်ခိုက်မှု ပြုလုပ်လာတဲ့ အခါမှာတော့ အမျိုးတစ်ခုစီက ငယ်သူငယ်ချင်းသုံးယောက်ပေါင်းပြီး မြို့ငယ်လေးကိုကယ်တင်ဖို့ကြိုးစားကြပါတော့တယ်။ File size…1.55 GB /793 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Paing Phyoe

Documentary
5.9 2015 92 mins
Freaks of Nature
The Rising Waves 3
5.7

ပါးစပ်မပိတ်အောင်ကိုရယ်နေစေရမဲ့ မာမိသားစုရဲ့ဂယက်လှိုင်းတွေအကြောင်း တတိယကားဖြစ်ပါတယ်။ အရှေ့ ၂ ကားကိုလဲတင်ဆက်ပေးပြီးသားပါ ၃ ကားလုံးကိုဒီလင့်မှာ ကြည့်ရှုနိုင်ပါတယ် မာလျို့တို့မိသားစုဟာ မချမ်းသာပေမယ့် တည်ငြိမ်အေးချမ်းတဲ့ ဘဝလေးနဲ့ နေလာခဲ့တယ်။ ဒါပေမယ့် ဒီပျော်ရွှင်မှုလေးဟာ မာလျို့ရဲ့အဖေတစ်ယောက် ပတ်ဝန်းကျင်ကမကြားသင့်တဲ့ အတင်းအဖျင်းတွေကြားခဲ့တဲ့အချိန်အထိပဲတည်မြဲခဲ့တယ်။ ပြဿနာကတော့ မြေးအဖိုးနှစ်ယောက်ရုပ်မတူရာကနေစတာပါပဲ။ မြေးအဖိုးနှစ်ယောက်ရုပ်မတူတဲ့အတွက် မြေးအရင်းမဖြစ်နိုင်ဘူးလို့ အတင်းအဖျင်းတွေပြောကြတဲ့အတွက် အဖိုးဖြစ်သူကမြေးနဲ့ DNAစစ်ကြည့်လိုက်တော့ သွေးသားမတော်စပ်ပါဘူးဆိုပြီးအဖြေထွက်လာခဲ့တယ်။ အဲဒီလိုနဲ့ချွေးမကိုအပြစ်တင်စွပ်စွဲပြီး နောက်တစ်နေ့မှာ မာလျို့တို့သားအဖက DNA ထပ်သွားစစ်ကြည့်လိုက်ပါတယ်။ အဲဒီမှာတင်ပြဿနာကပိုရှုပ်သွားတော့တာပါပဲ။ ကလေးကမာလျို့ရဲ့သားအရင်းဖြစ်ပေမယ့် အဖိုးနဲ့သွေးမတော်ဘူးဆိုတော့ မာလျို့တို့သားအဖက သားအဖအရင်းမဟုတ်တဲ့သဘောဖြစ်သွားခဲ့တယ်။ ကဲ…… ဒီသပွတ်အူဇာတ်လမ်းရဲ့အဆုံးသတ်ဟာဘယ်လိုများဖြစ်နေမလဲ

Drama
5.7 2021
The Rising Waves 3
Barbershop 2: Back in Business

ကဲ ပေါ့ပေါ့ပါးပါးဆိုပေမယ့် နက်နဲတဲ့စကားလုံးတွေနဲ့ ရီရမယ့် ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးကတော့ ၂၀၀၂ ခုနှစ်ကထွက်ခဲ့တဲ့ Barbershop ရဲ့ အဆက် ဒုတိမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း အရင်ဇာတ်ကားလိုပဲ ကယ်ဗင် ပါးမား နဲ့ သူ့ရဲ့ ဆံပင်ညှပ်ဆရာတို့ရဲ့ ပျော်ရွင်စရာ ဟာသလေးတွေအပြင် သူတို့ ကြုံတွေ့ရမယ့် အခက်အခဲတွေကိုလည်း တင်ပြထားပါတယ်။ နေရာကတော့ ချီကာဂိုမှာ ဇာတ်အိမ်တည်ထားပြီး ထုံစံအတိုင်း သူတို့ ဆံပင်ညှပ်ဆိုင်လေးက