YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mysterious Lotus Casebook 2023 E25 1080p WEB-DL CM.mp4

660.65 MB 1080p video/mp4 225 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Close Range
6.6

အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသား Scott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာ မင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီး ဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်း သူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူ ဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းက ရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲ ထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးက အမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံး အရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင် ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့ မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရော အကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်.....။ ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ..... မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ... အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့ အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…2.25GB / 883MB Quality…BluRay 1080p / 720p Format…mp4 Duration….1h 20m Genre .....Action  , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Romance • Science Fiction
6.6 2015 80 mins
Close Range
Holiday
4

၁၉၈၈ ခုနှစ် ကိုရီးယားနိုင်ငံ အိုလံပစ်ပွဲအပြီး ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပါ။ ‘’ငွေရှိရင် အပြစ်မရှိဘူး ငွေမရှိရင် အပြစ်ရှိတယ်’’ ဆိုတဲ့မျက်နှာသာပေး ဥပဒေမျိုးနဲ့ မတရားထောင်ချခံထားရသူတွေအများအပြားပါပဲ.. မတရားခံရတဲ့ထဲ အပါအဝင်ဖြစ်တဲ့ ဂျီဟျော့နဲ့ အကျဉ်းဖော်တို့ဟာ ထောင်ကနေ လွတ်အောင်ထွက်ပြေးပြီးတော့ မတရားတဲ့ဥပဒေကြီးကို ပြဌာန်းခဲ့တဲ့သက်ဆိုင်ရာအာဏာပိုင်တွေကို ဥပဒေကို ပြင်ဆင်စေချင်တာပါ.. ထောင်တွင်းအရာရှိတွေရဲ့ထောင်သားတွေအပေါ်မတရားဖိနှိပ်အကြမ်း ဖက်မှုတွေ၊ ချမ်းသာတဲ့သူတွေ ရာထူးအာဏာရှိသူတွေကိုမျက်နှာသာ ပေးမှု‌တွေ အကြောင်းကို မြင်သာအောင်ဖော်ပြရိုက်ကူးထားပြီး မတရားခံရသူတွေရဲ့ ခံစားချက်တွေ နှိပ်စက်ခံရမှုတွေ အားလုံးဟာ ရင်ထဲခံစားရပြီး မျက်ရည်ကျရလောက်အောင်ရိုက်ထားတဲ့ ကားကောင်းလေး တစ်ကားမို့သေချာပေါက်ကြည့်ဖို့ပြောလိုက်ပါရစေ။ File size…4.42GB / 1.64GB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….2h 2m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Jia

