YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

NaNa Tour with Seventeen S01E02 WEVERSE 1080p CM.mp4

2.75 GB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Judge Dredd
5.8

မင်းသားကြီးစတားလုံးပါဝင်ထားပြီး 1995 ခုနှစ်ထွက် Judge Dredd ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 2012 မှာလည်း Dredd ဆိုတဲ့နာမည်နဲ့ ထပ်မံထွက်ရှိခဲ့ပြီး ပရိသတ်အားပေးမှုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ခုနှစ် 2100 ကျော်မှာ ကမ္ဘာကြီးဟာ လူတွေနေထိုင်လို့မရတော့တဲ့ ကျိန်စာသင့်ကမ္ဘာကြီး အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကမ္ဘာပေါ်မှာရှိသမျှလူတိုင်းကလည်း အသက်ဆက်လက်ရှင်သန်နိုင်ဖို့အတွက် မီဂါမြို့တော်ဆိုတဲ့ မြို့တွေကိုတည်ထောင်ခဲ့ကြပြီး နေရာကျဉ်းကျဉ်းလေးမှာ လူဦးရေအများကြီးနဲ့ဆက်လက်နေထိုင်ခဲ့ကြပါတယ်။ လူဦးရေများလာတာနဲ့အမျှရာဇဝတ်မှုဖြစ်ပွားနှုန်းကလည်းမြင့်မားပြီး သာမာန်တရားရေးစနစ်နဲ့တင် နှိမ်နင်းဖို့မဖြစ်နိုင်တာကြောင့် တရားရေးစနစ်အသစ်တစ်မျိုးကိုအသုံးပြုခဲ့ကြပါတယ်။ ဒီစနစ်မှာကတော့ စီရင်သူ ဆိုတဲ့လူတွေက ရဲတွေအဖြစ်၊ ဂျူရီလူကြီးတွေအဖြစ်၊ ကွပ်မျက်သူတွေအဖြစ် တာဝန်ယူရင်း ငြိမ်းချမ်းမှုကိုထိန်းသိမ်းရင်း ငြိမ်ဝတ်ပိပြားလာအောင် လုပ်ဆောင်ခဲ့ကြတာပါ။ မီဂါမြို့တော်တစ်လို့ခေါ်တဲ့ မြို့ကြီးမှာတော့ ဥပဒေကို ကိုးကွယ်တဲ့ စီရင်သူ ဒရက်ဒ် (စတားလုံး) ကဦးဆောင်ပြီး ရာဇဝတ်မှုတွေကိုဖြေရှင်းပေးနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သတင်းထောက်လင်မယားမိသားစုကို သ-တ်တဲ့အမှုနဲ့ ဒရက်ဒ်ကိုဖမ်းပြီး စွဲချက်အတင်ခံလိုက်ရပြီး အပြစ်ရှိကြောင်းသက်သေ တွေ့ရှိရတဲ့အတွက် အက်စပန်ထောင်မှာ‌ ထောင်ဒဏ်တစ်သက်ကျခံဖို့အမိန့်ချမှတ်ခံလိုက်ရပပါတော့တယ်။ ဒရက်ဒ်မရှိတော့တဲ့ မီဂါမြို့တော်ကြီးထဲမှာလည်း 48 နာရီအတွင်း စီရင်သူ ပေါင်း 108 ယောက် အသတ်ခံလိုက်ရပြီး ဖရိုဖရဲတွေဖြစ်လို့နေပါတော့တယ်။ ဒီလိုနဲ့ ဥပဒေကို ကိုးကွယ်ပြီး "ငါကတရားဥပဒေပဲ" လို့ကြွေးကြော်ထားတဲ့ ဒရက်ဒ်တစ်ယောက် သူတန်ဖိုးထားတဲ့ဥပဒေကြောင့် ထောင်ဒဏ်တစ်သက်ကျသွားပြီး ဘယ်လိုတွေဆက်ဖြစ်လာမလဲ၊ သူကရောလူသ-တ်မှုကိုအမှန်တကယ်ပဲ ကျူးလွန်ခဲ့တာလား၊ အမှန်တရားကိုရော ဖော်ထုတ်နိုင်ပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(2.1 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Adventure • Comedy • Family • Fantasy
5.8 1995 96 mins
Judge Dredd
The Pianist
8.4

