YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Naruto Shippuden - The Movie 1 -[1080p](CM).mp4

1.26 GB 1080p video/mp4 1517 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dungeons & Dragons: Honor Among Thieves
7.4

Dungeons & Dragons: Honor Among Thieves (2023) ~ IMDb - 7.5/10, RT - 90%, Meta - 72% ~ မြေအောက်ခန်းနဲ့ နဂါးများ D&D ဆိုတာ Table Top ဂိမ်းလောကရဲ့ နာမည်ကြီး Role Play ဂိမ်းတစ်ခုပါပဲ။ ကိုယ်တိုင်ကိုယ်ကျ ဝင်ဆော့ရတဲ့ ဇာတ်လမ်းသွားအရုပ်ဂိမ်းတွေကစလို့ ကွန်ပြူတာ၊ ဖုန်း ပလက်ဖောင်းအစုံမှာ ရှိပြီး လူသန်းပေါင်းများစွာ ဆော့ကစားနေကြပါတယ်။ များပြားလှတဲ့ မျိုးနွယ်စု‌တွေ၊ မှော်သတ္တဝါတွေ၊ လက်နက်တွေ၊ အစွမ်းတွေ အရမ်းကိုစုံတဲ့ဂိမ်းပါပဲ။ ရုပ်ရှင်အနေနဲ့လည်း အရင်က သုံးကားလောက် ထွက်ဖူးပါတယ်။ စာအုပ်တွေလည်းထွက်ထားပါတယ်။ ရုပ်ရှင်ကား‌ဟောင်းသုံးကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒီတစ်ခေါက်ကတော့ Wonder Woman ထဲက မင်းသား ခရစ္စပိုင်းက ခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်ထားပြီး ဘက်ဂျက်များများ ဇာတ်လမ်းကောင်းကောင်းနဲ့ ရုံတင်ပြသထားတာပဲဖြစ်ပါတယ်။ ဒီထဲမှာ သုံးသွားတဲ့ မှော်တိုက်ကွက်တွေကလည်း နာမည်တွေမပြောပေမဲ့ ယခင် ဂိမ်းတွေထဲမှာ အဓိကသုံးကြတဲ့ အကွက်တွေဖြစ်သလို D&D ယူနီဗာ့စ်ကြီးရဲ့ အထင်က‌ရနေရာဖြစ်တဲ့ Neverwinter မြို့ကို နေရာစုံပြထားတဲ့အပြင် Easter Egg မျိုးစုံပါပါတယ်။ D&D ဖန် ဟုတ်ဟုတ်မဟုတ်ဟုတ် ကြည့်လို့ကောင်း အချိန်ပေးရကျိုးနပ်မှာတော့သေချာပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ အက်ဂင်ဆိုတဲ့ လူတစ်ယောက်ဟာ လူတွေကို ကူညီတဲ့ စောင်းသမားအဖွဲ့ကနေ သူခိုးအဖြစ်ကို အကြောင်းတစ်ခုကြောင့် ပြောင်းလဲလာတဲ့လူတစ်ယောက်ပါ။ သူနဲ့အတူ သူ့ရဲ့ သမီး ကီရာ၊ တိုက်ခိုက်ရေးသမား ဟိုဂါ၊ မှော်ဆရာတလွဲကောင် ဆိုင်မွန်၊ လူလိမ် ဖို့ဂျ်တို့လည်း သူခိုးအဖွဲ့မှာပါဝင်ကြပါတယ်။ တစ်ကြိမ်မှာတော့ အက်ဂင်ရဲ့ သေသွားတဲ့ ဇနီးကိုအသက်ပြန်သွင်းနိုင်တဲ့ ကျောက်ပြားတစ်ချပ်ကိုခိုးယူရင်း အဖမ်းခံလိုက်ရပြီး အက်ဂင်နဲ့ဟိုဂါတို့ ထောင်ကျသွားခဲ့ပါတယ်။ ထောင်ကနေ ထွက်ပြေးလာပြီး ကျောက်ပြားနဲ့သမီးကို ပြန်လိုက်ရှာရင်းနဲ့ သေယန်ဆိုတဲ့ စုန်းကဝေတပ်ကြီးနဲ့ တိုက်ခိုက်ဖို့ကြုံလာတဲ့အခါ...... (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.6GB, 1.3GB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 2H 14Min Genre - Action, Adventure, Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama
7.4 2023 134 mins
Dungeons & Dragons: Honor Among Thieves
Har Har Mahadev
9