Comedy • Fantasy • Romance • Science Fiction
4 2006 99 mins
Holiday
Cherry
6.3

စိတ်အပန်းပြေချင်လို့ ဇာတ်ကားလေးညွှန်းပါဦး ဆိုတဲ့သူတွေ ပျင်းနေလို့ ကြည့်စရာမရှိတော့လို့ ဟာသကားလေးကြည့်လို့ လူငယ်ဆန်ဆန်ပေါ့ ပေါ့ပါးပါးဇာတ်ကားလေးကြည့်ချင်လို့ပါဆိုတဲ့ သူတွေအတွက် 2010 ကထွက်ရှိခဲ့တဲ့ American Comedy ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက် ပေးပါရစေဟာသကားဆိုလို့ ပေါချောင်ကောင်း လို့တော့ မထင်လိုက်ပါနဲ့ ဆယ်ကျော်သက်လူငယ်တိုင်း တွေ့ကြုံရလေ့ရှိတဲ့ ဘဝအချိုးအကွေ့တစ်ခုကို ရသမြောက်စွာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကားကောင်း လေးတစ်ကားပဲ ဖြစ်ပါတယ် ပန်းချီဆွဲရတာကို စိတ်အားထက်သန်တဲ့ အယ်ရွန် တစ်ယောက်မိခင်ရဲ့ အတင်းအကြပ်စီမံမှုကြောင့် တက္ကသိုလ်မှာ အင်ဂျင်နီယာဘာသာရပ်ကို ယူခဲ့ရပါတယ်ဝါသနာမပါတဲ့ပညာကိုစိတ်မပါ လက်မပါ သင်ယူနေရတဲ့ အယ်ရွန်ဟာ တစ်နေ့မှာတော့ ကျောင်းကဖွင့်တဲ့ ပန်းချီ သင်တန်းကို သွားတက်ပါတော့တယ် သင်တန်းမှာ သူ့ရဲ့ပန်းချီပါရမီကို အားပေးအား မြှောက်ပြုတဲ့ မမလှလှလင်ဒါကို ချစ်မိသွားပါ တော့တယ် ကံဆိုးချင်တော့ တစ်ဆယ့်လေးနှစ်အရွယ် သမီးတစ်ယောက်နဲ့ ချစ်သူပါရှိနေတဲ့ လင်ဒါဟာ အယ်ရွန့်ကို ဖရန့်ဇုန်ထဲ ပစ်သွင်းလိုက်ပါတော့တယ် တစ်ဖန် လင်ဒါရဲ့သမီးဖြစ်သူ ဘတ်သ် က အယ်ရွန့်ကို တစ်ဖက်သတ်ချစ်နေတဲ့အခါအယ်ရွန်တစ်ယောက် သမီးနဲ့ အမေကြား၊မိမိဝါသနာနဲ့ မိဘစေတနာကြားမှာ ဗျာများရင်း... ဘဝရဲ့ အချိုးအကွေ့တစ်ခုကို ဘယ်လိုရင်ဆိုင် ဖြေရှင်းမလဲဆိုတာ... စိတ်ဝင်စားဖွယ် ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Comedy ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…1.41GB / 673MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 39m Genre .....Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Poebe