The Pianist ကိုမပြောခင် ဒီဇာတ်ကားရိုက်တဲ့ Director Roman Polanski အကြောင်းနည်းနည်းပြောအုန်းမယ်။ပိုလန်စကီးက Polish-French ဒါရိုက်တာတစ်ဦး။ သူဒီဇာတ်ကားကိုမရိုက်ခင် ရှေ့ဆယ်စုနှစ်တခုလောက်က Schindler's list ဆိုတဲ့ဇာတ်ကားကိုရိုက်ဖို့ အခွင့်အရေးရခဲ့သေးတယ်။ ဒါပေမဲ့ ဇာတ်လမ်းကိုသိသိချင်းမှာဘဲ အဲ့ဇာတ်ကားကိုရိုက်ဖို့ပယ်ချလိုက်တယ်။ဘာလို့လဲဆိုတော့ သူ့ငယ်ဘဝက trauma တွေကြောင့်၊ သူကိုယ်တိုင် ဂျာမန်တွေရဲ့ Ghetto ထဲမှာနေခဲ့ရတဲ့အတွေ့အကြုံ၊ အော့ဇ်ဝင့်ချ် ထဲမှာ သူ့အမေသေခဲ့တဲ့ အတွေ့အကြုံ၊ သူ့အသက်၁၀ နှစ်လောက်မှာဘဲ သူ့အဖေရော အမေရောအဖမ်းခံလိုက်ရတဲ့အပြင် နာဇီ SS စစ်သားတွေဟာ သူနေတဲ့ ကရာကိုးမြို့ကိုသိမ်းပီး ပိုလန်ရဲ့မြို့တော်အဖြစ်ပြောင်းလဲသိမ်းပိုက်လိုက်ရုံတင် မက၊ သူ့ရှေ့တင် ဂျူးတွေကို လမ်းပေါ်မှာ ကြက် ငှက်လို ပစ်သတ်နေတာကို မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရတာဘဲဖြစ်ပါတယ်။အဲ့ဒါကြောင့် ဒုတိယကမ္ဘာစစ်အခြေခံ နာဇီ-ဂျူး ဇာတ်လမ်းဖြစ်တဲ့ Schindler's List ကိုရိုက်ဖို့ လက်မခံခဲ့တာပါတဲ့လေ။ ဒါပေမဲ့ ၁၀ စုနှစ်တခုအကြာ2002 မှာတော့ ဒုတိယကမ္ဘာစစ်ကိုအခြေခံထားတဲ့ The Pianist နဲ့အတူ ပြန်လာခဲ့ပြီဘဲဖြစ်ပါတယ်။ဒီဇာတ်ကားက တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပီးရိုက်ထားတာပါ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Wladyslaw Szpilman ကလဲ ဒီရုပ်ရှင်မထွက်ခင် ၂ နှစ်အလိုကဘဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ~~~~~~~~~~~~~~~ The Pianist ဟာ ဒုတိယကမ္ဘာစစ်တွင်းက ပိုလန်နိုင်ငံသား ဂျူးလူမျိုး စန္ဒရားပညာရှင် Szpilman တယောက် ဂျာမန်လက်ထဲကနေ လွတ်မြောက်ပီး ဝါဆောမြို့မှာ ပုန်းအောင်းရင်းအသက်ရှင်ဖို့ ခက်ခက်ခဲခဲ Survival လုပ်ခဲ့ရတဲ့အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းရဲ့အစမှာတော့ Szpliman တစ်ယောက် ဝါဆောမြို့ရေဒီယိုစခန်းတခုမှာ piano တီးနေခဲ့တယ်။အဲ့အချိန်မှာဘဲ ပထမဆုံးဂျာမန်ဗုံးတွေ ပိုလန်မြို့ပေါ် ကြဲကျတော့ အဆောက်အအုံထဲမှာ ရှိတဲ့လူတွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်ပြီး ဘေးလွတ်ရာပြေးကြတယ်။ စစ်ရဲ့အစပေါ့... အင်္ဂလန်နဲ့ ပြင်သစ်တို့ စစ်ကြေညာကြောင်းထုတ်ပြန်တော့ မြို့ကနေ ထွက်ခွါတဲ့သူတွေက ထွက်ကြတယ်။ဒါပေမဲ့ Szpilman တို့မိသားစုကတော့ ဝါဆောမြို့ကနေထွက်မပြေးခဲ့ဘဲ အခြေအနေကောင်းဖြစ်လာမှာကိုဘဲ စောင့်မျှော်နေခဲ့ကြတယ်။ ဒါပေမဲ့ ရလာဒ်ကထင်ထားသလိုဖြစ်မလာဘဲ ဂျာမန်တွေ ပိုအာဏာရ အင်အားကြီးလာပြီး ပိုလန်နိုင်ငံကို ဝါးမြိုလာပါတော့တယ်။ မြို့ထဲမှာရှိတဲ့ဂျူးမှန်သမျှ Ghetto ထဲကိုပြောင်းရွှေ့နေခိုင်းတယ်။ဂျာမန်တွေဟာ ဂျူးတွေကို လူလိုမသတ်မှတ်ဘဲ ညှင်းပန်းနှိပ်စက်ကြတယ်။အဲ့ဒါပြီး ကမ္ဘာ့သမိုင်းမှာအရက်စက်ဆုံးဖြစ်တဲ့ဂျူးအားလုံးကိုအမြစ်ပြတ်သတ်ဖြတ်မဲ့ Auschwitz ကိုရထားတွေနဲ့ ပို့ပါတော့တယ်။ အဲ့ထဲမှာလဲ ဂျူးမိသားစုဖြစ်တဲ့ Szpilman တို့မိသားစုကလဲ အပါအဝင်ပေါ့။ ကံကောင်းချင်တော့ ဂျူးထိန်းသိမ်းရေးအဖွဲ့က လူတယောက်က Szpilman ကိုကယ်လိုက်တယ်။ ဒီလိုနဲ့ဘဲ Szpilman တစ်ယောက် သေကံမရောက် သက်မပျောက်ဘဲ ဝါဆောမြို့မှာ တစ်ယောက်ထဲ အသက်ဆက်ခွင့်ရခဲ့ပါတော့တယ်။ ဒါပေမဲ့ အဲ့လိုရှင်သန်ရတာလဲ မလွယ်ကူပါဘူး။အသက်မသေရုံတမယ်ပါဘဲ။သူချစ်တဲ့သူ့မိသားစုကိုလဲ ဆုံးရှုံးခဲ့ရတယ်၊ သူသိပ်ဝါသနာပါတဲ့ Pianist အလုပ်ကိုလဲစွန့်လွှတ်ရတယ်၊သူနေတဲ့ တမြို့လုံးလဲ အနိဋ္ဌာရုံဖြစ်သွားခဲ့ရတယ်။ ဒီရုပ်ရှင်ဟာ ဂျာမန်တို့ဝါဆောကို စသိမ်းတဲ့ ၁၉၃၉လောက်ကနေ ဆိုဗီယက်တပ်နီတော်ကြီး ပိုလန်ကိုပြန်သိမ်းယူတဲ့ ၁၉၄၅ လောက်အထိအတွင်းမှာ ယိုယွင်းပျက်စီးပြီး လူသူမဲ့နေတဲ့ ဝါဆောမြို့လယ်ထဲမှာ Pianist Szpilman တစ်ယောက် ဘယ်လိုအသက်ရှင်ဖို့ကြိုးစားခဲ့ရပုံကို ရင်တလှပ်လှပ်နဲ့ကြည့်ရှူရမာဘဲ ဖြစ်ပါတယ်။ Szpilman နေရာကသရုပ်ဆောင်တဲ့ Adrien Brody ကလဲ သူ့ဇာတ်ရုပ်ကိုပီပီပြင်ပြင်သရုပ်ဆောင်သွားနိုင်ခဲ့တယ်။ ဒီဇာတ်ကားနဲ့ဘဲ သူ့အသက်၂၉ မှာ ပထမဆုံး Oscar ရခဲ့တယ်။ (ဒါတင်မက Szpilman ဟာ နာဇီဗိုလ်ချုပ်ကြီးကို Piano တီးပြတဲ့ ဇာတ်ဝင်ခန်းဟာ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးဇာတ်ဝင်ခန်းတွေထဲ က တစ်ခုပါတဲ့လေ) အဲ့တော့ဒါဟာ ကမ္ဘာ့ rating အများဆုံး ဇာတ်ကားတွေထဲမှာ အဆင့် ၃၅ နေရာကနေ ရပ်တည်နေတဲ့ Polanski ရဲ့ The Pianist ဘဲဖြစ်ပါတယ်။Oscar Nomi 7 ဆုမှာ 3 ဆုထိရရှိထားပြီး တခြားဆုပေါင်းများစွာလဲရရှိထားပါသေးတယ်။ အကယ်၍ခများဟာ ရသမျိုးစုံပေးနိုင်တဲ့ စစ်ကားကောင်းကောင်းတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ The Pianist ကိုကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (Review Crd ) File size…(3.5 GB)/(850 MB) Quality….BluRay HEVC 1080p/720p Format…mkv/mp4 Duration….02:28:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung,Phyo Pyae Translated by Ariel

