YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Nanny.Dearest.2023.480p.(CM).mp4

498.79 MB N/A video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Abbara

ဒုစရိုက်မှုတွေမျိုးစုံလုပ်တဲ့ လူမိုက်ကြီးဗိုင်ရာမူဒီဟာ လုပ်သမျှရာဇ၀တ်မှုတိုင်းမှာ သက်သေမကျန်အောင်ပိရိရက်စက်သူပါ။ တစ်နေ့ရဲအရာရှိမာဟင်ဒရာဗာမာဆိုသူအသတ်ခံခဲ့ရပါတယ်။ တရားခံမပေါ်ခဲ့ပါဘူး။ ဒီကိစ္စကို မင်းသားက သူ့ကိုယ်သူ လူသုံးယောက်အနေနဲ့ သုံးကိုယ်ခွဲပြီး လိုက်လံစုံစမ်းရင်း အတိတ်ကအဖြစ်အပျက်တစ်ခုကြောင့်လည်း ဗိုင်ရာမူဒီကို လက်စားချေချင်နေခဲ့ပါတယ်။ သုံးကိုယ်ခွဲရင်း လွဲလာမယ့် အလွဲလေးတွေကိုလည်း ခွီရမယ့်အပြင် အက်ရှင်ခန်းတွေလည်း ပါဝင်တာမို့ တရားရေပြိုင် ဘယ်သူနိုင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စီးမျောလိုက်တော့နော်။ File size…2.67GB  / 1.57GB Quality…1080p True WEB DL /720p Format…mp4 Duration…2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor~BpL~Yunni

Action • Comedy • Romance
0 2022 148 mins
Abbara
Joyland
7.9

~ IMDb - 7.6/10, Rotten Tomatoes - 100% ~ Joyland ဟာ Saim Sadiq လို့ခေါ်တဲ့ ပါကစ္စတန် ဒါရိုက်တာလက်သစ်တစ်‌ယောက်ရဲ့ ပွဲဦးထွက်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ကိန်းမှာ ပွဲဦးထွက်ပြခဲ့ပြီး ဒိုင်ဆုတွေလည်းရခဲ့သလို မဆန်းပေမဲ့ မတ်တပ်ရပ်ပြီးဩဘာပေးခံခဲ့ရပါတယ်။ ဆန်းတာတော့ ကိန်းမှာ ပထမဆုံးပွဲဦးထွက်ပြတဲ့ ပါကစ္စတန်ကားဖြစ်သလို ပထမဆုံးဆုရခဲ့တဲ့ကားဆိုလည်း မမှာပါဘူး။ အကောင်းဆုံး LGBTQ+ ကားအနေနဲ့ Queer Palm ဆုကိုလည်းရခဲ့ပါတယ်။ ရုပ်ရှင်ဟာ ဖီးမနစ်နဲ့ Queer ကို အသားပေးထားတဲ့ ရုပ်ရှင်ပါပဲ။ ပါကစ္စတန်မှာ‌တော့ နိုဝင်ဘာကမှ ရုံတင်တာဖြစ်ပေမဲ့ အော်စကာမှာ ပါကစ္စတန်ကိုယ်စားပြုအဖြစ်ပြိုင်ဖို့ အရွေးခံခဲ့ရပြီး ဒီဇင်ဘာ၂၁မှာတော့ အော်စကာရဲ့အင်တာရုပ်ရှင်ဆုအတွက်ပြိုင်တဲ့ထဲ ပဏာမအဆင့်ရွေးချယ်ခံရတဲ့ ပထမဆုံး ပါကစ္စတန်ရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ ဇာတ်ကတော့ မိသားစုတစ်စုထဲက ဘောင်မဝင်သလိုဖြစ်နေတဲ့ အငယ်ဆုံးသားကို ဗဟိုချက်မအဖြစ်ထားပြီး သူ့မိန်းမနဲ့ သူ့အလုပ်ရှင် Queer တို့ အခြေအနေတွေကို ပုံဖော်ပြသွားပြီး အပေါ်ကဆိုခဲ့သလို သူတို့နိုင်ငံက အမျိုးသမီးအခွင့်အရေး နဲ့ LGBTQ+ Community အပေါ် ပတ်ဝန်းကျင်အမြင်တွေကို သိသိသာသာကိုပြသွားပါတယ်။ Sadiq ပြောတာတော့ သူငယ်ငယ်ကရှင်သန်ဖူးတဲ့ပတ်ဝန်းကျင်နဲ့ မဝေးလှတဲ့နေရာက Transgender အသိုင်းအဝိုင်းကို သူသိခဲ့ရာကနေ ဒီရုပ်ရှင်အတွက် ကုန်ကြမ်းရလာတယ်လို့ဆိုပါတယ်။ သမိုင်းဝင် ရှားပါး ပါကစ္စတန်ရုပ်ရှင်ဆိုတော့ ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 1.2GB, 640Mb Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 6Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Mystery
7.9 2022 127 mins
Joyland
Maurh - Lehndi Rutt De Nayak
7