Action • Drama • Thriller
6.3 2010 99 mins
Cherry
Manchester by the Sea
7.5

အခုတစ်ခါတော့ အားလုံးစောင့်မျှော်နေကြတဲ့ အောစကာဇကာာတင်စာရင်းမှာ ဝင်ခဲ့ပြီး အကောင်းဆုံးဇာတ်ကားဆုကိုဆွတ်ခူးရရှိခဲ့ပြီးIMDb 7.8 ရရှိထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျ ဒီဇာတ်ကားမှာဆိုရင် လီချန်ဒလာ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Casey Affleck ဟာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကိုဆွတ်ခူးရရှိခဲ့ပါတယ် ဇာတ်ကားဟာလဲ တခြား ရုပ်ရှင်ဆုပေါင်း ၁၂၈ဆုနဲ့ ၂၅၉ ကြိမ်ထိ ဇကာတင်စာရင်းမှာဝင်ခဲ့ပါတယ် ဒီဇာတ်ကားလေးက သာမန်ဒရာမာကားတွေထက်ပိုပြီးတော့ တူဖြစ်သူနဲ့ ဦးလေးကြားဆက်ဆံရေး ဦးလေးဖြစ်သူ လီ နဲ့ အတိတ်က အကြောင်းအရာတွေ အိမ်ထောင်ရေး ပြသနာတွေ၊ အစ်ကိုဖြစ်သူသေဆုံးမှုကြောင့် ဝမ်းနည်းမှုကြားကကိုယ့်ကိုကိုယ်လမ်းပျောက်နေသူတစ်ဦး၏ တရားဥပဒေအရ တူဖြစ်သူကိုထိန်းသိမ်းစောင့်ရှောက်ခွင့်အပ်နှင်းခံရသူတယောက်ရဲ့ အကြပ်အတည်းတွေနဲ့နေ့စဉ်တွေ့ကြုံနေကြလူနေမှု ဘဝတွေကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ လီချန်ဒလာဟာ ဘောစတွန်မြို့မှာ တိုက်လေးတိုက်ကို ပြုပြင်ထိန်းသိမ်းရေး တာဝန်ကိုယူရသူတစ်ဦးဖြစ်ပြီး သူ့ရဲ့ မူရင်းဇာတိဖြစ်တဲ့ မန်ချက်စတာမြို့ကနေ အကြောင်းတစ်ခုကြောင့် လာရောက်ဇာတ်မြှုပ်နေထိုင်နေသူတစ်ဦးဖြစ်ပါတယ် ဒီလိုနဲ့ တနေ့မှာ လီ ရဲ့ အစ်ကို ဂျိုးချန်ဒလာ နှလုံး ရောဂါဖောက်ပြီး မထင်မှတ်ပဲ ကွယ်လွန်သွားခဲ့ပါတယ် အစ်ကိုဖြစ်သူကွယ်လွန်သွားခဲ့တဲ့အခါမှ တူဖြစ်သူ ၁၆နှစ်သား ပက်ထရစ်ဟာ ဦးလေးဖြစ်သူ လီ ရဲ့ အုပ်ထိန်းမှုအောက်မှာနေထိုင်ဖို့အတွက် အကြောင်းဖန်လာပါတော့တယ် ပက်ထရစ် ဟာ ကောင်မလေးများနဲ့ပွေရှူပ်သူတစ်ယောက်ဖြစ်ပြီး ေ ကျာင်းမှာလဲ ပေါ်ပြူလာဖြစ်သူတစ်ဦးပါ လီ ဟာ လဲ အတိတ်က အကြောင်းတစ်ခုကြောင့် မန်ချက်စတာမြို့ကနေ ဇာတ်မြုပ်ပြီးဘောစတွန်မြို့မှာ ပြောင်းရွေ့အချေချနေထိုင်သူတစ်ဦးဖြစ်တာကြောင့် လီဟာ တူဖြစ်သူကိုခေါ်ပြီး ဘောစတွန်မြို့မှာပြောင်းရွေ့ နေထိုင်ဖို့ လုပ်ဆောင်ရာမှ တူဖြစ်သူကလဲ ပြောင်းရွေ့နေထိုက်ဖို့ရာ လက်မခံတဲ့ အခါမှာတော့ ကဲ ပရိတ်သတ်ကြီးကပဲဆက်လက်ကြည့်လိုက်ပါတော့ဗျာနော် ဇာတ်ကားကိုတင်ဆက်ပေးတာကတော့ ကျွန်တော် မောင်မာင်သာရစ် ပါဗျာ ကျိူင်းဇူးတင်ပါတယ် ရှင့် ။

Action & Adventure • Animation • Sci-Fi & Fantasy
7.5 2016 138 mins
Manchester by the Sea
Critical Keertanegalu
6.3