Horror
8.4 2002 150 mins
The Pianist
Low Life (2022) (18+)
5.4

ဒီတစ်ခါတော့ ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဘန်နီဆိုတဲ့ တစ်ယောက်ဟာ အသက်၁၃နှစ်အရွယ် ကောင်မလေးလိုမျိုး အွန်လိုင်းမှာဟန်ဆောင်စကားလိုက်ပြောပြီး သူ့ဆီကနေ ညစ်ညမ်းပုံတွေတောင်းတဲ့သူတွေကို ချိန်းဆိုဗီဒီယိုရိုက်ပြီးတော့ YOUTUBE က ချန်နယ်မှာတင်နေတဲ့သူတစ်ယောက်ပါ သူ့ရဲ့ လုပ်ရပ်က တရားမဝင်လို့ ရဲမှူးကိုယ်တိုင်ကိုက သတိပေးစာထုတ်ထားရတဲ့တစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့ အမာခံ ပရိသတ်ကောင်မလေးတစ်ယောက်က သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ အဖေကို ကလေးသူငယ်လိင်အကြမ်းဖက်တဲ့သူအဖြစ် ကောင်လေးကိုသတင်းပေးလိုက်ပြီး အဲဒီသူကိုဖော်ထုတ်ဖို့အတွက်ကြိုးစားကြတော့တာပေါ့ အဲဒီမှာပဲ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တော့တာပါပဲ ဥပဒေရဲ့အထက်မှာရှိနေတဲ့ပုံစံမျိုးအချိုးချိုး နေတဲ့အဲဒီကောင်လေးကဘာတွေဖြစ်သွားမလဲ သူလုပ်တာကိုကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေရောရှိနေမှာလား ကောင်မလေးသူငယ်ချင်းရဲ့ အဖေကရော တကယ်ပဲ လိင်အကြမ်းဖက်တဲ့သူတစ်ယောက်လား အဲဒီသူကိုဖော်ထုတ်ရင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ….. မှတ်ချက် ညစ်ညမ်းတဲ့စကားလုံးတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး File size…(2.92GB)/(1012MB)/(605MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre…Thriller / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Adventure • Science Fiction
5.4 1900
Low Life (2022) (18+)
Oh My Ghost! The Fierce Escape from Covid-19