Maurh (2023) ဒီတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ IMDb 8.5/10, the times of india 4.9/5 ရရှိထားတဲ့ ၁၈၈၅ ခုနှစ်နဲ့ ၁၈၉၃ခုနှစ်အတွင်း ပန်ဂျက်တောင်ပိုင်းက ဂျေအွန်နာဆိုတဲ့ တော်လှန်ရေးသမားရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ ဗြိတိသျှတွေခြေချနေကြတဲ့ အဲ့ကာလမှာ ပန်ဂျပ်ပြည်နယ်ကလူတွေအတွက်တော့ အိမ်ခွေးကိုလည်းကြောက်ရ အပြင်ခွေးကိုလည်းလန့်ရဆိုတဲ့ အခြေအနေဖြစ်နေခဲ့ပါတယ်။ ဗြိတိသျှကိုလည်းကြောက်ရ၊ ဘုရင့်အနွယ်တော်ဆိုတဲ့ မြေရှင်တွေကြောင့်လည်းကိုယ်စိုက်တဲ့အသီး ကိုယ္မစားရ မဝရေစာလေးစားပြီး အကြောက်ကြီးကြောက်နေခဲ့ရတဲ့ ကာလပါပဲ။ ဒီမှာမှ မစားရတဲ့အသီးကို သွားထိမိတဲ့သူကတော့ အနေအေးတဲ့ လူရိုးလေးဂျေအွန်နာရဲ့အမေပါပဲ။ သားကြီးကြိုက်တဲ့ မုန်ညှင်းစိမ်းလေးနည်းနည်းဝင်ခူးမိရာကစတဲ့မီးဟာ တစ်အိမ်လုံးကို တစ်စတစ်စနဲ့ပြန့်သွားပြီး ကြေးစားလူမိုက်အစ်ကိုကြီး တော်လှန်ရေးတပ်ထဲဝင်ပြီး အသက်ဆုံးသွားတဲ့အထိပါပဲ။ ဒီလိုအစ်ကိုကြီးရဲ့ သေဆုံးမှုကိုကလဲ့စားချေပေးမယ့် ဂျေအွန်နာ လူတိုင်းမှာပြောစမှတ်တွင်သွားရတဲ့ဇာတ်လမ်း၊ ယုံတမ်းနဲ့ ပါးစပ်ရာဇဝင်တွေ ဘာလို့ဖြစ်လာတယ်။ သူ့ရဲ့စွန်းစားခန်း ဘယ်လောက်ကြီးကျယ်တယ်ဆိုတာကို မိသားစုသံယောဇဉ်တွေ၊ ပန်ဂျပ်ပြည်သူတွေရဲ့ ဒုက္ခတွေကို ပေါ်လွင်အောင်တင်ပြထားတဲ့ကားလေးမို့ CM Bollywood Team မှ Aditi~ BpL~ ZWE~ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်ရှင် File size…3.78GB / 1.4GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ BpL~ ZWE~ Yunni