Critical Keertanegalu (2023) ” ဒလိမ့်ကောင်ရှေ့နေနဲ့ အသေကြူးမယ့် မမများအဖွဲ့” IMDb 6.3/10 မြန်မာနိုင်ငံမှာ လူကြီးလူငယ်မရွေး ဘောလုံးပွဲကိုနှစ်သက်ကျသလို အိန္ဒိယမှာလည်း ခရစ်ကတ်ဆိုတာ အရွယ်မရွေးနှစ်သက်တဲ့အားကစားပါပဲ။ အားကစားရဲ့ရည်ရွယ်ချက်ကကောင်းပေမဲ့ ယှဉ်ပြိုင်ခြင်းရဲ့နောက်ဆက်တွဲအနေနဲ့ အနိုင်အရှုံးနဲ့ အလောင်းအစားလေးက ကပ်ပါလာတဲ့အခါ… အပျော်တွေက ကောင်းကျိုးထက် ဆိုးကျိုးတွေကို ဖြစ်လာစေတဲ့အခါမှာ လောင်းကစားကလည်း အပျော်ဆော့တယ်ဆိုပေမဲ့ လောင်းရင်းလောင်းရင်း စွဲလမ်းစိတ်များလာတဲ့အခါမှာ ဒီစွဲလမ်းစိတ်ကြောင့် အိမ်ခြေရာမဲ့ဘဝတွေသာမကဘဲ အသက်တွေကိုပါ ဆုံးရှုံးရတာမျိုးတွေရှိလာတတ်ပါတယ်… ဒီဇာတ်လမ်းလေးကတော့ ဒီအချက်တွေကို အလေးထားပြီးတော့ လောင်းကစားတားမြစ်ဖို့အတွက် အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီလို အချက်တွေကို ထောက်ပြပြီးတော့ တရားရုံးမှာ အယူခံခဏခဏဝင်တဲ့ ပြည်သူ့ဘက်တော်‌သားအကြံပေးရှေ့နေ ကာရီရပ်ပါ… အမှုတွေတစ်ခုမှမနိုင်တဲ့အပြင် ပိုက်ဆံတစ်ပြားမှမရှာနိုင်တဲ့အတွက် အိမ်ထောင်ရှင်တို့ဘဝမှာ ဖြစ်တတ်တဲ့ မိန်းမသားတို့ရဲ့ ဆူပူနားငြီးတတ်တာတွေ… အချစ်အိမ်လေးကိုရှေ့တန်းတင်ပြီးတော့ ပညာရေးကို လစ်ဟထားလိုက်တော့ ဖြစ်လာတတ်တဲ့အကျိုးဆက်တွေ… ဒီလိုဇာတ်ရှုပ်ပေါင်းများစွာကို ဟာသလေးကို အခြေခံပြီးတော့ ရိုက်ကူးထားလိုက်တော့ ကြည့်ရှုရင်းနဲ့ ဘဝအမောတွေကို ပြေပျောက်သွားစေမှာမလို့ review လေးဖတ်ရင်း တစ်လက်စတည်း ကြည့်ရှုလိုက်ကြပါဦး… ဒီဇာတ်လမ်းလေးကိုတော့ CM Bollywood Team မှ ဘာသာပြန်ဆိုပြီး အညွှန်းရေးပေးထားပါတယ်။ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

6.3 2023 129 mins
Critical Keertanegalu
Sophie’s Choice
7.5

လှပတဲ့ဝတ္ထုတစ်ပုဒ်ကို စာရွက်တစ်ရွက်ချင်းလှန်ရင်း အေးအေးဆေးဆေး ထိုင်ဖတ်နေရသလို ဖီလင်မျိုးကို ပေးနိုင်မယ့် Classic War Drama ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ၁၉၇၉ ခုနှစ်မှာထုတ်ဝေခဲ့တဲ့ စာရေးဆရာ William Styron ရဲ့ Sophie’s Choice စာအုပ်ကိုပဲ ရုပ်ရှင်အဖြစ် ပြန်လည်ဖန်တီးထားတာပါ။ ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အပြီး နှစ်နှစ်အကြာ ၁၉၄၇ ခုနှစ်မှာ အခြေပြုထားပြီး လူသုံးယောက်ကိုအဓိကထား ဇာတ်အိမ်တည်ထားတာပါ။ စာရေးဆရာတစ်ယောက်ဖြစ်ချင်တဲ့အိပ်မက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် ကျေးလက်တောရွာလေးတစ်ရွာကနေ ဘရွတ်ခ်ကလင်းမြို့ကိုတက်လာတဲ့ စာရေးဆရာပေါက်စလေး စတင်ဂို၊ စစ်အတွင်းမှာ နာဇီတွေရဲ့ဖမ်းဆီးမှုကိုခံရပြီး စစ်အကျဉ်းစခန်းမှာ အခက်အခဲပေါင်းမြောက်မြားစွာကိုဖြတ်ကျော်ကာ လွတ်မြောက်လာခဲ့တဲ့ ပိုလန်သူလေး ဆိုဖီနဲ့ သူမရဲ့ချစ်သူ ဂျူးလူမျိုး သိပ္ပံပညာရှင် နေသန်တို့ဟာ ဘရွတ်ခ်ကလင်းမြို့က အိမ်တစ်လုံးမှာ အတူတူငှားနေကြရင်း အခင်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ကြတယ်။ ဇာတ်လမ်းကိုတော့ လက်ရှိအချိန်ကာလရယ် ဆိုဖီရဲ့စစ်အတွင်းကကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို flashback အနေနဲ့ storytelling ပြန်ပြောထားတဲ့ပုံစံအတိုင်း ဖန်တီးထားတာပါ။ အကျဥ်းချုံး ရီဗျူးပေးရမယ်ဆိုရင်တော့ ဇာတ်လမ်းဟာ စိတ်နှစ်ခံစားသူတွေအဖို့ဆိုရင် တစ်ချိန်တည်းမှာပဲ ကြေကွဲစရာ ကောင်းလွန်းလှသလို အရမ်းလည်း လှပသေသပ်လွန်းပြီး Slow Burning လေးနဲ့ အငြိမ်ကြည့်ရှုရမှာပါ။ သမိုင်းကြောင်းနောက်ခံ ကမ္ဘာစစ်နောက်ခံ Drama ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူများအတွက်ကတော့ ဒီဇာ​တ်ကားက လုံးဝလက်မလွှတ်သင့်တဲ့ရွှေပါပဲ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:30:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Vader