Oh My Ghost! The Fierce Escape from Covid-19 (2021) ကျိန်စာမိလာတဲ့ မဟာဒေဝီကြီးတစ်ယောက် အာခွေတို့သားအမိ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို တည်းတဲ့ညမှာတင် မကြံဖူးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပျက်ခဲ့ပါတယ်။ အဲမကြုံဖူးတဲ့အဖြစ်အပျက်ကြီးကို ဖြေရှင်းနေဆဲမှာတင် မွေးနေ့ပွဲတက်ခဲ့တဲ့ အာခွေတို့သားအမိဟာ ကိုဗစ်စည်းကမ်းချက်အရ ဟိုတယ်ကို ၁၄ ရက် ပိတ်လိုက်ရပါတော့တယ်။ ခိုကိုးရာမဲ့လုလု အာခွေတို့သားအမိနှစ်ယောက်ကို ကယ်တင်ဖို့ ပန်ကိတ်မလေး ရောက်လာတဲ့အခါမှာတော့…… ကိစ္စက ရှင်းသွားရမှာမဟုတ်ဘဲ ထင်တာထက်ပိုနက်နဲနေတဲ့အခါ….. အာခွေတို့သားအမိ ပဟေဠိအဖြေညှိနိုင်ပါ့မလား။ ပန်ကိတ်ကရော ဘယ်လောက်အထိ ကူညီပေးနိုင်မှာလဲ။ ပြဿနာတွေက မဟာဒေဝီရဲ့ ကျိန်စာနဲ့များ ဆက်စပ်နေမလား။ မဟာဒေဝီကရော ဘယ်သူလဲ။ ဘယ်ကလာလို့ ဘာကျိန်စာတွေမိခဲ့တာလဲ။ ပုံမှန်သရဲတွေတင်မဟုတ်ဘဲ ဇွန်ဘီးတွေပါ ပါလာတဲ့အခါမှာတော့ ….. ဒါတွေကို သူတို့ဖြေရှင်းနိုင်ပါ့မလား။ ဆိုရှယ်ဒစ်စတန်းဆင်းဆိုပေမယ့် ပန်ကိတ်မတို့ အခေါ်တစ်ခေါက်မတို့ တစ်သိုက် ဘယ်လိုဗရုတ်ကျဦးမလဲဆိုတာ အရယ်မရပ်ရစေဘဲနဲ့ ကြည့်ရှုခံစားကြရဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hazel ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror Quality…. 720p File size… 792MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hazel Encoder ….. Aaron

Romance • Comedy • Fantasy
0 2021
Oh My Ghost! The Fierce Escape from Covid-19
The House Among the Cactuses/ La Casa Entre Los Cactus
5.7

september 2022 က ထွက်ရှိခဲ့တဲ့ စပိန်ရုပ်ရှင်ဇတ်ကားဖြစ်ပြီး IMDb rating 5.7/10 ရှိပါတယ်၊ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Carlota Gonzalez-Adrio ဟာ best new director နဲ့ best new film ဆု ၂ဆု အတွက် ဆန်ခါတင်စာရင်းဝင်ခဲ့ပါတယ်၊ ဇာတ်ကားရဲ့နာမည်က ရှားစောင်းပင်တွေကြားက အိမ်…တဲ့ နာမည်ကိုကြည့်လိုက်တာနဲ့တင် ပူပြင်းခြောက်သွေ့နေတဲ့ ပတ်ဝန်းကျင်၊ လူသူအရောက်အပေါက်နည်းတဲ့နေရာက အိမ်တစ်လုံးကို မြင်ယောင်မိမှာပါ၊ အဲ့ဒီအိမ်မှာနေတဲ့ လင်မယားမှာ သမီး ၅ယောက်ရှိတယ်၊ genre က drama, thriller ဆိုတော့ အပေါ်ကမိသားစုနေတဲ့အိမ်လေးမှာ သည်းထိတ်ရင်ဖိုစရာအဖြစ်အပျက်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဇာတ်ကားပြီးတဲ့အထိ စိတ်ဝင်တစားနဲ့ဆက်ကြည့်ဖြစ်သွားအောင် ရိုးရိုးလေးပဲ ဆွဲဆောင်သွားပါလိမ့်မယ်၊ ကြည့်ပြီးသွားတဲ့အခါ လူတွေကို အပြင်ပိုင်းအမြင်နဲ့ပဲကြည့်ပြီး လွယ်လွယ်မယုံတတ်ဖို့ကိုလည်း တွေးမိသွားစေလိမ့်မယ်ထင်ပါတယ်၊ ကြည့်ရှုအားပေးကြပါဦး File size…(1.2 GB)/(688 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by N1K

5.7 2022
The House Among the Cactuses/ La Casa Entre Los Cactus
The More Love Grows
6.4

The More Love Grows (2023) The More Love Grow(2023) ဆိုတဲ့ ဇာတ်လမ်းလေးဟာ Romance အမျိုးအစားဒရာမာကားလေးဖြစ်ပါတယ်။ အချစ်ဆိုတဲ့အရာကို အဓိပ္ပာယ်အမျိုးမျိုးဖွင့်ဆိုကြပြီး ဂရုစိုက်လေအချစ်တိုးလာလေဖြစ်တဲ့အခါမျိုးရှိသလို၊ အချစ်ဆိုတာအချိန်နဲ့အမျှပြောင်းလဲနေတာလည်းရှိတတ်ပါတယ်။ ဒီလိုပါပဲ ဒီဇာတ်လမ်းလေးမှာ ဟယ်လန်ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ယောကျာ်းဖြစ်သူရဲ့ကွာရှင်းမှုကြောင့် စိတ်ဓာတ်တွေကျပြီး ဆောက်တည်ရာမရဖြစ်နေချိန်မှာ သူ့ခြေထောက်ပေါ်သူရပ်တည်နိုင်အောင် ပတ်ဝန်းကျင်ကလူတွေနဲ့အဆင်ပြေအောင် သူ့ကိုကုစားပေးမယ့်အရာကဘာလဲ။ ဟုတ်ကဲ့ဆက်ပြီးရှူစားပေးကြပါဦးခင်ဗျာ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Pyae Phyo Min ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.3GB | 678MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Pyae Phyo Min Encoder ….. Aaron