ဒီဇာတ်ကားလေးက အေဒီ ၁၆ရာစု မာရသာအင်ပါယာကြီးကို စတင်တည်ထောင်နေစဉ်ကာလအတွင်း ဘုရင်ချက်သရပတီရှီဗာဂျီနဲ့ သူ့အပေါင်းအပါတွေက နယ်ချဲ့လက်ပါးစေတွေကို တော်လှန်ခဲ့တဲ့ ဖြစ်စဉ်ကို ရုပ်ရှင်ရုံကားအဖြစ် ရိုက်ကူးတင်ဆက်ထားခြင်းပဲ ဖြစ်ပါတယ်။ အတိအကျပြောရရင် ဒီဇာတ်ကားက ၁၆ရာစုနှောင်းပိုင်းမှာဖြစ်ပွားခဲ့တဲ့ ပဝန်းခင့်တိုက်ပွဲအကြောင်းကို အဓိကဇာတ်အိမ်တည်ထားပါတယ်...အဆိုပါတိုက်ပွဲမှာ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေဦးဆောင်တဲ့ စစ်သည် ၃၀၀ ပါဝင်တဲ့တပ်စုဟာ စစ်သည်ရဲမက် ၁၂၀၀၀ ပါဝင်တဲ့ ဘီဂျာပူရီတပ်တွေကို တိုက်ထုတ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ မာရသာအင်ပါယာကြီးဟာ ပြိုကွဲနေခဲ့ပြီး အင်အားကြီးရှင်ဘုရင်ဆူတန်ဟာလည်း ဒီလိုပြိုကွဲနေအောင် အချင်းချင်းသွေးထိုးရန်တိုက်ပေးခဲ့ပြီး နယ်မြေအတွင်း သွေးချောင်းစီးစေခဲ့တယ်...။ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ မာရသာလူမျိုးတွေဟာ ဆိတ်တွေ ကျွဲတွေအတွက်နဲ့ အချင်းချင်း ရန်ဖြစ်သတ်ဖြတ်နေကြတဲ့အချိန်ပေါ့...။ ဒီအဖြစ်ကို ရင်လေးမိနေတဲ့ ရှီဗာဂျီက နယ်မြေအားလုံးကို စုစည်းပြီး ဘုံရန်သူကို တိုက်ထုတ်ပစ်ဖို့ စွန့်စားပါတော့တယ်...။ အဲ့ဒီလို တစ်နယ်ပြီးတစ်နယ်သိမ်းပိုက်လာရင်း မာဗယ်နယ်မြေ ၁၂ခုလုံးက တုန်လှုပ်ရတဲ့ ဘာဂျီပါရာဘူဒေ့ရှ်ပန်ဒေနဲ့ ထိပ်တိုက်တိုးမိလာတဲ့အခါ...။ ဒီဇာတ်ကားလေးမှာ တိုက်ရေးခိုက်ရေးတွေကို ကောင်းကောင်းမြင်တွေ့ရမှာဖြစ်သလို နိုင်ငံရေးဉာဏ်အားပြိုင်မှုတွေကိုလည်း မြင်တွေ့ရမှာဖြစ်လို့ ကြည့်လိုက်ပါဦးနော်...။ File size…2.3GB  / 1.2GB Quality…1080p Zee5 WEB DL /720p Format…mp4 Duration….2h 41min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Bpl ~ Taylor ~ Sora ~ HayMan

Mystery • Thriller
9 2022
Har Har Mahadev
The Sadness
6.8

Virus​တွေ ကပ်​ရောဂါ​တွေနဲ့ Zombie movie​တွေဟာ ဒီဘက်​ခေတ်မှာ လူကြိုက်များ​နေသလို ကား​တွေလည်းအရိုက်များလာပါတယ်၊ ဒီရုပ်ရှင်က​ အသစ်ထွက်ရှိထားတဲ့ ထိုင်ဝမ် disasterရုပ်ရှင်ဖြစ်ပြီး IMDb rating6.6နဲ့ Rotten Tomatoes 95%ထိ Ratingခပ်မြင့်မြင့်ရရှိထားပါတယ်။ ကတ်နဲ့ ဂျင်က ထိုင်​ပေမြို့​တော်မှာ​နေထိုင်ကြတဲ့ အတူ​နေချစ်သူ​​တွေပါ၊ အများသူငါလို အလုပ်ကိုယ်စီနဲ့ ဘဝ​ခရီးလမ်းကို တူတူ ​လျှောက်လှမ်း​နေသူ​တွေ​ပေါ့၊ သူတို့​နေထိုင်ရာ ထိုင်​​ပေမြို့​ကြီးမှာ အဲဒီအချိန်က အယ်ဗင်ဗိုင်းရပ်ဆိုတဲ့ တုပ်​​ကွေးပိုးတစ်မျိုး ပျံ့နှံ့​နေတဲ့အချိန်​ပါ၊ အဆိုပါဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းနိုင်တယ်လို့ ကျန်းမာ​ရေးနယ်ပယ်က ပညာရှင်​တွေက သတိ​ပေးကြ​ပေမယ့် ထိုင်ဝမ်​ရွေး​ကောက်ပွဲရှိတာကြောင့် ​အစိုးရက ​လော့​ဒေါင်းချခွင့် မ​ပေးခဲ့ပါဘူး။ တစ်​နေ့မှာ ပညာရှင်​တွေစိုးရိမ်ခဲ့သလို ဗိုင်းရပ်ဟာ မျိုးဗီဇ​ပြောင်းသွားပြီး လူ​တွေကို ရူးနှမ်းသလိုဖြစ်သွား​စေပါတယ်၊ ဒီဗိုင်းရပ်က Zombieအဖြစ်​ ​ပြောင်းလဲပစ်တာမျိုးမဟုတ်ဘဲ လူ့ဦး​နှောက်ကိုတိုက်ခိုက်ပြီး ဟိရိဩတ္တပတရားမဲ့​အောင် လုပ်ပစ်လိုက်တာမျိုးပါ ဆင်ခြင်တုံတရား မရှိ​​တော့တဲ့သူ​တွေက မ​​ကောင်းမှု​တွေလုပ်ရမှာ မရှက်​တော့ဘဲ လူသတ်ခြင်း၊ မုဒိန်းကျင့်ခြင်း၊ သတ်​​​​သေခြင်းလို ကိစ္စ​တွေ အကုန်လုပ်လာကြပါတယ်၊ ဒီလိုအသိစိတ်မဲ့​​နေတဲ့ လူထုကြီးရန်နဲ့ ကူးစက်မှုမြန်တဲ့ ဗိုင်းရပ်ပိုးရန်ကို ဂျင်နဲ့ကတ်တို့ ဘယ်လို ရင်ဆိုင်​ကျော်လွှားကြမလဲ၊ သူတို့လွတ်​မြောက်ပါ့မလားဆိုတာကိုအသည်းတယားယား ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။ သတိ​ပေးလိုတာက ဒီရုပ်ရှင်က ​​Uncut version ဖြစ်တာ​ကြောင့်သွေးထွက်သံယိုအခန်း​​တွေအရမ်းများသလို အ​တော်ပီပြင်ပါတယ်၊ ​ လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်တာ​တွေကို ရိုက်ပြတာလည်း အရမ်းကြမ်းတာ​​ကြောင့် ​မိသားစုနဲ့အတူ ကြည့်ရှုဖို့ မသင့်​တော်​သလို ​သွေး​ ကြောက်တတ်သူ​တွေအတွက် ကြည့်ရှူဖို့အဆင်မ​ပြေနိုင်မယ့် အခန်း​တွေအရမ်းများတာကို သတိချပ်​​စေချင်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်း ‌ရေးသားထားသူကတော့ Jim X ပါ ) File Size__(1.9GB) / (1GB) Quality__WebDL_1080p, 720p (Uncut Version) IMDb Rating__6.6/10 Format__mp4 Duration__01:35:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Drama • Mystery • Thriller
6.8 2021 99 mins
The Sadness
Miss Peregrine's Home for Peculiar Children
6.8