စကားသံတစ်ညံညံနဲ့ ဆူညံနေဆဲပါ။ တစ်ရက် သူတို့ရဲ့ လမ်းတစ်ဖက်မှာ ဆံပင်ညှပ်ဆိုင်အသစ် လာဖွင့်တဲ့အခါမှာတော့… နောက်ပြီး ဒီဇာတ်ကားရဲ့ မပါမဖြစ် ဟာသတွေကြီးလှိမ့်ပြောနေတဲ့ အက်ဒီကတော့ အသက်ပါပဲ။ ဒီကားလေးက သူငယ်ချင်းစိတ်ဓာတ်၊ မိသားစုခံစားချက်တွေအပြင် အသိုင်းအဝိုင်းတစ်ခုအပေါ် အပြောင်းအလဲတစ်ခုရဲ့ သက်ရောက်မှုကို မီးမောင်းထိုးပြထားတဲ့ကားလည်းဖြစ်ပါတယ်။ ရယ်လည်းရယ်ရပြီး ရင်ထဲတစ်ခုခုကျန်ခဲ့မယ်လို့ မျှော်လင့်ရင်းနဲ့ပဲ ခံစားလိုက်ကြပါဦး File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

Action • Adventure • Science Fiction
0 2004
Barbershop 2: Back in Business
Six Days Seven Nights 6 days , 7 Nights
5.9

Six Days, Seven Nights (1998) ဒီရုပ်ရှင်ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ရယ်ရအောင်ရိုက်ကူးထားပြီး အချစ်၊ အလွမ်း၊ အကြမ်း ၊ စွန့်စားခန်းတွေကို ဟာသဆန်ဆန်တင်ဆက်ထားတာမလို့ ရသစုံသလို ကြည့်ပျော်တဲ့ရုပ်ရှင်ကားလေးလဲ ဖြစ်ခဲ့ပါတယ်။ မင်းသားကြီး Harrison Ford နဲ့ မင်းသမီး Anne Heche တို့အဓိကပါဝင်ထားပြီး Friends SitCom ထဲက Ross အဖြစ်လူသိကြတဲ့ မင်းသား David Schwimmer လဲ သူနဲ့လိုက်ဖက်တဲ့နေရာက ပါဝင်ထားပါတယ်။ David Schwimmer ကို နေရာတကာ အလွဲလွဲအချော်ချော်နဲ့ ထင်ရာပြော ကြင်နာသနားတတ်တဲ့ဇာတ်ကောင်အဖြစ် မြင်ရတာ Friends ထဲက Ross အတိုင်းပါပဲ ရယ်နေရပါတယ်။ ဟယ်ရီဆင်ဖိုဒ့်ကြီးကိုလဲ တကိုယ်တည်းထင်ရာစိုင်း စွန့်စားပြီး အထာကျတဲ့ဘဲအဖြစ် မြင်ရတာ အင်ဒီယာနာဂျုံးဇာတ်ကောင်တောင် ပြန်အမှတ်ရစေပါတယ်။ ဇာတ်လမ်းသွားကတော့ အသည်းနုတဲ့မိန်းမသားတို့သဘာဝနဲ့ အချစ်ရဲ့စေရာကို မလွန်ဆန်နိုင်တဲ့လူသားတို့ရဲ့သဘာဝတွေကို ရှုခင်းလှလှတွေ စွန့်စားခန်းတွေနဲ့ အသည်းတယားယား ရင်တဖိုဖိုဖြစ်အောင်တင်ဆက်ထားပါတယ်။ Rating တွေဘာတွေ ခနမေ့ပြီး ဒီအတိုင်း လိုက်ပါစီးမျောရင်ကို ချစ်စရာကောင်းတဲ့ဇာတ်လမ်းလေးပါပဲ။

Thriller • Mystery
5.9 1998 102 mins
Six Days Seven Nights 6 days , 7 Nights
The Human Condition I: No Greater Love
8.5