Drama • History
6.4 2023 84 mins
The More Love Grows
Love in Disguise
5.6

Love in Disguise (2010) ဂူဂူး (Liu Yifei) ပရိတ်သတ်တွေရဲ့ ပြသနာကတော့ အသည်းကျော်လေးဟာ ကားရိုက်နည်းတာပါပဲ… ဒီတော့လဲ အရင်ကရိုက်ခဲ့ဖူးတဲ့ ရုပ်ရှင်တွေကိုပဲ တသသပြန်ကြည့်နေရတာပေါ့… ခုတခါတော့ ၂၀၁၀ တုန်းက မင်းသား Leehom Wang နဲ့ရိုက်ကူးထားတဲ့ Romance Comedy ဖန်စီဇာတ်ကားလေး Love in Disguise ကို ကြည်တောက်ရှင်း Quality လေးနဲ့တင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ … အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် တုမင်းဟန် ဟာ တစ်ရက်တော့ ကောင်မလေးတစ်ယောက်ရဲ့ တေးသံသာကို ကြားလိုက်ရချိန်မှာ အာရုံသစ်တွေ၊ အမြင်သစ်တွေကို စတင်ခံစားခဲ့ရပြီး ကောင်မလေးကိုလည်း မေ့မရနိုင်အောင် ဖြစ်သွားခဲ့တယ်။ ဒါနဲ့ပဲသူဟာ ကောင်မလေးတက်တဲ့ ဂီတကျောင်းကို လိုက်စုံစမ်းရင်း သူ့ကိုယ်သူလည်း နာမည်ကျော်မှန်းမသိအောင်၊ ကောင်မလေးနဲ့လည်း နီးစပ်အောင် ရုပ်ဖျက်ပြီး ကျောင်းတက်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ ဂီတနယ်ပယ်မှာ အောင်မြင်ပြီးသားဖြစ်တဲ့ တုမင်းဟန်ဟာ ကောင်မလေးနဲ့ နီးစပ်ဖို့အရေး ပေးဆပ်လိုက်ရတဲ့ ကျော်ကြားမှုတွေ၊ တေ့လွဲလေးတွေ၊ ဟာသတွေ၊ ဒရာမာတွေကို ပေါ့ပေါ့ ပါးပါးကြည့်ရှုခံစားပြီး မိုးရာသီနေ့ရက်လေးတွေကို ဖြတ်သန်းဖို့ Love in Disguiseဆိုတဲ့ တရုတ်အချစ်ဟာသကားလေးကို ညွှန်းဆိုလိုက်ပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mugiwara Ya မှတင်ဆက်ထားပါတယ်။)

TV Movie • Comedy • Romance • Fantasy
5.6 2010
Love in Disguise
Trinket Box
5

သရဲကား ကြိုက်နှစ်သက်သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Trinket Box ဆိုတဲ့ သရဲကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။သရဲကား အမျိုးအစားတွေထဲကမှ ပြောရမယ်ဆိုရင် ဒီကားက ဖြဲခြောက်တာမျိုးမဟုတ်ဘဲနဲ့ စိတ္တဇဆန်ဆန် ခြောက်ခြားစရာကောင်းအောင် ရိုက်ကူးထားတဲ့ကားမျိုးပဲ ဖြစ်ပါတယ်။ပြီးတော့ သရဲခြောက်ရတဲ့ အကြောင်းအရင်းက အမေရိကန်မှာ ဘိုးဘေးဘီဘင်‌ ခေတ်အဆက်ဆက် ကတည်းဖြစ်တည်လာခဲ့တဲ့ လူဖြူလူမည်းလူမျိုးရေးခွဲခြားမှုကို အခြေခံပြီး ဖြစ်လာရတာပဲဖြစ်ပါတယ်။ လူဖြူကောင်မလေးနဲ့ လူမည်းကောင်လေးတို့က ကောင်မလေးရဲ့ အိမ်ထဲမှာ တိုးတိုးတိတ်တိတ် မိဘတွေမသိအောင်ချိန်းတွေ့ ကြည်နူး သာယာတစ်တီတူးနေတုန်း ကောင်မလေးရဲ့ အဖေဖြစ်သူ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ ကောင်မလေးရဲ့ အဖေကလူမည်းတွေကို အရမ်းမုန်းတီးနေသူဖြစ်တဲ့အတွက် ကောင်လေးကို မရမကလိုက်ဖမ်းပြီး အပီအပြင်တွယ်ပါ တော့တယ်။ခွေးတောင်မှ ချောင်ပိတ်ခံရရင် ပြန်ကိုက်သလို သူလည်းကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပါတဲ့ ဓားနဲ့ယမ်းလိုက်တာ ကောင်မလေးအဖေ သေသွားပါတော့တယ်။ဒီလိုနဲ့ နောက်ပိုင်း သူတို့နေတဲ့ အိမ်ထဲမှာခြောက်ခြားစရာတွေဖြစ်လာပြီး အခုခေတ် အချိန်ကာလကို ရောက်လာပါတော့တယ်။အခုလည်း အဲ့ဒီအိမ်မှာ လူဖြူကောင်မလေးနဲ့ လူမည်းကောင်မလေးလင်မယား နှစ်ယောက်ပြောင်းရွှေ့နေထိုင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဘ၀လေးက ပျော်ရွင်စရာလေးဆိုပေမဲ့ မစ္စဒေးဗစ်လို့ခေါ်တဲ့ လူမျိုးရေးခွဲခြားတဲ့ အဖွားကြီးတစ်ယောက်က အတင်းတွေအိမ်ကို လာမိတ်ဆက်ပြီး လည်ဆွဲလေးတစ်ခုကို လက်ဆောင်ပေးခဲ့ပြီးနောက်မှာ သူတို့လင်မယားဘ၀မှာ ထူးဆန်းမှုတွေ ပြည့်နှက်လာပြီး အဲ့ဒီလည်ဆွဲကရော ဘာတွေထူးခြားနေလဲဆိုတာကိုကြည့်ရမဲ့ Horror/Thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1GB/ 427MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Documentary
5 2023 104 mins
Trinket Box
[18+] Mercuriales
6.1