2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 7.1 ရထားပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ...လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။ File Size     :   900/450 Mb Duration   :   2 hr 7 min Quality       :   720 HDrip Format       :   MP4 Translator :   Tariq Khant Min Encoder      :   Littleneo

Action • Drama • War
6.8 2016 127 mins
Miss Peregrine's Home for Peculiar Children
Yes Boss
6.7

Yes Boss (1997) *************** ဒီဇာတ်ကားလေးကတော့ ဘောဝုဒ်ရဲ့ Kingလို့တင်စားကြတဲ့ မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီးကြီး ဂျူဟီးချောင်လာတို့ရဲ့ Romance/Dramaအမျိုးအစား ဇာတ်ကားလေးတစ်ကားဖြစ်ပြီး IMDb ratingကလည်း 6.7အထိ ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်း ရာဟူးလ်ရဲ့သူဋ္ဌေးဆစ်ဒါးသ်ဟာ တရားဝင်မိန်းမရှိသူဖြစ်သော်လည်း ဆီမာဆိုတဲ့ မိန်းကလေးကိုသဘောကျကာ ချဥ်းကပ်နိုင်ဖို့အတွက် ရာဟူလ်းကို အခကြေးပေးကာ အကူအညီတောင်းပါတယ်။ ဒါပေမဲ့ ရာဟူးလ်ဟာ ဆီမာကို နှစ်သက်စွဲလမ်းကာ ချစ်မိသွားပြီး သူ့ရဲ့အလုပ်နဲ့ နှလုံးသားနှစ်ခုထဲက တစ်ခုကို ရွေးချယ်မှရတော့မယ့် အခြေအနေ ဆိုက်ရောက်လာတဲ့အခါ … ရာဟူးလ်တစ်ယောက် သူ့ရဲ့အချစ်ကို ရွေးချယ်နိုင်မှာလား … ဘယ်လို အခက်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ … ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှူပေးကြပါလို့ … ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ Darama/Romanceအပြင် ဟာသတွေပါ ရောနှောထည့်သွင်းထားပြီး ပျင်းစရာလုံးဝမကောင်းတဲ့ ကားကောင်းလေး တစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း … ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။

6.7 1997
Yes Boss
The Good Mother

၂၀၂၃ ခုနှစ်ထွက် အမေရိကန် crime/mystery ဇာတ်လမ်းအမျိုးအစားလေးပါ။ Academy award နှစ်ခါရရှိထားတဲ့ Hillary Swank နဲ့ House of Dragons က Olivia Cooke တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရရင် မယ်ရီဆာဘန်းနင်း (Hillary Swank) ရဲ့သားအငယ်ဖြစ်တဲ့မိုက်ကယ်ဟာဇာတ်လမ်းရဲ့အစမှာအသတ်ခံလိုက်ရပါတယ်။ သူဟာမူးယစ်ဆေးသုံးစွဲသူဖြစ်ပြီး သူ့သူငယ်ချင်းဖြစ်တဲ့ဒက်ကီနဲ့‌ပေါင်းပြီးမူးယစ်ဆေးအရောင်းအဝယ်လုပ်နေတဲ့သူပါ။ မိုက်ကယ်ရဲ့အကိုဖြစ်တဲ့ တိုဘီကရဲတစ်ယောက်ပါ။ ညီဖြစ်သူအသတ်ခံရတော့ တိုဘီက မိုက်ကယ်ရဲ့စီးပွားရေးလုပ်ဖက်ဖြစ်တဲ့ ဒက်ကီရဲ့လက်ချက်ဖြစ်မယ်လို့ထင်ပါတယ်။ တစ်ဖက်မှာလည်း မိုက်ကယ်ရဲ့ကောင်မလေးဖြစ်တဲ့ ပေ့ဂ်ျ ကနေစရာမရှိလို့ မယ်ရီဆာနဲ့အတူလာနေရင်း မိုက်ကယ်ကိုသတ်သွားတဲ့သူကိုလိုက်စုံစမ်းပါတယ်။ ပေ့ဂ်ျနဲ့မယ်ရီဆာ အတူလိုက်စုံစမ်းရင် ဘာတွေဆက်ဖြစ်မယ်၊ ဘယ်လိုမြှုပ်ကွက်‌တွေကိုသွားတွေ့မလဲဆိုတာတော့ ရုပ်ရှင်ထဲမှာခံစားကြည့်ကြပါခင်ဗျာ။ File size…(1.2 GB)/(614 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM

0 2023
The Good Mother
Godzilla: Final Wars
6.3

Godzilla: Final Wars (2004) ===================== IMDb Rating – 6.3/10 Xiliens လို့ခေါ်ကြတဲ့ ပဟေဠိဆန်ဆန်ဂြိုလ်သားမျိုးနွယ်တစ်စုဟာ ကမ္ဘာမြေကို မိတ်ဆွေတွေအယောင်ဆောင်ပြီးရောက်ရှိလာခဲ့ကြပါ တယ်။ အဲ့ဒီကာလမှာ လူသားမျိုးနွယ်တွေက ဂေါ်ဇီလာကိုနှိမ်နင်း အကျဉ်းချထားနိုင်ခဲ့ပြီ ဖြစ်ပေမယ့်လည်း တစ်ခြားသော ဧရာမသတ္တဝါ ကြီးတွေဟာ ကမ္ဘာအနှံ့ကမြို့တော်တွေကို တိုက်ခိုက်နေကြပါတယ်။ အဲ့ဒီဧရာမသတ္တဝါကြီးတွေနဲ့အတူ ကမ္ဘာကြီးတစ်ခုလုံးကိုဖျက်ဆီးပစ် ပြီး လူသားတွေကို နှိမ်နင်းကျွန်ပြုချင်တဲ့ Xiliens တွေကို နှိမ်နင်းဖို့အ တွက် ကမ္ဘာပေါ်မှာနောက်ဆုံးကျန်ရှိတဲ့ လက်တစ်ဆုပ်စာလူတစ်စုဟာ ကမ္ဘာမြေကိုကယ်တင်နိုင်ဖို့ ဂေါ်ဇီလာကြီးကိုပြန်လွှတ်ပြီး သတ္တဝါကြီး တွေနဲ့ရင်ဆိုင်ခိုင်းရမယ့်အခြေကိုဆိုက်ရောက်လာပါတော့တယ်။ Godzilla: Final Wars ဟာ Millennium series ရဲ့နောက်ဆုံးဇာတ် ကားဖြစ်ပြီး franchise တစ်ခုလုံးရဲ့ နှစ်ငါးဆယ်မြောက်အဖြစ်တိုက်ဆိုင် နေခဲ့တဲ့ကားပါ။ ရုံမတင်ခင်လေးမှာပဲ ဂေါ်ဇီလာဟာ Hollywood Walk of Fame မှာ ကြယ်တစ်ပွင့်ရရှိခဲ့ပါသေးတယ်။ ဒီကားနဲ့အတူ Toho ရဲ့ ဂေါ်ဇီလာ franchise ကိုရပ်နားခဲ့ပြီး ၂၀၁၆ မှသာ Shin Godzilla နဲ့ပြန် ပြီးအသက်သွင်းခဲ့တာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(2.44 GB) / (1.36 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 05Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Fantasy Translator…….Alias Encoder……….SWM