The Human Condition Trilogy (1959 – 1961) ~ IMDb – 8.3/10, Rotten Tomatoes – 73% ~ ၁၉၅၈မှာ Junpei Gomikawa ဟာ The Human Condition ဆိုတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ အတ္ထုပ္ပတ္တိတစ်ခြမ်း ဇာတ်လမ်းတစ်ခြမ်းပါတဲ့ အတွဲ၆တွဲပါတဲ့ဝတ္တုကို ရေးခဲ့တယ်။ ဒီစာအုပ်ဟာ ထုတ်ဝေပြီး ချက်ချင်း Bestseller ဖြစ်သွားပြီး ထုတ်ဝေပြီး ၃နှစ်အတွင်း ကော်ပီ၂.၄သန်း ရောင်းခဲ့ရတယ်။ ဒီဝတ္တုဟာ စာရေးသူရဲ့ ဒုတိယကမ္ဘာစစ်အတွင်း ကြုံခဲ့ရတာတွေကို အခြေခံထားတယ်။ ဒီဝတ္တုမှာ ဂျပန်စစ်သားတွေကို စစ်အတွင်းက ရက်စက်တဲ့ကျူးကျော်သူတွေအဖြစ်ပုံဖော်ထားပြီး တရုတ်တွေ ကိုရီးယားတွေနဲ့ ဂျပန်ပြည်သူတွေကို ဂျပန်စစ်တပ်ရဲ့ အနိုင်ကျင့်ခံရတဲ့သူတွေအဖြစ်ပုံဖော်ထားတယ်။ နောက် ဒီစာအုပ်ဟာ ဂျပန်တွေရဲ့ညစ်နွမ်းခဲ့တဲ့အတိတ်ကို ပြန်အဖတ်ဆည်ဖို့ အရေးပါခဲ့တယ်။ တချို့ကတော့ Humanism ကို ဖော်ပြထားတယ်လို့လည်း ဆိုကြတယ်။ ၁၉၅၉မှာပဲ Masaki Kobayashi က The Human Condition ရဲ့ ပထမ၄တွဲကို No Greater Love (1959) နဲ့ Road to Eternity (1959) ကို ရိုက်ခဲ့ပြီး နောက်ဆုံး ၂တွဲကို နှစ်နှစ်အကြာ A Soldier’s Prayer (1961) အဖြစ် အသက်သွင်းခဲ့တယ်။ Masaki Kobayashi ဟာ Harakiri (1962), Kwaidan (1964) နဲ့ Samurai Rebellion (1967) တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာလည်း ဟုတ်တယ်။ The Human Condition ဟာ ၃ကားမှာ ဇာတ်လမ်းတစ်ဆက်တည်းဖြစ်ပြီး တစ်ကားကို ၃နာရီကျော်ကြာတယ်။ တစ်ဆက်တည်းဆိုတာက တစ်ချို့ကားတွဲတွေလို တစ်ကားတည်းကြည့်လည်းရတဲ့ပုံစံနဲ့ဆက်နေတာမဟုတ်ဘဲ ဒီ၃ကားလုံးပေါင်းမှ တစ်ဇာတ်တည်းဖြစ်နေတဲ့ တစ်ဆက်တည်းမျိုးပါ။ စုစုပေါင်း ၁၀နာရီနီးပါးကြာပြီး ရုံတင်တဲ့ ဂျပန်ရုပ်ရှင်တွေထဲ ရှားရှားပါးပါး အရှည်ဆုံးတွေထဲက တစ်ကားဖြစ်ခဲ့တယ်။ The Human Condition ဝတ္တုဟာ Kobayashi ကို တော်တော်လေးဆွဲဆောင်နိုင်ခဲ့သလို Kobayashi ကိုယ်တိုင်လည်း ဂျပန်တွေ စစ်မှုထမ်းဆွဲတာခံခဲ့ရပြီး မန်ချူးရီးယားမှာ တာဝန်ကျခဲ့တယ်။ သူကိုယ်တိုင်လည်း Pacifist တစ်ယောက်၊ Socialist တစ်ယောက်လည်း ဟုတ်ခဲ့တယ်။ တပ်သားအဆင့်ကနေ ရာထူးတက်ဖို့ ငြင်းခဲ့သလို ဂျပန်စစ်တပ်နဲ့ ဖက်ဆစ်အတွေးအခေါ်ကို ဆန့်ကျင်ခဲ့တယ်။ ဒါတွေဟာ ဒီရုပ်ရှင်က ဇာတ်ကောင် ခဂျိနဲ့ ဒါရိုက်တာတစ်သားတည်းဖြစ်နေတဲ့ အချက်တွေပါပဲ။ ဒါကြောင့်လည်း ဒီဝတ္တုဟာ ဒါရိုက်တာကို တော်တော်လေးရိုက်ခတ်ခဲ့သလို သူ့မာစတာပိစ် Trilogy ဖြစ်လာခဲ့တယ်။ The Human Condition Trilogy ဟာ ငြိမ်းချမ်းရေးဝါဒီ နဲ့ ဆိုရှယ်လစ်တစ်ယောက်ဖြစ်တဲ့ ခဂျိဆိုတဲ့လူ ဒုတိယကမ္ဘာစစ်ကာလမှာ အာဏာရှင်စနစ်အောက် ရှင်သန်ဖို့ကြိုးစားရပုံကို တင်ပြထားတဲ့ ရုပ်ရှင်ပဲ။ ဒီကားရဲ့၁၀နာရီလုံးမှာ ခဂျိရဲ့ အတွေ့အကြုံတွေကိုပဲ အခြေခံပြီး ကမ္ဘာစစ်၊ ဂျပန်ရဲ့စစ်မက်ရေးရာ၊ အဲဒီနောက်ကွယ်က ခဂျိအပါအဝင် ခံစားခဲ့ရတဲ့သူတွေကို ပြထားတယ်။ ပထမဆုံးကား No Greater Love (1959) မှာတော့ ခဂျိဟာ စစ်မှုထမ်းကင်းလွတ်ခွင့်ရခဲ့ပြီး အဲဒီအစား မန်ချူးရီးယားက မိုင်းတွင်းတွေမှာ အလုပ်သမားကြီးကြပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရတယ်။ ဂျပန်တွေဟာ စစ်အတွက် လက်နက်တွေထုတ်ဖို့ ဒီမိုင်းတွင်းတွေမှာ သံသတ္တုရိုင်းတွေကို ကိုလိုနီအပြုခံ တရုတ်အလုပ်သမားတွေကို မတန်မရာပေးပြီး မညှာမတာခိုင်းထားခဲ့တယ်။ ဂျပန်အလုပ်သမားခေါင်းတွေက အလုပ်သမားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး ခိုင်းခဲ့ကြတယ်။ ဒါကို လူသားဆန်မှုကို လိုလားတဲ့ ခဂျိက ကြည့်မနေနိုင်ခဲ့ဘူး။ ဒီနောက်မှာ ခဂျိဟာ ကင်ပေတိုင်တွေက စစ်သုံ့ပန်းအနေနဲ့ ဖမ်းလာတဲ့ တရုတ်လယ်သမားတွေကိုလည်း စီမံခဲ့ရတယ်။ ဒီလိုလူတွေကို မညှာမတာခိုင်း မစာမနာကျွေးတဲ့ ဂျပန်တွေနဲ့ လူသားဆန်မှုကိုမြင်ချင်တဲ့ ခဂျိကြားက အဖုအထစ်တွေကို No Greater Love (1959) မှာ ပြထားတယ်။ Road to Eternity (1959) မှာတော့ စစ်တပ်ထဲ ပါသွားတဲ့ ခဂျိရဲ့ တပ်တွင်းအနိုင်ကျင့်ခံရတာတွေ၊ ဂျပန်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ပြထားတယ်။ ဂျပန်စစ်တပ်ရဲ့ ကြီးနိုင်ငယ်ညှင်းစနစ်ကို ပြထားတယ်။ တစ်ခုရှိတာက ဒီလေ့ကျင့်ရေးက အခန်းတော်တော်များများဟာ ကူးဘရစ်ရဲ့ Full Metal Jacket နဲ့ တော်တော်လေးတူနေတယ်။ Full Metal Jacket ထဲက