Thriller
7 2023 141 mins
Maurh - Lehndi Rutt De Nayak
Geocentric Crisis
4

ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးတော့မှာဖြစ်တဲ့အတွက် အသက်ဆက်လက်ရှင်သန်နိုင်ဖို့ အရေး ကြိုးစားခဲ့ကြတဲ့ မြေအောက်ကမ္ဘာနေထိုင်သူတစ်ချို့...! ကမ္ဘာမြေကြီးရဲ့ ဗဟိုချက် စွမ်းအင်တွေကုန်ဆုံးလာရင် ဆက်လက်ရှင်သန်လို့မရနိုင်မှာ စိုးသည့်အတွက် မြေအောက်ကမ္ဘာနေထိုင်သူ ပါရဂူ တွေဟာ စမ်းသပ်တီထွင်မှုတွေ ပြုလုပ်ခဲ့ပါတယ် ။ ဒီစမ်းသပ်မှုတွေဟာ မအောင်မြင်သည့်အပြင် အမှားမှား အယွင်းယွင်းတွေဖြစ်ပြီး ဧရာမ မကောင်းဆိုးဝါးတွေပါ ဖြစ်ပေါ်စေခဲ့ပါတော့တယ် ။ တစ်နေ့မှာတော့ မူကွဲအစီအစဥ်နဲ့ ရထားတစ်စင်းစီစဥ်ကာ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို သွားရောက်ဖို့ စီစဥ်ခဲ့ကြပါတယ် ။ ဒီလိုမျိုး ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်သွားရာလမ်းကြောင်းမှာပဲ ပဋိပက္ခတွေနဲ့အတူတူ မကောင်းဆိုးဝါး အကောင်ကြီးတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ကြရင်း...? မြေအောက်ကမ္ဘာနေထိုင်သူတွေ ကမ္ဘာမြေကြီးရဲ့ မြေမျက်နှာပြင်ပေါ်ကို အောင်မြင်စွာ ရောက်ရှိနိုင်ပါ့မလား? အရာအားလုံးရဲ့ ဖြစ်စဥ် နောက်ကွယ်အမှန်တရားကရော ဘာဖြစ်မလဲ? အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရအောင်ပါလားရှင်။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Science Fiction Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Reality
4 2023 70 mins
Geocentric Crisis
Libélulas
5.4

Libélulas (2022) ============ ဇာတ်ကားနာမည်က စပိန်လို Libelulas ဖြစ်ပီး မြန်မာလို ဆိုရင်တော့ ပုဇဉ်းလေး ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းခေါင်းစဉ်အတိုင်း သူတို့ရဲ့ဇာတိမြေကနေ အဝေးကို ပျံသန်းသွားချင်တဲ့ဆန္ဒက အဲလက်စ်နဲ့ ကာတာတို့ရင်ထဲမှာအပြည့်ပါ။ သူတို့သူငယ်ချင်း၂ယောက်က ဘာအလုပ်မှရေရေရာရာမလုပ်ပဲ ညတိုင်း ပါတီလုပ် ကလပ်သွားပျော်ပီး ကိုယ်စီစိတ်ဒဏ်ရာတွေကို ကုစားနေတဲ့ လူငယ်သူငယ်ချင်း၂ယောက်ပါပဲ။ အဲလက်စ်က ၇နှစ် အရွယ်မှာပဲ သူ့အမေအဆုံးစီရင်သွားတာကိုမြင်တွေ့ခဲ့ရသူဖြစ်ပီး ကာတာကတော့ အရင်တုန်းကမိသားစုအပေါ်တာဝန်မကျေပွန်ခဲ့တဲ့ လေဖြတ်နေတဲ့ဖခင်ကြီးကိုပြုစုရင်းခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်း ရပါတယ်။ တစ်နေ့တော့ အဲလက်စ်ဟာ သူ့ရဲ့အမေရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားရတဲ့ ဒီမြို့မှာဆက်မနေချင်တော့တဲ့ဆန္ဒကြောင့် ဘိန်းရောင်းရတဲ့ ငွေတွေယူပြီး သူ့ချစ်သူဂျေအတူ ထွက်သွားဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အရာအားလုံးက သူတချိန်လုံးတောင့်တနေခဲ့တဲ့အတိုင်းလွယ် ကူမလား၊ တခြားဘယ်လိုမမျှော်လင့်တဲ့အခက်အခဲတွေရောက်ရှိလာဦး မလဲဆိုတာ သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်) File Size……….(1.4 GB) / (512 MB) / (324 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 43mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Nyein Lai Encoder………..SWM

Adventure • Drama • Family • Fantasy
5.4 2022 103 mins
Libélulas
Love SummerI
6.5

