YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Mystery.of.the.Spirit.S01E06 720p.CM.mp4

340.01 MB 720p video/mp4 88 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stuck in Love
7.4

IMDb 7.2 / Rotten Tomatoes 58% မင်းသမီးချောလေးတွေဖြစ်တဲ့ Gennifer Connelly နဲ့ Lily Collins တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေး Stuck in Love ဇာတ်လမ်းလေးကတော့... ဇနီးဟောင်းကို မေ့မရနိုင်ဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာ ဘေးလ် မိဘတွေရဲ့ အိမ်ထောင်ရေးကွာပြဲမှုကြောင့် ချစ်ရမှာ ကြောက်နေတဲ့ သမီးဖြစ်သူ ဆမ်တစ်ယောက်ဆို တစ်ယောက် စွဲစွဲလမ်းလမ်းချစ်တတ်တဲ့ သားဖြစ်သူ အချစ်သမားလေး ရက်စတီ Stuck in Love ဆိုတဲ့အတိုင်း အချစ်နွံနစ်ကြမယ့် သားအဖသုံးယောက်ရဲ့ ဇာတ်လမ်းလေးကို နှစ်သက်ဖွယ် ကြည့်ရှုရမယ့် Romance / Drama ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်.. File size…1.36GB / 544MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 37m Genre ..... Crime , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Drama
7.4 2013 97 mins
Stuck in Love
The Great Illusionist 2
3

CM ချစ်ပရိသတ်တို့အတွက် Part 1 နဲ့ ဇာတ်လမ်း လုံးဝချိတ်ဆက်နေတာမဟုတ်ပေမယ့် part 1 လိုပဲ စိတ်ဝင်စားဖို့ကောင်းတဲ့Great Illusionist part 2 ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... လုံစုန်အရာရှိတစ်ယောက် ထူးခြားတဲ့ လူသေမှုတွေကို ရင်ဆိုင်ရပြီး ဖြည်းဖြည်းချင်း ရှာဖွေစစ်ဆေးရာမှာ ထူးခြားစွာ သေဆုံးသူ ၃ ယောက်လုံးရဲ့ တူညီတဲ့သဲလွန်စကို ရခဲ့တာပေါ့... ဒါကတော့ ၃ ယောက်လုံးက တိုက်တိုက်ဆိုင်ဆိုင် ကျောင်းနေဖက်တွေဖြစ်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ ၄ နှစ်က တိုက်တိုက်ဆိုင်ဆိုင် အကြောင်းမဲ့ ကျောင်းနားခဲ့ကြတယ်ဆိုတာပါပဲ... သေဆုံးသူ ၃ ယောက်လုံးက ကျောင်းနားတာတင်မကဘူး မိသားစုကျောထောက်နောက်ခံကောင်းပြီး ငွေကြေးကြွယ်ဝတဲ့အပြင် အာဏာပါရှိတဲ့ မိသားစုကဆိုတာပါ သိခဲ့ရတော့ ဒါက သွေးရိုးသားရိုး မဟုတ်မှန်း သဘောပေါက်ပြီး သေချာစုံစမ်းတဲ့အခါမှာ လွန်ခဲ့တဲ့ ၄ နှစ်က မတော်တဆမှုနဲ့ပါ ချိတ်ဆက်မိလာခဲ့တယ်... ဒီကားထဲ အကြိုက်ဆုံး ဒိုင်ယာလော့လေးကတော့ "ဒီလောကမှာ ငွေရှိတဲ့သူက သက်ဆိုးရှည်ပြီး မရှိတဲ့သူက သေသင့်တာလားတဲ့"တဲ့... Great Illusionist part 1 တုန်းကလိုပဲ ဇာတ်လမ်းအစတည်းက အဆုံးထိ တဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမို့ ထူးခြားဆန်းပြားဖွယ်ဇာတ်ကားကောင်းလေးမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးထဲက တစ်ခုပါ.. Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama Runtime : 1h 27 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
3 2022 87 mins
The Great Illusionist 2
Family Camp
5.7

" ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုတဲ့ အိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်... " တဲ့။ အိမ်ဆိုတဲ့ပညတ်ဟာ ကိုယ့်စိတ်အတွက် အနွေးထွေးဆုံးနေရာတစ်ခုကို အစွဲပြုခေါ်ကြတဲ့ နာမည်ပဲမလား။ မိသားစုတွေ ပြေလည်တဲ့အခါ အိမ်ဟာနွေးထွေးလင်းလက်နေပြီး မိသားစုတွေ မပြေလည်တဲ့အခါ အိမ်ဟာ အေးစက်မှောင်မဲနေမှာပဲ။ ဒီရုပ်ရှင်ကတော့ မပြေလည်ကြတဲ့မိသားစုတွေကနေ နှလုံးသားတွေနွေးထွေးစေမယ့်အိမ်ဆီ သူတို့အလိုအရတော့ ဘုရားသခင်က အရိပ်ပြပေးပြီး သူတို့နှလုံးသားက ရှေ့ဆက်သွားရတဲ့အကြောင်းပေါ့။ မဟုတ်လည်း ဒီတိုင်း နှလုံးသားနဲ့ပဲ နွေးထွေးတဲ့အိမ်ဖြစ်အောင် ဘယ်လိုပြန်အသက်သွင်းကြမလဲ ကြည့်ကြရမှာပါ။ ဒီရုပ်ရှင်ရဲ့အားသာချက်ကတော့ မိန်းဇာတ်လိုက်က မိသားစုနှစ်ခုပါ။ တစ်ခုက သိသိသာသာကို အိမ်ထောင်ရေးပြေလည်မနေတဲ့မိသားစု။ ဒုတိယတစ်ခုကတော့ လူရှေ့သူရှေ့မှာ ပြေလည်နေပြီး ဟန်ပဲရှိတဲ့မိသားစု။ ဒီမပြေလည်တဲ့ မိသားစုနှစ်ခုက လင်ယောက်ျားတွေဟာ စခန်းချခရီးတစ်ခုမှာတွေ့ကြရာက ပြေလည်တဲ့မိသားစုတစ်ခုဖြစ်အောင် ဘယ်လိုကြိုးစားကြမလဲကြည့်ရမှာပါ။ ဒုတိယမိသားစုက အများအမြင်ပြေလည်နေပေမဲ့ အတွင်းထဲဗလောင်ဆူနေတဲ့ မိသားစုဆိုတော့ အပြင်ပန်းပြေလည်ခြင်းဟာ အပြင်ပန်းမပြေလည်ခြင်းထက် ပိုဆိုးတဲ့အခြေအနေတစ်ခုကိုတွန်းပို့ထားတာကိုလည်း ပြထားတယ်။ နောက် မိသားစုဆိုတာ ဘယ်သူ့အမြင်မှာမှ စံပြဖြစ်နေစရာမလိုဘဲ သူတို့ချင်း ချစ်နေကြဖို့သာ အရေးကြီးကြောင်းကိုရောပေါ့။ ဒီရုပ်ရှင်ဟာခမ်းခမ်းနားနား ရုပ်ရှင်ကားကြီးမဟုတ်ပေမဲ့ နှလုံးသားတွေ နွေးထွေးစေမယ့် ရုပ်ရှင်တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.5GB, 1.3GB Quality - Blu-ray 1080p, 720p IMDb Rating - 5/10 Format - mp4 Duration - 1H 51Min Genre - Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Romance • Thriller
5.7 2022 111 mins
Family Camp
Minari
7.4

IMDb Rating. = 7.7/10 Rotten Tomatoes. = 100% Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေး‌ဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာ‌ကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။) File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung

Comedy • Mystery • Sci-Fi & Fantasy
7.4 2021 115 mins
Minari
Your Name.
8.5

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့... အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်.. ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား?? ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်က ရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့... ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့ အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ.. ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင် (ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်.. ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်း Weathering With You (2019) မှာ cameo အဖြစ် ပြန်လည်ပါဝင်ကြပါသေးတယ်.. သေချာလေးကြည့်ကြနော် ?...ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး) File Size :  1.49 GB Quality : Bluray 1080 (5.1) Running Time : 1hr 46minutes Format : Mp4 Genre : Animation, Drama, Fantasy Translated By Ye Kyaw Htet & Mko Encode By YK

Drama • Mystery • Sci-Fi & Fantasy
8.5 2016 106 mins
Your Name.
Ranah 3 Warna
6.5

Ranah 3 Warna (2022) ဒီကားလေးကတော့ 2021 တုန်းက Amazon Prime ကနေထုတ်တဲ့ အင်ဒိုနီးရှားကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ IMDbမှာလည်း 6.5/10 ရရှိထားပါတယ်။ ဒီရုပ်ရှင်ကားလေးက နိုင်ငံခြားပညာတော်သင်သွားဖို့ကြိုးစားနေတဲ့လူတွေအတွက်သင့်တော်မယ့်ကားမျိုးလေးပါ။ ဇာတ်လမ်းကတော့ ကြိုးစားပေမယ့်ဆင်းရဲတဲ့ ကောင်လေး အာလစ်ဖ်ဟာ သူ့ရဲ့ပညာရေးလမ်းကျောင်းကို ကျောထောက်နောက်ခံမပါဘဲ ဘယ်လိုဖောက်ဖို့ကြိုးစားသလဲဆိုတာကိုအခြေခံထားပါတယ်။ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ နိုင်ငံခြားပညာသင်သွားဖို့ကြိုးစားပုံတွေကြားက သူ့ရဲ့မိသားစုကိုပါ ထောက်ပံ့ဖိုးကြိုးစားရပြန်တဲ့အခါမှာ သူဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xavier Zy ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.81GB | 1GB | 490MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Xavier Zy Encoder ….. August