7.5 1982 151 mins
Sophie’s Choice
Athomugam
9.6

Athomugam 2024 (ဖုံးကွယ်ထားသောမျက်နှာ) IMDb 9.7/10 ‘ တစ်ခုခုကိုအစီအစဉ်ချဖို့ဆိုရင် အကွက်ကျကျနဲ့ အစကနေအဆုံးထိ ပိပိရိရိဖုံးကွယ်တတ်ရတယ် ‘ ဒါကတော့ ဒီဇာတ်လမ်းရဲ့အသက်သွေးကြောပါ Anni နေ့မှာ မိန်းမအတွက်ကြိုစပရိုက်စ်စီစဉ်ထားပေမဲ့ မိန်းမတွေ တစ်ကွက်ကြိုမြင်တယ်ဆိုတဲ့အတိုင်း ဟိုကကြိုသိနေတော့ မာတင်တစ်ယောက် မတင်မကျဖြစ်နေလေရဲ့ ဒီလိုနဲ့ ငါကွယောကျာ်းဆိုပြီး မိန်းမမသိအောင်စပရိုက်စ်လုပ်နည်းတွေပတ်ရှာရင်း အလုပ်ထဲကတစ်ယောက်ရဲ့အကြံနဲ့ မိန်းမဖုန်းထဲ Hidden and Face ဆိုတဲ့ app တစ်ခုဒေါင်းပေးလိုက်ပါလေရော ဒီအက်ပ်ရဲ့လုပ်ဆောင်ချက်တွေက ဒေါင်းထားတဲ့လူရဲ့ဖုန်းကင်မရာထဲ အချိန်မရွေးဝင်ကြည့်လို့ရတာပါ မိ န်းမရဲ့ ချစ်စရာအမူအရာလေးတွေကို record လုပ် အကုန်ပေါင်းပြီး video လုပ် စပရိုက်စ်မယ်ဆိုပြီး မိန်းမမသိအောင် ဖုန်းထဲဒေါင်းပေးထားပြီး နောက်ဆုံးစပရိုက်စ်အလုပ်ခံရသူကတော့ ထပ်ပြီးသူပါပဲ ဖုန်းကင်မရာတွေကနေ ဘာတွေများသူတွေ့သွားမလဲ ဇာတ်လမ်းကအေးတယ်ထင်ရပေမဲ့ အဆုံးထိဆွဲခေါ်သွားနိုင်ပါကြောင်း။။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~Zwe ~ Alex ~ ToMo ~ Suri တို့ပဲဖြစ်ပါတယ် )

9.6 2024
Athomugam
Nightmare Pageant Moms
5.1

Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။ တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့… File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Comedy • Romance
5.1 2023 90 mins
Nightmare Pageant Moms
The Color Purple