ပိုင်းလ်ဇာတ်ကောင်နဲ့ ဒီထဲက အိုဘာရာဇာတ်ကောင်ဟာ လေ့ကျင့်ရေးမှာ ကြုံတွေ့ခဲ့ရပုံတွေနဲ့ နောက်ဆုံးရွေးချယ်မှုအထိကို အတူတူပဲ။ ဒီကားရော စာအုပ်ရောက ကူးဘရစ်ကားရော စာအုပ်ရောထက် အနှစ်၂၀စောခဲ့တယ်ဆိုတော့ ကူးဘရစ်ဟာ ဒီကားကို Inspire ယူခဲ့တယ်လို့ပဲ မြင်တယ်။ ဒီကားမှာပြထားတဲ့ ဂျပန်စစ်တပ်ရဲ့ စစ်စခန်းသွင်းတာဟာ Full Metal Jacket ထဲကထက် အများကြီးပိုပြီး လူမဆန်ခဲ့ဘူး။ လူသားဆန်တဲ့ ခဂျိဟာ ဒီလူမဆန်တဲ့နေရာမှာ လူဆန်ဆန်နေရင်း အဲဒီလိုနေလို့ကို သူ့အတွက် အကျပ်အတည်းတွေကြုံလာရတာကို Road to Eternity (1959) မှာ ပြထားတယ်။ ၂နှစ်ကြာပြီးမှ ထွက်တဲ့ A Soldier’s Prayer (1961) မှာတော့ တိုက်ပွဲမှာရှုံးသွားလို့ အိမ်ပြန်ခရီးထွက်လာတဲ့ခဂျိတို့ဟာ ဂျပန်ပြည်ကလည်း ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးနေပြီဆိုတာ သိလိုက်ရတယ်။ ဒီလိုနဲ့ သူတို့ဟာ စစ်ပွဲနယ်မြေကနေ အိမ်ကိုပြန်တဲ့လမ်းဆီ ဦးတည်လာကြတယ်။ ဒီလမ်းတစ်လျှောက်မှာ စစ်ရှုံးပေမဲ့ အညံ့မခံသေးတဲ့ ဂျပန်တွေရော၊ လမ်းတစ်လျှောက်မှာ ကြုံရတဲ့ ဒုက္ခသည်တွေ၊ သူတို့ဒဏ်ခံခဲ့ရတဲ့ တရုတ်လယ်သမားတွေရဲ့ကလဲ့စားချေမှုတွေ၊ စစ်သုံ့ပန်းစခန်းတွေ၊ စစ်သုံ့ပန်းစခန်းက ဂျပန်အချင်းချင်းရက်စက်မှုတွေ စသဖြင့် ကြုံခဲ့ရတာတွေကို ပြထားတယ်။ ထုံးစံအတိုင်း ခဂျိဟာ လူသားဆန်တဲ့လမ်းဘက်ကိုလိုက်တုန်းပါပဲ။ အဲဒါကပဲ သူ့ကိုအဆုံးမဲ့ဒုက္ခတွေထဲ တွန်းပို့ခဲ့တယ်။ ရယ်စရာကောင်းတာက ဂျပန်တွေက စစ်ရှုံးသွားတာတောင် အညံ့မခံသေးတဲ့ သူတို့ရဲ့ တချို့စစ်သားတွေအတွက် ဂုဏ်ယူကြပေမဲ့ ဒီကားက အခြေအနေတိုင်းဆို အဲဒီလိုလူတွေကတောင် ပိုရွံစရာကောင်းနေပါလိမ့်မယ်။ စစ်ပြီးကြောင်း တိုင်းပြည်က အညံ့ခံကြောင်းကြေညာပြီးတာတောင် ဆက်တိုက်နေသေးတာကိုကလည်း ရာဇဝတ်မှုဖြစ်နေပါပြီ။။ ဒီဇာတ်လမ်းဟာ ဂျပန်တွေရဲ့အတိတ်ကို ပြန်အဖတ်ဆည်တဲ့ ဇာတ်လမ်းလို့ ဆိုပေမဲ့လည်း ဂျပန်တွေရဲ့ အဆိုးတကာ့အဆိုးဆုံးလုပ်ရပ်တွေ၊ တလွဲဆံပင်ကောင်းတဲ့ ခံယူချက်တွေ၊ ဖက်ဆစ်စိတ်ဓာတ်၊ မုဒိန်းကောင်စိတ်ဓာတ်တွေကို ဘွင်းဘွင်းရှင်းရှင်းပဲပြထားခဲ့တယ်။ တခြားဂျပန်ကရိုက်တာမဟုတ်တဲ့ကားတွေမှာတောင် ဒီလောက် မပြပါဘူး။ ပြောရရင် သူတို့အဖတ်ဆည်ပုံက သူတို့အမှားကို သူတို့ဝန်ခံတဲ့နည်းနဲ့ပါ။ သူတို့ဂျပန်ပြည်သူတွေလည်း ခံခဲ့ရတယ်။ ဖက်ဆစ်တွေရဲ့ လုပ်ရပ်ကို တို့မကြိုက်ဘူးဆိုတဲ့ အဖတ်ဆည်ပုံမျိုးပဲ။ စစ်ရဲ့ ဆိုးယုတ်မှုကို ပြတဲ့ စစ်ဆန့်ကျင်ရေးကားတွေဖြစ်တဲ့ Apocaplyse Now, Full Metal Jacket, Come and See စတဲ့ နာမည်ကျော်ကားတွေထက်ကို ဒီကားကအများကြီး ပိုထိခတ်တယ်။ တစ်ချိန်တည်းမှာပဲ လူသားဆန်မှုနောက်ကိုလိုက်ရင်း သူ့လူသားဆန်မှုကြောင့်ပဲ လူသားတွေ နင်းခြေတာခံလိုက်ရတဲ့ ခဂျိရဲ့ အဖြစ်ကို ကြည့်ရင်း တော်တော်လေးဝေဝါးချင်စရာတော့ ကောင်းနေတယ်။ ငြိမ်းချမ်းရာကာလတွေမှာ လူသားဆန်ရတာ မခက်ခဲလှပေမဲ့ စစ်ဖြစ်ရာကာလမှာ လူသားဆန်တာကတော့ တစ်စစီ စုတ်ပြတ်သွားတဲ့အထိကို ခက်ခဲတယ်။ ဒါပေမဲ့လည်း ခဂျိဟာ အဲဒီလမ်းကိုပဲ အဆုံးထိလျှောက်ခဲ့တယ်။ ဒီလုပ်ရပ်မှန်လား မှားတော့ မပြောတတ်ပါဘူး။ သူ့အဖြစ်ကိုကြည့်ပြီး ဇာတ်ကားပြီးသွားတာတောင် စိတ်ထဲ မှိုင်းနေရလောက်တဲ့အထိ ဝမ်းနည်းစရာတော့ တော်တော်ကောင်းတယ်။ ဒီလိုဝမ်းနည်းစရာကောင်းအောင် အသက်အဝင်ဆုံး မျက်လုံးတွေနဲ့သရုပ်ဆောင်ခဲ့တဲ့ Tatsuya Nakadai ကိုလည်း ချီးကျူးရလိမ့်မယ်။ Harakiri, Ran, High and Low, Seven Samurai, Kwaidan, The Face of Another စတဲ့ ကားတွေမှာလည်း သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးပါပဲ၊ The Human Condition Trilogy ဟာ ကိုးနာရီကျော်ကြာတဲ့ ဇာတ်လမ်းမှာ ပျင်းစရာတစ်ကွက်မှ မရှိအောင် သေသေသပ်သပ်ရိုက်ပြထားနိုင်တဲ့ ရုပ်ရှင်တွဲတစ်တွဲပါပဲ၊။ ဒီရုပ်ရှင်တွဲဟာ စစ်ဆန့်ကျင်ရေး ရုပ်ရှင်တွေထဲတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ထိခတ်အောင် လုပ်နိုင်တဲ့ ရုပ်ရှင်တွဲလည်းဟုတ်တယ်။ ဒီရုပ်ရှင်တွဲရဲ့ တစ်ဘက်မှာ သမ္မာတရားတွေ ဆိတ်သုဉ်းနေတဲ့ အနိဌာရုံလောကကြီးကို မြင်ရလိမ့်မယ်။ တစ်ဘက်မှာတော့ အဲဒီလောကကြီးကို ဖြတ်သန်းနေတဲ့ အကောင်းတရားနဲ့ ချစ်ခြင်းကို မျှော်လင့်ထားတဲ့ အိမ်အပြန်လမ်းကို လျှောက်နေတဲ့လူတစ်ယောက်ကိုမြင်ရလိမ့်မယ်။ ဒါပေမဲ့လည်း အနိဌာရုံလောကကြီးကို အကောင်းတရားတွေက ဘယ်တုန်းကမှ တကယ်မနိုင်ဖူးပါဘူး။ “အချစ်ပန်းတွေနဲ့ ခေတ်လမ်းမှာ စစ်စခန်းတွေကို ဖုံးလွှမ်းပစ်ရမယ်”ဆိုတာတွေလည်း အိပ်မက်အဖြစ်ကျန်နေမြဲ။ အဲဒီလမ်းကိုဆက်လျှောက်မလျှောက်ဆိုတာကတော့ ကိုယ်စီမို့ရေးရာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.1GB, 1.35GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 3H 28Min Genre – Drama, History, War Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Comedy
8.5 1959 206 mins
The Human Condition I: No Greater Love
Tekka
6.4

Tekka 2024 ကောက်ရိုးတစ်မျှင် IMdb 6.4/10 လောကကြီးက တစ်ခါတလေ အရာရာကိုစွန့်လွှတ်ဖို့ တွန်းအားပေးလာချိန်မှာ ဆင်ခြင်တုံတရားကို အမှောင်ဖုံးလို့ လုပ်မိလုပ်ရာ ကောက်ရိုးတစ်မျှင်ကို ဆွဲမိတတ်ကြပါသတဲ့။ လူ့အဆင့်အတန်းရဲ့ အောက်ဆုံးအလွှာက ဒေါသအိုး သန့်ရှင်းရေးသမားလေးအစ်လက်ခ်တစ်ယောက် အထက်လူကြီးတွေရဲ့ သက်သက်မဲ့စော်ကားမှုတွေကို ဒေါသနဲ့တန်ပြန်မိတဲ့အတွက် အလုပ်ပြုတ်သွားတော့တာပေါ့။ အဲဒါနဲ့ပဲ အိမ်ကိုပြန်ရောက်လာတော့ သားဖြစ်သူကလည်း ကျောင်းလခမပေးနိုင်လို့ ကျောင်းထုတ်ခံလိုက်ရတဲ့အဖြစ်ဆိုးကို ရင်ဝကိုဆောင့်ကန်လိုက်သလိုပါပဲ။ စိတ်ပျက်နာကျည်းမှုတွေနဲ့ အထက်တန်းလွှာတွေရဲ့ နင်းပြားဘဝကို စိတ်ကုန်နေတဲ့ အစ်လက်ခ်တစ်ယောက် သူ့ရဲ့ရုံးအဆောက်အဦထဲမှာ ကလေးတစ်ယောက်ကို ပြန်ပေးဆွဲတဲ့အထိ ဖြစ်သွားပါတော့တယ်။ ဒီတော့ ACP မာယာတို့လည်း အစ်လက်ခ်ဆီကနေ ကလေးမလေးကိုကယ်ဖို့ ညှိနှိုင်းမှုလုပ်ဖို့လာရာကနေ အစ်လက်ခ်ရဲ့တောင်းဆိုမှုက ငွေမဟုတ်ဘဲ သူ့ရဲ့သန့်ရှင်းရေးအလုပ်ပဲဆိုတာကို သိလိုက်ရတာဖြစ်လို့ အားလုံး အဆင်ပြေလုဆဲဆဲမှာပဲ သမီးကိုကယ်ဖို့ ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေတဲ့ ကလေးမလေးရဲ့အမေ ပူဂျာကလည်း အစ်လက်ခ်ကိုခြိမ်းခြောက်ဖို့ သူ့သားကိုပါ ပြန်ပေးဆွဲထားတာကို သိလိုက်ရချိန်မှာတော့… ဖခင်မေတ္တာနဲ့ မိခင်မေတ္တာရဲ့ အားပြိုင်မှုကြားမှာ ဒီကလေးနှစ်ယောက် မြေစာပင်မဖြစ်ရေးအတွက် ACP မာယာတို့အရာရှိတစ်သိုက် ဘယ်လိုတွေကြိုးစားသွားကြမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

6.4 2024 130 mins
Tekka