Fantasy • Comedy • Romance • TV Movie
6.5 2022
Ranah 3 Warna
The Graduate
8

“မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ” အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။ လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။ “ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ” “ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်” “ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့” “လာမပေးတာကောင်းလိမ့်မယ်ဗျာ” အီလိန်းအခန်းထဲတင်ပဲ လာခဲ့ ” ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့ အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။ မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက် ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက် အလွတ်မရုန်းနိုင်ခဲ့ပြန်။ ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့ အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။ သူမ ကဘယ်သူလဲ… သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့ လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။ သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။ သူ(မ) ငတ်မွတ်နေတယ်။ ဆာလောင်နေတယ် ။ တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။ မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ ဒုက္ခလည်းမရှိခဲ့။ တစ်ဖန်သုခလည်း မရှိပြန်။ သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။ မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။ Dee Dee Dee…Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင် ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့ Simon & Garfunkel ရဲ့သီချင်းများနဲ့ တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။ အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။ အိမ်ဟုတ်မနေဘူး။ နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ ဒီလိုနဲ့ သူကြိမ်ဖန်များစွာ ဒီလမ်းမတွေထက်လျှောက်နေခဲ့တာ ကြောင်ခံတွင်းပျက်ကြီးတောင် ဖြစ်နေခဲ့ပြီ။ ဘေးလူတွေကတော့ ဝိုင်းသနားကြမှာပါတဲ့ မစ္စရော်ဘင်ဆင်။ ဒါပေမဲ့ ဒီအပြစ်တွေကျူးလွန်ထားတဲ့ လျှို့ဝှက်ချက်ကိုဘယ်လောက်ဖုံးဖုံး ကိုယ်တိုင်ကတော့ သိနေတာပါပဲ။ ဘုရားသခင်ကတော့နားလည်မှာပါ။ နောက်ငရဲမီးမှာမလောင်မြိုက်ချင်ရင် နွံတွင်းကထွက်ပြီး ဘုရားမှာဆုတောင်းရင် မီနိုင်ပါဦးမယ်။ ဒီမှာစဥ်းစားစရာက သူ(မ) ဒီလိုလုပ်ခဲ့တာပေါင်းမနည်းတော့ပေမဲ့ ဘာလို့မိတ်ဆွေသူငယ်ချင်းရဲ့ သားလေးကျမှ မလွှတ်နိုင်တခဲခဲဖြစ်ရတာလဲ။ လူငယ်တွေရဲ့အချစ်ဇာတ်လမ်းကိုဆေးမဲခြယ်ပြီး ကိုယ့်ဆန္ဒပြည့်ဝဖို့ကို သမီးရဲ့ချစ်သူနဲ့တောင် ကွဲအောင်လုပ်တဲ့ထိ မာနထားခဲ့ရတာလဲ။ ကိုယ့်သမီးကိုတောင် ကိုယ်မနာလိုဖြစ်မိခဲ့ရတာလဲ။ ဒီတစ်နေရာမှာ သမီးနဲ့ထိုယောကျ်ားမပေါင်းရဖို့အရေးဇောက သားအမိသံယောဇဥ်ကိုပါ ရန်မီးခြားစေတဲ့အထိဖြစ်သွားရတယ်။ ဒီပြဿနာမီးအားလုံးရှို့စေလောက်တဲ့ အထိ မစ္စရော်ဘင်ဆင်ဘာလို့အတ္တကြီးတဲ့မိန်းမတစ်ယောက်ဖြစ်ခဲ့ရတာလဲ။ မစ္စရော်ဘင်ဆင်တစ်ယောက်မခံစားနိုင်တော့ဘူး။ မျက်မြင်ရှေ့မှာတင် ကိုယ်တပ်မက်ရတဲ့ယောကျ်ားတစ်ယောက်က ကိုယ့်ကိုကျော်ပြီး သမီးကိုစွဲလမ်းသွားတဲ့ အဖြစ်က မစ္စရော်ဘင်ဆင်ကို ခေါင်းကြီးစေခဲ့တယ်။ အတ္တကို အထွတ်အထိပ်ရောက်စေခဲ့တယ်။ အဘက်ဘက်မှာ ရှုံးနိမ့်နေတဲ့မစ္စရော်ဘင်ဆင်တစ်ယောက် မရရတဲ့နည်းနဲ့ အနိုင်ယူဖို့ကြိုးစားရင်းနဲ့ ဒဿဂီရိဖြစ်ခဲ့ပုံကို ဒါရိုက်တာကပီပြင်စွာ သရုပ်ဖော်သွားတယ်။ တစ်ဖက်ကကြည့်ရင်တော့ ယောကျ်ားကလည်းကိုယ့်ကိုမတပ်မက် အချစ်ရေးမှာလည်းအနိုင်မရ မေတ္တာငတ်မွတ်အထီးကျန်နေတဲ့ အမျိုးသမီးတစ်ဦးရဲ့ သနားစရာဇာတ်လမ်းလို့လည်း ပြောလိုက်လို့ရပါဦးမယ်။ သရုပ်ဆောင်တွေအဖြစ်နဲ့ Dustin Hoffman၊ Katharine Ross နဲ့ မစ္စရော်ဘင်ဆင်အဖြစ် Anne Bancroft တို့ကပါဝင်သရုပ်ဖော်ထားပါတယ်။ နောက်ခံသီချင်းတွေအနေနဲ့လည်း ဇာတ်လမ်းသရုပ်ဖော်သီချင်းဖြစ်တဲ့ Mrs.Robinson အပြင် Scarborough Fair ၊ April comes she will တို့လို Simon & Garfunkel ရဲ့လက်ရာမြောက်တေးသွားတွေ ထည့်သွင်းထားတာ အလွန်သဘောကျစရာကောင်းပါတယ်။ April, come she will When streams are ripe and swelled with rain May, she will stay Resting in my arms again June, she’ll change her tune In restless walks she’ll prowl the night July, she will fly And give no warning to her flight တစ်ချိန်က နာမည်ကြီးအောင်မြင်ခဲ့တဲ့ရုပ်ရှင်ကိုဂီတများအပါအဝင် ပရိသတ်များအပြည့်အဝခံစားနိုင်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးထားပါတယ်။ (ဘာသာပြန်နှင့်အညွန်းရေးသားသူကတော့ Nwe Hnin Thazin ဖြစ်ပါတယ်) File size… 1.49 GB / 800 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Nwe Hnin Thazin