Mercuriales (2014) (imdb 6.1/10) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ သက်ငြိမ် အင်ပရက်ရှင်နစ်ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပဲလို့ တင်စားပြောရမလားတော့မသိပါဘူး ရိုက်ကူးတင်ဆက်ထားတဲ့ နိုင်ငံကလည်း ပြင်သစ်ဖြစ်နေတော့ ပြောရရင် သိပ်ညွှန်းစရာမလိုဘူးပေါ့ အနုပညာကို အပြည့်အဝနဲ့အတွင်းကျကျခံစားတတ်တဲ့သူတွေရဲ့ လက်ရာဆိုတော့ ဒီလောက်တော့ရှိမှာပါပဲလေ ဇာတ်လမ်းကထွေထွေထူးထူးတော့ မဟုတ်ပါဘူး ကောင်မလေးနှစ်ယောက် နေရာသစ်မှာ အလုပ်သစ်ရှာတဲ့အကြောင်းလေးပါပဲ ဒါပေမဲ့ ဒဿနတွေက ကျွတ်လွန်းလို့ ဘာမှန်းတောင်သိပ်နားမလည်ပါဘူး ၁၈ အပေါင်း အခန်းဆိုတာကလည်း ဒါရိုက်တာက ရိုက်ကွင်းကို ပန်းချီဆွဲသလို ဒဲ့ကြီးတွေချွတ်ပြနေလို့ အဲ့လို rating ဖြစ်သွားတာပဲပြောရပါမယ် နောက်ဆုံးပြောချင်တာကတော့ အနုပညာလက်ရာတစ်ခုကို သက်ငြိမ်ပန်းချီတစ်ခုကို ပိတ်ကားပြင်ပေါ်ခံစားချင်တဲ့ညိုကီတွေအတွက် မြည်းစမ်းသင့်တဲ့ ဇာတ်ကားတစ်ကားလို့ပဲ ညွှန်းဆိုပေးလိုက်ပါရစေ

6.1 2014 102 mins
[18+] Mercuriales
The Man from U.N.C.L.E.
7.3

The Man From U.N.C.L.E (2015) IMDb Rating (7.3) / Rotten Tomatoes (68%) Superman ကိုယ်တော်ကြီး Henry Cavill ရဲ့ ဒီရုပ်ရှင်ကားက အက်ရှင်စပိုင်ရုပ်ရှင်ကားထဲမှာ Rating မြင့်ပြီး ကြည့်ကောင်းတဲ့အထဲပါပါတယ်။ ဒါရိုက်တာ Guy Ritchie ရဲ့လက်ရာဖြစ်ပြီး သူ့စတိုင်အတိုင်း ဉရောပရဲ့ Gentleman အထာဝင့်ကြွားမှုအပြည့်နဲ့ ခမ်းခမ်းနားနားလှလှပပရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့…. စစ်အေးခေတ် Cold War ကာလကိုအခြေခံထားတာမလို့ အမေရိကန်ရဲ့ CIA အေးဂျင့်ရယ်…ရုရှားရဲ့ KGB အေးဂျင့်ရယ် နာဇီဂျာမဏီအကြောင်းတို့ကို မြင်တွေ့ရမှာဖြစ်ပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံအပြိုင်အဆိုင် နျူကလီးယားလက်နက်တပ်ဆင်ကြတဲ့ကာလမလို့ နာဇီဂျာမဏီတို့လက်ထဲမှာ ဒီကမ္ဘာဖျက်လက်နက်ကြီး မကျရောက်ဖို့ ကြိုးစားကြပုံတွေကို အသည်းတယားယားစွန့်စားခန်းတွေကြားမှာ လှလှပပ စမတ်ကျကျမင်းသားမင်းသမီးတွေနဲ့ ဟာသလေးတွေနဲ့ ချစ်ကြည်နူးစရာလေးတွေနဲ့ပါ ရှုစားကြရမှာပါ။