Love Summer (2011) ================= ဒီတစ်ခါမှာတော့ ထိုင်းကားလေးတွေကြိုက်တတ်တဲ့ သူတွေအတွက် ထိုင်းဟာသကားလေးလာပါပြီနော် ခရီးသွားဖို့စီစဉ်တိုင်း သူငယ်ချင်းတွေ ညှိမရတာနဲ့ မသွားဖြစ်ကြတော့တာမျိုးတွေများတယ်မလား? ဒီကားထဲမှာတော့ သူငယ်ချင်းတွေစုပြီးခရီးထွက်ကြ တာမဟုတ်ဘဲ ခရီးထွက်ရင်း မထင်မှတ်ဘဲ လမ်းမှာဆုံကြတဲ့ သူတို့တွေ သူငယ်ချင်းဖြစ်သွားတဲ့အကြောင်းရိုက်ကူး ထားတာပဲဖြစ်ပါတယ်… ကောင်လေးသုံးယောက် ဘန်ကောက်ကနေပြီး ထိုင်းနိုင်ငံရဲ့နာမည်ကြီးကျွန်းတစ်ခုဖြစ်တဲ့ ဖူးခက်ကိုခရီး ထွက်လာကြပါတယ် လမ်းမှာနောက်ထပ် သူစိမ်းကောင်မလေးနှစ်ယောက်နဲ့အမှတ်မထင်ဆုံမိပြီး ဖူးခက်ကိုအတူခရီးနှင်ကြတဲ့ လမ်းတစ်လျှောက်မှာ …. ကားပျက်လို့ကြုံတွေ့ရတဲ့နောက်ဆက်တွဲတွေ…. ကြိုသိမထားတဲ့အရာတွေဖြစ်လာတဲ့အခါ ရင်ဆိုင်ရတာတွေ၊ သူတို့ကြားကဆက်ဆံရေးတွေကို အခွီတစ်လိုင်းနဲ့ ရယ်နေရမယ့်ကားလေးမို့ထိုင်းဟာသကားကြိုက်တတ်တဲ့ CM ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော် File size…2.1GB / 1GB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 50m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Hnin-Pale

Action • Adventure • Animation • Comedy • Family
6.5 2011
Love SummerI
Pink Moon
7

Pink Moon (2022) ~ IMDb rating – 7/10 ~ 2022 မှာထွက်ရှိထားပြီး ဆု​တွေလည်းရ၊ Rating လည်း​ကောင်းတဲ့ Pink Moon ဆိုတဲ့ဒရာမာကား​လေးက​တော့ ဖခင်နဲ့ သားသမီးတို့ကြား​မေတ္တာ​ကို ထိထိမိမိရိုက်ပြထားတာမို့ ဒရာမာကြိုက်သူ​တွေအကြိုက်​​တွေ့​စေမယ့် ကား​လေးတစ်ကားဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ သမီးဖြစ်သူ အီရစ်တစ်​​ယောက် ရုတ်တရက် အ​ဖေဖြစ်သူဂျန် ကိုယ့်ကိုယ်ကိုယ်သတ်​သေမယ့်အ​ကြောင်း ဖွင့်​​ပြောတာကို ခံလိုက်ရတဲ့အခါ အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို လက်ခံနိုင်ခဲ့လား… အ​ဖေဖြစ်သူရဲ့ ဆုံးဖြတ်ပြီးသားစိတ်ကို​ပြောင်း​အောင် ဘယ်လို​တွေလုပ်ခဲ့လဲ… အ​ဖေဖြစ်သူရဲ့ စိတ်ကို​ရော ​ပြောင်းပစ်နိုင်ခဲ့လား… နဲ့ သမီးတစ်​ယောက်အ​နေနဲ့ အ​ဖေကို ဆုံးရှုံးရမှာကို ဘယ်လိုမျိုး ရင်ဆိုင်​ကျော်လွှားခဲ့လဲ… ဆိုတာ​တွေကို ထိထိမိမိရိုက်ပြထားတဲ့ နယ်သာလန် ဒရာမာကား​ကောင်း​လေးတစ်ခုပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 795MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 35Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

7 2022 95 mins
Pink Moon
The Prince, The Witch, and The Mermaid
5.5

The Prince, The Witch, and The Mermaid (2002) အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆို ကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိ ဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့ စီအမ်ပရိသတ်‌တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအ‌ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာ ချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့် မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance, Action Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2002
The Prince, The Witch, and The Mermaid
The Mission
7.4