8 1967 106 mins
The Graduate
Bhola Shankar

Bhola shankar (2023) =================== ဘိုင်ရာဗာမင်းသား ရမ်ချရန်ရဲ့အဖေ မင်းသားကြီးချီရန်ဂျီဗီး၊ နာမည်ကြီး တောင်ပိုင်းမင်းသမီးချောတွေဖြစ်ကြတဲ့ သမန်းနားနဲ့ ကရီသီဆူရက်ရှ်တို့ ပါဝင်ထားကြပြီး ကုဋေ ၁၀၀၀ ကျော် ဘက်ဂျက်သုံးရိုက်ကူးခဲ့တဲ့ ရုံတင်ကားအသစ်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ မိန်းကလေးတွေ‌ ပျောက်ဆုံးမှုက ကိုလ်ကာတာမြို့ကြီးထဲ တွင်တွင်ကျယ်ကျယ်ကို ဖြစ်နေပါတယ် ဝန်ကြီးချုပ်အထိပါ ခေါင်းခဲရတဲ့ကိစ္စတစ်ခုဖြစ်တာကြောင့် တစ်ချက်အတိမ်းစောင်းမခံဘဲ ပြစ်မှုရှင်းလင်းရေးရဲ့ အတော်ဆုံးအရာရှိကိုလွှတ်တာတောင် အသတ်ခံလိုက်ရတဲ့အမှုဆိုတော့ တော်ရုံလူမကိုင်ရဲ ပျောက်ဆုံးမှုတွေဖြစ်မြဲပါပဲ ဘိုလာ.. ဒီလူ့အကြောင်းပြောရမယ်ဆိုရင် တစ်ပါးလူအပေါ်ဘယ်သူရယ်ဘယ်ဝါရယ်မတွေး ကူညီချင်စိတ်အပြည့်နဲ့ပေါ့ဗျာ အဖေအမေမရှိတဲ့ သူ့မှာ မိသားစုဆိုလို့ သူ့ညီမလေးမဟာတစ်ယောက်တည်းရှိတယ် ညီမလေးက သူ့ဘဝရဲ့ အရာရာ‌ပေါ့ ညီမလေးကို တုန်နေအောင်ချစ်တဲ့လူပေါ့ တစ်နေ့ .. လူပျောက်မှုတွေဖြစ်တဲ့မြို့ထဲ အကြောင်းမသိဘဲ သွားတိုက်ခန်းငှားနေမိရာကစ ဘာတွေဆက်မယ်ဆိုတာကတော့ … ဒီ Bhola Shankar ရုပ်ရှင်ဟာဆိုရင် တမီလ်ရုပ်ရှင်တစ်ခုဖြစ်တဲ့ Vedalam ကို တေလေဂူဗားရှင်း remake ပြန်ရိုက်ထားတာဖြစ်ပြီး မူရင်းကို မီမလားဆိုတာကို ပရိသတ်ကြီးကပဲဆုံးဖြတ်ပေးကြပါဦး…။ ( Yunni~Zwe ~Cherry ~YH~ToMo တို့က ညွှန်းဆိုဘာသာပြန်ပေးထားပါတယ်။ )