6.3 2004 125 mins
Godzilla: Final Wars
Dragon Inn
7.4

Dragon Inn (1967) ကင်းဟူရဲ့လက်ရာတွေထဲ ဒရာဂွန်အင်းက အအောင်မြင်ဆုံးလို့ ပြောရင်လည်းရတယ်။ ဒီကားကို မကြည့်ဖူးရင်တောင်၁၉၉၂ထုတ် ဘရစ်ဂျစ်လင်း , မက်ဂီချောင် , တိုနီလောင်ခါဖိုင်, ဒွန်းနီးယန်တို့ပါဝင်ထားတဲ့ New Dragon Gate Innနဲ့ ၂၀၁၁ထုတ် ဂျက်လီရဲ့ Flying Swords of Dragon Gateကို ကြည့်ဖူးကြမယ့်လူများပါလိမ့်မယ်။အဲဒီ၂ကားလုံးကို Tsui Harkကရိုက်ထားတယ်။ ဒါပေမဲ့ ကင်းဟူရဲ့ အော်ရီဂျင်နယ်ဗားရှင်းနဲ့ ယှဉ်လိုက်ရင် အဲဒီ၂ကားဟာ တော်တော်လေး ညံ့သလို ခံစားရမှာတော့အသေအချာပဲ။အဲဒီကားတွေကိုတောင် ကြိုက်ခဲ့တယ်ဆိုရင် ဒီကားကတော့ ရွှေပါပဲ။ ဒရာဂွန်အင်းဟာ ကင်းဟူ ရှောဘရားသားကနေ ထွက်ပြီး ပထမဆုံးရိုက်ခဲ့တဲ့ကားလည်းဟုတ်သလို ဒရာဂွန်အင်းဟာ ထိုင်ဝမ်စီနီမာမှာ အရေးပါတဲ့နေရာကရှိနေတယ်။ 2003မှာ Goodbye, Dragon Inn ဆိုပြီး Tsai Ming Liangက ဒရာဂွန်အင်းရုပ်ရှင်ကို ရုံမှာကြည့်တာနဲ့တင် တစ်ကားလုံးပြီးသွားတဲ့ ရုပ်ရှင်တစ်ကားလည်း ရိုက်ခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကတော့ ပြန်ရိုက်တဲ့ကားတွေနဲ့ သိပ်တော့မကွာပါဘူး။ ကွာတာက ကာရိုက်တာ တည်ဆောက်ပုံနဲ့ ဇာတ်လမ်းကျောရိုးမှာဖြည့်သွားတဲ့ Elementတွေပဲ။ ကာရိုက်တာတည်ဆောက်ပုံမှာဆို ဒီကားက အဓိကဇာတ်ကောင်ဟာ ပဟေဠိဆန်မှုနဲ့အတူစတယ်။သူဘာကောင်လဲ ကျွန်တော်တို့မသိသေးတဲ့ အချိန်မှာ သူ့ရဲရင့်မှုနဲ့ ပြတ်သွားမှုကိုမြင်နေရပေမဲ့ သူ့ကောင်းခြင်းမကောင်းခြင်းကိုတော်တော်ဝေဝေဝါးဝါးပဲမြင်ရသေးတယ်။ ဇာတ်အရှိန်မြင့်လာတဲ့အခါမှာ သူရဲကောင်းဆန်မှုက ထင်းလာတယ်။ ၉၂ကားကတော့ ကာရိုက်တာတည်ဆောက်မှု ဒီလောက်မကောင်းပေမဲ့ နဂါးအင်းဆိုတဲ့နေရာကို အဓိကထားတည်ဆောက်သွားတဲ့အချက်ကတော့ မိုက်တယ်။ဒီကားနဲ့အရသာတော့ကွာလိမ့်မယ်။ ဘာပြောပြော ကင်းဟူရဲ့သိုင်းကားတွေဟာ သိုင်းချကွက်အပိုင်းမှာ ဘာသိုင်းညာသိုင်း လုံးဝမပြောဘဲ လက်တွေ့ကျကျဒီတိုင်းချရုံချနေတာပေမဲ့ ဇာတ်အိမ် ကာရိုက်တာတည်ဆောက်မှုအပိုင်းမှာတော့ သိုင်းလောကအရသာ အပြည့်အဝရှိနေတယ်။ ဇာတ်ကတော့ နန်းတွင်းမှာ မိန်းမစိုးတွေကြီးစိုးထားပြီး သစ္စာရှိစစ်သူကြီးကို တိုင်းတစ်ပါးနဲ့ ပူးပေါင်းပါတယ်ဆိုပြီး ချောက်ချ သေဒဏ်ပေးလိုက်ကြတယ်။ သူ့မိသားစုကိုတော့နယ်နှင်ဒဏ်ပေးလိုက်တယ်။ ဒါပေမဲ့ ကျူပင်ခုတ်ကျူငုတ်ပါမကျန်အောင်ရှင်းဆိုတဲ့အတိုင်း မိန်းမစိုးတွေဟာ စစ်သူကြီးရဲ့မျိုးဆက်တွေကိုပါ တစ်ခါတည်းရှင်းဖို့ နယ်နှင်ဒဏ်ပေးတဲ့ခရီးဆီ သူတို့လက်ပါးစေတွေလွှတ်ပြီး ရှင်းခိုင်းလိုက်ကြတယ်။နယ်စပ်မှာရှိနေတဲ့ နဂါးအင်းမှာ မိန်းမစိုးရဲ့လက်ပါးစေတွေဟာ ကျောက်ချစောင့်ရင်း ရောက်လာရင် ရှင်းပစ်ဖို့ အသင့်ပြင်နေကြတယ်။ တစ်ဘက်မှာလည်း စစ်သူကြီးရဲ့သစ္စာရှိ အမှုထမ်းတွေက ဒီမိသားစုကိုကယ်ဖို့ လုပ်ကြတယ်။ ဒရာဂွန်အင်းဟာ ဒီဘက်မတူတဲ့အုပ်၂အုပ်ဟာတစ်ယောက်အကြောင်းတစ်ယောက်မသိဘဲ နဂါးအင်းမှာ ဆုံကြတဲ့အကြောင်းကို ကင်းဟူဟာ သိုင်းအရသာအပြည့်နဲ့ ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ File size… 2.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

Thriller • Horror
7.4 1967
Dragon Inn
The Caregiver

နောက်ပိုင်း Entertainment ဇာတ်လမ်းတွေများလာတဲ့အချိန် အရင်လို Horror/Thriller ဆန်ဆန်ဇာတ်လမ်းတွေကြည့်ချင်တဲ့သူတွေအတွက် ၂၀၂၃ ခုနှစ်ထွက် The Care Giver ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်အေးကာလအကုန်ပိုင်းလောက်မှာ ဇတ်လမ်းဆင်ထားပြီးတော့ အမေရိကန်တိုင်းက ကွန်မြူနစ်တွေကိုမုန်းနေတဲ့ကာလမှာပေါ့ Special Nurse အဖြစ်လုပ်ကိုင်နေတဲ့ အမ်မာတစ်ယောက် အလုပ်ကလဲမရှိ အိမ်နဲ့လဲအဆင်မပြေတော့ အလုပ်ကိုအသဲအသန်ရှာနေတဲ့အချိန်မှာ ရုရှားကနေ ဆိုဗီယက်ခေတ်ကတည်းကနေ ပြောင်းရွှေ့နေထိုင်လာတဲ့ မိသားစုက အဘွားကြီးတစ်ယောက်ကို Special Nurse အဖြစ်အလုပ်ကမ်းလှမ်းလာတော့ အမ်မာတစ်ယောက် ဘာမှစဉ်းစားမနေတော့ပဲ အလုပ်လက်ခံလိုက်ပါတော့တယ်။ ဒါပေမဲ့ အဲ့အိမ်ကအဘွားကြီးကို ပြုစုပေးတဲ့ Nurse တွေအကုန် ဘာကြောင့်မှန်းမသိပဲ အလုပ်တွေထွက်ကုန်ကြပြီး အမြဲ Nurse တွေတစ်ယောက်ပြီးတစ်ယောက် ပြောင်းနေခဲ့တာကို အမ်မာတစ်ယောက် တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှသိလာရတဲ့အခါမှာတော့ ဘာကြောင့် Nurse တွေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားလဲဆိုတာကိုတော့ စောင်ခြုံကွေး ကျေခြမ်းရင်းနဲ့ တစိမ့်စိမ့် ကြည့်ရှုလိုက်ကြပါဦး …. အညွှန်းနဲ့ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ် Genre….. Horror, Drama, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 526MB | 265MB Format… mp4 Duration….1h 26min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
The Caregiver
Blade
7.1