7.3 2015
The Man from U.N.C.L.E.
Willie and Me
5

Willie and Me (2024) သူမနာမည်က ဂရေတာတဲ့ ဂျာမန်သူလေး….. ငယ်ငယ်ကတည်းက လင်ကံမကောင်းတဲ့အမေဖြစ်သူနဲ့ နေလာရတော့ မိဘမေတ္တာငတ်ရှာတဲ့ သူမအတွက် ကမ္ဘာတစ်ဖက်ခြမ်းက ဝီလီနယ်လ်ဆန်ဆိုတဲ့ နာမည်ကျော် အမေရိကန်ကန်းထရီးအဆိုတော်ရဲ့ သီချင်းတွေက သူမရဲ့အဖော်ပဲ။ ဝီလီသီချင်းတွေက သူမဘဝကို နေပျော်စေသလို သူမအမေကိုလည်း နေပျော်စေချင်တဲ့အတွက် ရေဒီယိုမှာ ဝီလီသီချင်းတွေလာတိုင်း အမေ့ကို နားဆင်စေတယ်။ ဒါပေမဲ့ သူ့အမေက သေကြောင်းကြံသွားတဲ့အခါ သူမဟာ ဝီလီရဲ့သီချင်းကို လုံးဝနားမထောင်တော့ဘူး။ အခုတော့ သူ့မဟာ အိမ်ထောင်အတည်တကျ သက်လတ်ပိုင်းအမျိုးသမီးလေးဖြစ်နေပါပြီ။ အချစ်မခံခဲ့ရတော့ သူတို့အိမ်ထောင်ရေးမှာ အချစ်ဆိုတာ ရှိလား မရှိလားဆိုတာ သူမသိရှာ။ သူ့ယောက်ျားကလည်း ဥစ္စာခြောက် မာနခဲ၊ တစ်နေ့တစ်နေ့ မယားဝတ္တရားကျေပွန်အောင်လုပ်ပြီး ဘဝကိုဖြတ်သန်းနေရာက နှစ်ပေါင်းများစွာကြာမှ ရုတ်တရက်ဆိုသလို ဝီလီရဲ့သီချင်းတွေက ရေဒီယိုမှာ ပြန်ပေါ်လာခဲ့တယ်။ နောက်ဆုံးနှုတ်ဆက်ဖျော်ဖြေပွဲတဲ့ လက်စ်ဗီးဂတ်မှာ ကျင်းပမှာတဲ့။ ဂရေတာတစ်ယောက် မီးစဟောင်းလေး ပြန်တောက်လောင်လာခဲ့တယ်။ သူမ ဘဝမှာ ဝီလီ့ကို မသေခင် တစ်ခါလောက်တော့ သွားတွေ့မှဖြစ်မယ်လို့ အတွေးပေါက်ဟန်တူတယ်။ တခါမှ မတောင်းဆိုဖူးတဲ့ ဂရေတာတစ်ယောက် သူမသူ့ယောက်ျားကို လက်စ်ဗီးဂတ်ကို လိုက်ပို့ပေးဖို့ပြောပေမဲ့ သကောင့်သားက လိုက်မပို့ပေးတော့… သူ့ယောက်ျား သည်းသည်းလှုပ် ပေါ့ရှ်ကားကို ယူရို ၇၅၀၀ နဲ့ ရောင်းစားပြီး အမေရိကကို ခြေဆန့်လာခဲ့တယ်။ ရောက်တာဖြင့်မကြာ လော့စ်အန်ဂျလိစ်မှာ ရှိစုမဲ့စု ငွေထုပ်ခိုးခံရ… လက်စ်ဗီးဂတ်က ဝီလီ့ဖျော်ဖြေပွဲက ရက်ပိုင်းအတွင်း စတော့မှာ သူမလက်ထဲ ခြူးတစ်ပြားတောင် မရှိဘူးဆိုတော့….ဘယ်လိုတွေဆက်ဖြစ်မလဲ….. ကျွန်တော်ကတော့ ကန်းထရီးသီချင်းသံလေး နားထောင်ပြီး ဘာသာပြန်နေရင်း နွေပူပူ တံလျှပ်ထနေတဲ့ အမေရိကန်အဝေးပြေးလမ်းပေါ်မှာ အိပ်မက်ပျောက်ရှာနေတဲ့ လူငယ်ဖြစ်သွားသလို ခံစားရတယ်။ ဒီဇာတ်ကားလေးက nostalgic ဖြစ်ပြီးတော့ အမေရိကန်အိပ်မက်ရေးရေးလေးကို ကြည့်နေရသလိုပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ပဲဖြစ်ပါတယ်) File size…(1.5 GB) / (700 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:28:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Matteo

5 2024 87 mins
Willie and Me
Pocahontas II: Journey to a New World
4.9

Pocahontas 2 ကိုလာကြည့်ဖို့လုပ်ပြီ ဆိုကတည်းက နံပါတ် 1 ကိုအတော်ကြိုက်ခဲ့လို့ ထင်ပါရဲ့။ ဒီဒုတိယပိုင်းမှာ ပိုကာဟွန်းတက်စ် ဟာ Disney Princesses တွေလုံးဝမရွေးချယ်ဖူးတဲ့ ကြီးမားတဲ့ မထင်မှတ်စရာ ရွေးချယ်မှုကို ရွေးချယ်သွားပါတယ်။ အမှန်ပြောရရင် ဒီကားကို ဘာသာပြန်မယ်ဆိုတုန်းက နံပါတ် 1လောက်ကောင်းမယ် လို့မထင်ခဲ့ဘူးဗျ။ လုံးဝမှားတာပါပဲဗျာ။ ဒီဇာတ်လမ်းလေးမှာတော့ အင်္ဂလန်နိုင်ငံနဲ့ အင်ဒီးယန်းလူရိုင်းတွေအကြား နားလည်မှုလွဲတာကို ပိုကာဟွန်းတက်စ် နဲ့ အင်္ဂလန်နိုင်ငံသား ဂျွန်ရော့ဖ် တို့ ပညာသားပါပါ ပြေလည်အောင်ကြိုးပမ်းရတဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ မထင်မှတ်ထားတာ ဖြစ်မယ်ဆိုတာတော့ လောင်းရဲသဗျ File size… 1.2 GB / 566 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 12m Genre ….. Adventure / Animation / Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Ag Ko Khant