The Mission (1986) IMDb 7.4/10 Rotten Tomatoes 64% (တောတွင်းမျိုးနွယ်ဓလေ့များအရ ဗလာကျင်း အခန်းတချို့ပါဝင်သဖြင့် ကြည့်ရှုသူများ သတိထားနိုင်ရန် ကြိုတင်အသိပေးအပ်ပါတယ်) ဒီဇာတ်ကားလေးကတော့ ၁၉၇၀ လောက်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဘရာဇီးနိုင်ငံဟာ စပိန်လက်အောက်ခံဖြစ်နေစဉ်ကာလမှာ တောထဲက မျိုးနွယ်စုတစ်စုစီကို ခရစ်ယာန်သာသနာပြန့်ပွားရေး သွားရောက်လုပ်ဆောင်ခဲ့တဲ့ ဖာသာဂေဘရီရယ်အကြောင်းဆိုလည်း မမှားပါဘူး။ ဖာသာက အသစ်အဆန်းဆို ငြင်းတတ်၊ ကြောက်တတ်ကြတဲ့ မျိုးနွယ်စုလေးဆီကို ဂီတနဲ့အတူ သာသနာကိုစိမ့်ဝင်အောင်လုပ်ခဲ့ပြီး ကြေးစားလူသတ်သမားကိုပါ ဘုန်းတော်ကြီးတစ်ပါးဖြစ်လာအောင် တော်တဲ့သူလည်းဖြစ်ပါတယ်။ ဖာသာ့ရဲ့ဦးဆောင်မှုနဲ့ ဒီတောတွင်းမျိုးနွယ်စုဟာ တောထဲကလိုက်ထွက်လာခဲ့အပြီးမှာတော့ ထင်မှတ်မထားတာတွေဖြစ်လာပါတော့တယ်။ အဲဒါကတော့ စပိန်နိုင်ငံဟာ ဘရာဇီးကို ပေါ်တူကီနိုင်ငံဆီ ရောငိးစားလိုက်တဲ့အခါမှာတော့ ဒီမျိုးနွယ်စုကို ပြန်ကာကွယ်ပေးဖို့တွေဖြစ်လာပါတော့တယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM မှ Aditi ပဲဖြစ်ပါတယ်။ File size… 2.3 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 5m Genre ….. Adventure/Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Aditi

7.4 1986 126 mins
The Mission
The Alamo

IMDb rating – 6/10 Award – 1 nomination ဒီကားလေးကတော့ 1836ခုနှစ်မှာဖြစ်ခဲ့တဲ့ တက္ကဆက်ပြည်လွတ်လပ်ရေးမှာအရေးပါခဲ့တဲ့ အမေရိကန်သမိုင်း၀င်စစ်ပွဲတစ်ခုအကြောင်းရိုက်ထားတာပါ။ အမေရိကန်တက္ကဆက်ပြည်နဲ့ မက္ကဆီကန်နယ်ကြားက သာသနာပြုနေရာ ချာ့ခ်ျကျောင်းတစ်ခုဖြစ်တဲ့ အလာမိုခံတပ်‌ကို တက္ကဆက်သားတွေဖြစ်ကြတဲ့ ဂျင်မ်ဘိုဝီနဲ့ ဒေဗီခရော့ကတ် ကာနယ်ထရာဗစ်တို့ မက္ကဆီကန်အာဏာရှင်ဆန်တာအန်နာရဲ့သိမ်းပိုက်မှုကနေ ကာကွယ်တဲ့သမိုင်း၀င်ဖြစ်ရပ်ကို စိတ်၀င်စားစရာကြည့်ရမှာပါ။ reviewတွေအရတော့ သမိုင်းအချက်အလက်တွေကို မှန်မှန်ကန်ကန်‌ဖော်ပြထားတယ်လို့လဲဆိုပါတယ်။ အားလုံးပဲကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.1 GB) Quality….Webrip 720p Format…mp4 Duration….02:17:00 Genre… Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Soe Thiri Nwe

Science Fiction • Adventure
0 2004
The Alamo
Still Fabulous

Still Fabulous (2024) ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် Comedy/ Romance ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ (18+ Warning အဖော်အချွတ်အခန်းတွေ၊ မိသားစုနဲ့ ကြည့်ရန်မသင့်တဲ့ ဇာတ်ဝင်ခန်းတစ်ချို့ ပါဝင်ပါတယ်)။ ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလေနာဟာ ကိုယ့်ကိုယ်ကိုယ် မုန်းတီး၊ အထင်သေး၊ ယုံကြည်ချက်မရှိတဲ့ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ယောက်ပါ။ သူ့ကိုယ်သူလည်း မုန်းတီးနေသလို ယောကျ်ားတွေကလည်း သူ့ရဲ့ ခန္ဓာကိုယ်ကို ကြိုက်မှာမဟုတ်ဘူးလို့ ထင်နေပါတယ်။ အလုပ်ကလည်း တခြားတစ်ယောက်ရဲ့ ကိုယ်စား နောက်ကွယ်ကနေ အစားရေးပေးရတဲ့ ဆရာရေးဆရာမ လုပ်ကို လုပ်နေရတာပါ။ ဒီလိုတွေဖုံးကွယ်ထားရင်း ဘဝကို ရှင်သန်နေသူပါ။ အလုပ်က ဒိုနာတိုဆိုတဲ့ အယ်ဒီတာတစ်ယောက်ကိုလည်း တဖက်သတ် ကြိုက်နေတာပါ။ မက်ဒလေနာလည်း အပြာကားဝဘ်ဆိုဒ်တွေ ဝင်ကြည့်ရင်း ထူးဆန်းစွာပဲ ဗလန်တီနာဆိုတဲ့ အပြာကားမင်းသမီး တစ်ယောက် သူ့အနားမှာ ပေါ်လာပါတယ်။ ဗလန်တီနာ့ကို သူ တစ်ယောက်ပဲ မြင်ရတာပါ။ ဗလန်တီနာလည်း ယုံကြည်ချက်ပျောက်ဆုံးနေတဲ့ မက်ဒလေနာ့ကို ကူညီပေးဖို့ဖြစ်လာပါတော့တယ်။ မက်ဒလေနာတစ်ယောက် ဗလန်တီနာ့အကူအညီနဲ့ သူ့ဘဝကို ဘယ်လိုတွေ ပြောင်းလဲပစ်လိုက်မလဲ…… အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ် Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.6GB | 796MB Format… mp4 Duration…. 1h 33min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Mystery • Drama • Crime
0 2024
Still Fabulous
Kalki 2898-AD
7.6