Marvel ဟာ Comic Book တွေ ရောင်းအားကျလို့ ဒေဝါလီခံရလုနီးပါးဖြစ်နေတဲ့အချိန် သူတို့ကို ကယ်တင်ခဲ့တာကတော့ ပထမဆုံးစူပါဟီးရိုးလူမည်းရုပ်ရှင်ဖြစ်တဲ့ Blade ရုပ်ရှင်ပါပဲ။ Blade ဟာ ရုံတင်ဝင်ငွေပိုင်းမှာရော ပရိတ်သတ်အားပေးမှုအပိုင်းမှာရော အောင်မြင်ခဲ့တာကြောင့် Marvel ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းများစွာရရှိခဲ့ပြီး MCU ကဲ့သို့ စူပါဟီးရိုး Universe ကိုပါ ပရိတ်သတ်တွေ ဆက်လက်ကြည့်ရှုခံစားခွင့်ရရှိခဲ့တာပါ။ Blade နေရာမှာ မင်းသားကြီး Wesley Snipes က လုံးဝပီပြင်စွာ သရုပ်ဆောင်ထားပြီး Blade ၃ ကားထွက်ရှိခဲ့ပါတယ်။ Blade ဟာ သွေးစုပ်ဖုတ်ကောင် vampire သွေးတစ်ဝက်ပါတဲ့ စူပါဟီးရိုးဖြစ်ပြီး လူသားကမ္ဘာကို ချုပ်ကိုင်လွှမ်းမိုးမယ့် vampire ဗီလိန်ကောင်တွေကို ရင်ဆိုင်တိုက်ခိုက်တာကို အမိုက်စားကြည့်ရှုခံစားရမှာပါ။ စူးရှတဲ့ ဇာတ်ကောင်တွေ ၊ ပုံစံမျိုးစုံနဲ့မိစ္ဆာကောင်တွေ ၊အသတ်အဖြတ်ကြမ်းကြမ်းတွေနဲ့ Marvel ရဲ့ ခြေလှမ်းအစကို ပြန်လည်ခံစားကြည့်ကြပါဦး။ Blade ရုပ်ရှင်ကား ၃ ကားစလုံးကို ဒီမှာ https://www.channelmyanmar.to/?s=blade+marvel ဒေါင်းပါ။

War • Thriller
7.1 1998
Blade
Jatt & Juliet
7.5

Jatt And Juliet (2012)”ကနေဒါ ဖူးစာ” ============================== နာမည်ကြီး ပန်ချာပီမင်းသား ဒီလ်ဂျစ်ဒိုဆန်ဂျ်ရဲ့ ၂၀၁၂ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် သူ့ခေတ် သူ့အခါက အောင်မြင်မှုတွေရရှိခဲ့တဲ့အတွက် နောက်ဆက်တွဲ ရုပ်ရှင် နှစ်ကားထိထွက်ရှိထားပြီး IMDb မှာလည်း 7.5 ထိ ရိတ်တင်းရထားပါသေးတယ်။ ဇာတ်လမ်းကတော့.. ဘိုစာကို နကန်းတစ်လုံးမှမသိဘဲ ကနေဒါကိုသွားပြီး ကနေဒါမှ အဖြူမလေးနဲ့ အိမ်ထောင်ပြုအခြေချချင်နေတဲ့ ဖာတယ်ဆင်းဂ်နဲ့ ဖက်ရှင်ဒီဇိုင်နာဖြစ်ချင်လို့ ကနေဒါကို ကျောင်းလာတက်တဲ့ ပူဂျာဆိုတဲ့ အိမ်ထောင်ပြုခါနီးကောင်မလေး။ သူတို့နှစ်ယောက် ကနေဒါမှာ တွေ့ဆုံကြပြီး အစပိုင်းမှာ တစောင်းစေးနဲ့ မျက်ချေးလို အချင်းချင်း ရန်ဆောင်ခဲ့ကြပေမဲ့ တဖြည်းဖြည်းချင်း ငြိတွယ်လာကြပုံကို ပေါ့ပေါ့ပါးပါးနဲ့ ဟာသနှောပြီး တင်ဆက်ထားတဲ့ရုပ်ရှင်လေးဖြစ်လို့ ချ န်နယ်မြန်မာ Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်ပြီး တင်ဆက်ပေးလိုက်ပါတယ်…။

7.5 2012
Jatt & Juliet
Pilot
8

Pilot (2024) ************* ဒီတစ်ခေါက် ကျွန်တော်တို့ Channel Myanmar ကနေ Cockpit ဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ Pilot ဆိုတဲ့ ဟာသရုပ်ရှင်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ အဓိကသရုပ်ဆောင်တွေအနေနဲ့ ကျွန်တော်တို့အားလုံးရင်းနှီးပြီးသား Hospital Playlist ထဲမှ Jo Jung Suk၊ Work Later Drink Now ထဲမှ Han Sun Hwa၊ Twenty-Five Twenty-One ထဲမှ Lee Joo Myung၊ D.P ထဲမှ Shin Seung Hoတို့နဲ့အတူ အခြားသော နာမည်ကြီး ဇာတ်ပို့ဇာတ်ရန်များစွာမှ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း- နာမည်ကြီး လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ ဟန်ဂျောင်အူဟာ မရည်ရွယ်ဘဲ လုပ်လိုက်မိတဲ့ အမှားတစ်ခုကြောင့် နေ့ချင်းညချင်း အလုပ်လက်မဲ့ဘဝကို ရောက်သွားပြီး စားဝတ်နေရေးပါ ခက်ခဲလာတဲ့အခါမှာတော့ ညီမဖြစ်သူ ဟန်ဂျောင်မီရဲ့ နာမည်ကိုသုံးပြီး သူ့ကိုယ်သူ မိန်းမတစ်ယောက်အနေနဲ့ ဟန်ဆောင်ကာ လေယာဉ်မှူး အလုပ်အသစ်တစ်ခုကို ထပ်ရဖို့အတွက် ကြိုးစားပါတော့တယ်။ ကံကောင်းထောက်မစွာနဲ့ လေယာဉ်မှူးအလုပ်ကို ရသွားတဲ့ ဂျောင်အူတစ်ယောက် မိန်းမတစ်ယောက်အနေနဲ့ ဘယ်လိုဆက်ဟန်ဆောင်မလဲ..။ လုပ်ငန်းခွင်မှာရော ဘယ်လိုအလွဲလေးတွေ တွေ့လာရမလဲဆိုတာ ဟာသလေးနှောပြီး ရိုက်ပြထားတဲ့ ဇာတ်ကားလေးဖြစ်ပြီး အရမ်းပေါက်နေတဲ့ ကားလေးလည်းဖြစ်တာမလို့ အကုန်လုံး အကြိုက်တွေ့စေမှာ အသေအချာပဲနော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။) File size…1.60GB / 720MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Theint, Hnin Wai , Treasure Htet & Hsu Pyae