0 2023 158 mins
Bhola Shankar
Sorry About the Demon
4.9

Sorry About the Demon (2023) ======================= သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို ကြည့်နေရင်း တစ်ချိန်တည်းမှာပဲ ပြုံးတုံ့တုံ့အခိုက်အတန့်လေးတွေပါ ခံစားစေရမဲ့ ဇာတ်လမ်းမျိုး လိုက်ရှာ နေတယ်ဆိုရင်တော့ ဒီကားလေးက အသင့်တော်ဆုံးလို့ပဲ ပြောပါရစေ။ နောက်ပြီး အခုမှ လောလောလတ်လတ် ထွက်ရှိထားတာဆိုတော့ ကားအ သစ်မှ ကြည့်ချင်တယ်ဆိုတဲ့ CM ပရိသတ်တွေအတွက် အကြိုက်တွေ့စေမှာပါ။ ဆိုးဝါးလှတဲ့ သွားတိုက်ဆေးကုမ္ပဏီတစ်ခုရဲ့ customer service နေရာမှာ အလုပ်လုပ်နေတဲ့ ဝဲလ် ဆိုတဲ့ ကောင်လေးနဲ့ အောင်မြင်နေတဲ့ စီးပွားရေးလုပ် ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ အေမီ ဆိုတဲ့ ကောင်မလေးတို့ကတော့ ချစ်သူစုံ တွဲတွေပါ။ ဒီလိုနဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့ သူတို့နှစ်ယောက် လမ်းခွဲပြတ်စဲ ကြမှုအပြီးမှာတော့ ဝဲလ်တစ်ယောက် နတ်ဆိုးတစ်ကောင်နဲ့ သရဲတွေ ပျော်မြူး နေတဲ့ အိမ်ကြီးတစ်အိမ်မှာ ‌နေထိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ ရောက်နေတဲ့ နတ်ဆိုးက ငရဲပြည်ကို ခေါ်သွားလို့ရမဲ့ ဝိညာဉ်တွေကို စုဆောင်း နေတဲ့ တအားကြမ်းတဲ့နတ်ဆိုးတစ်ကောင်ပါ။ ဒီတော့ နတ်ဆိုးတွေ သရဲတွေ ဝိညာဉ်တွေအများကြီးနဲ့ ကခုန်ရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ထင်မှတ်မထားတဲ့ အချိုးအကွေ့လေးတွေမှာလည်း ဘဝင်အေးရပါစေလိမ့်မယ်။ 2023 ရဲ့ အသစ် ထွက်ရှိလာတဲ့ Horror / Comedy ဇာတ်ကားကောင်းလေးမို့ အမြန်ဆုံးပဲ တင် ဆက်ပေးလိုက်ပါပြီဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.33 GB) / (460 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 45Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator……May Thet Khine Soe Encoder……….SWM

Action • Thriller
4.9 2023
Sorry About the Demon
YUM Investigation
6

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ခေတ်သစ်အပနှင်တဲ့ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် ရှောင်ထိုက်လန်ဆိုတဲ့ အသက်၃၀ အရွယ် လူငယ်တစ်ယောက်က မျှော်လင့်ချက်မဲ့ပြီး ဦးတည်ချက်ပျောက်ကာ အလုပ်တော့ပုံမှန်သွားနေခဲ့သူတစ်ဦးပါ တစ်နေ့ ထောင်းပေါင်ကနေ ဓါးတစ်လက်ကို မှာလိုက်မိရာကနေ ဇာတ်လမ်းစလာခဲ့ပါတယ် သူမှာလိုက်တဲ့ဓါးထဲမှာ ဝိညာဉ်ရှိနေပြီး ဓါးက သူ့ကို စကားပြောပြီး စေခိုင်းပါတော့တယ် အဲ့လိုနဲ့ သူ့ရဲ့နေ့စဉ်ဘဝကိုပါ ဝင်ပါလာတော့ အလုပ်ကနေ ထုတ်ခံလိုက်ရတော့တာပေါ့ အဲ့ကနေမှ အားလျန် ရှီကျီ ပက်ထရစ် စတဲ့ သဘာဝလွန် အရည်ချင်းတွေပိုင်ဆိုင်ထားတဲ့ လူငယ်၃ဦးနဲ့ ဖွဲ့စည်းထားတဲ့ ယင်မျက်လုံးစပိုင်အဖွဲ့ထဲကို ဝင်ရောက်မိသွားပါတော့တယ် တစ်နေ့ ဖျင်အန်းအဆောက်ဦးကိုဖျက်သိမ်းဖို့ အိမ်ခြံမြေကုမ္ပဏီတစ်ခုက ပယောဂဆရာ တစ်ဦးကို ငှားပြီး ဆန့်ကျင်သူခေါင်းဆောင်ကို အဆုံးစီရင်သွားအောင် လုပ်ခဲ့ပါတယ် အဲ့အဆောက်ဦးမှာ နေထိုင်ကြတဲ့ ကောင်မလေး ၂ယောက်က သူတို့အဖွဲ့ကို ငှားခဲ့ပြီး သူတို့ရဲ့ သရဲနှင်တဲ့လုပ်ငန်းကို စတင်ပါတော့တယ် ဒီအမှုက သူတို့ထင်ထားသလောက် မရိုးရှင်းဘဲ စုန့်ခေတ်ထဲက သရဲပျိုးထောင်တဲ့ပညာတွေပါ ဆက်နွယ်လာပါတော့တယ် သူတို့သိလိုက်ရတဲ့ သဲလွန်စ တစ်ခုကတော့ ဆန့်ကျင်သူအဖွဲ့ထဲမှာ သူလျှိုရှိနေတာပါပဲ ကဲ အဲ့တော့ သူတို့‌၄ယောက် ဘယ်လိုမျိုး အတွင်းသူလျှိုကို ဖော်ထုတ်မှာလဲ အဲ့သူကရော သူတို့ထင်သလောက်ရိုးရှင်းနေမှာလားဆိုတာကို ခုဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ကားလေးမှာ ကြည့်ရှုလို့ရပါတယ်နော်