4.9 1998 72 mins
Pocahontas II: Journey to a New World
By the Stream
6.9

By the Stream (2024) ******************** IMDb…..6.9 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Drama အမျိုးအစားလေးဖြစ်ပြီး Toronto International Film Festival မှာ ပြသခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ The HandMaiden ထဲက မင်းသမီး Kim Minhee, Parasyte:The Grey ထဲက စုံထောက် မင်းသား Kwon Hae Hyo, ပြဇာတ်မင်းသမီး Cho Yoon Hee, မင်းသား Ha Seong Guk နဲ့ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- ဂျွန်အင်း (Kim Min Hee) ဟာ စမ်းချောင်းဘေးမှာ ထိုင်ကာ သဘာဝတရားကို ခံစားရင်း သူ့အထည်အလိပ်တွေရဲ့ ဒီဇိုင်းကို ရေးဆွဲလေ့ရှိသူပဲ ဖြစ်တဲ့အပြင် အမျိုးသမီးတက္ကသိုလ်တစ်ခုက ဆရာမတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ တက္ကသိုလ်ရဲ့ နှစ်စဉ်ဟာသပြဇာတ်တိုအတွက် သူမရဲ့ဌာနမှ တာဝန်ယူရသော်လည်း ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ကျောင်းသားတစ်ယောက် လူမှုရေးကိစ္စဖြစ်ပြီး အဖွဲ့မှ နှုတ်ထွက်သွားတဲ့အခါ ဆရာမ ဂျွန်အင်းတစ်ယောက် တစ်ခေတ်တစ်ခါက နာမည်ကြီး သရုပ်ဆောင်-ဒါရိုက်တာဖြစ်တဲ့အပြင် သူမ၏ ဦးလေးဖြစ်သူ ချူရှီအွန်း (Kwon Hae Hyo) ကို အကူအညီ တောင်းရပါတော့တယ်။ တစ်ဖက်မှာလည်း ဂျွန်အင်းတို့ဌာနက ပါမောက္ခဂျောင် (Cho Yoon Hee) ဟာ ဦးလေး ချူရှီအွန်းရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်နေပြန်ပါသေးတယ်။ ပြဇာတ်တိုအတွက် လေ့ကျင့်တဲ့ အချိန်အတွင်း ဖြစ်ပေါ်လာမဲ့ ဆရာနဲ့ တပည့်တွေကြားက တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ခင်မင်ရင်းနှီးလာပုံတွေကို ရိုက်ကူးပြသထားတဲ့ Drama ကားကောင်းလေးမို့လို့ By the Stream ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Theint မှ ရေးသားထားပါတယ်။) File Size : 2.00GB/ 900MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:52:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet, Thinn & Nyein Sandi Encoded by Tiff

Family • Drama • Music
6.9 2024 111 mins
By the Stream
The Stranger by the Shore
7.2

The Stranger by the Beach (2020) ———————————– MyAnimeList – 7.8/10 IMDb – 7.2/10 Anime ကိုမှ BL လေးတွေ ကြည့်ချင်ကြတဲ့ လူတွေရှိကြလား မသိဘူး…..။ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ CM ကနေ ၂၀၂၀ က ထွက်ရှိထားတဲ့ BL Anime Movie လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေက ကျွန်းတစ်ကျွန်းပေါ်က ကောင်လေးနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Mio ဆိုတဲ့ ‌ကောင်လေးဟာ သူ့အမေဆုံးသွားပြီးတဲ့နောက် တစ်ယောက်တည်းကျန်ခဲ့ပြီး ပင်လယ်ကမ်းခြေနားက ခုံရှည်လေးမှာ အမြဲတမ်း လာထိုင်နေတတ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း သူ့ကို စောင့်ကြည့်နေတတ်တဲ့ ကောင်လေးတစ်ယောက်ရှိပြီး သူ့နာမည်ကတော့ Shun တဲ့။ Shun ဆိုတဲ့ စာ‌ရေးဆရာလေးက အဲဒီကမ်းခြေနားက အိမ်တစ်အိမ်မှာနေရင်း အမြဲတမ်း တစ်ယောက်တည်း ထိုင်နေတတ်တဲ့ Mio ကို ကြည့်ပြီး စိတ်ဝင်စားနေခဲ့တာပါ။ ဒီလိုနဲ့ပဲ စကားသွားပြောကြည့်လိုက်တော့ တစ်ယောက်နဲ့တစ်ယောက် ခင်လာကြမယ့် တစ်ရက်မှာ Mio က ကျွန်းမကြီးပေါ်ကို သွားတော့မယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ အဲဒီလိုနဲ့ နှစ်တွေလတွေကြာပြီး ပြန်ရောက်လာခဲ့တဲ့အခါမှာတော့ သူက Shun ကို ဖွင့်ပြောခဲ့ပြီး Shun နဲ့ တစ်အိမ်ထဲမှာ အတူနေဖို့ ဖြစ်လာခဲ့ပါတယ်။ တကယ်တော့ Shun က အရင်ကတည်းက လိင်တူကြိုက်တဲ့သူ တစ်ယောက်ဖြစ်ပေမယ့် Mio က သူ့ကို ဖွင့်ပြောခဲ့တဲ့အခါမှာတော့ မယုံနိုင်ဖြစ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ တစ်ရက်မှာ Shun ရဲ့ အိမ်ကနေ သူ့ကို ပြန်ခေါ်ဖို့ ရောက်လာခဲ့တဲ့အခါ…. အမြဲတမ်း အထီးကျန်ပြီး တစ်ယောက်တည်းဖြစ်နေတဲ့ Mio ကို Shun က ပြန်ကြိုက်နိုင်ပါ့မလား၊ Shun ကရော ဘာလို့အိမ်ကနေ ထွက်ပြေးလာခဲ့တာလဲ၊ မိသားစုကိစ္စတွေ ပါဝင်လာတဲ့အခါ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော လှလှပပနဲ့ အဆုံးသတ်နိုင်ပါ့မလားဆိုတာကို စောင်ကိုက်ပြီး ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ Hibari Studio ကနေ ထုတ်လုပ်ပေးထားတာဖြစ်ပြီး Animation လေးကလည်း တကယ့်ကို လှတဲ့အပြင် ဇာတ်ဆောင်နှစ်ယောက်ရဲ့ Chemistry ကလည်း အမိုက်စားမို့လို့ BL ကြည့်ရတာကြိုက်တဲ့ လူတွေအနေနဲ့ လုံးဝကို လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်ရှင်….။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ttmuswe ပဲ ဖြစ်ပါတယ်) File size… 530 MB / 280 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 59m Genre ….. Anime, Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by ttmuswe

7.2 2020 59 mins
The Stranger by the Shore