8 2024 111 mins
Pilot
The Diary
5

စပိန်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အိုလ်ဂါနဲ့ဗစ်တာတို့ဟာလင်မယားအဖြစ်မှ ကွာရှင်းထားပြီးသမီးလေးဗဲရာကိုတစ်ပတ်တစ်ခါအလှည့်ကျ ကိုယ့်အိမ်မှာကိုယ်ခေါပြီးစောင့်ရှောက်ရပါတယ်။ ဗဲရာက ငယ်စဉ်ဘဝက စိတ်ဒဏ်ရာရနိုင်တဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ထားရတာကြောင့် မိခင်ဖြစ်သူအိုလ်ဂါကကားလို့စ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်နဲ့ပြခိုင်းထားတယ်။ အဲ့ဒီစိတ်ဒဏ်ရာကြောင့် အိုလ်ဂါဟာ တစ်သက်လုံးစုဆောင်းထားတဲ့ ပိုက်ဆံတွေကိုသုံးပြီး အခြားတစ်နေရာမှာအိမ်တစ်လုံးဝယ်လိုက်ပြီး သမီးဖြစ်သူနဲ့အတူနေဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကိုသန့်ရှင်းရေး လုပ်ရင်းနဲ့ ထူးဆန်းတဲ့သေတ္တာတစ်လုံးတွေ့ခဲ့တယ်။ အရင်အိမ်ရှင်ဟောင်းတွေ ကျန်ခဲ့တယ်အထင်နဲ့ထားလိုက်ပေမယ့် စဝယ်တုန်းက ဒီနေရာမှာဘာမှမရှိဘူးဆိုတာတော့သူအသေအချာသိတယ်။ သေတ္တာထဲဖွင့်ကြည့်လိုက်တဲ့အခါ ဒိုင်ယာရီစာအုပ်တစ်အုပ်နဲ့ ထူးဆန်းတဲ့ပစ္စည်းတွေကိုရှာတွေ့တယ်။ စာအုပ်ထဲမှာ လူတွေကို ညှင်းပန်းနှိပ်စက်ပြီးရက်ရက်စက်စက်သတ်ဖြတ်ခဲ့တာတွေကို အသေးစိတ်ရေးထားတာကိုတွေ့လိုက်တယ်။ ကြောက်လန့်ပြီး သေတ္တာကိုလွှင့်ပစ်လိုက်ပေမယ့် အိမ်ကိုပဲပြန်ရောက်နေတယ်။ အဲ့လိုနဲ့ ကားလို့စ်ကိုအကူအညီတောင်းပြီး ဖြေရှင်းကြတဲ့အခါမှာတော့…… File size…1.20GB / 630MB Quality…WEB-Rip 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5 2024 82 mins
The Diary
Pedro Páramo
6.1