6 2023
YUM Investigation
Line Walker
6.1

Line Walker (2014) ဆိုတဲ့ဟောင်ကောင် Action ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ Cast တွေကလည်း နာမည်ကြီးတွေ သုံးထားပြီး ဇာတ်လမ်းကလည်း Plot Twist လေးနဲ့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ Line Walker ဆိုတာကတော့ ကြိုးတန်းပေါ် လမ်းလျှောက်နေသူလို့ပြောလို့ရပါတယ်။ ဒီဇာတ်ကားလေးထဲမှာ လူဆိုးဂိုဏ်းတွေထဲ ဝင်ရောက်ပြီး အသွင်ယူထောက်လှမ်းနေကြတဲ့ အေးဂျင့်တွေရဲ့ အကြောင်းကို သိထားတဲ့ တစ်ယောက်တည်းသောသူ သေဆုံးသွားတဲ့အခါမှာ အသွင်ယူအေးဂျင့်တွေ အကြောင်းပျောက်ပျက်ကုန်ပြီး တာဝန်ထမ်းဆောင်နေဆဲ အေးဂျင့်တွေ ကြိုးတန်းပေါ်လမ်းလျှောက်သူတွေလို ရဲလဲပြန်မဖြစ်နိုင် လူဆိုးဂိုဏ်းထဲမှာပဲအခြေမပျက်ဆက်နေဖို့ ဘေးကြပ်နံကျပ်အခြေအနေထဲကိုရောက်နေပါတယ်။ အဲဒါကြောင့် ဗဟိုထောက်လှမ်းရေးဌာနက လျှို့ဝှက်အေးဂျင့်တွေကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့အချိန်မှာ Black Jack ဆိုတဲ့ နာမည်နဲ့ အေးဂျင့်တစ်ယောက်ပြန်ပေါ်လာပါတယ်။ ဖျက်ထားခံရတဲ့ သူ့ရဲ့ အချက်အလက်တွေက ပြန်ယူဖို့မဖြစ်နိုင်တဲ့အတွက် သူတို့ အေးဂျင့်ဖြစ်ကြောင်း ဘယ်လိုစုံစမ်းမလဲ။ မူးယစ်ဆေး ရောင်းဝယ်ရေး ဂိုဏ်း တစ်ခုက ကြားဝင်နေတာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်ရမှာပါ။