Kalki 2898 AD (2024) IMDb – 7.6/10 စောင့်မျှော်နေကြတဲ့ ပရာဘာ့စ်ရဲ့ရုပ်ရှင်ကားသစ်ကြီးကို Netflixကနေထုတ်လွှင့်ခဲ့ပြီဖြစ်လို့ CMပရိသတ်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဘာဟုဘာလီရုပ်ရှင်တွေနဲ့ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ တလေဂူးမင်းသားကြီး ပရာဘာ့စ်၊ နာမည်ကျော် တမီးလ်မင်းသားကြီး ကာမယ်ဟာဆန်၊ ဟိန္ဒူရုပ်ရှင်လောကက မင်းသားကြီး အမီတာဘချမ်း၊ မင်းသမီးချောတွေဖြစ်တဲ့ ဒီပီးကားနဲ့ ဒီရှားတို့လို သရုပ်ဆောင်အကျော်အမော်တွေများစွာ ပါဝင်ထားကြပါတယ်။ Kalki Cinematic Universeရဲ့ ပထမဆုံးရုပ်ရှင်ပေါ့။ ၃၀၁၂ဘီစီ ကူရုခ်ရှက်တရာစစ်ပွဲကြီးမှာ မမွေးသေးတဲ့ကလေးကိုသတ်ခဲ့တဲ့အတွက် အာရှဝါသာမာကို အရှင်ဗိဿနိုးရဲ့ ရှစ်ကြိမ်မြောက်လူဝင်စားက ကျိန်စာတိုက်ခဲ့ပါတယ်။ ဆုတ်ကပ်ခေတ်ကြီးမှာ နေမင်းကြီးပျောက်ကွယ်သွားတဲ့အခါ… လေထုထဲမှာ အဆိပ်အတောက်တွေနဲ့ ပြည့်နေတဲ့အခါ… ဂင်္ဂါမြစ်ကြီးထဲမှာရေတစ်စက်မှ မရှိတော့တဲ့အခါ သူ နောက်တစ်ကြိမ်လူပြန်ဝင်စားတဲ့အချိန် ကာလီရဲ့ရန်ပြုတာကနေ ကယ်တင်ဖို့ သေခြင်းရှင်ခြင်းမရှိဘဲ အပြစ်တွေကိုတစိမ့်စိမ့်ခံစားရင်း စောင့်မျှော်နေရမဲ့ကျိန်စာ။ ၂၈၉၈အေဒီမှာ ကမ္ဘာကြီးပေါ်မှာ မြို့ကြီးတစ်မြို့ပဲကျန်ရှိတော့တဲ့အချိန်။ ကယ်တင်ရှင်စစ်သည်တော်ပေါ်ထွန်းလာမယ်ဆိုတဲ့ နမိတ်စကားတစ်ခွန်းကို ယုံကြည်ချက်ထားရင်း အဘိုးကြီးဗီရန်တစ်ယောက် မမွေးသေးတဲ့ကလေးရဲ့မိခင်ဖြစ်သူကို ရှာဖွေနေရာကစ ထူးခြားတဲ့ဇာတ်လမ်းနဲ့ ရုံတင်ကားကြီးကို ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