Pedro Páramo (2024) IMDb Rating (6.1) / Rotten Tomatoes (71%) ၁၉၅၅မှာ ထုတ်ခဲ့တဲ့ မက္ကဆီကန် Juan Rulfoရဲ့ ဝတ္တုPedro Páramoကိုပဲ ပြန်ရိုက်ထားတာပါ။ မက္ကဆီကန်ဒါရိုက်တာကပဲရိုက်ထားပြီး ဇာတ်လမ်းကိုက မက္ကဆီကန်အငွေ့အသက် တော်တော်လွှမ်းတဲ့ ဇာတ်လမ်းမျိုးပါပဲ။ အမျိုးအစားက magical realism dramaဖြစ်ပြီး တစ်ကားလုံးမှာ ကျွန်တော်တို့တွေ တစ္ဆေမြို့တွေ တစ္ဆေတွေ နားမလည်နိုင်စရာ အဖြစ်အပျက်တွေကို မြင်ရမှာပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Rodrigo Prietoပါ။ နာမည်ကျော် စီနီမာတိုဂရပ်ဖာပါပဲ။ ဒီရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ပါ။ မက္ကဆီကန်ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးဖြစ်တဲ့ Alejandro ရဲ့ 21 Gramsတို့ Babelတို့ Amores perrosတို့မှာ စီနီမာတိုဂရပ်ဖာအနေနဲ့ ရိုက်ကူးခဲ့သလို အန်းလီရဲ့ Lust, Cautionနဲ့ Brokeback Mountainမှာလည်း ရိုက်ကူးခဲ့ဖူးတယ်။ The Wolf of Wall Street , The Irishman , Killers of the Flower Moon , Barbie တို့မှာလည်း စီနီမာတိုဂရပ်ဖာက သူပါပဲ။ ဒီနှစ်မှာတော့ တခြားကားတွေ စီနီမာတိုဂရပ်ဖာလုပ်တာ မရှိခဲ့ဘဲ သူ့ရဲ့ ဒီရုပ်ရှင်ကိုပဲ အားစိုက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကတော့Alejandroရဲ့ Bardoအငွေ့အသက်မျိုးနည်းနည်းတော့သင်းပါတယ်။ ဘာမှတော့မဆိုင်ပါဘူး။ ဒါပေမဲ့ Bardoက ဒီဝတ္တုကနေပဲ စိတ်ကူးရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတစ်ယောက်ဟာ သူ့အမေမသေခင်မှာသွားတဲ့အတိုင်း ဝေးလံခေါင်သီတဲ့တစ်နေရာကို ရောက်လာပြီး ပက်ဒရိုပါရာမိုဆိုတဲ့ သူ့အဖေကိုလာရှာတာကနေ ဒီဇာတ်လမ်းကို စထားတယ်။ သူ့အမေပြောဖူးတဲ့ တစ်ချိန်က သာယာလှပတဲ့မြို့ကလေးဟာ သူရောက်တဲ့အချိန်မှာ မြို့ပျက်ပြီးဖြစ်နေခဲ့ပြီ။ တစ္ဆေမြို့လို မြို့တစ်မြို့ဖြစ်နေခဲ့ပြီ။ ဒီတစ္ဆေမြို့မှာ တစ္ဆေတွေရဲ့ စကားနားထောင်ရင်း သူ့အဖေအကြောင်း သူဘာတွေသိလာရမလဲ။ ဒီတစ်မြို့လုံးက တစ္ဆေတွေဟာ သူ့အဖေလက်ချက်နဲ့မကင်းဘဲ သေကြသူတွေဖြစ်နေတဲ့အခါ သူ့အဖေက ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာကို တစ္ဆေတွေနဲ့တွေ့ရင်းတစချင်းသိလာတာကို ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.7 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Horror, Mystery, Thriller Duration….02:13:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.1 2024
Pedro Páramo
Beautiful Audrey
8.3

Beautiful Audrey (2024) ********************** IMDb… 8.3 ဘယ်ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ လူတိုင်းကို တန်းတူညီမျှ ဆက်ဆံပေးနိုင်ဖို့လိုပါတယ်။ အထူးသဖြင့် သားသမီးတစ်ယောက်နဲ့အထက် မွေးထားတဲ့ မိသားစုတွေမှာပေါ့။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ မိခင်ဖြစ်သူ အိုမီယွန်းမှာ သားဖြစ်သူ ဂန်ဂီဟွန်း နဲ့ သမီးဖြစ်သူ ဂန်ဂျီအွန်းဆိုပြီး သားသမီးနှစ်ယောက်ရှိတယ်။ ပညာရေးမှာလည်း ထူးချွန်ထက်မြက်သလို သားကြီးဩရသလည်းဖြစ်တဲ့ ဂီဟွန်းကို မိခင်ဖြစ်သူက သည်းသည်းလှုပ်ပဲပေါ့။ မောင်နှမနှစ်ယောက်ကို တမင်ခွဲခြားဆက်ဆံတာတော့မဟုတ်ပေမဲ့ ကိုယ်ကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ အရာရာ သားဖြစ်သူကိုပဲ ဦးစားပေးမိတဲ့အခါ သမီးငယ် ဂျီအွန်းရဲ့ စိတ်ထဲမှာ “မိသားစုက သူ့အစ်ကိုကိုပဲ​ဦးစားပေးတယ်” ဆိုတဲ့ စိတ်ဒဏ်ရာက တစ်စတစ်စ ကြီးထွားလာပါတော့တယ်။ ဒီလိုနဲ့ အရွယ်လေးရောက်လာကြတော့ အစ်ကိုဖြစ်တဲ့ ဂီဟွန်းက အမေနဲ့အတူတူ မွေးရပ်မြေမှာ ခေါက်ဆွဲဆိုင်လေးဖွင့်ထားပေမဲ့ ဂျီအွန်းကတော့ ဝါသနာပါရာ အိုင်ဒေါအလုပ်ကိုလုပ်ဖို့ အိမ်ကနေထွက်သွားပြီး မိသားစုကိုပါ သံယောဇဥ်ဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ တစ်ရက်ကျ မိခင်ဖြစ်သူ အိုမီယွန်းတစ်ယောက် အယ်ဇိုင်းမားဆိုတဲ့ မှတ်ဉာဏ်တွေ ဆုံးရှုံးရတဲ့ ဝေဒနာဆိုးကြီးကို ခံစားလိုက်ရတဲ့အခါမှာ ..။ Wanna One ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သလို သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်လှတာကြောင့် Weak Hero Class, Love Song for Illusion, Flower Crew: Joseon Marriage Agency စတဲ့ ဇာတ်ကားကောင်းတွေမှာပါဝင်ခွင့်ရရှိပြီး အောင်မြင်မှုတွေရရှိထားတဲ့ Park Ji Hoon ရဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးလည်းဖြစ်ပါတယ်။ တခြား main cast တွေအနေနဲ့ မင်းသမီးကြီး Kim Jung Nan နဲ့ Kim Bo Young တို့ကလည်း အဓိက ပါဝင်သရုပ်ဆောင်ပေးထားတာမို့ ဒရာမာချစ်သူတွေ တစ်ရှူးဆောင်ပြီးကြည့်သင့်တဲ့ ကားကောင်းလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Lai Laii မှ ရေးသားထားပေးပါတယ်။) File Size : 1.08GB/ 530MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:41:31 Genre : Life, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Lai Laii & Yati Naing Encoded by Tiff

Horror • Mystery • Thriller
8.3 2024 100 mins
Beautiful Audrey