6.1 2016
Line Walker
You Are My Diamond aka Tu Mano Deimantas

Tu Mano Deimantas/ You are my Diamond (2023) Genre – Thriller 2023 ခုနှစ်ထွက် လစ်ယူနီးယန်း သည်းထိပ်ရင်ဖိုကားလေးပါ ပွင့်လင်းမြင်သာသော အိပ်ရာခန်းများ ပါဝင်သဖြင့် ၁၈ ယောက် စုကြည့်ကြဖို့ အကြံပေးတိုက်တွန်းအပ်ပါတယ်။ Jacob ဆိုတဲ့လူက စိန်ကုန်သည်တစ်ယောက် လုပ်ငန်းအောင်မြင်ပြီး မိန်းမမရှုပ် ဘာမရှုပ်နဲ့ ဘော်ဒါတွေက မြှောက်ပေးတာတောင် တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် လုပ်ချင်သူ ကိုရိုးသားကြီးပေါ့။ ဒီအချိန်မှာ တွေ့ထားတာ မကြာသေးတဲ့ ချစ်သူလေး Catherine ဆိုတာ ရှိပါတယ်၊ သူနဲ့ပဲ ဘဝကို ရိုးမြေကျ ဖြတ်သန်းတော့မယ်ပေါ့။ တစ်ရက်ကျ Jacob ဆီကို ပြဿနာရှိတဲ့ စိန်ထုပ်လေး လာရောင်းပါတယ် ထူးဆန်းတယ်ထင်ပေမဲ့လည်း ဝယ်ယူလိုက်ပြီး ပိတ်ရက်မှာ ချစ်သူလေးနဲ့ သူခေါ်ဆောင်ရာကို လိုက်ပါသွားတဲ့အချိန် နောက်ကနေ ထူးဆန်းတဲ့လူ ၂ ယောက်က နောက်ယောင်ခံလာပြီး ဘယ်လိုတွေ ကြမ္မာဆိုးငင်တော့မလဲဆိုတာ ဆက်လက်ရှုစားရမှာပါ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

0 2023
You Are My Diamond aka Tu Mano Deimantas
Valiant One
5.2

Valiant One (2025) IMDb Rating (5.2) / Rotten Tomatoes (33%) အက်ဒဝပ် ဘရော့ခ်မန်းဟာ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်တာများတဲ့ နည်းပညာရှင်တပ်ကြပ်တစ်ယောက်ဖြစ်ပြီး ဆယ်ဘီကတော့ သူနဲ့ ရာထူးအဆင့်တူတဲ့ တပ်ကြပ်တစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ဟာ တောင်ကိုရီးယားပိုင်နက်မှာ တခြားတပ်ဖွဲ့ဝင်တွေနဲ့အတူ မြေအောက်ခြေရာခံစက်ချို့ယွင်းမှုကို စစ်ဆေးဖို့အတွက် သာမန်စစ်ဆင်ရေးတစ်ခုအနေနဲ့ ရဟတ်ယာဉ်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နည်းပညာချို့ယွင်းမှုကို စစ်ဆေးပြီး ပြန်အလာမှာ ရဟတ်ယာဉ်က စက်ချို့ယွင်းပြီး ပျက်ကျသွားခဲ့ပြီး သူတို့ရဲ့ခေါင်းဆောင်ဗိုလ်မှူးက အပြင်းအထန်ဒဏ်ရာရပြီး ရှေ့ဆက်သွားဖို့မဖြစ်နိုင်တဲ့အတွက် ဘရော့ခ်မန်းကို ဦးဆောင်ဖို့ တာဝန်ပေးအပ်လိုက်ပါတော့တယ်။ သူတို့ဟာ ဂြိုဟ်တုဖုန်းနဲ့ အခြေစိုက်စခန်းကို လာရောက်ကယ်ဆယ်ပေးဖို့ စစ်ကူတောင်းခံတဲ့အခါ သူတို့ဟာ မြောက်ကိုရီးယားနိုင်ငံထဲကို ရောက်ရှိနေမှန်း သိလိုက်ရပါတော့တယ်။ အမေရိကန်ဘက်ကလည်း မြောက်ကိုရီးယားနိုင်ငံပိုင်နက်ကို ဝင်တာနဲ့ စစ်ကြေညာတဲ့သဘော သက်ရောက်သွားမှာဖြစ်တဲ့အတွက် မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်ခြားမျဉ်းက ကိုဩဒိနိတ်တစ်ခုကို အရောက်လာခဲ့မှသာလျှင် ကယ်ထုတ်ပေးနိုင်မှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒီတော့ သူတို့တွေ မြောက်ကိုရီးယားကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ဖို့ ဘယ်လိုကြိုးပမ်းကြမလဲဆိုတာက စိတ်လှုပ်ရှားဖွယ်ရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(4.4 GB) / (1.5 GB) / (900 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…mp4/ mkv Duration….01:48:00 Genre…War, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

TV Movie • Drama • Comedy • Romance
5.2 2025
Valiant One
Swordsman 3: The East Is Red
6.1

Swordsman 3: The East Is Red (1993) IMDb Rating (6.1) သိုင်းကားချစ်သူတိုင်းရဲ့ငယ်ဘဝအမှတ်တရတစ်ခုဖြစ်တဲ့ စာရေးဆရာကြီးကျင်းယုံရဲ့ သိုင်းလောကစိန်ခေါ်သံဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ the swordsman 3(1993) လေးကို CM Version လေးနဲ့ ပြန်လည်ခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ The swordsman 3 ကတော့ မင်းသားကြီး Jet Liနဲ့ မင်းသမီးကြီး Brigette Linတို့ရဲ့ the swordsman 2ရဲ့အဆက်ဆိုတော့ ရှေ့နှစ်ကားကြည့်ပြီးမှပဲ ဇာတ်ရည်လည်မှာမလို့ မကြည့်ရသေးရင်တော့ အရင်ကြည့်ကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ The swordsman 2ရဲ့အဆုံးသတ်မှာ တောင်နက်ကမ်းပါး တိုက်ပွဲအပြီးမှာ တုန်းဖန်းပုပိုက်တစ်ယောက် အကြီးအကျယ်ရှုံးနိမ့်ပြီးတော့ ချောက်ကမ်းပါးကနေ ပြုတ်ကျပြီးတော့ နေလဂိုဏ်းနဲ့အတူ သိုင်းလောကကနေ စုန်းစုန်းမြုပ်သွားပါတော့တယ်။ ဒါပေမဲ့ ဒီအချိန်မှာ တိုင်းပြည်ရေးရာက မတည်မငြိမ်ဖြစ်နေသလို တိုင်းပြည်တစ်ခွင်မှာ ကိုယ့်ကိုယ်ကိုယ် တုန်းဖန်းပုပိုက်လို့ နာမည်တပ်နေသူတွေ အများအပြားပေါ်ထွက်လာပြီး ဖိနှိပ်မှုတွေ သတ်ဖြတ်မှုတွေ ဖြစ်လာပြန်တာပေါ့။ ဒါပေမဲ့ တုန်းဖန်းပုပိုက်သေသွားပြီဆို‌တာကို နန်းတွင်းက ရေတပ်တပ်မှူးဖြစ်တဲ့ ကုချောင်ဖုန်းကတော့ မယုံကြည်နိုင်ဖြစ်နေခဲ့တာပါ။ ဒီအချိန်မှာပဲ နန်းတွင်းက စပိန်စစ်တပ်တစ်ဖွဲ့ကို တောင်နက်ကမ်းပါးတိုက်ပွဲမှာ မြုပ်သွားတဲ့သင်္ဘောတည်နေရာကို လိုက်ပြပေးဖို့ ကုချောင်ဖုန်းကို တာဝန်ပေးအပ်လာချိန်မှာတော့ ကုချောင်ဖုန်းတစ်ယောက် သိုင်းလောကထဲကနေ ဇာတ်မြှုပ်နေတဲ့ တုန်းဖန်းပုပိုက်ကိုပါ ရှာဖို့အတွက်ကြံရွယ်ပါတော့တယ်။ ကုချောင်ဖုန်းရဲ့ရည်ရွယ်ချက်က တုန်းဖန်းပုပိုက်အစစ်ကိုရှာပြီးတော့ တုန်းဖန်းအတုတွေရဲ့ပြဿနာကို ဖြေရှင်းဖို့ဆိုပေမဲ့ တကယ်တမ်းမှာ သူတွက်ဆထားသလို မဖြစ်လာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Mary မှ တင်ဆက်ထားပါတယ်။)

Action • Crime • Thriller
6.1 1993 93 mins
Swordsman 3: The East Is Red
Circle of Atonement
6.7

Circle of atonement (2015) *************************** မင်းသမီးချောလေး Kim You-Jung ငယ်စဉ်တုန်းက ရိုက်ကူးထားပြီး မင်းသမီး Seo Yea-Ji, မင်းသား Son Ho-Jun, Sung Dong-Il တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့ Mystery ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ ရက်စက်တဲ့လူသတ်မှုတစ်ခုအပြီး ၁၀ နှစ်အကြာမှာ… Nam Chul-Woong(Son Ho-Jun)ဆိုတဲ့ ထူးဆန်းတဲ့ဆရာတစ်ယောက်ဟာ Lee Jung-Hyun (Kim You-Jung)တို့ရဲ့ကျောင်းကို ပြောင်းလာခဲ့ပါတယ်။ Lee Jung-Hyunရဲ့ အဖေကတော့ ထူးချွန်ထက်မြက်တဲ့ စုံထောက် Lee Sang-won (Sung Dong-il) ဖြစ်ပါတယ်။ တစ်ဦးချင်းစီမှာ လျှို့ဝှက်ချက်တွေရှိနေကြတဲ့ သူတို့ ၃ ယောက်ဟာ တကယ်ပဲ ကံကြမ္မာအရ တွေ့ဆုံဖို့ ဖြစ်ခဲ့လေသလား… ဒါမှမဟုတ် တွေ့ဆုံရအောင် တမင်အကြောင်းဖန်ပြီး လက်စားချေဖို့အတွက်ပဲ လာခဲ့လေသလား… အတိတ်က လူသတ်မှုရဲ့နောက်ကွယ်မှာ သူတို့သုံးယောက်ဟာ ဘယ်လိုအကြောင်းတရားတွေနဲ့ ပက်သက်မှုရှိနေသလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်။ (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.2GB / 510MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 1 hr. 42 min. Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

Drama
6.7 2015 102 mins
Circle of Atonement