The Color Purple ရုပ်ရှင်ဟာ 1986 ခုနှစ် အော်စကာ ဆုပေးပွဲမှာ Best picture, Best director, best actress, best supporting actress အပါအဝင် nomination 11 ခုရရှိခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စီလီဆိုတဲ့ လူမည်းကောင်မလေးတစ်ယောက် သူ့ဘဝတစ်လျှောက်မှာ ကြုံခဲ့ရတဲ့ လူမျိုးရေးခွဲခြားမှု အိမ်တွင်းအကြမ်းဖက်မှု လိင်အမြတ်ထုတ်ခံရမှုတွေကို သူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတဲ့ ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀ရာစုအစောပိုင်းက ပညာမဲ့ လူဆင်းရဲ လူမည်းအမျိုးသမီးတစ်ယောက်ရဲ့ဘဝဟာ အိမ်အပြင်မှာရော အိမ်အတွင်းမပါ အနှိမ်ခံ အနှိပ်စက်ခံ ဘဝ ဖြစ်နေခဲ့ပြီး တကယ့်ပြင်ပဘဝက ခုလို လူမည်းအမျိုးသမီးများစွာကို ကိုယ်စားပြုတဲ့ ရုပ်ရှင်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ oscar ၂ကြိမ် ရထားတဲ့ အကောင်းဆုံး ဒါရိုက်တာတွေထဲက တစ်ဦးဖြစ်သူ Steven Speilberg ပဲဖြစ်ပါတယ်။ ဒီရူပ်ရှင်ဟာ နာမည်ကျော်မင်းသမီး Whoopi Goldberg ရဲ့ ပထမဆုံး ခေါင်းဆောင်မင်းသမီး အဖြစ် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး Oprah Winfrey နဲ့ Danny Glover တို့လို နာမည်ကျော် သရုပ်ဆောင် များစွာလည်း ပါဝင်ထားပါတယ်။ File size…(3 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:34:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Maung Kaung

War • Drama • Action
0 1985 154 mins
The Color Purple
God of Driving
5.8

ဘဝအမောတွေ ပြေပျောက်သွားအောင် အားလုံးအတွက် တရုတ်ဟာသရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပြိုင်ကားပြိုင်ပွဲဝင် ကောင်းလျန့်ဟာ ပြိုင်ကားအဖွဲ့က ထုတ်ပယ်ခံခဲ့ရပြီးနောက် စိတ်ဓာတ်ကျပြီး ရှန်ယာရွာကို ပြန်လာခဲ့ပါတယ်။ တစ်နေ့တစ်နေ့ စားလိုက်အိပ်လိုက် လုပ်နေတဲ့ ကောင်းလျန့်တစ်ယောက် မထင်ထားဘဲ ရှန့်ယာရွာကားနတ်ပြိုင်ပွဲမှ ာ ချန်ပီယံဖြစ်သွားခဲ့ပြီး အရင်ကားနတ်ဖြစ်သူ လီဟုန်ကွမ်းကို ဆရာတင်ခဲ့ပါတယ်။ မတည့်အတူနေ မမြင်ချောင်းကြည့် ဆရာတပည့်နှစ်ယောက်က ရယ်မောစရာအဖြစ်တွေ အများအပြားဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာ ရွာလမ်းကို ပြင်ဖို့အတွက် ကျွမ်းကျင်ပြိုင်ကားချန်ပီယံနဲ့ ပြိုင်ရမဲ့အချိန်မှာ…… ကောင်းလျန့်တစ်ယောက် အောင်မြင်နိုင်ပါ့မလား ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။.