7.6 2024 176 mins
Kalki 2898-AD
Vada Chennai
8.4

Vada Chennai (2018) ချန်နိုင်းမြောက်ပိုင်းကဂယက်များ IMDb 8.4/10 Tamilမင်းသားကြီး Dhanushပါဝင်သရုပ်‌ဆောင်ထားတဲ့ crime drama ကောင်းတွေကို မျှော်နေသူတွေအတွက် တစ်ချိန်က မန်ဒရာလို့ခေါ်တဲ့ချန်နိုင်းမြို့ရဲ့ ကမ်းရိုးတန်းတစ်လျှောက်မှာ ကြီးစိုးနေတဲ့ လူမိုက်ဂိုဏ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေး‌ကို တင်ဆက်ပေးချင်ပါတယ်။ ချန်နိုင်းမြောက်ပိုင်းမှာအုပ်စိုးနေတဲ့လူမိုက်ခေါင်းဆောင်ကြီးကို ဂုန ပါဇနီ ဆန်သီ ဗယ်လူ တို့သူငယ်ချင်း‌လေးယောက်က သတ်ပြီး သူ့နေရာကိုဝင်လုဖို့ကြိုးစားရင်း ပြစ်ဒဏ်ခံယူဖို့ကို ရှောင်လွှဲလို့မရတော့တဲ့အခါမှာတော့ သူငယ်ချင်းယောက်နှစ်ယောက် ဂုနနဲ့ ဗယ်ရူကို ထောင်ထဲဝင်ခိုင်းဖို့စည်းရုံးပြီး ဆန်သီက မြေပြင်အခြေအနေကိုထိန်းလို့ သိပ်မကြာခင်မှာ ထောင်ထဲကသူငယ်ချင်းနှစ်ယောက်ကိုအာမခံနဲ့ပြန်လွှတ်ပေးမယ်ဆိုပြီး ကတိပေးထားခဲ့ကြပေမဲ့ ကတိမတည်ကြတော့တဲ့အခါ ပြဿနာတွေပိုပြီးကြီးထွားလာပါတော့တယ် လူမိုက်ပီပီ ထောင်နှုတ်ခမ်းဝနားမှာ လမ်းလျှောက်နေရတဲ့ ဂုနနဲ့ဆန်သီတို့ရဲ့ အတွင်းလူထိုးတဲ့နောက်ကျောဓားနက်နက်ရန်ငြိုးက ထောင်ထဲမှာပါ ဘယ်လိုဆက်ဖြစ်မလဲ။ တစ်ဖက်မှာလဲ စားပွဲဇယ်တောက်ကျွမ်းတဲ့ကောင်လေး အန်ဘူးဟာ သူ့ရဲ့နုံချာတဲ့ပတ်ဝန်းကျင်ကနေ နိုင်ငံအဆင့်ဝင်အောင်လေ့ကျင့်ပြီး တစ်ချိန်မှာ အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေရင်း အကြောင်းမလှစွာဘဲ ပါဇနီကိုသတ်မိတာ‌ကြောင့်နဲ့ ဒီဂိုဏ်းရာဇာနှစ်ယောက်ရဲ့ ရန်ငြိုးကြားထဲ ပါဝင်ပတ်သက်မိဖို့ ဖြစ်လာချိန်မှာတော့… ချမယ် ကြမ်းမယ် ရမ်းမယ်ဆိုတဲ့ တမီလ်ကားလေးတွေ သဘောကျသူတွေတော့ အကြိုက်တွေ့မှာဖြစ်လို့ အခုပဲ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ LinnLunn ~ Bluuri ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်)

Family • Animation • Action • Science Fiction
8.4 2018 166 mins
Vada Chennai
Snow Blossom
5.6

Snow Blossom (2020) ************************ Thriller ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် ၂၀၂၀ တုန်းက ထွက်ရှိခဲ့တဲ့ “Snow Blossom” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဒီကားလေးထဲမှာတော့ Byun Joon Suk, Min Chaeun, Kim Dong Beom ,Seo Do Hyun တို့ အဓိက ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ ဂန်ဆောဟွာကတော့ ဘားတစ်ခုမှာ အလုပ်လုပ်နေတဲ့ အသက် ၂၀ အရွယ် မိန်းမလှလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အလှကြောင့် ဘားမှာ ယောက်ျားလေး ဧည့်သည်တွေနဲ့ ဝိုင်းဝိုင်းလည်နေပေမဲ့လည်း အေးစက်ပြီး တစ်သီးတစ်ခြားနေတတ်တဲ့ သူ့ရဲ့ အပြုအမူကြောင့်ပဲ “ရေခဲမင်းသမီး ” လို့ နာမည်တွင်နေပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆောဟွာကို သဘောကျနေတဲ့ ဒိုဂျင်းက သူငယ်ချင်းဖြစ်သူ ဂျုံဟိုနဲ့အတူ ဘားကို ရောက်လာပြီး ဆောဟွာကို အပန်းဖြေစံအိမ်ကို သွားဖို့ ဖိတ်ခဲ့ပါတယ်။ တခြားယောက်ျားလေးတွေကို အေးတိအေးစက်နဲ့ ဆက်ဆံတတ်တဲ့ ဆောဟွာက ဒိုဂျင်းနဲ့ကျမှ ပြောင်းလဲသွားပြီး အပန်းဖြေစံအိမ်ကို လိုက်ခဲ့ဖို့ သဘောတူလိုက်ပြီးနောက် အဲဒီနေ့မှာ ဆောဟွာကသူတစ်ယောက်တည်း မဟုတ်ဘဲ တခြားယောကျ်ားလေးတစ်ယောက်ကိုပါ ခေါ်ပြီးတော့ ဒိုဂျင်းရှေ့ကို ရောက်လာပါတော့တယ်။ ဒီလိုနဲ့ သွားရတဲ့ ရည်ရွယ်ချက်ချင်း မတူညီတဲ့ သူတို့သုံးယောက် အပန်းဖြေစံအိမ်ကို အတူသွားဖို့ ဖြစ်လာတဲ့အခါမှာတော့ …။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ May Thet ပဲ ဖြစ်ပါတယ်။) File Size : 1.29GB/ 540MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:27:19 Genre : Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Encoded by Tiff

Romance
5.6 2020
Snow Blossom
Big Deal
7.7

Big Deal (2025) **************** IMDb… 7.7 ဒီတစ်​ခေါက်မှာတော့ Taxi Driver ထဲက မင်းသား Lee Je Hoon, Exhuma ထဲက မင်းသားကြီး Yoo Hae Jin နဲ့ Hansan: Rising Dragon ထဲမှ မင်းသား Son Hyun Joo တို့ အဓိကပါဝင်ထားတဲ့ စီးပွား‌ရေးဒရာမာကားလေးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးက​တော့ ၁၉၉၇ ခုနှစ် အာရှ​ငွေ​ကြေးအကျပ်အတည်းကာလက ကိုရီးယားဆိုဂျူ​လုပ်ငန်းအ​ကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖြိုဂျုံရို့ (Yoo Hae Jin) က ​ငွေ​ကြေးအခက်အခဲကြုံ​တွေ့​နေတဲ့ ဂုဘိုလုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်​ယောက်ဖြစ်ပြီး ကုမ္ပဏီကို ကယ်တင်နိုင်မယ့် အကြံ​ပေးတစ်​ယောက်ကို ရှာဖွေနေတဲ့သူပါ။ ချွဲအင်ဘုမ်း (Lee Je Hoon) က​တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ​ရေးကုမ္ပဏီဖြစ်တဲ့ ဆိုးလ်ကွင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ ဝန်ထမ်းတစ်​ယောက်ဖြစ်ပြီး ဂုဘိုလုပ်ငန်းရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် ​အတိုင်ပင်ခံအဖွဲ့အဖြစ် ဟန်​ဆောင်ပြီး ဖြိုဂျုံရို့ဆီကို အကြံနဲ့ ချဥ်းကပ်လာပါ​တော့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဂုဘိုလုပ်ငန်းရဲ့ ဥက္ကဌဖြစ်သူ ​ဆော့ဂျင်အူ (Son Hyun Joo) ဟာ ​လောင်းကစားကိစ္စ​ကြောင့် ပြည်သူ​တွေရဲ့ ​ဝေဖန်မှုကို ခံ​နေရပြီး ဂုဘိုလုပ်ငန်းဟာ အ​ကြွေးပြန်မဆပ်နိုင်တဲ့ အ​ခြေအ​နေထိ ​ရောက်လာတာ​ကြောင့် ဒီအခွင့်အ​ရေးကို အရယူပြီး ချွဲအင်ဘုမ်းတစ်​ယောက် ဂုဘိုကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်​တွေကို လှည့်ထုတ်ယူပြီး​နောက် ဂုဘိုကုမ္ပဏီရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် ​​ တရားစွဲဆိုပြီး စတင်တိုက်ခိုက်လာတဲ့အခါမှာတော့… ဖြိုဂျုံရို့နဲ့ ဂုဘိုလုပ်ငန်းစု ပြန်လည် ရုန်းထနိုင်မလား.. ဆိုးလ်ကွင်းဘက်က ကုမ္ပဏီစီမံခန့်ခွဲခွင့်ကို အရယူနိုင်သွားမလား.. ဆိုတာကို စီးပွားရေးလှည့်ကွက်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ရှုစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size :1.05GB/ 550MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:45:08 Genre : Business, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary, Miri & Hnin Wai Oo Encoded by Tiff

7.7 2025 104 mins
Big Deal