Drama • Family
5.8 2025
God of Driving
The Last Dance
5.9

ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအရ အားလုံးက ရှေးလူကြီးတွေက ပြောတယ်ဆိုတာနဲ့ မှန်မှန်မှားမှား ဇွတ်ယုံကြည်တဲ့လူတစ်စုရဲ့ အမူအကျင့်လေးတချို့ကို အခြေခံရိုက်ကူးထားတဲ့ကားလေးပါ… ဒီကားလေးထဲမှာ ကပ်ဘေး ကိုဗစ်အပြီးမှာ အားလုံးက ငွေကြေးရော အလုပ်အားလုံး ခက်ခဲနေကြတာပေါ့… ဒီအချိန်မှာ မင်္ဂလာဆောင်စီစဉ်သူလုပ်ခဲ့တဲ့သူကနေ ဈာပနစီစဉ်သူအဖြစ် ပြောင်းလဲသွားရတော့တာပေါ့… ဒီအချိန်မှာ ငွေရှာဖို့နဲ့ စိတ်ချမ်းသာစေဖို့ ကြားမှာ ဘဝနေနည်းနဲ့ ရှင်သန်ရေးတို့ကြား အတော်လေး အနေခက်ခဲ့ပုံကို ပုံဖော်တင်ဆက်ထားတာပါ… တစ်ဖက်မှာလည်း အလောင်းပြင်ပြီး နတ်ဆရာရဲ့ ရှေးရိုးအယူတွေကြားက ကြေကွဲနေတဲ့ မိသားစုအရေးကိစ္စလည်း ပါဝင်နေပြန်တယ်… ကဲ အားလုံးပဲ ဟောင်ကောင်ရိုးရာ ဈာပနပွဲစီစဉ်ပုံလေးကို စိတ်ဝင်စားဖွယ်ကြည့်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်

Crime • Mystery • Thriller • Drama
5.9 2025
The Last Dance
Rule Breakers
7.1

( အဖွင့်ရက်သတ္တပတ်မှာတင် ရုံတင်ဝင်ငွေ ၁.၅ သန်းရရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်ပါတယ်။) အမျိုးသမီးတွေရဲ့ပညာသင်ကြားခွင့်ကိုဖိနှိပ်ထားတဲ့ အာဖဂန် နစ္စတန်နိုင်ငံမှာ ထက်မြက်တဲ့ရိုယာဆိုတဲ့မိန်းကလေးဟာ ပညာရေးမှာထူးချွန်ရုံတင်မကဘဲ မိန်းကလေးတွေကိုင်ခွင့် မရှိတဲ့ကွန်ပျူတာကိုမှကိုင်ပြီး အာဖဂန်နစ္စတန်နိုင်ငံရဲ့ပထမဆုံး အမျိုးသမီးဆော့ဖ်ဝဲလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရိုယာဟာ အာဖဂန်အမျိုးသမီးတွေရဲ့ပညာရေးကို မြေတောင်မြှောက်ပေးချင်တာကြောင့် တစ်ရက်မှာတော့ ပထမဆုံးသောအာဖဂန်အမျိုးသမီးစက်ရုပ်အသင်းကိုဖန်တီးဖို့ စိတ်ကူးရခဲ့ပါတယ်။ အမျိုးသမီးတွေရဲ့ပညာရေးကိုအားမပေးတဲ့အပြင် အရွယ်ရောက် လာတာနဲ့ မိသားစုဝင်တွေက အိမ်ထောင်ချပေးချင်ကြတဲ့ ရှေးရိုးစွဲအသိုင်းအဝိုင်းကြီးထဲမှာ အမျိုးသမီးကျောင်းသူ လေးယောက်ကို ခဲရာခဲဆစ်ရှာဖွေသိမ်းသွင်းနိုင်ခဲ့ပေမယ့် ရိုယာနဲ့အသင်းဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာသွားရောက် ယှဉ်ပြိုင်ဖို့ တာလီဘန်တွေရဲ့ခြိမ်းခြောက်မှု၊ ငွေကြေးအခက်အခဲ အစရှိသဖြင့် အတားအဆီးတွေအများကြီးကိုကျော်ဖြတ်ကြရပုံကို ရိုက်ကူးတင်ပြထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်။ File size… (1.78 GB) / (1.05 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….2h Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Animation • Comedy • Adventure • Family • Fantasy
7.1 2025 120 mins
Rule Breakers
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath